Wednesday, November 23, 2011

ဦးစိုးဝင်း-ဘင်္ဂလာ နှစ်နိုင်ငံဆက်ဆံရေးနောက်ကွယ်မှ ရခိုင်အမျိုးသားရေးကဏ္ဍ


ဂစ္ဆပသတင်းဋ္ဌာန
နိုဝင်္ဘာလ(၂၄)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် နေ့လည်(၁)နာရီ။

ဦးစိုးဝင်း-ဘင်္ဂလာ နှစ်နိုင်ငံဆက်ဆံရေးနောက်ကွယ်မှ ရခိုင်အမျိုးသားရေးကဏ္ဍ

မြန်မာ စစ်အုပ်စုအဖွဲ့မှ ထိပ်ပိုင်းအရာရှိတဦးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်ပြီး ဘင်္ဂလာသို့ နိုဝင်္ဘာလ (၂၄)ရက်၊ ယနေ့ညနေဘက်တွင် ဘုရားဖူးကဲ့သို့ပေါ်လစီဖြင့် ရောက်ရှိလာမည်ဖြစ်ပြီး၊ ၎င်းနောက်ကွယ်တွင် ရခိုင် အမျိုးသားရေး နိုင်ငရေးံနှင့် လုံးဝဆက်နွယ်မှုရှိကြောင်း ဒေသခံ နိုင်ငံရေးလေ့လာသူ ရခိုင်တချို့က သုံးသပ် ကြသည်။

ယခုကဲ့သို့ ဦးစိုးဝင်း လာရောက်ခြင်းမှာ ဒီဇင်္ဘာလအတွင်း ဘင်္ဂလာမှ ၀န်ကြီးချုပ် ဆိုင်းခါဆိနာ မြန်မာသို့ စစ်အုပ်စုအဖွဲ့နှင့် ဆွေးနွေးမည့် အစီအစဉ်များကို စတင်လမ်းခင်းပြုလုပ်သော ခရီးစဉ်ဖြစ်သည်ဟု သိရှိရသည်။

ထို့အပြင် လာမည့်နှစ်ဆန်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဘင်္ဂလာသို့ ထပ်မံရောက်ရှိလာမည့် နိုင်ငံရေး လှည့်ကွက်များလည်း ရှိနေသေးကြောင်း ဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒေသခံများက ဘင်္ဂလာအခြေစိုက် ရခိုင်အမျိုးသားနိုင်ငံရေးတွင် တစိုက်မတ်မတ် ပါဝင် လှုပ်ရှားနေသူ ပြောရဲဆိုခွင့်ရှိသူ တဦးအား “အကယ်၍ စစ်အုပ်စုအဖွဲ့မှ  ဆွေးနွေးရန် ကမ်းလှမ်းလာလျှင် မည်သို့ ဆက်ဆံသွားမည့် အခြေအနေများ ရှိပါသနည်း”ဟု မေးမြန်းရာ အောက်ပါအတိုင်း ရှင်းပြသွားခဲ့သည်။

“စစ်အုပ်စုအဖွဲ့က တရားဝင် ဘင်္ဂလာအစိုးရကို ကြားခံထားပြီးတော့ ရခိုင်နိုင်ငံရေးသမားများနဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းလာမည့်ဆိုလျှင် ဆွေးနွေးဖို့ အသင့်ရှိပါတယ်၊ ဒါနိုင်ငံရေးကို နိုင်ငံရေးဗျူဟာဖြင့် ဆွေးနွေးအဖြေရှာမဲ့ လမ်းဟု မြင်ပါတယ်၊ စစ်အုပ်စုနဲ့ ရခိုင်နိုင်ငံရေးအကြား လုပ်သင့်တဲ့အလုပ်တခုပါ၊ ဒါပေမဲ့ စစ်အုပ်စု ကစားကွင်း တွေရဲ့ အတွေ့အကြုံအရတော့ သူတို့ဘက်က သဘောရိုးရှိဖို့ အရေးကြီးပါလိမ့်မယ်။”ဟု ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ(NUPA)မှ ပြောခွင့်ရပုဂ္ဂိုလ်တဦးက နိုင်ငံရေးသုံးသပ်မှု စကားဝိုင်းတခုတွင် ဖြေကြားခဲ့သည်။

ဘင်္ဂလာအနေဖြင့် စစ်အုပ်စုအဖွဲ့နှင့် ဆက်ဆံပြီး ၎င်းတို့၏နိုင်ငံတည်တံ့ရေးအတွက် တလျှောက်လုံးကြိုးပမ်း နေမှု ကာလအတွင်း စစ်အုပ်စုဖိအားပေးသမျှ ရခိုင်နိုင်ငံရေးအဖွဲ့အစည်းများကို နှိမ်နှင်းလျှက် ရှိနေကြောင်းနှင့် လာမည့် ၂၀၁၃ မြန်မာ့ရွေးကောက်ပွဲအတွင်း ရခိုင်အမျိုးသားနိုင်ငံရေး အစီအမံကို ပဋိပက္ခဖြစ်လာအောင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများရှိနိုင်ကြောင်း ရခိုင်အမျိုးသားနိုင်ငံရေး ၀ါရင့်တဦးက ပြောဆိုသည်။

ယခုကဲ့သို့ စစ်အုပ်စုအဖွဲ့ဝင်များ ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ ရခိုင်အမျိုးသားများနှင့် တွေ့ဆုံပြီး အဆင့်ဆင့် စည်းရုံးရေး ဟန်ပြုလုပ်လာခြင်းမှာ ရခိုင်အမျိုးသားရေး၏ လုံခြုံရေးအတွက် အထူးသတိထားရန် လိုအပ်ကြောင်း ဆက်လက် ပြောသည်။

ဦးစိုးဝင်း ဦးဆောင်သည့်အဖွဲ့မှာ ယနေ့ညနေ (၃)နာရီတွင် ကော့စ်ဘဇားမြို့ ဆီးဂါးဟိုတယ်တွင် ရောက်ရှိမည် ဖြစ်ကြောင်းနှင့် (၄)နာရီတွင် မဟာသိပ်ရင်ပြင်ကြီးသို့ ဘုရားဖူးရန် သွားမည်ဖြစ်ကြောင်း ယနေ့ဒေသထုတ် သတင်းစာများက ဆိုသည်။  

No comments:

Post a Comment