Tuesday, November 1, 2011

ဒေါ်စု၏ လူငယ်နှင့် နိုင်ငံရေး (စာရေးသားသူ၏ အာဘော်သာ - အယ်ဒီတာ)

ရန်ကုန်တိုင်းမ် ။      ။“ ယနေ့လူငယ်တွေက စံပြမော်ဒယ်ပျောက်နေပါတယ်။ ဒါပေမယ့် အန်တီ့အပေါ်မှာလေးစားကြည်ညိုတဲ့စိတ်ရှိတယ်ဆို
တာတွေ့ရပါတယ်။အခုကျင်းပခဲ့တဲ့ဒီမိုကရေစီနေ့ရဲ့အနှစ်သာရတစ်ခုက လူငယ်တွေကို နိုင်ငံရေးမှာစိတ်ဝင်စားဖို့ပါဝင်အောင်ဆောင်ရွက်ဖို့
ဆိုတာ ကျွန်တော်သိရပါတယ်။ ယနေ့လူငယ်တွေအပေါ်မှာ နိုင်ငံရေးနဲ့ပတ်သက်ပြီးအန်တီ့ရဲ့ ခံယူချက်အမြင်၊ တိုက်တွန်းပြောချင်တာလေး
ကိုပြောပေးစေချင်ပါတယ်။”


ဒေါ်အောင်ဆန်းစုကြည်။      ။လူငယ်တွေဟာ နိုင်ငံရေးဟာ သူတို့အနာဂတ်နဲ့သက်ဆိုင်တယ်ဆိုတာကို ပထမဆုံးမြင်ဖို့လိုတယ်။
 နိုင်ငံရေးဆိုတာ စတိုင်လ် မဟုတ်ဖူး။နိုင်ငံရေးလုပ်တာ ခေတ်အောက်တယ်လို့ မြင်နေတယ်။ ဒါတွေဟာ အင်မတန်မှ မှားတယ်။ ဒီနိုင်ငံရေးဟာ ကြိုက်သည်ဖြစ်စေ လူတိုင်း ၊လူတိုင်းရဲ့ အနာဂတ်နဲ့ဆိုင်တယ်။
အနာဂတ်အရှည်ကြီးရှိတာ လူငယ်တွေ လူကြီးတွေက သိပ်ကြာကြာ နေရမှာ မဟုတ်တော့ဘူး။ ရှေ့အနာဂတ်ဟာ သိပ်မများတော့ဘူး။ လူငယ်တွေဟာ သူတို့ရဲ့အနာဂတ်ကို ကိုယ်လိုချင်တဲ့ပုံစံနဲ့ ကိုယ့်ဘ၀ ကို မတည်ဆောက်ချင်ဘူးလား။ အန်တီကတော့ လူငယ်တွေ နိုင်ငံရေးကို စိတ်မပါဘူးဆိုရင် ဒီလိုဘဲမေးချင်တယ်။ ကိုယ့်အနာဂတ်ကို မဆုံးဖြတ်ချင်ဘူးလား။ကိုယ့်ဘ၀က ဘယ်လိုပုံစံဖြစ်မယ်ဆိုတာကို
 ကိုယ့်ဘာသာကိုယ်လုပ်မယူချင်ဘူးလား။ အဲဒါတွေလုပ်ယူချင်တယ်ဆိုရင် နိုင်ငံရေးမှာ စိတ်ပါရမယ်။ အထူးသဖြင့်ဒီလိုအချိန်မှာစိတ်ပါရမယ်။
အမေတို့ မိတ်ဆွေတစ်ယောက်ပြောသလိုပေါ့။ မိသားစုတစ်စုက ဆင်းရဲနေရင် အားလုံးရုန်းကန်ရမယ်။ အလုပ်လုပ်ရမယ်။ ချမ်းသာတဲ့မိသားစုဆိုရင် အဖေ အမေက လုံလုံလောက်လောက်ဖြစ်အောင် ပိုက်ဆံရှာပေးထားတော့ သားတွေသမီးတွေက
 ကျောင်းသွားမယ်။ အေးအေး ဆေးဆေး သူတို့လုပ်ချင်တာလုပ်မယ်။ ချီု့တဲ့သူမိသားစုဆိုရင် ကျောင်းက
ပြန်လာတာနဲ့ ကပျာကယာ ဟိုဟာလေး ၊ဒီဟာလေး လုပ်ရမယ်။ ပိုက်ဆံရမယ့်အလုပ်လေးတွေ ၀ိုင်းလုပ်ရမယ်။အဲဒီလိုပဲ အန်တီတို့နိုင်ငံက ဆင်းရဲတဲ့မိသားစုတစ်ခုရဲ့အခြေအနေမှာရှိတယ်။ ဒီအခြေအနေမှာအားလုံးဝိုင်းလုပ်မှ ချမ်းသာတဲ့အခြေအနေရောက်သွားရင် လူငယ်တွေ
လည်း နည်းနည်းပိုပြီးအေးအေးဆေးဆေးနေနိုင်မယ်။ အားကစားတို့၊ အနုပညာတို့ လိုက်စားနိုင်မယ်။ ဒါပေမယ့် အဲလိုအခြေအနေရောက်
ရင်လည်း နိုင်ငံရေးကို စိတ်ဝင်စားတဲ့စိတ်ရှိရမယ်။ အသိစိတ်လည်းရှိရမယ်။ ပြည်သူတွေနိုင်ငံရေးအသိစိတ်ရှိသလောက်ပဲ တိုင်းပြည်
တစ်ပြည်ဟာ တိုးတက်မယ်။
( ကိုကို( စက်မှုတက္ကသိုလ်) ကို မကြိုက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောစကားေ
တွမို့  သူ့စာအုပ်ထဲကနေ ကူးယူ လက်ဆင့်ကမ်းပါတယ်။)
ကြည်ကြည်လွင်
ရန်ကုန်မြို့

No comments:

Post a Comment