Tuesday, November 1, 2011

နအဖ စစ်အုပ်စု လုံခြုံနယ်မြေ ဗုံးပေါက်ကွဲမှု အဖြေမှန်မပေါ်သေး


ဂစ္ဆပသတင်းဋ္ဌာန
နိုဝင်္ဘာလ(၁)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် နေ့လည်(၂)နာရီ။

နအဖ စစ်အုပ်စု လုံခြုံနယ်မြေ ဗုံးပေါက်ကွဲမှု အဖြေမှန်မပေါ်သေး

ယမန်နေ့ (တနင်္ဂနွေ)ညက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ ကားရပ်သည့်နေရာတွင် ဖောက်ခွဲလိုက်သည့် ဗုံးအမျိုးအစားမှာ အမေရိကန်လုပ် မင်းဂွတ်သီးပုံ M 75 လက်ပစ်ဗုံးအမျိုးအစားဖြစ်ပြီး ညနေ ၃း၃၀ အချိန်ခန့်က တာဝန်ကျလုံခြုံရေး များက အမှတ် ၄ ရဲဒေသမှူး ရဲမှူးကြီးဝင်းထွန်း၏ ကားအောက်တွင် စတင် တွေ့ရှိခဲ့ကြောင်းဖြစ်သော်လည်း အဖြေမှန် မပေါ်သေးကြောင်း သတင်းရရှိသည်။

လက်ပစ်ဗုံးမှာ လုံခြုံရေး (စနက်တန်)ပင်ဖြုတ်ထားပြီး မပေါက်ကွဲသေးသဖြင့် အထဲတွင်ယမ်းပါ၊ မပါကိုဆုံးဖြတ်ရန်ခက်ခဲသောကြောင့် အင်ဂျင်နီယာတပ်ကို အကူအညီတောင်း၍ ဖေါက်ခွဲလိုက်ခြင်းဖြစကြောင်း မျက်မြင်သက်သေများက ဆိုသည်။  

အာဏာပိုင်များက မြို့တော်ခန်းမအနီး လမ်းများကို ညနေဖက် (၆)နာခွဲလောက်တွင် ပိတ်ဆို့လိုက်ပြီး ၎င်းဗုံးအား အန္တရာယ်ကင်းစွာ ဖောက်ခွဲနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုံးအား ဖေါက်ခွဲလိုက်ခြင်းမှာ Water canon များဖြင့် ရေအားသုံးပြီး ဗုံးသီးကိုတုန်ခါပေါက်ကွဲစေခဲ့ခြင်းဖြစ်သည်။ ည ၇ နာရီအချိန်တွင် ဗုံးသီးမှပေါက်ကွဲသံ ထွက်ပေါ်ခဲ့သော်လည်း အပြီးသတ် မပေါက်ကွဲခဲ့သောကြောင့် ဗုံးသီးပတ်လည်တွင် C4 ယမ်းပြင်းများချိတ်ပြီး ကားတာယာများ၊ သဲအိတ်များကာရန်ကာ ထပ်မံဖောက်ခွဲခဲ့သည်။ ည ၉ နာရီတွင် ဗုံးသီးမှာ အပြီးသတ်ပေါက်ကွဲ သွားခဲ့သည်ဟု အခင်းဖြစ်ပွားချိန်က တာဝန်ယူခဲ့သည့် ရဲဝန်ထမ်းတစ်ဦးကပြောသည်။

ဗုံးသီးမဖောက်ခွဲမီ လုံခြုံရေးတာဝန်ရှိသူများက မြို့တော်ခန်းမအနီး တ၀ိုက်တွင်နေထိုင်သူများသို့ လိုက်လံအသိပေးခဲ့သည်။ ဗုံးပေါက်ကွဲ မှုကြောင့် သေဆုံးထိခိုက်တစ်စုံတစ်ရာမရှိခဲ့ပေ။ ၎င်းလက်ပစ်ဗုံးမှာ မည်သည့်အဖွဲ့အစည်း၏လက်ချက်ဖြစ်သည်ကိုမူ လက်ရှိအချိန်ထိ မသိရှိရ သေးပေ။

No comments:

Post a Comment