Friday, August 5, 2011

ရခိုင်ဒုက္ခသည်ရုံး များပေါင်းစည်းလိုက် ကြောင်း ဦးစီးကော်မတီ မှထုတ်ပြန်ချက် အပေါ် ANC-S & ARRC က သဘောထား ထုတ်ပြန်ခြင်း

ရခိုင်ဒုက္ခသည်ရုံး များပေါင်းစည်းလိုက် ကြောင်း ဦးစီးကော်မတီ မှထုတ်ပြန်ချက် အပေါ် ANC-S & ARRC က သဘောထား ထုတ်ပြန်ခြင်း

သြဂုတ်လ ၅ ရက် ၂၀၁၁ ခုနှစ်

(၁) ဂျူလိုင်လ ၃၁ ရက် ၂၀၁၁ ခုနှစ် ပူချွန်းတွင် ကျင်းပသည့် အစည်းအဝေး တွင် AAR၊ ARRC-KL၊ ARRC-Puchong တို့ ပူးပေါင်း လိုက်ကြောင်း၊ တခုတည်းသော ဒုက္ခသည် ရုံးဖြစ်ကြောင်း နှင့် နိုင်ငံရေးနှင့် လုံးဝကင်း ရှင်းကြေင်း သြဂုတ်လ (၁) ရက်နေ့ ကထုတ်ပြန် ခဲ့ပါသည်။ စစ်မှန်သော ညီညွတ်ရေမျိုး ဆိုလျှင် ၀မ်းပမ်းတသာ ကြိုဆိုရမှာ ဖြစ်သည်။ သို့ ရာတွင် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းကို သွယ်ဖယ်ကာ လူ့ အခွင့်အရေးကိုပင် ချိုးဖေါက်ပြီး၊ အားနှင့်ဓါးနှင့် ဖိအားပေး၍ အဓမ္မပူးပေါင်းလိုက်ခြင်းမှာနှောင်ကြိုးများစွာဖြင့် တုပ်နှောင်ခံထားရသည့် အရုပ်ပမာ အများအကျိုးထက် ကိုယ်ကျိုးအတွက်သာ ကြိုးဆွဲရာ ကပြရမည့် “ရုပ်သေးညီညွတ်ရေး” သာဖြစ်မည်ဟု သုံးသပ်ရမိကြောင်း ANC-S & ARRC အနေဖြင့် ထုတ်ပြန်အပ်ပါသည်။

(၂) ဒီမိုရေစီ လူ့ဘောင်၌ လေးစါးလိုက်နာရမည့် တသီးပုဂ္ဂလ မွေးရာပါ လူ့အခွင့်အရေး ရပိုင်ခွင့်များ ဖြစ်ကြသည့် လွတ်လပ်စွာ ထုပ်ဖေါ်ရေးသားခွင့်၊ လွတ်လပ်စွာ စည်းရုံးစုစည်းခွင့်၊ လွတ်လပ်စွာ ပေါင်းသင်း ဆက်ဆံခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် လွတ်လပ်စွာ နိုင်ငံရေး လုပ်ပိုင်ခွင့် အခွင့်အရေးများသည် မလေးရှားရောက် ရခီုင်သား အားလုံး ခံစားပိုင်ခွင့်ရှိသော လူ့အခွင့်အရေးဖြစ်သည်။ မလေးရှားနိုင်ငံသည် ကုလသမဂ္ဂ လူ့ အခွင့်အရေး ကောင်စီ၏ အဖွဲ့ဝင် နိုင်ငံတခုဖြစ်သည်။ သို့ ရာတွင် ဂျုလိုင်လ (၃၁) ရက်နေ့တွင်ကျင်းပသော အစည်းအဝေး၌ အင်အားသုံး ခြိမ်းခြောက်ကာ ARRC-Puchong ကို အတင်းပူးပေါင်းခိုင်း ခြင်းသည် ဦးစီးကော်မတီ ဥက္ကဋ္ဌ နှင့် တာဝန်ခံများကိုယ်တိုင်ကမလေးရှားဥပဒေနှင့်လူ့  အခွင့်အရေးများကို ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်။

(၃) အဆိုပါဦးစီးကော်မတီ၏ ထုတ်ပြန်ချက်တွင် နိုင်ငံရေး နှင့် ပက်သက်မှုမရှိသော တစ်ခုတည်းသော ဒုက္ခသည် ရုံးဖြစ်သည်ဟုဖေါ်ပြထားသည်။ ဤအချက်သည် UN ၏ “Refugee” ဒုက္ခသည်ဖြစ်ခွင့်အပေါ် ဖွင့်ဆိုချက် မူဝါဒ နှင့်လုံးဝ ဆန့် ကျင်နေပေသည်။ ၁၉၅၁ ခု့ နှစ် ကု့ လသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ညီလာခံ တွင်ပြဌာန်းလိုက်သော ပုဒ်မ ၃၃ (၁) တွင် “ရီဖျူဂျီ” ဆိုသည်မှာ အကြင်ပုဂ္ဂိုလ်သည် နိုင်ငံရေး ယုံကြည်ချက် အရသော်လည်းကောင်း၊ ဘာသာရေး မတူကွဲပြားမှု အရသော်လည်းကောင်း၊ လူမျိုး (သို့ မဟုတ်)



အသားအရောင် ခွဲခြားမှုအရ သော်လည်းကောင်း၊ နိုင်ငံရေး၊ လူမှူရေး အဖွဲ့အစည်းတခုခုတွင် ၀င်ရောက် လုပ်ကိုင်နေခြင်းကြောင့် အုပ်ချုပ်သည့်အစိုးရက ဖမ်းဆီး ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခံရနှိုင်သည့်အတွက် ထွက်ပြေးလွတ်မြောက်ကာ မိမိလက်ရှိ ရောက်ရှိနေသည့်တိုင်းပြည် (သို့မဟုတ်) UNHCR တွင်ခိုလှုံခွင့် “asylum” ယူထားသူများ ကိုဆိုလိုသည်။” ဟု ဖော်ပြထားသည်။ မိမိတို့ရခိုင်လူမျိုးသည် လူမျိုးရေးအရ၊ နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်ခြင်းများကိုခံနေကြရခြင်း။ ယင်းအတွက် နည်းအမျိုးမျိုးဖြင့် မဟုတ်မခံ တွန်းလှန်တိုက်ပွဲဝင်နေကြခြင်းတို့ကြောင့် နိုင်ငံရေးအရ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်။ အိန္ဒိယ၊ မလေရှားနှင့် တခြားနိုင်ငံတချို့တွင် ဒုက္ခသည်များ အဖြစ်လျှောက်ထားနိုင်သော အခွင့်အရေးများ ရရှိနေကြခြင်းသာဖြစ်သည်။

သို့ရာတွင် ဦးစီးကော်မတီက “နိုင်ငံရေးနှင့် မပတ်သက်” ဟုထုတ်ပြန်လိုက်ခြင်းမှာ (မလေးရှားရောက် ရခိုင်များသည် “economic migrant workers” စီးပွားရေးအရ ထွက်ပြေးလာကြသည့် ရွှေ့ ပြောင်းအလုပ်သမားများ သာဖြစ်သည်) ဟုဘောင်ခတ်သတ်မှတ်လိုက်ခြင်းပင်ဖြစ်သည်။ မလေးရှား လ.၀.က ဥပဒေ နှင့် သာသက်ဆိုင်ပြီး UNHCR တွင်ဒုက္ခသည် အဖြစ်လျှောက်ထား၍မရသော ပေါ်လစီ အနေအထားသို့ ရောက်သွားပေသည်။ အလားတူ ANC-S & ARRC သတင်းစါစောင် တွင်ဖေါ်ပြခဲ့ခြင်းကြောင့် ၂၀၀၉ ခုနှစ်က ရခိုင်များ UNHCR တွင်မှတ်ပုံတင်ခြင်း ရပ်တံခံခဲ့ရဖူးပေသည်။

မူဝါဒမှားယွင်းလျှင် ထောင်သောင်းချီသော အပြစ်မဲ့ပြည်သူများ ဆုံးရှုံး နစ်နာနှိုင်သည်ကို အထူးသတိထားကြရမည်။ မိမိတို့ကိုယ်တိုင် သတိမထားလိုက်မိစဉ် မိမိတို၏ အခွင့်အရေးများ လုံးဝ ဆုံးရှုံးသည်အထိ အညွန့်ခူးခံ၊ အသုံးချခံဖြစ်နေရသည့် မလေးရှားရောက် ရခိုင်လူထုတခုလုံးအနေဖြင့်၊ ထို ဦးစီးကော်မီတီ၏ ပုံပမ်းမကျလှသော တာဝန်မဲ့ ဖော်ပြချက်နှင့် လုပ်ရပ်ကို လက်ပိုက် ထိုင်ကြည့်မနေကြပဲ ကန့်ကွက်သင့်ကြပေသည်။

(၄) ANC-S & ARRC အနေဖြင့် ဦးစီးကော်မတီကိုရော လုပ်ဆောင်ချက်များကိုပါ မရှင်း မလင်းဖြစ်နေသည်။ ဦးစီးကော်မတီထဲတွင် ဥက္ကဋ္ဌ ဦးစောအောင် (မြန်မာ့ဥယျာဉ်) နှင့် ဦးထွန်းအောင်ကျော် (မြန်မာ့ဥယျာဉ်)တို့ကသာ အဓိကနေရာများမှ တာဝန်ယူ လုပ်ဆောင်နေကြခြင်း၊ ဦးစီးကော်မတီ ၏ သက်တမ်းကို သတ်မှတ်ဖော်ပြမထားခြင်း၊ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို စံနစ်တကျ ခွဲဝေမထားရှိုခြင်း၊ ရုံးများအားလုံးပေါင်း ပြီးနောက်တွင် ၄င်းရုံး၏ ခေါင်းဆောင်များအား လုပ်ပိုင်ခွင့်နှင့် တာဝန်များအားလုံးကို ခြွင်းချက်မရှိ လွှဲ ပြောင်းပေးအပ်မည်လား။ ဦးစီးကော်မတီက ဆက်လက်ဆုပ်ကိုင်ထားမည်လား။ အခြားရုံးများ၏ ၀င်ငွေ ထွက်ငွေ နှင့် လက်ရှိစုဆောင်း ငွေများကို ဦးစီးကော်မတီသို့ အပ်နှံရမည်လား၊ ယခင်အတိုင်းထား ရှိမည်လား။ စာရင်းအင်းများကို မည်သို့ ပြုစုမည်နည်း။ ရုံးနေရာကို ကေအလ်သို့ ရွှေ့ပြောင်းမည်လား။ ကဒ်စက်၊ ရုံးပစ္စည်း၊ ကွန်ပျူတာ စသည်ဖြင့်ယူအင်နှင့် ဆက်စပ်သောစီမံကိန်းများကို ဦးစီးကော်မတီသို့ အပ်နှံရမည်လား စသည်ဖြင့် ရှင်းစရာများ တပုံတပင်ကြီးရှိနေပါသေးသည်။

(၅) ANC-S & ARRC ခေါင်းဆောင်များသည် ထိုအစည်းအဝေးကို တက်ရောက်ကာ ဦးစောအောင်က ရဲတိုင် ဖမ်းဆီးခိုင်းခဲ့သည့်ကိစ္စ၊ ငွေတစ်သိန်းကို ပြန်မပေးသည့်ကိစ္စ နှင့် ရုံးကိုသိမ်းကာ မြန်မာ့ဥယျာဉ်ဆိုင် ဖွင့်ထား သည့်ကိစ္စများကို တင်ပြတောင်းဆိုခဲ့ကြသည်။ သို့ သော် ဦးစောအောင်က “မိမိ၏ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်သည်”ဟု တာဝန်မဲ့စွာ ပြောကြားခဲ့သည်။ ဤပြဿနာသည် အမျိုးသားရေး ပြဿနာဖြစ်သည်။ ဒုက္ခသည်များရံပုံငွေ တစ်သိန်းအပ်နှံထားခြင်းကို ပြန်လည်မပေးအပ်ရာမှ စတင်လာခဲ့ရသောပြသာနာဖြစ်သည်။ ဤပြသာနာကို ငြိမ်းချမ်းစွာ ဖြေရှင်း ရန်ထပ်မံတောင်းဆို လိုက်သည်။

(၆) ANC-S & ARRC သည် ၂၀၀၄ ခုနှစ်ကတည်းကပင် ANC မှ၊ ကမကထပြုလျှက် မလေးရှားရောက် မျိုးချစ် ပြည်ချစ် ရခိုင် လူငယ်များဖြင့် ဖွဲ့စည်းထားသော လွတ်လပ်သည့် အမျိုးသားရေးနှင့် ဒုက္ခသည်ရေးရာ များကို လုပ်ဆောင်လာခဲ့သော ကနဦးအစ ပင်မအဖွဲ့အစည်းကြီး ဖြစ်သည်။ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများကို ပြည့်ဝစွာကျင့်သုံးပြီး၊ နိုင်ငံတကာဥပဒေ နှင့် လူ့အခွင့်အရေးတို့ကို လေးစားလိုက်နာသည့် ရခိုင်အဖွဲ့ အစည်းဖြစ်သည်။ မည်သူ့ သြဇာခံမှ မဟုတ်သည့်အပြင် မည်သည့် ခြိမ်းခြောက်၊ ဗိုလ်ကျ ဖီနှိပ်အနိုင်ကျင့်မှုမျိုးကိုမှ လက်သင့်ခံလိမ္မည်မဟှုတ်။ အမှန်တရား နှင့် လွတ်လပ်၊ ငြိမ်းချမ်းရေးအတွက် တရားမျှတစွာ ရပ်တည် အသက်ပေး၍ လားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။ ။

ဗဟိုအလုပ်မှုဆောင်ကော်မတီ
ANC-S & ARRC
မလေးရှားနိုင်ငံ
ဖုန်း - 010 434-2141

No comments:

Post a Comment