Friday, November 25, 2011

ဇေကမ္ဘာ ဦးခင်ရွှေ၏ မီဒီယာသမားများအား ဝေဖန်မှုအပေါ် သတင်းသမားအားလုံး ကန့်ကွက်လက်မှတ်ရေးထိုး


ဂစ္ဆပသတင်းဋ္ဌာန
နိုဝင်္ဘာလ(၂၅)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် နေ့လည် (၃)နာရီ။
By: အောင်ခိုင်

ဇေကမ္ဘာ ဦးခင်ရွှေ၏ မီဒီယာသမားများအား ဝေဖန်မှုအပေါ် သတင်းသမားအားလုံး ကန့်ကွက်လက်မှတ်ရေးထိုး

ဇေကမ္ဘာ ဦးခင်ရွှေ၏ မီဒီယာသမားများအား ပြောဆိုဝေဖန်မှုအပေါ် ကန့်ကွက်ခြင်း လက်မှတ်ရေးထိုးခြင်းတရပ်ကို  သတင်းမီဒီယာ ပေါင်းစုံမှ နိုဝင်ဘာ(၂၂)ရက်နေ့က ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ယင်းသို့လက်မှတ်ရေးထိုးခြင်းကို ရာဗိုလ် လက်ဖက်ရည်ဆိုင်မှာ ဘားလမ်း အလယ်ဘလောက်၊ မြို့တော်ခန်းမနှင့် စီးတီးစတား ဟိုတယ်အနီး၊ ရွှေအမြုတေမဂ္ဂဇင်းတိုက်အောက်တွင်တည်ရှိသည့် အောင်လက်ဖက်ရည်ဆိုင် (၃၈)လမ်း အထက်ဘလောက်နှင့် အနော်ရထာလမ်းထိပ်အနီးရှိ ခရစ်ယာန်ကျောင်းကိုမျက်နှာမူထားသည့် နေရာများတွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါနေ့မှစတင်ပြီး ယနေ့အထိ ကန့်ကွက်လက်မှတ်ရေးထိုးသူပေါင်း စာရင်းများအရ စုစုပေါင်း သတင်းသမား (၂၀၀)ခန့် ဦးရေအထိ တိုးမြင့်လာကြောင်း စုံစမ်းသိရှိရသည်။

ဇေကမ္ဘာ ဦးခင်ရွှေ၏အား ကန့်ကွက်လက်မှတ်ရေးထိုးမှု စာရွက်များကို ဂျာနယ်တိုက်များသို့ ပေးပို့ထားသေးကြောင်း သိရှိရသည်။ သို့သော်လည်း လက်မှတ်ထိုးမည့်သတင်းသမားပေါင်း (၂၀၀)ကျော်အထိ ရှိလာမည့်ဖြစ်ကြောင်း သတင်းသမားကွန်ရက်က သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

ဗုဒ္ဒဟူးနေ့က အရေးပေါ် ကွန်ရက်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြပြီး သဘောတူဆုံးဖြတ်ချက်များ ချခဲ့ကြကာ အခြားတိုင်ပင်ညှိနှိုင်းမှုများလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့၏  ဥက္ကဌ အဖြစ် ခန့်ထားခံရသည့် ဇေကမ္ဘာ ဦးခင်ရွှေသည် ၎င်းစီစဉ် ကျင်းပသော Asean - Japan Business Meeting သတင်းအပါအ၀င် ၀န်ကြီးများရုံးအား ထိန်းသိမ်းသင့်သည့် ဟူသောသတင်းများနှင့်ပတ်သက်ပြီး ပြည်တွင်း မီဒီယာများတွင် ဖော်ပြချက်များကို ပြင်းထန်စွာထိုးနှက်ပြောကြားပြီးနောက် သတင်းသမားများက ကန့်ကွက်ရှုတ်ချရန် စီစဉ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တော်ရှိ ယုဇနဂါဒင်းဟိုတယ်တွင် (၂၀၁၁)ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့က ကျင်းပခဲ့သော (၂၈)ကြိမ်မြောက် မဟာ မဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအစည်းအဝေး၊ ခရီးသွားလုပ်ငန်းပြပွဲ၊ ဓါတ်ပုံပြပွဲများပုဂံတွင် ကျင်းပမည့်အကြောင်း သတင်း ထုတ်ပြန်ခြင်း အခမ်းနားတွင် ၎င်းကအထက်ပါအတိုင်း ထိုးနှက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ထိုက်ထိုက်တန်တန် လူကြီးမင်းလို့ခေါ်၊ ကောင်းကောင်းမွန်မွန်ကျွေး၊ ဆီဒိုးနားမှာ ခေါ်တယ်၊ ကျွေးတယ်၊ စာအုပ်တွေပေးတယ်၊ နေလည့်စာတွေကျွေးတယ်၊ ဘယ်ဂျာနယ်မှာမှ အာဆီယံ - ဂျပန်ကို မရေးခဲ့ဘူး။ အာဆီယံနိုင်ငံတစ်ရာကျော်လာတဲ့ဟာကို မရေးကြဘဲနဲ့ မဟုတ်က ဟုတ်ကတွေရေးတယ် ဆိုကတည်းက တော်တော်လေးကို စိတ်ဓါတ်ကျစရာကောင်းပါတယ်။ ကောင်းတာမမြင်တဲ့ သဘောမျိုး ဖြစ်နေတယ်၊ နိုင်ငံတော်ကသွားနေတဲ့ ကောင်းတဲ့လမ်းကြောင်းကို တစ်ဘက်သတ်မကောင်း အသိအမှတ် မပြုသလို ဖြစ်နေတယ်။” ဟု ၎င်းက ဆက်လက် စွပ်စွဲပြောကြားသည်။“

“မီဒီယာတွေနဲ့ တွေ့ဖို့ကို တော်တော်စိတ်ပျက်တယ်၊ ပြည်ပမီဒီယာတွေက မကောင်းမြင်ဖို့ လုပ်တာက သူ့အလုပ် သူ့လုပ်တာ၊ ပြည်တွင်းမီဒီယာတွေကလည်း မကောင်းမြင်မှ ဂျာနယ်ရောင်းရတယ်ဆိုတဲ့ အိုင်ဒီယာရှိနေရင်တော့ အတွေးတွေ မှားနေပြီ၊ လွဲနေပြီ။”ဟု ၎င်းက ဆိုသည်။

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သူ တဦးဖြစ်သည်။

No comments:

Post a Comment