Thursday, November 10, 2011

ရင်မှချမ်းစီ အီးမြစီနင့် ရခိုင်ပြည်


ရင်မှချမ်းစီ အီးမြစီနင့် ရခိုင်ပြည်

ငါရို့ ပြည်သည်၊ ချမ်းမြစီနင့်
မြောက်လီတိုးညှင်း၊ ၀န်းကျင်တွင်းမှာ
ပျ့ံသင်းမွှီးကြိုင်၊ ရနံ့ လှိုင်၍
ရက္ခိုင်နာမ၊ တွင်လီခချင့်
မျိုးကစောင့်ထိမ်း၊ သီလထိမ်းဗျန်
အံကြိမ်းပနာ၊ စိတ်ဓါတ်မာလို့ 
ပဇါအချိန်၊ ပဇေါင်မသိ
ကြိုးပမ်းဟိလေး၊ မသိကြမ္မာ
လှည့်မလာသော်၊ တခါမကြီ
ရဲစိတ်နီသည်၊ အဖပြည်က
ရင်မှချမ်းစီ၊ အီးမြစီနှင့် ဟိဇေါင်လေး။

ငါရို့ ပြည်သည်၊ ရင်မှချမ်းစီ
သာယာစီနင့်၊ အလီလီဆု
တောင်းဗျန်ပြုလို့၊ လက်ဦးချီ၍
ဖြားရီတက်ချိန်၊ လီသက်ချိနှ်မှာ
အိမ်ပြန်နောက်ကျ၊ မိနင့်ဖကို
ယုယပလီ။ ပြောချင်နီယင့်
ငါ့ပြည်ကောင်းစား၊ သူရဲများလေး
အားကြိုးမန်တက်၊ ခွန်အားဆက်ဗျန်
ကျွန်သက်တုန်းဖို့၊ လက်ရုန်းတောက်၍
သွီးသောက်ပနာ၊ ငါ့ပြည်ရွာတွက်
အာဂယောက်ျား။ ညာသံပီးက
ရင်မှချမ်းစီ အီးမြစီနှင့် ဟိဇေါင်လေး။

ငါရို့ ပြည်သည်၊ ရင်မှချမ်းစီ
သာစွလီနင့်၊ ညီညီညာညာ
ပဏာစားလို့၊ ခွန်အားပြင်းပြင်း
ဆန္ဒရင်းခံ၊ စိတ်မန်တက်ကြွ
သီရေမှခါ၊ စွန့် ရပါချင့်
ခန္ဒာမမြဲ၊ ၀ိညဉ်မြဲနီ
သွီးရဲနီထုတ်၊ လက်သီးဆုပ်ယင်း
အံကြိတ်ယင်းနင့်၊ ရင်တွင်းမုန်တိုင်း
ပြီသည့်နိုင်းဆ၊ လှိုင်းဘောင်ဘင်ခတ်
တချိန်ရပ်သော်၊ လွပ်လွပ်ရဖို့ 
ငါကတူသည်။ ငါ့ ပြည်ရွာတွက်
အသက်စွန့် လှူ၊ ရှင်လူများက
သွီးသားဆက်ပနာ၊ ပြောကတ်ပါက
ရင်မှချမ်းစီ အီးမြစီနင့် ဟိဇေါင်လေး။

ခိုင်အောင်ကျော် ( နယူးယောက်)

No comments:

Post a Comment