ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း သို့အကြံပေးချက်။
ဗီအိုအေနဲ့ ၁၁လ ပိုင်း ၄ရက်နေ့ က အင်တာဗျူး မှာဝန်ကြီး ကျော်ဆန်းက “ကနေ့ပြည်သူတွေရွေးချယ် တင်မြှောက်တဲ့ဒီမိုကရေစီစံနစ် အရပေါ်ပေါက်လာတဲ့ကျွန်တော်တို့ အစိုးရလက်ထက်မှာလဲဘဲ……….” လို့ဆိုထားပြီး နောက်ဆက်ပြီး
“အကျဉ်းကျနေတဲ့ပုဂ္ဂိုလ်တွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ကျူးလွန်တဲ့ အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်း ဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ်။ သို့သော်လည်း အဲ့ဒီထဲမှာ နိုင်ငံရေးလုပ်တဲ့ပုဂ္ဂိုလ်တွေ လည်း ပါကောင်းပါမှာပါပဲ။ ဒါတွေအားလုံးကိုလည်း သမ္မတကြီးက သူ့ကိုအခြေခံဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ဆင်ခြင်တုံတရားနဲ့ ကျင့်သုံးပြီးတော့ ဒါတွေကို ဘာလုပ်ပေးနေလဲ၊ ဖြေလျှော့ ပေးနေပါတယ်” တခါဆိုထားပြန်ပါတယ်။
အမဲရောင်ဆိုးထားတဲ့အပိုဒ်နှစ်ခု ကိုနှိုင်းယှဉ်ပြီးပြောချင်ပါ တယ်၊ အပေါ်ပိုဒ်မှာပြောတာက ကနေ့ပြည်သူတွေ ရွေးချယ် တင်မြှောက်တဲ့ဒီမိုကရေစီစံနစ် အရပေါ်ပေါက်လာတဲ့ကျွန်တော်တို့ အစိုးရလက်ထက်မှာ…..လို့ဆိုတော့ ယ္ခင်စစ်အာဏာရှင်အစိုးရနဲ့လားလား မျှမဆိုင်ဘူးလို့ဆိုလိုတာဖြစ် တယ်။ ဒီမိုကရေစီအစိုးရပေါ့ဗျာ။
ဒါပေမဲ့နောက်အပိုဒ်ကြတော့ “အကျဉ်းကျနေတဲ့ပုဂ္ဂိုလ်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ကျူးလွန်တဲ့ အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်း ဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ်” ဆိုတော့အသစ်တက်လာတဲ့ ဒီမိုကရေစီနည်းကျ အစိုးရဟာ သူ့ကိုယ်သူ ယ္ခင်စစ်အစိုး ရ ဘဲဖြစ်ပါတယ်ဆိုပြီးဝန်ခံသလိုမျိုးဖြစ်နေပြန်တယ်၊ ကျော်ဆန်းဟာသူ့ကိုယ်သူ ယ္ခင်အစိုးရလုပ်ရပ်တွေကို လိုက်နာစောင့်ထိမ်းပြီးဆက်လက်ကျ င့် သုံးရ မယ် လိုယူဆထားသူ ဖြစ်တယ်ဆိုတာ ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ် ဆိုတဲ့ သူ့ပြောစကား အရထင် ရှားတယ်။ နောက်တခုက သန်းရွှေတို့ လမ်းစဉ်အတိုင်း တိုင်းပြည်မှာနိုင်ငံရေးအကျဉ်း သားတွေမရှိဘူးလို့ ဗြောင်ငြင်း နေတုန်းဘဲ ဖြစ်တယ်။
တကယ်ဖြစ်သင့်တာက ကနေ့ပြည်သူတွေရွေးချယ် တင်မြှောက်တဲ့ဒီမိုကရေစီစံနစ် အရပေါ်ပေါက် လာတဲ့ ကျွန်တော်တို့ အစိုးရလက်ထက်မှာယ္ခင်အစိုးရလုပ် ရပ်တွေဟာတရားမျှတမှုမရှိဘဲအလွန် အကျွံအာဏာသုံးစွဲ မှုတွေရှိ ခဲ့ တဲ့အတွက်သဘောထားအမြင်မတူလို့ထိ မ်းသိမ်းထားတဲ့နိုင်ငံရေးအကျဉ်း သားတွေအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက် ပါတယ်ဆိုတာမျိုးဖြစ်သင့်တယ်။
နိုင်ငံတွင်းမှာနိုင်ငံရေးအကျဉ်းသားတွေရှိတယ်ဆိုတာကိုသတ္တိရှိရှိဝန်ခံရဲသလို၊ သတ္တိရှိရှိလွှတ်ပေးရဲရမယ်။ ကျော်ဆန်းအနေနဲ့တချိန်ချိန်မှာနိုင်ငံရေးနဲ့ထောင်ထဲရောက်သွားခဲ့ ရင်ရောက်သွားနိုင်တဲ့အတွက်၊ အမျှော်အမြင်ရှိရှိနဲ့ နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာ လက်ခံထားသင့်တယ်လို့အကြံပြုလို က်တယ်။
ထွန်းအောင်ကျော်။
No comments:
Post a Comment