Wednesday, June 22, 2011

နယ်မြေအငြင်းပွားမှု စစ်အင်အားသုံးမယ်လို့ တရုတ် သတိပေး

နယ်မြေအငြင်းပွားမှု စစ်အင်အားသုံးမယ်လို့ တရုတ် သတိပေး

By ဗွီအိုအေ (မြန်မာဌာန)

တောင်တရုတ်ပင်လယ်ပြင် အတွင်းက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် စစ်ရေးအပါအ၀င် နည်းလမ်းပေါင်းစုံနဲ့ ခုခံ ကာကွယ်သွားမယ်လို့ တရုတ်အစိုးရပိုင် သတင်းစာတွေကတဆင့် ဗီယက်နမ်ကို သတိပေး ပြောကြားလိုက်ပါတယ်။

ရေနံ ဓာတ်ငွေ့နဲ့ သဘာဝ အရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့ ကျွန်းတွေရှိတဲ့ ရေပိုင်နက် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဒေသတွင်း နိုင်ငံတွေအကြား အခြေအနေတွေ တင်းမာလာနေတဲ့အချိန် အင်္ဂါနေ့ထုတ် Global Times သတင်းစာ ခေါင်းကြီးပိုင်းမှာ တရုတ်အစိုးရက အခုလို လူသိရှင်ကြား ဗီယက်နမ်ကို သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီပဋိပက္ခဖြစ်နေတဲ့ စပရက်လီ (Spratly) ကျွန်းစုကိစ္စကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာနိုင်ခြင်း မရှိရင် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်ရင် ရေကြောင်းစောင့်ကြည့်ရေး တပ်ဖွဲ့နဲ့ ရေတပ်တို့ကို တရုတ်နိုင်ငံ အနေနဲ့ အသုံးပြုရလိမ့်မယ်လို့လည်း သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

အခုလို အခြေအနေတွေ တင်းမာလာနေတာကြောင့် တရုတ်နိုင်ငံက ပထမဆုံးအကြိမ် စမ်းသပ် ခုတ်မောင်းမယ့် လေယာဉ်တင် သင်္ဘောကိုလည်း ဇူလိုင်လ ၁ ရက်နေ့ကို ပြောင်းရွှေ့ သတ်မှတ်လိုက်တယ်လို့ ဟောင်ကောင်အခြေစိုက် The Global Times သတင်းစာမှာ ဖော်ပြထားပါတယ်။

တောင်တရုတ်ပင်လယ်ထဲက အဲဒီ ကျွန်းစုတွေကို တရုတ်ဘက်က အထောက်အထား အခိုင်အလုံ မရှိဘဲ ပိုင်ဆိုင်ကြောင်း အခုလို ပြောဆိုနေတာတွေကို ပြန်လည် ခုခံနိုင်ဖို့ အာရှနိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ ရေတပ်အင်အား ကောင်းလာအောင် အမေရိကန် ပြည်ထောင်စုက ကူညီပေးသင့်တယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က ၀ါရှင်တန်မြို့မှာ ပြောခဲ့ပါတယ်။

အမေရိကန် ကွန်ဂရက်သို့ ဒေါ်စု မိန့်ခွန်းပို့

အမေရိကန် ကွန်ဂရက်သို့ ဒေါ်စု မိန့်ခွန်းပို့
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် အမေရိကန်ကွန်ဂရက် အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ၏ မြန်မာ့အရေး ကြားနာပွဲသို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ဗွီဒီယိုကို ပေးပို့မည် ဖြစ်သည်။ အမေရိကန်ကွန်ဂရက်သို့ ပေးပို့မည့် ဒေါ်စု၏ ပထမဆုံး မိန့်ခွန်းဖြစ်ပြီး
မြန်မာနိုင်ငံအတွင်း၌ လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့် ပတ်သတ်၍ ဒေါ်စုက မှတ်ချက်ပေးမည် ဖြစ်သည်။

ကြိုတင် ရိုက်ကူးထားသည့် ဗွီဒီယိုထဲတွင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်က ၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အာဏာရလာသည့် မြန်မာနိုင်ငံ လက်ရှိသမ္မတ ဦးသိန်းစိန်၏ လက်ထက်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို တင်ပြမည် ဖြစ်သည်။ ထိုဗွီဒီယိုခွေကို ဗုဒ္ဓဟူးနေ့ ဝါရှင်တန်တွင် ကျင်းပမည့် ကြားနာပွဲ၌ ပြသမည်ဖြစ်ပြီး
“ လျှို့ဝှက်ကန့်လန်ကာ နောက်ကွယ်သို့ ထိုးထွင်းကြည့်ရှု့ခြင်း” (ဟန်ဆောင် ရွေးကောက်ပွဲ နောက်ကွယ်မှ အမှန်တရားများနှင့် ခက်ခဲသည့် ရှေ့လမ်းခရီး) ဟု ခေါင်းစဉ် ပေးထားသည်။



ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ဗွီဒီယိုကို အမေရိကန်ကွန်ဂရက် အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီသို့ ပေးပို့မည် (ဓါတ်ပုံ မဇ္ဈိမ)
မြန်မာအစိုးရ အဖွဲ့သစ် အနေဖြင့် နိုင်ငံတကာ အထင်အမြင်တွင်
ရွေးကောက်ခံ အစိုးရအဖြစ် ယင်းတို့ကို ရှု့မြင်လာစေရန် ကြိုးပမ်းနေသော်လည်း ယခင် စစ်အစိုးရက နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု ယူဆမှုများ ရှိနေကာ ဝေဖန်မှုများကိုလည်း ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

ကြေညာချက်ထဲတွင် ကွန်ဂရက် လွှတ်တော်အမတ် Don Manzullo က မြန်မာ့အရေး ကြားနာပွဲတွင် “ ဟန်ဆောင် ရွေးကောက်ပွဲနှင့်
ခက်ခဲသည့် မြန်မာ့ရှေ့ခရီးလမ်း” နှင့် ပတ်သတ်သည့် အချက်အလက်များကို ဦးစားပေး ဆွေးနွေးကြလိမ့်မည်ဟု
ရေးသားထားသည်။

ဆပ်ကော်မတီခေါင်းဆောင် Illinois ပြည်နယ်မှ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် Manzullo က မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား အင်အားစုများအပေါ် အစိုးရ၏ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေမှုများ၊ မြန်မာနိုင်ငံအတွင်း၌ လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့် ပတ်သတ်၍ ကြားနာဆွေးနွေးမည်
ဖြစ်သည့်အတွက် စိတ်လှုပ်ရှားမိသည်ဟု ဆိုသည်။

အန်ဂျီအို အဖွဲ့အစည်း ဖြစ်သည့် US Campaign for Burma က ပြောကြားရာတွင် “ ကြားနာ ဆွေးနွေးပွဲကို အလျင်အမြန် လုပ်ဆောင်ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာအစိုးရဟာ နိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အတွက် ဒုက္ခသည် နှစ်သောင်းလောက်ဟာ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ တိမ်းရှောင် ပုန်းအောင်းနေရပြီး တချို့လည်း တရုတ်နိုင်ငံထဲကို ထွက်ပြေးသွားရတာမျိုးတွေ ရှိပါတယ်” ဟု ဆိုသည်။

ကြားနာပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဗွီဒီယိုအပြင် US Campaign forBurma ၏ တွဲဖက်တည်ထောင်သူနှင့် အလုပ်အမှုဆောင် ဒါရိုက်တာ ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်ဒင် JohnsHopkins စင်တာ၏
ပြည်သူ့ ကျန်းမာရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာနှင့် မြန်မာနိုင်ငံအတွင်း လူထု ကျန်းမာရေးနှင့် လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ကိစ္စရပ်များကို စာအုပ်တွဲဖက် ရေးသားပြုစုခဲ့သူ ဒေါက်တာ Chris Beyrer တို့ကလည်း တက်ရောက် ဆွေးနွေးမည်ဟု အန်ဂျီအို အဖွဲ့၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

အသက် ၆၆နှစ် အရွယ်ရှိပြီ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၁၀ခုနှစ် နိုဝင်ဘာလတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် နိုင်ငံတကာရှိ ဆွေးနွေးပွဲများသို့ သူ၏အမြင်များကို ပြောဆို
ဆွေးနွေးထားသည့် သတင်းစကားများ ပေးပို့လေးရှိပြီး အဆိုပါ သတင်းစကားအများစုမှာ ရန်ကုန်မြို့တွင် ရိုက်ကူးထားသည့် ဗွီဒီယို မိန့်ခွန်းများ ဖြစ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ကွန်ဂရက်မှ ချီးမြှင့်သည့် ဂုဏ်ပြု ရွှေတံဆိပ်ဆု Congressional Gold Medal ကို၂ဝဝ၈ ခုနှစ်တွင် ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ကွန်ဂရက်လွှတ်တော်၏
ထောက်ခံမှုကိုများစွာ ရရှိထားသူ ဖြစ်သည်။

ဓါတ်ပုံများက ပြောပြနေတဲ့ တွယ်ရာမရှိသော ဘ၀ခရီးသည်များ သို့ တစ်ခေါက်

ဓါတ်ပုံများက ပြောပြနေတဲ့ တွယ်ရာမရှိသော ဘ၀ခရီးသည်များ သို့ တစ်ခေါက်

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်တွင် တည်ထောင် လျှက်ရှိတဲ့ အောင်ဇေယျာမင်း ကျောင်းတိုက် ဟာ ဘုန်းတော်ကြီး ပညာသင်းကျောင်းတိုက်တွင် ဆရာတော် ရဲ့ဦးဆောင်မူဖြင့် မိဘမဲ့ ခလေး သူငယ်များကို အဆိုပါဆရာတော်ကိုယ်တိုင်း ဦးစီးဆောင်ရွက်ပြီး။ မိဘမဲ့ကလေး (၄၀၀)ကျော်တို့အား နေ့ည ပညာရေးနှင့် ကျန်မာရေးများကို အာဟာရဒါန တိုက်ကျွေးပြီး အဆိုပါကလေးငယ်များကို ကိုရင်

သာမဏေများ ၀တ်ပေးပြီး ဆရာလေ မယ်သီလရှင်များဝတ်ပေးပြီး၍။လည်းကောင်း ကိုရင် သာမဏေများနှင့် ဆရာလေးမယ်သီလများ အား သာသနာဘောင်တွင် ပရိယတ္တိသာသနာ ပညာရေးများကိုလဲ သင်ကြားပေးလျက်ရှိသည်ကိုတွေရပြီး အရပ်ဖက် အခြေခံပညာရေးများကိုလဲ

သင်ကြားပေးလျက်ရှိသည့်ကိုတွေရသည် မိမိတို့သည် ယနေ့ ဒကာ/ဒကာမ များနှင့်အတူ မမျော်လင့်ဘဲ အဆိုပါကျောင်းတိုက်သို့ ရောက်ခဲ့ကြသည် ဒါနဲ့ ကလေးငယ်များကိုမြင်လိုက်သည်နှင့်တပြိုင်နက် မိမိရဲ့ စိတ် တော်တော် ထိခိုက်ခဲ့ရသည့်မှာ အမှန်ပင်ဖြစ်ပါသည် ဒါနဲ့ မိဘမဲ့ ကလေးငယ်များဟာ သူတို့ ရယ်

ငယ်စဉ်က ကလေးငယ်များအကြောင်းကိုမသိခဲ့သမျှတော့ ဆက်လက်အသက်ရှင်သန်နေထိုင်ဖိုအတွက် ကျောင်းထိုင်ဆရာတော်ဦးဇေယျာနန္ဒာ ဟာ တော်တော်ကြီးကို အဆိုပါ ကလေးငယ်များအဖို ပြည်တွင်း ပြည်ပကအလှူရှင်များ ကိုရှာဖွယ်လျှက်ဆရာတော် ကယ်ဆယ်ထားတဲ့ကလေးသူငယ်များဖိုအတွက်

တော်တော်လဲစိတ်ပါလက်ပါကြိုးစားလျှက်ရှိသည့်ကို မိမိတို့နှင့် ဒကာတော်ကိုစိုးမင်းဦးနှင့်ဇနီးမခင်မမတို့ ကိုနိုင်ဝင်းတို့သွားရောက်လှူဒါန်းခဲ့သည်ကို မှတ်တမ်းတင်လျက် ပြည်တွင်း ပြည်ပရှိ အလှူရှင်များသို့တိုက်တွန်းနိုးဆော်အပ်သည်။

သွားရောက်လှူဒါန်းခဲ့ပါသော ဓါတ်ပုံမှတ်တမ်းများလဲ မိမိတို့ဝက်ဘဆိုက်တွင် များများဖေါ်ပြထားပါတယ် အဆိုပါဓါတ်ပုံများကို (ဓါတ်ပုံသတင်း)တွင်ဝင်ရောက်ကြည့်ရူနိုင်ပါသည်။

Tuesday, June 21, 2011

မြန်မာစစ်အုပ်စု မလေးသို့ မှောင်ခိုသွားသည့် ၁၄၆ ဦးမှ ဘင်္ဂလီ ၆၀ ဦးကို တရားမ၀င် လွဲပြောင်း

ဂစ္ဆပသတင်းဌာန
ဇွန်လ(၂၂)ရက်၊ ၂၀၁၁၊ နံက် ၉း ၃၀ နာရီ။
http://gissapa.blogspot.com

မြန်မာစစ်အုပ်စု မလေးသို့ မှောင်ခိုသွားသည့် ၁၄၆ ဦးမှ ဘင်္ဂလီ ၆၀ ဦးကို တရားမ၀င် လွဲပြောင်း

မြန်မာစစ်အုပ်စု မလေးသို့ ရေလမ်းကြောင့်မှ မှောင်သွားသည့် ဘင်္ဂလီ ၁၄၆ ဦးကို ဖမ်းဆီးရမိပြီး ၆၀ ဦးအား ဘင်္ဂလာပိုင်နက်သို့ ဇွန်လ (၂၁)ရက်နေ့က တရားမ၀င် ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့သို့ နယ်စပ်မှတ်တိုင် (၁)နံပါတ်အခွဲမှ နတ်မြစ်ဖြတ်ကျော်ကာ ညနေဖက် (၅)နာရီတွင် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လွဲပြောင်းခံရသော ဘင်္ဂလီထောင်သားများအနက် ၃၅ ဦးကို တာခ်နာအခြေစိုက် BGB အမှတ်(၄၂)တပ်ရင်းမှ အကြီးအကဲ မိုဟာမတ် ဇော်ဇော်မီယာရ် က ထပ်မံ၍ ဖမ်းဆီးကာ BGB စခန်းအချုပ်သို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ သို့သော်လည်း ကျန် (၂၅)ဦးမှာ မိမိလွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

လွန်ခဲ့သည့် မတ်လ(၂၁)ရက်နေ့က ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင်မှ စက်ဘုတ်ဖြင့် ဘင်္ဂလီစုစုပေါင်း (၁၄၆)ဦး မလေးရှားသို့ မှောင်ခိုလမ်းမှ ထွက်သွားခဲ့ရာ လမ်းခရီးတွင် (၁၃)ရက်ကြာမြင့်ခဲ့ပြီး ဧပြီလ (၃)ရက်နေ့တွင် ဘုတ်အကြီးအကဲက မလေးရှားသို့ ရှောက်ရှိပြီးဖြစ်ကြောင်း ပြောဆိုကာ ရန်ကုန်ကမ်းခြေတခု၌ တင်ပစ်ထားခဲ့ရာမှ မြန်မာစစ်အုပ်စုထံ ဖမ်းဆီးထောင်ချခံခဲ့ရကာ ယမနေ့က ၆၀ ဦးလွဲပြောင်းခံရခြင်း ဖြစ်သည်ဟု ဘင်္ဂလီဝပ်ဆိုင်းတခုက ဆိုသည်။

မြန်မာစစ်အုပ်စု ထောင်အတွင်း ကျန်ရှိခဲ့သူ (၈၆)ဦးမှာ မြန်မာဘင်္ဂလီများဖြစ်ပြီး ၎င်းတို့မှာ စစ်အုပ်စုအကျဉ်းထောင်အတွင်း ဆက်လက် အရေးယူစစ်ဆေးခံနေကြရကြောင်း စုံစမ်းသိရှိရသည်။

လွဲပြောင်းခံရသည့် ဘင်္ဂလီများမှာ မြန်မာစစ်အုပ်စု ထောင်အတွင်းတွင် ၃ လ အကျဉ်းချခံခဲ့ရပြီးနောက် လွတ်မြောက်လာခြင်း ဖြစ်သည်။

BGBထံ အရေးယူခံနေကြရသူများမှာ ဆူဇီတ်ဒါခ်ျ(၂၅)နှစ်၊ ကွေဆီက်ဒါခ်ျ(၄၈)၊ အာဘ်ဒူခ်ျ ဆော်ဘူရ်(၄၀)၊ ဟာဘီဘူလ် အာလောင်၊ ယူနိုစ်(၁၇)၊ ဖိရိုဇ်(၂၄)၊ ဘာဒ်ဆာ မီယာ(၁၇)၊ ဇာလာလ် အာဟ်မတ်(၄၇)၊ နရုဟုပ်(၂၆)၊ မိုဇာဟာရ် အာဟ်မတ်(၃၇)၊ ဂျမ်းဟ်ဂီး အာလောင်(၃၀)၊ အာမီ(၂၂)၊ အာဘ်ဒူလာ(၃၀)၊ အူလာ မီယာ(၂၅)၊ ကာလု(၄၅)၊ ဆေလိမ်(၂၂)၊ မိုခ်ျဟ်ဒေါ်ဖာ(၂၅)၊ မီဇာနုရ် ရော်ဟ်မာန်(၂၄)၊ ယာဆီန်(၂၂)၊ အီဘရာဟိန်း(၁၉)၊ ဇော်နာလ်(၂၄)၊ မော်ဇိဒ်(၂၀)၊ အူလ္လာ(၃၀)၊ အာလမ်(၁၈)၊ ချော်ဟိဒူလ် အီဆလင်(၁၈)၊ အာဒါ မိယာ(၃၀)၊ အာမိ အူဒိန်(၂၀)၊ ဖေါ်ရိဒ်(၂၅)၊ ဇော်ဆိန် အူဒိန်(၂၅)၊ ဟာဖေဇ် အာဟ်မတ်(၅၂)နှစ်နှင့် တချို့တို့ဖြစ်ကြောင်း ၀ိပ်ဆိုင်းမှ ပြောသည်။

အဆိုပါ မလေးရှားသို့ မှောင်ခိုလမ်းမှ ဘင်္ဂလီများအား ပို့ဆောင်ပေးနေကြသော လူမှောင်ခိုသမားများမှာ မလေးသို့ သွားရောက်အလုပ် လုပ်ကိုင်လိုသူများမှ တာကာ ၂၀၀၀၀ မှ ၃၀၀၀၀ အထိတောင်းယူကြောင်းနှင့် ၎င်းတို့မှာ မောင်တောမြို့နှင့် ကော့စ်ဘဇားခရိုင်တို့တွင် အခြေစိုက်နေထိုင်ကြကြောင်း မှောင်ခိုသတင်းရပ်မှ ဆိုသည်။

စစ်အုပ်စု အနေဖြင့် ယခင်ဖမ်းဆီးရမိသည့် မလေးသွား ဘင်္ဂလီ (၁၀၀)ကျော်အား ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာ ဘင်္ဂလာသို့ ဇွန်လ ၂၁ ရက်နေ့က လွဲပြောင်းလိုက်သည့် ဘင်္ဂလီများအား တာခ်နာအခြေစိုက် BGB စခန်းအတွင်း တွေ့ရစဉ်

စစ်တွေ တည်ဆောက်ဆဲ ရီနက်ဆိပ်ကမ်း ဖို့မြီ မိုးကြီးလို့ ပျက်စီးလားဟုသိရ

စစ်တွေ တည်ဆောက်ဆဲ ရီနက်ဆိပ်ကမ်း ဖို့မြီ မိုးကြီးလို့ ပျက်စီးလားဟုသိရ
စစ်တွေ ရခိုင်ရိုးမ June 20, 2011

စစ်တွေဆိပ်ကမ်းကို အထက်စီးက မြင်ရပုံ

စစ်တွေမြို့မှာ ရီနက်ဆိပ်ကမ်းအတွက် တည်ဆောက်ဆဲကာလဖြစ်တေ ရီနက်ဆိပ်ကမ်းဖို့မြီတိရေ ဒေလ ၁၇-ရက်နိက မိုးကြီးခရေအတွက် ဖို့မြီတိပျက်စီးလားကြောင်း စစ်တွေကလာရေ သတင်းတရပ်အရ သိရပါရေ။

၂၀၁၁ ခုနှစ်ကစပြီးကေ စစ်တွေဆိပ်ကမ်းအတွက် မြန်မာဆိပ်ကမ်းအာဏာပိုင်ရုံး အနီးတ၀ိုက်မှာရှိရေ သောင်ပြင်တိကို သဲ တိနန့် ဖို့ထားခြင်းဖြစ်ပြီးကေ မိုးများရေအတွက် ဖို့ထားရေ သဲသောင်တိ ပျက်စီးလားစွာဖြစ်တေလို့ သိရပါရေ။

“မိုးကြီးလို့ ဆိပ်ကမ်းအတွက် ဖို့ထားရေသဲမြီတိ ပျက်စီးလားစွာပါ၊ လုပ်ငန်းကတော့ခါ မိုးတွင်းဆိုခါ ရပ်နားထားပါရေ၊ မိုးကုန်မှ လုပ်ဖို့ထင်ရေ၊ ပျက်စီးလားရေ ဆိပ်ကမ်း၏ ဖို့မြီတိကိုလည်း ပြန်ပနာလုပ်ရဖို့ အနီအထားရှိရေ၊ ခုကတခုလဲမကျန်လိုက်ဗျာ၊ ရီတိုက်စားလို့ “ ဟု စစ်တွေမြို့ခံတစ်ယောက်က ပြောပါရေ။

လုပ်ငန်းအစဦးကာလဖြစ်တေ သောင်ပြင်ကမ်းခြီကို အမာခဲအဖြစ် သဲတိနန့်ဆယ်ဖို့နီစွာဖြစ်ပြီးကေ ခိုင်ခန့်မှု မရှိသိမ့်ရေ အတွက် အခုပိုင်ပျက်စီးလားခြင်းဖြစ်ကြောင်း သူကပြောပါရေ။ အဂုခါရေ မိုးတွင်းကာလ ရောက်လာရေအတွက် လုပ်ငန်းတိကို ရပ်ဆိုင်းထားကြောင်း သိရပါရေ။

ဆိပ်ကမ်းအတွက် ဆည်ဖို့ရန်သဲတိကို ပွိုင့်ကမ်းခြီက တူးဖော်မှု တိရှိရေခါ ပြည်သူတိကကန့်ကွက်ခလို့ ပွိုင့်နန့် အနောက်ဘက်၂မိုင်ကျော်ရှိရေ ရီချိုးဆိပ်ကနီ သဲတိတူးဖော်ပနာ ဆိပ်ကမ်းအတွက် အသုံးပြုနိန်ရကြောင်းသိရပါရေ။

စစ်တွေဆိပ်ကမ်းကို လွန်ခရေ နှစ်အနည်းငယ်ကစပြီးကေ အိန္ဒိယနိုင်ငံ ESSAR ကုမ္ပဏီက ဆောက်လုပ်ရေး လုပ်ငန်းကို တာဝန်ယူထားစွာဖြစ်ပြီးကေ အဆိုပါဆိပ်ကမ်းရေ ရခိုင်ပြည်နယ်မှာ နိုင်ငံတကားရင်းနှီးမြုပ်မှု ဒုတိယ စီမံကိန်းဖြစ်ပြီး အိန္ဒိယ အရှေ့တောင်အာရှဆိုင်ရာ ကုန်သွယ်မှုအတွက် အိန္ဒိယနိုင်ငံ၏ ခြီလှမ်းသစ်တရပ် ဖြစ်ပါရေ။

၂၀၀၉ခုနှစ် ဧပြီလက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မြန်မာနိုင်ငံက တာဝန်ရှိသူရို့ သဘောတူလက်မှတ်ရွီးထိုးခရေ ရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာသန်း၁၂၀ဖို့ရှိပြီးကေ အဆိုပါဆိပ်ကမ်းရေ အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ်တိကနိန် ကုလားတန်မြစ်ကြောင်း ကုန်သွယ်ရေးတိကို ဆောင်ရွက်လားဖို့ဖြစ်ကြောင်း သိရပါရေ။

သို့သော် စီမံကိန်းအတွက် ကုလားတန်မြစ်ကြောင်းတလျှောက်ရှိ ကျေးရွာတချို့ပြောင်းရွိ့ရဖို့ အနီအထားမှာ ရှိရေအတွက် စိုးရိမ်မှုတိရှိနိန်ကတ်ကြောင်း သိရပါရေ။
http://www.rakhaingroma.com/News/inter-news/06-2011/20-06-2011.html

မလေးရှားနိုင်ငံမှာ ကမ္ဘာဒုက္ခသည်များနိ ရခိုင်ရိုးရာအကနန့် ဖျော်ဖြေတင်ဆက်

မလေးရှားနိုင်ငံမှာ ကမ္ဘာဒုက္ခသည်များနိ ရခိုင်ရိုးရာအကနန့် ဖျော်ဖြေတင်ဆက်
လေးဝတီ ခိုင်မင်းထွန်း June 18, 2011

မလေးရှားနိုင်ငံမှာ ကျင်းပရေ ကမ္ဘာ့ဒုက္ခသည်များနိ၌ ARRC School မှ ကျောင်းသူချေတိက ရခိုင်ရိုးရာ အကနန့်တင်ဆက်စဉ်

UNHCR Malaysia ၏ ကမ္ဘာဒုက္ခသည်များနိကို ကွာလာလမ်ပူမြို့မှာရှိရေ Brickfeild ရှိ KL Central ဘူတာမှာ အေနိစတင်ကျင်းပခပါရေ။ အယင်ကဆိုကေ အေပိုင်နိကို UNCHR ရုံးထဲမှာရာ ဒုက္ခသည်ရုံးတိကို ဖိတ်ကြားဗျာလ် ကျင်းပခကေလည်း အခုပိုင်လူစည်ကားရာ Public နေရာတွင်ကျင်းပစွာရေ ဒုတိယအကြိမ်မြောက်ပင်ဖြစ်ပါရေ။

ဒေဒုက္ခသည်နိအခမ်းအနားသို့ ရခိုင်ကိုယ်စားပြုအနိန်နန့် ရခိုင်ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ (ARRC)၊ တိုင်းရင်းသားအဖွဲ့ဒုက္ခသည်အဖွဲ့အစည်းတိ၊ တခြားနိုင်ငံက ဒုက္ခသည်အဖွဲ့အစည်းတိနှင့် မလေးရှားက စေတနာ့ဝန်ထမ်းတိလည်း တက်ရောက်ကတ်ပြီးကေ မိမိရို့၏ရိုးရာအကတိနန့် ကပြတင်ဆက်ခကတ်ပါရေ။

မလေးရှားနိုင်ငံရှိ ရခိုင်ဒုက္ခသည်တိကို ဦးဆောင်ကူညီပီးနိန်ရေ ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ( ARRC) ၏ တာဝန်ရှိသူကို ဆက်သွယ်မီးမြန်းရာ “ကျွန်တော်ရို့ ARRC က ကုန်ခရေနှစ်ကပိုင် အဆိုအကနန့် ဇွန်လ 18 ၊ 19 နှစ်ရက်ဆက်တိုက် ပါဝင်ဖို့ ရှိပါရေ။ အေနိခါ တေးခြင်းက ၀င်းကိုခိုင်၏ ရခိုင်သဘာဝတေးသံကို ကိုလင်းလင်း က သီဆိုပြီးကေ ARRC School မှ ကျောင်းသူချေတိက ရခိုင်ရိုးရာ အကနန့် တင်ဆက်ကပြကတ်ပါရေ။

အခမ်းအနားမှာ ဒုက္ခသည်ရို့၏ဘဝကို ဓာတ်ပုံတိနန့် ခင်းကျင်းပြသထားပြီးကေ ဒုက္ခသည်အဖွဲ့အစည်းတိကလည်း လက်မှုပစ္စည်းတိကို ခင်းကျင်းရောင်းချထားပါရေ။ UNHCR ကလည်း ဒုက္ခသည်တိ ရံပုံငွေအတွက် တီရှပ်အင်္ကျီတိကို ရောင်းချထားပြီးကေ ရောက်လာရေ မလေးရှားနိုင်ငံသားတိကို မလေးရှားရှိ ဒုက္ခသည်တိနန့် သက်ဆိုင်ရေမိန်းခွန်းတိကို မိန်းမြန်းဗနာ အဖြေမှန်ရေလူတိကို အမှတ်တရလက်ဆောင်တိ ပီးအပ်ခပါရေ။


အဂုပိုင်လူစည်ကားနိန်ရာမှာ ကျင်းပခြင်းရေ မလေးရှားရှိ ဒုက္ခသည်အခြေအနေကို ပိုမိုနားလည်စီဖို့နန့် ထိုသူရို့၏ အခက်အခဲတိကို မလေးရှားလူမျိုးတိနန့် အာဏာပိုင်တိ ရင်းနှီးသိရှိလာစီဖို့ရန် ဖြစ်ပါရေ။ ဇာကြောင့်ဆိုပါကေ မလေးရှားနိုင်ငံရေ ၁၉၅၇ ခုနှစ် ဒုက္ခသည်တိဆိုင်ရာ ပဋိညာဉ်စာချုပ်မှာ လက်မှတ်ရီးထိုးထားခြင်း မရှိရေအတွက်နန့် မလေးရှားရှိ ဒုက္ခသည်တိရေ မလေးအစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနိန်ကတ်ရပြီးကေ အခက်အခဲမျိုးစုံနန့် ရင်ဆိုင်နိန်ကတ်ရရေအတွက် ဖြစ်ပါရေ။ အဂုအခါ UNHCR-Malaysia မှ ထုတ်ပြန်ထားသော အချက်အလက်တိအရ မလေးရှားနိုင်ငံမှာ ဒုက္ခသည်ပေါင်း ၉၀၀၀၀ ကျော် နိန်ထိုင်လျှက်ရှိရေလို့ သိရပါရေ။

http://www.rakhaingroma.com

ကိုယ်ပိုင်လေယာဉ်နန့် ခရီးနင်သူ ရာသီဥတုကြောင့် ကျောက်ဖြူမှာ ခေတ္တရပ်နားနီရ

ကိုယ်ပိုင်လေယာဉ်နန့် ခရီးနင်သူ ရာသီဥတုကြောင့် ကျောက်ဖြူမှာ ခေတ္တရပ်နားနီရ
ရခိုင်ရိုးမ June 10, 2011

ရာသီဥတု မကောင်းလို့ ကျောက်ဖြူမြို့ လေဆိပ်မာ အဂုပိုင်ရပ်ထားရပါရေ။


ကိုယ်ပိုင်ရဟတ်ယာဉ်နန့် တကိုယ်ရေ ခရီးလားနီရေ ဗြိတိန်နိုင်ငံသားတဦးရေ ရာသီဥတုမကောင်းလို့ ဒေလ၈-ရက်နိက ကျောက်ဖြူလေယာဉ်ကွင်းမာ ရပ်နားလိုက်ရကြောင်း သိရပါရေ။

“ ဒေလ၈-ရက်နိ ညနိကပါ၊ ရာသီဥတုမကောင်းလို့ ရပ်နားလိုက်ရစွာပါ၊ စက်ပျက်လို့မဟုတ်ပါ၊ ဒေနိလဲ စင်င်္ကာပူကိုလားဖို့လို့ပျင်ခါ ရာသီဥတုမကောင်းလို့ ရှိနီပါသိမ့်ရေ” လို့ ကျောက်ဖြူမြို့ခံတဦးက ပြောပါရေ။

ကိုယ်ပိုင်လေယာနန့် ခရီးလားနီရေ ဗြိတိန်နိုင်သားရေ နိုင်ငံပေါင်း၃၀ကျော်အထိ ခရီးဆက်နီပြီးကေ ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းက အပြန်မှာ ရာသီဥတုမကောင်းလို့ ကျောက်ဖြူမြိုမာ ဆင်းသက်လိုက်ရစာဖြစ်တေလို့ သိရပါရေ။

“သူက အောက်ပိုင်းမပါပါ၊ ကားအက်စီးဒင်းဖြစ်လို့ အောက်ပိုင်းကို ပိုင်းလိုက်ရစွာဖြစ်ပါရေ။ သူက လေကြောင်းခရီးသည်ပါ။ ကိုယ်ပိုင်လေယာဉ်နန့် ခရီးလားနီစွာပါ။ ကျောက်ဖြူမြို့ကို အရေးပေါ်ဆင်းလာခါ သူ့မှာဒေါ်လာတစ်ရာယာ ပါပါရေ၊ ကျောက်ဖြူမြို့ခံ သူဌေးယောက်ကနီ အကူညီပီးထားပါရေ။ မြို့ကိုပတ်လည်ဖို့နန့် လိုအပ်တေငွေကြေးတိကိုပါ။ ဂုကျောက်ဖြူ ဗာရာဏသီတည်းခိုခန်းမာ ရှိပါရေ။” လို့သူက ဆက်ပြောပါရေ။

အဆိုပါ ဗြိတိန်နိုင်ငံသားရေ ဒေနိ၁၀-နာရီ လောက်မှာ စင်ကာပူကို ခရီးလားဖိုပျင်ကေလဲ ရာသီဥတု မကောင်းလို့ ရပ်နားလိုက်ရရေလို့သိရပါရေ။

သူ့ ကိုယ်ပိုင် ၀က်ပေးစာမျက်နှာမှာ ဖော်ပြချက်အရ သူ့ အမည်ရေ Dave Sykes ဖြစ်ပြီးကေ အောက်ပိုင်း ခန္ဓာကိုယ်အစားထိုးထားရရေလို့ သိရပါရေ။

ကိုယ်ပိုင်စီးလာရေ လေယာဉ်ကိုယ်ပိုင်အမှတ်မာ Airbus A380 and Boeing 747. ဖြစ်တေလို့ သူ့၏အင်တာမျက်နှာဖြစ်တေ http://www.edmo.com/blog/index.php/author/davidj မာ ဖော်ပြချက် အရ သိရပါရေ။

အခုအခါ သူ့ကိုယ်ပိုင်လေယာဉ်ကို ကျောက်ဖြူလေဆိပ်မှာ ရပ်ထားရေလို့သိရပါရေ။


ကိုယ်ပိုင်လေယာဉ်နန့် ခရီးသွားသူ Dave Sykess၊ လေယာဉ်နန့် အတူတွိရစိုင် (ဓာတ်ပုံ http://www.edmo.com)

Famous People» Political Leaders» Aung San Suu Kyi

Famous People» Political Leaders» Aung San Suu Kyi

Aung San Suu Kyi
Famous as Political Leader (Freedom Fighter) of Myanmar
Born on 19 June 1945
Born in Yangon (Rangoon), Burma (Myanmar)
Nationality Myanmar
Works & Achievements Leader of the National League for Democracy; Nobel Peace Prize Winner (1991)


Aung San Suu Kyi (pronounced as Ong San Soo Chee) is the leading face of the pro-democracy movement and a leader of the National League for Democracy in Myanmar. Suu Kyi is one of the world's most renowned freedom fighters and advocates of nonviolence. Born to a Burmese military officer Aung San and Daw Khin Kyi, Aung San followed the footprints of her father and emerged as a central figure of the pro-democracy movement in Myanmar. Active in politics since 1988, Aung San has spent most of her time under several house arrests and bans and is currently under detention by the military junta. The venerated leader has won many national and international awards including Sakharov Prize from the European Parliament in 1990, United States Presidential Medal of Freedom, the Jawaharlal Nehru Award from India and Rafto Human Rights Prize and was awarded the honorary Nobel Peace Prize for her non-violent struggle against the dictatorship in year 1991.

Childhood and Education
Aung San Suu Kyi was born on 19 June, 1945 in Rangoon, capital city of Myanmar (then Burma). Her father, Aung San, was the architect of Burma’s independence. He founded the modern Burmese army and negotiated Burma's independence from the British Empire in 1947. He was, however, assassinated by his rivals in the same year when Suu Kyi was barely two years old.. Her mother Daw Khin Kyi was working in the External Affairs Ministry and was appointed Myanmar's ambassador to India in 1960.

Aung San Suu Kyi completed her basic education at schools in Rangoon and moved to India following her mother’s appointment as Myanmar’s envoy to India in 1960. Suu Kyi continued her studies in India. She graduated from Lady Shri Ram College, New Delhi in 1964. After graduating she went to Oxford University for further studies and completed her BA in philosophy, politics, and economics at St. Hugh's College, Oxford University in 1967.

Suu Kyi in Office
In 1969, during her visit to United States for further study, she met United Nations’ Secretary General U Thant and joined as the Assistant Secretary, Advisory Committee on Administrative and Budgetary Questions. In 1972, Suu Kyi worked as the Research Officer at the Ministry of Foreign Affairs, Bhutan. Same year she married Dr. Michael Aris, a scholar of Tibetan culture, living in Bhutan. The couple had two children, Alexander and Kim. During 1985-86, Suu Kyi studied at the Center of Southeast Asian Studies, Kyoto University, as a visiting scholar. Suu Kyi completed her fellowship at the Indian Institute of Advanced Studies, Shimla, in 1987.

Suu Kyi in Politics
In 1988, Suu Kyi returned to Myanmar to nurse her ailing mother and plunged into the nationwide uprising for the establishment of democracy. It all happened following the resignation of General Ne Win on July 23, 1988. Suu Kyi, in an open letter to the military government asked to establish a rule of the people in Myanmar. On 8 August, 1988, people, raising pro-democracy slogans assembled at the prominent places of the capital. The event led to a mass slaughter carried out by the ruling junta against the uprising throughout country. The military regime killed over 10,000 demonstrators, including students, women, and children – in a span of months.

In September 1988, Aung San Suu Kyi, in her first political move, joined the National League for Democracy as its secretary-general. The party was pushing for political reforms in the country. Suu Kyi gave numerous speeches calling for freedom and democracy. On July 20, 1989 Aung San Suu Kyi was placed under house arrest in the city of Rangoon. The same year, her mother, Daw Khin, after a prolonged, illness passed away.

Unable to maintain its grip on power, even during her detention, the “junta” was forced to call for a general election in 1990. Despite being held under house arrest, the NLD went on to win a staggering 82% of the seats in parliament. But, the junta regime refused to recognise the results. After six years of arrest and confinement Suu Kyi was released in July 1995. The military always offered her to leave the country and settle abroad but Suu Kyi rejected.

Suu Kyi’s Release and Re-detention
After her release Suu Kyi continued the struggle for democracy in Myanmar. This increased her popularity across the world and international political powers were compelled to intervene to resolve the issue. Though the western countries tried to put pressure on the ruling junta by curtailing economic aid, the neighboring countries continued to encourage the commerce. The military rulers increasingly restricted Suu Kyi's movements during 1996. She was also barred from traveling outside Rangoon and put under house arrest. In May 2002, Suu Kyi was released and the military government indicated that the release was unconditional and that Suu Kyi was free to pursue her political activities as leader of the NLD.

She was again arrested and placed behind bars in May 2003 after the Depayin massacre, during which up to 100 of her supporters were beaten to death by the regime's cronies. She moved from prison back into house arrest in late 2003 and has been held there ever since.

Death of Michael Aris
On March 27 1999, while Aung San Suu Kyi was in Burma, Michael Aris died of cancer in London. He had petitioned the Burmese authorities to allow him to visit Suu Kyi one last time, but they had rejected his request. The government always urged Suu Kyi to join her family abroad, but she knew that she would not be allowed to return.

Awards
Suu Kyi has won numerous international awards, including the Nobel Peace Prize, Sakharov Prize from the European Parliament, United States Presidential Medal of Freedom, the Jawaharlal Nehru Award from India and Rafto Human Rights Prize.

Aung San Suu Kyi Timeline:
1945: Aung San Suu Kyi born in Rangoon.
1947: General Aung San assassinated
1948: The Independent Union of Myanmar is established.
1960: Daw Khin Kyi appointed Myanmar's ambassador to India. Suu Kyi accompanies mother to New Delhi.
1960-64: Suu Kyi at high school and Lady Shri Ram College in New Delhi.
1964-67: Oxford University, B.A. in philosophy, politics and economics at St. Hugh's College
1969-71: She goes to New York for study. Postponing studies, Suu Kyi joins U.N. Secretariat as Assistant Secretary.
1972: January 1. Marries Michael Aris
1973: They return to England for birth of Alexander in London.
1974: Michael assumes appointment at Oxford University.
1977: Birth of second son, Kim at Oxford.
1984: Publishes “Aung San”
1985: Publishes “Let's Visit Myanmar” also books on Nepal and Bhutan
1985-86: Visiting Scholar, Center of Southeast Asian Studies, Kyoto University
1986: Alexander and Kim take part in traditional Buddhist ceremony of initiation into monk-hood.
1988: Moves her ailing mother to family home on University Avenue in Rangoon.
1989: Suu Kyi continues campaign despite harassment, arrests and killings by soldiers.
1990: Despite detention of Suu Kyi, NLD wins election with 82% of parliamentary seats. SLORC refuses to recognise results.
1990: Suu Kyi granted 1990 Rafto Human Rights Prize.
1991: European Parliament awards Suu Kyi Sakharov human rights prize.
1991: Norwegian Nobel Committee announces Suu Kyi as the Winner of 1991 Peace Prize.
1991: December: “Freedom from Fear” was published.
1992: Suu Kyi announces that she will use $1.3 million prize money to establish health and education trust for Burmese people.
1993: Group of Nobel Peace Laureates, denied entry to Myanmar
1995: SLORC releases Suu Kyi from house arrest after six years of detention.
1999: Her husband, Michael Aris died of cancer.
2000: She was detained again.
2002: Released after two years.
2003: Detained ever since.
Report typo or correction

http://www.thefamouspeople.com/profiles/aung-san-suu-kyi-11.php

Monday, June 20, 2011

ငြိမ်းချမ်းရေးသည်သာ ဒေါ်စု မွေးနေ့ဆုတောင်းဖြစ်

ငြိမ်းချမ်းရေးသည်သာ ဒေါ်စု မွေးနေ့ဆုတောင်းဖြစ်
တနင်္လာနေ့၊ ဇွန်လ 20 ရက် 2011 ခုနှစ် ကိုပေါက် သတင်း - မဇ္ဈိမသတင်းဌာန

နယူးဒေလီ (မဇ္ဈိမ) ။ ။ တိုင်းပြည်တွင် စစ်မီးများ ပြန်လည်ပွားနေသည့် အနေအထား ရှိသည့်အတွက် ယခုအချိန်မှာ ငြိမ်းချမ်းရေးသာ အရေးအကြီးဆုံး ဖြစ်ကြောင်း တနင်္ဂနွေနေ့က ကျရောက်သည့် သူမ၏ ၆၆ နှစ်မြောက်မွေးနေ့ တွင် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက် သည်။



ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်တွင် မွန်းလွဲ တနာရီမှ စတင် ကျင်းပသည့် ပါတီအထွေထွေ အတွင်းရေးမှူး၏ အဆိုပါ မွေးနေ့ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် မိန့်ခွန်း ၅ မိနစ်ခန့် ပြောကြားခဲ့သည်။

“ နိုင်ငံတနိုင်ငံ တိုးတက်ဖို့ သာယာဖို့ဆိုတာ ပထမဦးဆုံး ငြိမ်းချမ်းဖို့ လိုပါတယ်။ ကျမရဲ့မွေးနေ့ဆုတောင်း ကတော့ ကျမတို့အားလုံး ငြိမ်းချမ်းကြပါစေဆိုတဲ့ ဆုတောင်းပါပဲ”

assk-brithday-cake

ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်မြောက် အမှတ်တရ မွေးနေ့ကိတ်မုန့် (ဓါတ်ပုံ မဇ္ဈိမ)

ငြိမ်းချမ်းရေးဆိုသည်မှာ တဦးတယောက်၊ တဖွဲ့တည်းမှ လုပ်၍ မရနိုင်ဘဲ အားလုံးဝိုင်းလုပ်မှ ရမှာဖြစ်သည့်အတွက် အားလုံး ဝိုင်းလုပ်ကြရန်လည်း မေတ္တာရပ်ခံသွားသည်။

“ တခြား မွေးနေ့လက်ဆောင်တွေထက် အရေးကြီးတဲ့ လက်ဆောင်ကတော့ ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေး ရစေတဲ့ စိတ်ထားတွေ တဦးချင်းစီက ပွားပေးကြပါလို့”

ထို့ပြင် သူမ၏ မွေးနေ့အား မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အဖြစ် သတ်မှတ်ပေးထားသည့်အတွက် အမျိုးသမီးများ အရေးကိုလည်း အထူးပြု ပြောကြားသွားခဲ့သေးသည်။

“ စစ်တွေ၊ အကြမ်းဖက်မှုတွေ ဖြစ်ပြီဆိုရင် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အများဆုံး ဒဏ်ခံရသူတွေ ဖြစ်တဲ့အတွက် အမျိုးသမီးများဟာ ငြိမ်းချမ်းရေးကို ပိုလိုလားကြတယ်၊ ငြိမ်းချမ်းရေး ဘယ်လောက် လိုအပ်တယ်ဆိုတာ ကောင်းကောင်း နားလည်ကြပါတယ်”

ရုံးတွင်း၊ ရုံးပြင်သာမက ရုံးရှေ့ လမ်းမပေါ်တွင်ပါ ဧည့်ပရိသတ်များနှင့် စည်ကားလှသည့် မွေးနေ့ပွဲတွင် နိုင်ငံခြားသံရုံးမှ သံအရာရှိများလည်း လာရောက် နှုတ်ဆက်ကြသည်။

“ပရိသတ်က ၁၅၀၀-၂၀၀၀ လောက် ရှိမယ်ဗျ။ ရုံးထဲမှာလည်း ကြပ်ညပ်နေပြီး လမ်းပေါ်မှာလည်း ကားတွေ သွားရလာရတာ အဆင်မပြေဘူး ဖြစ်နေပါတယ်” ဟု NLD လူငယ်ခေါင်းဆောင် ကိုမျိုးညွန့်က မဇ္ဈိမကို ပြောသည်။

ယခုခေတ် လူငယ်များက ‘အမေ’ ဟု တင်စား ခေါ်ဝေါ်နေကြသည့် ဒေါ်အောင်ဆန်းစုကြည်မှာလည်း မွေးနေ့ပွဲတွင် ရွှင်လန်းတက်ကြွပြီး အလွန်ဝမ်းမြောက်နေသည်ကို တွေ့ရကြောင်း ကိုမျိုးညွန့်က ဆက်လက် ပြောဆိုသည်။

ဤနှစ် မွေးနေ့ပွဲ၏ ထူးခြားချက်အနေဖြင့် ဤပွဲအား လူငယ်ကွန်ယက်မှ အားလုံးဝိုင်းဝန်း ကြိုးပမ်းအားထုတ်မှု ဖြစ်ကြောင်း “ အမေ ဖော်ဆောင်ခဲ့တဲ့ လူငယ်ကွန်ယက်ရဲ့ ထူးခြားချက်ပါ။ NLD အဖွဲ့ဝင်တွေတင် မဟုတ်ဘဲနဲ့ တခြား မျိုးဆက်သစ် ကျောင်းသားလူငယ်တွေရော၊ ကိုဖြိုးမင်းသိန်းတို့၊ မခင်မိုးအေးတို့၊ ကိုတိုးကျော်လှိုင်တို့ ၈၈ ကျောင်းသားတွေရော၊ ဂီတ ပညာရှင်တွေရော၊ ကဗျာဆရာတွေရော အကုန်လုံးက ပါဝင်ပြီးတော့ ဒီအခမ်းအနားကြီး ပြီးမြောက်အောင် ဆောင်ရွက်ပေးတာပါခင်ဗျ” ဟု ကိုမျိုးညွန့်က ဆိုသည်။

မွေးနေ့ မနက်ပိုင်းတွင် တေးဂီတပြိုင်ပွဲမှ ဆန်ကာတင် နောက်ဆုံးရွေးပွဲကို ပြုလုပ်ခဲ့ပြီး စမ်းချောင်းမြို့နယ် လူငယ်များက ‘အမောဖြေပါ အမေ’ ဆိုသည့် သီချင်းဖြင့် ပထမဆု ဆွတ်ခူးသွားခဲ့သည်။

“ အမေနဲ့ အခုလို အပြင်မှာ မြင်တွေ့ခွင့်ရပြီး အမေ့အတွက် ပွဲလေး လုပ်ပေးလိုက်ရတာကို ကျေးဇူးအများ ကြီးတင်တယ်။ အရမ်းပျော်ပါတယ်။ အမေက အမြဲတမ်း ပြုံးနေတာ။ ဒီနေ့တော့ အများကြီးပြုံးတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲသို့ ပထမဦးဆုံး အကြိမ် ဝင်ရောက် ဆင်နွှဲဖူးသည့် စမ်းချောင်းမြို့ငယ်မှ ကိုကျော်ထူးလင်းက မဇ္ဈိမကို ပြောသည်။

မွေးနေ့ပွဲသို့ သခင်သိန်းဖေနှင့် ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ဦးအေးသာအောင်၊ ဦးပူကျင်ရှင်းထန်နှင့် လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များလည်း လာရောက်ခဲ့ကြပြီး ဦးတင်ဦး၊ ဦးဝင်းတင်နှင့် NLD ခေါင်းဆောင်များလည်း လာရောက်ခဲ့ကြသည်။

ပါတီရုံးချုပ်တွင် သာမက ရန်ကုန်တိုင်းအတွင်း အလုံ၊ သံလျင်၊ တွံတေး၊မြောက်ဥက္ကလာပ မြို့နယ်များအပြင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင်လည်း ကျင်းပကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့၊ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို နှစ်စဉ် ကျင်းပလေ့ရှိသော်လည်း မွေးနေ့ ရှင်ကိုယ်တိုင် ပါဝင်ခွင့်ရသည့်နှစ်များမှာမူ အလွန် နည်းပါးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ၁၉၈၈ ခုနှစ် ဧပြီလအတွင်းက မိခင်ကြီး ဒေါ်ခင်ကြည်အား ပြုစုစောင့်ရှောက်ရန်
မြန်မာနိုင်ငံသို့ ပြန်လာပြီး ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပါဝင်ဦးဆောင်ခဲ့ရာမှ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ဖြင့် စတင် ထိန်းသိမ်းခံခဲ့ရသည်။

၁၉၉၅ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသော်လည်း ၂၀၀၀ ခုနှစ် စက်တင်္ဘာ ၂၃ ရက်နေ့တွင် ပြန်လည် ထိန်းသိမ်းခံခဲ့ရသည်။

၁၉ လအကြာ ၂ဝဝ၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာကာ ၂ဝဝ၃ ခုနှစ် မေ ၃ဝ ဒီပဲယင်း အကြမ်းဖက် လုပ်ကြံမှုကြီးအပြီး ပြန်လည် အထိန်းသိမ်းခံခဲ့ရကာ ၂၀၁၀ ခုနှစ် နိုဝင်္ဘာလ ၁၃ ရက်တွင်မှ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

http://burmese.bnionline.net/news/mizzima/7400-2011-06-20-14-52-57.html

Sunday, June 19, 2011

ဒေါ်စု ပြည်တွင်းခရီးစဉ် စတင်တော့မည်

ဂစ္ဆပသတင်းဌာန
ဇွန်လ(၂၀)ရက်၊ ၂၀၁၁၊ နံက် ၈ နာရီ။
http://gissapa.blogspot.com

ဒေါ်စု ပြည်တွင်းခရီးစဉ် စတင်တော့မည်

စစ်အုပ်စု နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ပြည်တွင်းခရီးစဉ်အား ဇွန်လ (၂၂)ရက်နေ့ စတင်ထွက်မည်ဖြစ်ကြောင်း NLDမှ တာဝန်ရှိသူတဦးက ပြောဆိုချက်ကိုကိုးကားပြီး သတင်းတရပ်က ဖေါ်ပြသည်။


“မွေးနေ့ပွဲပြီးတာနဲ့ ၃ ရက်အကြာ ဇွန် ၂၂ ရက်မှာ ခရီးစတင်ထွက်မှာပါ၊ ဘယ်နေရာကို စတင်ထွက်မယ် ဆိုတာတော့ ပြောဖို့စောပါသေး တယ်။”ဟု NLDကပြောကြောင်း သတင်းတွင် ဖေါ်ပြချက်အရ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်အုပ်စု နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် မိမိသည် နိုင်ငံသားတဦးဖြစ်ခြင်းကြောင့် မိမိလုံခြုံရေးသည် အစိုးရတွင် အပြည့်အ၀ တာဝန်ရှိသည်ဟု မီဒီယာ စာမျက်နှာများသို့ ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဒေါ်စု၏ ပြည်တွင်းခရီး အစီအစဉ်ကို သူမအနေဖြင့် မွေးနေ့ပွဲမတိုင်မီကတည်းက ဆုံးဖြတ်ချက် ချထားခဲ့ကြောင်းနှင့် သူမကို ဂုဏ်ပြုကြ မည့် မွေးနေ့ပွဲကြောင့် ခရီးစဉ်နှောင့်နှေးမည်ကို သူမအနေဖြင့် မလိုလားကြောင်း NLDအသိုင်း အ၀ိုင်းက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

NLDလူငယ်တဦးက “ခရီးထွက်ဖို့ကို အမေက နောက်ကျမှာ မလိုလားဘူး၊ အခုအောက်က အခန်းမှာ အမေ့မွေးနေ့အတွက် ပွဲတိုက်တယ်၊ အပေါ်က အခန်းတွေမှာတော့ ခရီးသွားဖို့ ပြင်ဆင်နေကြတယ်၊ အစည်းအဝေးတွေ လုပ်နေကြတယ်။”ဟု ဆိုကြောင်း သတင်းက ဖေါ်ပြသည်။

ဒေါ်စုသည် ၂၀၀၃ ခုနှစ် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်းလုပ်ကြံမှု အပြီးတွင် ၇ နှစ်ကျော်ကြာ နအဖ စစ်အုပ်စု၏ နေအိမ်အကျယ်ချုပ်ထားခြင်း ခံခဲ့ရာမှ များမကြာမီက လွတ်မြောက်လာပြီး ပထမဆုံး ပြည်တွင်းခရီးစဉ် စတင်ထွက်ရှိမည် ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်အမျိုးသားကောင်စီမှ လူထုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ရခိုင်ပြည်အမျိုးသားကောင်စီမှ လူထုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဇွန်လ (၁၉) ရက်၊ ၂၀၁၁။
မိုးမိုးကျော် (Arakan Review)



ANC ဥက္ကဋ္ဌ ဆရာတော် ဦးသီဟ ဟောပြောနေစဉ်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တနေရာတွင် မဲဆောက်ရောက် ရခိုင်ပြည်သူများနှင့် ရခိုင်ပြည် အမျိုးသား ကောင်စီမှ ခေါင်းဆောင်များ တွေ့ဆုံသည့် လူထုတွေ့ဆုံဆွေးနွေးပွဲတခု ယနေ့ နေ့လည် (၃) နာရီတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားသို့ မဲဆောက်ရောက် ရခိုင်ပြည်သူများထဲမှ အယောက် (၆၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တနေရာတွင် မဲဆောက်ရောက် ရခိုင်ပြည်သူများနှင့် ရခိုင်ပြည် အမျိုးသား ကောင်စီမှ ခေါင်းဆောင်များ တွေ့ဆုံသည့် လူထု တွေ့ဆုံဆွေးနွေးပွဲတခု ယနေ့ နေ့လည် (၃) နာရီတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားသို့ မဲဆောက်ရောက် ရခိုင် ပြည်သူများထဲမှ အယောက် (၆၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိသည်။

ထိုကဲ့သို့ လူထုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည် အမျိုးသား ကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်ကို ဆက်သွယ်မေးမြန်းရာ သူက “ကျွန်တော်တို့ ရခိုင်လူမျိုးတွေ ဘာကြောင့် နိုင်ငံခြားထွက်လာကြရတယ်၊ လက်ရှိအနေအထား ဘယ်လိုရှိတယ်၊ ရခိုင်ပြည် အမျိုးသား ကောင်စီ လက်ရှိ ဘာတွေ လုပ်ဆောင်နေတယ် ဆိုတာတွေကို သိစေချင်တယ်၊ ရှင်းလင်းပြချင်တယ်။ ဒုတိယအချက်အနေနဲ့ မဲဆောက်ရောက် ရခိုင် ပြည်သူတွေရဲ့ အနေအထားက ဘယ်လို ရှိတယ်ဆိုတာကို ကျွန်တော်တို့က သိချင်တယ်။ အဲဒီလို ကောင်စီနဲ့ ပြည်သူ ဘာတွေ လုပ်နေတယ်ဆိုတာကို ဆွေးနွေးချင်တယ်။ နောက်တခုက ရခိုင်ပြည် နိုင်ငံရေးအခြေအနေ၊ ပြည်တွင်းရခိုင်ပြည် မြန်မာပြည် နိုင်ငံရေး အခြေအနေတွေ ဘယ်လို ဖြစ်နေတယ် ဆိုတာကို အပြန်အလှန် ဆွေးနွေးပြီးတော့ အနာဂတ်မှာ ဘယ်လို ရှေ့လုပ်ငန်းစဉ်တွေကို လက်တွဲပြီးတော့ လုပ်ဆောင်ကြမလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ကျင်းပရခြင်း ဖြစ်ပါတယ်” ပြောပြသည်။

အခမ်းအနားတွင် ဦးဆောင်ဟောပြောသူများအဖြစ် ရခိုင်ပြည် အမျိုးသားကောင်စီ ဥက္ကဋ္ဌ ဆရာတော် ဦးသီဟ၊ နာယက ဦးအောင်ဝင်း၊ ဒု-ဥက္ကဋ္ဌ (၂) ဦးကောင်းဇံ၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးမင်းထွန်းနှင့် ဒေါ်သဇင်မြတ်တို့က ဆောင်ရွက် ခဲ့ကြသည်။

အခမ်းအနားကို ရခိုင့် အမျိုးသားသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ရခိုင့် အောင်လံတော်နှင့် ရခိုင်ပြည် တော်လှန်ရေးတွင် ကျဆုံးသွားခဲ့ကြသော အာဇာနည် ပုဂ္ဂိုလ်များအား တမိနစ်ခန့် ငြိမ်သက် အလေးပြုခဲ့ကြသည်။ ထို့နောက် အခမ်းအနား အစီအစဉ်အတိုင်း ဥက္ကဋ္ဌ ဆရာတော် ဦးသီဟက ရခိုင့် တော်လှန်ရေး၊ သံဃာ့လှုပ်ရှားမှု၊ ဘာသာရေးနဲ့ နိုင်ငံရေး ဆက်စပ်ပုံ ခေါင်းစဉ်ဖြင့် ဟောကြားခဲ့သည်။ ထို့နောက် ဦးအောင်ဝင်းက ရခိုင် အမျိုးသားနိုင်ငံရေးနှင့် လူငယ်ကဏ္ဍ၊ ဦးထွန်းဇော်မှ ရခိုင်ပြည် အမျိုးသား ကောင်စီ ပေါ်ပေါက်လာပုံနှင့် သမိုင်းပေးတာဝန်၊ ဦးကောင်းဇံမှ ရွေ့ပြောင်း အလုပ်သမား အခွင့်အရေးနှင့် ဥပဒေ၊ ဦးမင်းထွန်းက ရခိုင့် နိုင်ငံရေးနှင့် ယနေ့လူငယ်၊ ဒေါ်သဇင်မြတ်မှ ရခိုင်ပြည် တော်လှန်ရေးနှင့် ရခိုင် အမျိုးသမီးများ၏ အခန်းကဏ္ဍ စသည်ဖြင့် အသီးသီး ဆွေးနွေး ဟောပြောခဲ့ကြသည်။ ထိုသို့ ဟောပြော ကြသည်များကို တက်ရောက် လာသူများနှင့် အပြန်အလှန် မေးမြန်းဖြေကြား ဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။

ဦးထွန်းဇော်က ရခိုင်ပြည်အမျိုးသားကောင်စီ ပေါ်ပေါက်လာပုံနှင့် ပတ်သက်ပြီး ရှင်းလင်းပြရာတွင် “ရခိုင်ပြည် အမျိုးသားကောင်စီကို (၂၀၀၄) ခုနှစ်မှာ တော်လှန်ရေး၊ နိုင်ငံရေး ပါတီ အဖွဲ့အစည်း (၄) ခု ဖြစ်ကြတဲ့ ALD-Exile၊ ALP၊ NUPA၊ DPA တို့ကို အရင်းတည်ပြီးတော့ ရဟန်းသံဃာ၊ ကျောင်းသား လူငယ်၊ အမျိုးသမီးအဖွဲ့တို့ ၀ိုင်းရံပြီးတော့ ဖွဲ့စည်းထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ခုအချိန်မှာတော့ တော်လှန်ရေး၊ နိုင်ငံရေး ပါတီဖြစ်ကြတဲ့ ALD – Exile၊ NUPA၊ RSU၊ AASYC တို့နဲ့ (၂၀၁၀) ဒုတိယ အကြိမ် ရခိုင်ပြည်အမျိုးသားကောင်စီညီလာခံမှာ ပြန်လည် စုစည်းပြီးတော့ အမျိုးသား တာဝန်တွေကို ကြိုးစား ဆောင်ရွက်နေပါတယ်။” ဟု ပြောကြားခဲ့သည်။

တက်ရောက်လာသူများထဲမှ အချို့ကလည်း သူတို့၏ ရင်တွင်း ခံစားချက်များကို ဖွင့်ဟပြောဆိုမှုများ ရှိခဲ့သည်ဟု သိရှိရသည်။ တက်ရောက်လာသူ ရခိုင် အမျိုးသမီးတဦးက ပြောပြာရာတွင် “ခုလို တွေ့ဆုံဆွေးနွေးပွဲတွေဟာ အများကြီး လိုအပ်ပါတယ်။ ဒီလို တွေ့ဆုံခွင့်ရတာဟာ ပြည်ပ ရောက်လာကြတဲ့ ရခိုင်လူမျိုး အချင်းချင်း နားလည်မှု၊ ခင်မင်မှုတွေ ပိုပြီးတော့ ရလာနိုင်တယ်။ နောက်ပြီး ရခိုင်ပြည်နိုင်ငံရေးနဲ့ ပတ်သက်ပြီး အခုလိုနားထောင်ခွင့် ရတဲ့အတွက် ပိုပြီး ဗဟုသုတ တိုးပွါးစေပါတယ်” ဟု ဆိုသည်။ ရခိုင်အမျိုးသမီးတဦးကလည်း ယခုနောက်ပိုင်းတွင် မဲဆောက်မြို့သို့ အသက် မပြည့်သေးသော ရခိုင်မိန်းကလေးများ အလုပ်လုပ်ရန် ယခင်ကထင် ပိုမို ရောက်ရှိလာကြကြောင်း၊ (၁၅) နှစ် မပြည့်သေးသော ရခိုင် မိန်းကလေးများ ယခုနှစ်တွင် ပိုမို ရောက်လာကြကြောင်းနှင့် ထိုသို့ ရခိုင်ပြည်ကို စွန့်ခွာပြီး အလုပ်လုပ်ဖို့ လာနေရခြင်းမှာ အုပ်ချုပ်သူများ၏ ဖိနှိပ်မှုများကြောင့်ဟု သူယူဆကြောင်း ပြောကြားခဲ့သည်။

နောက်ထပ် ရခိုင်အမျိုးသမီးတဦးမှလည်း အမျိုးသမီးရေးရာနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်ချက်များ ရှိသလဲဟု မေးမြန်းရာ ဒေါ်သဇင်မြတ်က “ANC အနေနဲ့ အမျိုးသမီးရေးရာနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်ပေးနေတဲ့ တာဝန်ခံ အမျိုးသမီးတွေ ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးရေးရာ ဆိုတာက အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ရခိုင်တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စလဲ ဖြစ်ပါတယ်။ အဲဒါကြောင့် အမျိုးသားတွေနဲ့လည်း လက်တွဲပြီး လုပ်ဆောင်နေပါတယ်။” ဟု ဖြေကြားသွားခဲ့သည်။

ရခိုင့်လက်နက်ကိုင် ပါတီများဖြစ်သော ALP နှင့် DPA တို့ မပါဝင်နိုင်ခြင်းအပေါ် Arakan Review မှ ဆက်သွယ် မေးမြန်းလျှောက်ထားရာ ဥက္ကဋ္ဌ ဆရာတော်ဦးသီဟမှ “ပြောရမယ်ဆိုရင် ရခိုင်ပြည် အမျိုးသား ကောင်စီအပေါ် သူတို့ရဲ့ ရပ်တည်ချက်ကို တရားဝင် ပြောကြားခဲ့တာ မရှိသေးဘူး။ ဦးဇင်းတို့ ဒုတိယအကြိမ် ရခိုင်ပြည် အမျိုးသားကောင်စီ ညီလာခံ မကျင်းမီ အကြိုညှိနှိုင်းဆွေးနွေးမှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် သူတို့ဘက်က တရားဝင် တုန့်ပြန်မှုဘာမှ မရှိခဲ့ဘူး။ ညီလာခံကိုလည်း တက်ရောက်လာခြင်း မရှိခဲ့ဘူး။ အဲဒါကြောင့် သူတို့ရဲ့ မပါဝင်နိုင်ခဲ့ခြင်းအပေါ်မှာ ရှင်းရှင်း လင်းလင်း ပြောဖို့ ခက်ပါတယ်” ဟု ဖြေကြားခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားမှာ ညနေ (၆း၃၀) အချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရှိရသည်။ နောက်လည်း ယခုကဲ့သို့ လူထုနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ထပ်မံ ပြုလုပ်သွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရှိရပါသည်။

http://arakanreview.net/?p=3171

စစ်တွေ တက္ကသိုလ်မှ ကျောင်းသား ၂၄ ဦးကျောင်းထုတ်ခံရ

News Date:6/19/2011
စစ်တွေ တက္ကသိုလ်မှ ကျောင်းသား ၂၄ ဦးကျောင်းထုတ်ခံရ


မောင်အေး

စစ်တွေ တက္ကသိုလ်မှ တတိယနှစ် ကျောင်းသား ၂၄ ဦး ကျောင်းထုတ်ခံရကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ကျောင်းထုတ်ခံရခြင်းကို စစ်တွေ တက္ကသိုလ်ကျောင်းသားတစ်ဦးက ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။


sittwe-university
"Semester one နှစ်ဝက် စာမေးပွဲ စစ်တဲ့ နေရာမှာ စာကူးချတဲ့ အတွက် ဖြစ်ပါတယ်။ ရူပဗေဒ ၉ ဦး၊ သတ္တဗေဒ က ၁၀ ဦးနဲ့ တခြား ဘာသာရပ်တွေက ၅ ဦး ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ကျောင်းထုတ်ခံရသော ကျောင်းသားများမှာ တတိယနှစ် ကျောင်းသားများ ဖြစ်ကြပြီး ယခုအပတ်အတွင်းက ကျောင်းထုတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်မှလည်း ကျောင်းထုတ်ခံရခြင်းကို အတည်ပြု ပြောကြားပြီး သူက " သာမန် ကျောင်းနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကြောင့် ကျောင်းထုတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ တခြား ကိစ္စရပ်တွေကြောင့်တော့ မဟုတ်ဘူးလို့ သိရပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ ကျနော်တို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်" ဟု ပြောသည်။

ကျောင်းသားများ ကျောင်းထုတ်ခံရခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

http://www.narinjara.com/detailsbur.asp?id=3252

ဘင်္ဂလာတွင် (၆၆)နှစ်မြောက် ဒေါ်စုမွေးနေ့ WLB (မြန်မာနိုင်ငံ)မှ ကျင်းပ

ဂစ္ဆပသတင်းဌာန
ဇွန်လ(၁၉)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ဘင်္ဂလာတွင် (၆၆)နှစ်မြောက် ဒေါ်စုမွေးနေ့ WLB (မြန်မာနိုင်ငံ)မှ ကျင်းပ




အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ဦးဆောင်ပြီး (၆၆)နှစ်မြောက် ဒေါ်စုမွေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားကို ဘင်္ဂလာတွင် ဒီမိုကရေစီ အင်အားစုများအား ဖိတ်ခေါ်၍ ယနေ့ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားဖွင့်ပွဲကို ဗုဒ္ဓဘာသာဝင်များ၏ ထုံးတမ်းအစိုင်အလာအတိုင်း နမောတဿ သုံးကြိမ်ရွက်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ရခိုင်အမျိုးသမီးများအစည်းအရုံး အဖွဲ့ဝင်များမှ ဒေါ်စုအား မွေးနေ့ဂုဏ်ပြုသည့်အနေဖြင့် မွေးနေ့ လက်ဆောင် သီသဖြင်းတပုဒ်ကို ဖျော်ဖြေသွားခဲ့ကြကြောင်း အခမ်းအနားကို ဦးဆောင်ကျင်းပသူ စောမီမီသန်းက ဂစ္ဆပသို့ ပြောသည်။

ဒေါ်စုမွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားသို့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အခြေစိုက် ရခိုင်ဒီမိုကရေစီအင်အားစုများနှင့် ရခိုင်တော်လှန်ရေး၊ နိုင်ငံရေး အဖွဲ့အစည်းများ စုစုပေါင်း (၃၀)ကျော် တက်ရောက်ပြီး ဒေါ်စုမွေးနေ့လက်ဆောင်အဖြစ် ဂုဏ်ပြုမိန်းခွန်းများ ပြောကြားခဲ့ကြကြောင်း သူမက ဆက်လက်၍ အောက်ပါအတိုင်း ရှင်းပြသည်။

ဂစ္ဆပသတင်းဌာနမှ WLB သဘာပတိအဖွဲ့ဝင် တဦးအား ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပြုမွေးနေ့အထိမ်းအမှတ် ပြုလုပ်ရခြင်း ရည်ရွယ်ချက် အပါအ၀င် ခြုံငုံပြီး ဆက်သွယ်မေးမြန်းထားသည်။




“ကျမတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဘင်္ဂလားဒေ့ခ်ျ ဒေသမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ အခမ်းအနားတခုကို ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို အမြဲတမ်းထောက်ခံအားပေးနေတယ် ဆိုတာကို သူမနဲ့တကွ
ပြည်သူတွေ သိရှိစေရန်၊ ကျမတို့ စစ်ကိုမလိုလားဘူး၊ ကျမတို့လိုချင်တာ လုံးဝငြိမ်းချမ်းရေး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ
ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိထားတဲ့ အမျိုးသမီးခေါင်းဆောင်တဦးဖြစ်တယ်၊ ဒါကြောင့်ကျမတို့ သူမကို ယုံကြည်မျှော်လင့်ကြောင်းကို ပြသတာဖြစ်တယ်၊ ဒီနေ့မှာ ကျမတို့ အဖွဲ့ချုပ်အနေနဲ့ ထိုင်းနိုင်ငံမှာ(၄)နေရာ၊ ဘင်္ဂလားဒေ့ခ်ျမှာတနေရာ၊ အိန္ဒိယမှာ (၂)နေရာနဲ့
တရုတ်နယ်စပ်မှာ(၂)နေရာပြုလုပ်သွားခဲ့ကြတယ်၊ ကျမတို့ဟာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပခဲ့တယ်။ အခုသူမ အကျယ်ချုပ်မှ လွတ်မြောက်လာတဲ့အချိန်မှာလည်း ကျမတို့ဟာ သူမကို အမျိုးသမီးတွေဟာ အမျိုးသမီးဆိုတဲ့ အလံတခုတည်းအောက်မှာ အမြဲရှိနေတယ်ဆိုတာကို သက်သေပြတာဖြစ်တယ်၊ ဒီအခမ်းအနားမှာ ကျမတို့ ရခိုင်လူငယ်တချို့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဂုဏ်ပြု သီချင်းတပုဒ်ဖြင့် ဖျော်ဖြေခဲ့ကြတယ်၊ အဲဒီသီချင်းမှာ ကျမတို့လူငယ်တွေက ဒေါ်စုကို အစဉ် ရွှင်လန်းချမ်းမြေ့ဖို့ ဆုတောင်းပေးတယ်၊ ဒါ့ပြင်မြန်မာနိုင်ငံအတွင်း ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဆုတောင်းပေးတယ်၊ သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ မကျတဲ့နည်းလမ်းတွေကို ဒီမိုကရေစီကျဖို့ တောင်းဆိုတယ်၊ ဒါ့ပြင်ပြည်သူတွေက ဒေါ်စုကို
ဝိုင်းဝန်းအားပေးထောက်ခံကြဖို့နဲ့ ပြည်ပမှာလည်း ဒေါ်စုကဲ့သို့ အမေများရှိကြောင်းကို သတင်းပေးပို့တဲ့သီချင်းနဲ့ သီဆိုခဲ့တယ်၊
ဒီအခမ်းအနားမှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဘင်္ဂလားဒေ့ခ်ျ ဒေသတာဝန်ခံ စောလှမြသူက အဖွင့်မိန်းခွန်း စကား ပြောကြားခဲ့ပါတယ်၊ တက်ရောက်လာကြတဲ့ ရခိုင်သူ၊ ရခိုင်သားများမှလည်း အသီးသီးဂုဏ်ပြုမိန်းခွန်း စကားပြောကြားခဲ့တယ်၊
ကျေးဇူးတင်စကားနဲ့ အပိတ်မိန်းခွန်းစကားကို အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) သဘာပတိအဖွဲ့ဝင်ဖြစ်တဲ့ ကျမ စောမီမီသန်းက ပြောကြားခဲ့တယ်၊ အဖွဲ့ချုပ်မှ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို ရခိုင်အမျိုးသမီးများအစည်းအရုံးအဖွဲ့ဝင် စောမြတ်မြတ်ခိုင်က
ဖတ်ကြားပေးသွားပြီး အခမ်းအနားကို နေ့လည် တနာရီမှ ၃နာရီအတွင်း ပြုလုပ်ကျင်းပခဲ့ပါတယ်။” ဟု WLB သဘာပတိအဖွဲ့ဝင် စောမီမီသန်းကဂစ္ဆပသို့ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ အထွေထွေအတွင်းရေးမှူး ဒေါ်စုမှာ မိမိ၏ မွေးနေ့ပွဲကို စစ်အာဏာရှင်၏ နှစ်ပေါင်းများစွာ အကျယ်ချုပ်ချခံခဲ့ရမှုမှ လွတ်မြောက်လာပြီးနောက် ယခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိခြင်းဖြစ်သည်။

ဒေါ်စုမှာ ၁၉၈၈ ခုနှစ်မှစတင်၍ NLD တွင် အထွေထွေအတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်လာခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်ပြီး အမျိုးသမီးတဦးပီပီ မြန်မာနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် အဓိကကြိုးစားဆောင်ရွက်နေသော အများက လက်ခံယုံကြည်ကြသည့် ဒီမိုကရေစီခေါင်းဆောင်တဦး ဖြစ်ကြောင်း နိုင်ငံတကာသတင်းများက ဖေါ်ပြသည်။

WLB (မြန်မာနိုင်ငံ) ဘင်္ဂလာဒေ့ခ်ျဌာနခွဲမှ ဒေါ်စုမွေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားကို ကော့စ်ဘဇားခရိုင် နွားရုံတောင်ကျေးရွာရှိ ရခိုင်ဖွံ့ဖြိုးတိုးတက်ရေးအဆောက်အအုံ (RDF)ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ တခြားနိုင်ငံ အရပ်ရပ်များတွင် ဒေါ်စု မွေးနေ့ပွဲ ဂုဏ်ပြုအစီအစဉ်များကို နည်းမျိုးစုံ လှုပ်ရှားကျင်းပခဲ့ကြသည်။

မြန်မာ စစ်အုပ်စု လက်ဝေခံ ခေတ်ပျက်သူဌေး ဘူဇွာစောအောင်၏ စေတနာအဆိပ်သင့်နေသော မလေးရခိုင်လူထုကံကြမ္မာ

မြန်မာ စစ်အုပ်စု လက်ဝေခံ ခေတ်ပျက်သူဌေး ဘူဇွာစောအောင်၏ စေတနာအဆိပ်သင့်နေသော မလေးရခိုင်လူထုကံကြမ္မာ

မြန်မာ စစ်အုပ်စု လက်ဝေခံ ခေတ်ပျက်သူဌေး ဘူဇွာစောအောင်၏ စေတနာအဆိပ်သင့်နေသော မလေးရခိုင်လူထုကံကြမ္မာ
အောင်ရဲလင်း စစ်တွေ၏ ဟစ်တိုင်တွင်ဖော်ပြထားသော Capitalist ကြိုးကိုင်လာမည့် မလေးရှားရခိုင် ဒုက္ခသည်ရုံးများ ဆောင်းပါးကိုဖတ်ရချင်း ထပ်ဖြည့်ရေးဖို့ စိတ်ကူးရလိုက်သည်။ ထပ်ဖြည့်ဆိုသည်ထက် ပီပြင်သော ဘူဇွာစောအောင်၏ ပုံပန်းကို ဖော်ထုတ်ဖို့သာဖြစ်သည်။




- ဘူဇွာစောအောင်ဆိုသူဟာ ဘယ်လိုလူစားလဲ ?
- ဘူဇွာစောအောင် လောလောဆည် လုပ်ကိုင် ဆောင်ရွက်နေတာတွေက ဘာတွေလဲ ?
- သူ့လုပ်ငန်း၊ ဆောင်ရွက်ချက်တွေရဲ့  ဦးတည့်ရာ ပစ်မှတ်တွေက ဘာတွေလဲ ?

သာမန်တောရွာသားတစ်ဦးအဆင့်က နိုင်ငံတခု၏ ထိပ်တန်းချမ်းသာသူများစာရင်းဝင်သည်အထိ အချိန်တိုအတွင်း ကြီးပွါးလာခဲ့သူ ဘူဇွာစောအောင်၊ သွေးရိုးသားရိုးအတိုင်းကား မဟုတ်၊ မဆလခေတ်က မြန်မာပြည်တွင် စတင်ခဲ့သည့် ပေါ်ပင်စကားအတိုင်း အကပ်ကောင်းလို့သာဖြစ်သည်။ အကပ်မှ စောအောင်အကပ်က သွေးနှင့်ရင်းခဲ့ရသော အကပ်မျိုးဖြစ်နေသည်။ (၁၉၈၈) နှစ်မှ (၂၀၀၆) နှစ်အထိ ဗိုလ်ချုပ်ခင်ညွန့်ခေတ်တွင် သူ့ညီအရင်းခေါက်ခေါက် ကို ခင်မောင်သန်း (ခ) ခိုင်စင်္ကြာ မှာ ထိုအချိန်က ဗိုလ်ရာဇာ၏ ရခိုင့်တပ်မတော် ( Arakan Army = AA) တွင် တပ်သားတစ်ဦးဖြစ်ခဲ့ပြီး၊ (၁၉၉၇) ခုနှစ်တွင် ဗိုလ်ရာဇာ ဦးဆောင်သော ရခိုင်အမျိုးသား တော်လှန်ရေးကို သစ္စာဖောက်ပြီး ဗိုလ်ချုပ်ခင်ညွန့် အပါးတော်သို့ လျှိုဝင်ရောက်ရှိနိုင်အောင် စောအောင်က လမ်းခင်းပေးခဲ့ပြီး။ နောက်ဆုံး ဗိုလ်ရာဇာ၏ (၁၉၉၁)ခုနှစ်၊ ရန်ကြီးကျော်စစ်ကြောင်း (၁) ချီတက်ရာလမ်းကြောင်း အသေးစိတ်ကို ခင်ညွန့်ထံသို့ အတိကျ သတင်းပို့ပေးခဲ့သည်။ ဤအတွက် စောအောင် အကွက်စပေါ်ပြီး မင်းပါးစိုးခွင် ကပ်ဝင်ခိုမှီ၍ အလုပ်တွေ စဖြစ်လာခဲ့သည်။ စောအောင်ကား သူ့အပြောအရ နိုင်ငံရေးကို လုံးဝစိတ်ပါဝင်စားခြင်းမရှိသဖြင့် နိုင်ငံရေး၊ တော်လှန်ရေးသမားများနှင့် ခပ်စိမ်းစိမ်းနေလာခဲ့သူသာ ဖြစ်သည်ဆို၏။ တဖက်က (မင်သေသေနှင့် ထိုသို့ပြောပြီး) ပတ်ဝန်းကျင်ကို အာရုံလွှဲထားနိုင်လေ သူနှင့် သူ့မိန်းမတို့ပိုင်ဆိုင်သည့် ဒေါင်းမင်းကုမ္ပဏီအတွက် လုပ်ကွက်ကောင်းတွေ ပေါ်လာလေဖြစ်ခဲ့သည်။ ပြည်တွင်းပြည်ပ နှစ်ဖက်ခွ၍ လုပ်နိုင်လာသည်။ မဆလ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်း သမီးဒေါ်စန္ဒာဝင်းနှင့်တွဲဖက်ပြီး ဘိန်းမှောင်ခိုလုပ်ငန်းမျိုးအထိ လုပ်ကိုင်လာခဲ့သည်၊ နောက်ပိုင်း နေ၀င်းသားမက်နှင့် မြေးများ နိုင်ငံတော် သစ္စာဖောက်မှုဖြင့် အထိမ်းသိမ်းခံပြီးနောက်တွင် ဗိုလ်ချုပ်ခင်ညွန့်၏ သမီးနှင့် စောအောင် တွဲလုပ်ခွင့် ရခဲ့ပြန်သည်။ မြန်မာပြည်မှ ကျွန်းသစ်နှင့် ဘိန်းဖြူကို မိမိသင်္ဘောဖြင့် မလေးရှားသို့ သယ်ဆောင်လာခဲ့ပြီး၊ အပြန်တွင် ရေနံဆယ်သယ်သွားသည်။ ဤနည်းဤပုံဖြင့် စောအောင် တစ်ယောက် နေ့ချင်းညချင်း ကျိကျိတက်ချမ်းသာလာခဲ့သည်။ သို့ရာတွင် ဗိုလ်ချုပ်ခင်ညွန့် အာဏာသိမ်းခံရပြီး အကျဉ်းစံဖြစ်ရချိန်တွင် ညီဖြစ်သူ အဖမ်းခံခဲ့ရပြီး၊ အစ်ကိုဖြစ်သူ ဘူဇွာစောအောင်ကမူ အရှောင်အတိမ်းကောင်း၍ မလေးရှားတွင် အခြေချလာနိုင်ခဲ့သည်။ (၂၀၀၉)ခုနှစ်တွင် ကို ခင်မောင်သန်း ထောင်မှလွတ်လာခဲ့ပြီး၊ များမကြာမီမှာပင် ထောင်ကျစဉ်က ညှင်းဆဲဒဏ်များဖြင့် သေဆုံးသွားခဲ့သည်။ စောအောင်ခမျာမှာ မလေးရှားနိုင်ငံလို လွတ်လပ်သော တနေရာတွင်ပင် ကိုယ့်အစိုးရိမ်နှင့် ကိုယ်မို့ ညီအတွက် အတော်ကြာပြီးသည့်တိုင် အမျှဝေ ရေစက်မချရဲခဲ့ပေ။ မိမိကြီးပွါးရေးအတွက် ညီကိုပင် ချသုံးရဲခဲ့သော၊ ကိုယ်တည်းတယောက် ထွန်းပေါက်အောင်မြင် သူဌေးဖြစ်ချင်ခြင်း တစ်ခုတည်းအတွက် တိုင်းပြည်လူမျိုးတခုလုံးအရေးကို အရင်းအနှီးပြုရဲသော ဘူဇွာစောအောင်လိုလူမျိုးမှာ ကိုယ့်အကျိုးပြီးစီးဖို့သာ ပဓာန၊ တခြားဘာဆိုဘာမှ အရေးမကြီး၊ ရမယ်ဆို ဘနဖူး သိုက်တူးနေကျထဲက ဖြစ်သည်။

သို့ရာတွင် ဘူဇွာစောအောင် ဘယ်လောက်ရခဲ့လို့၊ ခုအထိ ဘယ်အဆင့် ချမ်းသာနေပြီလဲ၊ (၁၀၊ ၀၆၊ ၁၁)မနေ့က ဘီဘီစီမှာ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်က ကမ္ဘာ့အချမ်းသာဆုံးသူများ ခေါင်းစဉ်ဖြင့်ထုတ်လွှင့်ခဲ့သည့် မြန်မာ့ခေတ်ပျက်သူဌေးများ စာရင်းတွင် စောအောင်နာမည်ပါမလာခဲ့သည်ကို ထောက်လျှင် လောလောဆည်တွင် ဘူဇွာစောအောင် ကျနေမှန်းသိသာသွားသည်။ စောအောင် ကျနေသည်က စီးပွါးရေးဘက် သက်သက်တွင်သာ မဟုတ်၊ လူမှုရေး၊နိုင်ငံရေးနှင့် ဘ၀ရပ်တည်ရေးများ ဖက်တွင်ပါ ကျဆင်းနေခြင်းဖြစ်သည်။ သူဘာတွေ ကောက်လုပ်နေသည်ကို ထောက်၍ လိုက်ကြည့်လျှင် သူဘယ်လောက်အထိ ကျ၍ ဘယ်လောက်အထိ ရနေသေးမှန်း သိနိုင်သည်။ နအဖ၏ လက်ဝေခံ တစ်ဦးအဖြစ် ရခိုင်ပြည်နယ်မှ သယံဇာတများကို ကိုယ်ကျိုးအတွက် မှောင်ခိုထုတ်။ လူကူကုန် လုပ်ခဲ့ပြီး၊ ယနေ့တိုင် လုပ်ကိုင်နေဆဲလည်းဖြစ်သည်။သတင်းတခုအရ ရခိုင်ပြည်နယ်က ကျွန်းသစ်တွေနှင့်အတူ လူအယောက် (၄၀) တင်ဆောင်လာသော ဘူဇွာစောအောင်၏ ဒေါင်းမင်းကုမ္ပဏီပိုင် စက်လှေတစီး မလေးကို ထွက်အလာတွင် လူတင်သွင်းခ ငွေတောင်းခံ၍ အငြင်းပွါးရာမှ ရန်ဖြစ်ပစ်ခေတ်ကြသည့်အတွက် စက်လှေနစ်ျြမုပ်ခဲ့ရာ တစ်ယောက်ကလွဲ၍ အားလုံးသေဆုံးခဲ့သည်။ ယခုလထဲတွင်း နောက်ဆုံးဖြစ်ပျက်ခဲ့သော ဤသတင်းကိုကြည့်လျှင်ပင် စောအောင်၏ လုပ်ငန်းသဘောကို သိသာနိုင်သည်။

လောလောဆယ်တွင် စောအောင်၏ စီးပွါးရေး အခြေနေ အရင်လောက်မကောင်း။ သို့ သော် မလေးရောက် ရခိုင်လူထုကို အသုံးချသွားနိုင်က စောအောင်မှာ ရပေါက်တချို့ ကျန်ရှိနေသေးပုံရသည်။ ရခိုင်ရုံးများကို ညီညွတ်ပေါင်းစည်းမိအောင် လုပ်ပေးခြင်းဖြင့် တခုတည်းဖြစ်လာမည့် ရခိုင်ရုံးကို စောအောင်က ၀င်ရောက်၍ စိတ်ကြိုက်ချယ်လှယ်ခွင့်ရခဲ့လျှင် အနေအထားတွေက အဖက်ဖက်က တိုက်ရိုက်တမျိုး သွယ်ဝိုက်သော အားဖြင့်ပါ ပိုကောင်းမွန်လာမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် မြန်မာဥယျာဉ်ကို တည်ထောင်ခဲ့သူ ကို ကျော်နုကားတိုက်သေခဲ့ပြီးနောက် ကျန်ရစ်သူဇနီးမယား မမြင့်ကို စောအောင်တို့လင်မယားက ဥာဏ်နီဥာဏ်မဲတွေသုံး၍ နည်းမျိုးစုံဖြင့် အကျပ်ကိုင်မောင်းထုတ်ပစ်ပြီး၊ မိမိကိုယ်ပိုင် ပစ္စည်းလုပ်ပစ်ခဲ့သည်။ ရဖို့ ဝဖို့ ကလွဲ၍ ဘာဆိုဘာမျှမစဉ်းစားနိုင်သော၊ စဉ်းစားရိုးထုံးစဉ်လည်း မရှိဘူးသော စောအောင်တို့လင်မယားအဖို့ လူမှုရေးသက်ညှာမှုကင်းမဲ့စွာ လူမဆန်စွာ ပြုမူခဲ့သည်မှာ မဆန်း။ (ဤနည်းကိုပင် အသုံးချပြီး စောအောင်က သဇင်စားသောက်ဆိုင် အပိုင်ကိုင်.. KLရုံးကို လက်ကိုင်ဒုတ်တွေနဲ့ ထိမ်းချုပ်လုပ်လိုက်ပါပြီ)။

ဗမာစစ်အုပ်စု၏ နောက်ကွယ်က ကြိုးဆွဲသည့်အတိုင်း မလေးလူထုအား အချိုသတ် အယုံသွင်းပြီး နားလှည့်ပါးရိုက်လုပ်ခဲ့ပေါင်းများလှပြီ။ နိုင်ကွက်ပေါ်လာလျှင် အပိုင်ပင် တွယ်လိုက်ဦးမည့် စိုးအောင်၏ လက်သံသည် ယနေ့အထိပြောင်ဆဲလည်း ဖြစ်ကြောင်း အားလုံးမြင်ကြသိကြသည့်အတိုင်းပင်။

- ပြီးခဲ့သည် မတ်ခ်ျလ(၂၇) ရက်နေ့တွင် ARRC, ANC-S အကြံပေးအရာရှိလည်းဖြစ်၊ ရခိုင်ပြည်အမျိုးသားကောင် ANC ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ဦးညီညီလွင်အား ပုလိပ်ငွေထိုးပြီး အမှုဆင်ဖမ်းဆီးခဲ့သည်။ (ထိုနေ့ထိုအချိန်သည် မြန်မာ့တပ်မတော်နေ့နှင့် တိုက်ဆိုင်လေသလား၊ တမင်တိုက်ဆိုင်အောင်ကို လုပ်ထားလေသလားဆိုသည်ကိုမူ ဘူဇွာစောအောင်သာ သိနိုင်မည်၊ ပို၍ပိရိသေချာအောင် စီစဉ်တတ်သည့် ဘူဇွာစောအောင်ကြီး ထိုနေ့ကျင်းပသည့် မြန့်မာတပ်မတော်နေ့တွင် အထူးဧည်သည်တော်အဖြစ် တက်ရောက်နေခဲ့သည်)။
- မတ်ခ်ျလ(၃၀) ရက်နေ့ ညနေတွင်မူ - ဘူဇွာစောအောင်၏ ခါးပိုက်ဆောင် Anti-correction ပုလိပ်တပ်ဖွဲ့ဖြင့် ရုံးတံခါးများကို ရိုက်ချိုးပြီး၊ အတင်းဝင်ရောက်စီးနင်းကာ ရုံးတွင်းရှိ အမှုဆောင်များ၊ ၀န်ထမ်းများအားလုံးကို ဖမ်းဆီးပြီး၊ ငွေနှင့် ရုံးသုံးပစ္စည်းများအားလုံးကို သိမ်းယူသွားခဲ့သည်။ (ဤနေ့လည်း သိန်းစိန် အစိုးရသစ် အာဏာလွှဲပြောင်းရယူသောနေ့ ဖြစ်နေကြောင်း သတိပြုပါ)။

ယနေ့ လူမြင်ကောင်းအောင် မင်းသားခေါင်းစွပ်ပြီး၊ မားမားမတ်မတ်ရပ်ပြနေသော ဘူဇွာကြီးတဦး၏ ရခိုင်လူထုအပေါ်ထားရှိသော စေတနာသည် အဘယ်အထိ ရိုးဖြောင့်၍ စိတ်ချလက်ချ လေးစားအပ်သည်ကို ဆန်းစစ်ကြည့်ရန် လိုအပ်သည်။ ဘူဇွာစောအောင် ဆင်သည့် ဂွင်ထဲမှာ ရခိုင်ရုံးတွေ ၀င်သွားပြီဆိုလျှင် ANC-S, ARRC ကို ပြန်ပေးစရာရှိသည့်၊ (စောအောင်အတွက်က ဘာမျှမဖြစ်လောက်၍ အချိန်မရွေးပြန်ပေးမည်ပြောနေပြီး ခုထိမပေးရဲသေးသည့်) ရင်းဂတ် တသိန်းကို ပြန်ပေးစရာပင် မလိုတော့သည် အကျိုးဆက်ကစ၍ စောအောင့်အတွက် မြက်မြက်လေးတွေချည်း။ ငွေပို့ ငွေလွှဲကိစ္စတခုတည်းမှပင် သိန်းသန်းကုတေချီ၍ မြတ်စွမ်းလာနိုင်သည်၊ မလေးရခိုင်လူထုထဲမှ လက်တဆုပ်စာ စုန်းပြူးများအနေဖြင့် စားဖော်စားဖက်ကျ၍ဖြစ်စေ၊ အသိမဲ့ဖြစ်စေ ၀ိုင်းရံနေကြသရွေ့ ဘူဇွာစောအောင်တယောက် ဗိုလ်နေမြဲကျားနေမြဲ စားပေါက်ရှောင်နေဦးမည်။ ထို့လောက်မျှတွင် ရပ်လျှင် အကြောင်းမဟုတ်သေး၊ စောအောင်လို သိုးရဲခြုံထားသော ၀ံပုလွေက လူအုပ်ထဲတွင် ထိုးဖောက်ဝင်ရောက်ပြီး နေရာယူထားနိုင်သည်နှင့်အမျှ လူထုအတွက်ရော အမျိုးသားရေး တခုလုံးအတွက်ပါ လွယ်ပိုးထားရသော အန္တရာယ်မှာ ခန့်မှန်းမကျအောင်ကို များနေမည်သာဖြစ်သည်။ မတ်ခ်ျလ (၃၀) နေ့က စောအောင်နှင့် အပေါင်းပါ လက်ပါးစေများ၏ လုပ်ရပ်သည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ရုံးများကို ဗမာ စစ်အာဏာရှင်က မတရားအသင်းကျေညာပြီးနောက် ဆိုင်းဘုတ်ဖြုတ်ချလိုက်သည်နှင့်တူသလို၊ ရန်သူတပ်ဖွဲ့များကြားတွင် အသေအကြေ အငိုက်မိ ၀င်စီးလိုက်သည်ပုံစံမျိုးနှင့်လည်း တထေရာတည်းပင်ဖြစ်လေသည်။ မလေးရှားရောက် ရခိုင်လူထုတခုလုံးအကျိုးကို နှစ်ရှည်လများ သည်ပိုးဆောင်ရွက်ခဲ့ ဆောင်ရွက်ဆဲဖြစ်သော ရုံးတရုံး၊ ထောင်သောင်းချီသော လူနာမျိုးစုံကို စေတနာပြည့်ဖြင့် ကူညီကယ်ဆယ်နိုင်ခဲ့သောရုံးတရုံးအား အပြီးတိုင် ချေမှုန်းခြင်းဖြစ်သလို၊ ရခိုင်အမျိုးသားရေုးသင်္ကေတဖြစ်၍ ရခိုင်အမျိုးသားတခုလုံးနှင့် သက်ဆိုင်သော ANC ၏ အကျိုးစီးပွါးနှင့် ဂုဏ်သိက္ခာအား တိုက်ရိုက် ထိခိုက်စော်ကားလိုက်ခြင်းလည်း ဖြစ်နေပေသည်။ ANC-S တည်ရှိနေသရွေ့ ANC တွင် အင်အားကြီးတရပ် ဖြစ်တည်နေမည်ကို မလိုလားသူများမှာ စင်စစ်ရန်သူနှင့် ရန်သူ့ဖက်တော်သားများကလွဲ၍ တခြားမည်သူမှ မဖြစ်နိုင်ပေ။ ကျွန်တော် စာရေးသူ (စိန်ဘန်း) အနေဖြင့် ဤနေရာ၌ ANC မဟုတ်ပဲ၊ တခြားမည်သည့် ရခိုင့်နိုင်ငံရေးပါတီ တခုခု (ALD, NUPA,DPA, ALP) ဖြစ်လျှင်လည်း ဤအတိုင်းသာ ရှုမြင်သုံးသပ်မည် ဖြစ်ကြောင်း ရိုးသားစွာ ဖော်ပြအပ်ပါသည်။

လက်ရှိအခြေနေတွင် ဘူဇွာစောအောင်တို့မိသားစု စင်ဂါပူတွင် စီတီဇင်ဖြစ်ရန်ကြိုးပမ်းဆဲဖြစ်၏။ မြန်မာအစိုးရသစ်မှ ဥပဒေကြောင်းများ အရအလိုရှိဆဲဖြစ်၍ ပြည်တော်မပြန်နိုင်၊ မလေးတွင် မနေဖြစ်သော အကြောင်းတရားများ ရှိသလို အမေရိကန်လို နိုင်ငံတခုတွင် သွားနေဖို့လည်း ယခုထိ လက်တွေ့မကျနိုင်သေး။ သို့ဖြင့် နေစရာမသေချာသော သူနှင့် သူ့ မိသားစုအတွက် နေစရာတခုတော့ သေချာအောင် လုပ်ရဦးမည်၊ လုပ်နေမည်လည်း သေချာသည်။ ယနေ့ စောအောင် လိုက်ပါလုပ်ဆောင်ပေးနေသော ရုံးများပေါင်းစည်းးရေး လုပ်ငန်းကို ကြည့်ပါဦး၊ သူ့ ဒလန်တွေကို နေရာဦးအောင် လုပ်ပေးနေခြင်းက သူ့ခြေလှမ်းတွေ ဦးတည်ရာကိုပြနေသည်။ ဥပဒေတွေ၊ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းဆိုတာတွေက သူနှင့်ဒုံးဝေးသမို့ ထားလိုက်၊ လူတွေဘာပြောကြမည်ကိုမျှ စိုးအောင် ဂရုမစိုက်အားတော့။ ညီညီလွင်နှင့် ARRC-KL အမှုဆောင်များကို ပုလိပ်ငွေထိုး၊ အမှုဆင်ဖမ်း၊ ခိုင်မင်းချမ်းအုပ်စုကို လူမိုက်မွေးပြီး အေအာရ်ရ်စီ ကေလယ်ရုံးအဖြစ် အတင်းအကျပ်လုပ်ချလိုက်ခြင်းအတွက် ရခိုင်ပြည်အမျိုးသားကောင်စီ ANC သည်ပင် တဒင်္ဂအားဖြင့် အထိုင်ကျသွားသည်။ ဤသို့နည်းများဖြင့် ရခိုင်လူမှုရေးအသင်းအဖွဲ့များရော၊ နိုင်ငံရေးအဓိက အဖွဲ့အစည်းများကိုပါ အားနည်းပပျောက်အောင် စောအောင်လုပ်ဆောင်နေခြင်း၏ တခုတည်းသောဦးတည်ချက်မှာ ဘာဖြစ်နိုင်ပါသနည်း။ သခင်အားရ ကျွန်ဒဏ်ဝဆိုသည့်အတိုင်း ရခိုင်အမျိုးသားရေးလိုင်းတွင် အထိနာအောင် ဖွတ်ဖွတ်ကျေအောင် လုပ်ပြနိုင်လေ သခင်စစ်အုပ်စုအတွက် အားရစရာဖြစ်လေမဟုတ်ပါလား။ ဤထက် ထိရောက်စွာ လုပ်နိုင်လေ စောအောင်မှာ စီးပွါးရေးအခွင့်လမ်းတွေ ပွင့်လေသာ ဖြစ်ပါ၏။ ဤယုံမြင်၍ ဤချုံထွင်တတ်တဲ့ စောအောင်တို့လင်မယားလုပ်ရပ်တွေအတွက် ခိုင်လုံသော သာဓကဆောင်စရာတွေက အများသား။

- မြန်မာ ပစ်စ်ပို့ စ် လုပ်လိုသူများက ဘူဇွာမကြီးဒေါ်ရီဖြူက တဆင့် ဆက်သွယ်လုပ်ကြရသည်။
- ပစ်ပို့စ်သက်တမ်းကျော်လွန်၍ နေထိုင်ခြင်း၊ အသစ်တင်လိုခြင်းစသည့် လုပ်ငန်းများ အတွက် ဒေါ်ရီဖြူကို ဆက်သွယ်ကြရသည်။
- မြန်မာသံရုံးတွင် လွတ်လပ်ရေးနေ့လို နေ့များကျင်းပခြင်းအတွက် ကုန်ကျစရိတ်အစအဆုံးကို ဒေါ်ရီဖြူကပဲ ကျခံသည်။
- ၂၀၀၇ တွင် အလုပ်သမားထုက အခွန်ကောက်ခံခြင်းပြသနာကြောင့် သံရုံးကို မီးတင်ရှို့ စဉ်ကဆိုလျှင် စောအောင်သည် သာမန်ထက် - ၅ ဆခန့်  ဈေးမြင့်သောကွန်ပျူတာများကို ရက်ရောစွာ ပေးလှူခဲ့သေးသည်။
- မြန်မာစစ်အစိုးရ၏ သံရုံးက ဗိုလ်ကြီးအဆင့်ရှိ စစ်ထောက်လှမ်းရေး အရာရှိ တစ်ဦးဖြစ်သူ ကိုကျော်စိုးမှာ ဒေါ်ရီဖြူထံသို့ မပြတ်ဝင်ထွက် သွားလာလျှက်ရှိသည်။

- ၂၇၊၀၃၊၂၀၁၁ နေ့မလေးရှာသံတမန်အသိုင်းအ၀ိုင်းတွင်ကျင့်ပသော တပ်မတော်နေ့အခမ်းအနားအတွက် ကုန်ကျစရိတ်ကို ဦးစောအောင်တို့မိသားစုမှ တ၀န်ခံကမကထပြုပြီးကျင့်ပခဲ့သည်သာမက စင်ကာပူနိုင် ငံမြန်မာသံရုံးတွင်ကျင့်ပခဲ့သော တပ်မတော်နေ့အခမ်းအနားကို ဦးစောအောင်ကိုယ်တိုင်တက်ရောက် ခဲ့ပေသည်။
- ၄င်းအပြင်မြန်မာနိုင်ငံနှင့်ဆိုင်သော ကိစ္စအ၀၀ကို ဒေါ်ရီဖြူကဘဲလုပ်ကိုင်ဆောင်ရွက်နေသောကြောင့် မလေး ARRC ရုံးမှာ ရခိုင်ဒုက္ခသယ်ရုံးနှင့်မတူတော့ဘဲ ဗမာကောင်စစ်ဝန်ရုံးနှင့်တူနေပြီး ရခိုင်ဒုက္ခသယ်များ အတွက်လုံခြုံမှု အကင်းမဲ့ဆုံးနေရာတခုဖြစ်နေ၍ ရခိုင်ပြည်မှ မိဖ ညီအကို ဆွေးမျိုးသားချင်းများအနေနှင့် အချိန်မရွေး ငွေညှစ်ခြင်း မတရားဖမ်းဆီးခြင်းများကိုခံရနှိုင်ပေသည်။

ဦးသန်းရွေ ၊ ဦးမောင်အေး ၊ ဦးအောင်သောင်းတို့ရဲ့တပဥ့်တွေ ဘီလီယံနာဖြစ်နေချိန်တွင် ဦးခင်ညွန့်ရဲ့တပဥ့်ကတော့ မလေးရှာမှာ ပြည်ပြေားဘ၀ဖြင့် မှောင်ခိုဂိုင်းခေါင်းဆောင် ဖြစ်နေဆဲ။
ဘူဇွာစောအောင်တို့ လင်မယား ဤမျှအထိ ကပ်ဖားလျပ်ဖား လုပ်အား။ ငွေပါလိုက်ပေးနေရခြင်းအတွက် အကြောင်းတရားတွေကလည်းရှိနေခဲ့သည်။ ဗမာပြည် စစ်အုပ်စု ထိပ်တန်း အာဏာရှင်တွေကြား အာဏာလွန်ဆွဲပွဲတွေ အကြိမ်ကြိမ်ဖြစ်၍ မင်းပြောင်းမင်းလွဲဖြစ်ခိုက် အသစ်တက်လာသည့် စစ်ခေါင်းများက ဗိုလ်ချုပ်ခင်ညွန့်နှင့် အပေါင်းပါများအား လူရှင်းပွဲ၊ လူဖမ်းပွဲများလုပ်လိုက်သည့်အခါ သူတို့တွေ ခွေးပြေးဝက်ပြေးခဲ့ရသည်။ (စောအောင့်အပေါ်မှာတော့ ဖမ်းဝရမ်းက ခုထိလည်း ထုတ်ထားဆဲသာဖြစ်၏)။ သို့ဖြင့် ကျေရာကျေကြောင်းတွေ အလုပ်ဖြစ်ခဲ့လျှင် ပြည်တော်ပြန်နိုင်မည်၊ Passporst လုပ်၊ multiple visa တွေယူပြီး မြန်မာနှင့် နိုင်ငံတကာမှာ လွတ်လပ်စွာ ၀င်ထွက်ခွင့်လည်းရှိ။ ဒိထက်လည်း စီးပွါရေးတက်လမ်းတွေဖြစ်ဦးမည်မုချ။ အစိုးရသစ်အား တတ်နိုင်ကောင်းသရွေ့ ချည်းကပ်၊ မျက်နှာချိုသွေးနေရခြင်း အကြောင်းရင်းကတော့ အထူးပြောပြစရာ့တောင်မလိုလ၊ှ သားရွှေအိုးထမ်းလာသည်ကို မြင်ရစေ့မယ် ဆုတောင်းနန့်  ခဲတလုံးတည်းမှာ ငှက်နှစ်ကောင် ပါအောင် လုပ်နေခြင်းသာ။

ဤအချက်များအားလုံးကို ဆက်စပ်ပြီး၊ ခြုံငုံသုံးသပ်ကြည့်လျှင် -
- ဘူဇွာစောအောင်ဆိုသူဟာ ဘယ်လိုလူစားလဲ ?
(ဤဘူဇွာလူကြီးမင်းသည် အလကားဆိုလျှင် မိမိပါးပြင်ပေါ်တွင်လာနားသည့် ခြင်တွေမှက်တွေကိုတောင် အနှောင့်ယှက်ဖြစ်မည်စိုး၍ မောင်းထုတ်လေ့ရှိသူမဟုတ်။ ရမည်ဆိုရင်တော့ ဘနဖူးလည်း တူးနေကျလူစားမျိုးသာဖြစ်သည်။ အရေးကြီးဆုံးက မလေးလူထုကြားမှာ စောအောင်တယေက် ဘယ်လောက်အထိ ဖျံကျတွင်ကျယ်နေပါစေ သင်ကိုယ်တိုင် စောအောင့်စေတနာ အဆိပ်ငွေ့ မရှူမိစေဖို့သာ..)။
- ဘူဇွာစောအောင် လောလောဆည် လုပ်ကိုင် ဆောင်ရွက်ခဲ့ဖူးပြီး၊ ဆောင်ရွက်နေတာတွေက ဘာတွေလဲ ?
(မြန်မာပြည်ခေတ်ပျက်လေ စောအောင်တို့တောကြောင် ခေတ်ပျက်သူဌေးတွေက လက်ခမောင်း ခပ်လို့ကောင်းလေ အလုပ်တွေပဲ သူလုပ်ဖူးသည်။ အခုနောက်ဆုံးသူ့အသက်ကို ပေးဆပ်သွားရသည့်တိုင် ဟိုဖက်ဘ၀တွေမှာ ဒီ့ထက်ချမ်းသာပြီး ဇိမ်ကျကျ နေနိုင်ရေး မဟာစီမံကိန်းတွေချပြီး ကျဆင်းနေတဲ့ သူ့ စီးပွါးရေးတွေကို ဘယ်နည်းနဲ့ပဲရရ ကျားကုတ်ကျားခဲ ကျားကန်ပေးနေပါသည်။ အခုဆိုလျှင် ARRC –KL ရုံးက စောအောင်ရဲ့ ကြိုးကိုင်ချယ်လှယ် ထိမ်းချုပ်မှုအောက်မှာ ပီဘိမြန်မာသံရုံး ဖြစ်နေပြီဖြစ်ကြောင်း သင်ကိုယ်တိုင် သတိကြီးစွာထား၍သာ သွားကြည့်ပါလေ)။
ဤမျှဆိုလျှင် သူ့လုပ်ငန်း၊ ဆောင်ရွက်ချက်တွေရဲ့  ဦးတည့်ရာ ပစ်မှတ်တွေက ဘာတွေလဲ ?... သိသာလောက်ပါပြီ။ သွေးစုပ်တတ်သည့် ကပ်ပါးကောင်များသည် တွယ်ရာမဲ့ ရှင်သန်ရိုးမရှိ။ သူဘယ်လောက်တောင့်သလဲဆိုသည်မှာ သူဘယ်လောက်စုပ်ယူခွင့်ရခဲ့ပြီးလဲနှင့် ဆိုင်သလို ဘယ်လောက်တောင့်ဦးမလဲဆိုသည်မှာလည်း …. သင်နှင့် သင့်အဖွဲ့စည်းကတော့ ခံလိုက်ရတဲ့အထဲက မဖြစ်ပါစေနှင့်ဟုသာ အသိပေးတင်ပြလိုက်ရပါသည်။

http://www.anchqindia.org/2011/06/blog-post_18.html
ဤဆောင်းပါးကိုပြုစုရေးသားသူ စိန်ဘန်း ၏ ဘာဘော်သာဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

လူထုခေါင်းဆောင် (သို့ ) မတရားသော အမိန့် အာဏာမှန်သမျှ ဖီဆန်သူ

လူထုခေါင်းဆောင် (သို့ ) မတရားသော အမိန့် အာဏာမှန်သမျှ ဖီဆန်သူ

ရေးသူ ။။ ဇော်ဝင်းအေး အလင်းအိမ်မှ ဖော်ပြသည်။




ဇွန်လ တစ်ဆယ့်ကိုးရက်နေ့။ ။ ထိုနေ့ကား မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းမှ၊ တချိန်မှာ မြန်မာလူထုအတွက်၊ ရှေ့တန်းမှ မားမားရပ်ကာ၊ လူထုခေါင်းဆောင် ဖြစ်လာမည့်၊ သမီးရတနာ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တည်း။ တချိန်က ဗိုလ်ချုပ်သည် သူကိုယ်တိုင် အယ်ဒီတာ အဖြစ် လုပ်ကိုင်၍၊ ထုတ်ဝေခဲ့သော အိုးဝေ မဂ္ဂဇင်းထဲတွင် ပါရှိသော ကဗျာဖြစ်သည့် “အနိုင်မခံ”ထဲက အတိုင်း---
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင် အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏ စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်၊ သိကြားတို့အား ငါ ကျေးဇူးတင်၏။
---ဆိုသလို၊ အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်ဖြင့်၊ မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ရယူပေးနိုင် ခဲ့သည်။
ထို့အတူ ယ္ခုအချိန်တွင်လည်း၊ ဗိုလ်ချုပ်တို့ ရယူပေးခဲ့သော၊ လွတ်လပ်ရေး အရသာကို၊ ခံစားခွင့် မရသော၊ တိုင်းသူပြည်သားတို့အတွက်၊ ယခင်လို အနိုင်မခံ အရှုံးမပေးတတ်သည့် စိတ်ဓာတ်ပိုင်ရှင်၊ သမီး ရတနာကို ချန်ထားပေးခဲ့သော ဗိုလ်ချုပ်အား၊ ကျွန်ုပ်တို့မှ ထပ်မံကျေးဇူးတင်ပါ၏။
လောကဓံတရား၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်အတွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏၊ “ညွှတ်ကား မညွှတ်။”
---ဟုဆိုသလို၊ ဗိုလ်ချုပ်သည် အင်္ဂလိပ်နယ်ချဲ့တို့၏ အမျိုးမျိုးသော ရက်စက်ကြမ်းကြုတ်မှု၊ ဖိနှိပ်မှု တို့ကြားမှ ဒုက္ခ အမျိုးမျိုးခံကာ၊ တိုင်းပြည်လွတ်လပ်ရန်၊ တခုတည်းသော ရည်သန်ပြီး၊ စိတ်ခွန်အား ကောင်းမွန်စွာဖြင့်၊ အသက်ကိုပါ စွန့်လွှတ်ကာ၊ ခေါင်းမော့ ရင်ကော့၍၊ ရပ်တည်သွားခဲ့သော အာဇာနည် စစ်စစ်တည်း။
ဒေါ်စုသည်လည်း ဖခင်၏ သွေးအပြည့်ပါသူပီပီ၊ အာဏာရှင်တို့၏ အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်မှု၊ နှစ်ပေါင်းများစွာ ဖမ်းဆီးခံရမှု အကြိမ်ကြိမ်နဲ့၊ အသက်သေဆုံးနိုင်သည့်တိုင်အောင် လုပ်ကြံခံရမှုများ ကြုံတွေ့ ခဲ့ရသော်လည်း၊ သူရဲကောင်းသွေးအပြည့်ပါသူပီပီ၊ ပြည်သူပြည်သားတို့၏ လွတ်လပ်ခွင့်၊ တန်းတူညီမျှ ခွင့်၊ တရားမျှတမှု ရရှိရေးအတွက်၊ သူကိုယ်တိုင် ဒုက္ခအမျိုးမျိုး ခံစားရသော်လည်း၊ အာဏာရှင်တို့၏ ခြိမ်းခြောက်မှု ကို မကြောက်မလန့်၊ မတုန်လှုပ်စွာနဲ့ တိုင်းပြည် အနာဂတ်ကောင်းစားရေး၊ လူထုအကျိုးအတွက်၊ “မတရားသော အမိန့်အာဏာမှန်သမျှ ဖီဆန်ကြ။” ဆိုသော နာမည်ကျော် မိန့်ခွန်းမျိုးဖြင့် လူအများကို ရှေ့ဆောင်လမ်းပြရင်း အဏာရှင်တို့အား ဦးမညွှတ်တမ်း တော်လှန်နေဆဲ၊ လူထုရဲ့ ခေါင်းဆောင်ပင်ဖြစ်၏။ သူမသည်ကား၊ သူမ၏ ဦးခေါင်းမှ သွေးစိမ်းရှင်ရှင်တို့ဖြင့် ရဲရဲနီနေသည့်တိုင် ဦးညွှတ် ဒူးထောက်အညံ့ခံမည့် ပုဂ္ဂိုလ်မျိုး မဟုတ်ချေ။
ထိုအတူ ဒေါ်စုသည်၊ လူထုရဲ့ ခေါင်းဆောင် ဆိုသော ဂုဏ်ပုဒ်ကို၊ မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်၏ သမီးရတနာ ဖြစ်ခြင်းကြောင့် ရရှိခဲ့ခြင်း မဟုတ်။ သူမ၏ ရိုးသားမှု၊ ကိုယ်ပိုင် အရည်အချင်း၊ ခေါင်းဆောင်နိုင်စွမ်းရှိမှုတို့နဲအတူ၊ တိုင်းသူပြည်သားတို့နဲ့ ခံစားချက်ကို တသားတည်းဖြစ်အောင် ခံစားနိုင်စွမ်း ရှိသော စိတ်ဓာတ်ကြောင့်သာ မြန်မာနိုင်ငံသားအားလုံး၏ ရင်ထဲ၊ အသည်းထဲမှ တညီတညွတ်တည်း လူထုခေါင်းဆောင်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။ ထို့အတူ တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ ယုံကြည်မှုကို ရရှိထားသော “တဦးတည်းသော ခေါင်းဆောင်” ဟု ပြောမည်ဆိုလည်း လွန်အံ့ မထင်။
လူထုခေါင်းဆောင် တစ်ယောက်အဖြစ် ယုံကြည်မှု၊ အားကိုးမှု၊ လေးစား ကြည်ညိုမှု ဆိုတာ၊ အာဏာနဲ့ သိမ်းသွင်းလို့ မရသလို၊ ခြိမ်းခြောက် ယူလို့လည်း မရပါဘူး။ ဥစ္စာဓနနဲ့ ဖြားယောင်းလို့ မရသလို၊ ဟန်ဆောင်မှုများနဲ့လည်း သိမ်းသွင်းလို့ မရနိုင်ပါဘူး။ သူ့အလိုလို ရင်ထဲ၊ အသည်းထဲမှ အလိုလို ခံစားလာရပြီးမှ၊ ပေါက်ဖွားလာတဲ့ အရာတွေသာ ဖြစ်လို့၊ ဘယ်လိုအရာများနဲ့မှလည်း ဖျက်ဆီးလို့ မရနိုင်ပါဘူး။ အများကောင်းကျိုးအတွက် စေတနာသန့်သန့်နဲ့ ဘယ်လို ဆောင်ရွက်တယ်။ အများသူငါ အပေါ်မှာ၊ ဘယ်လောက် စာနာ နားလည်းပေးနိုင်တယ်၊ မိမိကိုယ်ကျိုး၊ မိမိအတ္တ၊ မိမိရဲ့ မိသားစုနဲ့ အသက် ခနြွာပါ စွန့်လွှတ်နိုင်စွမ်းရှိတယ် ဆိုတာတွေဟာ၊ အပြောနဲ့ သက်သေပြနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး။ လက်တွေ့လုပ်ရပ်များ၊ စွန့်လွှတ် အနစ်နာခံမှုများနဲ့သာ ပြမှ ရရှိပါတယ်။ အဲဒီလို လူများသာ၊ မည်သူ၏ တိုက်တွန်းမှု မပါပဲ၊ အားလုံးက ယုံကြည်လေးစားစွာနဲ့ ခေါင်းဆောင်ကောင်းအဖြစ်၊ ရင်ထဲမှာ ကမ္ဗည်းတင် နေရာပေးကြတာ ဓမ္မတာပါ။ အဲဒီလို အရည်အချင်းများနှင့် ပြည့်စုံ၍သာ၊ မြန်မာနိုင်ငံသားအားလုံးနဲ့ ကမBာကပါ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ တကယ့်အစစ်အမှန် ခေါင်းဆောင်အဖြစ် သတ်မှတ် နေရာပေးကြ ခြင်း ဖြစ်၏။
ဤလောဘ ဒေါသကို ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
ဒေါ်စု-ကား၊ မြန်မာနိုင်ငံသားတို့အတွက် လွတ်လပ်မှု၊ ငြိမ်ချမ်းမှုကို ရှာဖွေပေးရင်း၊ အဏာရှင် တို့ကို ဖီဆန်တော်လှန်ရေးလုပ်နေသူဖြစ်၏။ ထို့အတွက် သူမမှာ အသက်ပါ ဆုံးနိုင်သည်အထိ ဖြစ်နိုင်သည်ကို သိရှိပြီး ဖြစ်၏။ သို့ရာတွင် သူမကား ယုံကြည်မှုအတွက် မတုန်မလှုပ်၊ မကြောက်မရွံ့နဲ့ ဖြတ်သန်း ရှင်သန် နေသည်ကို သမိုင်းက သက်သေခံနေ၏။ ထို့အတူ သူမမျှော်လင့်ထားသော လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်၊ တရားဥပဒေ စိုးမိုးခွင့်တွေ ရှိသည့်၊ ဒီမိုကရေစီ ရရှိပြီး၊ နောက်ဆုံး ပန်းတိုင်ဖြစ်သော၊ တိုင်းပြည် ငြိမ်းချမ်းမှု မရသရွေ့၊ ဘယ်လိုအရာနဲ့မှ တားဆီးလို့မရပဲ၊ မကြောက်မရွံ့၊ သတ္တိရှိရှိဖြင့် ပန်းတိုင်ထိတိုင်၊ သူမ တတ်စွမ်း သမျှဖြင့် အရောက်လှမ်းမည့် ခေါင်းဆောင်ကောင်းဖြစ်၏။
သုဂတိကို သွားရာတံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည် ဖြစ်စေ
ယမမင်း၏ ခွေးရေ ပုရပိုဒ်၌ ငါ့အပြစ်တို့ကို
မည်မျှပင် များစွာ မှတ်သားထားသည်ဖြစ်စေ
“ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျင်
ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။“
ဒေါ်စု-ကား၊ တိုင်းပြည်ကောင်းစားရေး၊ အာဏာရှင်တို့လက်မှ လွတ်မြောက်ရေးအတွက်ဆိုလျှင်၊ မည်သူ၏ မျက်နှာမှမထောက်၊ မည်သူတဦးတယောက်၏ အပြစ်တင် ဝေဖန်မှုကိုမှ မမှုပဲ၊ ဂရုမစိုက်ပဲ၊ သူမ ယုံကြည်ရာ အတွက်၊ အရောက်လှမ်းမည့်သူသာ ဖြစ်၏။ ထို့အတူ သာမန်လူများလို၊ အစဉ်အလာ ကိုယ်ကျင့် တရားအမြင်တွေ၊ အရှိတရားအပေါ် အစဉ်အလာတရားကနေ၊ နားလည်လက်ခံထားပုံတွေကြားမှာ ပိတ်မိသူ မဟုတ်ပါဘူး။ အခြေအနေနဲ့ အချိန်ကာလအရ၊ သမိုင်း၏ တောင်းဆိုမှုအရ မိမိနိုင်ငံ၊ မိမိလူမျိုးနဲ့ ကမBာ ကြီးကို မြှင့်တင်ပေးနိုင်စွမ်း ရှိသော၊ ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် ပေါ်ထွက်လာသူ ဖြစ်၏။ လောကနီတိ များကြားမှာ ပိတ်မိသူ မဟုတ်ပဲ၊ ကာလ၊ ဒေသ၊ ပယောဂ ဟူသော၊ သုံးပါးသော အနေအထားကို လေ့လာ သုံးသပ်ပြီးပါမှ၊ လုပ်သင့်လုပ်ထိုက်တာကို ကြောက်ရွံ့ခြင်းကင်းစွာ တစိုက်မတ်မတ် လုပ်ကိုင်နိုင်စွမ်း ရှိသော လူစားမျိုးဖြစ်၏။ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိသလို၊ ကိုယ့်စိတ်ကို စေခိုင်းနိုင်သော စွမ်းဆောင်ရည် ရှိသော၊ အရှင်သခင်လို လူစားမျိုး ဆိုလည်း၊ မမှားချေ။ ထို့ပြင် သူတို့ဟာ၊ သူတို့ရဲ့ စိတ်ထဲမှာ သူတို့ရဲ့ ကိုယ်ပိုင် အတ္တဘ၀ကို၊ ငြင်းပယ်ထားပြီး၊ တိုင်းပြည်နဲ့ လူအများအတွက် ငြိမ်းချမ်းမှုကို ဆောင်းကျဉ်းပေးနိုင်မယ့် ဘ၀ထဲမှာပဲ တသက်တာ မြှပ်နှံထားရင်း၊ ပိုင်းဖြတ်ထားသော အကြီးအကဲဆိုလည်း မှားအံ့ မထင်ချေ။
ခေတ်ကာလနှင့် အခြေအနေများက တောင်းဆိုလာလျှင်၊ လူများစု၊ တနည်းအားဖြင့် အင်အား နည်းသော ဖိနှိပ်ခံ လူတန်းစားများဘက်မှ၊ မားမားမတ်မတ် ရပ်တည်ကာ၊ ကာကွယ်ပေးသည့် ပြည်သူတို့ အားကိုး အားထားရာ၊ သူရဲကောင်း (၀ါ) လူထုခေါင်းဆောင်ကား၊ ခေတ်တိုင်း၊ ခေတ်တိုင်းမှာ ပေါ်ထွက်လာသည် မှာ လောကဓမ္မတာပင်။ ထိုသူတို့၏ ခေါင်းဆောင်ညွှန်ပြမှုဖြင့်၊ လိုရာပန်းတိုင်ထိတိုင်အောင် အပြီးတိုင် ရောက်ရှိသွားသည်များ ရှိသလို၊ တ၀က်တပျက်ဖြင့် ပြီးဆုံးသွားခဲ့သည်များလည်း ရှိ၏။ သို့ပင်သော်လည်း အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကား အခြေအနေနှင့် အကြောင်းတရားတို့၏ အနေအထားပေါ် မူတည်ပြီး ကွဲပြားတတ်သောလည်း၊ ထိုသူတို့၏ ပုံရိပ်ကား၊ လူသားတိုင်း၏ ရင်ထဲမှာ ကမ္ဗည်းတင်ထားပြီး ဖြစ်၏။ သမိုင်းဖြစ်စဉ်မှာ ရေးခြယ်ထားပြီး ဖြစ်၏။ ထိုသို့သော ခေါင်းဆောင်များကား မသေဆုံးမီ ကတည်းက၊ ကိုယ့်သမိုင်းကိုယ် ရေးစရာမလိုအောင် သမိုင်းတင်ပြီးသား သမိုင်းဝင်၊ ကြီးကျယ်သော လူသားများ ဖြစ်၏။ သေဆုံးသွားသည့်တိုင်အောင် ထာဝရ ရှင်သန်နေမည့် ပုဂ္ဂိုလ်များ ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်ကား မြန်မာ့သမိုင်းအတွက် အဘေး ဗိုလ်လရောင်၊ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တို့လိုပင် ထာဝရ ရှင်သန်နေမည့် သူရဲကောင်း၊ လူထုခေါင်းဆောင်ဟု ဆိုလျှင် လွန်အံ့ မထင်ချေ။
ဤ ၂၀၁၁ ခုနှစ် ဇွန်လ (၁၉) ရက်သည်၊ မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် ဘ၀ မဟုတ်သော အနေအထားဖြင့်၊ ကြုံ ကြိုက်ရသော မွေးနေ့ပင်ဖြစ်၏။ နွေဦးတွင် ခြောက်သွေ့ခဲ့သမျှ၊ မိုးဦးကာလ ဇွန်လတွင် အတိုးချဲ့ကာ ရွက်နု၊ ရွက်သစ်တို့ ဖြင့်၊ ဖုံးလွှမ်းကာ စိမ်းလန်း စိုပြေလာသလို၊ မိခင် ဒေါ်စု၏ ဘ၀ သာယာချမ်းမြေ့စွာနဲ့ ဒေါ်စု လိုလားသော ပြည်သူတို့အတွက် သူမလုပ်ပေး ချင်သော လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံ ခြုံ နေရဖို့၊ စစ်မှန်တဲ့ လုံခြုံမှု ပတ်ဝန်းကျင်မှာ လွတ်လွပ်လပ် နေထိုင်ခွင့်ရ ပြီး နောက်ဆုံးမှာ အထွဋ်အထိပ် ပန်းတိုင်အဖြစ် ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းပေးနိုင်တဲ့ ကျတော်တို့ အားကိုးရာ လူထုခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် အဖြစ်နဲ့ အသက်ရာကျော် ရှည်ပါစေကြောင်း၊ မြန်မာနိုင်ငံသားများ အားလုံးနည်းတူ ဆုမွန်တောင်းရင်း ဂုဏ်ပြုပါ၏။

ဇော်ဝင်အေး

Saturday, June 18, 2011

ရန်ကုန်လေပြင်း ပျက်စီးမှုများရှိ

ရန်ကုန်လေပြင်း ပျက်စီးမှုများရှိ
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇွန်လ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၇ မိနစ်


မဇ္ဈိမသတင်းဌာန ။ ။ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် ဇွန်လ ၁၄ ရက်နေ့တွင် လေပြင်းတိုက်သဖြင့် နေအိမ် ၇ လုံး ပျက်စီးကာ လူ ၂၇ ဦး အိုးအိမ်မဲ့ ဖြစ်သွားကြောင်း တောင်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံး အဆိုအရ သိရသည်။

အင်္ဂါနေ့ ညနေ ၃ နာရီခွဲခန့်တွင် တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ချမ်းမြေ့သာယာ ကွက်သစ်၊ ဆင်ကန်ရပ်ကွက်ရှိ သွပ်မိုး၊ ပျဉ်ကာနှင့် ပျဉ်ထောင်အိမ်များ ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

‘‘ ညနေ ၃ နာရီခွဲလောက်မှာ တိုက်တဲ့လေပြင်းကြောင့်ပါ။ မကြာမကြာ တိုက်နေတယ်’’ ဟု အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တဦးက ပြောသည်။

တနေ့ထဲမှာပင် ရန်ကုန် လှိုင်သာယာမြို့နယ်ရှိ အခြေခံမူလတန်းကျောင်း အမလ ၃၂ လည်း လေပြင်းကြောင့် အမိုးလန်ကာ ပျက်စီးမှုအချို့ ရှိခဲ့သည်ဟုလည်း ပြောသည်။

ဗုဒ္ဓဟူးနေ့ကတော့ သာကေတမြို့နယ်တွင် ဒီရေတက်ကာ ချောင်းရေလျှံမှုများကြောင့် အထက်တန်းကျောင်း အထက ၃ ၊ အမက ၃ဝ နှင့် ၂၂ ကျောင်းများ ရေဝင်သဖြင့် ကျောင်းပိတ်ထားခဲ့ရာ ယနေ့အထိ ဖြစ်သည်။

‘‘ အဲဒီကျောင်းတွေ ပတ်လည်မှာ ရေမြောင်းတွေက ပိတ်နေတာ။ သာကေတမှာ ချောင်းတွေ ပေါတယ်။ ရေက
ချောင်းထဲကို မဝင်တော့လေ၊ မြောင်းတွေက ပိတ်နေတာရယ်၊ မိုးများတာရယ်၊ ဒီရေတက်ချိန်နဲ့ ကိုက်နေတာရယ်ကြောင့်ပါ’’ ဟု သာကေတ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူက ပြောသည်။

ထို့အပြင် သန်လျင်မြို့ ကျောက်တန်း ရွှေပြည်သာရပ်ကွက်၌ မိုးရေကြီးသဖြင့် အိမ်ခြေ ၇၇ လုံးတွင် ရေဝင်သောကြောင့် လူအများ မနေနိုင်ဖြစ်ကာ ပြောင်းရွှေ့ခဲ့ကြသေးကြောင်း မီးသတ်နှင့် ကြက်ခြေနီ အဖွဲ့ဝင်များက ဆိုသည်။

‘‘မိသားစုတွေ ကိုယ်စီအိမ်တွေကို ပြောင်းကြတာပါ။ ကျနော်တို့ကတော့ ကယ်ဆယ်ရေးတွေ မလုပ်ပေးဖြစ်တော့ဘူး။ ဒါပေမဲ့ ပြောင်းတာတွေကိုတော့ ကူညီခဲ့ပါတယ်’’ ဟု မီးသတ်တပ်ဖွဲ့ဝင် တဦးက ပြောသည်။

ရေများမှာ ယခုထိ အကုန်အစင် မကျသေးကြောင်းနှင့် ဒီရေတက်သည့် ရက်များနှင့် ကိုက်နေပြီး၊ မိုးလည်း ရက်ဆက် ရွာသွန်းနေခြင်းကြောင့် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/7758-2011-06-17-12-36-12.html

KIO က စတင်တိုက်ခိုက်ခဲ့ဟု အစိုးရပြော

KIO က စတင်တိုက်ခိုက်ခဲ့ဟု အစိုးရပြော
မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဇွန်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၅၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် တိုက်ပွဲစတင်ဖြစ်ပွားပြီး ၁၀ ရက်အကြာကျမှ မြန်မာအစိုးရက ၎င်းတိုက်ပွဲသတင်းကို နိုင်ငံပိုင် သတင်းစာများမှတဆင့် ပထမဆုံး ထုတ်ပြန်လိုက်သည်။

စနေနေ့ထုတ် မြန်မာ့အလင်းတွင် KIO က စတင်တိုက်ခိုက်သောကြောင့် တိုက်ပွဲဖြစ်ပွားရသည်ဟု အဓိက အပြစ်တင်ထားပြီး၊ တာပိန်ရေအားလျှပ်စစ် စီမံကိန်းကို အခြေပြု၍ နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားရကြောင်း ပါရှိသည်။

”အခြေချ စစ်ဗျူဟာမှူး ဦးစီးသည့် စစ်ကြောင်းသည် ဗန်းမော်မှ တာပိန်စီမံကိန်းသို့ ချီတက်လာစဉ် KIA ဆက်ဆံရေးရုံး ဆန်ခါစခန်း၊ တာပိန် လျှပ်စစ်စက်ရုံအဝင် တောင်ကုန်းထိပ် ထုံးဘိုမှ KIA အင်အားစုများက စောင့်ကြိုပြီး စတင်တိုက်ခိုက်ခဲ့သည်” ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

လုံခြုံမှုမရှိတော့၍ တရုတ်နိုင်ငံပိုင် Datang (Yunnan) United hydropower Developing (DUHD) က ဧရာဝတီမြစ်ဖျားပိုင်း တာပိန်တွင် တည်ဆောက်ဆဲ ရေအားလျှပ်စစ်ဓာတ်အားထုတ် စီမံကိန်းမှ တရုတ်လုပ်သား ၂၁၅ ဦး တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ပြီဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစောပိုင်းတွင် KIO ဖမ်းဆီးခဲ့သော အစိုးရတပ်မှ ဗိုလ်ကြီးမြတ်ကိုကိုနှင့် ဗိုလ်ကိုကိုဝင်းတို့ကို စစ်သုံ့ပန်း လဲလှယ်ရေး အစီအစဉ်အရ လဲလှယ်ပေးခဲ့သည်ဟုဆိုသော်လည်း အစိုးရထုတ်ပြန်ချက်တွင် တိုက်ပွဲတွင် ဒဏ်ရာဖြင့် အစိုးရတပ်က ဖမ်းမိခဲ့သော KIO ဒုတပ်ကြပ် ချန်ယိန်းကို နှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့သည်ဆိုခြင်းအပေါ် ရှင်းလင်းထားခြင်း မရှိပေ။

ဒုတပ်ကြပ် ချိန်ယိန်းမှာ လက်နက်နှင့်အတူ အဖမ်းခံရပြီး၊ အလောင်းကိုသာ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု KIO က မဇ္ဈိမကို ဇွန်လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

”ရဲဘော်ရဲ့ ကိုယ်ခန္ဓာအနှံ့ အထုအထောင်း ရိုက်နှက်၊ ဓားချွန်ထိုး၊ ဦးခေါင်းကျေမွ ဒဏ်ရာနဲ့ သေဆုံးတာ သိရတယ်” ဟု KIO ဗဟိုကော်မတီဝင် ဦးလနန်က မဇ္ဈိမကို ပြောကြားခဲ့သည်။

”တာပိန် ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA ယာယီစခန်း ဇွန်လ ၁၁ ရက် နောက်ဆုံးထား ဖယ်ရှားရန် အကြောင်းကြားသော်လည်း ဖယ်ရှားခြင်း မရှိသည့်အတွက် အစိုးရတပ် ဇွန်လ ၁၂ ရက်နေ့ ညပိုင်းတွင် တိုက်ခိုက်သိမ်းယူခဲ့သည်’’ ဟု အစိုးရက သတင်းထုတ်ပြန်သည်။

ဗျူဟာမှူးအဆင့် အပါအ၀င် အရာရှိများနှင့် တပ်သားအများအပြား ကျဆုံးခဲ့သည်ဟု KIO နှင့် အတိုက်အခံများက ပြောကြားသော်လည်း အကျအဆုံးနှင့် စစ်ဘေးရှောင် ဒုက္ခသည်များနှင့်ပတ်သက်၍ အစိုးရက တလုံးတပါဒမျှ ထည့်သွင်းပြောဆိုခြင်း မပြုဘဲထားသည်။

ဇွန်လ ၁၄ ရက်မှသည် ၁၆ ရက်အတွင်း KIO ဘက်က တံတား ၂၅ စင်း ဖျက်ဆီးခဲ့ရာ သံပေါင် ဘေလီတံတား ၉ စင်း၊ သံကူကွန်ကရစ်တံတား ၁၀ စင်း၊ ကွန်ကရစ်တံတား ၄ စင်း၊ သစ်သားတံတား ၂ စင်းဟု သတင်းထုတ်ပြန်ချက်တွင် ပါသည်။

၁၉၉၄ ခုနှစ်နောက်ပိုင်း အစိုးရ၏ အကြီးဆုံးထိုးစစ်ဟု KIO ဘက်က ပြောထားသော တိုက်ပွဲများတွင် လက်နက်ကြီးများ သယ်ဆောင်လာမှု မလုပ်နိုင်ရန်အတွက် ဖျက်ပစ်ခဲ့သော တံတားမှာ ၁၀ စင်း ရှိသည်ဟု ဇွန်လ ၁၆ ရက်နေ့တွင် KIO မှ ဒုဗိုလ်မှူးကြီး ယော်ထုံက မဇ္ဈိမကို တံတားတည်နေရာ အမည်များနှင့်တကွ ပြောကြားခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/7760-kio---.html

Indian FM to visit Burma on Monday

Indian FM to visit Burma on Monday
Friday, 17 June 2011 19:46 Ko Pauk


New Delhi (Mizzima) – Indian Foreign Minister S.M. Krishna will visit Burma on Monday, according to the Indian Embassy in Rangoon. A senior official from the embassy said that details of the visit were not yet known.



Indian External Affairs Minister Somanahalli Mallaiah Krishna. Photo: AFPNews circulating in Burma also speculated that Burmese President Thein Sein will visit India soon.

National Coalition Government of Union of Burma (NCGUB) Information Minister Dr. Tint Swe said that the visit may be in preparation of the Burmese president’s visit.

‘Not visiting India after paying a visit to China would be unforgivable from the point of view of India’, he said.

‘The Voice’ weekly journal quoted the president’s adviser, Dr. Nay Zin Latt, as saying Thein Sein would visit India soon.

Dr. Tint Swe said that India was working on its ‘Look East’ foreign policy and its main objectives in Burma were the border issue, trade and the insurgency on the border.

‘This matter became more complicated recently’, he said. ‘War broke out in Kachin State and it could have an impact on Indian insurgents operating in Naga Hills and Sagaing Division in Burma which are adjacent to Kachin State. So this matter will be a headache for the Indian government. I assume that the Indian FM would certainly try hard to resolve this issue by alternative ways’, he said.

Minister Krishna visited Naypyitaw in December 2009. The Indian international spy agency, the Research and Analysis Wing (RAW), chief S.K. Tripathi visited Naypyitaw on April 2011.

Relations between Indo-Burma top level leaders since 2006


- Indian President Dr. A.P.J. Abdul Kalam visited Burma in March 2006.
- SPDC Vice Chairman General Maung Aye visited India in April 2008.
- Prime Minister General Thein Sein visited India in November 2008.
- Indian Vice President Shri Hermit Ansari visited Burma in February 2009.
- SPDC Chairman Senior-General Than Shwe visited India in July 2010.

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် သွားမည်

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် သွားမည်
ကိုပေါက် | သောကြာနေ့၊ ဇွန်လ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၂ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အက်စ်အမ်ကရစ်သျှနား S M Krishna သည် လာမည့် တနင်္လာနေ့တွင် မြန်မာနိုင်ငံသို့ အလည်အပတ် သွားမည်ဟု ရန်ကုန်ရှိ အိန္ဒိယသံရုံးက မဇ္ဈိမကို ပြောဆိုသည်။

ခရီးစဉ်အတွင်း မည်သည့် မြန်မာအစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်၊ မည်သည့် အကြောင်းအရာများ
ဆွေးနွေးမည်ကို အတိအကျ မသိရှိရသေးကြောင်း သံရုံးမှ အမည်မဖော်လိုသည့် အကြီးတန်း အရာရှိတဦးက ဆိုသည်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ အက်စ်အမ်ကရစ်သျှနား S M Krishna(Photo :: The Hindu)

“ဇွန်လ ၂ဝ ရက်နေ့မှာ လာမှာပါ။ ဒါပေမဲ့ တိကျတဲ့ အသေးစိတ်ကိုတော့ လက်ခံမရရှိသေးပါဘူး။ လာမယ်လို့ ဆုံးဖြတ်ပြီးတာပဲ ရှိပါတယ်။ ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတာ မသေချာသေးပါဘူး။ စီစဉ်နေဆဲပါ။” ဟု သူက ပြောသည်။

မြန်မာသမ္မတ ဦးသိန်းစိန်၏ အိန္ဒိယခရီးစဉ်အတွက် အိန္ဒိယဝန်ကြီး၏ မြန်မာပြည် ခရီးစဉ်မှာ ကနဦး ပြင်ဆင်မှု ဖြစ်နိုင်ကြောင်း ညွန့်ပေါင်း အစိုးရ NCGUB ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက မဇ္ဈိမကို ပြောသည်။

“တရုတ်နိုင်ငံကို သွားပြီးမှ အိန္ဒိယကို မလာဘူးဆိုရင်အိန္ဒိယဘက်က ကြည့်ရင် ဒါဟာ အင်မတန်မှ ခွင့်မလွှတ်နိုင်စရာ နိုင်ငံတကာ ဆက်ဆံရေး ဖြစ်လိမ့်မယ်။ ဒါ့ကြောင့် လာကိုလာရမယ့် အနေအထား ရှိတယ်။ ဒီအတွက်လည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက သွားပြီး ပြင်ဆင်တယ်လို့ ပြောရင်လည်း မမှားဘူးလို့ ဆိုနိုင်ပါတယ်” ဟု ပြောသည်။

သမ္မတဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် မေလ ၂၆ရက်မှ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ သွားရောက် လည်ပတ်ခဲ့ပြီး တရုတ်သမ္မတ ဟူကျင်တောင်းနဲ့ တွေ့ဆုံခဲ့သေးသည်။

သမ္မတဦးသိန်းစိန် အိန္ဒိယသွားမည့် အကြောင်း သမ္မတအကြံပေး ဒေါက်တာနေဇင်လတ် အပြောကို ကိုးကားကာ ပြည်တွင်းထုတ် The Voice Weekly ဂျာနယ် အတွဲ ၇၊ အမှတ် ၂၅ တွင် ဖော်ပြခဲ့သည်။ သို့သော် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရသေးပေ။

အိန္ဒိယအနေဖြင့် ၎င်း၏ အရှေ့မျှော်မူဝါဒ အောင်မြင်စေရန် ကြိုးစားနေပြီး အဓိကမှာ နယ်စပ်ဒေသ ကိစ္စဖြစ်ကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးနှင့် လက်နက်ကိုင်အဖွဲ့များ ပြဿနာ ဖြစ်ကြောင်း ဒေါက်တာတင့်ဆွေက သုံးသပ်သည်။

သူက ဆက်ပြီး “အခုနောက်ပိုင်းဆို နည်းနည်း ပိုရှုပ်ထွေးလာတဲ့ အနေအထား ရှိပါတယ်။ ဗမာပြည်လည်း ကချင်မှာ တိုက်ပွဲတွေဖြစ်နေတော့ ကချင်နဲ့ ဆက်ပြီးတော့ နာဂတောင်တန်းနဲ့ စစ်ကိုင်းတိုင်းဘက်မှာ နေကြတဲ့ အိန္ဒိယဆန့်ကျင်ရေး သူပုန်တွေ ကိစ္စက အိန္ဒိယအတွက် အကြီးအကျယ် ခေါင်းခဲစရာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက နောက်တနည်းနဲ့ သေချာပေါက် ကြိုးစားလိမ့်မယ်လို့ ယူဆရပါတယ်” ဟု ဆိုသည်။

မစ္စတာ ကရစ်သျှနားသည် ၁၂ ကြိမ်မြောက် ဘင်္ဂလား ပယ်လယ်အော် နည်းပညာ၊ စီးပွားရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ဝန်ကြီးများအဆင့် အစည်းအဝေး တက်ရောက်ရန် နေပြည်တော်သို့ ၂ဝဝ၉ ဒီဇင်္ဘာလထဲတွင် လာရောက်ခဲ့ဖူးသည်။

၂ဝ၁၁ ဧပြီလ ၂၅ ရက်နေ့တွင် အိန္ဒိယ ပြည်ပ ထောက်လှမ်းရေး အဖွဲ့တခုဖြစ်သည့် RAW အကြီးအကဲ မစ္စတာ S. K. Tripathi သည် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် တွေ့ဆုံခဲ့သေးသည်

Friday, June 17, 2011

KIAနှင့် ဆင်ဘိုစစ်ပွဲ၌ မြန်မာစစ်သား ၁၇ ဦးကျ

KIAနှင့် ဆင်ဘိုစစ်ပွဲ၌ မြန်မာစစ်သား ၁၇ ဦးကျ
Friday, 17 June 2011 KNG

မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်အလယ်ပိုင်း၊ မိုးညှင်းခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲတွင် ယနေ့သောကြာနေ့တိုက်ပွဲတွင် မြန်မာစစ်သား ၁၇ ဦးကျဆုံးသွားသည်ဟု ဆင်ဘိုဒေသခံများပြောသည်။




မြန်မာစစ်သား ၅ ဦးမှာ နံနက်ပိုင်းတိုက်ပွဲတွင် ကျဆုံးပြီး ကျန် ၁၂ ဦးမှာ နေ့လည်ပိုင်းတိုက်ပွဲတွင် ကျဆုံးသွားသည်ဟု လိုင်ဇာ KIO ဌာနချုပ်မှ အတည်ပြုပြောဆိုသည်။

ဆင်ဘိုအခြေစိုက် ခလရ ၁၄၁ နှင့် ဆင်ဘိုဒေသမှ KIA တပ်ရင်း ၅ တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA အရာရှိများပြောသည်။

၎င်းမြန်မာတပ်သည် KIA တပ်ရင်း ၅ အနီးသို့တပ်ချလာသည့်တပ်ရင်းဖြစ်ပြီး ပြီးခဲ့သည့်မေလ ၂၅ ရက် KIA တပ်ရင်းအနီးမှ တမိုင် နောက်ဆုတ်ပေးသည့်တပ်ဖြစ်သည်။

ဇွန် ၈ ရက်၊ မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်)မြို့နယ် တာပိန်မြစ်အနီး ဆန်ဂန်ဒေသတွင် KIA တပ်ရင်း ၁၅ နှင့် တိုက်ပွဲဖြစ်ရာမှ တဟုန်ထိုး ပြည်တွင်းစစ်သို့ပြောင်းလဲလာသည်။

စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် တရုတ်နယ်စပ်သို့ရောက်ရှိလာသည်။ အထူးသဖြင့် နယ်စပ်မြို့များဖြစ်သော လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျေ၊ အူရာဘွမ်၊ မန်ဝိန်းကြီးဒေသများသို့ဖြစ်သည်ဟု KIO အရပ်ဖက်အုပ်ချုပ်ရေးဌာန က ပြောသည်။

ဒုက္ခသည်အများစု မြန်မာအစိုးရအုပ်ချုပ်ရာဒေသများမှဖြစ်ကာ မြန်မာစစ်တပ်ကို ပေါ်တာဆွဲမည်ကို ကြောက်ရွံ့သဖြင့် နယ်စပ်သို့ထွက်ပြေးလာခြင်းဖြစ်သည်ဟု လိုင်ဇာဒုက္ခသည်များပြောသည်။

KIO လိုင်ဇာဌာနချုပ်တွင် ဒုက္ခသည်စခန်း ၆ ခုထားရှိပြီး အစားအစာအသုံးအဆောင်များကို KIO ကထောက်ပံပေးနေသည်။

ယခု သောကြာနေ့အထိ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တ၀န်း မြန်မာ-KIA ကြား ၉ ရက်မြောက်တိုက်ပွဲများ ဖြစ်ပွားနေသည်။

http://taunggyitime.blogspot.com/2011/06/kia.html#more

အမေရိကန် ကိုနိုကိုဖိလစ် အငြင်းပွားရေပြင် အနီး ဂတ်စ် ရှာဖွေတော့မည်

News Date:6/17/2011
အမေရိကန် ကိုနိုကိုဖိလစ် အငြင်းပွားရေပြင် အနီး ဂတ်စ် ရှာဖွေတော့မည်
Font size: Decrease font Enlarge font

အမေရိကန် ရေနံကုမ္ပဏီ ကိုနိုကို ဖိလစ် ( Konoko Philliphs) သည် မြန်မာနယ်စပ် အငြင်းပွားရေပြင်ပိုင်နက် အနီးတွင် ဂတ်စ်ရှာဖွေရေး လုပ်ငန်းကို များမကြာမှီ စတင်တော့မည်ဖြစ်သည်။



Maritime-dispute-between-Bangladesh-and-Myanmar
ကိုနိုကို ဖိလစ် ဒုတိယ ဥက္ကဌ William Lafferrandre က အမြန်ဆုံး ဂတ်စ် ရှာဖွေ တူးဖေါ်မူကို စတင်တော့မည် ဖြစ်ကြောင်းကို မနေ့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ပက်ထရို ဘင်္ဂလာနှင့် အဆိုပါ ရေပြင်ပိုင်နက် အတွင်း ဂတ်စ်တူးဖေါ်ရေး သဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုး အပြီးတွင် ထုတ်ဖေါ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကိုနိုကို ဖိလစ် ဂတ်စ် တူးဖေါ်ခွင့် ရရှိနေရာမှာ ဘင်္ဂလာဒေခ်ျ့ - မြန်မာနှင့် အိန္ဒိယတို့ အကြား အငြင်းပွားနေသော ဂတ်စ် လုပ်ကွက် အမှတ် (၁၀) နှင့် (၁၁) တို့တွင် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံပိုင် ပက်ထရို ဘင်္ဂလာ တာဝန်ရှိသူ တစ်ဦးမှ ကိုနိုကို ဖိလစ်အား လုပ်ကွက် အမှတ် (၁၀) နှင့် (၁၁) တို့တွင် တူးဖေါ် ရှာဖွေခွင့် ပြုမည် ဖြစ်သော်လည်း လုပ်ကွပ် အမှတ် (၁၀)မှ ၃၀ ရာခိုင်နုန်း ဧရိယာနှင့် လုပ်ကွက် (၁၁) မှ ၁၅ ရာခိုင်နုန်း ဧရိယာများ အတွင်း ရှာဖွေခွင့် ပြုမည် မဟုတ်ကြောင်း ပြောဆိုသည်။

အဆိုပါ ဧရိယာများမှာ မြန်မာနှင့်ရော အိန္ဒိယနှင့်ပါ အငြင်းပွားနေသော ရေပြင်များ ဖြစ်နေသောကြောင့် ဖြစ်သည်ဟု ပြောဆိုသည်။

သို့သော်လည်း အဆိုပါ ရေပြင်ပိုင်နက် အငြင်းပွားမူကို ကုလသမဂ္ဂမှ ယခုနှစ်ကုန်ပိုင်းတွင် ဖြေရှင်းပေးတော့မည် ဖြစ်သဖြင့် ဘင်္ဂလာဒေခ်ျ့ အနိုင်ရရှိပါက အဆိုပါ ရေပြင် နယ်နမိတ် အတွင်းလည်း ကိုနိုကို ဖိလစ်ကို ရေနံနှင့် ဂတ်စ်ရှာဖွေခွင့်ကို ပြုပေးသွားမည် ဖြစ်ကြောင်း ပက်ထရိုဘင်္ဂလာ ဥက္ကဌ ဟူးစိန် မန်ချုက ပြောသည်။

ကိုနိုကို ဖိလစ် ဒုတိယ ဥက္ကဌသည် ဂတ်စ်ရှာဖွေရေး သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးရန် ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိနေပြီး မနေ့က ပက်ထရိုဘင်္ဂလာနှင့် Production Sharing Contract (PSP) သဘောတူညီချက် တစ်ချို့ကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ ဘင်္ဂလာ ဘဏ္ဍာရေးဝန်ကြီး အေအမ်းအေ မူဟစ် ( AMS Muith)၊ လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီး Enamul Haque၊ အမေရိကန် သံအမတ် James F Moriarty တို့အပြင် တခြား အရာရှိကြီးများလည်း တက်ရောက်ခဲ့သည်။

ကိုနိုကို ဖိလစ်သည် သဘောတူညီချက်အရ အဆိုပါ လုပ်ကွက် နှစ်ခုတွင် (၉) နှစ်ကြာ ရှာဖွေ တူးဖေါ်ခွင့် ရရှိမည် ဖြစ်သည်။

http://www.narinjara.com/detailsbur.asp?id=3247

ရခိုင်ပြည်-ဘင်္ဂလာ နှစ်နိုင်ငံကမ်းရိုးတန်းသို့ လေပြင်းမုန်တိုင်းစက်ကွင်း ထပ်မံဝင်ရောက်တိုက်ခိုက်နိုင်

ဂစ္ဆပသတင်းဌာန
ဇွန်လ(၁၇)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်ပြည်-ဘင်္ဂလာ နှစ်နိုင်ငံကမ်းရိုးတန်းသို့ လေပြင်းမုန်တိုင်းစက်ကွင်း ထပ်မံဝင်ရောက်တိုက်ခိုက်နိုင်

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် ကြာသပတေးနေ့က စတင်၍ လေပြင်းမုန်တိုင်းများ ဖြစ်ပေါ်ခဲ့၍ ဘင်္ဂလီငါးဖမ်းဘုတ် (၄၅)စီး ပျောက်ဆုံးနေပြီး ဖြစ်သော်လည်း ဆက်လက်၍ ရခိုင်ပြည်-ဘင်္ဂလာ ကမ်းရိုးတန်း ဒေသများသို့ လေပြင်းမုန်တိုင်းစက်ကွင်း ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်နိုင်ကြောင်း သတင်းရရှိသည်။




ဘင်္ဂလာတွင် ယနေ့မုန်တိုင်းအဆင့်ကို ၄ နံပါတ်သတ်မှတ်ထားပြီး ကြာသပတေးနေ့က ငါးဖမ်းရန် ထွက်ခွာသွားသော ဘင်္ဂလီငါးဖမ်း ဘုတ်များအနက် (၄၅)စီးမှာ ယခုအချိန်ထိ ပျောက်ဆုံးနေသေးကြောင်း၊ ပင်လယ်ပြင်မှ လူသေ(၁၅)လောင်း ဆည်ယူရရှိထားပြီး ဖြစ်ကြောင်းနှင့် ထပ်မံ၍ ပြည်သူသို့ သတိပေးကြော်ငြာထားပြီး တနာရီလျှင် (၄၀)မှ (၅၀)မိုင်အထိ တိုက်ခိုက်နိုင်ကာ ပြင်လယ်ရေ မျက်နှာပြင်မှာ (၄)ပေအထိ မြင့်တက်နိုင်ကြောင်း အင်တာနက် စာမျက်နှာတခုက ဆိုသည်။

မိုးရွာပြီး လေးပြင်းမုန်တိုင်းမှာ ယနေ့အထိ နှစ်ရက်ဆက်တိုင်း ကျရောက်တိုက်ခိုက်လျှက်ရှိနေသည်။ ယခုလအစောပိုင်းက တိုက်ခိုက် ခဲ့သည့် လေပြင်းမုန်တိုင်းကြောင့် ဘင်္ဂလာတွင် ရာဘားအပင်များ အများအပြားပျက်စီးခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့များတွင် စစ်တပ်စခန်းများမှ ခေါင်မိုးများ အများအားဖြင့် ပျက်စီးခဲ့သည်။




ထို့အပြင် ရခိုင်ပြည်-ဘင်္ဂလာ နှစ်နိုင်ငံအတွင်း လေပြင်းစက်ကွင်းခံခဲ့ရသည့် အိမ်များပြိုပျက်စီးခဲ့ကြောင်း၊ တံတားနှင့် လမ်းတချို့ ပျက်စီး ယိုယွင်းခဲ့ကြောင်း၊ ဆားကွင်းနှင့် ပုဇွန်တာတမံများ အနည်းငယ် ပျက်စီးမှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရှိရသည်။

ဘင်္ဂလားပင်လယ်ပြင်တွင် ဖြစ်ပေါ်ရွေ့လျားနေသည့် မုန်တိုင်းစက်ကွင်းမှာ ဘင်္ဂလာတွင် ကြာသပတေးနေ့ မနက်ပိုင်းက စစ်တကောင်း ဆိပ်ကမ်းမှ ၂၉၅ ကီလိုမီတာ ဝေးကွာပြီး အနောက်တောင်ဒေါင့်ဘက်သို့ ရွေ့လျားနေကြောင်း၊ ကော့စ်ဘဇားဆိပ်ကမ်းမှ ၂၇၅ ကီလို မီတာ ဝေးကွာပြီး တောင်ဘက်ဒေါင့်သို့ ရွေးလျားနေကြောင်းနှင့် အိန္ဒိယနယ်စပ်နှင့် မျက်နှာချင်းဆိုင် တည်ရှိသော မောင်လာဆိပ်ကမ်းမှ ၁၅၀ ကီလိုမီတာ ဝေးကွာပြီး တောင်ဖက်သို့ ရွေးလျားနေကြောင်း အဆိုပါ အင်တာနက် စာမျက်နှာက ဆိုသည်။

အခုအချိန်ထိ ကပ္ပလိပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်ပြင်မှာ မုတ်သုံလေ အလွန်အားကောင်းလျှက်ရှိနေပြီး မြန်မာတွင် နေရာအနှံ အပြားမိုးကြီးနိုင်ကြောင်း၊ ပင်လယ်ပြင်တွင် မကြာခဏ လိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်းနှင့် တနာရီ လျှင် မိုင်(၄၀-၅၀)အထိ တိုက်ခိုက်နိုင်ကြောင်း ဇွန်(၁၆)ရက်နေ့ မြန်မာ့အလင်းက ဆိုသည်။

Thursday, June 16, 2011

တရုတ်ကြားဝင် ညှိပေးရန် KIA လိုလား

တရုတ်ကြားဝင် ညှိပေးရန် KIA လိုလား
သန်းထိုက်ဦး Thursday, 16 June 2011 19:14

ကချင်ပြည်နယ်တွင် အစိုးရတပ်များနှင့် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ တရုတ်အစိုးရ အနေဖြင့် ကြားဝင် ညှိနှိုင်းပေးရန် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က မကြာခင် ရက်ပိုင်းအတွင်းက တောင်းဆိုလိုက်သည်။



fighting-between-the-Myanmar-government-and-rebels

အစိုးရတပ်နှင့် KIA တပ် တိုက်ပွဲဖြစ်ပွားရာ နေရာပြမြေပုံ (ဓာတ်ပုံ - AP)
“(အစိုးရနဲ့ ကေအိုင်အေ) နှစ်ဦးတည်းပဲ ကျနော်တို့ လုပ်လာတာ ၁၆ နှစ်လောက်ရှိပြီ။ ဘာမှ အရာမရောက်ဘူး။ ဒီတကြိမ်မှာ ဆွေးနွေးပွဲတွေ ဖြစ်မယ်ဆိုပြီတော့ သူတို့ (တရုတ်) ကို သက်သေအနေနဲ့ပေါ့၊ သူတို့ရှေ့မှာ ပြောချင်တယ်လို့ ကျနော်တို့ အကြောင်း ကြာထားတယ်” ဟု KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။

တရုတ်အစိုးရထံ ပေးပို့ထားသော စာနှင့်ပတ်သက်၍ တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။

အစိုးရတပ်များနှင့် KIA သည် လအတန်ကြာ စစ်ရေး တင်းမာခဲ့ပြီးနောက် ဇွန် ၉ ရက်နေ့က စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

အစိုးရက ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံရေးအရ စိတ်မချရသောကြောင့်ဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးချုပ် ဂွမ်မော်ကမူ “သူတို့ဘက်က ဒီဒေသတခုလုံးကို စိုးမိုးချင်တယ်။ ဒီနေရာက မိုးမောက်မြို့ကနေပြီးတော့ တရုတ်ပြည် နယ်စပ်ကို အတိုဆုံး နေရာဖြစ်တယ်လေ။ ကီလိုမီတာ ၃၀ လောက်ပဲ ရှိတာ။ အဲဒါကြောင့် ဒီနေရာကို သူတို့ လိုချင်တယ်။ အဲဒါ ကြောင့်ပဲ” ဟု ဆိုသည်။

နှစ်ဘက် စစ်ရေးတင်းမာနေပြီးနောက် KIA တပ်ဖွဲ့များအနီးတွင် အစိုးရဘက်က နယ်မြေခံ တပ်ရင်း ၆ ခု အပြင် တပ်မ ၃၃၊ ၆၆ နှင့် ၂၂ တို့မှ တပ်ရင်းတချို့ကိုလည်း တိုးချဲ့ချထားကြောင်း သိရသည်။

“ကျနော်တို့ အားလုံး အထက်က အမိန့်ပေးတဲ့အတိုင်း လုပ်နေပါတယ်။ ဘာပဲ ဖြစ်ဖြစ်လေ၊ ဖြေရှင်းတဲ့နည်းလမ်းကို လိုချင်တယ်။ ကျနော်တို့ တိုက်နေတာက ခုခံ ကာကွယ်တဲ့ အဆင့်ပဲ။ တပ်စုတွေနဲ့လည်း ညှိနေပြီ။ သိပ်ပြီး ကျယ်ပြန့်သွားတဲ့ အဖြစ်မျိုးတော့ မဖြစ်စေချင်ဘူး။ မတတ်နိုင်ရင်တော့ လုပ်ရမှာပဲ” ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ဆက်ပြောသည်။

ထို့အပြင် စစ်ပွဲ ဆက်လက်ဖြစ်မည်ကို စိုးရိမ်သော ကချင် စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော်သည် တရုတ်-မြန်မာ နယ်စပ်ရှိ KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့နှင့် မိုင်ဂျာယန် ထိန်းချုပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) မှ တွဲဖက် အတွင်းရေးမှူး ဦးလနန်က “လိုင်ဇာမြို့မှာသာမက မိုင်ဂျာယန် ဘက်ရော ဒုက္ခသည်တွေ အားလုံး ပေါင်းလိုက်ရင် စာရင်းဇယား အရ ၁၀၀၀၀ ကျော်သွားပြီ။ တချို့ တရုတ်ပြည်ဘက်ကိုလည်း ၀င်သွားတဲ့ လူတွေလည်း ရှိတယ်။ အဲဒီ အရေအတွက်ကတော့ စာရင်းလိုက်ကောက်ဖို့ဆိုရင် အချိန်နည်းနည်း ယူရဦးမယ်” ဟု ပြောသည်။

KIA ထိန်းချုပ်ဒေသနှင့် အလှမ်းဝေးသည့် ဒေသခံတချို့ မြစ်ကြီးနားမြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုး၊ အသိမိတ်ဆွေများထံ သွားရောက် နေထိုင်ကြောင်း သိရသည်။

ဒုက္ခသည်များကို ဘုရားကျောင်း၊ စာသင်ကျောင်းတို့တွင် နေရာထိုင်ခင်းပေး၍ အစား အသောက်များ စီစဉ်ပေးထားကြောင်း၊ တိမ်းရှောင်လာသူများသည် လိုင်ဇာ-မြစ်ကြီးနား ကားလမ်းမကြီး တလျှောက်မှ ဒေသခံများ၊ မြစ်ကြီးနားမြို့ပေါ်ရှိ KIA ၏ မိသားစုများ ဖြစ်ကြကြောင်း သိရသည်။

“အစိုးရစစ်တပ်က မယုံသင်္ကာဖြစ်ပြီးတော့ ဖမ်းဆီးတာမျိုး၊ ရိုက်နှက်တာမျိုး လုပ်လာနိုင်တယ်။ အမျိုးမျိုးပေါ့။ အဲဒါကြောင့် သူတို့က စိုးရိမ်ကြပြီးတော့ ထွက်ပြေးလာကြတာပါ” ဟု ဦးလနန်က ပြောသည်။

KIA တပ်ဖွဲ့ဝင်များက အစိုးရတပ်၏ လမ်းပန်း ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်မှုနှင့် ပတ်သက်၍ ဒေသခံတချို့ကို အစိုးရတပ်က ဖမ်းဆီး စစ်ဆေးနေကြောင်း KIA က ဆိုသည်။

မြစ်ကြီးနားမြို့ ဒေသခံ အမျိုးသမီးတဦးက မြစ်ကြီးနားမြို့နှင့် ၆ ကီလိုမီတာ အကွာအဝေးတွင်ရှိသော စီတာပူနှင့် တပ်ကုန်း ဒေသများတွင် အစိုးရတပ်က ပေါ်တာဆွဲနေကြောင်း ကြားသိရသည်ဟု ပြောသည်။

အစိုးရတပ်များက လိုင်ဇာ-ဗန်းမော်-မြစ်ကြီးနား ကားလမ်း တလျှောက်တွင် တပ်အင်အား ထပ်မံ တိုးချဲ့ထားပြီး ခရီးသွားလာမှုကို ယခုရက်ပိုင်းအတွင်း တင်းကျပ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အစိုးရထိန်းချုပ်သော သတင်းစာများက KIA ကို “သောင်းကျန်းသူ” ဟု ပြန်လည်သုံးနှုန်းခဲ့ ပြီးနောက် ၁၉၉၄ ခုနှစ်တွင် သဘောတူထားခဲ့သော အစိုးရတပ်နှင့် KIA အကြား အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။