Friday, November 4, 2011

မြန်မာ-ဘင်္ဂလာ-ထိုင်း-စင်္ကာပူ လေးနိုင်ငံ ရေကြောင်းကုန်သွယ်ရေး ခရီးစတင်ပြေးဆွဲတော့မည်


ဂစ္ဆပသတင်းဋ္ဌာန
နိုဝင်္ဘာလ (၄)ရက်၊ ၂၀၁၁။ ရခိုင်စံတော်ချိန် နေ့လည်(၃)နာရီ။

မြန်မာ-ဘင်္ဂလာ-ထိုင်း-စင်္ကာပူ လေးနိုင်ငံ ရေကြောင်းကုန်သွယ်ရေး ခရီးစတင်ပြေးဆွဲတော့မည်

မြန်မာ-ဘင်္ဂလာ-ထိုင်း-စင်္ကာပူ လေးနိုင်ငံ ရေကြောင်းခရီးသည်များအတွက် ခရီးတွင်ကျယ်သွားလာနိုင်ရန်နှင့် စီးပွားရေးများ လွယ်ကူစွာ တိုးမြင့်လုပ်ဆောင်နိုင်ရန် ရေကြောင်းသယ်ယူပို့ဆောင်ရေး သဘောင်္ များမကြာမီ စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ လေးနိုင်ငံ ရေကြောင်းခရီမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းမြို့နှင့် တာခ်နာဆိပ်ကမ်းများမှ ထွက်ခွာမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ရခိုင်ပြည် စစ်တွေမြို့ဆိပ်ကမ်း၊ ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံဆိပ်ကမ်းများသို့ ပြေးဆွဲမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လေးနိုင်ငံ တရားဝင် နိုင်ငံကူးလက်မှတ် (ပါ့စ်ပို့)များနှင့် စီးပွားရေးအရ ခြေဆန့်မည့်သဘောင်္ခရီးကြောင့် ရခိုင်ပြည်၌ စစ်တွေ-ဘူးသီး တောင်၊ စစ်တွေ-ကျောက်တော်နှင့် တခြားမြို့တို့အကြား ပြေးဆွဲနေသည့် သဘောင်္မှာ ခရီးသည်များ လိုက်ပါစီးမှုနည်းပါးလာနိုင်ကြောင်း ရခိုင်ပြည်မှ စီးပွားရေးသမားတဦးက အောက်ပါအတိုင်း ပြောသည်။

“ရခိုင်ပြည်အတွင်းရှိတဲ့ သဘောင်္အမြန်နှုန်းက နှေးတယ်၊ ပြီးတော့ လူတွေစီးပြီးသွားရတာ သန့်ရှင်းမှုတို့အပြင် အဆင့်အတန်းမရှိဘူး၊ ခေတ်မမီဘူးဆိုပါတော့ဗျာ၊ လျှင်မြန်မှုမရှိတော့ အရာရာမှာ နောက်ကျကျန်တာပေါ့၊ နောက်တခုက အခုလေးနိုင်ငံသွားမဲ့ သဘောင်္ ကျတော့ ကုန်သည်စီးပွားရေးသမားများအတွက် တွက်ခြေကိုက်နိုင်တယ်၊ ကုန်တွေကို နိုင်ငံခြားတိုင်းပြည်တွေနဲ့ ခြေဆန့်နိုင်တယ်၊ ဆိုတော့ ပြည်တွင်းမှာ အခုပြေးဆွဲနေတဲ့ သဘောင်္က ဈေးနှုန်းလည်းကြီးတာကြောင့် သုန်သွားနိုင်ပါတယ်။”ဟု ဂစ္ဆပသို့ ပြောသည်။

အဆိုပါ လေးနိုင်ငံအကြား သင်္ဘောပြေးဆွဲမည့် အဓိက ရည်ရွယ်မှန်းချက်မှာ ကုန်တင်-ကုန်ပို့ လေးနိုင်ငံကုန် ကူးလူးဆက်ဆံရေး ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ မြန်မာကုန်ပစ္စည်းများနှင့် စီးပွားရေးလုပ်ဆောင်နေသည့် စီးပွားရေးသမားတဦးက “ဒါကောင်းမဲ့ အစီအစဉ်ပါ။ အခုက စက်ဘုတ်တွေတောင်မှ တာခ်နာဆိပ်ကမ်းသို့ လွယ်လွယ်ကူကူနဲ့ ၀င်လို့မရဘူး၊ နတ်မြစ်ကကျဉ်းတယ်၊ ဒီလိုအဆင့်မြင့် လုပ်လိုက်တော့ ဆိပ်ကမ်းကြီးတွေ တည်ဆောက်လာရင် လိုချင်တဲ့ကုန်တွေနဲ့ စီးပွားရေးကို ချဲ့ပြီးလုပ်ဆောင်နိုင်တယ်၊ ပြည်ပနိုင်ငံက စီးပွားရေးသမားအတွက်လည်း ကောင်းသလို ကျွန်တော်တို့အတွက်ပါ သိပ်ကောင်းလာမှာပါ။”ဟု ဂစ္ဆပသို့ ရှင်းပြသည်။

ရန်ကုန်ဆိပ်ကမ်းမှတဆင့် စင်္ကာပူဆိပ်ကမ်းတို့မှ စစ်ကောင်းမြို့ ဆိပ်ကမ်းသို့ တင်ပို့မည့်ကုန်အလေး တတန်စီကို အမေရိကန် (၆၅) ဒေါ်လာ ပေးဆောင်ရမည်ဖြစ်ပြီး၊ ရန်ကုန်-စစ်တကောင်းနှင့် ရန်ကုန်-တာခ်နာဆိပ်ကမ်းသို့ တင်ပို့လာမည့် ကုန်တတန်စီကို အမေရိကန် (၂၅)ဒေါ်လာ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။ သို့သော်လည်း ဈေးနှုန်းမှာ လျှော့ကျလာနိုင်ကြောင်း သိရသည်။

များမကြာမီ ပြေးဆွဲမည့် အဆိုပါသင်္ဘောလမ်းကြောင်းကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ စီးပွားရေးသမားများက အထူးစိတ်ဝင်စားနေကြပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့်လည်း နိုင်ငံတကာနှင့် စီးပွားရေးအရ ကူးလူးဆက်ဆံမှုများပြုလုပ်ရန် အထူးလိုအပ်နေသော နိုင်ငံဖြစ်သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် ယခုကဲ့သို့ နိုင်ငံခြားများနှင့် စီးပွားရေးအရကုန်ကူးလူးဆက်ဆံ သွားလာနိုင်ရေးအတွက် လွန်ခဲ့သော ၂၀၀၃ ခုနှစ်က စတင်ပြီး သဘောတူလက်မှတ်ရေးထိုးမှုများ ရှိခဲ့ကြောင်း၊ သွားလာမည့် သင်္ဘောကြီး (၃)စီးကိုအဆင်သင့် လုပ်ခဲ့ကြောင်းနှင့် တစီးလျှင် အနည်းဆုံး ကုန်တန်ချိန် (၁၅၀၀)ကျော်အထိ တင်ဆောင်နိုင်မည်ဖြစ်ကြောင်း ဒေသခံသတင်းများကဆိုသည်။

No comments:

Post a Comment