Tuesday, August 9, 2011

ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ကြ

ပည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ကြ

ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အမှန်တကယ်လိုအပ်နေသော ကိစ္စတရပ်ပါ။ ပြည်တွင်းစစ်ဘာကြောင့်ဖြစ်နေရသလဲ ။ ဆိုသည်ကတော့ နိုင်ငံရေးနှင့် တိုင်းပြည်ရေးကို လုပ်ပေးခြင်းထက်- အုပ်ချုပ်ရေးနှင့် အာဏာရရေးကို မြန်မာတွေ ဦးစားပေးကြလို့ဘဲ။ အုပ်စိုးသူများသည်မိရိုးဖလာ ယဉ်ကျေးမှုနှင့် အသိစိတ်ဓါတ်သည်ပင်လျှင် -ဂုဏ် လိုခြင်ကြသည် ကြီးးကျယ် လိုကြသည်။ ငြိမ်းချမ်းရေး အစစ်အမှန်ကို လိုလားပါက -ကြီးကျယ်ခြင်လို့ အောင်မြင်ခြင်၍ မရပါ။ အောင်မြင်သူရှိက ရှုံးဆုံး သူရှိနေရမည်။ ကိုယ့်အုပ်စု ကြီးကျယ်ကြရင် တဘက်အုပ်စုက သေးငယ်ရမည်။

တိုင်းပြည်အတွက် အကျိုးလိုလျှင် တိုင်းပြည်ထဲမှာ နေထိုင်နေကြသော ပြည်သူအားလုံး လူတန်းစားအားလုံး အမျိုးအနွယ်အားလုံး အကျိုးကို လုပ်ပေးရပါလိမ့်မည်။

ပြည်တွင်းစစ်ပြဿနာထဲမှာ ဒီမိုကရေစီရေး ကွန်မြူနစ်ရေး လူမျိုးစုရေး ၀ါဒရေးများထက်

တိုင်းပြည်တွင်းရှိ အမျိုးသားရေး၏ အမျိုးသားပညာရေး သည်သာ အဓိက ဖြစ်သည်။

သခင်ပညာရေး ကျွန်ပညာရေး နှင့် နိုင်ငံရေးအသိများသည်ပင်လျှင် မြန်နိုင်ငံသားများ၏

တလမ်းသွား တကိုယ်ကောင်းဆန်မှုဖြစ် အစွန်းရောက်နေ ကြ၏- ဘုရင်စံနစ် မှ ကျွန်စံနစ်

ကျွန်စံနစ်မှ သခင်စံနစ် -သခင်စံနစ်မှ -ပြောင်းလဲပြီး လူလိုသုလို -လွတ်လပ်လိုကြသော

သူတွေအဖြစ်မှ- ဂုဏ်ငယ်မှု မှ-ဂုဏ်ကြီးလိုသော ဂုဏ်ကြီးရှင်ဖြစ်လိုကြ- ဆရာသာဖြစ်လိုသော။ စိတ်ဓါတ်များသည် မြန်မာနိုင်ငံတွင် စစ်ပြီးခေတ်မှ ယနေ့အထိ -ကိန်းအောင်းနေခြင်းသည်။ပညာပေး၍၄င်း တရားပြ၍၄င်း ဇစ်ကုတ် နတ်ပြည်တင်၍၄င်း ဆိုဆုံးမ၍၄င်း အမဲမှ အဖြူ။ဖြစ်အောင် ဦးနှောက်များအား ဆေးကြော၍ မရတော့ပါပေ။ နိုင်ငံ၏ အပြောင်းအလဲ။စံနစ်တခုမှတခု ကို ။ အမျိုးသားပညာရေးစံနစ် က ရှင်းလင်းပြတ် သားအောင် လူကြီး လူငယ်။ပြည်သူတရပ်လုံးအား ။ တရားမျှတသော အမှန်တကယ်ဖြစ်ထိုက်သော -အတွေးအခေါ်များကို။စာပေ ဖြစ်၎င်း ယဉ်ကျေးမှု အသိုင်းအ၀ိုင်း များက၄င်း တိုင်းပြည်ပညာရေး စံနစ်က မီးမောင်းထိုးပြ ခြင်းငှာ- မစွမ်းဆောင်နိုင်၍ ယနေ့အထိ အမှားအမှန်ကို ထောက်ပြခြင်းငှာ-မစွမ်းဆောင်နိုင်ဘဲ။ အုပ်စု ဘက်လိုက်မှု -အသင်းအဖွဲ့ ဂိုင်းဂဏမှု နှင့်သာ ပြည့်နက်နေပါတော့သည်။

အခြေခံ လူမှု အခွင့်အရေး များသည် တရားမျှတသော လူ့ဘောင်အတွက်

ပြဿနာ တရပ်မဟုတ်ပါပေ။ လူမျိုးတိုင်း တန်းတူ သွေးစည်းရေးသည် အထက်ဖေါ်ပြပါ

လူအစု အဖွဲ့၏ ခွဲခြားကာမြင်လျှက် အုပ်စုရဲ့ အမြတ်အစွန်းရရေး အောင်နိုင်ရေးသာ ဦးစားပေး

နေက။ အများဆိုသော သံဃလိက -နိုင်ငံအရေး ဆိုတာ နှင့် ဆန့်ကျင်ဖတ်သာ ဖြစ်နေမည်ဖြစ်သည်။ နိုင်ငံရေးသည် အများ၏ အရေးဖြစ်သည်။ လူမှု ရေးသည် နိုင်ငံရေးသာဖြစ်သည်။

ယခင် လွတ်လပ်ရေး မရမှီ(၄၇)ခုနှစ် အခြေခံဥပဒေဖြစ်စေ -ဗိုလ်နေ၀င်း

လက်ထက်-(၇၄) ခုနှစ် အခြေခံဥပဒေ ဖြစ်စေ။ ၂၀၀၈-ခု -ဗိုလ် သန်းရွှေ လက်ထက် ဥပဒေ-

ဖြစ်စေ။ အများသို့ ဥိးတည်သော -တိုင်းပြုပြည်ပြု ဥပဒေ မဟုတ်ကြပါပေ။ ၄၇- လွပ်လပ်ရေး

မရခင်။ တိုင်းပြည် ၏ နိုင်ငံရေး အသွင်သဏ္ဍာန် မကျယ်ပြန့်၍ ဖြစ်ရာ လူနည်းစု နီးစပ်ရာ

နိုင်ငံရေး လှုပ်ရှားနိုင်သူ အုပ်စု တခု က -ရေးဆွဲသော နိုင်ငံရေး ဥပဒ မို့ -ပြည်သူလူထု

တရပ်လုံး အခြေ မခံနိုင်၍ ထားပါ - လွတ်လပ်ရေးရပြီး ကိုယ့်မင်းကိုယ့်ချင်းနှင့် မြန်မာ့တပ်မတော် ပြည်သူ့တပ်မတော် အမည်ခံ ဒီမိုကရေစီ ပြည်သူ့အာဏာကို လုယူထား

သော ။ အုပ်စု (စစ်အုပ်စု) အနေနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကို မည်သို့မည်ပုံ အမည်နာမ တပ်၍

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ဘယ်သူ့အတွက် အခြေခံသည် ဘယ်သူက အုပ်ချုပ်ကြ

မည်နည်း ။ ၁၉၇၄-ခုနှစ် ဥပဒေကော ၂၀၀၈-ခုနှစ် ဥပဒေ ကော ပြည်သူအုပ်ချုပ်သော ပြည်သူ

သာ အာဏာရှိသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟု ဆိုခဲ့ပါသလော။

လူတန်းစားအသီးသီး ဒေသဆိုင်ရာ အမျိုးသားများအပေါင်း -အားလုံး

ပြည်သူများပါဝင်သော -(ပြည်သူတရပ်လုံး ထောက်ခံမှု မရသော ) ဖွဲ့စည်းအုပ်ချုပ်ပုံ အြေိခခံဥပဒေသည် တရားမျှတသော တန်းတူညီမျှမှုရှိသော ဥပဒေ ဟု ခေါ်နိုင်ပါမည်လော။

ဥပဒေပြုစုခြင်း လွှတ်တော်တရပ်သည် ပြည်သူတရပ်လုံးမှ လူတန်းစားအသီးသီး လူမျိုးအသီးသီး အသိပညာရှင် အတတ်ပညာရှင် (အမှန်တကယ်ပြည်သူကရွေးခြယ်သော)

သူများသာ ဖြစ်ရမည်။

အမျိုးသားစည်းလုံးညီညွတ်ရေး -မရမှီ -အမျိုးသားအား စည်းရုံးခြင်း

ကိုလုပ်ရပါမည်။ မြန်မာနိုင်ငံသမိုင်းတလျှောက် အမျိုးသားစည်းရုံး သူ ပေါ်ပေါက်လာ၍ မရပါ

အမျိုးသားအပေါ် စည်းရုံးသူ များ ပေါ်ပေါက်ခဲ့ဘူးသည်။ လူနည်းစု သာဖြစ်ခဲ့သည် ။

ဗြူရိုကရေစီ ဆန်သော ။ မဟာဆန်သော ။ ကိုယ်သာအရေးကြီး၏ ။ အခြားအလူအပေါ်

နေရာမပေး - အများအား လေးစားမှု မရှိသော ။ ငါတို့ကသာ အမြဲမှန်တပ်သော ဗိုလ်နေ၀င်း

၏ မြန်မာ့တပ်မတော်နှင့် - ငါတို့သာလျှင် တတ်၏ ဆိုသော နိုင်ငံရေး သမား များကြောင့်

ပြည်သူနှင့် အုပ်ချုပ်သူများ ပြဒါးတလမ်း သံတလမ်း ဖြစ်ခဲ့ကြသည်။

ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက် တွင်လည်း ဗြူရိုကရေစီ

ဘူဇ၀ါ နိုင်ငံရေးသမား များ၏ ချို့ယွင်းချက်များကြောင့် အစိုးရ အဖွဲ့အတွင်း ပဋိပက္ခ များဖြစ်

ခဲ့ကြသည်။ လူမျိုးစု ကို ဦးဆောင်သော ဘူဇ၀ါ အုပ်စုလည်း အတူတူနှင့် တမူတဲ အာဏာရရေးသာ အဓိကဖြစ်ခဲ့သည်။ ပြည်သူ့အရေး နိုင်ငံအရေးထက် မိမိတို့ အာဏာရရေးသာ သဘောထားခြင်း နိုင်ငံရေးသမား ဆိုသူတွေရဲ့ ပြော့ကွက်ကို အာဏာရူး စစ်အာဏာရှင် လက်နက်အားကိုးသူ များ -အမျိုးမျိုးသော အကြောင်းပြချက်ဖြစ် နိုင်ငံရေးသမားလက်ထက်မှအာဏာယူ လိုက်ခြင်းဖြစ်သည်။ နိုင်ငံရေးသမား လက်ဝယ် အာဏာမရှိက ပြည်သူလက်ထဲတွင်လည်း အာဏာမရှိတော့တာပါဘဲ။ ယခု ချိန်တိုင်အောင် ဖြစ်ပါသည်။

စစ်တပ်၏ ၁၉၆၂-ခုနှစ် အာဏာသိမ်းသည် အချိန်တွင် လမ်းလွဲနေသော နိုင်ငံရေးသမားကို ကြည့်ပြီး စစ်တပ်ကို လူငယ်ကျောင်းသားများမှ အစ ပြည်သူများပါအားပေး ထောက်ခံကြကာ -သပြေပန်း ကမ်းလှမ်းကြသည်အထိ ပြည်သူများလမ်းလွဲ ခဲ့ကြသည်။ သည်အတွက် အပြစ်မဆိုသာပါ။ မြန်မာနိုင်ငံသားများ နိုင်ငံရေး အတွေးအခေါ်ဖြတ်သန်းခြင်းများ -မရှိ ၍ဖြစ်သည်။

ပြီးခဲ့သည်များ အပြစ်တင် ကဲ့ရဲ့ နေ၍လည်း။ ဆုံးနိုင်တော့မည် မဟုတ်ပါ။

အပစ်ကို အပစ်မြင်တတ်ဖို့ အရေးကြိးပါသည်။ ဖြတ်လာခဲ့သော

အမှားအမှား များကို စွန့်ပစ်ကြပြီး မှန်သော လမ်းကိုသာ ရွေးဖို့ လိုအပ်ပြီးဖြစ်သည်။

နိုင်ငံတခုသည် ပြည်သူပြည်သား က အရေးကြီးးသလို ။ အုပ်ချုပ်သူ အစိုးရ နှင့် နိုင်ငံရေး သမားဆိုသူ တိုင်းလည်း အရေးကြီးပါသည်။ လက်တစ်ဖက်တည်း လက်ခုတ်တီး၍မရပေ။ အမျိုးသားညီညွတ်ရေး။ ပြည်တွင်းငြိမ်းချမ်းရေး သည် ပြောသလောက်လွယ်သောကိစ္စ မဟုတ်ပေ။ လူများ၏ အသိနှင့် ယဉ်ကျေးမှု ပညာက အဓိက ဖြစ်သည်။မှားခြင်း။ မှန်ခြင်း။။ စာနာခြင်း။ ထောက်ထားခြင်း။ လူဖြစ်လာသော မိမိတို့၏ လူသားတန်ဖိုးနှင့် လူ့အခွင့်အရေး အရပ်ရပ်ကို စဉ်းစားတတ် မြတ်နှိုးတတ် ဆုံးဖြတ်တတ်ရ ပါလိမ့်မည်။

အုပ်ချုပ်သူ အစိုးရ ဆိုသူ လူတန်းစားသည် -ပြည်သူများအား

သနားတတ် ငဲ့ညှာတတ်သော ကိန်းအောင်းစိတ်ရှိမှသာ ။ လျှော့ပေါ့ ပေးတတ်သော အခွင့်လွှတ်တတ်သော ။ ငြိမ်းချမ်းမှု ပေးလိုသော ဆန္ဒရှိရပေလိမ့်မည်။ ဆန့်ကျင်ဖက် လူနှစ်ဦး အတွက်တဦိးစီ၌ ရှိသော ကိုယ်ပိုင်ဝတ္တုပစည်း အလေးချိန် မညီမျှ မှု အားညီမျှ စေလိုက။

ပစ္စည်းများနေသူက -နည်းနေသောသူအား- လျှော့ပေးရပါလိမ့်မည်။ ညီမျှခြင်းသည်။

များနေသူက ပိုမို များရန် ယူနေ လေ- မညီမျှ မှု ဖြစ်လေလေ- သာရှိမည်။

၂၀၀-ရှိနေသူသည်-၅၀-လျေှာ့ပေးခြင်းဖြစ် ။ ၁၀၀-ရှိနေသူအား -၅၀-ပေါင်းပေးချင်းက် ။

တဦးလျှင် ညီတူမျှ တူ -၁၅၀=စီ ဖြစ်နိုင်သည်။

အစိုးရသည်း တိုင်းပြည်ငြိမ်းချမ်းရေး အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ။ အဓိက အကျဆုံးသော နေရာ၌ ရှိ၏။ ဦးသိန်းစိန်(သမ္မတ-သစ်) နှင့် ပြည်ထောင်စု အစိုးရသစ်သည် မည်သည့်နည်းနှင့် အစိုးရအဖြစ်ကို ရ လာသည်ဖြစ်စေ။ ငြိမ်းချမ်းရေးကို ရလိုသူ များအတွက် အတိုက်အခံမှဖြစ်စေပြည်သူများကဖြစ်စော-စောတက တက်နေစရာမလိုတော့ဘဲ။ နှုပ်ပိတ်ကြကာ ရှေ့လာမည့်အရေးကို သာ အပြုသဘောဖြစ်ဆွေးနွေးကြကာ။ အစိုးရဘက်မှ လျှော့ပေးခြင်းဖြစ်။ နိုင်ငံရေး ပြစ်မှုများအကြောင်းပြပြီး ဖမ်းဆီးထားသော သံဃာများ ။နိုင်ငံရေးသမားများ ပြည်သူများ။ကျောင်းသားများနှင့် မိမိတို့နှင့် မျိုးချင်းတူ အသွင်ချင်းမတူသော ခင်ညွန့်တိုလို တပ်မတော်သားများမှ အစ အားလုံးကို လွတ်ငြိမ်းချမ်းသာ ခွင့် ပေးရပါလိမ့်မည်။

စစ်တပ်သည် လက်ရှိအခြေအနေအရ တိုင်းပြည်ကာကွယ်

စောင့်ရှောက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဗိုလ်နေမြဲ ကျားနေမြဲ -စောင့်ရှောက်ထားနိုင်စေခြင်း။အုပ်ချုပ်ရေးအာဏာအား။ လက်ရှိ အသွင်ပြောင်းထားသော ပုဆိုးဝတ်သည်ဖြစ်စေ ခေါင်းပေါင်းပေါင်းထားသည်ဖြစ်စေ။ မည်သည့်အသွင်နှင့်ဖြစ်စေ အစိုးရ ဆိုခြင်းအား -မူရင်းရှိနေပလေစေ။

တိုင်းပြု ပြည်ပြု ဥပဒေ အားလည်း ဖျက်ခြင်းမျိုးမဟုတ်ဘဲ

ပြန်လည်ပြင်ဆင်ခြင်း ဆိုသော ။ လွှတ်တော်တွင် ပြည်သူမှ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ် အတု အစစ် မရွေးသေးဘဲ။ ပြည်သူလူထုအများနှင့်ဆိုင်သော။ ပြည်တွင်းစစ်မဖြစ်ရေး။ ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသားစည်းလုံးညီညွတ်စေရေး အတွက် အကျိုးဖြစ်ပေါ်လာနိုင်သော ။ အတွေးအခေါ် ယူဆချက် ထင်မြင်ချက်များ အစရှီိသည်များကိုပြန်လည်ပြုပြင် ရေးဆွဲနိုင်ခွင့်ရှိသော။ ပြည်သူ့ကိုယ်စားလှယ်များအား အခွင့်အရေးပေးကြခါ။

စစ်တပ်သည် တိုင်းပြည်အုပ်ချုပ်ရေး နိုင်ငံရေးအား လုံးဝ ။ ချုပ်ချယ်ခြင်းရှုတ်ထွေးခြင်း မပြုလုပ်ဘို့လိုအပ်ပြီးဖြစ်တယ်။

အတိုက်အခံနှင့် လူမျိုးစု အသီးသီးသည်လည်း အထက်ပါဖေါ်ပြချက်ဖြစ်သော ။

ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ကြ

တောင်းဆိုချက်နှင့် ကိုက်ညီစေရေးအတွက် မဖြစ်လာနိုင်သော တောင်းဆိုချက်များနှင့်အုပ်ချုပ်သူအစိုးရဘက်ကမလိုက်နိုင်မှန်းသိသောတောင်းဆိုချက်များကိုလည်း တောင်းဆိုခြင်းမပြုဘဲ။

နှစ်ဦးနှစ်ဘက် ဖြစ်နိုင်သော ဘက်က -၀ိုင်းဝန်းပြီး ဖေးဖေး မမ -နှစ်ဦးနှစ်ဘက် သဘောတူညီ

ခြင်းမျိုးဖြင်း ဖြင့် စိတ်ရှည်သဘောထားကြီးဖို့လိုအပ်လှပြီဖြစ်သည်။

ပြည်တွင်းစစ်ရပ်စဲပြီး အမျိုးသားညီညွတ်ရေးဖြစ်လာက ဒိမိုကရေစီရေးနှင့်

တန်းတူညီမျှမှု လူ့အခွင့်အရေးသည် ဖေါ်ထုတ်ရန် ခက်ခဲမည်မဟုတ်တော့ပါ။ အရာရာ သဘောထားကြီးကြမှု သာလျှင် အဓိက ဖြစ်နေပါသည်။

ရင်ကြားစေ့ နှစ်ဦးသဘောတူ ဆွေးနွေးခြင်းသည် ခေတ်အဆက်ဆက်က ရှိခဲ့ဖူးပါသည်။ နှစ်ဦးနှစ်ဘက်၏ အတ္တထားမှုများ။ ဆျွေးနွေးချက်များတွင်လည်း ဒိဌိ လွန်ကဲပြီး

အစွန်းရောက်မှု များကြောင့် ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသားစည်းလုံးညီညွတ်ရေးများ မရခဲ့ကြပါ။ ခေတ်သည် တဖြေးဖြေးေ၇ွ့လျှာ့ ပြီး -စည်ပင်သာယာသော အမျိုးသားစည်းပွါးရေး

လူမှုရေး-နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး များ နိုင်ငံ အချို့ မှာ ပြီးစီးအောင်မြင်သွားလေပြီ။

ကျွှနင်္ုပ် တို့နိုင်ငံသည်လည်း အစဉ်အမြဲ ခိုင်မြဲသော တိုင်းပြည်နှင့် အမျိုးသား သာယာငြိမ်းချမ်းရေးသို့ -လက်တွဲ ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရင်း----

ခင်မင်လေးစားပြီး ချစ်ချင်းမေတ္တာများဖြင့်--

ခတ္တိယ သီလ (ဘန်ကောက်)

No comments:

Post a Comment