Saturday, May 28, 2011

ကလေးငယ် (၁၉၀၀၀၀၀၀) တကုဋေကိုးသန်းအား မနက်ဖြန် Vitamin-A တိုက်ကျွေးမည်

ဂစ္ဆပသတင်းဌာန
မေလ (၂၈)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ကလေးငယ် (၁၉၀၀၀၀၀၀) တကုဋေကိုးသန်းအား မနက်ဖြန် Vitamin-A တိုက်ကျွေးမည်





မြန်မာနိုင်ငံနှင့် ကပ်ရပ်လျှက်ရှိသည့် အိမ်နီးနားချင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် တနိုင်ငံလုံး အတိုင်းအတာဆောင်သည့် ကလေးငယ်ပေါင်း ၁၉၀၀၀၀၀၀ (တကုဋေကိုးသန်း)အား Vitamin-A ကို မနက်ဖြန် တနင်္ဂနွေနေ့တွင် တိုက်ကျွေးမည်ဖြစ်ကြောင်း သိရှိရသည်။

Vitamin-A ကို ပထမဆုံး အနေဖြင့် အဆိုပါ ခလေးငယ်များအနက် ခလေးငယ်(၂)သိန်း၊ အသက် ၆ လမှ ၁၁ လအထိကို တိုက်ကျွေး မည်ဖြစ်ပြီး၊ ခလေးငယ်စုစုပေါင်း အသက် ၁နှစ်မှ ၅ နှစ်အောက်ရှိ ၁၉၀၀၀၀၀၀ အား နိုင်ငံတ၀ှမ်း ဆေးညွှန်း အစီအစဉ်တကျ တိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကလေးငယ်များအနက် အသက် ၂နှစ်မှ ၅နှစ်အောက်ရှိ ၁၇၀၀၀၀၀၀ ကလေးငယ်များအား Albandazol နှင့် Deworming ဆေးပြားများကိုပါ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ၁.၄ သိန်းရှိ မိုဘိုင်းလိုင်းများမှတဆင့် လူထုများသို့ အသိပေးအကြောင်း ကြားထားကြောင်း ကျန်းမာရေး အကြံပီးအရာရှိ Syed Modasser Ali က ကြာသပတေးနေ့က ပြောဆိုလိုက်သည်။




အဆိုပါ နိုင်ငံအ၀ှမ်း Vitamin-A ကို သက်ဆိုင်ရာ Comilla, Moulvibazar, Gopalganj, Barisal, Shatkhira, Rajshahi နှင့် Barisal မြို့နယ်ကော်ပိုရေးရှင်းမှ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ၎င်းက Jatiya Press Club တွင် ရှင်းလင်းပြောဆိုခြင်း ဖြစ်သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ကလေးငယ်များအား Vitamin-A တိုက်ကျွေးသွားပြီးနောက်ပိုင်း ကလေးငယ်များအနေဖြင့် ၀မ်းလျော့ရောဂါနှင့် တခြား Vitamin-A ချို့ယွင်း၍ တချို့နေရာများတွင် ရောဂါကူးစက်ပြီး သေကြေမှုများအား ကာကွယ်နိုင်မည်ဖြစ်ပြီး ကလေးငယ်များ အတွင်း Vitamin-A အာဟာရ ပိုမိုရရှိသွားမည့် ရည်ရွယ်ချက်များဖြင့် တိုက်ကျွေးခြင်းဖြစ်ကြောင်း Institute of Public Health Nutrition မှ ဒါရိုက်တာ Prof Fatima Parveen Chowdhury မှ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဘင်္ဂလာတွင် Vitamin-A တိုက်ကျွေးမည့် မေလ (၂၉)ရက်နေ့သည် ‘International Day of UN Peacekeepers’ နေ့ဖြစ်သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် အမျိုးသားများအား တီကာ၊ ပိုလီယို၊ ကျောက်ရောဂါ၊ အသဲရောင် အသားဝါနှင့် တခြားကြောက်မက်ဖွယ်ကောင်းသော ရောဂါကာကွယ်ဆေးများကို သက်ဆိုင်ရာမှ အချိန်နှင့်တပြေးညီ ထိုးဆေးစားဆေး ကျွေးခြင်းများအား မြန်မာနိုင်ငံ စစ်အုပ်စုထက် ပိုမိုအာရုံစိုက် လုပ်ဆောင်လာကြသည်ကို တွေ့ရှိနေရသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်မှ ကျန်းမာရေးအရ ဆေးဝါးကူးသမှုကို စနစ်တကျ ခံယူကြလိုသူ တချို့အနေဖြင့် မိမိနိုင်ငံ ထက် သေးငယ်ပြီး လူဦးရေအလွန်အကျွံထူထပ်ကာ ယဉ်ကျေးမှုခေါင်းပါးသည့် ဘင်္ဂလာသို့ မကြာခဏ လာရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုကို ခက်ခဲစွာ ခံယူကြရသည့် အခြေအနေရှိနေကြောင်း တွေ့ရှိရသည်။

တဖက်မှာ မြန်မာနိုင်ငံထုတ် ဆေးဝါးများမှာ နိုင်ငံအတွင်း ရှားပါးပြီး ဈေးကြီးပေးဝယ်နေရသည့် ရခိုင်ပြည်နယ် လူထုအတွင်းသို့ ဘင်္ဂလာမှ စီးပွားရေးသမားများမှာ ဆေးတုများ၊ ဆေးရက်လွန်များနှင့် အခမဲ့ဖြန့်ချီပေးနေသည့် ဆေးဝါးများကို မှောင်ခိုလမ်းများမှ တင်သွင်းမှုများ ရှိနေကြောင်း နယ်စပ်မှောင်ခိုသတင်းရပ်ကွက်များက ဆိုသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား အကျိုးတူ ပူးပေါင်းဆေးဝါးထုတ်လုပ်ဖြန့်ချီမှု သဘောတူညီစာချုပ်များ လွန်ခဲ့သောနှစ်များက ချုပ်ဆိုခဲ့ သော်လည်း လူထုကျန်းမာရေးလုံခြုံစိတ်ချရမှုကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံက မြန်မာနိုင်ငံထက် လက်တွေ့တွင် အများအပြား သာလွန် နေကြောင်း သိရှိရသည်။

No comments:

Post a Comment