Friday, August 5, 2011

နပခ တိုင်းမှူးသစ် အနောက်ဘက် စစ်မျက်နှာနှင့် စစ်တပ်ကို (၅)ရက်တိုင်တိုင် စစ်ဆေး

ဂစ္ဆပသတင်းဋ္ဌာန
သြဂုတ်လ(၆)ရက်၊ ၂၀၁၁၊ နေ့လည်(၁)နာရီ။
http://www.gissapa.blogspot.com

နပခ တိုင်းမှူးသစ် အနောက်ဘက် စစ်မျက်နှာနှင့် စစ်တပ်ကို (၅)ရက်တိုင်တိုင် စစ်ဆေး

ရခိုင်ပြည်နယ် တိုင်းမှူးသစ် ဗိုလ်မှူးချုပ် ဦးထွန်းနေလင်း ပထမဆုံးအကြိမ် အနောက်ဘက်စစ်မျက်နှာနှင့် စစ်တပ်များကို သြဂုတ်လ (၂)ရက်နေ့ကစတင်ပြီး (၅)ရက်တိုင်တိုင် လေ့လာစစ်ဆေးခဲ့ရာ ယနေ့နံက်ပိုင်းက မောင်တောမြို့နယ်မှ ၎င်း၏ခရီးစဉ်ကို နောက်ဆုတ် သွားကြောင်း သတင်းရရှိသည်။


နပခတိုင်းမှူး ဦးထွန်းနေလင်းမှာ ရသေ့တောင်မြို့နယ် စစ်မျက်နှာနှင့် စစ်တပ်၏ စစ်ရေးစစ်ရာ အနေအထားများကို လေ့လာပြီး တညအိပ်ခဲ့ကြောင်း၊ ဘူးသီးတောင်မြို့ စစ်ရေးအချက်အခြာနှင့် တပ်မိသားစု အခြေအနေများကို စစ်ဆေးပြီး နှစ်ညအိပ်ခဲ့ကြောင်းနှင့် မောင်တောမြို့နယ် စစ်မျက်နှာတည်နေရာနှင့် စစ်တပ် အခြေအနေများကို စစ်ဆေးလေ့လာပြီး နစကဋ္ဌာနချုပ် ကျီးကန်းပြင် စခန်းတွင် တညအိပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

တိုင်းမှူး၏ အနောက်ဘက်စစ်မျက်နှာ လေ့လာစစ်ဆေးရေး ပြည်တွင်းခရီးစဉ်မှာ ၀န်ကြီးချုပ် ဦးသိန်းစိန် ရခိုင်ပြည်သို့ ရောက်ရှိလာပြီး နောက်ပိုင်း ပထမဆုံးခရီးစဉ်လည်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ နပခ တိုင်းမှူးမှာ ရခိုင်ပြည်နယ်သို့ ဇွန်လဒုတိယအပတ်က စတင်ရောက်ရှိလာခြင်းဖြစ်ကြောင်းနှင့် ယခုခရီးစဉ်မတိုင်မီ ကျောက်ဖြူမြို့နယ်၊ အမ်း၊ သံတွဲနှင့် တခြားမြို့နယ်များ၏ စစ်မျက်နှာနှင့် စစ်တပ်အခြေအနေများကို သွားရောက်စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ နပခတိုင်းမှူး ခရီးစဉ် ဆုတ်ခွာမှုမှာ လာလမ်းအတိုင်းမဟုတ်ဘဲ အလျှင်မြန်ရောက်ရှိအောင် အိမ်ပြန်နွားအစာမစား ဆိုသကဲ့သို့ မောင်တောမြို့နယ် အငူမော်မှ ဆုတ်ခွာသွားခဲ့ပြီး နေ့လည်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိမည်ဖြစ်သည်။

နယ်ပြည်တော်တွင် ဇွန်လပထမအပတ်က တိုင်းမှူးအပြောင်းအလဲ ပြုလုပ်မည့် အစည်းအဝေးတခုကို ပြုလုပ်ခဲ့ရာ အနည်းဆုံး တိုင်းမှူး(၅)ဦး အပြောင်းအလဲ ဆုံးဖြတ်ချက်ရယူခဲ့ပြီး ရန်ကုန်တိုင်းမှူး၊ ရခိုင်ပြည်နယ်တိုင်းမှူးနှင့် တခြားတိုင်းမှူးများ ပါဝင်ကြောင်း သိရှိ ရသည်။

စစ်အုပ်စုအဖွဲ့မှ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာကြခဲ့သည့် အရာရှိများမှာ ဒေသခံမြို့မိမြို့ဘများနှင့် မိတ်ဆက်တွေ့ဆုံသည့်အခါ ၎င်းတို့၏ အမည်၊ နိုင်ငံသားကပ်၊ မွေးရပ်ဇာတိ၊ ပါ့စ်ပို့နှင့် တခြားလိပ်မူများကို လှည့်ပတ်လိမ်လည်ပြီး တမြို့နှင့်တမြို့မတူ ပြောဆိုမှုများ ရှိခဲ့ကြကာ သူတို့စိတ်တိုင်းကျ ဒေသအတွင်း ယုတ်မာစွာ လုပ်ဆောင်ခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

No comments:

Post a Comment