Saturday, November 26, 2011

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းအား ဘင်္ဂလာ-အိန္ဒိယဆိုင်ရာ စီးပွားရေးအကြီးများ လာရောက်ဆွေးနွေးခဲ့


ဂစ္ဆပသတင်းဋ္ဌာန
နိုဝင်္ဘာလ(၂၆)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် ညနေ(၃း ၃၀)နာရီ။

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းအား ဘင်္ဂလာ-အိန္ဒိယဆိုင်ရာ စီးပွားရေးအကြီးများ လာရောက်ဆွေးနွေးခဲ့

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးဟု စစ်အုပ်စုအဖွဲ့ ခေါ်ဝေါ်သော ဦးလှထွန်းအား ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဋ္ဌာန၀န်ကြီး H.E. Mr. Faruk Khanနှင့် အဖွဲ့သည် ယနေ့နံက် (၉)နာရီတွင် ၀န်ကြီးရုံးသို့ လာရောက်တွေ့ ဆုံပြီး ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျား၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Villur Sundararajan Seshadri မှ ဦးလှထွန်းအား နံက် (၁၁)နာရီတွင် ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို လာရောက် ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

စစ်အုပ်စုအဖွဲ့မှ ၎င်းဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဌ ဦးသန်းညိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း အတည်မပြုရသေးသော မြန်မာ့အလင်းသတင်းစာမှ ဖေါ်ပြချက်အရသာ သိရှိရသည်။  

ဘင်္ဂလာမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဋ္ဌာန၀န်ကြီးနှင့် အဖွဲ့မှာ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဋ္ဌာန၀န်ကြီးရုံး၌ ပြည်ထောင်စုဝန်ကြီး ဦးသန်းဋ္ဌေးအား ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက်များ၌ ၀င်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင် ဆောင်ရွက်ခွင့် ရရှိရေး၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကူအညီပေးရေး၊ နှစ်နိုင်ငံအကြား ပင်လယ်ပြင်လုပ်ကွက်များ ၀င်ရောက် လုပ်ကိုင်ရာတွင်လည်း ပင်လယ်ပြင် ဥပဒေအပြည်ပြည်ဆိုင်ရာ တရားရုံး (ITLOS)၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်သွားရေးတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment