ကျောင်းသားခေါင်းဆောင်မင်းကိုနိ
ကိုမင်းကိုနိုင်ကို ကျိုင်းတုံထောင်ကနေ အင်းစိန်ကိုခေါ်လာတုန်းက  လုံခြုံရေးတွေ ဆက်ဆံရေး သဘောထား ပျော့ပြောင်းတယ်လို့ မီဒီယာမှာ ဖတ်ဖူးတယ်။  အင်းစိန်ထောင်ရောက်ပြီးကာမှ ရုတ်တရက် သရက်ထောင်လို ထောင်မျိုးကို  ပို့လိုက်ထဲကို ကျနော်စိတ်ထဲ ထင်လိုက်ပါပြီ။ သူရဲ့ သဘောထားနှင့် အပြင်က  နိုင်ငံရေးပြောင်းလဲမှု ကိုက်ညီမှု မရှိတာ(သို့) လက်မခံနိုင်တာရှိမှာပါလို့။  မင်းကိုနိုင်ဆိုတဲ့ ကျနော်တို့ ခေါင်းဆောင်က မျက်စီမှိက်ပြီး  ထောက်ခံတဲ့လူမျိုးမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတုန်းက မင်းကိုနိုင်က  ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ်ထောက်ခံပါတယ် ဆိုတဲ့အဓိပ္ပါယ်ရတဲ့  စကားမျိုးကို ကျိုင်းတုံထောင်က လွတ်လာသူတယောက်က ဖန်းတီးပြောဖူးတယ်။   ကိုမင်းကိုနိုင်က ချက်ချင်းပဲ သူ့အမဖြစ်သူထံမှ တဆင့် မီဒီယာကို  ကန့်ကွက်တဲ့စကား ပြောလိုက်တာကို ကြည့်ပါ။ တော်ရုံတန်ရုံလူသာဆို  ဒေါ်အောင်ဆန်းစုကြည် လို သြဇာကြီးမားသူတယောက်ကို ထောက်ခံပါတယ်ဆိုတဲ့ စကားကို  ကိုယ်မပြောတောင် သူများကလုပ်ကြံပြောလိုက်တဲ့ အပေါ်မှာ ငြိမ်နေလိုက်မှာပဲလေ။  ဒါပေမယ့် ကျောင်းသားခေါင်းဆောင်မင်းကိုနိ
ရဲမင်းထွန်း
 
 
 
No comments:
Post a Comment