Friday, May 13, 2011

မြန်မာ့ အာဏာရှင်သစ် ဘင်္ဂလာနှင့် နယ်စပ်ကုန်သွယ်ရေးကိစ္စ ပထမဆုံး ဆွေးနွေးပွဲပြုလုပ်

ဂစ္ဆပသတင်းဌာန
မေလ (၁၃)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

မြန်မာ့ အာဏာရှင်သစ် ဘင်္ဂလာနှင့် နယ်စပ်ကုန်သွယ်ရေးကိစ္စ ပထမဆုံး ဆွေးနွေးပွဲပြုလုပ်




တာခ်နာဆိပ်ကမ်း၌ ရခိုင်ပြည်သစ်များမြင်ကွင်း (ဓါတ်ပုံ-ဂစ္ဆပသတင်းဌာ)

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးတိုးမြင့် လုပ်ဆောင်သွားမည့် လုပ်ငန်းအစီအစဉ်များကို မြန်မာနိုင်ငံတွင် အာဏာရှင်သစ် ဖြစ်ပေါ်လာသည့်နောက် ပထမအကြိမ်ဆုံးအနေဖြင့် နှစ်နိုင်ငံအာဏာပိုင်ထိပ်သီးများက လွန်ခဲ့သော ကြာသပတေးနေ့ (မေလ ၁၂ ရက်)က ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် အစည်းအဝေးတခု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ နှစ်နိုင်ငံ ကုန်သွယ်ရေးလုပ်ငန်းစဉ်များ တိုးမြင့်အကောင်အထည်ဖေါ်သွားမည့် အစည်းအဝေးကို မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် တည်ရှိသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင် တာခ်နာမြို့တွင် ၄ နာရီကြာ ပြုလုပ်သွားခဲ့ခြင်း ဖြစ်သည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ ကုန်သွယ်ရေး ဆွေးနွေးပွဲသို့ စစ်အုပ်စုဘက်မှ နယ်စပ်ကုန်သွယ်ရေးညွှန်ကြားရေးမှူး အောင်မင်း ဦးဆောင်ပြီး ကိုယ်စားလှယ်အဖွဲ့ဝင် ၁၁ ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဘင်္ဂလာဘက်မှ အဖွဲ့ဝင် ၈ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စစ်အုပ်စုမှ ၎င်းတို့အကျိုးစီးပွားအတွက် ဆွေးနွေးခဲ့ကြသူများမှာ မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူး အောင်မင်း၊ နယ်စပ်ကုန်သွယ်ရေးမှူး ကျော်ဒိုး၊ စစ်တွေမြို့မှ နယ်စပ်ကုန်သွယ်ရေးရာ ဒုညွှန်ကြားရေးမှူး မင်းအောင်အေးနှင့် တခြားဘာဏ် အကြီးအကဲများ၊ စီးပွားရေးရာကျွမ်းကျင်သူများနှင့် ကာစတင်အရာရှိများ ပါဝင်ကြောင်း ယနေ့ မေလ (၁၃)ရက်နေ့ထုတ် Samudrabarta သတင်းစာနှင့် တခြားသတင်းစာများတွင် ဖေါ်ပြထားသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ ဆွေးနွေးပွဲသို့ တာခ်နာမြို့နယ်လုံ လုံခြုံရေးအကြီးအကဲ အာနော်မော် နာဇီမ် အူဒိန်၊ Bangladesh Guard Battalion (BGB) အမှတ် (၄၂)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး မိုဟာမတ် အာရိဖ်၊ တာခ်နာမြို့ အခြေစိုက် ကာစတင်အရာရှိ မာဆူမ်၊ တာခ်နာမြို့ Sonali Bank Branch မှ အာဘူဒ်ဒူလ် ကော်ရိမ်၊ စီးပွားရေးအကြီးအကဲတဦး မာဟ်ဖူဇူလ် အီစ်လာမ် ဘော်ယာန်၊ တာခ်နာမြို့ လူဝင်မှု ကြီးကြပ်ရေးဌာနမှ SI ကာမာလ် ဟိုဆေန်၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ သားငါးမွေးမြူရေးနှင့် တင်ပို့ရေး အသင်းမှ ဥက္ကဌ မိုဟာမတ် အာခ်ျရာဖ် ဟိုဆေန် မာဆူဒ်၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံစားနပ်ရိက္ခာတင်ပို့ရေးအသင်းမှ အကြီးအကဲတဦး မိုဟာမတ် ဆွေယောဒ် ဇီယိုင်လ် တို့ပါဝင် ကြောင်း သတင်းစာများက ဖေါ်ပြထားသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ အဓိကကုန်ပစ္စည်းများဖြစ်ကြသော အိမ်မွေးတိရစ္ဆာန်များ၊ ဆန်စပါး၊ သစ်၊ ၀ါး၊ အုန်း (ဓနီး)၊ ငါးစိမ်း-ငါးခြောက်နှင့် တခြားကုန်ပစ္စည်းများ အပါအ၀င် တင်ပို့ပြီး ဘင်္ဂလာမှ ဓါတ်မြေသြဇာ၊ ဘိလပ်မြေနှင့် တခြားတချို့ကုန်ပစ္စည်းများကို မြန်မာသို့ တင်ပို့သည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား တရားဝင် ကုန်သွယ်ရေးစာချုပ်မှာ လွန်ခဲ့သော ၁၉၉၅ ခုနှစ်၊ စက်တင်္ဘာလ (၅)ရက်နေ့က နှစ်နိုင်ငံ ကုန်သွယ်ရေးအကြီးအကဲများ ပြုလုပ်ခဲ့သည်။ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ နှစ်ဘက်နိုင်ငံများ နိုင်ငံရေး အရှုပ်အထွေးများကြောင့် ကြားကာလအတွင်း မကြာခဏ ခေတ္တရပ်ဆိုင်းထားခဲ့မှုများ အမြောက်အများရှိခဲ့ကာ ကုန်သည်များမှာ အရှုံးဖြင့် ရင်ဆိုင်ခဲ့ကြရသည်။

နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ဆွေးနွေးပွဲသို့ မြန်မာ့ကိုယ်စားလှယ်များ ဘုတ်ဖြင့် တာခ်နာမြို့သို့ ၁၀ နာရီတွင် ရောက်လာပြီး နံက် ၁၁ နာရီတွင် ဆွေးနွေးပွဲစတင်ခဲ့ကာ နေ့လည် ၃ နာရီတွင် အဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာဘက်မှ ကုန်သွယ်ရေးဆွေးနွေးပွဲသို့ အကြီးအကဲအဖြစ် ကိုယ်စားလှယ်တက်ရောက်လာသူ အောင်မင်း အနေဖြင့် ဆွေးနွေးပွဲတွင် မြန်မာမှ ဘင်္ဂလာသို့ ပို့ကုန်ပစ္စည်းများအမျိုးပေါင်း ၁၀၀ မကပို့နိုင်သော်လည်း ဘင်္ဂလာမှ မြန်မာသို့ ၂၅ မျိုးကုန်ပစ္စည်း ပို့ဆောင် နိုင်လိမ့်မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြောင်း သတင်းစာကဆိုသည်။

မြန်မာမှ ဘင်္ဂလာသို့ တင်ပို့သည့် ကုန်ပစ္စည်းများမှ ဘင်္ဂလာကာစတင် အကောက်အခွန်ရရှိသည့် နိုင်ငံတော်ဝင်ငွေမှာ တာခ်နာမြို့နယ် ဆိပ်ကမ်းတခုတည်းမှ လစဉ်သတ်မှတ်ထားငွေ တာကာ ၂၂၉၈၈၀၀၀ ထက်ပိုမိုကာ ၈၅၀၁၀၇၅၀ တာကာအထိ နိုင်ငံတော်ဝင်ငွေမှာ ဧပြီလ အတွင်းက ရရှိခဲ့သည်။

ဆက်သွယ်ရန် +88 01715445478

No comments:

Post a Comment