Tuesday, May 31, 2011

ဆေးလိပ် ထိန်းချုပ်မရဟု ဆရာဝန်အသင်း ပြော

ဆေးလိပ် ထိန်းချုပ်မရဟု ဆရာဝန်အသင်း ပြော

ထွန်းထွန်း | အင်္ဂါနေ့၊ မေလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၈ မိနစ်
www.mizzima.com




နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ ရှိသော်လည်း လိုက်နာမှု မရှိကြသေးကြောင်း မြန်မာနိုင်ငံ ဆရာဝန်များအသင်းက အင်္ဂါနေ့တွင်
ပြောဆိုလိုက်သည်။

ယင်းဥပဒေအရ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ဆေးလိပ်မသောက်သုံးရဇုန် သတ်မှတ်ရန်နှင့်
ဆေးလိပ်ဗူးများကို အလိပ်ချင်းမရောင်းရန် ပါဝင်သော်လည်း လက်တွေ့တွင်မူ မဖြစ်သေးသည့်အပေါ် ပြောဆိုခြင်း
ဖြစ်သည်။

“အခု သူ့ Institution အလိုက် လိုက်ပြီးတော့ ဆေးလိပ်မသောက်ရ၊ ဌာနဆိုင်ရာအတွင်းမှာ ဆေးလိပ်မသောက်ရတို့ ဘာတို့တော့ ထုတ်ပြန်ထားတာ ရှိတယ်။ အစိုးရဌာနမှာတော့ လုပ်ထားတာ မရှိသေးပါဘူး” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာခိုင်စိုးဝင်းက မဇ္ဈိမကို ပြောသည်။

ဥပဒေတွင် အများပြည်သူအနေဖြင့် ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်း အန္တရာယ်မှ
tobacoo

တောင်ကိုရီးယား နိုင်ငံတွင် ဆေးလိပ်ဆန့်ကျင်ရေး လှုပ်ရှားသူ နှစ်ဦးက စီးကရက်ပုံစံ အထူးဝတ်စုံများ ဝတ်ဆင်၍ ၂၀၁၁ ခုနှစ် မေလ ၃၁ ရက်နေ့ ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့ အထိမ်းအမှတ် ကမ်ပိန်းတွင် ပါဝင် ဆင်နွှဲနေစဉ်။(AFP PHOTO/JUNG YEON-JE)
ကင်းဝေးစေရန် ဆေးလိပ်မသောက်ရ နေရာနှင့် အကန့်အသတ်ဖြင့်
ဆေးလိပ်သောက်ခွင့်ရှိသော သီးသန့်နေရာများကိုပါ အသေးစိတ်
ဖော်ပြထားသည်။

“ဆေးလိပ်ကို အလိပ်အပြေ မရောင်းရ၊ လက်လီ မရှိရဘူးပေါ့။ ထုတ်တဲ့သူကို ကန့်သတ်တဲ့ အနေနဲ့ ဗူးလိုက်ရောင်းရမယ်။ ဒါပေမဲ့ ကန့်သတ်တဲ့ အသက်အပိုင်းအခြားအရ အသက်ငယ်တယ်ဆိုရင်ကို
ရောင်းခွင့် မရှိဘူး။ စည်းမျဉ်းတွေ ထုတ်ခဲ့တယ်။ ဒါပေမဲ့ ရောင်းတဲ့သူတွေ ကိုယ်တိုင်လည်း မလိုက်နာဘူး၊ ဝယ်တဲ့သူတွေကလည်း အဲဒီလို ရတဲ့နေရာမှာ လိုက်လိုက်ဝယ်ပြီး သောက်နေကြတာပါပဲ” ဟု
ဒေါက်တာခိုင်စိုးဝင်းက ဆိုသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ၂ဝဝ၆ ခုနှစ် မေလ ၄ ရက်မှ စတင်ပြဋ္ဌာန်းခဲ့ပြီး ၂ဝဝ၇ ခုနှစ် မေလ ၄ ရက်နေ့၌ အာဏာသက်ဝင်သည်။

ယနေ့သည့် ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့ ဖြစ်ပြီး ဆောင်ပုဒ်မှာ “ဆေးလိပ် ဆေးရွက်ကြီးအန္တရာယ် ကင်းဝေးဖို့ ဥပဒေစည်းကမ်း အလေးထားလို့ ဝိုင်းဝန်းလိုက်နာ ဆောင်ရွက်ကြစို့” ဖြစ်သည်။

မြန်မာနိုင်ငံတွင် အထက်တန်းကျောင်းသား အရေအတွက်၏ ဆေးလိပ်သောက်နှုန်းမှာ ၂ဝဝ၁ ခုနှစ်က ၁ဝ.၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး၊ ၂ဝဝ၇ ခုနှစ်တွင်မူ ၄.၉ ရာခိုင်နှုန်း ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ ပူးတွဲပြုလုပ်သည့် Global Youth Tobacco Survey - GYTS စစ်တမ်းအရ သိရသည်။

လူငယ်များအကြား မြင်တွေ့ရသည်က ၁ဝ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း ဒေါက်တာခိုင်စိုးဝင်းက ဆိုသည်။

“လူငယ်တွေကို သင်တန်းလုပ်တဲ့အခါမှာ ဆိုပါတော့ လူ ၄ဝ လောက် သင်တန်း ပေးတဲ့အထဲမှာ အနည်းဆုံးတော့ ၄ ယောက်လောက်တော့ ပြန်ပါလာတော့ ၁ဝ ရာခိုင်နှုန်းလောက်တောင် ရောက်နေတယ်။ ဒါ လူငယ်အပိုင်းမှာနော်။ ကျနော်က လောလောဆယ် လူငယ်စီမံချက်ကိုပဲ ကိုင်ထားတော့ လူကြီးပိုင်းကို မသိလိုက်ဘူး။ ဒါပေမဲ့ လူကြီးတွေလည်း သောက်နေကြတာပဲ” ဟု သူက ပြောသည်။

ကိန်းဂဏန်းများအရ ဆေးလိပ်သောက်သုံးမှု လျော့နည်းသွားသည်ဟု ဆိုသော်လည်း ကွမ်း အပါအဝင်
ဆေးရွက်ကြီး သောက်သုံးမှုတွင်မူ ၂ဝဝ၁ ခုနှစ်က ၅.၇ ရာခိုင်နှုန်းရှိရာမှ ၂ဝဝ၇ ခုနှစ်တွင် ၁၄.၁ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ဟု GYTS စစ်တမ်းတွင် ဖော်ပြထားသည်။

“ကွမ်းစားတဲ့သူတွေ တတ်နိုင်လို့ရှိရင် ဆေးရွက်ကြီးနဲ့ ပတ်သက်ပြီး ပါတဲ့ 92 တို့၊ 100 တို့ ဒါတွေလည်း ထည့်ပြီး မစားစေချင်ဘူး။ ဒါတွေက တကယ်တမ်းကျတော့ ဆေးရွက်ကြီးကို ပြုပြင်ထားတဲ့ ဟာတွေချည်းပဲ။ နောက် ဗမာဆေးဆို နည်းနည်းပိုဆိုးသေးတယ်။ အထူးသဖြင့် ဗမာဆေးကို ကျနော် ကွမ်းယာဆိုင်တွေမှာ တွေ့တာ မှိုတက်နေတဲ့ ဗမာဆေးတွေကို ထည့်သုံးနေတာတွေ ဘာတွေ။ အဲဒါတွေ ပိုဆိုးလိမ့်မယ်” ဟု ရန်ကုန်မြို့ခံ ဆရာဝန်တဦးကလည်း မဇ္ဈိမကို ပြောသည်။

ဆေးလိပ်သောက်သူများထဲတွင် သာမန်အရပ်သားများသာမက ကျန်းမာရေးဝန်ထမ်းများပင် ပါဝင်နေသည်။

“အမျိုးမျိုးတော့ ပညာပေးတာပဲ။ ပညာပေးတာမှ ကျနော်တို့ဆိုရင် ဆေးခန်းစာအုပ်တွေမှာ ဆေးလိပ်သောက်ခြင်းရဲ့ အပြစ်တွေ အကုန်ရေးပေးတာပဲ။ ဒါပေမဲ့ လုပ်နေကြတာပဲ။ နောက် ဆရာဝန်တွေ ကိုယ်တိုင်က
ဆေးလိပ်သောက်နေကြတယ်။ နှလုံးသွေးကြောပိတ်သွားတယ်။ ကုထားရတယ်။ ဒါပေမဲ့ ဆေးလိပ်
သောက်နေကြတုန်းပဲ” ဟု ဒေါက်တာခိုင်စိုးဝင်းက ဆိုသည်။

ဆေးလိပ်တွင် ဓာတ်ပစ္စည်းအမျိုးပေါင်း ၄၃ဝဝ ကျော်ပါဝင်ပြီး လူကို အသက်အန္တရာယ်ပေးနိုင်သည့် ကတ္တရာ၊ နီကိုတင်း ကာဗွန်မိုနောက်ဆိုဒ်၊ ဘင်ဇင်းနှင့် အမိုးနီးယားဓာတ် များစွာပါဝင်သည်။

“ကျနော့်ယောက္ခမဆိုလည်း အဆုတ်ကင်ဆာနဲ့ သေသွားတယ်။ ဆေးလိပ်ကြောင့် ဖြစ်တယ်ဆိုတာ သူကိုယ်တိုင် သိတယ်။ အဲဒီတော့ အောက်က သားသမီး၊ သားတွေမှာလည်း တယောက်ဆိုရင်လည်း အဆုတ်ကင်ဆာနဲ့
လောလောလတ်လတ် သေသွားပြီ။ နောက်တယောက်ဆိုရင် အဲဒီဆေးလိပ်ကြောင့်ပဲ လျှာကင်ဆာဖြစ်တယ်။ ဆေးသွင်းတယ်၊ ဓာတ်ကင်ရတယ်။ နည်းနည်းလေး သက်သာလာတယ်။ ဒါကြောင့်ဖြစ်တယ်ဆိုတာ သိရဲ့သားနဲ့ ဆေးလိပ်ပြန်သောက်နေတယ်။ ဆိုတော့ စွဲနေကြတာကို မဖြတ်ချင်ကြဘူး” ဟု ရန်ကုန်မြို့ခံ ဆရာဝန်က ဆိုသည်။

ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာနှင့် ခံတွင်းကင်ဆာများဖြစ်ပေါ်နိုင်ပြီး နှလုံးသွေးကြောပိတ်ရောဂါများ
ဖြစ်ပွားနိုင်ပြီး အဖြစ်အများဆုံးနှင့် လူအသေအပျောက် အများဆုံးရောဂါများ ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းအဆိုအရ သိရသည်။

“အဓိက အဆိုးဆုံးကတော့ ကင်ဆာပေါ့ဗျာ။ ကင်ဆာဆိုရင်လည်း ပါးစပ်ထဲမှာလည်း ကင်ဆာဖြစ်သလို အဆုတ်ထဲမှာလည်း ကင်ဆာဖြစ်မှာပဲ။ နည်းနည်းလေး ပျော့သွားတဲ့အခါကျတော့မှ အဆုတ်ပွတယ်၊ နာတာရှည် လေပြွန်ယောင်ရောဂါတွေ ရမယ်။ နှလုံးမှာဆိုရင် သွေးကြောတွေ ကျဉ်းလာမယ်။ နှလုံးသွေးကြော ကျဉ်းလာရင် နှလုံးပုပ်တယ်ပေါ့။ နောက် ခပ်ပျော့ပျော့ထဲကဆိုရင်တော့ အစာအိမ် အနာပေါက်မယ်။ ဒီ့ထက်ဆိုးရင် အစာအိမ်ကင်ဆာအထိ ရောက်လာနိုင်တယ်” ဟု ဒေါက်တာခိုင်စိုးဝင်းက ပြောသည်။

အစိုးရအနေဖြင့် ဥပေဒပြဋ္ဌာန်းထားရုံဖြင့် မလုံလောက်ဘဲ တွန်းအားပေးလုပ်ဆောင်မှုများ လိုအပ်နေကြောင်း ဆရာဝန်များ အသင်းက တိုက်တွန်းသည်။

“ဥပဒေတို့ စည်းမျဉ်းတို့ရှိပေမယ့်လည်း Enforcement အတင်းအကျပ် မရှိရင်တော့ အလကားပဲ။ တကယ့်
ဆေးလိပ်ရောင်းတဲ့ နေရာတွေက ဟိုတုန်းကဆိုရင်တော့ အရက်ရောင်းလို့ရှိရင် အရက်က လိုင်စင်ရှိမှ
ရောင်းရတယ်ဆိုတာမျိုးလို အတားအဆီးလေးများ လုပ်လိုက်လို့ရှိရင် ရောင်းတဲ့နေရာမှာ အကန့်အသတ် ရှိလာမယ်ပေါ့။ အဲဒီ့အခါကျရင် သောက်သုံးတဲ့သူလည်း ဘာပဲပြောပြော အခွန်အခ ဈေးတက်လာလို့ရှိရင်
ဆေးလိပ်ဈေး တက်လာမယ်ပေါ့။ ဒါပေမဲ့ နယ်စပ်ကနေ မဝင်ဖို့လည်း အရေးကြီးသေးတယ်။ နယ်စပ်က ဝင်ပြီဆိုရင်တော့ ဈေးပေါပေါထဲကဟာတွေ ဝင်လာလိမ့်မယ်လေ” ဟု အသင်း၏ အထွေထွေအတွင်းရေးမှူး
ဒေါက်တာခိုင်စိုးဝင်းက ပြောသည်။

ကမ္ဘာတဝှန်းတွင် ၂ဝ ရာစုအတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုကြောင့် လူပေါင်း သန်း ၁ဝဝ ကို အသက်ဆုံးရှုံးစေခဲ့ပြီး ၂၁ ရာစုတွင် လူပေါင်း သန်း ၁ဝဝဝ အသက်ဆုံးရှုံးစေမည်ဟု WHO က ခန့်မှန်းထားသည်။

အစိုးရအနေဖြင့် ပညာပေးလုပ်ငန်းများနှင့်ပတ်သက်၍ မီဒီယာကို အသုံးချရန်နှင့် ထိရောက်စွာ လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း ဆရာဝန်အသင်းက ဆိုသည်။

“အဓိကကတော့ Multi Media အကုန်သုံးရမှာပဲ။ အသံလည်း ထုတ်ပြရမယ်။ ရုပ်တွေလည်း ထုတ်ပြနိုင်တယ်ဆိုရင်တော့ အဆင်ပြေလောက်တယ်လို့ ကျနော် ယူဆတာပဲ။ ဘာဖြစ်လို့ဆိုတော့ ရုပ်မြင်သံကြားက ဖြန့်ချိနိုင်လို့ရှိရင် ပိုကောင်းမယ်။ ဒါပေမဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်တဲ့စရိတ်က ကြီးတယ်လေ။ ဈေးကြီးတယ်ဆိုတော့ တော်ရုံတန်ရုံလည်း အစိုးရက မလုပ်ရင်တော့ ကျနော်တို့လည်း မလုပ်နိုင်ဘူး။ ဒါ အစိုးရကတော့ တော်တော်များများ လုပ်နေပါပြီ။ ဒါပေမဲ့ တကယ်လူကြည့်တဲ့ အချိန်မှာတော့ မလာသေးဘူး” ဟု ဒေါက်တာခိုင်စိုးဝင်းက ပြောဆိုသည်။

ကချင် လက်နက်ကိုင်အဖွဲ့စစ်ရေးပြင်ဆင်ထား

ကချင် လက်နက်ကိုင်အဖွဲ့စစ်ရေးပြင်ဆင်ထား




ကချင်ပြည်နယ် အရှေ့တောင်ဘက် မန်စီမြို့နယ်အတွင်းရှိ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ရင်း၂၇ ထိန်းချုပ် ထားသော ဒေသတွင် ၎င်း တပ်ဖွဲ့ဝင်များကို စစ်အင်အား တိုးချဲ့၍ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားသည်။

ပြီးခဲ့သည့်တပတ် သောကြာနေ့က အစိုးရ၏ ခြေလျင်တပ်ရင်း (ခလရ ) ၁၀၅ တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုကဲ့သို့ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)မှ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ယနေ့ ဧရာဝတီ ကို ပြောသည်။

KIA တပ်ဖွဲ့ဝင်များသည် စစ်အစိုးရတပ်များ တည်ရှိသည့် နေရာအနီး တ၀ိုက်တွင် နေရာယူထားပြီး စစ်ရေးအရ အသင့် ပြင် ဆင်ထားသည်ဟု ၎င်းက ဆိုသည်။

အစိုးရတပ်ဖွဲ့ဝင်များက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တပ်အင်အား တိုးချဲ့ခြင်းမရှိဘဲ KIA ထိန်းချုပ်နယ်မြေ အတွင်းရှိ ရှ ဒန် ကျေးရွာ တွင် လှုပ်ရှားနေကြောင်း သိရသည်။

“သူတို့ အခု နေနေတဲ့ ရွာက အတွင်းပိုင်း တော်တော်လေး ကျသွားပြီး ကျနော်တို့ လုံခြုံရေး စီမံချက် လုပ်ထားတဲ့ အတွင်းပိုင်း ကို ရောက်နေတယ်၊ အဲဒီတော့ သူတို့ တောထဲကို ဟိုဝင် ဒီဝင် လုပ်ရင်တော့ မဖြစ်သင့်တာတွေ ဖြစ်တော့မှာပဲ”ဟု ဦးလနန်က ဆက်ပြောသည်။

အစိုးရတပ်များ လှုပ်ရှားနေသည့် ကျေးရွာတွင် ဒေသခံများက စစ်ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် နီးစပ်ရာ ဆွေမျိုးနှင့် မိတ်ဆွေများထံ တိမ်းရှောင်နေကြောင်းလည်း သိရသည်။

ဦးလနန်၏ အဆိုအရ အစိုးရတပ်က ရွာသား၂ ဦးကို ဖမ်းဆီးထားကြောင်း ပြောဆိုသော်လည်း သီးခြားအတည်မပြု နိုင်ပေ။

KIA တွင် စစ်အင်အား တသောင်း ၀န်းကျင်ရှိပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စခန်းချထားကြောင်း သိရသည်။
၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး ပျက်ပြား လျက်ရှိသည်။ နှစ်ဘက် စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။

KIA ကို “သောင်းကျန်းသူ” အဖွဲ့ဟု အစိုးရပိုင် သတင်းစာများတွင် မကြာခဏ သုံးနှုန်းဖော်ပြသည်အထိ နှစ်ဘက် ဆက်ဆံရေး ဆိုးရွားလျက်ရှိသည်။

ပြီးခဲ့သည့် တပတ် သောကြာနေ့က တရုတ် နိုင်ငံတော်ကောင်စီဝင် Meng Jianzhu နှင့် မြန်မာ ပြည်ထဲရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို တို့ တွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးများကို တိုးမြှင့် ဆောင်ရွက်သွားရန် သဘောတူ ခဲ့ကြောင်း သိရသည်။
http://www.irrawaddy.org/bur/index.php/news/6495-2011-05-30-11-58-09

ဒုတိယအကြိမ် ပင်လုံညီလာခံအတွက် ပြင်ဆင်မှုတွေ စတင်

ဒုတိယအကြိမ် ပင်လုံညီလာခံအတွက် ပြင်ဆင်မှုတွေ စတင်
2011-05-29 RFA




‘ပင်လုံစာချုပ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းတွေ ပြုစုရေးသားဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က ပြည်တွင်းပြည်ပ လူငယ်တွေနဲ့ ပညာရှင်တွေကို တိုက်တွန်းထားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို ရည်ရွယ်ပြီး စာတမ်းဖတ်ပွဲ ကျင်းပဖို့ အခုလို စုဆောင်းနေတာလို့ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို ပြောပါတယ်။

“ဒုတိယပင်လုံအတွက် ‘ပင်လုံစာချုပ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်’ ဆိုတဲ့ ခေါင်းစဉ်ပေးပြီးတော့ စာတမ်းတွေ ရေးခိုင်းထားတယ်၊ လူငယ်တွေ ပညာရှင်တွေနဲ့ ပြည်ပကိုပါပေါ့။ အဲဒါတွေ ရရင်တော့ စာတမ်းဖတ်ပွဲတခု လုပ်မယ်။ နိုင်ငံခြားသား ပညာရှင်တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် တောင်းမယ်လို့ ပြောတယ်။ ပြည်တွင်းမှာတော့ သက်ဆိုင်ရာ နီးစပ်ရာ နီးစပ်ရာ ကမ်းလှမ်းတယ်။ တိုင်းရင်းသားတွေ ကိစ္စကတော့ ရခိုင်ဆိုရင်တော့ ကျနော်က တာဝန်ယူတာပေါ့။ ချင်း ဆိုရင်တော့ ပူကျင်ရှင်းထန် ကပေါ့။ ရှမ်း ဆိုရင်တော့ စိုင်းထွန်းအောင်တို့ ဘာတို့ ဒီလိုပေါ့ဗျာ”

စာတမ်း ပေးပို့ရမယ့် နောက်ဆုံးရက်ကိုတော့ မသတ်မှတ်ထားသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် လာမယ့် CRPP အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးဆုံးဖြတ်မယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

နိုင်ငံခြားသား ပညာရှင်တွေဆီက စာတမ်းကို မျှမျှတတရေးမယ့် ပုဂ္ဂိုလ်မျိုးတွေကို ကမ်းလှမ်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူမျိုးမတူ၊ ဘာသာစကား မတူ၊ ယဉ်ကျေးမှု မတူတဲ့ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူညီမျှရေး တွေအတွက် ခေတ်နဲ့ ပိုပြီးလျှော်ညီမယ့် ပြည်ထောင်စုတခု တည်ဆောက်ဖို့ ဒုတိယ ပင်လုံညီလာခံတခု ကျင်းပနိုင်အောင် ပြင်ဆင်နေတာလို့လည်း သိရပါတယ်။

ဗဟိုစည်သံ

ဗဟိုစည်သံ




๖ ဗြိုန်း, စောင်စောင်, နယ်ချဲ့က၊ မျိုးပြုန်းစီမံ
ရည်ရွယ်ချက်၊ သတ်ကွင်းချစေ
ဒလဇတ်၊ ပျက်သုန်းနေခိုက်
ဗဟိုစည်သံက၊ ရက္ခိုင်စစ်လို့
စည်ရှိန်မြင့်၊ မင်္ဂလာရောင်ပြန်, ဗြိုန်း, စောင်.။

๖ ရက္ခိုင်မျိုးမှန်လို့၊ အောင်စည်သံပိုင်
စည်သံမြိုင်လို့၊ အောင်ပျိုးထွင်၍
ဘက်စုံနိုးထ၊ မျိုးမြတ်ဖြစ်သို့
ဗဟိုစည်က၊ ရင်ကြားသံကို
ထုထွင်းနေပြီ၊ ညီညွတ်ကြသော်ဝ်, ဗြိုန်း, စောင်.။

๖ ဗဟိုစည်သံ၊ မိုးထက်ညံလို့
သမိုင်းသက်သီ၊ လင်္ကာမြောက်လို့
လာဒ်ကောင်ဗျာလ၊ မျိုးနာမ်ဆင်ပါ
သိမ်းကစစ်ချီ၊ မင်းဘာ-ဘင်္ဂါဆယ့်နှစ်မြို့၌
အောင်စည်ညံခ၊ သမိုင်းသက်သီတည်း, ဗြိုန်း, စောင်.။

๖ ရက္ခိုင်မျိုးဘုရား၊ ပုထိုးအနုလက်ရာ
သဇင်ပန်းခိုင်တမြိုင်မြိုင်၊ သကျသာကီဝင်
ဘုရားပုထိုးလိုင်သည့်၊ ဗျာဒိတ်တော်ဝင်မြေ
ရှေ့မူဟန်ကို၊ ထမ်းရွက်သူမှန်
ရက္ခိုင့်မဏ္ဍိုင်၊ စည်ဇာရိတ္တက
ရက္ခိုင်သွေးစစ်၍၊ နေရာမရွေး
စည်ဂုဏ်ရောင်နဲ့၊ မျိုးစီးပွားကို
မုချရက္ခိုင်၊ ကမ္ဘာတည်သရွေ့ ကဗျည်းထိုးမည်, ဗြိုန်း, စောင်.။

๖ ရက္ခိုင်စည်မှာ၊ ရက္ခိုင့်အလင်းတန်း
စွမ်းကုန်ထိုးဖေါက်၊ မြေချိုးမိုးပျံ
ဒေါင့်စုံတီး၍၊ အောင်စည်ပြိုင်လို့
စည်ကရက္ခိုင်၊ ရက္ခိုင့်အရှိန်က
စနစ်ဆိုးနဲ့၊ နယ်ချဲ့ပြုန်းစေ
ဗိသုကာများ၊ လင်္ကာမြောက်အောင်
ရက္ခိုင့်မာန်စွယ်က၊ ဗဟိုစည်တည်း, ဗြိုန်း, စောင်, ဗြိုန်း။

အောင်သန်း
ရခိုင်ပြည်တပ်မတော် (Arakan Army)
June 1, 2011

ဖမ်းဆီးခံ အရှင်ပညာစာရနှင့် ပတ်သတ်၍ နယူးဒေလီတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ဖမ်းဆီးခံ အရှင်ပညာစာရနှင့် ပတ်သတ်၍ နယူးဒေလီတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

မောင်အေး (နိရဉ္စရာ)

ရမ္မာဝတီ အရှင် ပညာစာရအား မြန်မာ စစ်အစိုးရမှ မတရား ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုးတပ်ကာ တရား စွဲဆိုခြင်းနှင့် ပတ်သတ်၍ ရခိုင်အမျိုးသားကောင်စီ (ANC) မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် သတင်း စာရှင်းလင်းပွဲ တရပ်ကို သောကြာနေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို နယူးဒေလီရှိ ရခိုင်အမျိုးသားကောင်စီ အေအန်စီရုံးတွင် နံနက် ၁၁ နာရီတွင် ပြုလုပ်ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ရခြင်းနှင့် ပတ်သတ်၍ ဦးဆောင်ပြုလုပ်သူ ANC ဥက္ကဌ ဆရာတော် အရှင် အရိယာဝံသက ယခုကဲ့သို့ မိန်းကြားသည်။

"ဒီကိစ္စဟာ လူတဦးတယောက်ကို မတရား နှိပ်စက် ဖမ်းဆီးခြင်း မဟုတ်ဘဲ လူမျိုး တမျိုးလုံးရဲ့ သမိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ လူမမယ် ကလေးငယ်တွေရဲ့ဘ၀ကိုပါ ရိုက်ချိုးဖျက်ဆီး လိုက်တာဖြစ်တယ်။ ရခိုင်လူမျိုးတွေနဲ့အတူ မြန်မာပြည်သူ လူထု တရပ်လုံး (ရဟန်း ရှင်လူ ပြည်သူတွေ) အားလုံး ပါဝင်လာပြီး ဆရာတော် လွတ်မြောက်အောင် တစုတလုံးတည်း တောင်းဆို လာတဲ့အထိ ဖြစ်လာအောင် အခုလို ရှင်းလင်း ရခြင်း ဖြစ်တယ်။"�

သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သည့်အတွက် နောက်ထပ်ဖြစ်ပေါ်လာမည့် မျော်လင့်ချက်များကို အရှင် အရိယာဝံသက ဆက်လက်မိန့်ကြားသည်။

"ပြည်ပ မီဒီယာတွေက တဆင့် ပြည်သူ လူထုကြားမှာ ဒီကိစ္စ အမှန်တရား ပေါ်ထွက်လာဖို့နဲ့ လူထု တရပ်လုံးက ဒီမတရားမှုကို ခေါင်းငုံ့ ခံမနေကြဘဲ ပူးပေါင်း ပါဝင် လာကြဖို့ရယ်၊ နောက်ပြီး နအဖက မဟုတ် မတရား စွပ်စွဲ ပြောဆိုနေတာတွေလည်း ရပ်တန့်သွားလိမ့်လို့မျော်လင့်တယ်။ တိုတိုနဲ့ ပြောရရင် အမှန်တရားဘက်က အသံတွေ ဒီထက်ကျယ်လောင်လာ လိမ့်မယ်လို့ မျော်လင့်တယ်။"�

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဒေလီရောက် ရခိုင်အမျိုးသားများနှင့် ချင်းအမျိုးသားစုစုပေါင်း အင်အား ၂၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

တက်ရောက်လာကြသည့် ပရိသတ်များမှ အရှင်ပညာစာရနှင့်ပတ်သတ်သည့် အချက်အလက်များကို မေးမြန်း ကြပြီး စစ်အစိုးရ၏ ရက်စက် ယုတ်မာမှုများကို တက်ရောက်လာသူများမှ ရှုတ်ချခဲ့ကြကြောင်း သိရသည်။

ဆရာတော်ကို မာတေဇအန်ဂျီအိုမှ အကျိုးဆောင် ကျောင်းကော်မီတီ ဦးအောင်ဝင်းကျော်နှင့် ထွန်းသိန်းတို့မှ တိုင်ကြားခဲ့သည်ဟု ဆိုကာ ဇူလိုင်လ ၂၇ ရက်နေ့တွင် စစ်အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။

ဆရာတော်အား ဖမ်းဆီးစဉ်က မာတုကာမနှင့်ဖောက်ပြန်သည့် အတွက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း နအဖ အာဏာပိုင်များက ပြောကြားခဲ့သည်။

သြဂုတ်လ ၁၆ ရက်နေ့က ရုံးထုတ် တရားစွဲဆိုသည့် အခါ ဘာသာသနာ ညှိုးနွမ်းစေမှု၊ ယုံကြည်၍ အပ်နှံ့ထားသည့် ငွေကြေးများကို အလွဲသုံးစားမှု၊ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ချက်မူ။ သာသနာပိုင်မြေကို အခငွေဖြင့် ငှားရမ်း အသုံးပြုမှု၊ နိုင်ငံခြားငွေ ကိုင်ဆောင်မှု အပါအ၀င် အမှု ၇ မှုဖြင့် တရားစွဲ ဆိုခဲ့သည်။

Sunday, May 29, 2011

တရုတ်မှ ဒေါ်လာ ၇၆၃ သန်း ထုတ်ချေးမည်ဆိုသော်လည်း စီမံကိန်း၏ အဓိက ပင်မ ဒေသ အကျိုးခံစား ရနိုင်ဖွယ် မရှိ

တရုတ်မှ ဒေါ်လာ ၇၆၃ သန်း ထုတ်ချေးမည်ဆိုသော်လည်း စီမံကိန်း၏ အဓိက ပင်မ ဒေသ အကျိုးခံစား ရနိုင်ဖွယ် မရှိ

www.narinjara.com
တာကလူးနှင့် ထွန်းထွန်

မြန်မာသမ္မတ ဦးသိန်းစိန်၏ သုံးရက်တာ တရုတ်ပြည် ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ရထားလမ်း တည်ဆောက်ရေး အပါအ၀င် တခြား အကျိုးတူ စီးပွါးရေး လုပ်ငန်းများ ပူးတွဲလုပ်ဆောင်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး၊ ထိုလုပ်ငန်းများအကောင်အထည်ဖေါ်ရန် အတွက် တရုတ်မှ မြန်မာကို အမေရိကန် ဒေါ်လာ ၇၆၃ သန်း ထုတ်ချေးလိုက်ကြောင်း သတင်း ရရှိသည်။






တရုတ်နှင့် ရထားလမ်း ဆက်သွယ်မည့် ကျောက်ဖြူမြို့
ဦးသိန်းစိန်၏ တရုတ် ခရီးစဉ် အတွင်း မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ အရှေ့ဘက်နယ်စပ်မြို့ မူဆယ်ကို ဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရူလီအထိ ကီလိုမီတာ ၈၁၀ ရှည်လျားသည့် ရထားလမ်းတစ်ခုကို တည်ဆောက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်ဟု တရုတ်နိုင်ငံ၏ အကြီးဆုံး ရထားလမ်း တည်ဆောက်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် China Railway Group Limited မှ မြန်မာသမ္မတ၏ ခရီးစဉ် အဆုံးသတ်ခဲ့သည့် ယမန်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာသမ္မတ၏ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အတိုင်း ၄င်း ကျောက်ဖြူ-မူဆယ်-ရူလီ ရထားလမ်းကို အဆိုပါ တရုတ်ရထားလမ်းတည်ဆောက်ရေးကုမ္ပဏီမှ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

၃ နှစ်အတွင်းအပြီးသတ်တည်ဆောက်ရန်စီစဉ်ထားသည့် အဆိုပါရထားလမ်းဖြင့် မြန်မာနှင့် တရုတ်တို့ အကြား အကျိုးတူ စီးပွါးရေး လုပ်ငန်းများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာနိုင်မည်သာမက မြန်မာ၏ ဒေသတွင်း စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်ကူ ဖြစ်လာစေလိမ့်မည် ဟုလည်း တရုတ် အစိုးရ မီဒီယာများမှ သတင်း ထုတ်ပြန်ခဲ့ကြသည်။

သို့သော်လည်း ထိုင်း အခြေစိုက် ရွှေဂတ်စ် လူပ်ရှားမူ တာဝန်ခံ ဦးဝင်းအောင်က တရုတ်မှ မြန်မာနိုင်ငံတွင် ပြုလုပ်သော စီမံကိန်းများ ဒေသခံ ပြည်သူများအတွက် အကျိုးတစုံတရာ ရှိသည်ကို ယခုထက်တိုင် မမြင်တွေ့ ရသေးကြောင်း သူက ယခုကဲ့သို့ ပြောသည်။

" ပြောရမယ်ဆိုရင် ရခိုင် ဒေသမှာ ဒီဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေကို လုပ်ဆောင် နေတာဟာ နှစ်ပေါင်း သုံးလေး နှစ်သက်တမ်းရှည်လာပြီ ဖြစ်ပေမယ့် ခုချိန်အထိ ရခိုင်ပြည်သူ လူထုအတွက် ဘာတစ်ခုမှ အကျိုး မရှိသေးဘူး။ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ပေးတာလည်း ခုချိန်ထိ ဘာမှ မတွေ့ရသေးဘူး။ အဲဒီ စီမံကိန်းကြောင့်သာ မြေတွေ သိမ်းခံရတာတွေ၊ မိမိရိုးရာ အစဉ် အလာအရ လုပ်ကိုင် စားသောက်နေတဲ့ အလုပ်အကိုင်တွေသာ ဒေသခံတွေ ဆုံးရှုံး သွာတာကို ကြုံတွေ့နေကြရပါတယ်။ ဒီအတွက် ခုလုပ်မယ့် စီမံကိန်းတွေဟာ ဒေသခံ ရခိုင်ပြည်သူလူထုအ တွက်အကျိုးရှိမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ခုလုပ်နေတာတွေဟာ သူတို့ အစိုးရ နှစ်ရပ်ရဲ့ အကျိုး စီးပွား ဖွံ့ဖြိုးတိုး တက်မှုကို အဓိကထား လုပ်ဆောင် နေတယ်လို့ မြင်ပါတယ်" ဟု ဆိုသည်။

မြန်မာ အစိုးရသည် ရခိုင် ဒေသမှ သဘာဝ သံယာဇာတ ပစ္စည်းများကို ထုတ်ယုပြီး အိမ်နီးချင်း နိုင်ငံများသို့ ရောင်းချရန်သာ စိတ်ဝင်စားနေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုမူ လုံးဝ လစ်လျူရှု့ ထားကြောင်း ပြည်တွင်း ပြည်ပတွင် ကျယ်ကျယ်ပြန့်ြ့ပန့် ဝေဖန်မူများ ထွက်ပေါ်နေသည်။

Images


တရုတ်သင်္ဘောများ ဆိပ်ကပ်ရန် ကျောက်ဖြူ အမှတ်(၁) ဖေါင်တော်ကို ယခုအခါ ပြန်လည် တည်ဆောက်နေသည်။ ( ဓါတ်ပုံ- နိရဉ္စရာ)
မြန်မာနိုင်ငံ ရခိုင်ကမ်းလွန် ပင်လယ်ပြင်ရှိ ရွှေဓါတ်ငွေ့သိုက်မှ ထုတ်လုပ်မည့် သဘာဓါတ်ငွေ့ နှင့် အတူ အရှေ့အလယ်ပိုင်းနိုင်ငံများမှ သင်္ဘောများဖြင့် တင်သွင်းလာမည့် ရေနံစိမ်းများကို လက်ခံနိုင်ရန် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းတွင် တရုတ်မှ ဆိပ်ကမ်းများ နှင့်အတူ ပိုက်လိုင်းများကို အကောင်အထည်ဖေါ် တည်ဆောက်လျှက် ရှိသည်။

" လက်ရှိ ဂတ်စ်နဲ့ ရေနံ ပိုက်လိုင်း တည်ဆောက်နေမှုနဲ့ ရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရက ရခိုင် ပြည်သူ လူထုရဲ့ အခြေခံ လိုအပ်ချက်တွေကို မလုပ်ဆောင်ပေးရင်တော့ ဒီစီမံကိန်း တွေဟာ အပြောအရဘဲ လူထု တွေအတွက် အကျိုးရှိနိုင်မယ်လို့ ပြောနိုင်ပြီး လက်တွေ့မှာ ဒီလုပ်ငန်း တွေဟာ ရခိုင်ပြည်သူလူထု အတွက် ဘယ်လိုနည်းနဲ့မှ အကျိုးရှိလာနိုင် မဟုတ်ပါဘူး" ဟု ကိုဝင်းအောင်က ပြောသည်။

ဦးသိန်းစိန်၏ ခရီးစဉ်အဆုံးတွင်ထုတ်ဝေခဲ့သည့် မြန်မာအစိုးရပိုင် သတင်းစာများ၏အဆိုရ ၄င်းပိုက်လိုင်းစီမံကိန်းများ နှင့် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းများအပါအ၀င် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စီမံကိန်း ၇၂ ခုတွင် အမေရိကန်ဒေါ်လာ ၁၅.၈ ဘီလီယံ ရင်းနှီးမြှပ်နှံထားကြောင်း သိရှိရသည်။

တရုတ်နိုင်ငံကို မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံတစ်ခု အဖြစ် ဖေါ်ပြထားပြီး၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံရှိခဲ့ပြီး၊ ယခု ၂၀၁၁-၂၀၁၂ တွင် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံအထိ တိုးတက် လာမည် ဟု မျှော်လင့် ထားကြောင်းလည်း ၄င်းမြန်မာ့ သတင်းစာများတွင် ရေးသား ဖေါ်ပြကြသည်။

သို့သော်လည်း တရုတ်၏ စီးပွါးရေး ရင်းနှီးမြှပ်နှံမှုများကြောင့် မြန်မာနိုင်ငံတွင် ဒေသခံပြည်သူများ နစ်နာ ဆုံးရှုံး နေကြရကြောင်းနှင့် တရုတ်၏ ဆိပ်ကမ်း၊ ပိုက်လိုင်းများနှင့် လမ်းပမ်း ဆက်သွယ်ရေး စီမံကိန်းများကို စတင် အကောင် အထည်ဖော် တည်ဆောက်နေသည့် ရခိုင်ပြည်နယ်မှ ဒေသခံများက ပြောသည်။

"ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ အထူးသဖြင့် ဒီရွှေသဘာဝဓါတ်ငွေ့စီမံကိန်းနှင့် ဆက်စပ်ပြီးတော့ တရုတ်အ ပါအ၀င်နိုင်ငံ တကာက ရင်းနှီးမြှပ်နှံထားတာတွေ အများအပြားတွေ့ရပါတယ်။ ဒါပေမယ့် အဲဒီ ရင်းနှီး မြှပ်နှံမှုတွေကြောင့် ဒေသခံပြည်သူတွေအတွက် ဘာမှ အကျိုးရှိလာတာကို ခုချိန်ထိ မတွေ့ ရသေးဘူး။ အဲဒီ စီမံကိန်း ရင်းနှီးမြှပ်နှံမှုတွေကြောင့် ဒေသခံ ပြည်သူတွေ လုပ်စားမဲ့ ကိုင်စားမဲ့ ဘ၀ပျက်နေကြရတာကိုပဲ တွေ့မြင်နေရပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းပြင် တရုတ်ကုမ္ပဏီများမှာ အဆိုပါစီမံကိန်းများ တည်ဆောက်ရာတွင် သာမန် အလုပ်သမားများကိုပင် တရုတ်ပြည်မှ ယူဆောင်လာခဲ့ပြီး၊ ဒေသခံများကို ခန့်အပ်ပေးခြင်း မရှိကြောင်းလည်း သိရသည်။

တရုတ်၊ အိန္ဒိယ အပါအ၀င် နိုင်ငံတကာ ကုမ္ပဏီများမှ မြန်မာအစိုးရနှင့် ပေါင်းဖက်ပြီး ရခိုင်ဒေသအတွင်း အပြိုင်အဆိုင် ရင်းနှီးမြှပ်နှံနေကြပြီး စီးပွါးရေး စီမံကိန်း အများအပြားကို အကောင်အထည်ဖော် လုပ်ဆောင် နေကြသော်လည်း ဒေသခံ ရခိုင်ပြည်သူ အများစုမှာ အဆိုပါ စီမံကိန်းများမှ တစ်စုံတရာ အကျိုးခံစားခွင့်မရသဖြင့် တစ်နေ့ထက် တစ်နေ့ စီးပွားရေး ကျပ်တည်းမူနှင့် အလုပ်အကိုင် ရှားပါးမူ ပြဿနာများကိုသာ ရင်ဆိုင်နေကြရပြီး လက်ရှိ အချိန်တွင် အလုပ်အကိုင် အခွင့်အလန်း အတွက် နိုင်ငံအတွင်းရှိ ဗမာပြည်မနှင့် ကချင်ဒေသအပါအတွင် ထိုင်း၊ မလေးရှားစသည့် နိုင်ငံများသို့ နေ့စဉ် ရက်ဆက် ထွက်ခွာနေကြရသည်။

Internet soruce

22.5.2011 ည8နာရီနှင့် 9 နာရီပတ်ဝန်းကျင်ခန့်က(ရန်ကုန်တိုင်းရဲတိုင်မှူးဦးအောင်ဒိုင်း၏ တူဖြစ်သူ ဦးကိုကိုဇော်၏ မုဒိမ်းကျင့်၊လူသတ်မှု ဖြစ်စဉ်သတင်း)


ရန်ကုန်တိုင်းလှိုင်မြို့နယ်အမှတ်(2)ရပ်ကွက်၊ လှိုင်မြစ်လမ်းအမှတ်(188) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝန်ထမ်းရိပ်သာအောက်ထပ် တွင်ဖွင့်လှစ်ထားသော 15ပေxပေ60 ဆိုင်ခန်3းခန်း ကို ရန်ကုန်တိုင်းရဲတိုင်းမှူး၏ အရှိန်အ၀ါဖြင့် လွန်ခဲ့သော(7)နှစ်ခန့် အချိန်မှ့စလျှက် ၄င်းကောင်း၏တူဖြစ်သူမှလခကျေးငွေ အနည်းငယ် ဖြင့်
ကောင်းကျော်ကြား ဟူသောလက်ဖက်ရည်ဆိုင်ကိုဖွင့်လှစ်ရောင်းချခဲ့ပါသည်၊

အခင်းဖြစ်ပွားရာ 22.5.2011 ည8နာရီနှင့်9နာရီပတ်ဝန်းကျင်ခန့်တွင်(အဖ)ဦးစိန်ကုလား(အမိ)ဒေါ်စန်းစန်းမြင့် တို့၏သမီး အသက်(15)နှစ်ခန့်ရှိ *မအေမီလွင်* ဆိုသောဆိုင်ဝန်ထမ်းအမျိုးသမီးငယ်အား အလိုမတူပဲ သားမယား ပြုကျင့်ခဲ့ပါသည်၊သေဆုံးသူမိန်းကလေးမှ တိုင်ကြားမည်ဟုပြောသောအခါ ၄င်းတရားခံမှစတီးဓားမြောင်ဖြင့် ထိုးသတ်ခဲ့ပါသည်၊ပတ်ဝန်းကျင်ရှိ ယုဇနဆေးခန်းမှ ဒေါက်တာတင်အောင်ကြိုင် အားခေါ်ယူကုသသော်လည်း ဆရာဝန်မှ လာရောက်ကြည့်ရှုပြီး ဆေးရုံသို့သွားရန်ညွှန်ကြားခဲ့ပါသည်။

တရားခံမှ ဆိုင်ရှိဝန်ထမ်းများကို သက်ဆိုင်ရာမှ လာရောက်စစ်ဆေးသည့်အခါ နောက်ပြောင်ရင်းထိုးမိသည်ဟုထွတ်ဆိုရန်ဖိအားပေးခြိမ်းချောက်စေခိုင်ခဲ့ပါသည်။

ပိတောက်ချောင်းရဲစခန်းမှ့ တာဝန်မှူး ဒုရဲအုပ်မိုးကျော် မှ ပုဒ်မ ၃၀၄(က) လူသတ်မှုဖြင့်သာစတင်အရေးယူပြီး ရန်ကုန်ပြည်သူ့ဆေးရုံ ဆရာဝန်များ၏ညွှန်ကြားချက်အရ မိန်းကလေး၏အင်္ဂါတွင်သွေးထွက်ဒါဏ်ရာတွေပြီး မိန်းကလေး၏သွေးစွန်းနေသော အတွင်းခံ ဘောင်းဘီအား ဓါတုဗေဒ၀န်သို့
ဆေးစစ်ချက်ရယူရန်ပြန်ကြားခဲ့ပါသည်။

ထိုအခါမှလူသတ်မှုပုဒ်မ-၃၀၂ သို့ပြောင်းလဲအရေးယူခဲ့ပါသည် တရားခံကိုလဲ အချုပ်ခန်းအတွင်းသို့ထည့်သွင်းခြင်းမပြုလုပ်ဘဲ ယခုအချိန်နယ်ထိန်းရုံခန်းအတွင်းတွင် လွတ်လပ်စွာနေထိုင်ခွင့် ပြုထားပါသည်။ ရန်ကုန်တိုင်းရဲတိုင်းမှူး၏ အရှိန်အ၀ါဖြင့်ပုဒ်မ-၃၇၆ မုဒိမ်းမှုကိုထိန်ချန်ထားပြီး ဓာတုဗေဒ၀န်သို့သေဆုံးသူ၏ သွေးစွန်းနေသော အတွင်းခံ ဘောင်းဘီကိုလဲလှယ်ဖြောက်ဖျက်ရန် ကြိုးပန်းလျှက်ရှိပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံဆရာဝန်ကြီးများ၏ ဆေးစစ်ချက်များ အရအူမကြီးဘေးရှိ အတတ်ပြက်ရှပြီးဝမ်းတွင်းသွေးလွန်သေဆုံးပြီးမိန်းမအင်္ဂါတွင်သွေးထွတ်ဒါဏ်ရာ
တွေရှိရသဖြင့် အဓမ္မပြုကျင့်ခြင်း ဖြစ်ကြောင်းထင်ရှားပါသည်။

၎င်းရဲရိပ်သာတွင်ရှိ၁၅ပေx၆၀ပေအခန်း၏ငှားရန်ခတန်ဖိုးသည်တစ်လလျှင်(၃၅၀၀၀၀ိ/)မျှရှိပြီ ၃ ခန်းဖြစ်သည့် အတွက်ဖိအားပေးငှားရန်းထားသော ဈေးနှုံးနှင့်ဆိုလျှင်အလွန်ကွာခြားလျှက်နိုင်ငံတော် ဘဏ္ဏာအတွတ်သော်၎င်း တပ်ဖွဲ့ဝန်ထမ်းသတ်သာရန်ပုံငွေများစွာနစ်နာဆုံးရုံးမှုဖြစ်ရပါသည်။

၎င်းဆိုင်တွင်ခေါ်ယူအသုံးပြုသော အလုပ်သမားစားပွဲထိုးများမှာအရွယ်မရောက်သေးသောကလေးငယ်များလဲ ပါဝင်နေပြီး၎င်းကလေးငယ်များကိုနိုင့်ထက်ပြုမူမှုများကိုလည်း ပတ်ဝန်းကျင်တွင်မကြာခဏကြားသိရပါသည်။

ယခုအခါ ရဲတိုင်းမှူးမှ ၄င်း၏အရှိန်အ၀ါကိုသုံးလျှက်ယခုအမှု ကိုပေါ့လျှာ့ပြောက်ပျက်စေရန်နှင့် လူသတ်သေ ပစ္စည်းသတ်သေများကို ဖြောက်ဖျက်ရန်ကြိုးစား နေပါသည်။

နိုင်ငံတော်အကြီးအကဲများအနေနှင့် နိုင်ငံတော်အသစ် သန့်ရှင်သောအစိုးရအဖွဲ့သစ် ပေါ်ပေါက်ရန်ကြိုးစားနေသော အချိန်ကာလဖြစ်ပါသောကြောင့်ယခုကဲ့သို့ အာဏာအရှိန်အ၀ါ ကိုသုံးလျှက် နိုင့်ထက်စီးနင်း ဥပဒေပ ပြုမူနေမှုများကို သားသမီးခြင်ကို ခြင်းစာသောစိတ်ဖြင့်အမှန်တရားပေါ်ပေါက်ရန် ကိုဖိရင်ဖိဆောင်ရွက်နိုင်ရေးအတွတ် မေတ္တာရပ်ခံတင်ပြအပ်ပါသည်။

သတင်းထူးပါက ဆက်လျှက်ဖော်ပြသွားပါမည်။


ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Saturday, May 28, 2011

ကလေးငယ် (၁၉၀၀၀၀၀၀) တကုဋေကိုးသန်းအား မနက်ဖြန် Vitamin-A တိုက်ကျွေးမည်

ဂစ္ဆပသတင်းဌာန
မေလ (၂၈)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ကလေးငယ် (၁၉၀၀၀၀၀၀) တကုဋေကိုးသန်းအား မနက်ဖြန် Vitamin-A တိုက်ကျွေးမည်





မြန်မာနိုင်ငံနှင့် ကပ်ရပ်လျှက်ရှိသည့် အိမ်နီးနားချင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် တနိုင်ငံလုံး အတိုင်းအတာဆောင်သည့် ကလေးငယ်ပေါင်း ၁၉၀၀၀၀၀၀ (တကုဋေကိုးသန်း)အား Vitamin-A ကို မနက်ဖြန် တနင်္ဂနွေနေ့တွင် တိုက်ကျွေးမည်ဖြစ်ကြောင်း သိရှိရသည်။

Vitamin-A ကို ပထမဆုံး အနေဖြင့် အဆိုပါ ခလေးငယ်များအနက် ခလေးငယ်(၂)သိန်း၊ အသက် ၆ လမှ ၁၁ လအထိကို တိုက်ကျွေး မည်ဖြစ်ပြီး၊ ခလေးငယ်စုစုပေါင်း အသက် ၁နှစ်မှ ၅ နှစ်အောက်ရှိ ၁၉၀၀၀၀၀၀ အား နိုင်ငံတ၀ှမ်း ဆေးညွှန်း အစီအစဉ်တကျ တိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကလေးငယ်များအနက် အသက် ၂နှစ်မှ ၅နှစ်အောက်ရှိ ၁၇၀၀၀၀၀၀ ကလေးငယ်များအား Albandazol နှင့် Deworming ဆေးပြားများကိုပါ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ၁.၄ သိန်းရှိ မိုဘိုင်းလိုင်းများမှတဆင့် လူထုများသို့ အသိပေးအကြောင်း ကြားထားကြောင်း ကျန်းမာရေး အကြံပီးအရာရှိ Syed Modasser Ali က ကြာသပတေးနေ့က ပြောဆိုလိုက်သည်။




အဆိုပါ နိုင်ငံအ၀ှမ်း Vitamin-A ကို သက်ဆိုင်ရာ Comilla, Moulvibazar, Gopalganj, Barisal, Shatkhira, Rajshahi နှင့် Barisal မြို့နယ်ကော်ပိုရေးရှင်းမှ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ၎င်းက Jatiya Press Club တွင် ရှင်းလင်းပြောဆိုခြင်း ဖြစ်သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ကလေးငယ်များအား Vitamin-A တိုက်ကျွေးသွားပြီးနောက်ပိုင်း ကလေးငယ်များအနေဖြင့် ၀မ်းလျော့ရောဂါနှင့် တခြား Vitamin-A ချို့ယွင်း၍ တချို့နေရာများတွင် ရောဂါကူးစက်ပြီး သေကြေမှုများအား ကာကွယ်နိုင်မည်ဖြစ်ပြီး ကလေးငယ်များ အတွင်း Vitamin-A အာဟာရ ပိုမိုရရှိသွားမည့် ရည်ရွယ်ချက်များဖြင့် တိုက်ကျွေးခြင်းဖြစ်ကြောင်း Institute of Public Health Nutrition မှ ဒါရိုက်တာ Prof Fatima Parveen Chowdhury မှ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဘင်္ဂလာတွင် Vitamin-A တိုက်ကျွေးမည့် မေလ (၂၉)ရက်နေ့သည် ‘International Day of UN Peacekeepers’ နေ့ဖြစ်သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် အမျိုးသားများအား တီကာ၊ ပိုလီယို၊ ကျောက်ရောဂါ၊ အသဲရောင် အသားဝါနှင့် တခြားကြောက်မက်ဖွယ်ကောင်းသော ရောဂါကာကွယ်ဆေးများကို သက်ဆိုင်ရာမှ အချိန်နှင့်တပြေးညီ ထိုးဆေးစားဆေး ကျွေးခြင်းများအား မြန်မာနိုင်ငံ စစ်အုပ်စုထက် ပိုမိုအာရုံစိုက် လုပ်ဆောင်လာကြသည်ကို တွေ့ရှိနေရသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်မှ ကျန်းမာရေးအရ ဆေးဝါးကူးသမှုကို စနစ်တကျ ခံယူကြလိုသူ တချို့အနေဖြင့် မိမိနိုင်ငံ ထက် သေးငယ်ပြီး လူဦးရေအလွန်အကျွံထူထပ်ကာ ယဉ်ကျေးမှုခေါင်းပါးသည့် ဘင်္ဂလာသို့ မကြာခဏ လာရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုကို ခက်ခဲစွာ ခံယူကြရသည့် အခြေအနေရှိနေကြောင်း တွေ့ရှိရသည်။

တဖက်မှာ မြန်မာနိုင်ငံထုတ် ဆေးဝါးများမှာ နိုင်ငံအတွင်း ရှားပါးပြီး ဈေးကြီးပေးဝယ်နေရသည့် ရခိုင်ပြည်နယ် လူထုအတွင်းသို့ ဘင်္ဂလာမှ စီးပွားရေးသမားများမှာ ဆေးတုများ၊ ဆေးရက်လွန်များနှင့် အခမဲ့ဖြန့်ချီပေးနေသည့် ဆေးဝါးများကို မှောင်ခိုလမ်းများမှ တင်သွင်းမှုများ ရှိနေကြောင်း နယ်စပ်မှောင်ခိုသတင်းရပ်ကွက်များက ဆိုသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား အကျိုးတူ ပူးပေါင်းဆေးဝါးထုတ်လုပ်ဖြန့်ချီမှု သဘောတူညီစာချုပ်များ လွန်ခဲ့သောနှစ်များက ချုပ်ဆိုခဲ့ သော်လည်း လူထုကျန်းမာရေးလုံခြုံစိတ်ချရမှုကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံက မြန်မာနိုင်ငံထက် လက်တွေ့တွင် အများအပြား သာလွန် နေကြောင်း သိရှိရသည်။

Friday, May 27, 2011

ရခိုင်တော်လှန်ရီးသမားတိကို ဇါမှာကလဲ ဇါက ဇါတိလဲ လို့  သိလားခကေ ဆက်သွယ်နိုင်ကတ်စီဖို့ 

ရခိုင်တော်လှန်ရီးသမားတိကို ဇါမှာကလဲ ဇါက ဇါတိလဲ လို့  သိလားခကေ ဆက်သွယ်နိုင်ကတ်စီဖို့ 
Internet sources





အခုဆိုကေ ဗိုလ်ချုပ်ခိုင်ရာဇါ ဦးစီးရေ AA ရဲဘော် မျိုးချစ် တော်လှန်ရီးသမားတိက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှာ လွပ်လွပ်လပ်လပ် လားလို့ နိန်လို့  ရပါဗျန်ဒေ။ ယေကေလဲ ကိုယ့်ခြီထောက်နာင့် လားလို့ ရကေလဲ ရာသီဥတု ပူပြင်းရေ နယူးဒေလီမြို့ မှာ သူရို့ အတွက် လားနိန်ရဖို့  စွာကား မလွယ်ပါကားယေ၊ ယေကေ မောက်တော်ကား ငှားဗျန် မဟုတ်ကေ ရိချော( ဆိုက္ကား) ငှားဗျန်လားဖို့ ဆိုကေ ရပါရေ ယေ။ ယင်းပိုင်ရာလားဖို့ ဆိုကေ ဖေ့သာလိုပါရေ မနားယေ။ ရခိုင်လူမျိုးတိ ကောင်းစားဖို့ အတွက် မတရားအဖမ်းခံ နှိပ်စက်ခံခရရေ -၁၃-နှစ်တာကာလမှာ ထောင်ထဲမှာ နိန်ခဗြီးကေ လွပ်ပါလတ်တေအခါ ဇါကဖေ့သာရှိပါဖို့ လဲ ယေ။ တက္ကစီစီးဖို့  စွာကို မပြောပါကေ့ဖိတချက်။ အင်င်္ကျီအ၀တ်အစားတိ ။ ဆလိပ်ချေတလိပ် သောက်ဖို့  စွာတိကအစ ကောင်းကောင်းကြီး ပြသနာတက်နိန်ရစွာပါဒေ။ ထမင်းစားဖို့ သောက်ဖို့ ကတော့ခါ တခြားလူမျိုးအဖွဲ့ အစည်းတိက ထောက်ပံ့ထားရေလို့  လောလောဆယ် သတင်းကြားနိန်ရစွာပါဒေ။ နောက်ပိုင်း တနားခါဆိုကေ ကိုယ့်စွာကို ကိုယ်ရို့  ရုန်းကန် ရဖို့ ပါကားယေ။ အရေးကြီးဆုံးတချက်က တော်လှန်ရီးရဲဘော်ရို့ မှာ မိသားစုတိနန့်  အဆက်အသွယ် ပြတ်နိန်စွာပါရာကာ။ ပြည်တွင်းမှာ ဟိန့် ရေ မိသားစုတိကို ဆက်သွယ်ဖို့  လမ်းကြောင်းတိ ပြသနာတက်နိန်ရပါဖို့ ကာ။ ဇါဖေ့သာနန့်  ဖုံးဆက်နိုင်ပါဖို့ လဲ ။ ဇါဖေ့သာနန့်  ကွန်ပြူတာ ဆိုင်မှာ ထိုင်နိုင်ပါဖို့ လဲ ယေ။ အမိအဖတိကား သီလားခဗျန်လား ၊ ညီမတိ အေးမတိကား အိမ်ထောင်ရက်သား ကျလားခဗျန်လား။ ကိုယ့်မှာဟိန့် ခရေ သားသမီးတိက ကြီးလားခလို့  အခု ဇါမှာလေ။ မိသားစုတိက နိုင်ငံခြားမှာ ရောက်နိန်ကတ်ပါယင့်လား ဆိုစွာကို သူရို့  သိချင်နိန်ကတ်ပါဖို့ ဒေ။ ယေဇူးနာင့် တော်လှန်ရီးရဲဘော့်  ရို့  ကို ဆက်သွယ်နိုင်ဖို့ အတွက် သူရို့ ဇါမြို့ ကလဲ ဆိုစွာကို သိလားခကေ ကိုယ့်မြို့ နယ်သားချင်းတိက ကျေးဇူးပြုလို့  ဆွီမျိုးစပ်ပနာ မိသားစုပြန်လို့  တွိ ဆုံလားနိုင်အောင် အကူအညီ ပီးလိုက်စီချင်ပါရေ ။ တတ်နိုင်ရေဖက်က ၀ိုင်းဝန်းပနာ အကူအညီ ပီးနိုင်ကတ်ပါစီလို့  တင်ပြရလိုက်ပါယင့် ။။။။။။

ကာလကတ္တားအကျဉ်းထောင်က လွပ်မြောက်လို့  လာရေ တော်လှန်ရီးမျိုးချစ် ရဲဘော် ( ၂၄ )

၁----- ကိုစိုးနိုင်----------( ရမ်းဗြဲမြို့  )
၂----- ကိုထွန်းရီ---------( ရမ်းဗြဲမြို့  )
၃------ကိုမျိုးမြတ်--------( ရမ်းဗြဲမြို့  )
၎------ကိုရဲထက် --------( ရမ်းဗြဲမြို့  )
၅------ကိုစိုးစိုး-----------( ရမ်းဗြဲ မြို့  )
၆----- ကို သိန်းကျော်အောင် ---------မြောက်ဦးမြို့  )
ရ------ကို ခိုင်သာမြ----------------------( မြောက်ဦးမြို့  )
၈------ကို အောင်ဇါမင်း----------------( မြောက်ဦးမြို့  )
၉------ကို မောင်ညိုစိန်-----------------( မြောက်ဦးမြို့  )
၁၀-- -ကိုလူလူ ----------------------------( မြောက်ဦးမြို့  )
၁၁----ကို ဓညလင်း----------( ပေါက်တောမြို့  )
၁၂----ကိုခိုင်စိုးလင်း---------( ပေါက်တောမြို့  )
၁၃----ကိုဟေလီ --------------( ပေါက်တောမြို့  )
၁၄-----ကိုချန်ဒူး -----------------------------( ကျောက်ဖြူမြို့  )
၁၅-----ကိုမောင်ခင်အေး--------------------( ကျောက်ဖြူမြို့  )
၁၆-----ကိုခင်မောင်ကျီ ----------------------( ကျောက်ဖြူမြို့  )
၁ရ-----ကို မိုးမင်းထွန်း------------------------( ကျောက်ဖြူမြို့  )
၁၈-----ကို အောင်နိုင်ဝင်း-------( စစ်တွေမြို့  )
၁၉-----ကိုခိုင်ရွှေလှ -------------( စစ်တွေမြို့  )
၂၀-----ကိုခိုင်စံသိန်း--------------------------( ကျောက်တော်မြို့  )
၂၁------ကို ခိုင်လှ -----------------------------( ကျောက်တော်မြို့  )
၂၂-------ကိုဇေါ်လင်း------------------( မင်းပြားမြို့  )
၂၃------ကို သိမ်းအောင်ကျော် ( မောင်းတောမြို့  )
၂၄------ကို မင်းသာထွန်း- -----------( ရသေ့တောင်မြို့  )

ဖုံးဆက်သွယ်ရန်

ကိုသိမ်းအောင်ကျော် ( မောင်းတောမြို့  ) ---- ဖုံး-- ၉၁-၈၂ ၈၅ ၄၃ ၁၀၁
ကိုဓညလင်း-------------( ပေါက်တောမြို့  ) ----ဖုံး--၉၁-၉၇ ၁၈ ၅၉ ၀၁၃

Tuesday, May 24, 2011

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအာဏာပိုင်များ ဆွေးနွေးပွဲပြုလုပ်

ဂစ္ဆပသတင်းဌာန
မေလ (၂၄)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအာဏာပိုင်များ ဆွေးနွေးပွဲပြုလုပ်




မြန်မာ-ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တရားဝင် နှစ်နိုင်ငံအောင်လံတင် ဆွေးနွေးပွဲတရပ်ကို ဘင်္ဂလာ ကော့စ်ဘဇားမြို့ ဟိုတယ် Sea-palace (Five Star အဆင့်) တွင် ယနေ့ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့မှ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှူး ဦးအောင်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင် ၁၇ ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဘင်္ဂလာမှ စစ်တကောင်းခရိုင် တပ်မဟာမှူး ဒုဗိုလ်မှူးကြီး အာဘ်ဒူရ် ရော်ဖိုဥ ဦးဆောင်ပြီး အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနက် ဦး အောင်ကြီး အပါအ၀င် ၃ ဦးမှာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး နစကအရာရှိ ၈ ဦးပါဝင်ကာ ကျန် ၃ ဦး၏ အဆင့်အတန်းကိုမူ မသိရှိရသေးပေ။

အဆိုပါ နှစ်ဘက်နိုင်ငံ ကိုယ်စားလှယ်တော်များ ဆွေးနွေးခဲ့ရာတွင် အဓိကအားဖြင့် နှစ်နိုင်ငံပိုက်နက်အတွင်းသို့ တရားမ၀င် ကျူးကျော် ၀င်ရောက်မှု၊ နှစ်နိုင်ငံထောင်များအတွင်းရှိ အကျဉ်းသားများအား တရားဝင်လွဲပြောင်းအပ်နှံမှု၊ နှစ်နိုင်ငံအကြား အာရှလမ်းမကြီး ဖြစ်ပေါ်တိုးတက်မှုများအပြင် နှစ်နိုင်ငံအကြားကောင်းမွန်စွာဆက်ဆံရေးနှင့် တခြားနှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းလုပ်ဆောင်မှုများ အကြာင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ကော့စ်ဘဇားမြို့ အခြေစိုက် အမှတ်(၁၇) BGB တပ်ရင်း အနေဖြင့် အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ယမနေ့က အကြိုဆွေးနွေးပွဲတခုကို ပြုလုပ်ခဲ့ကြောင်း ကော့စ်ဘဇားမြို့ အခြေစိုက် BGB အမှတ် (၁၇)တပ်ရင်းမှ ဒုဗိုလ်မှူးကြီး မိုဟာမတ် ခါလေကူဇ္ဇာမာန် က ပြောသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ အစည်းအဝေးကို နံက် (၁၁)နာရီတွင် စတင်ခဲ့ပြီး နေ့လည် (၂)နာရီတွင် သဘောတူညီချက်များ ရယူပြီး အဆုံးသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲလာကြသည့် မြန်မာအရာရှိများ အနေဖြင့် ကော့စ်ဘဇားမြို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကို လေ့လာခဲ့သော်လည်း မဟာသိမ်ရင်ပြင်သို့ သွားရောက်ဖူးမမျှော်ခဲ့ကြောင်း သိရှိရသည်။ မြန်မာ့စစ်အုပ်စု ထိပ်တန်းခေါင်းဆောင်များ အနေဖြင့် ကော့စ်ဘဇားမြို့ရှိ မဟာသိမ်ရင်ပြင်သို့တက်ရောက်ခဲ့ပြီး အပြန်တွင် ရာထူးမှအဖြတ်ခံရလေ့ရှိသည်။ သတင်းဖြန့်ချီနေသည့်အချိန်ထိ ၎င်းတို့မှာ မောင်တောမြို့သို့ မပြန် သေးကြောင်း ဒေသခံမျက်မြင်များက ပြောသည်။

Call: +88 01715445478

Monday, May 23, 2011

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒီဇယ်ဆီအကြပ်အတည်းကြောင့် မြန်မာ့ဘုတ်နှင့် သစ်များ အခက်ကြုံနေရ

ဂစ္ဆပသတင်းဌာန
မေလ (၂၃)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒီဇယ်ဆီအကြပ်အတည်းကြောင့် မြန်မာ့ဘုတ်နှင့် သစ်များ အခက်ကြုံနေရ


တာခ်နာဆိပ်ကမ်းတွင် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က တွေ့မြင်ရသည့် မြန်မာ့သစ်မြင်ကွင်း


ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဒီဇယ်ဆီဈေးမြင့်တက်သွားသဖြင့် မြန်မာ့သစ်တင်၍ စစ်တကောင်းနှင့် ဒက္ကားမြို့သို့ သွားနေကြသည့် ကုန်တင် ကားကြီးများ ရပ်ဆိုင်းထားခဲ့သည်မှာ ယနေ့ (၁၂)ရက်နေ့မြောက် ဖြစ်သွားပြီဖြစ်၍ မြန်မာ့သစ်တင်ကားကြီး အစီး(၉၀၀)ခန့် တင်ဆောင်နိုင်မည့်သစ်များမှာ ဆိပ်ကမ်းတွင်ပြည့်လျှံပြီး အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း ဆိပ်ကမ်းကာစ္စတင်မှ ပြောသည်။

တာခ်နာမြို့နယ်ရှိ ကုန်သွယ်ရေးဆိပ်ကမ်းမှ မြန်မာ့သစ်တင်ဆောင်သော ကုန်တင်ကားကြီးများ ရပ်ဆိုင်းနေခြင်းနှင့် စပ်လျား၍ ဆိပ်ကမ်းတွင် တင်ကျန်ရှိနေသော မြန်မာ့သစ်များနှင့် မြန်မာ့ဘုတ်အတွင်း ကျန်ရှိနေသောသစ်များ အခက်အခဲများနှင့် ရင်ဆိုင်ကြုံနေ ကြရခြင်းဖြစ်သည်။

အခုအခါ မြန်မာနိုင်ငံမှ သစ်တင်ဘုတ်ကြီးများမှာ တာခ်နာဆိပ်ကမ်းတွင် ၂၈ စီးရှိကြောင်းနှင့် ဘုတ်တစီးတွင် တင်ဆောင်လာသော သစ်များမှာ သစ်တင်ကားကြီး (၁၀)စီးကျော် တင်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ဆိပ်ကမ်းအတွင်းကုန်းပေါ်ရှိ သစ်များမှာ သစ်တင် ကားကြီး အစီး (၆၀၀)နီးပါးခန့် စုစုပေါင်း သစ်ကုန်တင်ကားကြီး (၉၀၀)ခန့်မြန်မာ့သစ်မှာ သောင်တင်ကျန်ရှိနေကြောင်း ကော့စ်ဘဇားမြို့ ယနေ့ မေလ (၂၃)ရက် ဒေသထုတ် DAINIK COX’S BAZAR က ဆိုသည်။


တာခ်နာဆိပ်ကမ်းဂိတ်ဝ ၂၀၀၈ ခုနှစ် မြင်ကွင်း။

အဆိုပါ တာခ်နာဆိပ်ကမ်းတွင် သောင်တင်ကျန်ရှိနေသော မြန်မာ့သစ်များကြောင့် အခုအခါ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နိုင်ငံတော်ဝင်ငွေမှာ သစ်တင်ကားကြီးများ ယခုလို ရပ်ဆိုင်းထားနေသည့်အခြေအနေတွင် တရက်လျှင် တာကာ သိန်း ၂၀ ခန့် ရှုံးဆုံးနေကြောင်းနှင့် (၁၂)ရက်ခန့် သစ်တင်ကားကြီးများ ရပ်ဆိုင်းထားမှုတွင် တာကာ (၂)ကုဋေကျော် ရှုံးဆုံးလျှက် နေကြောင်း သတင်းစာက ဆိုသည်။

အဆိုပါ ဆိပ်ကမ်းမှာ မြန်မာနိုင်ငံမှ သစ်များကို နေ့စဉ်လှေသင်္ဘောများဖြင့် သစ်တန်ချိန်အမြောက်အများ တင်ပို့နေသောဆိပ်ကမ်းဖြစ်ပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံတော်ဝင်ငွေအတွက် မြန်မာနိုင်ငံမှ တင်ပို့ကုန်များကြောင့် ၀င်ငွေအကောင်းဆုံးသော ဆိပ်ကမ်းတခုဖြစ်သည်။

တာခ်နာဆိပ်ကမ်းမှ သစ်တင်၍ ဒက္ကားမြို့သို့ သွားကြသည့် ကုန်ကားကြီးများမှာ တစီးတလျှင် ယခင်တာကာ ၂၇၀၀၀ မှ ယခုအခါ ၃၀၀၀၀ မှ ၃၁၀၀၀ အထိဈေးတက်သွားကြောင်းနှင့် ဆိပ်ကမ်းမှ စစ်တကောင်းသို့သွားသည့် သစ်တင်ကားကြီးများမှာ ၃၀၀၀ မှ ၄၀၀၀ အထိ ယခင်ရှိခဲ့သောဈေးမှ ပိုမို၍ တောင်းဆိုသောကြောင်း သစ်လုပ်ငန်းရှင်များမှာ ကားမငှားဘဲ ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ တာခ်နာမြို့နယ် ကုန်တင်ဆိပ်ကမ်းမှ ကီလိုမီတာ ၃၂၀ ကျော်ဝေးကွာသည့် ဒက္ကားမြို့သို့ သစ်ကုန်တင်ကားတစီး ကုန်ကျန်သည့် ဒီဇယ်ဆီမှာ ၂၀၀ Liters အထိ ကုန်ကျကြောင်း သိရှိရသည်။

မြန်မာ့သစ်တင်ကုန်ကားကြီးများ ယခုလို ဈေးတက်သွားခြင်းမှာ နိုင်ငံအတွင်း ဒီဇယ်ဆီ ၁ Literတွင် တာကာ ၂ ပြားစီ လွန်ခဲ့သည့် နှစ်ပတ်ခန့်က စ၍ဈေးတက်သွားမှုကြောင်း ယခုကဲ့သို့ ပြဿနာများ ဖြစ်ပေါ်လျှက်ရှိနေသည်။

အဆိုပါ မြန်မာ့သစ်တင်၍ စစ်တကောင်းနှင့် ဒက္ကားမြို့သို့သယ်ယူသွားရာ၌ လမ်းအလည်တွင် အကောက်အခွန်များ ပေးဆောင်ရသေး သောကြောင့် ကုန်တင်ကားများအား မငှားရန်းတော့ပဲ မြန်မာ့သစ်များကို ဆိပ်ကမ်း၌ ယခုလို စုပုံထားခြင်းများကြောင့် ယခုအခါ မြန်မာသစ်ကုန်သည်များမှာ ဆိပ်ကမ်းတွင် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်ဟု သိရှိရသည်။

Call : +88 01715445478, Email:

Sunday, May 22, 2011

ရခိုင်ဆင်ငယ်ကလေးကို ဓါးဖြင့်ခုတ်သည့် ဘင်္ဂလီအမျိုးသားအား ရဲမှဖမ်းဆီးရန် လိုက်ရှာဖွေနေ

ဂစ္ဆပသတင်းဌာန
မေလ (၂၂)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်ဆင်ငယ်ကလေးကို ဓါးဖြင့်ခုတ်သည့် ဘင်္ဂလီအမျိုးသားအား ရဲမှဖမ်းဆီးရန် လိုက်ရှာဖွေနေ

ရခိုင်ပြည်နယ် အနောက်ဘက် ဘူးသီးတောင်မြို့နယ် အခြေစိုက် တောအုပ် ဦးလှထွန်းမှ ဆင်ငယ်ကလေးတကောင်ကို ဓါးဖြင့် ခုတ်သူတဦးအား ရဲဌာနထံတိုင်ကြားအမှူးဖွင့်ထားရာ ရဲမှ ၎င်းအားဖမ်းဆီးရန် လိုက်လံရှာဖွေနေကြောင်း သတင်းရရှိသည်။

ဓါးဖြင့်ခုတ်ခံထားရသည့် ဆင်ငယ်ကလေးမှာ မေယုတောင်ခြေအနီးတွင် အသက်ရှင်လျှက်ဖြစ်သော်လည်း သွားမရောက်ဘဲ အော်ဟစ် ရှိနေခဲ့ကြောင်းနှင့် ဆင်ငယ်ကလေးမှာ ၃ လသားအရွယ်ဖြစ်ကာ အလျား ၄ တောင်၊ လုံးပတ် ၃ တောင်နှင့် အမြင့် ၁ တောင်ခွဲရှိကြောင်း တော်အုပ်နှင့် နီးစပ်သူဦးမှ ဂစ္ဆပသို့သတင်းဌာနသို့ ပြောသည်။

သစ်တောဌာနမှ အဆိုပါ ဓါးဖြင့်ခုတ်ခံရသည့်ဆင်အား ဘူးသီးတောင်မြို့နယ် ဘုရားပြင်အုပ်စုနယ်မြေမှ ၁ မိုင်ခန့်အကွာရှိ မေယုတောင် ခြေအနီးတွင် မေလ (၄)ရက်နေ့က ဓါးဒါဏ်ရာဖြင့် တွေ့ရှိခဲ့ပြီး သယ်ဆောင်ယူသွားကြောင်း သိရှိရသည်။

အခုအခါ ဘူးသီးတောင်မြို့နယ် သစ်တောဌာနမှ လေ့လာစုံစမ်းမှုများအရ ဆင်အားဓါးဖြင့် ခုတ်သူမှာ ဘင်္ဂလီ (ကုလား)များဖြစ်သည်ဟု တွေ့ရှိရကြောင်းနှင့် ဓါးဖြင့်ခုတ်ခဲ့သူ အဖ မိုဟာမတ် နိုပိုင်၏သား အာယု (၁၉)နှစ်ကို လိုက်လံဖမ်းဆီးရန် ရဲမှလိုက်ရှာနေကြောင်း သစ်တောနှင့် နီးစပ်သူ အမည်မဖေါ်လိုသူက အခုလိုပြောသည်။

“သူ့ကိုတော့ ရှာမတွေ့သေးပါဘူး၊ ဒါပေမဲ့ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူတာ၊ လုပ်တာတွေတော့ အခုအချိန်ထိတော့ မတွေ့ရ သေးပါဘူး၊ တောဆင်ရိုင်းတွေကို ဓါးဖြင့်ခုတ်တာက ကုလားတွေသာ ခုတ်တာပါ၊ စစ်တပ်တွေက သေနပ်နဲ့ပစ်တာ ရှိပါတယ်၊ ဒါပေမဲ့ တခါမှတော့ အရေးယူတာ မတွေ့ရသေးပါဘူး၊ ကျွန်တော်လည်းမပြောတတ်ဘူးဗျာ၊ ဆင်တွေကိုသတ်ရင် အရေးယူခံရသလားဆိုတာ။” ဟု ၎င်းက ရှင်းပြသွားသည်။

ရခိုင်ဆင်ငယ်ကလေးကို ဓါးဖြင့်ခုတ်သူမှာ မေယုတောင်တန်း အနီးတ၀ိုင်တွင် နေထိုင်သူ ဘင်္ဂလာမှ ကျူးကျော်ဝင်ရောက်ပြီး အခြေချနေထိုသူ ဘင်္ဂလီကျေးရွာတရွာမှဖြစ်ကြောင်းနှင့် တောသို့ထင်ခုတ်ရန်အသွား ဆင်အုပ်များနှင့်တွေ့ဆုံစဉ် ဓါးဖြင့်ခုတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ သတင်းပေးပို့ချက်အရ သိရှိရသည်။

ရခိုင်ပြည်နယ် အခြေစိုက် တောဆင်ရိုင်းများမှာ စစ်တပ်၏ ပစ်သတ်ဖြတ်မှုများကြောင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်း ဒေသများသို့ လွတ်ရာလွတ်ကြောင်း ထွက်ပြေးသွားကြလေ့ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်နှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံတို့မှာ အိမ်နီးနားချင်းကပ်လျှက်ရှိသည့် နိုင်ငံများဖြစ်၍ ရခိုင်တောဆင်ရိုင်းများမှာ မြန်မာစစ်အုပ်စု၏ သောင်းကျန်းဖြိုခွင်းမှုများကြောင့် မကြာခဏ ဘင်္ဂလာပိုက်နက်သို့ ထွက်ပြေးသွားကြပြီး ပြန်လည်၍ မိမိနယ်မြေသို့ ပြန်သွားကြကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။

ရခိုင်ပြည်နယ် အနောက်ဘက် မေယုတောင်တန်းမှာ ရခိုင်တောဆင်ရိုင်းများ ပေါများသည့် နယ်မြေတခုဖြစ်ပြီး စစ်အုပ်စုမှ ဆင်ဖြူတော်များ မကြာခဏ ဖမ်းဆီးရမိသည်ဟု ထုတ်ဖေါ်ပြောဆိုသည့် နယ်မြေလည်းဖြစ်သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် လွန်ခဲ့သောနှစ်မှ ယခုနှစ်အထိ ဘင်္ဂလီဒေသခံ ၆၀ ခန့်မှာ တောဆင်ရိုင်းများ၏ ရန်မူမှုများကြောင့် သေဆုံး ခဲ့ကြောင်း လွန်ခဲ့သည့်အပတ်က ကော့စ်ဘဇားထုတ် ဒေသခံသတင်းစာများက ထုတ်ဖေါ်ရေးသားခဲ့သည်။

Call: +88 01715445478, Email: voiceofgissapa@gmail.com

Friday, May 20, 2011

ရခိုင်ပြည်နယ်၏ အရေးကြီးသော လ၀က ၀န်ကြီးဌာန စစ်ဝန်ကြီးသို့ လွဲပြောင်း




ရခိုင်ပြည်နယ်၏ အရေးကြီးသော လ၀က ၀န်ကြီးဌာန စစ်ဝန်ကြီးသို့ လွဲပြောင်း
www.narinjara.com

ရခိုင်ပြည်နယ် အစိုးရ၏ အရေးကြီးသော ၀န်ကြီးဌာနများထဲတွင် တစ်ခု အပါအ၀င် ဖြစ်သော လူဝင်မူ ကြီးကြပ်ရေး (လ၀က) ၀န်ကြီးဌာနကို စစ်တပ် ၀န်ကြီး လက်ထဲသို့ လွဲပြောင်း ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

" သူ့ကို ရာထူးက ဖယ်ရှားလိုက်တာတော့ မဟုတ်ပါဘူး။ သူကိုင်နေတဲ့ ၀န်ကြီးဌာန (၂) ခုထဲက အရေးကြီးတဲ့ လ၀က ၀န်ကြီးဌာနကို စစ်တပ်က လာတဲ့ ဗိုလ်မှူးကြီး ထိန်လင်း လက်ထဲကို လွဲပြောင်း လိုက်တာ ဖြစ်ပါတယ်။ သူရဲ့ သာသနာရေး ၀န်ကြီးဌာနကတော့ သူလက်ထဲမှာ ကျန်ရှိနေမှာ ဖြစ်ပါတယ်" ဟု အမည်မဖေါ်လိုသူ အစိုးရ အဖွဲ့ဝင် ၀န်ကြီး တစ်ဦးက ပြောသည်။

ယခု လ၀က ၀န်ကြီးဌာနကို စစ်တပ် ၀န်ကြီးလက်သို့ လွှဲပြောင်းပေးလိုက်သူ ၀န်ကြီးမှာ လ၀ကနှင့် သာသနာရေး ၀န်ကြီးဌာကို ပူးတွဲ ကိုင်ထားခဲ့သူ ဦးလှဟန် ဖြစ်သည်။ ဦးလှဟန်သည် သံတွဲ အမှတ် (၁) မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် အမတ် ဖြစ်သည်။

ယခုကဲ့သို့ လ၀က ၀န်ကြီးဌာကို စစ်တပ် ၀န်ကြီးလက်သို့ လွဲပြောင်း လိုက်ရသည့် အကြောင်းအရင်း ကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

" ဒီဌာနက ရခိုင်ပြည်နယ်မှာတော်တော့ကို အရေးကြီးတဲ့ ဌာန ဖြစ်တယ်။ အထူးသဖြင့် ဘူးသီးတောင်နဲ့ မောင်တောဘက်မှာ နေထိုင်တဲ့ မွတ်ဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံသား ဖြစ်ရေး မဖြစ်ရေး စတဲ့ ပြဿနာတွေဟာ လ၀က ၀န်ကြီးဌာနနဲ့ သက်ဆိုင်နေတာမို့ အထူး အရေးကြီးပါတယ်။ ဒီလို ဌာနကို ဦးလှဟန်ထက် စစ်တပ် ၀န်ကြီးက ကိုင်တာဟာ ပိုသင့်တော်တဲ့ အတွက် ၀န်ကြီးဌာနကို ခုလို လွဲပေးလိုက်တာပါ" ဟု သူက ပြောသည်။

ဗိုလ်မှူးကြီး ထိန်လင်းမှာ ယခင် နယ်စပ်ရေးရာ ၀န်ကြီး ဖြစ်ပြီး ယခုအခါ ၀န်ကြီးဌာန (၂) ခုစလုံးကို ပူးတွဲ ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

" ဗိုလ်မှူးကြီး ထိန်လင်းကတော့ မျိုးချစ်စိတ် ရှိသူ တစ်ဦး ဖြစ်ပါတယ်။ လွှတ်တော်မှာလည်း အေးအေးဆေးနဲ့ ပြောဆို ဆွေးနွေးတဲ့ သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် လ၀က ၀န်ကြီး ဖြစ်လာတဲ့ နောက်ပိုင်းမှာ သူ့ကို ဟိုက အစာကျွေးလိုက်ရင် သူ့အနေထားက ပြောင်းလဲ သွားမလား။ ဘယ်လို ဖြစ်လာမလဲ ဆိုတာကတော့ မပြောတတ်ဘူး။ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်" ဟု ပြည်နယ် လွှတ်တော် အမတ် တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သော မွတ်ဆလင် ဘာသာဝင်များကို လက်ရှိ အစိုးရမှလည်း နိုင်ငံသား အဖြစ် အသိအမှတ် မပြုဘဲ ဧည့်နိုင်ငံသား အဖြစ် အသိအမှတ်ပြုထားပြီး လူမျိုးကိုလည်း ဘင်္ဂလီ လူမျိုးအဖြစ် အစိုးရက တရားဝင် ခေါ်ဆိုသုံးနုန်းကြောင်း သိရသည်။

ထိုမွတ်ဆလင်များ၏ နိုင်ငံသား အဖြစ် အသိအမှတ် ပြုရေး မပြုရေးမှာ အထူးအရေးကြီးသဖြင့် ယခုအခါ အရပ်ဝတ်ဖြင့် တိုင်းပြည် အာဏာကို ဆက်လက် ရယူထားသော စစ်အစိုးရ၏ ပြည်နယ် ဆိုင်ရာ စစ်တပ် ၀န်ကြီး တစ်ဦး လက်သို့ ထိုအရေးကို ကိုင်တွယ်နေသည့် လ၀က ၀န်ကြီး ဌာနကို လွဲပြောင်း ပေးလိုက်ခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။

Thursday, May 19, 2011

ရခိုင်-ကရင် ၃၄ ဦးအား နယူးဒေလီမှ ကြိုဆိုနေစဉ် တွေ့ရှိရသော ဓါတ်ပုံလွှာ


ရခိုင်-ကရင် တော်လှန်ရေးသမား ၃၁ ဦး အိန္ဒိယထောင်မှ လွတ်မြောက်လာ

ဂစ္ဆပသတင်းဌာန
မေလ (၁၉)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်-ကရင် တော်လှန်ရေးသမား ၃၁ ဦး အိန္ဒိယထောင်မှ လွတ်မြောက်လာ

ရခိုင်-ကရင် တော်လှန်ရေးသမား ၃၄ ဦးအနက်မှ ၃၁ ဦးကို အိန္ဒိယအစိုးရက ၁၃ နှစ်ကြာ မတရားသဖြင့် ထိန်းသိမ်းထားရာမှ ယနေ့မေလ (၁၉) ရက်နေ့တွင် ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။




အိန္ဒိယနိုင်ငံ ကာလကတ္တားထောင်အတွင်း ဆက်လက်အကျဉ်းကျခံကြရမည့် ကျန် ၃ ဦးမှာမူ ပို့တ်ဘလေးကျွန်းတွင် အကျယ်ချုပ် နေ ထိုင်စဉ်က ရှိထားခဲ့သော တရားရေးစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရဦးမည် ဖြစ်သောကြောင်း ထပ်မံထိန်းသိမ်းခံထားရဆဲ ဖြစ် ကြောင်း သိရှိရသည်။ UNHCR အိန္ဒိယမှ အဆိုပါ ၃၄ ဦးအား တရားဝင် ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း သိရှိ ရသည်။

ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)လက်အောက်ခံ ရခိုင်ပြည်တပ်မတော် (AA)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်ရာဇာ ဦးဆောင်သည့် အဖွဲ့မှာ အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့နှင့် လျှို့ဝှက်သဘောတူညီချက်အရ လန်းဖောကျွန်းသို့အရောက်တွင် အိန္ဒိယ အစိုးရက လွန်ခဲ့သော ၁၉၉၈ ခု၊ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့က ဖေါက်ပြန်ခဲ့ပြီး ဗိုလ်ချုပ်ခိုင်ရာဇာ အပါအ၀င် ခေါင်းဆောင် ၆ ဦးကို သွေးအေးအေးဖြင့် သတ်ဖြတ်၍ ကျန်ရှိသူများကို ပို့တ်ဘလေးကျွန်းနှင့် ကာလကတ္တားအကျဉ်းထောင်တွင် နှစ်ကြာရှည်စွာ တရား ရင်ဆိုင် စေခဲ့ရာမှ ယခုလွတ်မြောက်လာခြင်း ဖြစ်သည်။

အခုအခါ ရခိုင်-ကရင် တော်လှန်ရေးသမား ၃၄ ဦးအနက် ၃၁ ဦးမှာ ကာလကတ္တားအကျဉ်းထောင်မှ ညနေပိုင်းတွင် လွတ်မြောက်လာပြီး ညဥ့် ဒေလီမြို့တော်သို့ ရောက်ရှိမည်ဖြစ်ကာ ဒေလီရှိ BURMESE COMMUNITY RESOURCE CENTRE (BCRC) ခန့်မ၌ အိန္ဒိယရောက် ဒီမိုကရေစီအင်အားစုများက ညနေစာဖြင့် ကြိုဆိုပွဲအခမ်းအနား ပြုလုပ်မည်ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ငှားရန်းထားသည့် နေအိမ်တွင် ခေတ္တနေမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ လုံခြုံရေးအတွက် UNHCR အစီအစဉ်အရ ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေများကို စောင့်ဆိုင်းနေရမည်ဖြစ်ကြောင်း အိန္ဒိယမှလာသော သတင်းများအရ သိရှိရသည်။





ရခိုင်-ကရင် ၃၁ ဦး၏ ယခုလိုလွတ်မြောက်မှုနှင့် ၎င်းတို့အတွက် ကြိုတင်ပြင်ဆင်မှုအစီအစဉ်အားလုံးကို နိုင်ငံတကာရောက် ဒီမိုကရေစီ အင်အားစုများနှင့် အဖွဲ့အစည်းများက အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့မှုများကြောင့် ယခုအခါ UNHCR မှ တရားဝင် အသိအမှတ်ပြု တာဝန်ယူ၍ လွတ်မြောက်လာခြင်းဖြစ်သည်။

ရခိုင်-ကရင် ၃၁ ဦးလွတ်မြောက်လာခြင်းအပေါ် မိခင်ပါတီများ၊ လုပ်ဖေါ်ကိုင်ဖက်များ၊ ဒီမိုကရေစီအင်အားစုများ၊ မျိုးချစ်ပြည်ချစ်များ၊ မဟာမိတ်အဖွဲ့အစည်းများနှင့် နိုင်ငံရေးလေ့လာသူများအားလုံး ၀မ်းမြောက်ကြကြောင်း သိရှိရသည်။ ပြည်တွင်းမှ နိုင်ငံရေးလေ့လာ သူများလည်း ၀မ်းမြောက်ကြောင်း ပြောဆိုသည်။

အိန္ဒိယအာဏာပိုင်များက ရခိုင်-ကရင် တော်လှန်ရေးသမား ၃၄ ဦးအား အိန္ဒိယနိုင်ငံတွင် တနှစ်တာနေထိုင်ဖို့ သဘောတူခွင့်ပြု လိုက်ကြောင်း သိရှိရသည်။

ရခိုင်-ကရင် မျိုးချစ်တော်လှန်ရေးသမား ၃၄ ဦးမှာ အိန္ဒိယနိုင်ငံ အကျဉ်းထောင်များအတွင်း အိန္ဒိယအာဏာပိုင်များထံ နည်းမျိုးစုံဖြင့် ဥပဒေမဲ့ ညစ်ပစ်မှုများအပြင် ကလိမ်ကျစ်မှုများ ခံခဲ့ကြရသည်။ ထို့ပြင် ဆက်လက်၍လည်း နောက်ထပ်ခေါင်းဆောင် (၃)ဦး ကျန်ရှိနေသေးကြောင်း သိရှိရသည်။

အိန္ဒိယအကျဉ်းထောင်မှ လွတ်မြောက်လာသည့်၊ လွတ်မြောက်ရန်ကျန်ရှိနေသေးသည့် ရခိုင်-ကရင် ၃၄ ဦးမှာ ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ (NUPA)နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့မှ တပ်မှူး၊ ခေါင်းဆောင်များဖြစ်ကြသည်။ NUPAနှင့် KNU တို့မှာ မိမိတို့အမျိုးသား ကိုယ်ပိုင်ဆုံးဖြတ်ပြဌာန်းပိုင်ခွင့် အပြည့်အ၀ရရှိရေးအတွက် မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အား တရားသော နည်းလမ်းများဖြင့် တိုက်ပွဲဝင်နေကြသော နိုင်ငံရေးပါတီများ ဖြစ်ကြသည်။

ရခိုင်-ကရင် ၃၄ ဦးတွင် KNU မှ အဖွဲ့ဝင် ၁၁ ဦးနှင့် NUPA မှ အဖွဲ့ဝင် ၂၃ ဦးတို့ဖြစ်ကြသည်။ ၃၄ ဦး အနေဖြင့် ယခုကဲ့သို့ လွတ်မြောက်ရန်အတွက် ကြိုးပမ်းလုပ်ဆောင် ကူညီဆောင်ရွက်ပေးခဲ့ကြသော နိုင်ငံတာကာရှိ အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများနှင့် မျိုးချစ်ပြည်ချစ်များကို ကျေးဇူးအထူးတင်ကြောင်း ပန်ကြားလိုက်ကြောင်း သိရှိရသည်။

ရခိုင်-ကရင် မျိုးချစ်တော်လှန်ရေးသမားများ ယခုကဲ့သို့ လွတ်မြောက်ရန်အတွက် အိန္ဒိယအာဏာပိုင် ဥပဒေအရ တဦးလျှင် ရူပီ (၆၀၀၀) စီ လွန်ခဲ့သော လအနည်းငယ်ခန့်က အိန္ဒိယအစိုးရထံသို့ ပေးဆောင်ခဲ့ရသည်။

ပြည်တွင်းပြည်ပရှိ ရခိုင်မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံရေးစိတ်ဝင်စားသူများနှင့် တသီးပုဂ္ဂလများ အနေဖြင့် ယခု အိန္ဒိယအကျဉ်းထောင်မှ လွတ်မြောက်လာကြသူများနှင့် ပူးပေါင်း၍ အမျိုးသားတော်လှန်ရေး လုပ်ဆောင်ရန် မျှော်လင့်နေကြကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်ပြည်အမျိုးသားညီညွတ်ရေး သော့ချက်ပြဿနာများ

ရခိုင်ပြည်အမျိုးသားညီညွတ်ရေး သော့ချက်ပြဿနာများ

မာတိကာ
(က) နိဒါန်း
(ခ) ကျွန်ပြုခံဘ၀ ရခိုင်ပြည်
(ဂ) ရခိုင်ခေါင်းဆောင်တို့၏အမြင်နှင့် လမ်းစဉ်
(ဃ) အမျိုးသားတော်လှန်ရေး ပီပြင်လာခြင်းနှင့် ဂိုဏ်းဃဏ
(င) နိဂုံး

(က) နိဒါန်း
ရခိုင်ဘုရင့်နိုင်ငံတော်သည် (၁၁၄၆) ခုနှစ်တွင် ဗမာနယ်ချဲ့လက်အောက် ကျရောက်ခဲ့ရသည်။ ကံမကောင်း အကြောင်း မလှ၍ကား မဟုတ်ပေ။ မိမိတို့အမျိုးသား လိုအပ်ချက်ကြောင်းသာဖြစ်သည်။ ပကတိအားဖြင့် နန်းတွင်းညီညွတ်ရေး ပြိုကွဲမှုကြောင်း အချုပ်အခြာ အာဏာ ကျဆုံးခဲ့ရသည်။ သခင်ပြောင်း ကျွန်ဘ၀ဖြင့် ခါးသီးနာကျဉ်းဖွယ်ရာ နှစ်(၂၀၀)ကျော် ဖြတ်ကျော်ခဲ့ကြရပြီးဖြစ်သော်လည်း ကျွန်ဘ၀ကို ကယ်တင်နိုင်သော အမျိုးသားတခုလုံး အားကိုးယုံကြည်လောက်သည့် အမျိုးသားညီညွတ်သော ဦးဆောင်အဖွဲ့စည်း တရပ်ကို မတည်ဆောက်နိုင်ကြပေ။ အမျိုးသားလွတ်လပ်ရေးသည် အမျိုးသားညီညွတ် ပြီးမြောက်မှုအပေါ်၌ မူတည်သည်ဖြစ်၍ ညီညွတ်ရေးကိုကား အသက်ပီးတည်ဆောက်ကာကွယ်ကြရမည် ဖြစ်သည်။ ရခိုင့်နိုင်ငံတော်တခုဖြစ်အောင် တည်ဆောက်ခဲ့သော ဘိုးဘီးဇူဇာတို့၏ အမွေအနှစ်များကို မျိုးခြားနယ်ချဲ့ များက အတင်းအဓမ္မ ယူငင်ဖျက်ဆီးဖြုန်းတီးနေမှုကို ကျသရေကင်းမဲ့နေသော ကျွန်ုပ်တို့ ကျွန်လူ့အဖွဲ့စည်းက မည်သို့မှ တားဆီးနိုင်စွမ်း၊ ကာကွယ်နိုင်စွမ်း အင်အားမရှိပေ။ လုံခြုံမှုကင်းမဲ့ပြီး အနာဂါတ်ပျောက်နေသော ရခိုင်တို့၏ဘ၀ကို ကယ်တင်နိုင်သော လမ်းကြောင်းမှာ အချုပ်အခြာအာဏာ ပြန်လည်ရယူနိုင်ရေးပင်ဖြစ်သည်။ အချုပ်အခြာအာဏာ ရယူနိုင်ရေးတွင် ညီညွတ်ရေးသည် ပင်မသော့ချက်ကို အခြေခံ၍၊ ကျယ်ပြန့်နက်နဲသော ညီညွတ်ရေး၏ သော့ချက် ပြဿနာများကို ရှာဖွယ်ဆန်းစစ်ဖို့ လွန်စွာအရေးကြီးလာပြီ ဖြစ်ပါသည်။

(ခ) ကျွန်ပြုခံဘ၀ ရခိုင်ပြည်
ဗမာနယ်ချဲ့တို့သည် ရခိုင်ပြည်ကို သိမ်းပိုက်ကျွန်ပြုခဲ့ပြီးနေ့မှစ၍ ရခိုင်လူမျိုးတခုလုံးကို ကျူပင်ခုတ်ကျူငုတ်ပင် မကျန်အောင် လူမျိုးတုန်း သတ်ဖြတ်ခဲ့သည်သာမက ယဉ်ကျေးမှု၊ စာပေ၊ အနုပညာများကို မြေလှန်ဖျောက်ဖျက်ခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော ရက်စက် ဖိနှိပ်မှုများကို လူသားမဆန်စွာ ပြုလုပ်ခဲ့ကြသည်။ သို့ရာတွင် ဒုတိယ ကမ္ဘာ့စစ် ဖြစ်ပေါ်လာပြီးနောက် မြန်မာ့အင်ပါယာတခုလုံးသည် အင်္ဂလိပ်-ဂျပန်တို့လက်အောက် သခင်ပြောင်း ကျွန်ဘ၀ဖြင့် လူမျိုးစုံ သံသရာ လည်ခဲ့ကြရသည်။

(ဂ) ရခိုင်ခေါင်းဆောင်တို့၏အမြင်နှင့် လမ်းစဉ်
နယ်ချဲ့ အင်္ဂလိပ်-ဂျပန်တို့ကို မြန်မာ့မြေပေါ်က လူမျိုးပေါင်းစုံနဲ့ ဟန်ချက်ညီစွာ တော်လှန်တိုက်ပွဲဝင်ခဲ့ကြသော်လည်း ရခိုင်ခေါင်း ဆောင်တို့၏ ညီညွတ်ရေးသည် ကျစ်လစ်ခိုင်မာသော ညီညွတ်စုရုံးမှု မရှိသည့်အတွက်ကြောင့် ဗမာခေါင်းဆောင်တို့၏ လိမ်လယ် လှည့်ဖျားမှုအောက်တွင် အနာဂါတ်ရခိုင်တို့၏ နိုင်ငံရေးလမ်းကြောင်းသည် ခွဲရေးကတဖုံ၊ တွဲရေးကတမျိုး နောက်လိုက်နိုင်ငံရေး လမ်းကြောင်းတွင် အုပ်စုလိုက် ကွဲနေကြပြီး လက်ဝဲ၊ လက်ယာ အယူဝါဒနှင့် အရှောင်သ္မား နိုင်ငံရေးလမ်းကြောင်းက ရပ်တည်ကာ ပင်လုံစာချုပ် ပျက်ပြေခြင်းနဲ့အတူ ရခိုင်ခေါင်းဆောင်တို့သည် အမျိုးသားရေးအမြင်နှင့် ၀ါဒရေးရာအမြင်များကို ခွဲခြား၊ ပိုင်းဖြတ်ခြင်း မပြုလုပ်နိုင်ကြဘဲ၊ (၁၉၄၈)ခုနှစ် ကာလမှ၊ (၁၉၆၂) ကာလထိ ဗမာ့နိုင်ငံရေး ၀ဲဂက်ယက်တွင် ရေစုံမျောခဲ့ကြရသည်။ ပြည်သူ့လွတ် မြောက်ရေးပါတီ ခေါင်းဆောင် ဆရာတော် ဦးစန္ဒာနှင့်အဖွဲ့သည် ပါလီမာန်ဒီမိုကရေစီ အစိုးရ ဦးနု လက်ထက်တွင် လက်နက်နှင့် ဒီမိုကရေစီ လှဲလည်ရေး ကြွေးကြော် သံနဲ့အတူ ဦးနုအစိုးရထံ လက်နက်ချခဲ့ရာ ရခိုင်အမျိုးသားရေးအတွက် တစုံတရာဖြစ်ပေါ်မလာဘဲ ၁၉၆၂ ခု၊ မတ်ခ်ျလ (၂)ရက်နေ့တွင် မဟာဗမာဝါဒီ မျိုးဆက်သစ်လက်ဆင့်ကမ်း စီမံကိန်းအတိုင်း အာဏာသိမ်း ဗိုလ်နေ၀င်း စစ်အစိုးရ တပါတီ အာဏာရှင်စနစ်အောက် ကျရောက်ခဲ့ရပြီး ယနေ့ထက်တိုင် စစ်အစိုးရအဆက်ဆက် ဖိနှိပ်ရက်စက် ညှဉ်းပန်းမှုများကို ခံစား နေကြရသည်။

(ဃ) အမျိုးသားတော်လှန်ရေး ပီပြင်လာခြင်းနှင့် ဂိုဏ်းဃဏ
ဆရာတော် ဦးစိန္ဒာနှင့်အတူ ဒီမိုကရေစီနှင့် လက်နက်နဲ့ လှဲလည်ကြရာတွင် ပါဝင်ခဲ့ကြသော ပြည်သူ့လွတ်မြောက် ရေးပါတီဝင် ဦးမောင်စိန်ညွှန့်(ရမ်းဗြဲ) ခေါင်းဆောင်သော မျိုးချစ်ပြည်ချစ်များသည် (၁၉၆၀)ခု ပတ်ဝန်းကျင်ကာလတွင် ရခိုင်ပြည်အမျိုးသားတော် လှန်ရေး လမ်းကြောင်းမျိုးစေ့ကို ပထမဆုံး ဗမာ့နိုင်ငံရေး လွှမ်းခြုံချယ်လှည်မှုအောက်က ရုန်းထွက်ကာ ရခိုင့်အမျိုးသားလွတ်မြောက်ရေး ပါတီဟု အမျိုးသားဘောင်ကို ပြတ်သားစွာ ကြွေးကြော်နိုင်ခဲ့ကြသည်။ ယင်းနဲ့အတူ အမျိုးသားတော်လှန်ရေးလမ်းကြောင်းတွင် အမျိုးသားတော်လှန်ရေး အင်အားစုများ အင်တိုက်အားတိုက် ဖြစ်ပေါ်တိုးတက်လာကြပြီး ရန်သူဗမာနယ်ချဲ့ကို တော်လှန်တိုက်ပွဲဝင်ကြ ရာတွင် စုစည်းညီညွတ်သော အင်အားတရပ် ဖြစ်ပေါ်မလာဘဲ ရန်သူ့အလိုကျ ဂိုဏ်းဃဏ ပြင်းထန်စွာ တပါတီအပေါ် တပါတီက ပျက်စီးရာပျက်စီးကြောင်းကြံဆကာ ယနေ့ထိ ဂိုဏ်းဃဏကို ဦးထိပ်ပန်ကာ ကျင့်သုံးလျက် ရှိနေကြသည်။ ဦးမောင်စိန်ညွှန့်နှင့် ဦးစံဖေါ်ဦး ခေါင်းဆောင်သော ရမလပ ပါတီ၊ ဦးစံကျော်ထွန်း ခေါင်းဆောင်သော ရခိုင်ပြည်လွတ်လပ်ရေးအဖွဲ့(Aio)၊ ဦးမောင်ဟန် ခေါင်းဆောင်သော ရခိုင်ပြည်ကွန်မြူနစ်ပါတီ(ရကပ)၊ ခိုင်မိုးလင်း ခေါင်းဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(alp) ပါတီလေးခု တို့သည် မရှေ့မနှောင်းပင် အမျိုးသားကိုယ်စားပြု ပါတီများဟု ဖြစ်ပေါ်လာကြပြီး အမျိုးသားညီညွတ်ရေး လိုအပ်ချက်များကို လက်ချင်း ဆက်ကာ တစုံအရာ ဖြစ်ပေါ်တိုးတက်အောင် မစွမ်းဆောင် နိုင်ခဲ့ကြပေ။

၁၉၇၆ ခုကာလတွင် ကချင်ပြည်အခြေစိုက် ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ (AIO)နှင့် ကရင်အခြေစိုက် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)တို့ ရခိုင်ပြည်သို့မဆင်းမီ အတူဆင်းကြရန် သဘောတူညီမှုများ ရှိခဲ့ကြသော်လည်း တယောက်တကြောင်း ကွဲပြဲစွာဆင်းခဲ့ကြသည့် အတွက် ရန်သူ၏ ခြေမှုန်းခြင်းအောက်တွင် အမျိုးသားအင်အားစု နှစ်ခုစလုံး ပျက်စီးပြိုကွဲခဲ့ကြရသည်။

၁၉၇၇ ပတ်ဝန်းကျင် ကာလတွင် ရန်သူ မဆလ ၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင်း မိမိနယ်မြေ ရခိုင်ပြည်မှ အမျိုးသား ပါတီပေါင်းစုံ ဆုတ်ခွာလာခဲ့ကြပြီး ဘင်္ဂလာနယ်စပ်သို့ ရောက်ရှိကြရာတွင် ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲ အခြေအနေ တောင်းဆိုချက်အရ ရမလပ၊ ရကပ၊ AIO၊ ALP၊ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)မှ ခွဲထွက်လာသော TNP၊ တော်လှန်သောအမျိုးသားပါတီ များဖြစ် ကြသော အမျိုးသားပါတီများအားစုစည်းပြီး အမျိုးသားညီလာခံတရပ်ကို ကျယ် ကျယ်ပြန့်ပြန့် ကျင်းပနိုင်ရန် ALP ဥက္ကဌ ခိုင်ရဲခိုင်နှင့် ALP အတွင်းရေးမှူး ခိုင်အာဏာနီတို့သည် AIO ဥက္ကဌဖြစ်သူ ဦးကျော်လှိုင်နှင့် ညှိနှိုင်းသည့်အပြင် ပြည်တွင်းမှမျိုးချစ်ပြည်ချစ် ရခိုင်လူငယ် များနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒေသခံရခိုင် လူငယ်များစုပေါင်းဖွဲ့စည်းထားသော ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရေးကော်မတီကို ညီညွတ်မှုမရှိကြသည့် ရခိုင် အမျိုးသားပါတီများအကြား ညီလာခံတက်ရောက်နိုင်ရေးအတွက် စေ့စပ်လှုံဆော်ပေးပါရန် ဦးခိုင်ရဲခိုင်နှင့် ခိုင်အာဏာနီမှ တောင်းဆိုလာသဖြင့် ဦးဥတ္တမနေ့ ကျင်းပရေးကော်မတီမှ ပါတီအသီးသီးများသို့ သွားရောက်ပြီး ညီလာခံတက်ရောက်ရန် စေ့စပ်ညှိနှိုင်းပေးခဲ့သည်။ ၁၉၈၈ ခု၊ စက်တင်္ဘာလ (၅)ရက်နေ့တွင် မြန်မာ-ဘင်္ဂလာနယ်စပ်တနေရာဖြစ်သော ဘင်္ဂလာ ပိုင်နက် ၀ါးခွတ်ချောင်းနယ်မြေတွင် အမျိုးသားညီလာခံတရပ်ကို ရဟန်းရှင်ပြည်သူမျိုးချစ်ပြည်ချစ်များကို ဖိတ်ခေါ်ပြီး ပြုလုပ်ကြရာတွင် အမျိုးသားညီညွတ်ရေး ရှေ့ပြေးနမူနာအဖြစ် AIOနှင့် ALPတို့ နှစ်ပါတီမှ တပါတီသို့ ပူးပေါင်းလိုက်ပြီး ပါတီကို ALPပါတီ၊ တပ်မတော်ကို AIAတပ်မတော်အဖြစ် နှစ်ဖက်ခေါင်းဆောင်များ သဘောတူညီချက်အရ ထုတ်ပြန် ကြေညာချက်ထုတ်ခဲ့သည်။ ကျန်ပါတီများနှင့်လည်း တဖွဲ့တပါတီ မဟုတ်သည့်တိုင်အောင် ရခိုင်ပြည်အမျိုးသားညီညွတ် ရေးတပ်ဦး (NUFA)ကို ဖွဲ့စည်းခဲ့ကြသည်။ ပါတီတခုစီမှ ဥက္ကဌ တဦးစီအနေဖြင့် တပ်ဦးတွင် တနှစ်တာ အလှည့်ကျသဘာပတိအဖြစ် တာဝန်ခွဲဝေခဲ့ကြသည်။ တပ်မတော်ကိုလည်း ပါတီအသီးသီးမှ တပ်များကို အချိုးကျစုစည်းပြီး ရခိုင်ပြည်သစ်တည်ဆောက်ရေးတပ်မတော် (NALA)ကို ဖွဲ့စည်းခဲ့ကြသည်။ ဖွဲ့စည်းပြီးနောက် တော်လှန် ရေးခေါင်းဆောင်များက ပြည်သူ့ရှေ့မှောက်တွင် အမျိုးသားအောင်လံကို ကိုင်ဆောင်လျှက် အမျိုးသားညီညွတ်ရေးအပေါ် သစ္စာစောင့် သိမှုနှင့် အမျိုးသားရေးတာဝန်များကို မဖေါက်မပြန်ကြေပွန်စွာ ထမ်းဆောင်ကြမည့်အကြောင်း ညီလာခံအတွင်း သစ္စာဆိုခဲ့ကြသည်။ ပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ကွဲပြဲနေသောအဖွဲ့ အစည်းများကို ပေါင်းစည်းဖွဲ့စည်းနိုင်ခြင်းအပေါ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုဝိုင်းရံ အားပေး ယုံကြည်အပ်နှံမှုများကို ပေးအပ်ခဲ့ကြသည်။ ပြည်သူများအနေဖြင့် အမျိုးသားညီညွတ်ရေးကို အချိန်အခါမရွေး တောင်းဆို နေခြင်း၊ အမျိုးသားညီညွတ်မှုကို ၁၉၆၂ ခုတွင် ရတညပါတီကို မဲထည့်ရာတွင်၎င်း၊ ၁၉၉၀ ခုနှစ်တွင် ALDကို မဲထည့်ရာတွင်၎င်း၊ ယနေ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလတွင် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP)ကို၎င်း တခဲနက် အမျိုးသားရေးဖက် တော်သားများ အဖြစ် မဲထည့်ခဲ့ကြခြင်းမှာ ပြည်သူလုထု၏ ညီညွတ်မှုကိုပြသနေပြီး ညီညွတ်စုစည်းမှုကို လိုလားနေခြင်း ဖြစ်သည်။

(၁) NUFA၏ ရောင်ပြန်ဟတ်မှု
တဖက်မှာ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA)ဖွဲ့စည်းသည့် အကျိုးဆက်မှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင်လည်း ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရေးကော်မတီမှ ဦးဆောင်ပြီး ဒေသအသီးသီး မြို့၊ ကျေးရွာများမှ ရခိုင်မျိုးချစ်ပြည်ချစ်များအား ဖိတ်ခေါ်ခဲ့ပြီး ဖလောင်းချိပ်မြို့ မဟာသိမ်တော်ကြီး ရင်ပြင်၌ စက်တင်္ဘာလ (၉)ရက်နေ့၊ ဆရာတော် ဦးဥတ္တမနေ့ကျင်းပသည့်နေ့တွင် တပြိုင်နက် ရခိုင်ဗုဒ္ဓဘာသာဖွံ့ဖြိုးရေးအသင်းကြီးကို နိုင်ငံအတွင်း တရားဝင် တညီတညွတ်တည်း စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်းအသင်းကြီးသည် လည်း တနိုင်ငံလုံးအတိုင်းအတာဆောင်သည့် ပြည်သူ့ယုံအပ်နှံအားကိုးမှု ရရှိခဲ့သည့် တခုတည်းသော အဖွဲ့အစည်းဖြစ်ခဲ့သည်။

တပ်ဦးဖွဲ့စည်းပြီးနောက် ပြည်သူများ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာဘဲ များမကြာမီမှာပင် ညီလာခံအတွင်း ရှေ့ပြေးညီညွတ်ရေးကို ခင်းကျင်းပြသခဲ့သော ALP သည် ပထမဆုံး တပ်ဦးမှခွဲထွက်ပြီး ALP ပါတီနှင့် တပ်မတော်ကို ပြန်လည်ပြီး ထူထောင်လိုက်ကြောင်း တွေ့ရှိခဲ့ရသည်။ တပ်ဦးအတွင်းတွင်လည်း ထိုဂယက်ကြောင့် ရဟန်းရှင်ပြည်သူများ၏ ယုံကြည်မှုကို ဆက်လက်ပြီးမရရှိဘဲ အင်အား လျော့နည်းလျှက် ရှိနေခဲ့ရာ ၁၉၉၁ ကာလတွင် ဗိုလ်ရာဇာ ဦးဆောင်သော ရခိုင်တပ်မတော် (AA)မှာ အင်အားတစုံတရာဖြင့် ရောက်ရှိလာကာ ၁၉၉၄ ခုနှစ် AA မှဦးဆောင်ပြီး အနောက်ဘက်နယ်မြေရှိ အမျိုးသားတော်လှန်ရေးအင်အားစုများ၊ တပ်ဦး၊ ALPအပါ အ၀င် မျိုးချစ်ပြည်ချစ်များကို ဖိတ်ခေါ်လျှက် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)နှင့် ရခိုင်ပြည်တပ်မတော်(AA)ကို ညီညွတ် ရေးကို ထပ်မံတည်ဆောက်ရာတွင်လည်း ALP ပါတီမှာ ပါဝင်မှုမတွေ့ခဲ့ပေ။

၁၉၉၅ခုနှစ်တွင် NUPA-AAတွင် ဂိုဏ်းဃဏမကုန်ခန်းဘဲ ကျန်ရှိနေခဲ့သော ဦးသိန်းဖေ ခေါင်းဆောင်သည့် DPAထူ ထောင်သည့်အုပ်စုမှ လက်နက်အင်အား ကြီးငယ်မျိုးစုံ (၁၃၆)လက်ယူ၍ အမျိုးသားညီညွတ်ရေးမှ တဖန်ခွဲထွက်ခဲ့ပြန်သည်။ ယခုတဖန် ၎င်းအကျိုးဆက်နှင့် အတူ ရခိုင်ပြည်အမျိုးသား တော်လှန်ရေး-နိုင်ငံရေး အကျိုးစီးပွားနှင့် ဆက်စပ်နေသော အိန္ဒိယအစိုးရမှ ယုံကြည်မှုပျက်ပြားစေခဲ့ သည့်အပြင် ဂိုဏ်းဃဏ ပြင်းထန်သူတချို့၏ လုပ်ကြံသတင်းပေးမှုများကြောင့် အိန္ဒိယ၏လက်ချက်နဲ့ ဗိုလ်ရာဇာနှင့် တခြားအမျိုးသား ခေါင်းဆောင်များ ကျဆုံးခဲ့ရသည်။

၂၀၀၀ ခုနှစ်တွင် အမျိုးသားညီညွတ်မှုအပေါ် အဖန်ဖန်အလီလီ ချိုးဖေါက်ဖျက်ဆီးနေသော အမျိုးသားတော်လှန်ရေး အင်အားစုများကို ရခိုင်ပြည်သူများ ယုံကြည်မှု၊ ထောက်ခံအားပေးမှု မရှိသည်ကို သုံးသပ်ဝေဖန်လာကြသော အဖွဲ့အစည်းအသီးသီးမှ အမျိုးသားတော် လှန်ရေး ခေါင်းဆောင်များသည် မိမိတို့ညီညွတ်မှုတရားကို နိုင်ငံတကာရောက် မျိုးချစ်ပြည်ချစ်များနှင့် ပြည်တွင်းရှိ မျိုးချစ်ပြည်သူများ အပါအ၀င် ညီညွတ်ပြီး အမျိုးသားကိုယ်စားပြု တဖွဲ့တပါတီအဖြစ် ရပ်တည်နေကြသော ရှမ်း၊ ချင်း၊ ကရင်၊ ကချင် စသည်ဖြင့် တော်လှန် ရေးအင်အားစုများကို ယုံကြည်အပ်နှံမှုနှင့် ထောက်ခံမှုများရရှိအောင် ALP, DPA, NUPAနှင့် ALDတို့သည် မျက်နှာချင်း ဆိုင်ကာ အိန္ဒိယ နိုင်ငံ ကာလကတ္တာမြို့တွင် အဖွဲ့ပေါင်းစုံနှင့် ရဟန်းရှင် ပြည်သူလူထုမျိုးချစ်ပြည်ချစ်များ ပါဝင်သော၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)ကို ဖွဲ့စည်းနိုင်သော CCPCANC ကို ဖွဲ့စည်းခဲ့ကြသည်။ ၎င်းအဖွဲ့အစည်းထဲတွင် နိုင်ငံတကာရောက် တတ်သိပညာရှင်များ၊ ကျောင်း သားလူငယ် အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများအပြင် တခြားတသီးပုဂ္ဂလမျိုးချစ်ပြည်ချစ်များ ပါဝင်ခဲ့ကြသည့်အတွက်ကြောင်း ပြည်သူ့ယုံကြည် ထောက်ခံမှုနှင့် မျိုးချစ်ပြည်ချစ်များ မဟာမိတ်များ အာရုံစိုက်လာမှုများကို ထပ်မံရရှိခဲ့ကြသည်၊ ညီညွတ်မှု ပြိုကွဲ၍ မျိုးခြားလက်အောက်ကျရောက်ခဲ့ရသည်နေ့မှစ၍ ရခိုင်ပြည်သူများယနေ့ထိ တောင်းဆိုနေသော ညီညွတ်ရေးသော့ချက်ကို NUFA (၁၉၈၈)၊ NUPA(၁၉၉၄)၊ ANC(၂၀၀၀)ခုဆိုသည့် အမျိုးသားစုရပ်၊ ဆုံရပ်များကို သုံးကြိမ်သုံးခါ တည်ဆောက်ခဲ့မှုများ ခက်ခဲပင် ပန်းမှု များစွာဖြင့် ရရှိခဲ့ကြသော်လည်း ရတောင့်ရခဲ့သောညီညွတ်ရေးကို စွဲမြဲစွာဆုတ်ကိုင်လျှက်ပြည်သူ့အပေါ် အလေးအနက် တန်ဖိုးထားကာ တော်လှန်သည့် ခေါင်းဆောင်များ၊ တတ်သည့်ပညာရှင့်များ အမျိုးသားအတွင်း ထင်ရှားသည့် ပုဂ္ဂိုလ်များက အမျိုးသားလွတ် မြောက်ရေး အပေါ် ယုံကြည်မှုပြင်းပြစွာ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ အနစ်နာခံခြင်း ဘ၀ကိုစွန့်လွတ်ခြင်းနဲ့ ကျားကုတ်ကျားခဲ ဖြတ်ကျော်တည် ဆောက်မှုများကို တခြားလူမျိုးများကဲသို့ စုစည်းညီညွတ်မှု မပြသနိုင်ကြဘဲ တစတစ စုစည်းမှုကင်းကွာကြကာ ANCမှ ALPယခု တဖန် ခွဲထွက်ခဲ့ပြီး ANCနှစ်ခြမ်းကွဲကာ NUPAသည်လည်း နှစ်ခြမ်းကွဲလျှက်ရခိုင့်လူ့အဖွဲ့စည်း ဘုံပြိုနေမှုကိုကမ္ဘာ့အလည်တွင်ပြသနေကြသည်။

အထက်ပါ အမျိုးသားညီညွတ်ရေး စုစည်းမှုများကို တည်ဆောက်ကြရာတွင် ပါတီပေါင်းစုံမှ ပါဝင်ဆောင်ရွက်ခဲ့သော ခေါင်းဆောင်များ တွင် အမှန်တကယ် ဘုံအမျိုးသားအကျိုးစီးပွားဖြစ်သည့် ညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်လိုသူများ မဟုတ်သည်ကို ဖြတ်သန်း ခဲ့ကြသည့် တော်လှန်ရေးကာလ တလျှောက်မှ ထင်ရှားပြသနေပေသည်။

(၂) သာဓကအားဖြင့် ပြရမည်ဆိုလျှင် ဗမာနိုင်ငံရေးလမ်းကြောင်းတွင် အမျိုးသားရေးအတွက် အရေးကြီးလာလျှင် ဗမာ့အမျိုးသား ခေါင်းဆောင် သခင်ကိုယ်တော်မိုင်းမှာ ဗမာ့ခေါင်းဆောင်များကိုခေါ်ယူပြီး မိမိတို့အမျိုးသားအာဏာ သူတပါးလက်အောက် မရောက်ရ ရေးအတွက် ဗမာတို့၏ အယူအဆအမျိုးမျိုးနှင့် လက်ဝဲ၊ လက်ယာ ကွဲပြဲနေသော မညီညွတ်မှုများကို ဘေးဖယ်ပြီး ဗမာ့အမျိုးသား အကျိုးစီးပွားအတွက် လက်ချင်းဆက် ကာကွယ်ကြရန် ဗမာ့နိုင်ငံရေးခေါင်းဆောင်များအကြား ထိန်းညှိပေးခဲ့သည်ကို တွေ့ရှိရသကဲ့သို့ -
ရခိုင်အမျိုးသားရေး ခေါင်းဆောင်ကြီး ဦးမောင်စိန်ညွှန့် အနေဖြင့်လည်း အမျိုးသားတော်လှန်ရေးအပေါ် ကောက်ချတခု ချခဲ့သည်မှာ “ငါ့ကဲ့သို့သော မထင်မရှားသည့် လူတယောက်က အမျိုးသားတော်လှန်ရေးအတွက် ခေါင်းဆောင်လုပ်ရာတွင် ငါ့အားပြည်သူများ ယုံကြည်သက်ဝင်မှုရရှိရန် အချိန်များစွာ ရယူရမည့်အစား ရခိုင်အမျိုးသားများအကြား ထင်ရှား သည့် လူရိုသေ၊ ရှင်ရိုသေပုဂ္ဂိုလ်များက အမျိုးသားတော်လှန်ရေးအပေါ် အနစ်နာခံစွန့်လွှတ်ပြီး လုပ်ဆောင်ကြမည်ဆို လျှင် ငါတို့ရခိုင်အမျိုးသားများသည် လေးစားထိုက်သော ပုဂ္ဂိုလ်တဦး၏ ညွှန်းကြားမှုအောက်တွင်ဆိုလျှင် ညီညွတ်မှုနှင့် အောင်ပွဲကိုလျှင်မြန်စွာ ရယူနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း” မှတ်ယူ ပြောကြားသည်ကို တွေ့ရှိရသည်။

(င) နိဂုံး
ရခိုင်ပြည်အမျိုးသား နိုင်ငံရေး၏ သော့ချက်မှာ အမျိုးသားညီညွတ်ရေးပင် ဖြစ်သည်။ တဂိုဏ်းတစင်၊ တဗိုလ်တမင်း၊ ဂိုဏ်းဃဏအားဖြင့် ရှေ့သို့ဆက်လက်ခရီးဆက်ကြမည်ဆိုလျှင် ယနေ့ကြုံနေရသည့် မျိုးဆက်သစ်များအတွင်း ပိုမိုကွဲပြဲမှုများဖြင့်သာ ရင်ဆိုင်လာကြရ မည်ဖြစ်ပြီး အမျိုးသားရေးအောင်ပွဲသို့ ချီတက်နိုင်မည်မဟုတ်ပေ။ သို့တွက်ကြောင်း ရခိုင် အမျိုးသားလွတ်လပ်ရေး အနစ်သာရဖြစ်သည့် (အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာ)သည် ရခိုင်အမျိုးသားညီညွတ်ရေးလက်ထဲတွင် တည်ရှိနေသည် ဖြစ်၍ ညီညွတ်ရေးကို မိမိတို့အမျိုးသားတော်လှန်ရေး ရပ်တည်ချက်မဟာဗျူဟာအဖြစ် ခံယူကျင့်သုံးကြပါရန် မိမိအမြင်နှင့် အတွေ့ အကြုံများအရ တင်ပြအပ်ပါသည်။

တော်လှန်ရေးသစ္စာဖြင့် -

မောင်အေးချမ်း
ခေတ္တ- ဘင်္ဂလာဒေ့ခ်ျနိုင်ငံ။
ရက်စွဲ - ဧပြီလ (၂၉)ရက်၊ ၂၀၁၁။

ရခိုင်အမျိုးသားများ ၂၆၀၀ ပြည်နှစ် ဗုဒ္ဓဥာဏ်တော်နှင့် ၂၅၅၅ နှစ်မြောက် ဗုဒ္ဓနေ့ကို ကြည်ညို

ဂစ္ဆပသတင်းဌာန
မေလ (၁၉)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်အမျိုးသားများ ၂၆၀၀ ပြည်နှစ် ဗုဒ္ဓဥာဏ်တော်နှင့် ၂၅၅၅ နှစ်မြောက် ဗုဒ္ဓနေ့ကို ကြည်ညို

နှစ်ပေါင်း ၂၆၀၀ ပြည့်နှစ် ဗုဒ္ဓဥာဏ်တော် အထိမ်းအမှတ်နေ့နှင့် ၂၅၅၅ နှစ်မြောက် ကုဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယပွဲတော်ကို ရခိုင်အမျိုးသားများ အနေဖြင့် ခန့်ခန့်ညားညား မေလ (၁၇)ရက်နေ့က ကြည်ညိုခဲ့ကြသည်။




ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာဝင်များက ဗုဒ္ဓနေ့ကို ဗုဒ္ဓဘာသာနိုင်ငံအသီးအသီးအပြင် တချို့ဗုဒ္ဓဘာသာဝင်များ ရှိသည့်နိုင်ငံများအတွင်း အဆိုပါနေ့က ယင်နှစ်များကထက် စည်စည်ကားကား ကျင်းပခဲ့ကြခြင်းဖြစ်သည်။ ဗုဒ္ဓနေ့ကို ကြည်ညိုကြသည့် နိုင်ငံများအထဲတွင် မြန်မာ၊ ဘင်္ဂလာနှင့် အိန္ဒိယနိုင်ငံများလည်း ပါဝင်ကျင်းပခဲ့ကြသည်။

အဆိုပါ နိုင်ငံများတွင် မြတ်ဗုဒ္ဓကို ပူဇော်သည့်အနေဖြင့် အမွှေးနံ့သာရည်များဖြင့် ဘုရားရေသပ္ပါယ်ခြင်း၊ ဘုရားဒေသစာရိကြွချီခြင်းနှင့် ညောင်ရေသွန်းပွဲ အခမ်းအနား စသည်များကို စည်စည်ကားကား ကျင်းပခဲ့ကြသည်။

အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓနေ့ကို ဂေါ်ဟတ်တိမြို့တော်နှင့် တခြားနယ်မြေများတွင်လည်းကောင်း၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ကော့စ်ဘဇားခရိုင် အတွင်းတွင်လည်းကောင်းနှင့် မြန်မာနိုင်ငံတွင် နေရာအနှံတွင်လည်းကောင်း မြတ်ဗုဒ္ဓအား ပူဇော်သည့်အနေဖြင့် သိုက်သိုက်မြစ်မြစ် ကျင်းပခဲ့ကြသည်။

အိန္ဒိယနိုင်ငံတွင် ဂေါ်ဟာတီမြို့ရှိ ဗြဟ္မပုတ္တရ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်မှာ အသျှင်ကြီး ကေသရ ဆရာတော်တည်ထောင်သည့် တောင်ပေါ်ကျောင်းတိုက်တွင် ကျင်းပခဲ့ရာတွင် ဒေသခံဗုဒ္ဓဘာသာလူမျိုးများနှင့် ဗုဒ္ဓဘာသာမဟုတ်သူ လူမျိုးများပါ စုံညီစွာ တက်ရောက်ကာ ANC ဥက္ကဌ အရှင်အရိယ၀ံသ သီရိလင်္ကာမှ ပင့်ဆောင်လာခဲ့သည့် ရဟန္တာဓါတ်တော်များအား ဖွင့်လှစ်ဖူးမျှော် ကြည်ညိုခဲ့ကြကြောင်း သိရှိရသည်။

ANC ဥက္ကဌ အရှင်အရိယ၀ံသ က ဗုဒ္ဓနေ့ကျင်းပရခြင်းနှင့် ပတ်သက်လို့ “၀ိသာခ နက္ခတ်နဲ့ စန်းယှဉ်သော အခုလို ကဆုန်လပြည့်နေ့မျိုး ရောက်တိုင်း ကမ္ဘာအရပ်ရပ်တွင် ဗုဒ္ဓဘာသာ မိသားစုများအနေဖြင့် နှစ်စဉ်မပျက် ဗုဒ္ဓဂုဏ်တော်များကို အထူးရည်မှန်းပြီး ဗုဒ္ဓပူဇာ ပွဲတော်များကို ကျင်းပလေ့ရှိကြတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၆၀၀)က မှတ်တမ်းများအရ ဘီစီ ၅၆၃ ခုနှစ်၊ ယခုနီပေါနိုင်ငံ လုမဗိနီတွင် ဗုဒ္ဓလောင်းလျာ မွေးဖွားခဲ့တယ်၊ သက်တော် (၂၉)နှစ်အရွယ်တွင်တောထွက်၍ ခြောက်နှစ်ကြာ ဒုက္ကရစရိယာအကျင့်များကို ပြင်းထန်စွာ ကျင့်တော်မူခဲ့ပြီးနောက် အရာရာကို ထိုးထွင်းသိမြင်တော်မူစွမ်းသော သဗညုတဥာဏ်တော်ထူးကို ရတော်မူခဲ့သည်မှာ မေလ(၁၇)ယနေ့ တွင် နှစ်ပေါင်း ၂၆၀၀ ပြည့်တော်မူခဲ့ပြီး ဖြစ်တယ်၊ ဘုရားဖြစ်ပြီးတဲ့နောက် (၄၅)နှစ်ကြာ မနေမနား ကြိုးစားတော်မူခဲ့ပြီး ကုသိနာရုံတွင် နောက်ဆုံး ပရိနိဗ္ဗာန် ၀င်စံချုပ်ငြိမ်းတော်မူခဲ့သည်။ ထိုအချိန်မှစ၍ ရေတွက်လာခဲ့သော သာသနာတော် သက္ကရာဇ်အရ မေလ(၁၇) ရက်မှာ ၂၅၅၅ နှစ်မြောက်ဖြစ်တယ်၊ အဲဒီအကြောင်းတရားတွေကြောင့် ဒီနေ့ကို အားခဲကျင်းပရခြင်းဖြစ်တယ်၊ ဗုဒ္ဓဘာသာဝင်တို့ အနေနဲ့သာမဟုတ် အိန္ဒိယနိုင်ငံသားတိုင်း တဦးချင်းစီအနေဖြင့် ဤအချက်များ သိရှိထားမှသာ ဗုဒ္ဓကို ရိုသေချစ်မြတ်နိုးရာကျမည်၊ ဗုဒ္ဓနိုင်ငံတော်သားပီသမည် ဖြစ်ပါတယ်။”ဟု ဂစ္ဆပသတင်းဌာနသို့ မိန့်ကြားခဲ့သည်။

အရှင်ကြီး ကေသရ က “အခု အရှင်အရိယ၀ံသ ပင့်ဆောင်လာသော ဓါတ်တော်မွေတော်များသည် ယင်းကိုယုံကြည်ကိုးကွယ်သူများ အကျိုးအနန္တရကြစေမည်ဖြစ်၍ ယင်းတို့အပေါ် ယုံကြည်ကိုးကွယ်သူများကျန်ရှိ၊ တိုးပွားနေသရွေ့ သာသနာတော် အဓွန့်ရှည်တည်တံ့နေ မည်သာဖြစ်တယ်၊ သာသနာအရိပ်အ၀န်း ယခုကဲ့သို့ သိုက်သိုက်ဝန်းဝန်းဖြစ်အောင် အားလုံးမှဝိုင်းဝန်း အားပေးပါဝင်လာကြခြင်းကြောင်း ဖြစ်တယ်၊ ဗုဒ္ဓ၀ါသည် ဗုဒ္ဓဘာသာလူမျိုးတို့အတွက်သာမဟုတ်ပဲ ဘုရားပွင့်လာခြင်းမှာ လူသားများအားလုံး၊ သတ္တ၀ါများအားလုံး အကျိုး စီးပွားအတွက်ဖြစ်တယ်၊ ဒီဗုဒ္ဓနေ့ အခမ်းအနားကို တက်ရောက်လာကြသည့် လူ့အလွှာမျိုးစုံတို့ အနေနဲ့ စိတ်ချမ်းမြေ့ခြင်းအကျိုးကို ယခုကဲ့သို့ ခံစားယူနိုင်ခြင်းက ထိုအဆိုကို လက်တွေ့အားဖြင့် သက်သေခံနေပြီးဖြစ်တယ်။”ဟု ဂစ္ဆပသို့ မိန့်ကြားခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့တွင် ရခိုင်စည်တော်နှင့် ရခိုင်တူရိယာများတီးပြီး မဟာကျန် ရှင်တော်ဘုရားသေဒစာရိကို ကော့စ်ဘဇားမြို့ တပတ်ကြွချီတော်မူကာ အမွေးနံ့သာရည်များဖြင့် ဘုရားရေသတ်ပ္ပါယ်မှုများ ပြုလုပ်ပြီး ဗောထီးညောင်ရေသွန်း လောင်းပွဲများနှင့်အတူ ချောတိုင်တက်ပွဲများဖြင့် ဗုဒ္ဓနေ့ကို ကြည်ညိုခဲ့သည်။ အဆိုပါ ဗုဒ္ဓနေ့ကို ကော့စ်ဘဇားမြို့ရှိ ရခိုင်အမျိုးသမီး အသင်းနှင့် ယုဝတီအသင်းတို့မှ ဦးဆောင်ကျင်းပကာ မြို့မိမြို့ဖ၊ မြို့လုံးကျွတ် တက်ရောက်ပြီး ဗုဒ္ဓနေ့ကို ကြည်ညိုခဲ့ကြသည်။

ကော့စ်ဘဇားမြို့ မဟာကျန် ရှင်တော်ဘုရားမှာ ကော့စ်ဘဇားမြို့တပတ် ဒေသစာရိကြွချီမှုတွင် ဗုဒ္ဓဘာသာဝင်များသာမက မူဆလင် အမျိုးသားတချို့ပါ ပူဇော်လှူဒါန်းကြည်ညိုခဲ့ကြသည်။ ရှင်တော်ဘုရားမှာ ကော့စ်ဘဇားမြို့ စန္ဒာမေဇူကျောင်းတိုက်၌ ကိန်းဝပ်တော်မူပြီး ယခုနှစ်တွင် အဆိုပါ ဘုရားဒေသစာရိကြွချီမှု ကြည်ညိုခြင်းမှာ နှစ်ကြိမ်တိုင်တိုင် ရှိနေပြီးဖြစ်သည်။ အဆိုပါ ဘုရားဒေသစာရီကြွချီမှုမှာ နှစ်ပေါင်း (၅၀)ခန့်အတွင်း ပထမအကြိမ်ကို ယခုနှစ်အစောင်ပိုင်းနှင့် ဒုတိယအကြိမ်ကို ဗုဒ္ဓနေ့တွင် စည်စည်ကားကား ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များမှာ မိမိတို့၏ ဘာသာသာသနာ၊ ရိုးရာဓလေ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများအား တနှစ်ထက် တနှစ်ပိုမိုပြီး သိသိသာသာ စည်စည်ကားကား ကြည်ညိုကျင်းပလာကြသည်ကို တွေ့ရှိရသည်။
Call: + 01715445478

Tuesday, May 17, 2011

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ပြည်နယ်ဆက်သွယ်ရေးလုပ်ငန်းများကို စစ်ဆေး

ဂစ္ဆပသတင်းဌာန
မေလ (၁၈)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ပြည်နယ်ဆက်သွယ်ရေးလုပ်ငန်းများကို စစ်ဆေး



ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ရခိုင်ပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများအား မေလ(၁၂)ရက်နေ့က သွားရောက် လှည့်လည်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


ဦးလှမောင်တင် (အလယ်)
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရခိုင်ပြည်နယ် ပြည်နယ်မန်နယ်ဂျာရုံးနှင့် ပြည်နယ်ဆက်သွယ်ရေး လုပ်ငန်း၏ ကြေးနန်းပေးပို့လက်ခံရယူမှု၊ တယ်လီဖုန်းဆက်သွယ်မှု လုပ်ငန်းများ၊ ဆက်သွယ်ရေး TOWER ဗဟိုနှင့် ဆက်သွယ်မည့် အခြေအနေများကို တရက်တည်းတွင် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ မျက်မြင် အမည်မဖေါ်လိုသူတချို့က ပြောသည်။။

ဂစ္ဆပသတင်းဌာနက ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ခရီးစဉ်အပေါ် စစ်တွေမြို့မှ နိုင်ငံရေး တက်ကြွသူ ကျောင်းသား တချို့အား ဆက်သွယ်မေးမြန်းခဲ့သည်။

“သူတို့စစ်တပ်ထဲမှာ နေတာပဲကောင်းပါတယ်၊ အပြင်ကိုမထွက်ရင် ကောင်းတာပေါ့နော်၊ ဘာမှလည်းလုပ်မှာ မဟုတ်ပါဘူး၊ အပြင်ကို သူထွက်တာထက် စစ်တပ်အစောင့်တွေ သေနပ်တွေ တကားကားနဲ့ ထွက်လာတာက ပိုဆိုးတယ်၊ နေရာတိုင်းမှာ စစ်တပ်ပါဘဲ၊ သူစာတိုက်ကြီး၊ ကြေးနန်းရုံးနဲ့ အခြားအစိုးရရုံးတွေကို သွားခဲ့ပါတယ်၊ အလုပ်ဘယ်လောက်ထိ သူတို့ အာဏာရှင်အဆက်ဆက် လုပ်သလဲဆိုတော့ ဆက်သွယ်ရေး ဘာမှတိုးတက်ဖွံ့ဖြိုးမှု တခုမှ ရှိမရှိဆိုတာ ကမ္ဘာကလည်း သိပါတယ်၊ ကျနော်တို့ရခိုင်ပြည်နယ်ဆိုရင် ပိုပြီးတော့ဆိုးပါသေးတယ်၊ ဖုံး၊ စာ၊ လမ်း၊ ဆီဈေး စတဲ့ ဘာဆက်သွယ်ရေးမှ ဘာတခုမှ မတိုးတက်ဘူး၊ ကောင်းတာလည်းမရှိဘူး၊ လူတွေဒုက္ခရောက်တာကိုပဲ သူတို့လုပ်နေတာ ဖြစ်ပါလိမ့်မယ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်လုပ်နေပြီး မရှက်လို့။” ဟု အမည်မဖေါ် လိုသူ တက္ကသိုလ် ကျောင်းသားတဦးက ဂစ္ဆပသို့ ပြောသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် အနေဖြင့် စစ်တွေမြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တခုဖြစ်သော စာတိုက်ကြီးနှင့် မြန်မာ့ရုပ်မြင်သံကြား စစ်တွေထပ်ဆင့်လွှင့် စက်ရုံများသို့လည်း လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ်အသစ်စစ အနေဖြင့် ရခိုင်ပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာမည့် လုပ်ငန်းများကို လုပ်ဆောင်လိမ့်မည်မဟုတ်ကြောင်း ဒေသခံများက ယုံကြည်နေကြသည်။ ဦးလှမောင်တင်မှာ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်လာပြီး မေလ (၁၂)ရက်နေ့က ပထမဆုံး သက်ဆိုင်ရာလုပ်ငန်းများကို သွားရောက်ကြည့်ရှု့ခြင်းဖြစ်သည်။

Monday, May 16, 2011

ဦးသိန်းစိန်မှ ရှမ်းပြည်နယ်သို့ စေလွှတ်ထားသော စစ်ဆင်ရေးတပ်ရင်း စစ်ကြောင်းနှစ်ကြောင်းမှာ တဖန်ရခိုင်သို့ ပြန်လည်ရောက်ရှိလာ

ဂစ္ဆပသတင်းဌာန
မေလ (၁၆)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ဦးသိန်းစိန်မှ ရှမ်းပြည်နယ်သို့ စေလွှတ်ထားသော စစ်ဆင်ရေးတပ်ရင်း စစ်ကြောင်းနှစ်ကြောင်းမှာ တဖန်ရခိုင်သို့ ပြန်လည်ရောက်ရှိလာ

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်သို့ ရှမ်းပြည်နယ်တွင် ဘ၀တူတိုင်းရင်းသားများကို ဦးသိန်းစိန် အမိန့်အရ ဖိနှိပ်နေခဲ့ကြသော ရခိုင်ပြည်နယ် အခြေစိုက် စကခ အမှတ်(၁၅) လက်အောက်တပ်ရင်းများမှ စစ်ကြောင်းနှစ်ကြောင်းမှာ မေလ(၁၂)ရက်နေ့က ပြန်လည် ရောက်ရှိလာခဲ့ကြကြောင်း သတင်းရရှိသည်။

ယခုရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာကြသော တပ်ရင်းအမှတ် ၃၅၂နှင့် တပ်ရင်း ၅၃၅ တို့ဖြစ်သည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ လွန်ခဲ့သော မေလ (၁)ရက်နေ့က ရှမ်းပြည်နယ်တွင် တော်လှန်ရေးအဖွဲ့အစည်းများကို တိုက်ခိုက်ရန် ခရီးထွက်ခဲ့ကြသော တပ်ရင်းအမှတ် ၃၄၅ နှင့် ၃၅၂ တပ်ရင်းများနှင့် အလှည့်ကျ တာဝန်ပြောင်း ထမ်းဆောင်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ တပ်ဆုတ်လာခဲ့ကြသော စစ်ကြောင်းနှစ်ကြောင်း အင်အားမှာ ၃၀၀ နီးပါးခန့်ရှိမည်ဖြစ်ကြောင်း စစ်တပ်သတင်းများကပြောသည်။ အခုအခါ ရှမ်းပြည်နယ်တွင် ရခိုင်ပြည်နယ် အခြေစိုက် စကခ (၁၅)မှ စစ်ကြောင်း (၈)ကြောင်းကို ဦးဆောင်ကိုင်တွယ်နေသူမှာ ဗိုလ်မှူးချုပ် ကျော်သက် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါစစ်ကြောင်းနှစ်ကြောင်းမှာ ဘူးသီးတောင်မြို့ အခြေစိုက် စကခ (တပ်မ) အမှတ် (၁၅) လက်အောက်ရှိ တပ်ရင်း (၁၀)အနက် တပ်ရင်း (၂)ရင်းမှ စစ်ကြောင်းများဖြစ်ကြကြောင်း သိရှိရသည်။

ယခုအခါ ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ ဆုတ်ခွာလာကြသည့် စစ်ကြောင်းများမှာ တတိယအကြိမ်မြောက် ဆုတ်ခွာလာသော စစ်ကြောင်းများ ဖြစ်သည်။ ဆုတ်ခွာလာခဲ့သည့် ၃၅၂နှင့် ၅၃၅ စစ်ကြောင်းများမှ စစ်သားအရာရှိများမှာ ရှမ်းပြည်နယ် စစ်ဆင်ရေးအတွင်း အသေအပျောက်ရှိမရှိ မသိရှိရသေးပေ။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ မေလ(၁)ရက်နေ့က တတိယအကြိမ်မြောက် ရှမ်းပြည်နယ်စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရန် ထွက်ခွားသွားခဲ့ကြသော စစ်ကြောင်းနှစ်ကြောင်းမှာ အင်အားစုစုပေါင်း ၂၇၉ ဦး ပါကြောင်း၊ တပ်အင်အား ၂၇၉ ဦးအနက် အရာရှိမှာ စုစုပေါင်း ၃၃ ဦးပါကြောင်းနှင့် တပ်ရင်းအမှတ် (၃၄၅) စစ်ကြောင်းကို ဗိုလ်မှူး မင်းခိုင်ထွန်း ဦးဆောင်ပြီး (၃၅၂)စစ်ကြောင်းကို ယာယီတပ်ရင်းမှူး သော်တာထွေး ဦးဆောင်သွားခဲ့ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေစိုက် စကခ (တပ်မ)အမှတ် (၁၅)လက်အောက်ရှိ တပ်ရင်းများမှာ ၃၄၅၊ ၃၅၂၊ ၅၃၅၊ ၃၅၃၊ ၅၃၆၊ ၅၃၇၊ ၅၅၁၊ ၅၅၂၊ ၅၆၄နှင့် ၅၆၅ တပ်ရင်းတို့ဖြစ်သည်။ ၎င်းတပ်ရင်းများမှာ ဘူးသီးတောင်မြို့နယ် ငကျန်တောက်နယ်မြေတွင် အခြေစိုက်သော ၃၅၃နှင့် ၅၃၅တို့ဖြစ်ကြောင်း၊ ၅၅၁ တပ်ရင်းမှာ စိုင်းတောင်ဝ ဖေါ်မျှော်လစ်နယ်မြေတွင်အခြေစိုက်ကြောင်း၊ ၅၅၂ မှာ တောင်ပဇာတွင်အခြေစိုက်ကြောင်း၊ ၅၄၆ မှာ ပလေးတောင် နယ်မြေတွင်အခြေစိုက်ကြောင်း၊ ၅၆၅ မှာ စံညောင်းဝေနယ်မြေတွင် အခြေစိုက်ကြောင်းနှင့် ရသေ့တောင်မြို့နယ် ၅၃၆နှင့် ၅၃၇ တပ်ရင်းတို့အခြေစိုက်ကြသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေစိုက် တပ်မ အမှတ် (၁၅)လက်အောက်ရှိ တပ်ရင်း(၁၀)မှ စစ်ကြောင်း (၈)ကြောင်းမှာ ယခုအခါ ရှမ်းပြည်နယ်တွင် စစ်အုပ်စုသုံးနှုန်းပြောဆိုသော စစ်ဆင်ရေးတာဝန်ဟု တော်လှန်ရေးတပ်ဖွဲ့များအား လိုက်နက်အားကိုးဖြင့် အနိုင် ကျင့်ရန် ရှိနေသည်။

ရခိုင်ပြည်နယ်တွင် တပ်မ (စကခ) ၃ ခုရှိပြီး တပ်မ အမှတ် (၁၅)မှာ ဘူးသီးတောင်မြို့တွင် အခြေစိုက်သည်။ တပ်မ (၅) မှာ တောင်ကုတ်မြို့နယ်တွင် အခြေစိုက်သည်။ တပ်မ (၉) မှာ ကျောက်တော်မြို့နယ်တွင် အခြေစိုက်သည်။

Sunday, May 15, 2011

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)အကြား ညီညွတ်မှုတည်ဆောက်ရေး ကမ်းလှမ်းပြီ

ဂစ္ဆပသတင်းဌာန
မေလ (၁၅)ရက်၊ ၂၀၀၁။
http://gissapa.blogspot.com

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)အကြား ညီညွတ်မှုတည်ဆောက်ရေး ကမ်းလှမ်းပြီ








ရခိုင်ပြည်အမျိုးသားကောင်စီ (ANC-India)မှ (ANC-Thailand)သို့ သမိုင်းပေးတာဝန်အရ တိုက်ပွဲလမ်းညွှန်ချက်နှင့် ပတ်သက်၍ ညီညွတ်မှုတည်ဆောက်ရေး ဆွေးနွေးလိုကြောင်း အိတ်ဖွင့်ပေးစာတစောင်ကို မေလ (၁၁)ရက်နေ့က ပေးပို့ခဲ့ကြောင်း ANC၏ ပေးစာအရ သိရှိရသည်။

ANC-India နှင့် ANC-Thailand တို့အကြား နားလည်မှုလွဲမှားနေကြရာမှ ယခုအခါ ပထမဆုံး ANC-India အနေဖြင့် အမျိုးသား ညီညွတ်ရေး၊ အမျိုးသားခေါင်းဆောင်ဖေါ်ထုတ်ရေး၊ လက်တွဲတိုက်ပွဲဝင်ယင်း မျိုးဆက်သစ်ခေါင်းဆောင်များ ဖေါ်ဆောင်ရေးနှင့် တိုက်ပွဲပုံသဏ္ဍာန်သစ် ရုပ်လုံးဖေါ်ဆောင်ရေးများမှာ ယနေ့တိုက်ပွဲလမ်းညွှန်၌ ဆန်းစစ်တွေ့ရှိကြောင်းကို ANC-Thailand သို့ ဆွေးနွေးအဖြေရှာလို့ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖေါ်ပြထားသည်။

ဂစ္ဆပသတင်းဌာနမှ ANC-India ကို ၎င်းတို့အနေဖြင့် ANC-Thailand အပေါ် မည်သို့အမြင်သဘောထား၍ အိတ်ဖွင့်ပေးစာဖြင့် ဆွေးနွေးရန် အကြောင်းကြားကြောင်း ဆက်သွယ်မေးမြန်းရာ အောက်ပါအတိုင်း ရှင်းလင်းပြောဆိုသည်။

“ကျွန်ုပ်တို့အနေဖြင့် ANC-Thailand ကို ဆွေးနွေးဖို့ဖိတ်ခေါ်ရတဲ့အကြောင်းကတော့ လွန်ခဲ့တဲ့ မတ်လက India မှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ရှေ့လုပ်ငန်းစဉ်များအနက်မှ ဆုံးဖြတ်ချက် တခုဖြစ်ပါတယ်၊ ကျွန်ုပ်တို့ရဲ့ ရခိုင်ပြည်အမျိုးသားနိုင်ငံရေးတိုက်ပွဲမှာ တိုက်ပွဲလမ်းညွှန်ချက်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးလုပ်ငန်းဟာ စွမ်းရည်နှင့် ပြည့်စုံတဲ့ အမျိုးသားခေါင်းဆောင်ဟာ တိုက်ပွဲမှာလစ်ဟင်းနေတာရယ်၊ တိုက်ပွဲမှာ ရခိုင်မျိုးဆက်သစ်လူငယ်တွေ ပါဝင်လှုပ်ရှားမှုနည်းနေ တာရယ်၊ ရန်သူကိုတိုက်တဲ့အခါ တောတွင်းလက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲဆိုပြီးတော့ သမရိုးကျတိုက်ပွဲနှင့် ချိပ်ဆက်ပြီး တိုက်ပွဲ ပုံသဏ္ဍာန်သစ် ဖေါ်ထုတ်ဖို့လိုအပ်နေတယ်ပါတယ်၊ ဒါကြောင့်တိုက်ပွဲတိုင်းမှာ ဗျူဟာမြောက်လုပ်ငန်းများ အောင်မြင်နိုင်ရေးနဲ့ ချိပ်ဆက် နေတဲ့ဘ၀တူအဖိနှိပ်ခံ နိုင်ငံရေးမဟာမိတ်အဖွဲ့တွေနဲ့ ဆက်ဆံရေးမှာလည်း ပြေလည်နိုင်ဖို့အတွက် ANC-Thailand ကို ဆွေးနွေးဖို့ ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်၊ ရခိုင်ပြည်သူတွေလည်း ဒီလိုပဲယုံကြည်မှုရှိမယ်လို့ မိမိတို့က ခံယူပါတယ်၊ ဒါ့ကြောင့် ညီညွတ်ရေး တည်ဆောက်ဖို့ ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်။” ဟု ANC-India အထွေထွေအတွင်းရေးမှူး ခိုင်မြ၀ါက ရှင်းပြသွားခြင်း ဖြစ်သည်။

ဂစ္ဆပသတင်းဌာန။ ။ ဟုတ်ကဲ့ပါ။ ANC ရှေ့လုပ်ငန်းစဉ်တွေကို ဘယ်လိုပြုပြင် တည်ဆောက်မည့် ရည်ရွယ်ချက်တွေ ရှိပါသလဲ။ အနည်းငယ် ရှင်းပြလို့ရမလား။

“ANC ကို တိုင်းရင်းသားလူမျိုးများကောင်စီ (ENC)မှာ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်းကို ယာယီရပ်ဆိုင်းထားဖို့ လိုအပ်ပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ENC ရဲ့ဖွဲ့စည်းပုံအရ ပြည်နယ်ကိုကိုယ်စားပြုနိုင်တဲ့ ကောင်စီတွေကို အခြေခံထားလို့ဖြစ်ပါတယ်၊ ENC နိုင်ငံရေးပန်းတိုင်လည်းဘဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပါတယ်၊ ဒါကြောင့် သဘောထားကွဲလွဲနေတဲ့ ANC ကို မိမိတို့အတွင်း ညီညွတ်မှုမရရှိခင်မှာ ENC အဖွဲ့ဝင်အဖြစ်မှ ANC ကို ယာယီရပ်ဆိုင်းဖို့ လိုအပ်ပါတယ်။ ဆိုတော့ ရခိုင်ပြည်နိုင်ငံရေး တိုက်ပွဲမှာ ညီညွတ်ရေးဟာ အမှန်တကယ်လိုအပ်နေလို့ပါပဲ၊ ဒါကိုအတိမ်းအစောင်း မခံနိုင်ဘူး၊ အမှန်တကယ် ENC နဲ့ဖြစ်စေ မည်သည့်ဘ၀တူ အဖိနှိပ်ခံ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ဖြစ်စေ ချိပ်ဆက်ပြီး ကျွန်ုပ်တို့ရဲ့ ဘုံရန်သူကို တော်လှန်တိုက်ခိုက်တာဟာ အောင်ပွဲအတွက် လိုအပ်တဲ့ညီညွတ်ရေးနဲ့ အားမာန်ပါပဲ၊ ဒီလိုတိုက်ပွဲဖြစ်စဉ်မျိုးဟာ ကျွန်ုပ်တို့ နှစ်ပေါင်း (၂၂၇)နှစ်ကာလအတွင်း ကျူးကျော်ရေးသမား အဆက်ဆက်ကို တော်လှန်တိုက်ခိုက်လာတဲ့ ရခိုင်အမျိုးသားတိုက်ပွဲ သမိုင်းမှာ တိုက်ပွဲထူးခြားချက်တွေ ဖြစ်ပါတယ်၊ အဲဒီထူးခြားချက်ကို ကျွန်ုပ်တို့ညီညီညွတ်ညွတ်နဲ့ ဆုပ်ကိုင်ပြီး အောင်ပွဲအတွက် အသုံးချနိုင်ဖို့ လိုအပ်တာကြောင့် တောင်းဆိုထားတာဖြစ်ပါတယ်၊ ရခိုင်ပြည်နိုင်ငံရေးတိုက်ပွဲသမိုင်းဟာ ကာလရှည်လျားတဲ့အတွက် တိုက်ပွဲထူးခြားချက်တွေဟာ အလွန်ဘဲကြွယ်ဝပါတယ်၊ တနည်းအားဖြင့် ပြောရင်တော့ တိုက်ပွဲဖြစ်စဉ်တွေဟာ တိုက်ပွဲထူးခြားချက်တွေကို အမြဲဘဲ ပုံဖေါ်ပေးနေတယ်၊ ဒီထူးခြားချက်တွေကို မိမိတို့ရဲ့တိုက်ပွဲမှာ ထိထိမိမိ ဆုပ်ကိုင်ပြီး အသုံးချတတ်ဖို့ဘဲ လိုပါတယ်။” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ANC-India ဦးအရိယာဝံသ မှ ANC-Thailand ဦးသီဟ သို့ လိပ်မူပေးပို့သည့် အိတ်ဖွင့်စာဖြစ်သည်။ အိတ်ဖွင့်စာနှင့်အတူ ANC ကို ENC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားရန် ENC သို့ အိတ်ဖွင့်တောင်းဆိုလွှာ တစောင်ကိုလည်း တပါတည်းပူးတွဲ ပို့ဆောင်ထားခဲ့ခြင်း တွေ့ရှိရသည်။

အဆိုပါ ပေးစာတွင် ရခိုင်ပြည်နိုင်ငံရေးတိုက်ပွဲသမိုင်းကို အဖိနှိပ်ခံရခိုင်ပြည်သူများသည် ကျူးကျော်ရေးသမား အဆက်ဆက်ကို လက်နက်ကိုင်တိုက်ပွဲဖြင့်တမျိုး၊ လူထုတိုက်ပွဲဖြင့်တဖုံ နိုင်ငံရေးအာဏာကို ရခိုင်ပြည်သူ့လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရန် အဆက် မပြတ်တိုက်ခိုက်တော်လှန်ခဲ့ကြကြောင်း ဖေါ်ပြထားသည်။ သမိုင်းအရ ထင်ရှားခဲ့သည့် ပုဂ္ဂိုလ်ထူးများနည်းတူ ခေါင်းဆောင်များ ယခုအခါ လစ်ဟင်းလျှက်ရှိနေကြောင်းကို မီးမောင်းထိုးပြထားသည်။ ထို့အတွက်ကြောင်း ANC၏ နိုင်ငံရေးတာဝန်သည် တိုက်ပွဲအင်အား ကြီးထွားရန်အတွက် တိုက်ပွဲလမ်းညွှန်ချက်များကို လက်တွေ့ပူးပေါင်းအကောင်အထည် ဖေါ်နိုင်ရန် ဆွေးနွေးဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်ရ ခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖေါ်ပြထားသည်။

ဂစ္ဆပသတင်းဌာန။ ။ ANC-India ကို အကယ်၍ ညီညွတ်ရေးဦးတည်ချက်အရ ဆွေးနွေးရန် ကမ်းလှမ်းသည်ကို ANC-Thailand မှ လက်မခံလျှင် မည်သို့ဆောင်သွားမည်ဟု မေးမြန်းရာ “နောက်ထပ်လည်း ညီညွတ်ရေး လုပ်ငန်းများနှင့် အမျိုးသားရေး တာဝန်များကို စိတ်ရှည်ရှည်ဖြင့် လုပ်ဆောင်သွားနိုင်ရန် ကမ်းလှမ်းသွား မည်ဖြစ်ပါတယ်။” ANC-India မှ ပြောသည်။

ဂစ္ဆပသတင်းဌာနမှ ANC-India မှ ANC-Thailand သို့ ညီညွတ်ရေးကို ဦးတည်လျှက် နိုင်ငံရေးဆွေးနွေးအဖြရှာရန် ပီးပို့ထားသည့် အိတ်ဖွင့်စာအပေါ် ANC-Thailand အနေဖြင့် မည်သို့ အမြင်သဘောထား ရှိပါသနည်း၊ လက်ခံဆွေးနွေးလားဖို့ ယှိပါသလား အနည်းငယ်ရှင်းပြစေလိုပါကြောင်း၊ ANC-India မှ ANC-Thailandမှာ ENC အဖွဲ့ဝင်ဖြစ်နေမှုအပေါ် ရခိုင်ပြည်အမျိုးသားညီညွတ်ရေး ဆွေးနွေးမှုကာလတွင် ယာယီရပ်ဆိုင်းထားရန် တောင်းဆိုမှုအပေါ် ANC-Thailand သဘောထားအမြင် အနည်းငယ် ရှင်းလင်းပီးပါရန် ပြန်ကြားစေလိုကြောင်း၊ အကယ်၍ ANC-Thailand အနေဖြင့် ANC-India ဆွေးနွေးမှုကမ်းလှမ်းချက်အပေါ် ယခုလက်မခံခဲ့သော်လည်း ဆက်လက်၍ ဆွေးနွေးဖို့ ANC-India က ကမ်းလှမ်းလာလျှင် မည်သို့သဘောထားအမြင် ရှိပါကြောင်းနှင့် ဂစ္ဆပသတင်းဌာနမှတဆင့် ရခိုင်ပြည်သူလူထုနှင့် ရခိုင်ပြည်နိုင်ငံရေးအပေါ် အမြင်သဘောထားများကိုလည်း ANC-Thailand အနေဖြင့် မည်သို့အမြင် သဘောထားများ ရှု့ဒေါင့်ပေါင်းစုံမှ ရှင်းပြပေးပါရန် မေလ (၁၃)ရက်နေ့က အီးမေးလ်ဖြင့် မေးမြန်းခဲ့သော်လည်း ယနေ့အထိ ဖြေကြား ခြင်းတစုံတရာ မရရှိသေးပေ။

အမျိုးသားညီညွတ်ရေးကို ဦးတည်၍ ANC-Thailand သို့အိတ်ဖွင့်ပေးစာဖြင့် ကမ်းလှမ်းခြင်းနှင့်အတူ ANCကိုစောင့်ကြည့်နေသည့် ALP ပါတီသို့ ညီညွတ်ရေးတည်ဆောက်ဖို့ ကမ်းလှမ်းရန် အစီအစဉ်များ ရှိပါသဟု ANC-India ကိုမေးမြန်းခဲ့ရာ “ANC သည် ရခိုင်ပြည် အမျိုးသား နိုင်ငံရေးတိုက်ပွဲမှ လိုအပ်ချက်များအနက် မျက်မှောက်လိုအပ်ချက်ဖြစ်သည့် ညီညွတ်ရေး လုပ်ငန်းများကို အခြေအနေ ပေးသည့်အလျှောက် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် အမျိုးသားတခုလုံး ညီညွတ်ရေးလုပ်ငန်းများအတွက် အချိန်ကာလနှင့် အခြေအနေက ပေးလာလျှင် တဆင့်ပြီးတဆင့် လုပ်ဆောင်သွားမည် ဖြစ်ပါတယ်။”ဟု ANC-India မှ ဂစ္ဆပသို့ ရှင်းလင်းဖြေကြားခဲ့သည်။


ဂစ္ဆပသတင်းဌာန။ ။ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးဆုံရပ် (ANFU)မှ ခေါင်းဆောင် အနေဖြင့် ANC အခြေအနေအပေါ် မည်သို့မည်ပုံ သဘောထားအမြင် ရှိပါသနည်း အနည်းငယ် ရှင်းလင်းပေးစေလိုပါတယ်။


“၁။ ANFU အနေနဲ့ ကွဲပြဲတယ်ဆိုတာကို လုံးဝအလိုမရှိပါဘူး။ ၂။ ရခိုင်သားတိုင်း၊ ရခိုင်အဖွဲ့အစည်းတိုင်း ရခိုင့်အောင်လံတော် တခုတည်းအောက်မှာ ရောက်ရှိဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ၃။ ကျွန်တော်တို့ အဖွဲ့အစည်းအမည်ကိုယ်က ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးဆုံရပ် (ANFU) ဖြစ်ပါတယ်၊ အကြမ်းမဖက်တဲ့ မည်သည့်ညီညွတ်ရေးမျိုးကိုမဆို လုပ်ဖို့ကြိုးစားလျှင် ကြိုဆိုပါတယ်။ ၄။ ANC ကိုတစည်းတလုံးတည်းဖြစ်အောင် လုပ်ကြဖို့ ANFUမှာ အစကတည်းက မူရှိပြီးသားပါ။ ၅။ အကြောင်းအမျိုးမျိုး ကြောင့် ကျွန်တော်တို့ လုပ်ဖို့နှောက်နှေးနေတဲ့အချိန်မှာ သူတို့ချင်းဖိတ်ခေါ်ပြီး ညီညွတ်သွားကြမယ်ဆိုရင် သာဓုပါ။” ဟု ၁၉၈၈ ခုနှစ် NUFU အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူ ယခု ANFU ခေါင်းဆောင် ခိုင်အာဏာနီက ပြောသည်။

ဂစ္ဆပသတင်းဌာနအနေဖြင့် ပြည်တွင်းရှိ နိုင်ငံရေးနိုးကြားနေကြသူများဖြစ်ကြသည့် ကျောင်းသားလူငယ်များကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် ကြိုဆိုလက်ခံပါကြောင်း၊ ပြည်တွင်းလူထုအခြေအနေမှာလည်း ပြည်ပနိုင်ငံရေး အင်အားစုများ တစည်းတလုံးတည်းကို လိုအပ်ပါကြောင်းနှင့် ပြည်ပပြည်တွင်းနှင့် ပူပေါင်းလုပ်ဆောင်မှသာ မိမိတို့၏ ရည်မှန်းချက်ပန်တိုင်သို့ ရောက်လှမ်းနိုင်မည်ဖြစ်ကြောင်း ပြန်ကြားခဲ့ကြသည်။

သို့သော်လည်း ပြည်တွင်းသို့ နည်းမျိုးစုံဖြင့် ဆက်သွယ်မေးမြန်းခဲ့မှုများကို အကြောင်းအမျိုးမျိုးကြောင့် ဖြေကြားခြင်းများ ယနေ့အထိ မရရှိသေးပေ။

ဂစ္ဆပသတင်းဌာန။ ။ ANC-Indiaမှ ANC-Thailand သို့ ညီညွတ်ရေးကိုဦးတည်လျှက် နိုင်ငံရေးဆွေးနွေးအဖြရှာရန် ပီးပို့ ထားသည့် အိတ်ဖွင့်စာအပေါ် RWU မှဗဟိုကော်မတီတဦး အနေဖြင့် မည်သို့အမြင်သဘောထား ယှိပါသနည်း၊ လက်ခံဆွေးနွေးသွားဖို့ ယှိပါရေလို့ ထင်မြင်ယူဆပါသလား အနည်းငယ်ရှင်းပြစေလိုပါသည်။

“ကျမ ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) ဗဟိုကော်မီတီဝင်တဦးအနေနဲ့ ပြောချင်တာက အခုလို ပေါင်းစည်းညီညွတ်ရေးကို ဦးတည်လုပ်ဆောင်နေတာကို ကြားရလို့ အတိုင်းထက်အလွန်ဝမ်းမြောက်မိပါတယ်။ ပေါင်းစည်းညီညွတ်နိုင်ကြဖို့အတွက် သိပ်ပြီးတော့လို လားတာကြာပါပြီ၊ ကျမတို့ ရခိုင်အဖွဲ့အစည်းတွေ အကွဲကွဲအခြမ်းခြမ်းဖြစ်နေကြတဲ့ အတွက်ကြောင့် ကျမတို့ ရခိုင်အရေးကို ဆောင်ရွက် ရတဲ့အခါမှာ တိုင်းရင်းသားများနှင့်သော်လည်းကောင်း၊ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့်သော်လည်းကောင်း ဆက်ဆံစကားပြောဆိုရ တာဟာ အားမရှိသလို ခံစားရပါတယ်၊ မျက်နှာပန်းမလှအခြေအနေအထိ ရှိနေပါတယ်၊ အဲဒီအတွက်ကြောင့် ကျမနှင့်အတူ တခြားရခိုင်သူ၊ ရခိုင်သားတွေကလည်း လိုလားလိမ့်မယ်ဟု ကျမမျှော်လင့်ပါတယ်၊ နောက်တချက်က ANC-India မှ ANC-Thailand သို့ ပေးတဲ့စာအရ ရခိုင်ပြည်နိုင်ငံရေးတိုက်ပွဲမှာ လမ်းညွန်ပြသနေတာဟာ အချက်(၄)ချက်ပါရှိတာကို တွေ့ရပါတယ်၊ အဲဒီအချက်တွေဟာ အမှန်တကယ် ဦးတည်ချက်၊ ရည်မှန်းချက်ကောင်းတဲ့ အချက်တွေဖြစ်ကြပါတယ်။”ဟု စောစောမိမိသန်းက ပြောသည်။

ဆက်လက်ပြီးသူမက “အဖွဲ့အစည်းပေါင်းမြောက်များစွာကို တည်ထောင်ခဲ့ပြီးပါပြီ၊ ဦးတည်ချက်တွေကို ဖတ်လိုက်ရင် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းကမှ ဦးတည်ချက်မကောင်းကြောင်းကို မတွေ့ရှိခဲ့ပါ၊ အားလုံးဦးတည်ချက်၊ ရည်မှန်းချက်တွေဟာ ကောင်းကြ ပါတယ်၊ ဒါပေမဲ့လက်တွေ့လုပ်ဆောင်မှုတွေကို ကြည့်တဲ့အခါမှာ အားလုံးဦးတည်ချက်၊ ရည်မှန်းချက်နဲ့ အကွဲကွဲအပြားပြား ဖြစ်နေကြပြီး လွဲလျှော်နေတာကို တွေ့ရပါတယ်၊ အဲဒါတွေကို ကျမသုံးသပ်ရသလောက် တယောက်နဲ့တယောက်အကြား ငါဗိုလ်၊ သူဗိုလ်လုမှု၊ အစားမတည့်မှု၊ ငါ့နဲ့မတူငါ့ရန်သူဖြစ်မှု စစ်အုပ်စုမှာရှိတဲ့စိတ်ဓါတ်အလား ခေါင်းဆောင်ပြောသမျှသော စကားများကို ထောက်ခံသော သူသာ ဦးစားပေးခံရမှုစတဲ့အချက်များနဲ့ ပြည့်တင်းနေတဲ့အတွက်ကြောင့်ဟု မြင်ပါတယ်၊ အဲသလိုပြုလုပ်မှုတွေ များလာသည်နှင့်အမျှ ရခိုင်သူ၊ ရခိုင်သားတွေမှာ တယောက်နဲ့တယောက် ယုံကြည်မှုကိုတည်ဆောက်ဖို့ များစွာအလှမ်းဝီးကွာ သွားတတ်ကြပါတယ်၊ ယုံကြည်မှုဆိုတာဟာ သိပ်ကိုအရေးကြီးသလို ရခိုင်သူ၊ ရခိုင်သားတဦးချင်းစီ၊ တဖွဲ့ချင်းစီကလည်း လူအများယုံကြည်လက်ခံလာ နိုင်အောင်ပြဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကျမအမြင်ကို ပြောရရင် ANC-Indiaကို ANC-Thailand က ယုံကြည်မှုရှိရင် လက်ခံဆွေးနွေးဖို့ ရှိလိမ်မယ်ဟု မြင်ပါတယ်။”

ဂစ္ဆပ။ ။ ANC-India မှ ANC-Thailand မှာ ENC အဖွဲ့ဝင်ဖြစ်နေမှုအပေါ် ရခိုင်ပြည်အမျိုးသားညီညွတ်ရေး ဆွေးနွေးမှုကာလတွင် ယာယီရပ်ဆိုင်းထားဖို့ တောင်းဆိုမှုအပေါ် RUW သဘောထားအမြင် အနည်းငယ် ရှင်းလင်းပေးစေလိုပါတယ်။

“ဒီမေးခွန်းကို ကျမအမြင်ပြောရမယ်ဆိုရင် ENC ကို ကျမလုံးဝအယုံအကြည်မရှိ ပြောရမှာဖြစ်ပါတယ်၊ ENC အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်နေတဲ့ အဖွဲ့ဖြစ်ပါတယ်၊ အခုလို အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်လုပ်ဆောင်နေတဲ့ အဖွဲ့တခုဖြစ်ပါလျှက် ENC အဖွဲ့က ရခိုင့်နိုင်ငံရေးမှာ ANC ဖြစ်ပျက်နေတဲ့ အနေအထားကို သိရှိပြီးဖြစ်တယ်၊ သိလျှက်နဲ့ ပေါင်းစည်းမှုရရှိအောင် ပထမကြားဝင်းမကြိုးစား၊ ညီညွတ်မှုရှိအောင် မကြိုးစားပဲနဲ့ ANC-Thailand နဲပသာ လက်တွဲပူးပေါင်း ပြုလုပ်နေခြင်းသည် ရခိုင်သားသွီးစည်း ညီညွတ်ရေးကို ဖြိုခွဲနေသည်သာမက ရခိုင်အဖွဲ့တဖွဲ့ကိုပြ၍၎င်း နိုင်ငံတကာထံမှ ဘတ်ဂျတ်ရရှိရေးအတွက် ကြိုးစားနေသလား၊ ဒါ့ပြင် ENCမှ ပြောဆိုနေတဲ့ တိုင်းရင်းသားရင်ကြားစေ့ရေးဆိုသည့်အချက်က မှန်ပါသလားဟု မိမိသုံးသပ်မိပါတယ်။”

နောက်ထပ် ဂစ္ဆပသတင်းဌာနမှတဆင့် RUW အနေဖြင့် ရခိုင်ပြည်သူလူထုနှင့် မျက်မှောက်ရခိုင်ပြည်နိုင်ငံရေးအပေါ် အမြင်သဘောထား များကိုလည်း မည်သို့အမြင်သဘောထားများ ရှု့ဒေါင့်ပေါင်းစုံမှ ရှင်းပြချင်ပါသနည်း။

“ရခိုင်သားအဖွဲ့အစည်းတွေကြားမှာ သံသယရှင်းဖို့ဆိုတာဟာလည်း ဒီလောက်အမှားတွေလုပ်ခဲ့ပြီးမှ လွယ်လွယ်ကူကူနဲ့ ဖြစ်ဖို့မလွယ်လို့ မြင်ပါတယ်၊ ပေါင်းစည်းနိုင်သည့်ဆိုသည့်တိုင် တယောက်အပေါ်တယောက်၊ တဖွဲ့အပေါ်တဖွဲ့က သံသယက အချိန်အနည်းငယ်နဲ့ ကုစားလို့ရနိုင်ဖို့ မမြင်ပါ၊ ပွင့်လင်းမြင်သာစွာ ဆွေးနွေးမှုတွေကိုမပြုလုပ်ပဲ ဒီအတိုင်းဆက်လုပ်သွားနေရင် ပေါင်းလိုက်ကွဲလိုက်နဲ့ ဖြစ်နေ ကြမှာပဲ၊ ဒီနေ့ဟာ ပြည်တွင်းအရှိန်လည်း အားလုံးမျက်စီဖွင့်၊ နားဖွင့်ရှိနေတဲ့ ကာလဖြစ်ပါတယ်၊ ကြိုးစားနေကြတာကိုလည်း တွေ့ရပါတယ်၊ ရခိုင်ပြည်အနာဂါတ်အတွက် အခုလိုအားတက်သရော ပါဝင်လာကြတာဟာ ပြည်တွင်းပြည်ပချိပ်မိပြီး ပူးပေါင်းလုပ် ဆောင်ကြရင် အင်အားလို့မြင်ပါတယ်၊ ပြည်ပမှာရှိတဲ့အဖွဲ့အစည်းတွေ အားနည်းလာကြတာကိုမြင်ရလို့ လုံးဝစိတ်မကောင်းပါ၊ တချိန် တည်းမှာ ကျမပြည်ပရခိုင်အဖွဲ့အစည်းတွေကို ပြောချင်တာက လူထုအားကောင်းနေတဲ့အချိန်မှာ ကျမတို့နောက်မဆုတ်ကြပါနဲ့၊ လူထုကို အားတက်သရောကြိုးစားပြကြဖို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်၊ ပြည်တွင်းကိုလည်း မိမိတို့နဲ့အတူ လက်တွဲတိုက်ပွဲဝင်ကြဖို့ မှာချင် ပါတယ်။” ဟု လူငယ်အမျိုးသမီးတဦးဖြစ်သူ RWU ဗဟိုကော်မတီအဖွဲ့ဝင် စောမိမိသန်းက ပြောသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အခြေစိုက် အဝေးရောက်ရခိုင်အလုပ်သမားအဖွဲ့မှ ဘဏ္ဍာရေးမှူး ဆရာဦးခိုင်ထွန်းက“အမျိုးသားစည်းလုံးညီညွတ်ရေး ကို တည်ဆောက်လို့ရရင် ကောင်းပါတယ်၊ အဲဒီတည်ဆောက်မှု အောင်မြင်ဖို့ဆိုရင် ပိုမိုပြီးတော့ ကောင်းမှာပါ၊ နောက်ပြီးတော့ တည်ဆောက်တဲ့နေရာမှာ တာရှည်တည်တံ့ခိုင်မြဲဖို့ အတွက်ဆိုရင် ပိုမိုပြီးကောင်းပါတယ်၊ အခုလိုရခိုင်အမျိုးသားများအကြား ညီညွတ် မှုတည်ဆောက်မည့် ကမ်းလှမ်းစာကို ကြိုဆိုပါတယ်၊ ဂုဏ်လည်းယူပါတယ်၊ ဒီကိစ္စတွေက အများနှင့်သက်ဆိုင်တဲ့ အမျိုးသားရေး လုပ်ငန်းတွေဖြစ်ပါတယ်၊ ရခိုင်အမျိုးသားတော်လှန်ရေး၊ နိုင်ငံရေးပါတီဖြစ်ဖြစ်၊ ဘာသာရေး၊ လူမှုရေးအသင်းတွေဖြစ်ဖြစ် အမျိုးသား အကျိုးစီးပွားအတွက် ပူးပေါင်းလုပ်ဆောင်ဖို့ ကျွန်တော်တို့အဖွဲ့ကို ကမ်းလှမ်းလာရင် အမြဲတမ်းကြိုပါတယ်။”ဟု ဂစ္ဆပသတင်းဌာန သို့ပြောသည်။

ဂစ္ဆပသတင်းဌာန အနေဖြင့် ဘက်ပေါင်းစုံ အမြင်သဘောထားများကို အတတ်နိုင်ဆုံး ANC လက်ရှိဖြစ်ပေါ်နေသော အခြေအနေအပေါ် သုံးသပ်အဖြေရှာကြရန် မေးမြန်းဖို့ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်လှမ်းမမီခဲ့ပေ။ သို့သော်လည်း ထိတွေ့မိသမျှ လေ့လာစုံစမ်းခဲ့ရာတွင် ရခိုင်အမျိုးသားများသာမက တခြားအမျိုးသားများကပါ ရခိုင်အမျိုးသားစည်းလုံးညီညွတ်မှုကို လိုအပ်နေ ကြကြောင်း ပြောဆိုကြသည်။

Call : + 88 01715445478

Saturday, May 14, 2011

အထူး သတိပေး နှိုးဆော်ချက်

အထူး သတိပေး နှိုးဆော်ချက်

မြန်မာနိုင်ငံတွင် No. 1 စိတ်ဓာတ် မြှင့်တင်ရေး သင်တန်းဟု အမည် တပ်ကာ ဒစ္စကို အကများကို သင်တန်း ပေးနေသော ဗုဒ္ဓဘာသာ အရေခြုံ ဘာသာဖျက် ဘုန်းကြီး ဦးဣဒ္ဓိပါလသည် ၁၅.၅.၂၀၁၁ ရက်နေ့တွင် မလေးရှား နိုင်ငံ ကွာလာလမ်ပူရှိ SM ကုန်တိုက်တွင် စိတ်ဓာတ် မြှင့်တင်ရေး ဟောပြော ပွဲဟုဆိုကာ ဒစ္စကို အကများကို သင်တန်း ပေးရန် ရောက်ရှိနေပါသည်။

အဆိုပါ ဦးဣဒ္ဓိပါလက ရဟန်းတို့ စောင့်ထိန်း အပ်သော ကျင့်ဝတ် သိက္ခာနှင့် ဆန့်ကျင်ကာ ထိုကဲ့သို့ အက သင်တန်းများ ဘာသာရေးနှင့် သက်ဆိုင်ခြင်း မရှိသော ဟောပြော ပို့ချမှုများ ပြုလုပ် နေခြင်းသည် ဗုဒ္ဓသာသနာ၏ အသရေကို ညှိုးနွမ်း စေခြင်း၊ အသိအမြင် ကြွယ်ဝခြင်း မရှိသေးသည့် အချို့သော ဗုဒ္ဓဘာသာဝင် လူငယ် လူရွယ် များကို အသိေ၀၀ါးကာ လမ်းမှားသို့ ရောက်ရှိ စေခြင်းများ ဖြစ်ပေါ် စေနိုင်ပါသည်။

သို့ပါသောကြောင့် အမျိုး ဘာသာ၊ သာသနာကို စောင့်ရှောက်ခြင်း အလို့ငှါ မလေးရှားရောက် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အဆိုပါ သာသနာဖျက် ဘုန်းကြီး၏ ဟောပြောပွဲသို့ မတက်ရောက် ကြပါရန် နှိုးဆော် အပ်ပါသည်။

တာဝန်သိ ဗုဒ္ဓဘာသာဝင် တစ်ဦး

မလေးရှား နိုင်ငံရောက် မြန်မာ ထေရ၀ါဒ သံဃာတော်များ၏ ကြေညာချက်
၁၁. ၅. ၂၀၁၁

မြန်မာပြည် ထေရ၀ါဒ ရဟန်းတော်များသည် ဂန္ထဓူရ၊ ၀ိပဿနာ ဓူရ နှစ်ခုသာ ကျင့်ကြံတော်မူ ပါ၏။ ဂန္ထဓူရသည် စာသင်စာချခြင်း ဖြစ်၍ ၀ိပဿနာ ဓူရသည် တရား အားထုတ်၊ တရားဟောခြင်း ဖြစ်၏။

ထိုနှစ်ပါးမှ လွဲ၍ အက သင်တန်း ပေးခြင်း၊ ဗေဒင်ဟောခြင်း၊ ယတြာချေခြင်း၊ ဓာတ်ရိုက် ဓာတ်ဆင် ဆေးကုခြင်း စသည်များသည် ထေရ၀ါဒ ရဟန်းတော် များ၏ အလုပ် မဟုတ်ပါ။ အလဇ္ဇီ ဒုဿီလ များ၏ အလုပ်များသာ ဖြစ်၏။

ထို့ကြောင့် ၁၅. ၅. ၂၀၁၁ နေ့ SM ခန်းမတွင် ပြုလုပ်မည် ဖြစ်သော ရဟန်း အမည်ခံ ပုဂ္ဂ္ဂိုလ်၏ လုပ်ရပ်များသည် သာသနာတော်နှင့် လုံးဝဆန့်ကျင်၍ မသင့်လျှော်သော လုပ်ရပ်များဖြစ်သောကြောင့် မလေးရှားနိုင်ငံရောက် ထေရ၀ါဒသံဃာတော်များက ဆန့်ကျင် ကန့်ကွက် ပါကြောင်း ကြေငြာအပ် ပါသည်။

မလေးရှား ရောက် မြန်မာ ထေရ၀ါဒ သံဃာတော်များ

၁။ ဓမ္မဂုဏ်ရည်ကျောင်း ဆရာတော်…
၂။ ဓမ္မရံသီကျောင်း ဆရာတော်…
၃။ ဓမ္မရောင်ခြည်ကျောင်း ဆရာတော်…
၎။ ဓမ္မ၀ိဟာရကျောင်း ဆရာတော်…
၅။ ဗုဒ္ဓ၀ိဟာရကျောင်း ဆရာတော်…
၆။ သမ္မာသမ္ဗောဓိကျောင်း ဆရာတော်…
၇။ ချမ်ပကာကျောင်း ဆရာတော်…
၈။ သီရိမင်္ဂလာဓမ္မာရုံကျောင်း ဆရာတော်…
၉။ မေတ္တာဝိဟာရကျောင်း ဆရာတော်…
၁၀။ ရတနာဒီပံကျောင်း ဆရာတော်…
၁၁။ ဇေယျဝတီကျောင်း ဆရာတော်…
၁၂။ ညောင်ကန်အေး ကူချိုင်း လားမားကျောင်း ဆရာတော်…
၁၃။ ညောင်ကန်အေး စမှုံညင်း ဆရာတော်…
၁၄။ ညောင်ကန်အေး သတိပဋ္ဌာန ဓမ္မရိပ်သာကျောင်း ဆရာတော်…
၁၅။ သီတ၀ိဟာရကျောင်း ဆရာတော်…
၁၆။ စန္ဒ၀ိဟာရကျောင်း ဆရာတော်…
၁၇။ ငြိမ်းချမ်းအေးကျောင်း ဆရာတော်…
၁၈။ ဆူဘန်းကျောင်း ဆရာတော်…
၁၉။ သာသနာ့ အောင်စည်ကျောင်း ဆရာတော်…
၂၀။ မြန်မာ ဂုဏ်ရည်ကျောင်း ဆရာတော်…
၂၁။ KAPAR သာသနာ့ရံသီ မြန်မာ ဗုဒ္ဓဘာသာကျောင်း ဆရာတော်…
၂၂။ ဂျိုဟိုး ညောင်ကန်အေးကျောင်း ဆရာတော်…
၂၃။ ပဋ္ဌာန်းကျောင်း ဆရာတော်…
၂၄။ ဓမ္မဒီပ ရွှေကျောင်း ဆရာတော်…

ဗုဒ္ဓဘာသာ သံဃာတော်များ အနေဖြင့် ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းများကို မပြုလုပ်ရဟု ဗုဒ္ဓမြတ်စွာ မိန့်မှာတော် မူခဲ့ပါသည်။ သို့ဖြစ်ပါလျက် သင်္ကန်းဝတ်ရုံကာ အက သင်တန်းများ ပေးခြင်း သည် သံဃာတော်တို့၏ လုပ်ရပ်နှင့် လုံးဝ ဆန့်ကျင် နေပါသည်။ အဆိုအက သင်တန်းများသည် လူဝတ် ကြောင် တို့နှင့်သာ သက်ဆိုင် ပါသည်။ ထို့ကြောင့် သင်္ကန်းကို ၀တ်ရုံလျက် အက သင်တန်း ပေးခြင်းသည် သာသနာကို ဖျက်ဆီးသူ ဖြစ်ပါသည်။ အခုချိန်တွင် အ၀ီစိမှာ ခံစားနေရ ရှာသော အရှင် ဒေ၀ဒတ်သည် ဘုရားရှင် လက်ထက်တော် အခါတုန်းက သံဃာကို အသင်းခွဲခဲ့သူ၊ သာသနာကို ဖျက်ဆီးခဲ့သူ၊ ဗုဒ္ဓကို စော်ကားခဲ့သူ ဖြစ်ပါသည်။ အခု No. 1 အမည်ဖြင့် အက သင်တန်း ပေးသော အရှင်ဣဒ္ဓိပါလ သည်လည်း ဗုဒ္ဓဘာသာကို ဖျက်ဆီး လိုသော စိတ်ဓာတ်နှင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။

နောက်ဆုံး အနေဖြင့် ပြောရလျှင် ဗုဒ္ဓဘာသာကို ချစ်မြတ်နိုး ကြသော၊ ဗုဒ္ဓဟော ဓမ္မကို လိုက်နာ ကျင့်ကြံကြသော ဗုဒ္ဓ ဘာသာဝင် များသည် သာသနာကို ဖျက်ဆီးနေသော အရှင်ဣဒ္ဓိပါလ၏ အကသင်တန်းသို့ တက်ရောက်ခြင်း မပြုလုပ် ကြပါရန် စေတနာ မေတ္တာ ရှေ့ထား၍ အထူးပဲ တိုက်တွန်း သတိပေး အပ်ပါသည်။

အားလုံးသော သမဂ္ဂ္ဂ သံဃာတို့၏ ကိုယ်စား

အရှင်ဣဒ္ဓိပါလ၏ ၀က်ဆိုဘ် www.no-1sociology.com တွင် သာသနာနှင့် မသင့်လျော်သော အပြုအမူများကို ၀င်ရောက် ကြည့်ရှု နိုင်ပါသည်။

Ref:
http://www.taukpakyesin.com/ တောက်ပကြယ်စင်
http://www.srimingalar.com/ သီရိမင်္ဂလာ
Posted byခွပ်ဒေါင်းမြေ

ကာလကတ္တားထောင် အကျဉ်းထောင်ထဲမှ ရခိုင်- ကရင် ၃၄ ဦး လွှတ်မြောက်ရေး သေချာ ရေရာခြင်း မရှိဘဲ ဖြစ်နေ

ကာလကတ္တားထောင် အကျဉ်းထောင်ထဲမှ ရခိုင်- ကရင် ၃၄ ဦး လွှတ်မြောက်ရေး သေချာ ရေရာခြင်း မရှိဘဲ ဖြစ်နေ
www.narinjara.com

အိန္ဒိယ နိုင်ငံ ကာလကတ္တား အကျဉ်းထောင်ထဲမှ ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၄ ဦးမှာ ထောင်သက်တမ်း စေ့သွားပြီ ဖြစ်သော်လည်း ယနေ့အချိန်ထိ သူတို့လွှတ်မြောက်ရေးမှာ မရေရာ မသေချာဘဲ ဖြစ်နေသဖြင့် သူတို့ အပေါ် စေတနာ ထားသူများက အထူး အားမလို အားမရ ဖြစ်နေကြောင်း သတင်း ရရှိသည်။




34-comrades-footballer

ကာလကတ္တားထောင် အကျဉ်းထောင်ထဲမှ ရခိုင်- ကရင် ၃၄ ဦး
ကာလ ကတ္တားမှ သူတို့အမူကို လိုက်ပါ ကူညီနေသူ တစ်ဦးက " သူတို့က ထောင်လည်း ကျခံပြီးပြီ။ သူတို့ အတွက် တရားရုံးက စီရင်ထားတဲ့ ငွေဒဏ်ကိုလည်း အကျေ ပေးထားပြီးပြီ။ ဒါပေမယ့် သူတို့ လွှတ်မြောက်ရေးနဲ့ ပတ်သက်ပြီး ရေရာတဲ့ စကားမျိုး အိန္ဒိယ အစိုးရဆီက မကြားရသေးဘူး။ ဒါကြောင့် သူတို့ လွှတ်မြောက်ရေးဟာ သောင်မတင် ရေမကျ ဖြစ်နေပါတယ်" ဟု ပြောသည်။

သူတို့အား ကုလသမဂ္ဂ မဟာမင်းကြီးရုံးမှ ဒုက္ခသည် အဖြစ် အသိအမှတ် ပြုသင့် မပြုသင့် လူတွေ့ စစ်ဆေးသည်မှာ သုံးလ ကျော်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

" လွန်ခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကဆိုရင် ယူအန်က စစ်ဆေးတာ သုံးလ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အခု ဒီမှာ ဖြစ်နေတဲ့ သတင်းက သူတို့ကို ယူအန်က တရားဝင် အသိအမှတ်ပြုလိုက်ပြီ ဆိုပီး သတင်းတွေ ထွက်နေပါတယ်။ ဒါပေမယ့် ထောင်ထဲက လူတွေကိုတော့ တရားဝင် အကြောင်းကြားစာတွေ မရောက်သေးဘူးလို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

သူတို့၏ ထောင်သက်တမ်းမှာ ကုန်ဆုံးသွားပြီ ဖြစ်ပြီး သူတို့အား ပြန်လည် မလွှတ်ပေးသေးဘဲ ထောင်ထဲတွင် ဆက်လက် ထိန်းသိမ်းထားခြင်းမှာ လူ့အခွင့်အရေး ရှုဒေါင့်မှကြည့်လျှင် အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖေါက်ခံရရာ ရောက်နေကြောင်း သူက ထောက်ပြ ပြောဆိုသည်။

ထောင်က အပြီးအပိုင် လွှတ်ပေးရတော့မည် ဖြစ်သော်လည်း အိန္ဒိယ အစိုးရမှ ပြန်လည် လွှတ်မပေးဘဲ ယခုကဲ့သို့ ပျက်ကွက်နေမူကြောင့် အိန္ဒိယ အစိုးရ၏ လုပ်ရပ် အပေါ် စိတ်မရှည်သူများ တိုးပွား လာနေကြောင်း သိရသည်။

ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေးပါတီမှ စည်းရုံးရေးနှင့် ပြန်ကြားရေး ဌာန တာဝန်ခံ ဦးအောင်သိန်းနိုင်က သူတို့ကို ယခုကဲ့သို့ မလွတ်ပေးခြင်း အပေါ် သူ့အမြင်ကို ယခုကဲ့သို့ ပြောသည်။

" အိန္ဒိယ အစိုးရ ရခိုင်ပြည်က ထွက်တဲ့ ဂတ်စ် အပါအ၀င် သဘာဝ သယံဇာတတွေကို လိုချင်တယ်။ ဒီလို လိုချင်တဲ့ အတွက် ဗမာ အစိုးရရဲ့ ဖိအားကို မလွန်ဆန်နိုင်ဘူး။ ဒါကြောင့် သူတို့ ၃၄ ဦးကို ခုအချိန်ထိ မလွှတ်ပေးသေးတာ ဖြစ်တယ်လို့ မြင်ပါတယ်" ဟု ပြောသည်။

( သူတို့၏ နောက်ဆုံး ဖြစ်စဉ် အကျဉ်း)

အိန္ဒိယနိုင်ငံ ကာလကတ္တားထောင်ထဲတွင် ၁၂ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသော ရခိုင်နှင့်ကရင် တော်လှန်ရေးသမား ၃၄ ဦးကို ကာလကတ္တား တရားရုံးတစ်ခုမှ ဇူလိုင်လ ၁၂ ရက်နေ့က ထောင်ဒဏ် ၃နှစ် ချမှတ်လိုက်သည်။

သူတို့အား နိုင်ငံခြားသားမူ (ပုဒ်မ -၁၄) ဖြင့် ထောင်ဒဏ် ၁နှစ် သုံးလ နှင့် ဒဏ်ငွေ ရူပီ ၂၀ဝ၀၊ ပေါက်ကွဲစေတတ်သော လက်နက် ခဲယမ်းမီးကျောက်များ ပိုင်ဆိုင်မူ ပုဒ်မ ၅ (ဘီ)ဖြင့် ထောင် တနှစ် သုံးလနှင့် ဒဏ်ငွေ ၂၀ဝ၀ နှင့် လက်နက်မူ တခု ပုဒ်မ ၂၅ (ဘီ) ဖြင့် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ၂၀ဝ၀ ချမှတ်ခဲ့သည်။

၎င်းပြင် သူတို့ အနေဖြင့် ဒဏ်ငွေများ မပေးဆောင်ပါက နောက်ထပ် ထောင် ၈ လထိ ကျခံရမည်ဆို သဖြင့် ဒဏ်ငွေများ အားလုံးကို သူတို့က တလ ကြာပြီးနောက် အားလုံးကို ပေးဆာင်ခဲ့သည်။

သူတို့အမူအား တရားသူကြီး Uday Chandra Nag က စီရင်ချက် ချမှတ်ခဲ့သည်။ သူတို့ ၃၄ ဦးအား အိန္ဒိယ စစ်ထောက်လှမ်းရေး စီဘီအိုင်မှ လက်နက်မှောင်ခိုမှု၊ ပေါက်ကွဲ စေတတ်သောပစ္စည်းများ လက်ဝယ်ထားမှုနှင့် နိုင်ငံခြားသားမှုများဖြင့် တရားစွဲ ဆိုခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံ ရခိုင်နှင့်ကရင် တော်လှန်ရေးသမား ၃၄ ဦးမှာ ဗိုလ်ရာဇာနှင့်အတူ အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းရှိ လန်းဖေါ့ကျွန်းတွင် အိန္ဒိယ စစ်တပ်နှင့်သဘောတူညီမှုအရ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလက ရေတပ်စခန်းတည်ဆောက်ရန်လာစဉ် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။

သူတို့နှင့်အတူ ပါလာသူ ဗိုလ်ရာဇာ၊ ဗိုလ်စောထွန်း၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လင်းဇံခိုင်၊ ဖဒိုမူးလွယ်နှင့် ဗိုလ်စောမြင့်တို့ကိုမှု အိန္ဒိယ စစ်တပ်က သွေးအေးအေးဖြင့် လုပ်ကြံသတ်ဖြတ်ပစ်ခဲ့သည်။ ထိုအချိန်မှစပြီး ရခိုင်နှင့်ကရင် တော်လှန်ရေးသမား ၃၄ ဦးကို အန်ဒမန်ကျွန်းရှိ ပေါဘာလေးယား အကျဉ်းထောင်တွင် တရားစစ်ဆေးမှု တစ်စုံတစ်ရာမရှိဘဲ ၈ နှစ်ကြာ ချုပ်နှောင်ထားခဲ့သည်။ ၂၀ဝ၆ ခုနှစ်တွင်မှ လူ့အခွင့်အရေးလူပ်ရှားသူများ၏ ကြိုးပမ်းမှုကြောင့် ပေါ့ဘာလေးယား အကျဉ်းထောင်မှ ကာလကတ္တားအကျဉ်းထောင်သို့ ပြောင်းရွှေ့ယူလာကာ အမှုကို ကြားနာ စစ်ဆေးနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင်မှ အမှုကို အပြီးသတ် စီရင်ချက်ချမှတ်ကာ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။