Tuesday, May 10, 2011

တမ်းတနေမိတဲ့ ရင်တွင်းအလွမ်း

တမ်းတနေမိတဲ့ ရင်တွင်းအလွမ်း




လွမ်းကဗျာလေးတွေ
သီအဖြစ်တာကြာခဲ့ ပေမယ့်
ရှစ်ခွင်တိုင်း မှောင်ရီညို့မှိုင်းလာရင်ဖြင့်
ရင်တွင်းမှာ...လွမ်းကဗျာထက်
လွမ်းအားတွေပိုလို့ နေရပါတယ်
အို....မိခင်။

ကလောင်ကိုင်တဲ့ လက်
ဘာ့....အတွက် စစ်လက်နက်ပုခုံးထမ်းနေ
ဒါတွေကို
သားထက်မေမေအသိဆုံးပါ။

တခါတလေ မေမေနဲ့ သား
ပြန်ဆုံနိုင်ပါ့မလား...လို့
လွန့်လူးနေတဲ့ အတွေးကွန်ချာထဲ
စိုးရိမ်ကဲနေမိတယ်။
လုပ်ကျွေးသမှု မပြုလိုတဲ့သား
ဘယ်သောအခါမှ မဖြစ်ပါရစေနဲ့
အို....ရှင်တော်မြတ်ဘုရား။

တခါတလေ
မရေရာတဲ့ အတွေးက
ပိုသေချာနေ...သလို
ရင်တွင်းခံစားမိတဲ့ အချိန်တွေဆိုလေ
စိတ္တဇဆန်တဲ့ နေ့သစ်တွေဆီ
လျှောက်လှမ်းနေမယ့် အစား
ခဏလောက်ဖြစ်ဖြစ် အမေ့ရင်ခွင်ထဲ
နားယူအိပ့်စက်ခွင့်ပြုပါ...လို့
ယမ်းငွေ့တွေကြား ပြေးလွှားရင်း
ရင်တွင်း တမ်းတနေမိတယ်။

အမေ့သား(ဒိန်းမတ်)
နိုင်ငံတကာ....
အမေများနေ့အား ဤကဗျာဖြင့်ဂုဏ်ပြုအပ်ပါသည်။

No comments:

Post a Comment