Friday, August 5, 2011

ဘင်္ဂလာက အတင်းပို့ဆောင်သည့် ဘင်္ဂလီများကို ရခိုင်ကစစ်ဆေးရန်လိုအပ်

ဂစ္ဆပသတင်းဋ္ဌာန
သြဂုတ်လ (၅)ရက်၊ ၂၀၁၁၊ ညနေ (၅)နာရီ။
http://www.gissapa.blogspot.com

ဘင်္ဂလာက အတင်းပို့ဆောင်သည့် ဘင်္ဂလီများကို ရခိုင်ကစစ်ဆေးရန်လိုအပ်


ဘင်္ဂလာ အာဏာပိုင်များက မြန်မာနိုင်ငံသားဟု ကင်းပွန်းကာ ဘင်္ဂလီ (၁၃)ဦးအား ကြာသပတေးနေ့က ကော့စ်ဘဇားခရိုင် အတွင်းမှ ဖမ်းဆီးပြီး ရခိုင်ပြည်သို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့ရာ ရခိုင်ပြည်အာဏာပိုင်များက အသေးစိပ် စစ်ရေးရန် လိုအပ်ကြောင်း ပြည်တွင်းမှ အမည်မဖေါ်လိုသူ ၀ါရင့်နိုင်ငံရေးသမား ခေါင်းဆောင်တဦးက ပြောဆိုလိုက်သည်။

၎င်းက “ဒီလိုမျိုးက နောင်အခါ ပြဿနာ အကြီးအကျယ် ဖြစ်လာနိုင်ပါတယ်၊ ဘင်္ဂလာက ဘယ်လိုဘဲဖမ်းဆီးရမိ ပို့တဲ့အခါ တရားဝင် သက်ဆိုင်ရာသို့ လွှဲအပ်ရမယ်၊ အခုက မကြာခဏဆိုသလို ဖမ်းဆီးတယ်၊ ပြီးတော့ ပြန်ပြီးအတင်းပို့တယ်ဆိုတော့ ရခိုင်ပြည်နယ်မှာ သက်ဆိုင်တဲ့ အာဏာပိုင်တွေက အသေးစိပ် စီစစ်ဖို့လိုအပ်ပါတယ်၊ အဲဒီ မောင်တောနဲ့ ဘူးသီးတောင်နယ်မြေတွေမှာတောင်မက ရခိုင်ပြည်အနှံ အတိုင်းအဆမရှိ မူဆလင်လူဦးရေတွေ တိုးပွားလာတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းကပါ၊ ဒါစစ်အစိုးရ ကလည်း ရခိုင်နိုင်ငံရေးကို ကစားနေတော့ အာဏာမရှိတဲ့ လူမျိုးအတွက် ရည်ရှည်မှာ အမျိုးသားရေး ပြဿနာတွေ ကြီးမား လာနိုင်ပါတယ်။”ဟု ဂစ္ဆပကို ပြောသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မကြာခဏ နယ်စပ်ဖြတ်ကျော်လာသည်ဟု ဘင်္ဂလီများကို ဖမ်းဆီးစွပ်စွဲပြီး အတင်းအဓမ္မ ရခိုင်ပြည်နယ်သို့ အစုလိုက်အပုံလိုက် ပို့ဆောင်ခဲ့မှုများမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကတည်းက ဖြစ်ကြောင်း သတင်းများက ဖေါ်ပြသည်။

အဆိုပါ ဘင်္ဂလာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)မှ ဖမ်းဆီးပြီး ရခိုင်ပြည်သို့ အတင်းအဓမ္မ ပို့ဆောင်ခြင်းခံခဲ့ရသူများမှာ မိုဟာမတ် အာဘူလ် ဟာချေမ်(၂၈)နှစ်၊ နရုအီစ်လင်(၃၈)၊ ဇော်ကိရ် အာဟာမတ်(၅၀)၊ မိုဟာမတ် ဟာချမ်း(၂၀)၊ အာဘူလ် အာလမ်(၁၈)၊ မိုဟာမတ် ရော်ချိဒ်(၂၆)၊ ဇော်ဖေါ်ရ် အာလမ်(၃၀)၊ မိုဟာမတ် ဆေလ်တန်(၅၀)၊ မိုဟာမတ် ဖိရိုဇ် အာဟ်မောက်ဒ်(၁၈)၊ မိုဆာမောင် ပြန်မိ(၁၅)၊ မိုဆာမောင် နရ် ဘာဟာရ်(၃၀)နှင့် မိုဆာမောင် နရ် မိနာ (၇လ)အရွယ် တို့ဖြစ်ကြောင်း ယနေ့ထုတ် THE DAILY BANKKHALI သတင်းစာတွင် ဖေါ်ပြထားသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင် တာခ်နာမြို့နယ် အခြေစိုက် BGB အမှတ်(၄၂)တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး ဇာဟိဒ် ဆာဆန် ဦးဆောင်ပြီး တာဝန်ယူပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာက ဆိုသည်။

BGB အမှတ်(၄၂)တပ်ရင်းမှ လွန်ခဲ့သော ဇူလိုင်လ(၃၀)ရက်နေ့က တာခ်နာမြို့နယ်မှ ယခုကဲ့သို့ အမျိုးသမီး၊ အမျိုးသားနှင့် ကလေး ဘင်္ဂလီ(၁၈)ဦးကို စွပ်စွဲဖမ်းဆီးပြီး ရခိုင်ပြည်သို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်အုပ်စု အနေဖြင့် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း ပြောဆိုခဲ့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ရိုဟင်ဂျာအမည်ခံများ ထံမှ ငွေရရှိရေးအတွက် မြန်မာနိုင်ငံသားကပ်များ သောင်းသောင်းဖျဖျ ထုတ်လုပ်ပေးခဲ့ကာ မြန်မာနိုင်ငံသား မှတ်ပုံတင်နှင့် ဘင်္ဂလာသို့ ခရီးသွားလာခွင့်ကို လမ်းဖွင့်ပေးခဲ့သည်။

No comments:

Post a Comment