Friday, May 13, 2011

မြန်မာ့မူးယစ်ဆေးဝါး ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးကို ဘင်္ဂလာ နယ်စပ်လုံခြုံရေးတပ် ဖမ်းဆီးရမိ

ဂစ္ဆပသတင်းဌာန
မေလ (၁၄)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

မြန်မာ့မူးယစ်ဆေးဝါး ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးကို ဘင်္ဂလာ နယ်စပ်လုံခြုံရေးတပ် ဖမ်းဆီးရမိ

မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ တရားမ၀င် တင်သွင်းသော မြန်မာ့မူးယစ်ဆေးဝါးများကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (Bangladesh Guard Battalion – BGB) အမှတ် (၁၇)မှ ရက်အနည်းငယ်အတွင်း ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုး ဖမ်းဆီးရမိကြောင်း ထုတ်ပြန် ကြေငြာလိုက်သည်။






အဆိုပါ BGB ဖမ်းဆီးရမိသည့် မြန်မာ့မူးယစ်ဆေးဝါးများမှာ မြန်မာလုပ် အရက် ၆၃၂ ပုလင်း၊ မြင်းဆေးပြား ၁၀၇၆ လုံး၊ ဂင်ဇာ ၃၉၀၀ ကေဇီနှင့် တခြားတရားမ၀င် မြန်မာပစ္စည်းများ ပါဝင်ကြောင်း အတည်ပြု ပြောဆိုလိုက်သည်။

BGB ဖမ်းဆီးရမိသည့် မြန်မာ့မူးယစ်ဆေးဝါးများကို ကော့စ်ဘဇားခရိုင်အတွင်း ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းနှင့် မတ်လ (၁)ရက်နေ့မှ မေလ (၁၂)ရက်နေ့အတွင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုသည်။

မြန်မာ့မူးယစ်ဆေးဝါးများနှင့်အတူ မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားသူ ဘင်္ဂလီအမျိုးသမီးတဦးကို ဖမ်းဆီးရမိကြောင်းနှင့် တချို့ မူးယစ်ဆေးဝါးဖေါက်ကားသူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဆိုသည်။

BGB အမှတ် (၁၇)မှ တပ်ရင်းမှူး ဗိုလ်မှူး မိုဟာမတ် ခါလေကူဇ္ဇာမာ(န်)မှ ကြာသပတေးနေ့က ဒေသအတွင်း သတင်းထောက်များသို့ မူးယစ်ဆေးဝါးသတင်းနှင့် မူယစ်ဆေးဝါးအခင်းအကျင်းများကို ထုတ်ဖေါ်ပြသပြောဆိုလိုက်ခြင်းဖြစ်သည်။

ထို့ပြင် BGB အမှတ် (၁၇)တပ်ရင်းမှ မြန်မာ့မူးယစ်ဆေးဝါး ခင်းကျင်းပြသမှု အခမ်းအနားကို ကော့စ်ဘဇားမြို့နယ် ရုပ်မြင်သံကြား၌ ပြသခဲ့ပြီး၊ ဒေသအတွင်းမှ တချို့တာဝန်ရှိကြသည့် လူကြီးလူကောင်းများ တက်ရောက်လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သတင်းရရှိသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဖမ်းဆီးရမိသည့် မြန်မာ့မူးယစ်ဆေးဝါးများနှင့် တချို့နိုင်ငံများမှ မူးယစ်ဆေးဝါးများကို နှစ်စဉ်နှစ်တိုင်း ခင်းကျင်း ပြသပြီး မီးရှိုးဖျက်ဆီးလေ့ရှိသည်။ တခြားနယ်မြေများတွင် အခြေစိုက် BGB တပ်ဖွဲ့များမှာလည်း ၎င်းနည်းတူ မြန်မာ့မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိထားမှုမှာ အမြောက်အများရှိကြောင်း သိရှိရသည်။

မြန်မာ့မူးယစ်ဆေးဝါးများကို ဘင်္ဂလာအာဏာပိုင်များက ၎င်းတို့နိုင်ငံအတွင်း ဖေါ်ထုတ်ဖမ်းဆီးနိုင်ရန် နယ်စပ်မူးယစ်ဆေးဝါးတိုက် ဖျက်ရေး စစ်ဆင်ရေးကို အဓိကလုပ်ဆောင်နေပြီး နယ်စပ်ဒေသလုံခြုံရေး တပ်ဖွဲ့များမှာ မြန်မာ့မူးယစ်ဆေးဝါးများကို မကြာခဏ ဖမ်းဆီး ဖေါ်ထုတ်နိုင်ကြောင်း ကော့စ်ဘဇားခရိုင် ဒေသထုတ် သတင်းစာများတွင် ဖေါ်ပြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ မြန်မာနိုင်ငံ အနောက်ဘက်ဒေသရှိ ရခိုင်ပြည်နယ်နှင့် နယ်စပ်ချင်းထိစပ်နေသော နိုင်ငံတနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ တရားမ၀င် မူးယစ်ဆေးဝါး တင်သွင်းမှုများတွင် ရခိုင်ပြည်နယ် အခြေစိုက် စစ်အုပ်စု စစ်တပ်အရာရှိ အကြီးအကဲများ ကိုယ်တိုင်ပါဝင်နေကြောင်း နယ်စပ်သတင်းများကဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါးအဖြစ် နိုင်ငံထုတ်ဆေးဝါးတချို့နှင့် အိန္ဒိယနိုင်ငံထုတ် ဖန်ဆီဒင်းများကို တရားမ၀င်တင်သွားကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။

No comments:

Post a Comment