Tuesday, May 24, 2011

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအာဏာပိုင်များ ဆွေးနွေးပွဲပြုလုပ်

ဂစ္ဆပသတင်းဌာန
မေလ (၂၄)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအာဏာပိုင်များ ဆွေးနွေးပွဲပြုလုပ်




မြန်မာ-ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တရားဝင် နှစ်နိုင်ငံအောင်လံတင် ဆွေးနွေးပွဲတရပ်ကို ဘင်္ဂလာ ကော့စ်ဘဇားမြို့ ဟိုတယ် Sea-palace (Five Star အဆင့်) တွင် ယနေ့ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့မှ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှူး ဦးအောင်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင် ၁၇ ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဘင်္ဂလာမှ စစ်တကောင်းခရိုင် တပ်မဟာမှူး ဒုဗိုလ်မှူးကြီး အာဘ်ဒူရ် ရော်ဖိုဥ ဦးဆောင်ပြီး အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနက် ဦး အောင်ကြီး အပါအ၀င် ၃ ဦးမှာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး နစကအရာရှိ ၈ ဦးပါဝင်ကာ ကျန် ၃ ဦး၏ အဆင့်အတန်းကိုမူ မသိရှိရသေးပေ။

အဆိုပါ နှစ်ဘက်နိုင်ငံ ကိုယ်စားလှယ်တော်များ ဆွေးနွေးခဲ့ရာတွင် အဓိကအားဖြင့် နှစ်နိုင်ငံပိုက်နက်အတွင်းသို့ တရားမ၀င် ကျူးကျော် ၀င်ရောက်မှု၊ နှစ်နိုင်ငံထောင်များအတွင်းရှိ အကျဉ်းသားများအား တရားဝင်လွဲပြောင်းအပ်နှံမှု၊ နှစ်နိုင်ငံအကြား အာရှလမ်းမကြီး ဖြစ်ပေါ်တိုးတက်မှုများအပြင် နှစ်နိုင်ငံအကြားကောင်းမွန်စွာဆက်ဆံရေးနှင့် တခြားနှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းလုပ်ဆောင်မှုများ အကြာင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ကော့စ်ဘဇားမြို့ အခြေစိုက် အမှတ်(၁၇) BGB တပ်ရင်း အနေဖြင့် အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ယမနေ့က အကြိုဆွေးနွေးပွဲတခုကို ပြုလုပ်ခဲ့ကြောင်း ကော့စ်ဘဇားမြို့ အခြေစိုက် BGB အမှတ် (၁၇)တပ်ရင်းမှ ဒုဗိုလ်မှူးကြီး မိုဟာမတ် ခါလေကူဇ္ဇာမာန် က ပြောသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ အစည်းအဝေးကို နံက် (၁၁)နာရီတွင် စတင်ခဲ့ပြီး နေ့လည် (၂)နာရီတွင် သဘောတူညီချက်များ ရယူပြီး အဆုံးသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲလာကြသည့် မြန်မာအရာရှိများ အနေဖြင့် ကော့စ်ဘဇားမြို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကို လေ့လာခဲ့သော်လည်း မဟာသိမ်ရင်ပြင်သို့ သွားရောက်ဖူးမမျှော်ခဲ့ကြောင်း သိရှိရသည်။ မြန်မာ့စစ်အုပ်စု ထိပ်တန်းခေါင်းဆောင်များ အနေဖြင့် ကော့စ်ဘဇားမြို့ရှိ မဟာသိမ်ရင်ပြင်သို့တက်ရောက်ခဲ့ပြီး အပြန်တွင် ရာထူးမှအဖြတ်ခံရလေ့ရှိသည်။ သတင်းဖြန့်ချီနေသည့်အချိန်ထိ ၎င်းတို့မှာ မောင်တောမြို့သို့ မပြန် သေးကြောင်း ဒေသခံမျက်မြင်များက ပြောသည်။

Call: +88 01715445478

No comments:

Post a Comment