Tuesday, August 30, 2011

မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှု ကြားနာတော့မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။       ။ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး (ITLOS) က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား အငြင်းပွားနေသည့် ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှု ပြဿနာကို စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ကြားနာတော့မည် ဖြစ်သည်။

စီးပွားရေး အလားအလာကောင်းသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့သိုက်များအတွက် နှစ်နိုင်ငံအကြား အငြင်းပွားနေသည်မှာ နှစ်ကြာရှည်ခဲ့ပြီဖြစ်ပြီး အငြင်းပွားမှုသည် မကြာသေးခင် နှစ်များအတွင်း ပိုမိုပြင်းထန်လာ
ခဲ့သည်။

ITLOS တရားရုံး၏ ကြားနာမှုကို ယင်းရုံးအခြေစိုက်ရာ ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့တွင် ပြုလုပ်မည်ဖြစ်သည်။ ဘင်္ဂလာဒေ့ရှ်အစိုးရက မြန်မာနိုင်ငံအပေါ် "ကမ်းဦးရေတိမ်ပိုင်းနှင့် အခြေခံမျဉ်းတို့ သဘာဝအတိုင်း ကြာရှည်စွာ တည်ရှိနေခြင်း" ဟူသောအချက်ကို အခြေခံကာ စတင်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

အမှုဆိုင် နှစ်ဘက်နိုင်ငံများမှ အမှုကိုစစ်ဆေးမည့် တရားရုံး
Actinia
ထရန်အိုးရှင်း အင်တာနေရှင်နယ် ကုမ္ပဏီပိုင် ရေနံတွင်းတူးစင် Actinia၊ ယင်းရေနံတူးစင် ကို မြန်မာရေပိုင်နက်တွင် ရေနံတွင်းတူးရန် ယမန်နှစ်က ငှါးရမ်းအသုံးပြုခဲ့သည်။ (ဓါတ်ပုံ - မဇ္ဈိမ)

တရားသူကြီး တဦးစီကို ခန့်အပ်ခွင့်ရှိသည်။ ITLOS မှ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်
နိုင်ငံက ဂါနာနိုင်ငံသား တရားသူကြီး သောမတ်စ်မင်ဆာ (Thomas Mensah) ကို ရွေးချယ်ထားပြီး မြန်မာနိုင်ငံ
ကမူ အမေရိကန်လူမျိုး ဥပဒေပါမောက္ခ ဘဲနတ် အိပ်ခ်ျ အော့စ်မင် (Bernard H. Oxman) ကို ရွေးချယ် ထားသည်။

ဒါကာအခြေစိုက် ဒေးလီးစတား သတင်းစာ၏ ရေးသားချက် အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ကို
နိုင်ငံခြားရေး ဝန်ကြီး ဒီပူမိုနီ (Dipu Moni) က
ဦးဆောင်မည် ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏
 နိုင်ငံခြားရေး ဝန်ကြီးသစ် ဦးဝဏ္ဏမောင်လွင် ဤကြားနာ
ပွဲသို့ တက်ရောက်မည် မတက်ရောက်မည် မရှင်းလင်းသေးပါ။

မြန်မာအစိုးရ၏ အဓိက ခေါင်းဆောင်များကို ဥရောပသမဂ္ဂက ဗီဇာ ပိတ်ပင်မှုများ ပြုလုပ်ထားသော်လည်း
မြန်မာနိုင်ငံခြားရေး ဝန်ကြီးကိုမူ “အဓိက ပါဝင်ဆွေးနွေးသူ” အဖြစ် ကင်းလွတ်ခွင့်ပေးထားသည်။ ထို့ကြောင့် သူ့အနေဖြင့် ဂျာမဏီရှိ ဤအမှုစစ်ဆေးရာသို့ သွားရောက်နိုင်မည် ဖြစ်သည်။

ဓါတ်ငွေ့ တူးဖော်မှု ကိစ္စ မြန်မာဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ၂ဝဝ၈ ခုနှစ်က တင်းမာမှုဖြစ်ပွားမှု

ရေနံတွင်းတူးသင်္ဘော ၄ စင်းနှင့် အရှည်မီတာ ၁ဝဝ ရှိ ထရန်အိုးရှင်းလီးဂျင်း ရေနံတွင်းတူးစင်ကို ဆွဲယူလာသည့် ဆွဲသင်္ဘောတစင်းတို့ကို စောင့်ရှောက် လိုက်ပါလာသည့် မြန်မာရေတပ် သင်္ဘောကို ဘင်္ဂလားဒေ့ရှ် အစိုးရရေတပ်သင်္ဘော BNS Nirvoy မှ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ရှိကြောင်း ကြေညာခဲ့သည်။ ဆွစ်ဇာလန် အမေရိကန် ကမ်းလွန် ရေနံတွင်းတူး ကုမ္ပဏီ ထရန်အိုးရှင်း ပိုင်ဆိုင်သည့် ဤရေနံတွင်းတူးစင်ကိုရေနံအစမ်းတွင်းများ တူးဖော်ရန် ကိုရီးယားဒေဝူးကုမ္ပဏီက ငှားရမ်း အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပင်လယ်နယ်နိမိတ်ကို ဝင်ရောက် ကျူးကျော်ခဲ့ကြောင်း ဒါကာ၏ စွပ်စွဲချက်သည် နှစ်နိုင်ငံအကြား အရေးပါသော ပထမဆုံး သံတမန် အငြင်းပွားမှု လက္ခဏာတရပ် ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် နှစ်နိုင်ငံ ရေတပ်များ ရင်ဆိုင်ထားကြသည် အထိ ကမ္ဘာ့အဆင်းရဲဆုံး နှစ်နိုင်ငံအကြား ငွေကုန်များသည့် တင်းမာမှု ဖြစ်ပေါ်လာခဲ့သည်။

နောက်တနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဒါကာရှိ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ကန့်ကွက်လွှာပေးခဲ့သည်။ မြန်မာအစိုးရက အငြင်းပွား နယ်မြေအတွင်းသို့ ရေတပ်သင်္ဘော ၄ စင်းကိုစေလွှတ်ခဲ့သည့် အတွက် ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ ကျောထောက်နောက်ခံ ပြုပေးထားသည့် ကြားဖြတ်အစိုးရကိုဒေါသအကြီးအကျယ် ထွက်စေခဲ့သည်။

မြန်မာနိုင်ငံက အေဒီ ၇ လုပ်ကွက်အဖြစ် သတ်မှတ်ထားသည့် ကမ်းလွန်ဓါတ်ငွေ့ လုပ်ကွက်အတွင်း ရှိနေသည့် ထရန်အိုးရှင်း ရေနံတွင်းတူးစင်နှင့် မြန်မာရေတပ်၏ အစောင့်သင်္ဘောများကို ဘင်္ဂလားဒေ့ရှ် ရေတပ်က ဖမ်းဆီး
ခဲ့သည်။ Transocean’s SEC ၏တင်ပြ ချက်အရ အဆိုပါ ရေနံတွင်းတူးစင်ကို ဒေဝူးကုမ္ပဏီက အစမ်းတွင်းများ တူးဖော်ရန် တရက်လျှင် အမေရိကန်ဒေါ်လာ ၄၂၄,ဝဝဝ ဖြင့် ငှားရမ်းအသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတို့ရေပိုင်နက်အဖြစ် ကြေငြာထားသော်လည်း အဆိုပါ လုပ်ကွက်အမှတ် အေဒီ ၇ တွင် တွင်းတူးခွင့်ကို ဒေဝူးနှင့် တွဲဘက်ကုမ္ပဏီဖြစ်သည့် Kogas တို့မှ ဝယ်ယူခဲ့ကြသည်။

ထိုသို့အငြင်းပွားနေသည့် ရေပိုင်နက်အတွင်း မြန်မာအစိုးရနှင့် ထရန်အိုးရှင်းတို့ ဝင်ရောက် ကျူးကျော်ခြင်း မပြုမီ ၃ ပတ် အလိုက မြန်မာစွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီက နှစ်နိုင်ငံအကြား “ရေပိုင်နက် အငြင်းပွားမှုကို ဖြေရှင်း မပြီးမချင်း အငြင်းပွားနယ်မြေအတွင်း ဓါတ်ငွေ့အစမ်းတွင်း တူးဖော်မှုများ မပြုပါ” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကို အာမခံပြောကြားခဲ့သည် ဟု ဘင်္ဂလားဒေ့ရှ် နေ့စဉ်သတင်းစာ New Age က ဗိုလ်မှူးချုပ်လွန်းသီကို ကိုးကားရေးသားခဲ့သည်။

ဗိုလ်မှူးချုပ်လွန်းသီက ထိုသို့ကတိပေး ပြောကြားမှုကို ဘင်္ဂလားဒေ့ရှ် လျှပ်စစ်စွမ်းအား၊ စွမ်းအင်၊ သတ္တုအရင်းအမြစ် ဝန်ကြီးဌာန အကြံပေးအရာရှိချုပ် ဒေါက်တာ အမ်တာမင် (Dr. M. Tamim) နှင့် ၂ဝဝ၈ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ဒါကာတွင် တွေ့ဆုံပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက ထိုသို့လူသိရှင်ကြား ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံတပ်ဖွဲ့များကို နယ်စပ် တလျှောက် တပ်လှန့် တပ်စွဲထားမှုများ ပြုလုပ်ခဲ့သည်။ မြန်မာ ရေတပ် အရာရှိတဦးက အေအက်ဖ်ပီ သတင်းဌာနကို နိုဝင်ဘာလ ၅ ရက်နေ့က ပြောကြားရာတွင် “ဒီပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ။ ဒါပေမယ့် လိုအပ်လာရင် ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ အသင့်ရှိပါတယ်။ ချစ်ကြည်ရင်းနှီးမှုကိုလို လားပေမယ့် စော်ကားတာကိုတော့ သည်းခံနေမှာ မဟုတ်ပါဘူး။ ဓါတ်ငွေ့ရှာဖွေမှုတွေကို ဆက်လုပ်သွားမှာပါ” ဟုပြောကြားခဲ့သည်။

မြန်မာအစိုးရမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တောင်းဆိုပြောကြားချက်များကို တုံ့ပြန်သည့် အနေဖြင့် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါး ရေးသားတုံ့ပြန်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ပြောကြားချက်များသည် “မှားယွင်းပြီး ဥပဒေနှင့်မညီသဖြင့်” အငြင်းပွါးနယ်မြေအတွင်း လုပ်ငန်းများဆက်လက် လုပ်ဆောင်သွားမည်ဟု ရေးသားထားသည်။

၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ထုတ် အဆိုပါသတင်းစာတွင် ဆောင်းပါးတစောင် ဖော်ပြခဲ့ရာ အဆိုပါ
ဆောင်းပါးက “ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုများကို မြန်မာအစိုးရမှ ပယ်ချလိုက်ပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်သွားရန်အတွက် အေဒီ ၇ လုပ်ကွက်အတွင်း လုပ်ဆောင်ရန် ရှိသည့် လုပ်ငန်းများကို ပြီးဆုံးသည်အထိ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း” ရေးသား ဖော်ပြထား ခဲ့သည်။ နိုင်ငံတကာဥပဒေတွင်မူ ပိုင်နက်အငြင်းပွားမှုများကို ငြိမ်းချမ်းသည့်နည်းဖြင့် အရင်ဖြေရှင်းရမည်ဖြစ်ကာ ပြီးမှသာ တွင်းတူးခြင်းကိစ္စများကို လုပ်ဆောင်ရမည်ဟု ဆိုထားသည်။

နှစ်ရက်အကြာတွင် ဒေဝူး၊ ထရန်အိုးရှင်းနှင့် မြန်မာအစိုးရတို့၏ သင်္ဘောများ အဆိုပါ နယ်မြေမှ ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။ အခြေအနေ တင်းမာမှုများ လျော့ပါးစေရန် ကိုရီးယားနှင့် တရုတ်နိုင်ငံတို့က ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမှ ဒေဝူးနှင့်အတူ တွဲဖက်လုပ်ကိုင်သည့် ကုမ္ပဏီများတူးဖော်မည့် ဓါတ်ငွေ့အများစုမှာ တရုတ်နိုင်ငံသို့ တင်ပို့ရန် အတွက်ဖြစ်သည်။

အဆိုပါ တင်းမာမှုများ ဖြစ်ပွားအပြီး တလခန့်အကြာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရိုက်တာ သတင်းဌာန၏ သတင်းပေးပို့ချက်အရ အေဒီ ၇ လုပ်ကွက်မှ အစမ်းတွင်း တူးဖော်ရာတွင် ရရှိသောအဖြေများမှာ “အားရကျေနပ်ဖွယ် မရှိလှကြောင်း” မြန်မာစွမ်းအင်ဌာန အရာရှိကြီးတဦးက ပြောကြားခဲ့သည်ဟုဆိုသည်။

အဆိုပါ အမည်မဖော်လိုသူ အရာရှိက ဆက်လက်ပြောကြားရာတွင် “ဒီဓါတ်ငွေ့သိုက်က စီးပွါးဖြစ် ထုတ်လုပ်ဖို့ တွက်ခြေမကိုက်ဘူးဆိုတာ အတည်ပြုနိုင်ဖို့ နောက်ထပ် အစမ်းတွင်း ၄ တွင်း ၅ တွင်း လောက် ထပ်တူးရပါဦးမယ်” ဟု ပြောကြားခဲ့သည်ဟုဆိုသည်။

ဒေဝူးအင်တာနေရှင်နယ် ကုမ္ပဏီက ၂ဝ၁ဝ ခုနှစ် မတ်လက ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ အဆိုပါအငြင်းပွား လုပ်ကွက်တွင် သူတို့နှင့်တွဲဖက်လုပ်ကိုင်နေသော ကုမ္ပဏီ ၃ ခုထွက်ခွာသွားပြီးနောက် သူတို့ပိုင် အစုရှယ်ယာများကို တိုးမြှင့်လာခဲ့သည်ဟု ဆိုသည်။ ၂ဝဝ၈ နိုဝင်ဘာလ တင်းမာမှုများအပြီး အဆိုပါအငြင်းပွား နယ်မြေအတွင်းနောက်ထပ် ရေနံရှာဖွေမှု လုပ်ငန်းများ ဆက်လက်ပြုလုပ်ခဲ့ခြင်း ရှိမရှိကိုမူ အဆိုပါ အစီရင်ခံစာတွင် ရေးသားဖော်ပြထားခြင်းမရှိပါ။

Burma-Bangladesh border dispute set for UN hearing

E-mail Print PDF

Chiang Mai (Mizzima) - The United Nations’ International Tribunal for the Law of the Sea (ITLOS) will begin hearings September 5 to resolve a heated maritime border dispute between Burma and Bangladesh.

Transocean International’s semi-submersible drilling rig, the Actinia. Last year, the Actinia was contracted to drill in Burmese waters. Photo: Mizzima
Transocean International’s semi-submersible drilling rig, the Actinia. Last year, the Actinia was contracted to drill in Burmese waters. Photo: Mizzima
Burma’s long-running border dispute with Bangladesh has intensified in recent years as both countries sought to benefit from lucrative offshore oil and gas deposits.

The ITLOS hearings will take place in Hamburg, Germany where the organization is based. The process started in October 2009 when the Bangladeshi government submitted to the ITLOS a formal complaint against Burma regarding the "natural prolongation of the continental shelf and the baseline." Bangladesh has also submitted a similar complaint against India over the disputed maritime boundary both nations share.

Both parties are entitled to appoint a judge of their choice to be part of the panel of judges that will decide the case.  According to a press release issued by ITLOS, Bangladesh has chosen the Ghanaian jurist Thomas Mensah to be its judge ad hoc at the hearing while Burma has chosen an American law professor, Bernard H. Oxman.

According to the Dhaka-based Daily Star newspaper, Bangladeshi Foreign Minister Dipu Moni will lead her country’s delegation at the hearing.  It is unclear if Burma’s newly installed Foreign Minister Wunna Maung Lwin will take part in the hearings.  Declared a “key interlocutor” by the European Union, Wunna Maung Lwin is exempted from the EU travel ban imposed on most of the leading figures in the Burmese regime and is therefore free to travel to Germany for the hearings.

2008 Burmese-Bangladesh naval standoff over gas drilling

On November 2, 2008, the Bangladeshi government announced that the previous day its naval vessel the BNS Nirvoy detected the Burmese navy escorting four drilling ships and a tug pulling the 100-metre-long drill rig Transocean Legend in waters claimed by Dhaka.   The rig, owned and operated by the Swiss American offshore drilling firm Transocean, was under contract to conduct exploratory drilling work for Korea’s Daewoo International.

Dhaka’s accusation that Burma had violated its sovereign maritime territory was the first sign of a serious diplomatic spat that followed with a costly and heated naval stand-off between two of the world’s poorest nations.

The next day November 3, Bangladeshi authorities in Dhaka summoned the Burmese ambassador to issue a strong protest and Bangladeshi’s military-backed interim government, furious at the Burmese regime’s actions, responded by sending four of its own naval ships to the disputed area.

The Bangladesh Navy had caught Transocean’s rig and its Burmese naval escorts in an area the Burmese regime had designated as the AD-7 offshore gas block. Transocean’s SEC filing revealed that Daewoo had hired the rig to conduct drilling exploration at a cost of US$ 424,000 a day. Daewoo and its partner firms Kogas, had bought rights to drill in AD-7 despite the fact that Bangladesh claimed it was their territory.

The joint State Peace and Development Council (SPDC)/Transocean incursion into the disputed waters came three weeks after Burmese Energy Minister Brigadier General Lun Thi had assured his Bangladeshi counterpart that Burma “would not conduct gas exploratory work in the disputed maritime boundary area until the issue was settled” between the two nations, the Bangladeshi daily newspaper New Age quoted him as saying, Lun Thi reportedly made the promise during an October 8, 2008, Dhaka meeting with Dr. M. Tamim, then serving as special assistant to the chief adviser for Bangladesh’s Ministry of Power, Energy and Mineral Resources. 

Immediately after the Bangladeshi government went public with its complaints, forces from both sides mobilized along their shared land border. One Burmese naval official was quoted by Agence France-Presse on November 5 as saying: “We will try to solve this peacefully, but we are also ready to protect our country if needed … we will not tolerate being insulted, although we do want goodwill. We will continue with exploration.”

Burma’s regime officially responded to the Bangladeshi complaints in a defiant tone through the state-run newspaper, the New Light of Myanmar, declaring it would continue to operate in the disputed territory because Bangladeshi concerns were “mistaken and unlawful.” In an article published November 7, 2008, the newspaper declared that “Myanmar [Burma] rejected the mistakenly made demand of Bangladesh,” and therefore “in order to protect the interests of the country in line with international laws, Myanmar [Burma] will continue to do the work in Block No. AD-7 until its completion.” International law dictates that territorial disputes should be resolved first through peaceful means before drilling takes place.

Two days later, Daewoo, Transocean and the Burmese regime withdrew their vessels.  It was reported that the Korean and Chinese governments had intervened to de-escalate the situation. China is set to be the destination of most of the gas Daewoo and its partners extract from off Burma’s Arakan coast.

On December 15, about a month after the standoff, Reuters reported that a senior Burmese energy ministry official had revealed that test results from the disputed AD-7 block were “not very encouraging.” The anonymous official added, “We still need to dig four or five more test wells before we confirm the deposit is not commercially viable.” A Daewoo International report issued in March 2010 reveals, however, that the firm increased its stake in the contested block after its three partners pulled out. The report did not mention any exploration activity taking place in the disputed block since the standoff in November 2008.
http://www.mizzima.com/news/world/5848-burma-bangladesh-border-dispute-set-for-un-hearing.html

Truce Talks with Local Govts Unacceptable: UNFC

http://www.freerakhaing.blogspot.com

30 August 2011: Two weeks after Burma's new President had 'invited' ethnic armed resistance groups to hold ceasefire talks with respective local governments, the United Nationalities Federal Council (UNFC) has rejected the proposal as being 'totally unacceptable' as it will not lead to any real resolution for peace.

While welcoming the overture, the multi-ethnic armed coalition said in a letter to the Burmese government, it considers such an offer only a dishonest ploy by Naypyidaw aimed at undermining the unity and solidarity among the different ethnic armed groups, which have fought the central Burmese government for decades.

Ex-Army General President Thein Sein in his public speech on 17 August said ethnic armed groups should approach respective local governments for peace talks, in a rare gesture that Burma watchers believe was a desperate public relations stunt designed to improve the image of a pariah nation.

"Past experience has taught us well that trying to separately negotiate a ceasefire deal with individual groups will not produce desirable results. We consider this a ploy to undermine the solidarity among the ethnic groups," the letter reads.

The letter was sent to the Burmese government on Sunday but was only made available to the media today. A copy was also sent to the pro-democracy leader Aung San Suu Kyi, who had recently offered her personal assistance in the peace process.

The UNFC, which includes some of the largest ethnic armed groups such as the Kachin Independence Organization (KIO) and the Shan State Army (SSA), argued that problems of armed conflicts and lack of peace are grounded in the denial of fundamental human rights and equality to the non-Burman ethnic groups.

The coalition said it rejects the proposal for peace talks with the local-level governments because their grievances are with the central government and not with local governments, which has no real power and only came into existence only in March 2011 whereas the groups have fought the central government for the last 60 years.

Instead the UNFC proposed that the Burmese government appoint a high level negotiation team with real power to broker comprehensive peace deal with the UNFC as a collective force. The UNFC has appointed its own negotiation team, according to sources inside the coalition.
http://chinlandguardian.com/news-2009/1492-truce-talks-with-local-govts-unacceptable-unfc.html

editor@chinlandguardian.com

Monday, August 29, 2011

(Editorial) ရည်ရွယ်ချက်အတိုင်း ကျင့်ကြံဆောင်ရွက်နိုင်ကြပါစေ



(အယ်ဒီတာ အာဘော်)
ရည်ရွယ်ချက်အတိုင်း ကျင့်ကြံဆောင်ရွက်နိုင်ကြပါစေ
ကျွန်ုပ်တို့သည် ကျွန်စနစ် (၅)ထပ်ကွင်း ညှင်းပမ်းမှု အမျိုးမျိုးအောက်တွင် နှစ်ပေါင်း (၂၂၇)သို့ ချီတက်လာနေပြီး ဖြစ်ပါသည်။ တခုနှင့် တခုအကြား မည်သည့်လောက် ဝေးကွာသည်ဖြစ်စေကာမူ အားလုံးသည် ဆက်စပ်မှုရှိနေကြသည်ကို လူတိုင်းခေတ်နှင့်အညီ မြင်နိုင်စွမ်း ရှိကြသည့် အမြင်အမြော်ရှိသော ခေတ်ကိုလည်း တက်လှမ်းလာပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ အတတ်-အသိပညာပိုင်းဆိုင်ရာ ကဏ္ဍများ မှာလည်း ဘက်ပေါင်းစုံနိုင်အောင်အထိ တည်ဆောက်နိုင်ကြသည့် ကာလကို ဖန်တီးနိုင်ကြသော အချိန်အခါလည်း တိုင်ပြီဖြစ်ပါသည်။

စစ်အုပ်စုနှင့် ၎င်းအပေါင်းအပါတို့၏ စစ်အာဏာရှင်စနစ် တည်ငြိမ်ရေး စီမံကိန်း ကျားကွက်များကိုပင် ထိုးထွင်းသိမြင်သည့် စွမ်းအင် များလည်း တပ်ဆင်ရရှိပြီးသား ကာလသို့ တက်လှမ်းရောက်ရှိနေကြပြီး ဖြစ်ပါသည်။ ယင်းတို့ကျားကွက်များ စီမံမှုမပြုလုပ်ခင်ကတည်း က မိမိတို့ကျားကွက်များကို ကင်းချထားပြီးအနေအထား ဖြစ်နေပြီမို့ မိမိတို့ အမျိုးသားအကျိုးစီးပွားနှင့် ဘက်စုံလုံခြုံရေး ၀ါဒ လှုပ်ရှားမှုမှာ ပကတိ လုပ်ဆောင်ကျင့်ကြံမှုများ အဓိကကျနေပါသည်။

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ပန်းတိုင်ကို မြေကြီးလက်ခတ်မလွဲ ရောက်လှမ်းနိုင်ဖို့အတွက် ပကတိအတိုင်း လိုက်နာဆောင်ရွက် ကျင့်သုံး ကြမည်ဆိုပါလျှင် စီမံကိန်းအတိုင်း အောင်မြင်နိုင်မည်မှာ သေချာပေသည်။ မအောင်မြင်သေးသည့် အချိန်ကာလအတိုးအတွင်းတွင် ရည်ရွယ်ချက် မပျောက်ကွယ်ဖို့၊ ရေကြိုင်ရာ မြက်နုရာနှင့် မွေ့မပျော်တတ်ခြင်းပင် ပန်းတိုင်ကို ဆုတ်ကိုင်လျှက်နှင့် ရန်သူကိုတော်လှန် နေဆဲဖြစ်သည်ကို ခံယူတတ်ကြရမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အရှိကိုအရှိအတိုင်း သိမြင်လျှက် ကျင့်ကြံတတ်ဖို့ အရေးကြီးပါသည်။  

မည်သည့် အခန်းကဏ္ဍတွင်မဆို ကောင်းကျိုးဖြစ်စေ၊ ဆိုးကျိုးများဖြစ်စေ တန်ပြန်မှု ရှိသည်။ ကျွန်ုပ်တို့ အထူးသတိထားကြရမည်မှာ ပျက်ပြားသွားခဲ့သည့် ယုံကြည်မှုကို နဂိုအတိုင်း ပြန်လည်ကာ လုံးဝတည်ဆောက်၍ မရပေ။ ကျွန်ုပ်တို့၏ အဓိကဂုဏ်မှာ အမျိုးသား အကျိုးစီးပွား လုံခြုံရေးနှင့် ဆက်စပ်သည့် အရာမှန်သမျှ လုံခြုံမှုအပြည့်အ၀ ရှိစေရေးပင် ဖြစ်ပါသည်။

မိမိတို့၏ မဟာဗျူဟာမြောက် တိုက်ပွဲသဏ္ဍာန်သည် ရန်သူနယ်ချဲ့သမားများကို တရားသော တိုက်ခိုက်မှုဖြင့် မိမိတို့နယ်မြေမှ အလျှင်အမြန် ခြေမှုန်းမောင်းထုတ်ရေး ၀ါဒဖြစ်သည်။ မိမိတို့အကြား ပဋိပက္ခများသည် ရန်သူကျော့ကွင်းထဲ ခုန်ဆင်းသကဲ့သို့ ဖြေရှင်း သည့်နည်းလမ်းများ မဟုတ်ဘဲ ပဋိပက္ခမှန်သမျှမှာ ရန်သူထောင်ချောက်သာဖြစ်ကြောင်း လက်ခံယုံကြည်ဖို့ လိုအပ်ပါသည်။ ထို့တွက် မိမိတို့ လုပ်လာနိုင်သမျှ၊ ဆက်စပ်သမျှ လှုပ်ရှားမှုတို့သည် ရန်သူကိုဦးတည်သည့် တိုက်ကွက်များဖြစ်ရန် ကျင့်သုံးတတ်ရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့သည် မည်သည့်အလုပ်၊ မည်သည့်နေရာ၊ မည်သည့်အချိန်ကာလအနေအထား၊ မည်သည့်အခြေ အနေမျိုးပင် ရောက်ရှိနေစဉ်ကာမူ စာတလုံး၊ စကားတခွန်း၊ သခြင်းတပုဒ်၊ ခြေတလှမ်း၊ လုပ်ငန်း ကဏ္ဍတခုခုတိုင်းစီတွင် တဆင့်စီ အမျိုးသား အကျိုးစီးပွား လုံခြုံရေးအတွက် ဇောင်းပေးပြီး ရည်ရွယ်ချက် မှန်ကန်စွာ လုပ်ဆောင်ကြရန် အရေးကြီးနေပေသည်။

ထို့ကြောင့် မကြာမနှောင်းအချိန်တိုအတွင်း အမျိုးသားအကျိုးစီးပွားများ လုံခြုံရေးနှင့် ပတ်သက်၍ မြေပေါ်မြေအောက်၊ ရေပေါ်ရေ အောက်အပြင် မျိုးဆက်သစ် လူကောင်းလူတော် အရင်းအမြစ်များကို ပိုမိုထိမ်းသိမ်း၊ မွေးမြူကာကွယ်စောင့်ရှောက်နိုင်အောင် အဓိက အခန်းကဏ္ဍတွင် အမျိုးသမီးများ၊ မပါဝင်သေးသော မိတ်ဆွေသဟာယများ၊ နီးစပ်သည့် မျိုးချစ်ပြည်ချစ်များအပြင် မိမိတို့၏ သားသမီး များ အပါအ၀င် ဘက်စုံဖက်မှ ရည်ရွယ်ချက်အတိုင်း ကျင့်ကြံဆောင်ရွက်နိုင်ကြစေဖို့အရေး စစ်မှန်သောအမျိုးသားရေးဝါဒ တာဝန် ကိုယ်စီကို ယူကြရန် နှိုးဆော်တိုက်တွန်းစည်းရုံး ပူးပေါင်းလုပ်ဆောင်ကြဖို့ ပန်ကြားလိုက်ရပါသည်။

Tuesday, August 23, 2011

မြန်မာ-ဘင်္ဂလာ JWG တတိယအကြိမ်မြောက် ဆွေးနွေးပွဲပြီးဆုံး


ဂစ္ဆပသတင်းဋ္ဌာန
သြဂုတ်လ (၂၃)ရက်၊ ၂၀၁၁၊ ညနေ (၄)နာရီ။
http://www.gissapa.blogspot.comhttp://www.freerakhaing.blogspot.com

မြန်မာ-ဘင်္ဂလာ JWG တတိယအကြိမ်မြောက် ဆွေးနွေးပွဲပြီးဆုံး

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ (Join Working Group-JWG)အနေဖြင့် အကျိုးတူ တိုးမြင့် လုပ်ဆောင်နိုင်ဖို့အရေး တတိယအကြိမ်မြောက် ဆွေးနွေးပွဲတရပ်ကို ကော့စ်ဘဇားမြို့ Long Beach ဟိုတယ်ခန့်မတခု၌ တနင်္လာနေ့ နေ့လည်(၂)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


JWG အဖွဲ့ဝင်များ Long Beach ဟိုတယ် ကော့စ်ဘဇားမြို့တွင် ဆွေးနွေးနေကြပုံ။

နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ တိုးမြင့်ဆောင်ရွက်နိုင်ဖို့အရေး JWG ဆွေးနွေးပွဲသို့ မြန်မာမှ အဖွဲ့ဝင် ၁၂ ဦးနှင့် ဘင်္ဂလာမှ တာခ်နာမြို့နယ် အကြီးအကဲ အာ နော် မော် နာဇိမ် အူဒိန် (UNO) ဦးဆောင်၍ အဖွဲ့ဝင် ၁၄ ဦး စုစုပေါင်း ၂၆ ဦးတို့ တက်ရောက်ဆွေးနွေးနေကြသည်ဟု သိရှိရသည်။

JWG ဆွေးနွေးပွဲတွင် ဘင်္ဂလာမှ နှစ်နိုင်ငံ စီးပွားရေးအရ ဆက်ဆံရေးတွင် ဘာဏ်အစီအစဉ် လုပ်ထုံးလုပ်နည်းများနှင့် ကော့စ်ဘဇားမှ ရခိုင်ပြည်နယ် စစ်တွေမြို့- စစ်တွေမှ ရန်ကုန်နှင့် ရန်ကုန်မှ ဒက္ကား-ကော့စ်ဘဇားမြို့ လေဆိပ်များသို့ လေလိုင်းဖြင့် သွားလာနိုင်အောင် အဓိကထား ဆွေးနွေးခဲ့ပြီး ကျောက်၊ ဆန်စပါး၊ ငါး၊ သစ်နှင့် တခြားကုန်ပစ္စည်းများကို တင်ပို့ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မြန်မာဖက်မှ ကိုယ်စားလှယ်များ အနေဖြင့် ဘင်္ဂလာထုတ် ဓါတ်မြေသြဇာ၊ စားဆီ၊ ဆေးဝါးနှင့် အယ်လူမီနီယံတို့ကို တင်ပို့ရန် အဓိကဆွေးနွေး ခဲ့သည်ဟု သိရှိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အစိုးရ အနေဖြင့် ၎င်းတို့၏ ပြည်သူလူထုများအတွက် မြန်မာနိုင်ငံမှ တင်ပို့ကုန်များကို ၁၉၉၇ ခုနှစ် ကတည်းက ၀ယ်လိုအားကောင်းမှု ကြီးမားလာခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်သည်။ မြန်မာတင်ပို့ကုန်များကြောင့် ဘင်္ဂလာ နိုင်ငံတော်ဝင်ငွေမှာ တာကာငွေ ကုဋေ (၂၀၀)ကျော်ထိ နှစ်စဉ်နှစ်တိုင်း ရရှိနေကြောင်း သတင်းများအရ သိရှိရသည်။

မြန်မာစစ်အုပ်စု အနေဖြင့် ဘင်္ဂလာမှ ကုန်ပစ္စည်းဝယ်လိုအားကြီးမှုကို တွက်ချက်၍ မြန်မာ့ထွက်ကုန်များကို ကမ္ဘာ့ဈေးကွက် ပေါက်ဈေးအတိုင်း တင်သွင်းနိုင်ရန် စီးပွားရေးကျားကွက်ကို မိမိပြည်သူ စီးပွားရေးသမားများနှင့် လွတ်လွတ်လပ်လပ် ထင်သာမြင်သာ ရှိမှု အဓိက အရေးကြီးသည်။ ပြည်သူများကို လွတ်လပ်စွာ စီးပွားရေးလုပ်ကိုင်နိုင်အောင် လမ်းဖွင့်ပေးဖို့ အရေးကြီးလာသည်။ 

အကယ်၍ လေကြောင်းလိုင်း စတင်ဖြစ်ပေါ်လာလျှင် မြန်မာ့ကုန်များ ဘင်္ဂလာသို့ လွန်ခဲ့သော နှစ်ပေါင်း (၂၀)နီးပါးကထက် ခုန်ကျော် ပျံလွှားဝင်ရောက်လာတော့မည်ဖြစ်ကြောင်းနှင့် တဖက်တွင် နှစ်နိုင်ငံအကြားနားလည်မှုဖြင့် နေစဉ်ကုန်သွားနေကြသည့် ကုန်သည်များမှာ အခက်အခဲဖြင့် လတ်တလော ရင်ဆိုင်ကြုံတွေ့ကြရတော့မည်ဖြစ်ကြောင်း နယ်စပ်စီးပွားရေးသမားများက သုံးသပ်ပြောဆိုကြသည်။

Monday, August 22, 2011

ချိုသောစကားဆိုသော်လည်း လက်တွေ့ဆန်ဘို့လိုသည်။

ချိုသောစကားဆိုသော်လည်း လက်တွေ့ဆန်ဘို့လိုသည်။
 
နေပြည်တော်တွင် သြဂုတ်လ (၁၈) ရက်နေ့က သမတ ဦးသိန်းစိန်က တက်ရောက်လာသူများကို အံ့အားသင့်ဖွယ်ရာ မိန်းခွန့်ချွေစကားပြောဆိုခဲ့သည့်အပေါ် လူအများ စိတ်ဝင်စားစွာ ထိုကိစ္စကို ဝေဘန်ပြောကြားနေခဲ့ကြသည်။ မြန်မာလူမျိုးများသည် အကောင်းမြင်တတ်ကြသူများ၊ အပြုသဘောဆောင်မှုကို လိုလားကြသူများဖြစ်သည်။ အများစုသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ဘာသာရေးအရ ခွင့်လွှတ်မှု၊ သဘောထားကြီးမှုကို လက်ကိုင်ထားကြသူများဖြစ်သည်။ ဦးသိန်းစိန် မိန့်ခွန်းတွင် အရေးပါသော အချက် (၃) ချက်ပါဝင်သည်။
 
(၁) သူက ပြည်တွင်းရှိ အမြင်မတူ သဘောကွဲပြား ခြားနားသူများနှင့် အတွေးအခေါ် ယုံကြည်ချက် မတူကြသူများကို သဘောထားကြီးကြီးထား၍ လက်တွဲပြီး တိုင်းပြည်ကို ထူထောင်ကြဘို့နဲ့ “ကျွန်တော်တို့ဟာ ဒီမိုကရေစီစံနစ်နဲ့ နိုင်ငံသစ်ကို ထူထောင်ရာမှာ အခက်အခဲတွေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အမြင်မတူတဲ့ လူတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်” လို့ ပြောကြားခြင်း။
 
(၂) ပြည်ပကို ရောက်နေကြတဲ့ တိုင်းရင်းသားတွေအားလုံးကိုလည်း ပြန်လာချင်တဲ့သူရှိရင် ပြန်လာနိုင်အောင် ပြုလုပ်ပေးဘို့ စဉ်းစားနေကြောင်းနဲ့ ရာဇတ်မှု ကျူးလွန်ခဲ့သူများ အနေနဲ့ ပြစ်မှုကြီးရင် ပြစ်ဒဏ်ကို ကျခံရမှာ ဖြစ်သော်လည်း အပြစ်ခံဖို့ ပြန်လာခဲ့ရင် အထူးသက်ညှာစွာ စဉ်းစားပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း။
 
(၃) သူ့အနေနဲ့ မြန်မာပြည်ဟာ တချိန်က ကိုယ်ထက်နိမ့်ကျတဲ့ နိုင်ငံတွေ ကိုယ်နဲ့ တန်းတူရှိတဲ့ နိုင်ငံတွေထက် ယနေ့အချိန်မှာ များစွာနိမ့်ကျနေတဲ့ အခြေအနေရောက်နေပြီဆိုတာကို ၀န်ခံသွားခဲ့ပါသည်။ ဒီလိုနိမ့်ကျမှုကို မြှင့်တင်နိုင်အောင် အားလုံးက ၀ိုင်းဝန်း ပူးပေါင်းကြိုးစားဘို့ လိုကြောင်း ဆိုခဲ့ခြင်း။
 
ထိုသုံးချက်သည် ပြည်သူလူထုကို ဆွဲဆောင်နိုင်ရန်အတွက် ၎င်း ကမ္ဘာ့နိုင်ငံများက လက်ခံလာစေရန်အတွက် ၎င်းပြောဆိုခဲ့သော်လည်း တကယ့်ရင်ထဲမှ ထွက်လာသော စကားများ ဟုတ်မဟုတ်ဆိုသည်ကို စောင့်ကြည့်ဘို့ လိုပေသည်။
 
ပထမ ပြောဆိုချက်နဲ့ ပတ်သက်ပြီး သုံးသပ်ရလျှင် အစိုးရသစ်သည် ပြည်တွင်းအတိုက်အခံများ တည်ရှိနေမှုကို လက်ခံခြင်း၊ အမြင်မတူ ကွဲပြားခြားနားသည့်အတွက် မတရားထောင်သွင်း အကျဉ်းချထားသော နိုင်ငံရေးအကျဉ်းသားများကို သဘောထားကြီးစွာ လွှတ်ပေးဘို့လိုသည်။ အမြင်မတူ ကွဲပြားခြားနားသူများနှင့် လက်တွဲ လုပ်ချင်လျှင် မိမိကိုယ်တိုင်က သဘောထားကြီးကြောင်း ပထမ ပြင်သနိုင်ဘို့လိုသည်။ စကားနောက်တွင် လက်တွ့ အလုပ်ရှိဘို့ လိုသည်။ အစိုးရအဖွဲ့ ကျမ်းသစ္စာ ကျိန်ဆိုကတည်းက လွှတ်ပေးသင့်သော်လည်း ယ္ခု ၅ လကျော် ကြာသည်အထိ နိုင်ငံတကာနှင့် ကုလသမဂ္ဂ အပါအဝင် အတိုက်အခံ ပါတီများက တောင်းဆိုနေသော်လည်း လွှတ်မပေးဘဲ ထားရှိခြင်းသည် သဘောထား မကြီးရာ၊ ရှေ့စကား နောက်စကား မညီရာကျသည်။
 
ဒုတိယအချက်မှာ အစိုးရသစ်ဖွဲ့ပြီးမှ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်သည့် တင်းကြပ်သည့် ဥပဒေထွက်လာခဲ့သည်။ အင်တာနက် အသုံးပြုသူများကို Skype, Gtalk, VZO နှင့် အင်တာနက် စကားပြော ပရိုဂရမ်များကို အသုံးအပြုရဟု အမိန့်ထုတ်ခြင်း၊ လွတ်လပ်စွာ ထုတ်ဝေခွင့်ကို ပိုမိုတင်းကြပ်စွာ ပြုလုပ်လာခြင်း၊ ပြည်သူ ၅၅ သန်းကျော်အတွက် အစိုးရပိုင်သတင်းစာ ၄ စောင်သာ ထားရှိပြီး လွတ်လပ်သော ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့် ယခုထက်တိုင် မရှိခြင်း။ လူထု လူတန်းစား ကိုယ်စားပြုအဖွဲ့အစည်းများ ယနေ့ထက်တိုင်ဖွဲ့စည်းခွင့်မရှိခြင်းတို့သည်ဦးသိန်းစိန်ကပြည်သူလူထုအားလက်တွေ့ လုပ်ကိုင်ပြသရမည့်
အလုပ်ဖြစ်သည်။ဒီမိုကရေစီစံနှစ်တွင် ရှိသင့်ရှိအပ်သည်ကို လက်တွေ့လုပ်ရပ်များဖြစ်သည်။
 
ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ ပြောကြားရာတွင် ပြစ်မှုကြီးများ ကျူးလွန်ထားသူများအနေအနှင့် အပြစ်ဒါဏ်ခံရမည်ဖြစ်ကြောင်း အပြစ်မှု ကျူးလွန်ခြင်း မရှိသူများ အနေနှင့် ပြန်လာနိုင်ရန် စဉ်းစားနေကြောင်း ပြစ်မှု ကျူးလွန်သူများအနေနှင့် ပြစ်မှုကို ကျခံရန် ပြန်လာလျှင် အထူးသက်ညှာစွာ စဉ်းစားပေးမည်ဖြစ်ကြောင်း ပြောကြားချက်သည် “ဘက်လိုက်မှု ရှိသည်ဟုဟုမြင်သည်”
 ပြစ်မှု ကျူးလွန်သည်ဟု မည်ကဲ့သို့ အချက်အလက် အထောက်အထားများဖြင့် အဓိပ္ပါယ်ဖွင့်မည်နည်း။ တဖက်တွင်လည်း ၂၀၀၈ အခြေခံဥပဒေတွင် ၁၉၈၈ ခုနှစ်ပိုင်းမှစ၍ အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ဆောင်မှုများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားခဲ့သည်။ ထိုစဉ် ဦးသိန်းစိန်သည် အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်တယောက်ဖြစ်သည်။ စစ်အစိုးရ လူများကို လွတ်ငြိမ်းချမ်းသာခွင့်ကို ၂၀၀၈ အခြေခံဥပဒေတွင် ထည့်သွင်းပြီး အကာအကွယ် ပေးထားသော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်း ပြည်ပသို့ ထွက်ခွာလာကြသူများကိုမူ ချွင်းချက်များဖြင့် ခွဲခြားသတ်မှတ်ထားခြင်းမှာ တရားမျှတမှု မရှိဘဲ တဖက်သတ်ဘက်လိုက်ထားမှု ဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့ပြင် ၁၉၈၈ ခုနှစ်တွင် ရန်ကုန်မြို့၌ လူ ၃၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့မှု (ကျောင်းသားလူငယ်များ အပါအ၀င်)။ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုတွင် လူပေါင်း တရာကျော် သတ်ဖြတ်သည့် တရားခံကို တယာက်မှ အရေးယူမခံရခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော ရဟန်းသံဃာတော်များကို ရက်စက်စွာ သတ်ဖြတ်ထောင်ချခဲ့ခြင်းနှင့် ရာပေါင်းများစွာကို ထောင်သွင်းချထားခြင်းတို့ကို ပြုလုပ်ခဲ့သူများကို ၂၀၀၈ အခြေခံဥပဒေဖြင့် တဖက်သတ် အကာအကွယ်ပေးထားပြီး မိမိယုံကြည်ချက်ဖြင့် ပြည်ပသို့ ထွက်ခွါခဲ့ကြပြီး တိုက်ပွဲင်နေသူများကိုမူ ရာဇ၀တ်ကျူးလွန်ခဲ့ပါက အရေးယူမယ်၊ သတ်ညှာစွာ စဉ်းစားပေးမယ် ဆိုတာက မျှတမှု မရှိချေ။ ဦးသိန်းစိန်အနေနှင့် ဤအချက်ကို အလေးအနက်ထားပြီး မျှတစွာ ဘက်လိုက်မှုမရှိဘဲ စဉ်းစားဘို့လိုသည်။
 
တတိယအချက်အနေနှင့် တိုင်းပြည်က ကမ္ဘာ့အလယ်တွင် ချမ်းသာကြွဝသော နိုင်ငံမှ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံဘ၀သို့ ကျရောက်သွားခဲ့ရသည်ကို ၀န်ခံခြင်းသည် အမှန်ကို တင်ပြရဲခြင်း ဖြစ်သော်လည်း စစ်အာဏာရှင် စံနစ်ကြောင့်ဖြစ်သည်။ စစ်အာဏာရှင်များ အာဏာအလွဲသုံးစားမှုကြောင့် ဖြစ်သည်ဟု ထုတ်ဖေါ်ပြောကြားခဲ့ခြင်း မရှိချေ။ သူ့အစိုးရသည် မြန်မာပြည်သူများ ဆင်းရဲမွဲတေမှုကို သတိပြုမိသည်။ ထို့အတွက်ကြောင့် ပြည်သူများ စိတ်ချမ်းသာစေရန် ဈေးကွက်စီးပွားရေး စံနစ်ကို ပြုလုပ်ပေးခဲ့ပြီး လွတ်လပ်တဲ့ ယှဉ်ပြိုင်မှုကို ပွင်လင်း မြင်သာအောင် စီမံဆောင်ရွက်နိုင်ခဲ့တယ် ဆိုခဲ့ပါသည်။ ကျေးလက်ကျေးရွာတွေ ဖွံ့ဖြိုးရေးအတွက်လည်း အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ပေးခဲ့တယ် ဆိုခဲ့ပါသည်။ သို့ရာတွင် နှစ်ပေါင်း ၂၀ ကျော် အစိုးရနဲ့ ပေါင်းပြီး တိုင်းပြည်ရဲ့ သဘ၀သယံဇာတပစ္စည်းတွေကို ယှဉ်ပြိုင်သူမရှိ လက်ဝါးကြီးအုပ်ပြီး ဗိုလ်ချုပ်များနဲ့ အကျိုးအမြတ်ကို မျှဝေခံစားကြပြီး ခေတ်ပျက်သန်းကြွယ်သူဋ္ဌေး လက်တဆုတ်စာ ကို သာမန်ပြည်သူတွေ အနေနဲ့ ဘယ်လိုမှ ယှဉ်ပြိုင်ပြီး ဈေးကွက်ထဲကို ၀င်လို့မရနိုင်ပါဘူး။ ဒီအတွက် မျှတတဲ့ ဈေးကွက်စီးပွားရေးစံနစ်ကို ပြုလုပ်မယ်ဆိုရင် ချမ်းသာလွန်းနေတဲ့ သူတွေရဲ့ လက်ဝါကြီးအုပ်ထားမှုကို ဥပဒေထုတ် ကန့်သတ်ပြီး သာမန်ပြည်သူတွေအတွက် လုပ်ပိုင်ခွင့်တွေကို ဖွင့်ပေးရမည်ဖြစ်ပါသည်။
 
အမေရိကန်နိုင်ငံကို နိုင်ငံရေးခိုလှုံသူ အဖြစ်တောင်းခံခဲ့သော မြန်မာစစ်သံမှူး၊ ဗိုလ်မှူးအောင်လင်းထွဋ်က ယနေ့အခြေအနေကို သုံးသပ်ထားမှုဟာ စိတ်ဝင်စား လက်ခံနိုင်စရာ ကောင်းပါသည်။ ဦးအောင်လင်းထွဋ်က ယ္ခင်စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၇) ဖွဲ့နှင့် ငြိမ်းချမ်းရေး ယူနိုင်ခဲ့ခြင်းကို အောင်မြင်မှုကြီး တရပ်အဖြစ် အသားအသား ဖေါ်ပြခဲ့ကြပြီး ၎င်းတို့သည် သည်တိုင်းပြည် ငြိမ်းချမ်းရးကို ဆောင်ကျဉ်းနိုင်သူများအဖြစ်မော်ကြွားခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကိုမူတိုင်းဖျက် ပြည်ဖျက်များ အဖြစ် အပုပ်ချခဲ့ပြီးယခု ဦးသိန်းစိန်၏ စစ်ဝတ်ချွတ် အစိုးရလက်ထက်တွင်မူ ယခင်နည်းဗူဟာကို ပြောင်းပြန်လှန်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို တိုင်းပြည်ဖျက်သူများအဖြစ် ပုံဖော်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သူတို့နဲ့ သင့်မြတ်နေပါပြီ ဆိုပြီး ပွဲထုတ်လာခဲ့ပြန်တယ်ဟု ဆိုထားပါသည်။ အဓိက ရည်ရွယ်ချက်မှာ အဖက်သတ် ရေးဆွဲ အတည်ပြုထားသော နာဂစ်အခြေခံဥပဒေကိုမူ အဖြစ်ကိုင်စွဲပြီး ဒေါ်အေင်ဆန်းစုကြည်ကို ၂၀၀၈ ဥပဒေဘောင်အတွင်းသို့ သွတ်သွင်းနေခြင်းဖြစ်သည်ဟု ထောက်ပြထား ခဲ့ပါသည်။
 
အစိုးရသစ်မှ ၎င်းတို့နှင့် တိုက်ခိုက်နေကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို သားဆိုးများဖြစ်သည်၊ ဖျောင်းဖျယူရမည် ၊ ဖြစ်ကြောင်း ပြောကြားချက်သည် ပဋိပက္ခကို ဖြေရှင်းနိုင်ဘို့ထက် တမင်သက်သက် ပြဿနာကြီးထွားအောင် ဆွပေးသကဲ့သို့ ဖြစ်စေပါသည်။အုပ်ချုပ်သူတို့က ဖခင်နေရာမှနေ၍ တိုင်းရင်းသားများသည် သားဆိုးများနေရာတွင် ထား၍ပြောကြားခြင်းသည် နှိမ့်ချခြင်းသဘောဖြစ်သည်။  ယ္ခုလုပ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့ကြားသပ်လျှို ဖြိုခွဲခြင်းသာဖြစ်သည်။ ဒီမိုကရေစီအင်အားစုများကို စိတ်ဓါတ်စစ်ဆင်ရေး တိုက်ကွက်တခု ဖြစ်နိုင်သဖြင့် သတိထားသင့်သည်ဟု မြင်သည်။
 
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဦးသိန်းစိန်ကိုနောက်မှ ကြိုးဆွဲထားပြီး ၎င်းနောက်တွင် ဗိုလ်ချုပ်သန်းရွှေ ရှိနေသည်ဟု ယူဆရသည်။
 
ကျွန်တော်တို့အားလုံး တော်လှန်ရေးသတိ ရှိကြရမည်ဖြစ်ပြီး ဦးသိန်းစိန်၏ ပြောကြားချက်သည် အမှန်တကယ် ပြောင်းလဲရန်အတွက် ရိုးသားစွာ ပထမခြေလှမ်းအနေနှင့် လှမ်းခြင်းလော သို့မဟုတ် ပျားရည်ဆမ်းစကား သက်သက်မျှသာ ဖြစ်သလော စောင့်ကြည့်ဘို့ လိုပေလိမ့်မည်။
 
တိုင်းရင်းသား အဖွဲ့အစည်းကိုလည်းကောင်း၊ မြန်မာပြည်သူများကိုလည်းကောင်း၊ စစ်အာဏာရှင် အဆက်ဆက်သည် ကတိမျိုးစုံ ပေး၍ လိမ်လည်လှည့်ဖျား ထားခဲ့ကြသည့်အတွက် သံသယ ဖြစ်သည်ကို အပြစ်တင်စရာ မရှိပေ။ ပြည်တွင်းပြည်ပရှိ မျိုးချစ်မြန်မာများအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပြီးနောက်မှ ယုံယုံကြည်ကြည် လိုက်ကြရန် အထူးလိုအပ်ပေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖွင့်ပေးသော တခါးမှန်သမျှကို တိုးဝင်စူစမ်းရင်း ဟန်ဆောင်မှုလား၊ အမှန် ပြောင်းလဲရန် ပြုလုပ်ခြင်းလား ဆိုသည်ကို ထုထ်ဖေါ်ပေးပါလိမ့်မည်။ ဆန္ဒစောပြီး နိုင်ငံရေး ကစားကွက်တွင် ခက်ခက်ခဲခဲပါဝင် ကစားနေကြသည့် ဒေါ်စုကို မပုပ်ခတ်ဘို့ နားလည်မှု ပေး၍ စောင့်ကြည့်ရင်း အားပေးဘို့ အထူးလိုအပ်နေသော အချိန်ဖြစ်သည်။ ကျားကွက် မရွေ့ခင် သူက ဘာထင်သည် ငါက ဘာထင်သည်နှင့် ရန်ဖြစ်နေလျှင် ကျွန်ုပ်တို့ ရည်မှန်းချက် ပန်းတိုင်သို့ မရာက်နိုင်ဘဲ ရှိမည်သာဖြစ်သည်။ ထို့ကြောင့် ဦးသိန်းစိန်တွင် တကယ်ပြောင်းလဲလို စိတ်ရှိ မရှိ၊ အပေါ်ယံနိုင်ငံရေး အမြတ်ထုတ်လိုမှုဖြင့် ကစားခြင်းလော။ တနှင့်တဦကို ခွဲခြားဆက်ဆံပြီး သွေးကွဲအောင်လုပ်၍ အုပ်ချုပ်ရန် ကြံစည်ခြင်းလော ဆိုသည်တို့ကို ဘက်စုံမှ အကြပ်အတည်းဖြစ်လာတိုင်း ထွက်ပေါ်ရှာသည့် အနေနှင့် ပြုလုပ်တတ်သဖြင့်ဟန်ပြပြောင်းလဲရန် တာစူပြခြင်းလား သိဘို့လိုသည်။
 
အကယ်၍ ဦးသိန်းစိန်အနေနှင့် ဗိုလ်သန်းရွှေ အရိပ်အောက်မှ အမှန်တကယ် ရုန်းထွက်ပြီး စစ်မှန်သော ဒီမိုကရေစီစံနစ်ကိုတည်ထောင်လိုလျှင်သူသည်မြန်မာနိုင်ငံ၏ရာမိုစ်(ပြည်သူဘက်ပြောင်းလာသော ဖိလစ်ပိုင်စစ်
ဗိုလ်ချုပ်အမည်) ဖြစ်လာပေလိမ့်မည်။ ဗိုလ်သိန်းစိန် အနေနှင့် ၎င်းပြောခဲ့သော ပျားရည်ဆမ်းစကားများသည် အမှန်တကယ် ပြုပြင်ပြောင်းလဲလိုစိတ်နှင့် ပြောကြားခြင်းကြောင်းကို သက်သေပြသည့်အနေနှင့် ပြုလုပ်ရန် အထူးလိုအပ်လှပေသည်။
 
(၁) နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်။
(၂) ပြည်ပရောက် မြန်မာများကို အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန်။
(၃) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးနှင့် ဗဟိုအစိုးရတို့ ဒေါ်အောင်ဆန်းကြည်အား ကြားဖြန်ဖြေရေး နေရာတွင် ထားပြီး ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းရေးယူကြရန်။
 
ပထမဦးဆုံး ကျွန်ုပ်တို့၏ ထောင်တွင်း အကျဉ်းကျခံနေရသော ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများကို လွှတ်ပေးခြင်းဖြင့် ဗိုလ်ချုပ် သိန်းစိန်က အပြောမဟုတ်၊ အလုပ်ဖြင့်သက်သေပြခြင်းကို ကြည့်လိုပါသည်။ ဗိုလ်သိန်းစိန် သက်သေပြချက်ကို စောင့်မျှော်ကြည့်ရင်း အပြောနှင့် အလုပ်လက်တွေ့ကျ မကျကို ဆုံးဖြတ်မည် ဖြစ်ပါသည်။
 
ထွန်းအေင်ကျော်

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို သက်တော် စောင့်များ ထားခွင့်မပြုတော့

Freedom News Group
All The News In Real Time

by politics on August 22, 2011

Quantcast
မတ်လ ၃၁ ရက်နေ့ က ရာထူးကနေ အနားယူသွားတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့  အိမ်တော်
ရဲ့  လုံခြုံရေး တာဝန်ယူဖို ယခင် တပ် သား ၁၀၀ ကျော် အရာရှိ လေးဦး ပါဝင်တဲ့ လုံခြုံ ရေး တပ်
ခွဲ ကို လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ် မင်းအောင် လှိုင် ရဲ့  အမိန့် အရ ဖယ်ရှား လိုက်
ပြီ လို့  သတင်း ရရှိ ပါတယ်။
 
ဒီနေ့ တနင်္လာ နေ့ မနက် အစော ပိုင်းမှာ ဖယ် ရှား တာ ဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီး ဌာန က
စေလွှတ် တဲ့ တပ် သား လေး ဦး ကတော့ ဆက်လက် တာဝန် ယူ နေဆဲ ဖြစ်တယ် လို့  ဆိုပါ
တယ်။
 
အာဏာလွှဲ ပြောင်း ခြင်း မပြု ခင် ကတည်း က ကျန်းမာ ရေး ချို့  ယွင်း နေတဲ့ ဗိုလ်ချုပ်မှုး ကြီး
သန်းရွှေ ဟာ မြန်မာ နိုင်ငံ ရေး ကို နောက် ကွယ် က နေ လဲ ကြိုး ကိုင် ထား နိုင် ခြင်း မရှိ တော့
ဘူး လို့  သူ့ မိသား စု နဲ့  နီးစပ် တဲ့ အသိုင်း အ၀ိုင်း က FNG  ကိုပြောပါတယ်။
 
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့  ကိုယ်ရံတော် တပ် လို့  ခေါ် နိုင်တဲ့ သူ့ ရဲ့  လုံခြုံရေး တပ် ကို ဘာ
ကြောင့် ဖယ်ရှား လိုက် ရတာ လဲ ဆိုတာ အသေးစိတ် မသိရ ပေမယ့် ဒီတပ်ကို ယခင် မြန်မာ
စစ်ခေါင်းဆောင် က  အသေအချာ လေ့ကျင့် ပေး ခဲ့တာ ဖြစ်ပြီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့ 
အမိန့် က လွဲ ရင် ဘယ် အမိန့် မှာ မခံ ယူတဲ့ တပ် လည်း ဖြစ်ပါတယ်။
 
ယခင် သီတင်းပတ်က  မြန်မာ စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အထူးယုံကြည်
စိတ်ချရသူများတွင် ပါဝင်သူများ ဖြစ် သည့် ဗိုလ်ချုပ် ဝေလွင် နှင့် ဗိုလ်ချုပ် ခင်ဇော်ဦး တို့  ကို
၎င်း တို့  ၏ ရာထူးများမှ ခေတ္တ  အရာ ချထား ကာ အဆိုပါ တာဝန် များ ကို အခြား စစ် အရာ
ရှိ များ နှင့် အစား ထိုး ထား လိုက်သည် ဟု သိရသည်။
 
ယခု လုံခြုံရေး တပ်ဖွဲ့ များ ကို ဖယ်ရှား ခိုင်းသည် မှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ ဆန္ဒဖြစ်ပုံ မရ
ဟု ခိုင်မာ သော သတင်း ရပ် ကွက် များ က ပြောကြားသည်။
 
( Freedom News Group အင်တာနက်စာမျက်နှာမှ )

နှစ်ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပွဲမှသည် ငြိမ်းချမ်းရေးမုဒ်ဦးဆီသို့ 

မည်သို့ ပင်ဆိုစေ ရုပ်သေးသမတ ဦးသိန်းစိန်အစိုးရက စစ်အစိုးရထက် လူထုပါးစပ်ဖျား သတင်းတွေ ထွက်လာသည် ။ အဓိကမှာ ဒေါ်အောင်ဆန်းစုကြည်နင့် တွေ့ ဆုံသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံရှေ့မှာ ရိုက်ပြထားလိုက်ခြင်းကြောင့်ဖြစ်သည်။ ရှေ့တွင် မည်သို့ ဆောင်ရွက်မည်ဟု စောဒကတက်စရာတွေ ရှိလာနိုင်ကောင်းသော်လည်း တခုခုတော့ လုပ်ပြလိုက်ခြင်းက အကျိုးကျေးဇူး ဖြစ်လာခြင်းပင် ။ ဤအခွင့်အရေးကို ရှေ့ဆက်ပြီး ထိမ်းသိမ်းသွားစေချင်သည်။ စီးပွါးရေးအလုပ်ရုံဆွေးနွေးပွဲ အပြီး ယင်းဆွေးနွေးချက်များမှ ပညာရပ်များကို အကောင်အထည် ဖေါ်ဆောင်ခြင်း မဆောင်ခြင်းမှာ သူတို့ အပိုင်းဖြစ်သည်။ ယင်းဆွေးနွေးပွဲ အပြီး နိုင်ငံရေးအလုပ်ရုံ ဆွေးနွေးပွဲကိုလည်း ရှေ့ဆက်ပြုလုပ်သွားစရာရှိသည်ဟု အသံတွေ ကြားလိုက်ရသည်။ ပဋိပက္ခများရှိရာအရပ်မှာ အဖြေရှာ တွေ့ ဆုံဆွေးနွေးခြင်းများကို ထာဝစဉ်ပြုလုပ်နိုင်ခြင်းသည် တန်ဖိုးအရှိဆုံးဖြစ်သည်။ ထို့ ကြောင့် နိုင်ငံရေးဆွေးနွေးပွဲ အလုပ်ရုံကို ပြုလုပ်မည် ဆိုလျှင် ကောင်းသည်ဟု ပထမဦးစွာ လက်ခုပ်လက်ဝါး တီးပေးချင်သည်။ သို့ သော် ချက်ချင်းလတ်တလော ကြိုဆိုခြင်းတော့ မလုပ်ချင် ။ အကြောင်းမှာ ကြိုဆိုပါသည်ဟု ပြော၍မဆုံးမှီ အဖျားရှူးပြီး ပြသနာတွေ တပုံတခေါင်းနှင့် ဖြစ်နေသော အရာတွေက ရှေ့မှာ တသီတတန်းကြီး ရှိနေခဲ့  ပြီ ။ မည်သို့ ပင်ဆိုစေ ဤကိစ္စကို ဆွေးနွေးလိုသည်။
 
  မြန်မာနိုင်ငံ၏ နိုင်ငံရေး ဇတ်ခုံတွင် ဇတ်ကောင်များမှာ အစီအရီ ရှိနေကြသည်။ ရှေးဦးစွာ ပြောရမည်ဆိုလျှ င် သမတဦးသိန်းစိန် အစိုးရသည် ပြည်သူ့ လွှတ်တော်မှ အသိအမှတ် ပြုထားသော အစိုးရတရပ်ဖြစ်သည်။ ဒုတိယအုပ်စုမှာ လက်နက်ကိုင်တပ်မတော်ကို ချုပ်ကိုင်ထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အုပ်စုဖြစ်သည်။ တတိယအုပ်စုမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဖြစ်သည်။ စတုတ္တအုပ်စုမှာ ပြည်ပမှ ဒီမိုကရေစီ အတိုက်အခံ အုပ်စုအသင်းအပင်းများ ဖြစ်သည်။ ယင်းအုပ်စုလေးမျိုးလေးစားမှာ နိုင်ငံရေးအရ ဆက်စပ်နေ နှီးနှောနေ ရောထွေးယှက်တင်နေ ကြသည်ချည်းဖြစ်သည်။ သို့ သော် ယင်းလေးအုပ်စုစလုံးသည် တချိန်တည်းမှာ တွေ့ ဆုံဆွေးနွေး၍ အဖြေရှာခြင်းမျိုးကို ပြုလုပ်၍မရ ။လူများ၍ ပွဲမစည်ဆိုသလို ဖြစ်နေသည်။ စင်စစ်အားဖြင့် လူများ၍ ပွဲမစည်ဆိုသလို  ပွဲစည်ရန်လည်း ယခုထက်ထိ မဆောင်ရွက်ခြင်းက ပြသနာဖြစ်နေသည်။ ယခုအချိန်တွင် ရုပ်သေးသမတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ပွန်းတတီး စကားစမည် ပြောဆိုနိုင် ရီမောနိုင်ခြင်းမှာ ကောင်းသောမြင်ကွင်းတရပ်ဖြစ်သည်။

  သို့ သော် ဒေါ်အောင်ဆန်းစုကြည်၏ မင်္ဂလာခရီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အထွေထွေ အတွင်းရေးမှူး အဖြစ်နှင့် သွားရောက်ခြင်းလားဆိုသည်ကို သမတဦးသိန်းစိန်တို့ ၏ အသိအမှတ်ပြုခြင်းကသာ အဆုံးအဖြတ်ပေးနိုင်လိမ့်မည်ဖြစ်သည်။ ထို့ ကြောင့် အဓိပ္ပါယ်ရှိသော မင်္ဂလာခရီးဖြစ်ချင်၍ သမတဦးသိန်းစိန်ကို အကြံပြုချင်လာသည်။ အကြောင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကြပ်အတည်း ဖြစ်နေသောပဋိပက္ခများကို ရှိနေသည်ဟု ဦးသိန်းစိန်အစိုးရက လက်ခံထားဖို့ လိုနေသည်။ ဤအကြပ်အတည်းကို မည်သို့ ကုစားမည်နည်း ဆိုခြင်းမှာ အဖြေရှာခြင်းဖြင့် နည်းလမ်းများကို ဆန်းစစ်ကြည့်ရန်လိုသည်။ ကျွန်တော့်အနေဖြင့် တိုက်တွန်းချင်သည်မှာ ပထမဦးစွာ နှစ်ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရန် ပြုလုပ်သင့်သည်ဟု ထင်သည်။ ဤထင်မြင်ချက်ကို တစိုက်မတ်မတ် ကျွန်တော် ပြောနေ ရေးနေ ဆွေးနေ နေဖြစ်သည်။ လက်ရှိပကတိ အနေအထားအရ ပြည်သူ့ လွှတ်တော်မှ ရွေးချယ်တင်မြှောက်ထား
သော ဦးသိန်းစိန်အစိုးရမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်စီမံရမည့် အနေအထား ရှိနေသည်။ တာဝန်ကလည်း ရှိနေသည်။ နိုင်ငံရေးစနစ် အခြေခံမကောင်းသောကြောင့် စီးပွါးရေးချွတ်ချုံကျနေမူကို လောလောလတ်လတ် ဆွေးနွေးပြီးခဲ့ ပြီ ။ စီးပွါးရေးစနစ်ကောင်းမှ တိုင်းပြည်တိုးတက်နေမည် ဖြစ်သည်ကိုလည်း ခန့် မှန်းနိုင်ကြပြီ ။ သည်တော့ နိုင်ငံရေးစနစ် မကောင်းခြင်းကို တိုးတက်ကောင်းမွန်ရန် ဦးသိန်းစိန် ဦးဆောင်သော အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တို့ မှာ နှစ်ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပွဲကို ပထမဦးစွာ ပြုလုပ်ရန်လိုသည်။

      သွားလေသူ ဗိုလ်ချုပ်စောမောင် ပြောသလို  စစ်အစိုးရက တဦးတည်း -လူမျိုး-၁၃၅-မျိုးက အများကြီး ဆိုပြီး ပြသနာတွေ ဖြစ်လာနိုင်စရာ အခုအချိန်မှာ ရှိလာမည်မထင် ။  ပြသနာက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် အစိုးရက နှစ်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်းသည် ပကတိ မျက်မှောက် နိုင်ငံရေးအရ လိုအပ်ချက်ဖြစ်သည်။ ၁၉၉၀- ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခြင်း မပြုခြင်း ၊ အာဏာလွှဲပြောင်းပေးခြင်း မပေးခြင်း တို့ မှာ ယင်းဆွေးနွေးပွဲက အကောင်းဆုံး အဖြေထုတ်ရှာနိုင်ကြမည်ဖြစ်သည်။ ယင်းတွေ့ ဆုံဆွေးနွေးပွဲ အပြီးမှ သဘောတူ ဆုံးဖြတ်ချက်များမှာ အခြားလွှတ်တော်ပြင်ပ နိုင်ငံရေးပါတီများကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က တွေ့ ဆုံဆွေးနွေးခြင်းဖြင့် ပြီးမြောက်သွားမည်သာဖြစ်သည်။ တခုတော့ ရှိသည် ။ လွပ်လပ်ပွင့်လင်းသော နိုင်ငံရေးရပ်ကွက်တခုကို ဖန်တီးပေးရန် သို့ မဟုတ် နိုင်ငံရေးအခင်းအကျင်းတရပ်ကို ဖန်တီးနိုင်စွမ်းတော့ သတ္တိ ရှိရန် နှစ်ဖက်စလုံးက ပြုလုပ်ပေးမှ ဖြစ်လိမ့်မည်ထင်သည်။ ပြောချင်သည်မှာ ဒီမိုကရေစီစံနုံး ရရှိစေလိုခြင်းဖြစ်သည်။

  နှစ်ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပြီးမှ အဖြေရရှိခဲ့ ကြပြီဆိုလျှင် အခြားနိုင်ငံတကာရောက် ဒီမိုကရေစီ အတိုက်အခံများနှင့် တွေ့ ဆုံဆွေးနွေးရေးလမ်းစကို ဖန်တီးရန်လိုပါသည်။ သို့ မှသာ တွေ့ ဆုံဆွေးနွေးရေး ဆိုသည်မှာ ခရီးစဉ်များ ချောမွေ့ ပြီး ဖြောင့်ဖြုးသာယာနေပေလိမ့်မည်ဖြစ်သည်။ တဖက်က နိုင်ငံရေးအရ နှစ်ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပြီးချိန် လက်နက်ကိုင် ပဋိပက္ခပြသနာများကို ဖြေရှင်းနိုင်ရေးအတွက် စစ်ဖက်ဆိုင်ရာ အကြီးအကဲများက ဆွေးနွေး အဖြေရှာထားကြရန်လည်း လိုအပ်နေသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးသော ကာကွယ်ရေးပိုင်းဆိုင်ရာ အုပ်စုနှင့်  သမတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရ အပါအ၀င် နှစ်ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးခဲ့ သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်တို့ မှာ ဒုတိယအကြိမ်မြောက် တွေ့ ဆုံဆွေးနွေးရမည့် အကြောင်းအရာဖြစ်သည်။ ယင်းမှာ ယခုလက်ရှိ မည်သူက အာဏာလက်ကိုင်ထားသည်ကို မည်သူမျှ ခန့့် မှန်း မသိရ၍ဖြစ်သည်။ 
၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ပြောရလျှင် နိုင်ငံတော်အာဏာကို မည်သည့်အချိန်မဆို စစ်တပ်မှ သိမ်းနိုင်ခွင့် ရှိသည်ဟု ဖေါ်ပြထားရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာလည်း ဤနေရာတွင် မေ့လျော့ထား၍ ရသည့် လူတန်းစားမျိုး မဟုတ်။ မည်သို့ ပင်ဆိုစေ နိုင်ငံရေးအလုပ်ရုံဆွေးနွေးပွဲ မျိုးကို ပြုလုပ်ချင်သည်ဟု ဆိုကတည်းက နိုင်ငံရေးပြသနာ ရှိနေသည်ဆိုခြင်းကို လက်ခံထား၍ ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများမှာ  အကျဉ်းထောင်ထဲ၌-၂၀၀၀- ကျော်ရှိနေသမျှ နိုင်ငံရေးအကြပ်အတည်းပြသနာမှာ မည်သည့်အချိန်မျှ ဖြေရှင်း၍ မရ ။ ယင်းပုဂ္ဂိုလ်တို့ ကို ဆောလျင်စွာ လွှတ်ပေးရန်လိုသည်။ သို့ အတူ တိုင်းရင်းသားနယ်မြေများတွင် ထိုးစစ်ဆင်နေသမျှ သေနတ်သံမစဲသမျှ ငြိမ်းချမ်းရေးလည်း ဘယ်တော့မှ မရ ချေ ။ ထို့ ကြောင့် အမြန်ဆုံး နှစ်ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပွဲကို ပြုလုပ်သင့်ကြောင်း ထင်မြင်ယူဆသည်။ သို့ မှသာ  နှစ်ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပွဲမှသည် ငြိမ်းချမ်းရေးမုဒ်ဦးဆီသို့  လှမ်းတက်လာနိုင်မည်ဖြစ်ကြောင်း ယုံကြည်မိပါသည်။

ခိုင်အောင်ကျော် ( နယူးယောက် )

တတိယမြောက် မြန်မာ-ဘင်္ဂလာ Join Working Group ယနေ့ဆွေးနွေးပွဲစတင်


ဂစ္ဆပသတင်းဋ္ဌာနhttp://www.freerakhaing.blogspot.com
သြဂုတ်လ (၂၂)ရက်၊ ၂၀၁၁၊ ညနေ (၃)နာရီ။

တတိယမြောက် မြန်မာ-ဘင်္ဂလာ Join Working Group ယနေ့ဆွေးနွေးပွဲစတင်

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံကြား နယ်စပ်ဒေသ စီးပွားရေးဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ (JWG)အနေဖြင့် တတိယအကြိမ်မြောက် အကျိုးတူ တိုးမြင့်လုပ်ဆောင်နိုင်ဖို့အရေး ဆွေးနွေးပွဲတရပ်ကို ကော့စ်ဘဇားမြို့ Long Beach ဟိုတယ်ခန့်မတခု၌ ယနေ့နေ့လည်ပိုင်းတွင် ကျင်းပ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ တိုးမြင့်ဆောင်ရွက်နိုင်ဖို့အရေး JWG ဆွေးနွေးပွဲသို့ မြန်မာမှ အဖွဲ့ဝင် ၁၂ ဦးနှင့် ဘင်္ဂလာမှ တာခ်နာမြို့နယ် အကြီးအကဲ အာ နော် မော် နာဇိမ် အူဒိန် (UNO) ဦးဆောင်၍ အဖွဲ့ဝင် ၁၄ ဦး စုစုပေါင်း ၂၆ ဦးတို့ တက်ရောက်ဆွေးနွေးနေကြသည်ဟု သိရှိရသည်။

JWG အနေဖြင့် တနိုင်ငံနှင့် တနိုင်ငံအကြား သက်ဆိုင်ရာတွင် နိုင်ငံကူးသန်းခွင့် တရားဝင်ပါ့စ်ပို့ဖြင့် အလွယ်တကူသွားလာပြီး စီးပွားရေး လုပ်ငန်းများ နှစ်နိုင်ငံအ၀ှမ်း ကုန်လမ်းနှင့် ရေကြောင်းလမ်းတို့ဖြင့် ဆောင်ရွက်နိုင်ရန်တို့ကို အဓိကထား ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာ-ဘင်္ဂလာ နိုင်ငံအကြား စီးပွားရေးဇုံတွင် မြန်မာနိုင်ငံ အနောက်ဖက်ဒေသရှိ မောင်တောမြို့နှင့် ဘင်္ဂလာမှ တာခ်နာမြို့ များမှာ နိုင်ငံကြား အဓိကစီးပွားရေး နယ်စပ်မြို့များ ဖြစ်လာမည်ဖြစ်ကြောင်း နယ်စပ်စီးပွားရေးသတင်းရပ်ကွက်မှ ဆိုသည်။

ကော့စ်ဘဇားမြို့ ယနေ့ထုတ် DAINIK COX’SBAZAR သတင်းစာ က “မြန်မာမှ အဓိက ဆန်စပါး၊ ငါး၊ ကျောက်မျိုးစုံနှင့် တခြားပစ္စည်း မျိုးစုံကို တင်သွင်းဖို့နှင့် ဘင်္ဂလာမှ ပလက်တစ်လုပ် ကုန်ပစ္စည်းများနှင့် တခြားပို့ကုန်များ ယခုထက်ပိုမို၍ မြန်မာသို့ တင်ပို့နိုင်အောင် အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း။” တာခ်နာမြို့နယ် အကြီးဆုံး အာ နော် မော် နာဇိမ် အူဒိန်က ပြောကြောင်း ဖေါ်ပြထားသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အစိုးရ အနေဖြင့် ၎င်းတို့၏ ပြည်သူလူထုများအတွက် မြန်မာနိုင်ငံမှ တင်ပို့ကုန်များကို ၁၉၉၇ ခုနှစ် ကတည်းက ၀ယ်လိုအားကောင်းမှု ကြီးမားလာခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်သည်။ မြန်မာတင်ပို့ကုန်များကြောင့် ဘင်္ဂလာ နိုင်ငံတော်ဝင်ငွေမှာ တာကာငွေ ကုဋေ (၂၀၀)ကျော်ထိ နှစ်စဉ်နှစ်တိုင်း ရရှိနေကြောင်း သတင်းများအရ သိရှိရသည်။

မြန်မာစစ်အုပ်စု အနေဖြင့် ဘင်္ဂလာမှ ကုန်ပစ္စည်း ၀ယ်လိုအားကြီးမှုကိုကြည့်၍ မြန်မာ့ထွက်ကုန်များကို ကမ္ဘာ့ဈေးကွက် ပေါက်ဈေးအတိုင်း တင်သွင်းနိုင်ရန် စီးပွားရေးကျားကွက်ကို မိမိပြည်သူ စီးပွားရေးသမားများနှင့် လွတ်လွတ်လပ်လပ် ထင်သာမြင်သာ ရှိမှု အရေးကြီးသည်။