Wednesday, November 30, 2011

ဝန်ကြီးကလင်တန်သို့ တိုင်းရင်းသားမဟာမိတ် အိတ်ဖွင့်ပေးစာ(By မသင်းသီရိ)

တနင်္ဂနွေ, 27 နိုဝင်ဘာ 2011
ဝန်ကြီးကလင်တန်သို့ တိုင်းရင်းသားမဟာမိတ် အိတ်ဖွင့်ပေးစာ

By မသင်းသီရိ

မြန်မာနိုင်ငံမှာ တိုးတက်မှုဖြစ်စဉ်ရဲ့ လမ်းစလို့ပြောနိုင်တဲ့ ပြောင်းလဲမှုတွေဟာ တိုင်းရင်းသားပြည်သူတွေအတွက် လုံလောက်တဲ့ အစီအစဉ်တွေ မဟုတ်ဘူးဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အနေနဲ့ သတိထားမိအောင် အိတ်ဖွင့် ပေးစာတစ်စောင် ပို့ပေးဖို့ တိုင်းရင်းသားအဖွဲ့တချို့က စီစဉ်နေကြပါတယ်။ မစ္စ် ဟီလာရီကလင်တန်ဟာ ဒီဇင်ဘာလဆန်းရက်ထဲ မြန်မာနိုင်ငံကို လာဖို့စီစဉ်ထားပြီး အမေရိကန်တို့အနေနဲ့ မြန်မာ့အရေးကို အလျင်စလို မဆုံးဖြတ်စေချင်တဲ့အတွက် အခုလို အိတ်ဖွင့်ပေးစာ ပေးပို့မှာဖြစ်တယ်လို့လည်း အဲဒီတိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။ အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတချို့ဟာ တိုးတက်မှုတစ်ခုအဖြစ် မြင်နိုင်ပေမဲ့ တိုင်းရင်းသားပြည်သူတွေ အတွက် လုံလောက်ပြီး လက်ခံလောက်တဲ့ အခြေအနေတစ်ခုအထိ မရောက်သေးဘူး ဆိုတာကို ပိုပြီးသတိထားမိစေဖို့ ရည်ရွယ်တဲ့အနေနဲ့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးဖို့ UNA လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့က စီစဉ်နေတာပါ။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အပြင် ကရင်၊ ဇိုမီး၊ ချင်းနဲ့ မွန် နိုင်ငံရေးပါတီတွေ စုဖွဲ့ထားတဲ့ UNA အဖွဲ့က တာဝန်ရှိသူတွေ မနေ့ကတွေ့ဆုံပြီး မစ္စ် ကလင်တန် မြန်မာပြည်ကိုလာတဲ့အခါမှာ ဒီအခြေအနေတွေအကြောင်း ရေးထားတဲ့စာကိုပေးဖို့ ကြိုတင်ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ SNLD ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

“ကမ္ဘာကပြောနေကြတဲ့ ပြောင်းလဲမှုတွေ စတင်နေပြီ၊ ပြောင်းလဲမှုခြေလှမ်းတွေ စနေပြီ ဆိုတာဟာ အမှန်တကယ် လက်တွေ့ တိုင်းရင်းသားတွေ ခံစားနေရတာ၊ ပြည်သူတွေ ခံစားနေတာနဲ့ တထပ်တည်း မကျဘူး။ ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ စစ်မတ်တွေ ဖြစ်ပွားနေဆဲဖြစ်တယ်။ ဒီနေ့အထိ ဗုံးတွေကွဲနေတယ်၊ သေနတ်တွေပစ်နေတယ်၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာတွေ အများကြီး ရှိတယ်။ ဒီဥစ္စာကို ဟီလာရီကလင်တန် အနေနဲ့ သတိရှိရှိနဲ့ မြင်သွားစေချင်တယ်။ သိသွားစေချင်တယ်။ နောက်တခါ နိုင်ငံရေးအကျဉ်းသားတွေကလည်း ထောင်ထဲမှာပဲ ရှိနေကြသေးတယ်။ အများကြီးပဲ။ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်ကအစပေါ့နော်။ အဲဒီအချက်တွေကို သတိထားစေချင်တယ်။ တခါ စီးပွားရေး တိုးတက်မှုအပိုင်းမှာ ဆိုရင်လည်း တကယ် လက်တွေ့ ပြည်သူတွေအနေနဲ့ ခံစားရသေးတာမဟုတ်ဘူး။ အပြောင်းအလဲတွေက လုံလောက်တဲ့ အပြောင်းအလဲ မဟုတ်သေးဘူးဆိုတာကို မစ္စ်ကလင်တန်နဲ့ သူ့အဖွဲ့သားတွေ အကုန်လုံး သတိထားမိသွားစေချင်တဲ့ အတွက်ကြောင့်မိုလို့ ကျနော်တို့ တိုင်းရင်းသားတွေစုပြီး စာပေးမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာကတည်းက မပြေလည်နိုင်ခဲ့တဲ့ တိုင်းရင်းသားအရေးအတွက် မြန်မာနိုင်ငံတွင်း ကြိုးပမ်းချက်တွေအပြင် အခုလို နိုင်ငံကြီးတွေရဲ့ ဖိအားပေး တောင်းဆိုမှုတွေကလည်း အဓိကအခန်းမှာ ရှိနေတယ်လို့ ဦးစိုင်းလိတ်က မြင်ပါတယ်။

“မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပြဿနာဟာ ပြီးခဲ့တဲ့ အနှစ် ၆၀ လောက်ကတည်းက စတင်ပြီးတော့ ကွဲလာတဲ့ကိစ္စတွေ။ အဲဒီတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စ ဆိုတာ ချက်ချင်းလက်ငင်း ဖြစ်နိုင်တာမျိုး မဟုတ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအနေနဲ့ လွှတ်တော်တွင်း ရောက်သွားတယ် ဆိုရင်တောင်မှ အတော်ကြီးကို ကြိုးပမ်းယူရဦးမှာပါ။ အချိန်အများကြီး ပေးရင်တော့ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။”

SNLD ပါတီက ဦးစိုင်းလိတ် ဖြစ်ပါတယ်။ အခု UNA လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ထဲက တိုင်းရင်းသားပါတီတွေကတော့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အကျဉ်းထောင်တွေတွင်းက မလွတ်လာမချင်း သူတို့ဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မှာမဟုတ်ဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးသာဘန်းက ပြောပါတယ်။ လက်ရှိလွှတ်တော်မှာ တိုင်းရင်းသားအရေးကို တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြတာဟာ အားရစရာ အဖြစ် မြင်တွေ့ရပေမဲ့ အစိုးရအဖွဲ့တွေအနေနဲ့ လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ နှောင့်နှေးကြံ့ကြာ တာတွေကိုလည်း မြင်ရတယ်လို့ ဆိုပါတယ်။

“နိုင်ငံရေးအကျဉ်းသား မလွှတ်သေးတဲ့အတွက် မတင်တာပါ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာပြီးတော့မှ၊ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ လွတ်လာပြီးတော့မှ မှတ်ပုံတင်ဖို့ကိစ္စကို ကျနော်တို့ လုပ်မယ်လို့ ဆုံးဖြတ်တာ။ တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေ ပေါ့လေ တင်ကြပါတယ်။ သူတို့တွေက လွှတ်တော်မှာ ပြောပါတယ်။ သူတို့က တင်ပြပေမဲ့ ဘာမှတုံ့ပြန်ချက်မှ မရှိဘဲ။ ဒါကြောင့်မိုလို့ ကျနော်တို့က တုံ့ပြန်ချက်ရအောင်ဆိုပြီး ကလင်တန်နဲ့စာပေးပြီးတော့ ကျနော်တို့လိုချင်တာတွေ တောင်းမယ်လို့ စဉ်းစားတယ်။”

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးသာဘန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ထိတွေ့ဆက်ဆံရေးနဲ့ရော အရေးယူ ဒဏ်ခတ်ရေးနည်းတွေနဲ့ပါ ဆက်ဆံထားတဲ့ အမေရိကန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၂ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ဖို့စီစဉ်ထားပါတယ်။ ဒီခရီးစဉ်မှာ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တိုးတက်ဖို့အတွက်သာဖြစ်ပြီး အရေးယူပိတ်ဆို့ထားတာတွေကတော့ ရုတ်သိမ်းဦးမှာမဟုတ်ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

US Engagement Should Encourage Burma’s National Reconciliation

US Engagement Should Encourage Burma’s National Reconciliation


By Nehginpao Kipgen

November 30, 2011


US Secretary of State Hillary Clinton disembarks from an airplane upon her arrival in Naypyidaw on November 30, 2011. (Saul Loeb/AFP/Getty Images)

On Dec. 1, U.S. Secretary of State Hillary Rodham Clinton begins a two-day visit to Burma, the first such visit by a top U.S. diplomat in half a century.

While some observers, mostly activists, argue that it is too early to embark on such a bold initiative as that of Clinton’s visit, others believe that it is important to seize a political opening in the reclusive country.

The two most important priorities of the Burmese government in international relations, in recent years, have centered on legitimacy and recognition. In pursuing these objectives, the immediate goal of Naypyidaw (Burma’s capital) was to convince the collective leadership of the Association of Southeast Asian Nations (ASEAN) and to urge the U.S. government to ease, if not lift, sanctions.

Naypyidaw’s diplomatic efforts have positively paid off, and therefore, 2011 can be considered the most successful year of diplomacy in recent Burmese history.

Washington’s new level of engagement is augmented by the nineteenth ASEAN Summit’s unanimous agreement to award Burma the 2014 chairmanship of the regional bloc.

In 2006, Burma had to forego its rotating ASEAN chair because of intense pressure from rights groups and the international community, particularly the U.S. government. Some ASEAN members were also concerned that giving the chairmanship to Burma would tarnish the regional body’s international image.

Political Developments

There is a good reason to be cautiously optimistic about the recent developments in Burma and as President Obama has stated, there have been “flickers of progress” in the past few weeks. The greater question now is whether the Burmese government has a genuine intention for true democracy and national reconciliation.

A number of tangible political developments have driven a shift in U.S. foreign policy. Among others, the advice and recommendations of Aung San Suu Kyi and her National League for Democracy (NLD) have played an important role in this development.

Besides visits by U.S. Special Envoy Derek Mitchell, both Obama and Clinton personally spoke to Suu Kyi and consulted her on how the United States should move forward with its engagement policy. Suu Kyi and the NLD leadership support Washington’s engagement approach.

Since her meeting with President Thein Sein on Aug. 19, Suu Kyi has toned down her rhetoric against the Union Solidarity and Development Party (USDP)-led government, paving the way for political reconciliation. NLD is now prepared to re-register its defunct political party and Suu Kyi and her party members are expected to contest in the upcoming by-election.

Root Cause

Anyone who pursues an in-depth study of the Burmese history should understand the root cause of Burma’s decades-old problems. U.S. strategists and policymakers must understand that all major ethnic minorities in Burma fight against the central government in one way or another.
Democracy for one majority group alone cannot solve Burma’s political imbroglio.
Ethnic Karens began fighting against the Burmese government in 1949. What has compelled ethnic minorities to take up arms against the central government is a fundamental question that needs to be addressed for Burma to achieve peace and stability.

Prior to the country’s independence, Gen. Aung San was fully aware that a unified Burma could not be established if equality was not guaranteed for all ethnic nationalities, which were ruled under different administrative units by the British colonial administration.

In his attempt to clear the lingering doubts and suspicions of the British government and the frontier leaders, Aung San made a historic remark by stating that, “If Burma receives one kyat, you will also get one kyat.” This assurance was the basis on which the Union of Burma was formed at the Panglong conference in February 1947.

With the assassination of Aung San and his colleagues in July 1947, the dream of equality or autonomy has disappeared in Burmese politics. Burma’s first post-independence civilian government of Prime Minister U Nu failed to address the minorities’ concerns, and successive military governments have attempted to forcefully suppress it.

While the reconciliation between NLD and USDP is an important step, emphasis must now be given to the fundamental political problem. Democracy for one majority group alone cannot solve Burma’s political imbroglio.

Several decades of military operations have been unable to solve Burma’s minority problems. One most viable way to integrate ethnic minorities is to end military offensives against them, and begin a political dialogue based on mutual respect and a constitutional guarantee of equality for all citizens.

The United States should continue to set a benchmark for normalizing relations with the Burmese government. Naypyidaw’s commitment to democratization needs to be irreversible and should be demonstrated by releasing all remaining political prisoners; the government must be able to tolerate political dissent and respect the rights of every citizen to express opinions without fear.

When she travels to Naypyidaw and Rangoon for fact-finding and policy assessment, Clinton should underscore the need for addressing the problems of ethnic minorities. Because of her wide acceptance by minorities, Suu Kyi can play an important role in restoring mutual trust between the government and ethnic minorities.

မြန်မာတွင် Miss Hillary CLinton ယနေ့ ခရီးစဉ်စတင်တော့မည်

ဂစ္ဆပသတင်းဋ္ဌာန
ဒီဇင်္ဘာလ(၁)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် နံက် (၁၂)နာရီ။

မြန်မာတွင် Miss Hillary CLinton ယနေ့ ခရီးစဉ်စတင်တော့မည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် သည် ဒီကနေ့ (ဒီဇင်ဘာ ၁ ရက်)တွင် မြန်မာနိုင်ငံ၌ စစ်အုပ်စုအဖွဲ့ ခေါင်းဆောင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဌနှင့် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စု ၀န်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး တခြားဒီမိုကရေစီ ခေါင်းဆောင် တချို့နှင့်ပါ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့က သူမနယ်ပြည်တော်သို့ ရောက်သည်နှင့် သင်္ဂဟဟိုတယ်တွင် ယခုထိတည်ခိုနေပြီး ညနေပိုင်းတွင် ရန်ကုန်သို့ ခရီးဆက်မည် ဖြစ်ကြောင်း သိရှိရသည်။

Miss Hillary Clinton သည် စစ်အုပ်စုခေါင်းဆောင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရပါသည်။

သို့သော်လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်စုအောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် အခြေအနေမှာ အတည်ပြုမရသေးပေ။ 

ဟီလာရီ ကလင်တန် နယ်ပြည်တော်သို့ ရောက်ရှိ


ဂစ္ဆပသတင်းဋ္ဌာန
ဒီဇင်္ဘာလ (၁)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် နံက် (၁)နာရီ။

ဟီလာရီ ကလင်တန် နယ်ပြည်တော်သို့ ရောက်ရှိ

အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေးရာဝန်ကြီး ဟီလာရီ ကလင်တန်သည် စစ်အုပ်စု အဖွဲ့ခေါင်းဆောင် ဦးသိန်းစိန်နှင့် ထိပ်တန်း အရာရှိများနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ဆုံရန် နိုဝင်္ဘာလ (၃၀)ရက်နေ့က နယ်ပြည်တော်သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

ဟီလာရီ ကလင်တန်သည် စစ်အုပ်စုအဖွဲ့ ခေါင်းဆောင် ဦးသိန်းစိန် နေအိမ်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားရေးရာ ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်းနှင့် ထိပ်တန်းအရာရှိများအား ယနေ့ (ဒီဇင်္ဘာလ ၁ ရက်)တွင် တွေ့ဆုံသွား မည်ဖြစ်ကြောင်းနှင့် ဆက်တိုက်နယ်ပြည်တော်တွင် သတင်းစာရှင်းလင်းပွဲ နေ့လည်ပိုင်းတွင် ပြုလုပ်သွားဖွယ်ရှိကြောင်း ပြန်ကြားရေးရာ ၀န်ကြီးဋ္ဌာနမှ ပြောသည်။

ဟီလာရီမှာ နယ်ပြည်တော်မှ ရန်ကုန်မြို့သို့ ညနေပိုင်းတွင် လာရောက်မည်ဖြစ်ကာ ရွှေတီဂုံဘုရားသို့ လှည့်လည်သွားရောက်မည်ဖြစ်ပြီး ဒီဇင်္ဘာလ (၂)ရက်နေ့တွင် ဒေါ်စုအောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နယ်ပြည်တော်တွင် ဟီလာရီ ရောက်ရှိလာချိန်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် လုံခြုံရေးများ အထူးတင်းကြပ်ထားကြောင်းနှင့် ဟိုတယ် ဇုန်နားရှိ စားသောက်ဆိုင်အချို့ကို ညနေ (၆)နာရီနောက်ဆုံးထားပိတ်ရန် သက်ဆိုင်ရာမှ အထူးညွှန်ကြားထားသည်ဟု သိရှိရသည်။

ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းမှာ အမေရိကန် ပြည်ထောင်စုဟူသော စာတမ်းတံဆိပ်ပါ 8002 လေယဉ်ဖြင့် ညနေ (၄း ၃၀)နာရီတွင် ရောက်ရှိလာကြောင်း ပြည်တွင်းသတင်းများကဆိုသည်။  

မြန်မာပြည်သူလူထုများ အနေဖြင့် ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိလာမှုနောက်ပိုင်း မည်သို့အခြေအနေများ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်လာမည်ကို  အထူးမျှော်လင့်လျှက်ရှိကြောင်း ပြည်တွင်းသတင်းများကဆိုသည်။  

(အယ်ဒီတာ့ အာဘော်) အထူးသတိကြီးစွာ ထားရှိရန်လိုအပ်


အယ်ဒီတာ့ အာဘော်
အထူးသတိကြီးစွာ ထားရှိရန်လိုအပ်

နယ်ချဲ့သမားများသည် ရခိုင်ပြည်ရှိ အမျိုးသားများနှင့် ရခိုင်ပြည်မြေပေါ်တွင် နယ်ချဲ့တို့လုပ်မည့် ရည်ရွယ်ချက် / စီမံကိန်းများကို မပြု လုပ်ခင်ကတည်းက အစီအမံများ ကြိုတင်ပြုလုပ်ထားပြီး၊ လက်တွေ့လုပ်လျှင်လည်း ကစဉ်ကလျားဖြစ်အောင်ကို လုပ်လာခဲ့သည်မှာ ၁၁၄၆ (၁၇၈၄) ခုနှစ်၊ ဒီဇင်္ဘာလ (၃၁)ရက်နေ့ ရခိုင်ပြည် အချုပ်အခြာအာဏာ မရှုံးခင်ကတည်းကပင် ယနေ့အထိ ဖြစ်ပါသည်။

ကျွန်ုပ်တို့ ရခိုင်လူမျိုးများသည် ဘုရားကျောင်းကန်စေတီပုထိုးတော်၊ အိမ်၊ ရွာ၊ မြို့၊ နိုင်ငံတော် ထူထောင်လာခဲ့သည်ကအစ အတိတ် နမိတ်များကို သေသေသပ်သပ် သတ်မှတ်ရယူပြီး တည်ဆောက်ဖန်တီးလာခဲ့သည့် လက္ခဏာကို အားလုံးအသိပင်ဖြစ်သည်။ ကျွန်ုပ်တို့ ယနေ့ကာလ နဂိုနမူနာကို ပိုမိုပြီး အသုံးချဖို့နှင့် အစမူရင်းကို မေ့မလျောကြဖို့ရန် အထူးသတိကြီးစွာ ထားရှိဖို့ လိုအပ်လာပါသည်။

ရန်သူနယ်ချဲ့များသည် ရခိုင်ရို့၏ မြို့တည်နဂိုတိုင်၊ နိုင်ငံတော် မင်္ဂလာအုပ်မြစ်၊ ခံတပ်၊ ကျောက်စာ၊ သမိုင်း၊ ယဉ်ကျေးမှုအပြင် အစခမ်းသိမ်း တည်ဆောက်ပုံစနစ်များ၊ ဆုတ်တပ် နယ်မြေများကိုပါမကျန် ဖျက်ဆီးလာခံသည်မှာ ယခုနိုဝင်္ဘာလ (၂၄-၂၅)ရက်နေ့က ဘင်္ဂလာသို့ ရောက်ရှိလာသည့် စစ်အုပ်စု၏ ဒုတိယစစ်ခေါင်းဆောင် အကြီးအကဲ စိုးဝင်းနှင့် အပေါင်းအပါများပင် ဖလောင်းချိပ်မြို့ မဟာသိမ်ရင်ပြင်ကြီးရှိ နှစ်ပေါင်း(၁၉၉)နှစ်ကျော်ကြာတည်ရှိသော သမုတ်သိမ်ပတ်လည်၌ နတ်မင်းကြီးလေးပါးအား ယာယီလွဲ ဖြိုခွင်းမှုများ ပြုလုပ်ရန်အတွက် နည်းမျိုးစုံဖြင့် တူးဖေါ်ခဲ့မှုများ ဖြစ်ပေါ်ခဲ့သည်။ ဤသည် ရန်သူက အစိုင်အလာအားဖြင့် ရခိုင်ကိုတိုက်ခိုက် နေသည်မှာ ထင်ရှားမှုတည်း။

ထို့ပြင် ရခိုင်ပြည်ရှိ လက်ရှိနိုင်ငံရေး အနိုင်ရပါတီများဖြစ်သည့် ALD၊ RNDPနှင့် ပြည်ပရခိုင်နိုင်ငံရေးအဖွဲ့တို့ အကြားလည်း ဖြိုခွင်းရန် ပုံစံမျိုးစုံ ဖန်တီးလျှက် ရှိနေသည်ကို တွေ့ရှိရသည်။ ကျွန်ုပ်တို့၏ လူမျိုးနှင့် တိုင်းပြည်ဂုဏ် အင်္ဂါလက္ခဏာများကို တိုးတက်ဖွံ့ဖြိုးပြီး ထိမ်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းနေကြသည့် ပါတီများအနေဖြင့် မည်သည့်အချိန်အခါမျိုးပင်ရောက်ရောက် အမျိုးသားလုံခြုံရေး သတိကိုအစဉ်တစိုက် လက်ကိုင်ထားရမည့်ကာလဖြစ်ပါသည်။ ရန်သူ့မိုင်းမိနေခဲ့သည်မှာ နှစ်ပေါင်း(၂၂၈)နှစ်သို့ရောက်လာပြီး ဖြစ်သည်။

ဗမာရို့၏ သမိုင်းဦးကာလတွင် သုပညာနဂရာစိန္နမင်း (AD 81)သည် ဒွါရာဝတီမှ စတင်ကျူးကျော်ကာ ၀င်ရောက်လာပြီး မဟာမုနိ ရုပ်ပွားတော်ကို ပင်ဆောင်ရန် ကြိုးပမ်းခဲ့သည်။ ထို့အတူ အနော်ရထာ (AD 1044)တွင် ရခိုင်ပြည်သို့ ကျူးကျော်ဝင်ရောက်ခဲ့သည်ကို တွေ့ရ၏။ အနော်ရထာ၏မြေး အလောင်းစည်သူ လက္ကျာမင်းနန်နှင့် နှမတော် ရွှေကူသာ တို့ကို နန်းတင်ရန် အကြောင်းပြချက်နှင့် ၀င်ရောက်လာခဲ့သော်လည်း မဟာမုနိရုပ်ပွားတော်မြတ် ပေါင်တော်ကို ဖဲ့ယူခြင်းနှင့် ရွှေသားတော်များကို ဖဲ့ခွာယူခြင်းများပြုလုပ် ခဲ့ကြလေသည်။ (ရခိုင်ရာဇ၀င်သစ်ကျမ်း စာ(၃၄၂)ရမ်းဗြဲတောင်ကျောင်း။) ဤမျှလူသားဗီဇာစိတ် အစခမ်းသိမ်းကင်းမဲ့သော နယ်ချဲ့ထက် လွန်စွာ ဆိုးရွားသည့် စစ်အာဏာရှင်စနစ်အတွက်မူ မည်သို့မှ ယုံကြည်စိတ်ချ၍ လုံးဝ (လုံးဝ)ရနိုင်မည် မဟုတ်ပေ။ မိမိတို့အချင်းချင်းက ပိုမို၍ ဂရုတစိုက်ဖြင့် ပါတီနိုင်ငံရေး / တပ်မတော် တော်လှန်ရေးထက် အမျိုးသားအကျိုးစီးပွားအတွက် အမျိုးသားရေးကို ဦးစားပေးလုပ်ရမည့် ကာလဖြစ်သည်။ စစ်အုပ်စု၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ဖိနှိပ်နေခြင်းများမှာ ကျွန်ုပ်တို့အတွက် စည်းလုံးညီညွှတ်မှုကို တည်ဆောက်နေခြင်းဖြစ်သည်ဟု ခံယူထားကာ ရန်သူကို အမြဲတမ်း မျက်ခြေမပြတ် စောင့်ကြည့်ထားရန်လည်း လိုသည်။

နယ်ချဲ့သမားများ၏ အဓိကနယ်ချဲ့ရခြင်းမှာ လူမျိုးပြုန်းတီးအောင် သတ်ဖြတ်မှုသတ်သက်မဟုတ်ဘဲ လူမျိုးနှင့် နိုင်ငံအဖြစ်ရပ်တည် နေသော ယင်း၏ဂုဏ်အင်္ဂါလက္ခာများဖြစ်သည့် မြေပေါ်မြေအောက် သယံဇာတ အမွေအနှစ်နှင့် တန်ဖိုးမဖြတ်နိုင်သည့် ပစ္စည်းဥစ္စာများကို မက်မော၍ဖြစ်သည်။ ယင်း တိုင်းပြည်နှင့် လူမျိုးကို အထူးပြုနေသော သယံဇာတများ ကုန်ခမ်းသွားခဲ့လျှင် ထိုလူမျိုးမှာ အလိုအလျှောက် ပျောက်ကွယ်သွားနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ယနေ့ကာလသည် တစိုက်မတ်မတ် ရန်သူနယ်ချဲ့ လှုပ်ရှားမှု၏ အသေးစိပ်ကို မှတ်တမ်းတင်လေ့လာပြီး မိမိတို့ အမျိုးသားအကျိုးစီးပွား လုံခြုံစေဖို့ ဇောင်းပေးလုပ်ဆောင်ကြရန် တင်ပြလိုက်ရပါသည်။

မည်သည့်အဆင့်တွင်မဆို မိမိတို့အမျိုးသားအကြား ညီညွှတ်ရေးနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို ရယူထားကြရန် လိုအပ်ပါကြောင်း။

ဂစ္ဆပသတင်းဋ္ဌာန
အယ်ဒီတာ
နိုဝင်္ဘာလ (၃၀)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် နံက် (၉)နာရီ။