Saturday, June 30, 2012

အညတြ သူရဲကောင်းဆုရ နိုင်ငံရေးအကျဉ်းသား ရခိုင်ဒုက္ခသည်တွေအတွက် ငွေလှူ

2012-06-27
သာယာဝတီထောင်မှာ နှစ်ရှည်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုလက်ျာထွန်းက သူ့ကို ဂျပန်နိုင်ငံရောက် မြန်မာတွေချီးမြှင့်ထားတဲ့ အညတြသူရဲကောင်းဆု ချီးမြှင့်ငွေထဲက ကျပ်ငွေ (၄) သိန်းကို ရခိုင်ပြည်နယ်က ဘေးဒုက္ခကြုံတွေ့နေကြရသူတွေအတွက် ပြန်လည် လှူဒါန်းလိုက်ပါတယ်။
undefined
RFA
၂၀၁၂ခုနှစ် ဧပြီလ ၁၇ ရက်က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုပြုလုပ်နေစဉ်။

ဒီအလှူငွေကို ကိုလက်ျာထွန်းရဲ့မိခင် ဒေါ်ရီက ၈၈ မျိုးဆက် ကျောင်း သားများအဖွဲ့က တဆင့် ဒီနေ့ ဇွန်လ ၂၇ ရက်မှာ ပေးအပ်လိုက်တာလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုအံ့ဘွယ်ကျော် က RFA ကိုပြောပါတယ်။

ကိုလက်ျာထွန်းကို ၁၉၉၈ ခုနှစ်မှာ စစ်အစိုးရက သေဒဏ် ချမှတ်ထားတဲ့ အတွက် အခုဆိုရင် သူဟာထောင်ထဲမှာ ၁၄ နှစ်ကျော်နေပြီလို့ သိရပါ တယ်။ အခုအစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်း အကျဉ်းသားတွေ ကို ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့ အမိန့်တွေကြောင့် ကိုလက်ျာထွန်း ရဲ့ ပြစ်ဒဏ်ဟာ သေဒဏ်ကနေ တသက်တကျွန်း အဖြစ် ပြောင်းလဲ ကျခံနေရတာ ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/nonentity-hero-donation-06272012123413.html
-------------------
မိတ်ဆွေများအားလုံးခင်ဗျာ
 
တတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုရှင်
ကိုလက်ျာထွန်းက သူရရှိထားသော ဆုငွေ ကျပ် (၁၀) သိန်းထဲမှ
ကျပ် (၄) သိန်း တိတိအား ရခိုင်ပြည်နယ်က ဘေးဒုက္ခကြုံတွေ့နေကြရရှာသော
ဒုက္ခသည်များအတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကတဆင်
ပြန်လည်လှူဒါန်းခဲ့ပါတယ်။ (RFA ပါ သတင်းအား အောက်ပါ တွင် link တွင် ကြည့်ရှုပါရန်)
 
ကိုလက်ျာထွန်းဟာ လက်ရှိ သာယာဝတီထောင်မှာ ဆက်လက်အကျဉ်းချ ခံနေရဆဲပင်
ဖြစ်ပါတယ်။ မိခင်ဖြစ်သူမှာလည်း ဘီးတပ်ကုလားထိုင်ဖြင့် သွားလာလှုပ်ရှားနေရပြီး
၎င်းရရှိခဲ့သည့် အညတရသူရဲကောင်းဆုအား  အမဖြစ်သူတဦးမှ ကိုယ်စားလက်ခံရယူခဲ့သည်ဟု
သိရှိရပါသည်။
 
အလားတူစွာပင် လက်ရှိ မြင်းခြံထောင်တွင် အကျဉ်းချခံနေရဆဲဖြစ်သော အညတရသူရဲကောင်းဆုရှင်
ဒေါက်တာကျော်ကျော်မှလည်း ၎င်း၏ ဆုငွေထဲမှ ကျပ် (၂) သိန်းအား ဇနီးဖြစ်သူမှတဆင့်
နိုင်ငံရေးအကျဉ်းသားများအား ကူညီထောက်ပံ့ပေးနေသော ဦးဝင်းတင် ဖောင်ဒေးရှင်းသို့
ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
 
တတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုရှင် (၅) ဦးတွင် ကိုကပ်ခန်ခွာအန်ထော်နီ နှင့် မလှလှမော်တို့
နှစ်ဦးသာ ပြန်လည်လွတ်မြောက်ပြီး ဖြစ်သော်လည်း ဆရာတော်ဦးခေမာစာရ (လက်ရှိ အင်းစိန်ထောင်)၊
ဒေါက်တာကျော်ကျော်နှင့် ကိုလက်ျာထွန်းတို့ (၃) ဦးမှာ လက်ရှိထောင်ထဲတွင် အကျဉ်းချခံနေရဆဲပင်
ဖြစ်ပါသည်။
 
အညတရသူရဲကောင်းဆု ကော်မတီအနေဖြင့် ပထမအကြိမ်အဖြစ် (၃) ဦး ။ (၁၇.၄.၂၀၁၁) မြန်မာနှစ်ဆန်း (၁) ရက်နေ့။
ဒုတိယအကြိမ်အဖြစ် (၄) ဦး။ (၂၀. ၁၁. ၂၀၁၁)  အမျိုးသားအောင်ပွဲနေ့။
တတိယအကြိမ်အဖြစ် (၅) ဦး။ (၁၉.၆.၂၀၁၂) ဒေါ်အောင်ဆန်းစုကြည်မွေးနေ.- မြန်မာအမျိုးသမီးများနေ့။
၁ နှစ်ခွဲ ကာလအတွင်း စုစုပေါင်း အညတရသူရဲကောင်း (၁၂) ဦးအား ဆုချီးမြှင့်ကာ ဦးညွတ်ဂုဏ်ပြုနိုင်ခဲ့ပြီ
ဖြစ်ပါသည်။
 
ဆက်လက်ပြီး အမိမြေမှ သူရဲကောင်းများအား ဖော်ထုတ်ဂုဏ်ပြုသွားမည် ဖြစ်ပါကြောင်းနှင့်
စတုတ္ထအကြိမ်အတွက် စတင်၍ ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း
အသိပေးလိုက်ရပါတယ်ခင်ဗျာ။
 
လေးစားစွာဖြင့်
မင်းထက်ဇော်
အဖွဲ့ဝင်
အညတရသူရဲကောင်းဆုကော်မတ
၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၈) ရက်။
81-090 3682 2028
 

အစ္စလာမစ် မြန်မာနိုင်ငံတော် တည်ထောင်ခြင်း


စစ်ပွဲတွေထဲမှာ အဓိပ္ပါယ် အရှိဆုံးစစ်ပွဲဖြစ်တဲ့ မိမိတို့ ရဲ့ ဘိုးဘွားဘီဘင်ရဲ့ အမွေအနှစ် လူမျိုး၊ဘာသာ၊သာသနာကို မွတ်ဆလင်တွေ Islamize လုပ်တာ မခံရအောင် ကာကွယ်တဲ့ မတူညီတဲ့ ပုံစံအမျိုးမျိုး နဲ့ စစ်ပွဲ တွေမှာ ကျွန်တော်တို့ အားလုံးပါ ၀င်ဖို့ လို ပါတယ်။ မြန်မာပြည်က မွတ်ဆလင်တွေရေးတဲ့ ရိုဟင်ဂျာဆိုက်ဒ်တွေ ဖတ်ကြည့်လိုက်တော့ ဒီစာကို ရေးဖြစ်သွားတယ်။ ရိုဟင်ဂျာ-ဘင်္ဂါလီမွတ်ဆလင်တွေ ဟာ မြန်မာ လို မရေးတတ် မပြောတတ်ပါဘူး။  ဒီတော့ ရိုဟင်ဂျာ ဆိုက်တွေ ကို မြန်မာ လို ရေးနေတဲ့ ကောင်တွေ ဟာ မြန်မာ ပြည်ပေါက် မွတ်ဆလင်တွေ ပဲဆိုတာ သိနိုင်ပါတယ်။ ရိုဟင်ဂျာ-ဘင်္ဂလီမွတ်ဆလင် အရေးဟာ ဘာသာရေး မဟုတ်ဘူးလို့ ထင်နေသူများ အထူးသတိပြုသင့်ပါတယ်။ ဘာသာရေးမို့ လို့ ရိုဟင်ဂျာ-ဘင်္ဂလီမွတ်ဆလင် အရေး ကို မြန်မာ ပြည် ပေါက် မွတ်ဆလင်တွေ က ရေးပေးနေတာပေါ့။ 
 
နိုင်ငံတကာ မှာ ဒီမွတ်ဆလင်ကောင်တွေ လုပ်နေတာ ကိုသိထားဖို့ လိုပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် (DASSK) နဲ့  NLD ကို ရိုဟင်ဂျာ-ဘင်္ဂါလီမွတ်ဆလင်တွေ ချုပ်နေပါတယ်။ တိုင်းပြည် က DASSK နဲ့ NLD ကိုထောက်ခံနေတော့ နိုင်မယ့်ဘက် ကို ရပ်တဲ့သဘောပါပဲ။ အဓိကကတော့ ရခိုင်ပြည်နယ် ကို Islamic State တောင်းဖို့ ပဲ။ DASSK အစိုးရတက်ရင်။
 
မြန်မာ့နိုင်ငံရေးကို ခုတုံးလုပ်ပြီး နိုင်ချေရှိတဲ့ ဘက်ကနေနေပြီးတော့ Islamic State တောင်းဖို့ ပဲ။ နိုင်ငံအုပ်ချုပ်မဲ့သူတွေ ဒီကိစ္စတွေ ကိုကောင်းကောင်းသိထားဖို့ လို ပါတယ်.။ DASSK က ပေးလိုက်ရင် ပွဲပြတ်သွားပြီ။ မပေးရင် DASSK ကို နာဇီ ၊ဖက်ဆစ် အခု ဦးတင်ဦးကို ပြောသလို ဘာညာ ပြောမယ်။ မရရင် လက်နက်ကိုင် ဂျီဟတ်လုပ်မယ်။
 
ဒီမွတ်ဆလင်ကောင်တွရဲ့ စကားတွေ ဟာ Deceit တွေပဲ။ Burmanization,တဲ့ သူခိုးကလူပြန်ဟစ်နေတယ်။. Burmanization ပြောရအောင် မြန်မာပြည်လူဦးရေ က ၅၅သန်းမှာ ဗမာ လူမျိုး က တစ်ကမ္ဘာလုံးမှာ  ဘယ်လောက်ရှိမှာလဲ။ ၂၅ သန်းပေါ့။မွတ်ဆလင်လူဦးရေ က သန်း ၁၇၀၀ လောက် ရှိနေပြီ။ ဘင်္ဂလားမွတ်ဆလင် ပဲ သန်း၁၈၀ ရှိနေပြီ။ခြိမ်းခြောက်မှု ရှိရင်တောင် ဘယ်သူ က ပိုအန္တရာယ်ရှိသလဲ။ ၂၅သန်းသော ဗမာလူမျိုးနဲ့ နဲ့ သန်း ၁၇၀၀ 
 
သောမွတ်ဆလင်တွေနဲ့ ။ ဒီမွတ်ဆလင်ကောင်တွရဲ့ စကားတွေ ဟာ Deceit တွေပဲ။
 
Demographic Islamization ဟာ မြန်မာပြည်။ရခိုင်ပြည် တစ်ခုတည်းဖြစ်နေတာ မဟုတ်ပါဘူး။  နိုင်ငံတိုင်းမှာ မွတ်ဆလင် ကောင်တွေ နယ်မြေလိုက်တောင်းနေတာပါ။ တစ်ကမ္ဘာလုံး ကနယ်မြေတွေ မကုန်မချင်းပါ။ ရခိုင်ပြည်နယ် ပေါက်သွားရင် မြန်မာပြည်လည်း အနှေးနဲ့ အမြန် ပေါက်သွားမှာပါ။ ဒါကို နားလည်ဖို့ လို ပါတယ်။
 
ရခိုင်ပြည်နယ်ကို ပေးလိုက်ရင်ကော ပြီးသွားပြီလား။ မွတ်ဆလင်တွေ ကျေနပ်သွားပြီလား။ မြန်မာပြည်ကို Islamize ဆက်လုပ်မှာပါ။
 
ကိုဆိုဗို ပြည်နယ်ကို ပေးလိုက်တော့ အေးချမ်းသွားပြီလား။ မကြာခင် ဆာဘီးယားကို ဒီပုံစံအတိုင်းထပ်လုပ်အုန်းမှာပါ။
 
 
အတိတ်ကရော မူဆလင်တွေ ဗုဒ္ဓဘာသာနိုင်ငံ အင်ဒိုနီးရှားကို ပုံစံအမျိုးမျိုးနဲ့ Islamized လုပ်ခဲ့ပြီးတော့ ပြီးသွားခဲ့လား။ဗုဒ္ဓဘာသာနိုင်ငံ အင်ဒိုနီးရှားကို Islamized လုပ်ခဲ့ပြီးတော့ ဗုဒ္ဓဘာသာနိုင်ငံ မလေးရှားကို ပုံစံအမျိုးမျိုးနဲ့ Islamized ထပ်လုပ်ခဲ့ ကြာတာပါ။
 
 
ဗုဒ္ဓဘာသာနိုင်ငံ ထိုင်းနိုင်ငံတောင်ပိုင်း ကို Islamzied လုပ်ပြီး Islamic State ထူထောင်ပြီးရင်ရော ကျေနပ်သွားမှာလား။ ထိုင်းနိုင်ငံတစ်ခုလုံးကိုအကြောင်းအမျိုးမျိုး ပြ၊ အကြောင်းအမျိုးမျိုး ရှာပြီး ပုံစံအမျိုးမျိုးနဲ့  Islamized ထပ်ပြီး လုပ်အုန်းမယ်။
 
 
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ တွေ ကို ပုံစံအမျိုးမျိုးနဲ့  Islamized လုပ်ပြီးရင်ရော မူဆလင်တွေ ကျေနပ်သွားပြီလား။ ငြိမ်းချမ်းရေးရသွားမှာလား။ တရုတ်၊ ဂျပန်၊ ရုရှား ၊ကိုရီးယား ကို အကြောင်းအမျိုးမျိုး ပြ၊ အကြောင်းအမျိုးမျိုး ရှာပြီး ပုံစံအမျိုးမျိုးနဲ့  Islamize ထပ်လုပ်အုန်းမှာပဲ။ 
 
 
တရုတ်၊ ဂျပန်၊ ရုရှား ၊ကိုရီးယား ကို ပုံစံအမျိုးမျိုးနဲ့  Islamized လုပ်ပြီးခဲ့ရင်ရော ပြီး ပြီလား။ သြစတြေးလျနဲ့ အာဖရိက တောင်ပိုင်းက နိုင်ငံတွေ ကို မူဆလင်တွေ အကြောင်းအမျိုးမျိုး ပြ၊ အကြောင်းအမျိုးမျိုး ရှာပြီး ပုံစံအမျိုးမျိုးနဲ့ Islamize ထပ်လုပ်အုန်းမှာပဲ။
 
 
ခရစ်ယာန် နိုင်ငံတွေဖြစ်ခဲ့တဲ့ အီဂျစ်၊အီရတ်နဲ့ တူရကီ ကို Islamized လုပ်ခဲ့ပြီးသွားခဲ့တော့ရော မူဆလင်တွေ ငြိမ်နေခဲ့လား။ အယ်ဘေးနီးယား၊ ကိုဆိုဗို တို့ ကို မူဆလင်တွေ ထပ်ပြီးအကြောင်းအမျိုးမျိုး ပြ၊ အကြောင်းအမျိုးမျိုး ရှာပြီး ပုံစံအမျိုးမျိုးနဲ့ Islamized လုပ်ခဲ့ကြတာပဲ။
 
တကမ္ဘာလုံးက နိုင်ငံတွေ မွတ်ဆလင်တွေ လက်အောက် မရောက်မချင်း၊ Islamized မဖြစ်မချင်း၊  နိုင်ငံတိုင်းမှာ မူဆလင်တွေဟာ တစ်မြို့ ချင်း တစ်မြို့ ၊ တစ်ပြည်နယ်ပြီး တစ်ပြည်နယ်၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ ထပ်ပြီး အကြောင်းအမျိုးမျိုး ပြ၊ အကြောင်းအမျိုးမျိုး ရှာပြီး ပုံစံအမျိုးမျိုးနဲ့  Islamize လုပ်ကြအုန်းမှာပဲ။
 
တစ် ကမ္ဘာလုံးက နယ်မြေတွေ မကုန်မချင်းပေါ့။
 
ဒါတွေကို နားလည်၊ သဘောပေါက်ကြဖို့ လို့ ပါတယ်။
 
ပြင်သစ် ကိုရရင် ကျေနပ်ပြီလား။ အင်္ဂလန်ကို အကြောင်းအမျိုးမျိုး ပြ၊ အကြောင်းအမျိုးမျိုး ရှာပြီး ပုံစံအမျိုးမျိုးနဲ့ Islamize ထပ်လုပ်အုန်းမှာပါ။ 
 
ဥရောပတစ်တိုက်လုံး အစ္စလာမ်ဖြစ်သွား ရင်ရော ငြိမ်းချမ်းရေး ရမှာလား။
 
အမေရိကန်နဲ့ တောင်အမေရိကတိုက်ကို ဆက်ပြီး အကြောင်းအမျိုးမျိုး ပြ၊ အကြောင်းအမျိုးမျိုး ရှာပြီး ပုံစံအမျိုးမျိုးနဲ့  Islamize ထပ်လုပ်အုန်းမှာပါ။  တစ်ကမ္ဘာလုံး ကနယ်မြေတွေ မကုန်မချင်း ပုံစံအမျိုးမျိုးနဲ့ မူဆလင်တွေ Islamize လုပ်နေအုန်းမှာပါ။ 
 
ဒါကိုနားလည်ထားဖို့ လိုပါတယ်။.
 
ဒို့ ညီအစ်ကို ရခိုင်တွေ အားလုံးခဏတောင့်ထားပါ။ မြတ်ဗုဒ္ဓရဲ့ ဗုဒ္ဓသာသနာတော် ကို အသက်ထက်ဆုံး ကာကွယ် စောင့်ရှောက်တာ ကြောင့် သမ္မာဒေ၀ နတ်ကောင်းနတ်မြတ် တွေ ဟာ ရခိုင်လူမျိုးကို ကြည့်ရှုစောင်မ မှာပါ။ ဒီမူဆလင်တွေ ဘယ်လောက်ပဲလူများများ၊ ဘယ်လိုပဲအောက်တန်းကျတဲ့ နည်းတွေ သုံးသုံး ကြောက်စရာမလိုပါဘူး။ ကျွန်တော်တို့ ဘက်မှာ အမှန်တရားရှိပါတယ်။ ခရစ်ယာန်နိုင်ငံတွေ။ တရုတ်တွေ၊ ဂျူးတွေ၊ ဟိန္ဒူတွေ လည်း ဒီမူဆလင်ပြဿနာ ကောင်တွေ ကို ဆက်လက်ပြီး သည်းခံတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံး ညီညွတ်ဖို့ ပဲလိုတော့တယ်။ အချိန်တန် ရင် မူဆလင်တွေ သူ့ စားရိတ် နဲ့ သူသွားမှာပါ။
 
မူဆလင်ပြဿနာ ဟာ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရကြတာပါ။ ဒီကောင်တွေ မကြာတော့ပါဘူး။ ဒီကောင်တွေ ဟာ နိုင်ငံတိုင်းမှာ အစ္စလာမ်နယ်မြေတွေလိုက်တောင်း၊ နိုင်ငံတိုင်းမှာ ပြဿနာ လိုက်ရှာနေတဲ့ ပြဿနာကောင်တွေပါ။ ကမ္ဘာ့နိုင်ငံအသီးသီး ကလူတွေဟာ မူဆလင်ပြဿနာကောင်တွေ ကို မကြာခင် တစ်နည်းနည်းနဲ့  ရှင်းတော့မှာ ပါ။
 
 
ဓမ္မ နဲ့  အဓ္ဓမ ပွဲမှာ နောက်ဆုံးမှာ ဓမ္မ ကသာ အောင်နိုင်ပြီး အဓ္ဓမ ၀ါဒီ တို့ ဟာ နောက်ဆုံးမှာ တနည်းနည်းနဲ့ ကျရှုံးကြရမှာပါ။  ဒါဟာ လောက ရဲ့ အမှန်တရားပါပဲ။
 
ကမ္ဘာ့နိုင်ငံတွေ က လည်း ဒီမွတ်ဆလင် ကိစ္စကို မကြာခင် ဖြေရှင်းကြရတော့ မှာပါ. 
 
မူဆလင်တွေ ဒီ Islamization ကိစ္စကို ရပ်တန်းက မရပ်ပဲ ပုံစံ အမျိုးမျိုး နဲ့ နိုင်ငံတိုင်းမှာ  မွတ်ဆလင်နယ်မြေတွေ ရအောင်ဖဲ့ယူ နေမယ်ဆိုရင် မကြာခင် တတိယကမ္ဘာစစ်ဖြစ်တော့မှာ ပါ။ 
 
အိန္ဒိယ၊ အမေရိကန်တွေ၊ ရုရှားတွေ၊ တရုတ်တွေ ဟာ နျူကလီးယား လက်နက်တွေ ကို မဖျက်သိမ်းသေးပါဘူး။
 
 
မူဆလင်တွေ ဒီ Islamization ကိစ္စကို ရပ်တန်းက မရပ်ပဲ ပုံစံ အမျိုးမျိုး နဲ့ နိုင်ငံတိုင်းမှာ Demographic Jihad နဲ့ မွတ်ဆလင်လူဦးရေ ကို အဆမတန်များလာအောင်လုပ၊် ပြီးရင် Islamic State မွတ်ဆလင်နယ်မြေတွေ ရအောင်ဖဲ့ယူ နေမယ်ဆိုရင် တတိယကမ္ဘာစစ် ဖြစ်တော့မှာ ပါ။  ဖြစ်ရင် ခုခေတ်မှာ ဘယ်သူမှ လူနဲ့  မတိုက်တော့ပါဘူး။ အလုံးစုံ ပျက်စီးပြီး ကမ္ဘာတစ်ခုလုံး ကလူသား  အားလုံး နီးပါးသေကျေပျက်စီး ကြမှာပါ။ မူဆလင်တွေ နိုင်ငံတိုင်းမှာ  Islamic State တွေလိုက်တောင်း နေတာဟာ အလုံးစုံပျက်စီးရေးကို ဦးတည်နေပါတယ်။ ဒါကြောင့် မူဆလင်တွေ ပုံစံ အမျိုးမျိုး နဲ့ နိုင်ငံတိုင်းမှာ Islamic State မွတ်ဆလင်နယ်မြေတွေ ရအောင်ဖဲ့ယူ နေတဲ့ ကိစ္စ ကို ရပ်တန်းက ရပ်ဖို့ လိုပါတယ်။
 
 
နိုင်ငံတစ်နိုင်ငံဟာ အစ္စလာမ်ရဲ့ လက်တွေ့ ခြိမ်းခြောက်မှု အန္တရာယ်ရှိမရှိ ကို အောက်ပါ အချက်တွေ ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
 
 
၁။ နိုင်ငံတစ်နိုင်ငံရဲ့ Native တိုင်းရင်းသား လူဦးရေ အချိုးအစားနဲ့ မွတ်ဆလင်လူဦးရေ အချိုးအစား။ အတိတ်က အချိုးအစား၊ အခုလောလောဆယ် အချိုးအစား၊ နောင်အနှစ် ၆၀မှာဖြစ်လာမဲ့အချိုးအစား။ ဥပမာ။ ။ ၉၀း ၁၀၊ ၇၀း၃၀၊ ၅၀း၅၀ ၊ ၃၀း၇၀ ။ 
 
 
၂။ Native တိုင်းရင်းသား တွေရဲ့ ကလေးမွေးဖွားနှုန်း နဲ့ မွတ်ဆလင်တွေရဲ့ ကလေးမွေးဖွားနှုန်း။
 
၃။ လာမည့် နှစ်တစ်ရာ အတွင်းမှာ ဖြစ်လာမဲ့ အနာဂတ် Native တိုင်းရင်းသား လူဦးရေ အချိုးအစားနဲ့ မွတ်ဆလင်လူဦးရေ အချိုးအစား။  ဥပမာ။ ။ အခုလောလောဆယ်အနေနဲ့  ပြင်သစ်မှာ မွတ်ဆလင် < 20% ပဲရှိပေမယ့် ၂၀အောက်လူငယ်အချိုး အစား မှာ မွတ်ဆလင် က ၄၀% ဖြစ်လာတာမျိုး။
 
 
၎။ လူကြီးတွေဟာ အိုမင်းမစွမ်းဖြစ်ပြီးသေသွားကာ နောင်လာမည့်မျိုးဆက်များ က သာတိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖေါ်နိုင်သူတွေ ဖြစ်တဲ့ အတွက် ၂၀အောက်လူငယ်အချိုး အစား မှာ ရှိတဲ့ မွတ်ဆလင် လူဦးရေ အရေအတွက်ကို ပဲ အထူးသတိပြုထားသင့်ပါတယ်။
 
 
၅။ Native တိုင်းရင်းသား တွေရဲ့ သာသနိက အဆောက်အအုံ ( စေတီပုထိုး၊ ခရစ်ယာန်ဘုရားကျောင်း၊ ဟိန္ဒူဘုရားကျောင်း၊ တရုတ်ဘုံကျောင်း) အရေအတွက်နဲ့ မွတ်ဆလင် ဗလီအရေအတွက်။ အချိုးအစား။  နိုင်ငံရဲ့ စေတီပုထိုးအရေအတွက်နဲ့  မွတ်ဆလင် ဗလီအရေအတွက ဆတူဖြစ်နေပြီလား။  ရန်ကုန်မြို့ရဲ့ဗလီအရေအတွက် က ရန်ကုန်မြို့ရဲ့ တန်ခိုးကြီးဘုရားအရေအတွက်ရဲ့ ၁၀ပုံ ၁ပုံတောင် မရှိသေးဘူးလား။ စဉ်းစား။
 
 
၆။ နှစ်စဉ်နှစ်တိုင်း တစ်နိုင်ငံလုံးမှာတိုးပွားလာတဲ့ မွတ်ဆလင် လူဦးရေ အရေအတွက်နဲ့  မြန်မာတိုင်းရင်းသားမျိုးနွယ်စုလေးတွေရဲ့ လူဦးရေ အရေအတွက် အချိုးအစား။ နောင် အနှစ် ၄၀၊ အနှစ် ၆၀ မှာ ဖြစ်လာမဲ့ မွတ်ဆလင် လူဦးရေ အရေအတွက်နဲ့  မြန်မာတိုင်းရင်းသားမျိုးနွယ်စုလေးတွေရဲ့ လူဦးရေ အရေအတွက် အချိုးအစား။
 
 
၇။ နှစ်စဉ်နှစ်တိုင်း တစ်နိုင်ငံလုံးမှာ တိုးပွားလာတဲ့ ဗလီအရေအတွက်နဲ့ Native တိုင်းရင်းသား တွေရဲ့ သာသနိက အဆောက်အအုံ ( စေတီပုထိုး၊ ခရစ်ယာန်ဘုရားကျောင်း၊ ဟိန္ဒူဘုရားကျောင်း၊ တရုတ်ဘုံကျောင်း) အရေအတွက် အချိုးအစား။ 
 
 
ဒီအချက်တွေ ကို သေသေချာချာ သုံးသပ်ကြည့်ရင် အဲဒီနိုင်ငံမှာ Demographic Islamization အစ္စလာမ်ရှဲု့ အန္တရာယ်ရှိမရှိ ကို Islamized အလုပ်ခံရနိုင်တဲ့ အခြေအနေရှိမရှိကို သိနိုင်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခဖြစ်ရပ်အပေါ် အလိုတော်ပြည့်ဆရာတော်အား မေးမြန်လျှောက်ထားခြင်း။

သံတော်ဆင့်ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်စွာဝင်း၏
ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခဖြဏရပ်အပေါ်
အလိုတော်ပြည့်ဆရာတော်အား မေးမြန်လျှောက်ထားခြင်း။
မေး ။     ။ ဆရာတော်ဘုရား ယခု ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်
နေတဲ့အကြောင်းတရားများကို တပည့်တော်တို့ စိတ်မချမ်းမသာ
နှလုံးမသာမယာ ဖြစ်နေရပါတယ်ဘုရား၊ ဒါကြောင့် ဖြစ်ပေါ်နေတဲ့
ရန်ငြိုးရန်စတွေ အငြိုးအတေး အာဃာတတရားတွေ
ပြေပျောက်ငြိမ်းအေးသွားအောင် ဘယ်လိုလုပ်ကြရမှာပါလဲ ဘုရား။
သံတော်ဆင့်ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်စွာဝင်း၏
ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခဖြစ်ရပ်အပေါ် အလိုတော်ပြည့်ဆရာတော်အား မေးမြန်လျှောက်ထားခြင်း။
ဖြေ ။    ။ဒကာရေ လူတိုင်းမှာ စိတ်ဆိုတာရှိကြပါတယ်၊ ဒီစိတ်က အမြဲတမ်းလည်း ကောင်းနေတာမဟုတ်ဘူး အမြဲတမ်းလည်းဆိုးနေတာမဟုတ်ပါဘူး၊ တစ်ခါတရံ မကောင်းတဲ့အာရုံဆိုးပေါ်မှာ ကိုယ့်စိတ်ကရောက်သွားရင် မကောင်းတဲ့အာရုံနှင့် မိမိစိတ် ပေါင်းမိတဲ့အတွက် အာရုံစိုးအပေါ်မှာ စိတ်ရောက်သွားတဲ့အတွက် စိတ်ဆိုးရတဲ့အကြောင်းပါပဲ။အဲ့ဒီစိတ်ဆိုးမှုကို ဒေါသလို့ခေါ်ပါတယ်၊ အမျက်ထွက်တယ်လို့လည်းခေါ်ပါတယ်။ ဒီစိတ်ဆိုးခြင်းကို အကြောင်းပြုပြီ ဒေါသ အငြိုးအတေး အာဃာတတရားတွေ ဖြစ်ပေါ်လာရတာပဲ။

မေး။   ။ ဆရာတော်ဘုရား အငြိုအတေး အာဃာတတရားတွေ လောကထဲမှာရှိနေခဲ့ရင် လူတွေငြိမ်းအေးခြင်းတရားကို ဘယ်ရနိုင်ပါ့မလဲ။
ဖြေ။   ။ ဟုတ်တယ်ဒကာရေ၊ လူတွေက စိတ်ဆိုးရုံမကဘူး၊ စိတ်ဆိုးတဲ့အာရုံအပေါ်မှာ ရန်ငြိုးဖွဲ့ထားကြသေးတယ်မဟုတ်လား အကြောင်းညီညွတ်တဲ့အခါမှာ ချေပမယ်၊ လက်စားချေမယ်လို့ မိမိစိတ်ထဲမှာ စွဲမှတ်ထားတဲ့သဘောကို အာဃာတတရားလို့ခေါ်ပါတယ်။
လူတစ်ချို့က သက်ရှိလူသားတွေကို မဆိုထားနဲ့ဦး၊ သက်မဲ့ဖြစ်တဲ့အရာ စိတ်ဆိုးပြီဆိုမှဖြင့် ခလုတ်တိုက်မိတာတောင် တိုက်ဦးဟေ့ဆိုပြီး ပြန်ဆင့်တိုက်လိုက်သေးတယ်မဟုတ်လား၊ စိတ်တိုတဲ့သူက ဒေါသအလျှောက်ပြုမိနေတာကို မြင်ရတဲ့လူက ရယ်စရာလည်းကောင်းတာပဲ၊ သနားစရာလည်း ကောင်းတာပဲ ဒါကြောင့် ကမ္ဘာတစ်ခုလုံးလူသားတွေ ဒေါသဆိုတဲ့ စိတ်ဆိုးခြင်းကို အကြောင်းပြုပြီး ငြိမ်းအေးမှုကို မရနိုင်တော့တာပေါ့။

မေး။    ။ ဆရာတော်ဘုရား …..ဆရာတော်စကားထဲမှာ ပါလာတဲ့ ရန်ငြိုဖွဲ့ခြင်းက ဒေါသအရင်းခံလို့ အာဃာတတရားတွေဖြစ်တာပဲဆိုတာ တပည့်တော်ကောင်းကောင်း သဘောပေါက်သွားပါပြီ၊ ဒါဆိုရင် ရခိုင်ဒေသမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခအကြောင်းအရာများဟာ စိတ်ဆိုးမှုဒေါသကြောင့် အငြိုးအတေး အာဃာတတွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး တစ်နေရာနဲ့တစ်နေရာဆိုသလို ဒေါသအရင်းခံတဲ့ အာဃာတအငြိုးအတေးကြောင့် ဖြစ်ပေါ်လာတဲ့တရားတွေလို့ တပည့်တော် ထင်မြင်ယူဆမိပါတယ်ဘုရား။
ဖြေ။  ။ မမှားပါဘူး ဒကာရေ ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့လူတွေမှာ လူမျိုးစွဲ ဘာသာစွဲ ပုဂ္ဂိုလ်စွဲ အယူဝါဒစွဲတရားတွေကို ရှေ့တန်းတင်ပြီး စွဲလန်းမှု မကုန်ခန်းနိုင်အောင် အစွဲကြီးစွဲနေတာ အမှန်ပါပဲ၊ ဒီလိုအစွဲတရားတွေကို မိမိစိတ်ထဲမှာ ရှေ့တန်းတင်ပြီး ရှိနေသမျှ အကြောင်းမညီညွတ်တဲ့အခါ ပေါက်ကွဲမှု့တွေ ဖြစ်ပြီး လူမျိုးတစ်စုနဲ့တစ်စု မုန်တီးမှုတွေ ဖြစ်ပေါ်ရုံမကဘဲ သတ်ဖြတ်မှု၊ ကလေ့စားချေမှု မဆုံးနိုင်တဲ့ အာဃာတတရားတွေ ဖြစ်ပေါ်လာတာ အမှန်ပါဘဲ။

မေး။    ။အခု ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ လူမျိုးရေး ပဋိပက္ခမှုက ပိုပြီးတော့ မကျယ်ပြန့်အောင် ငြိမ်းအေးသွားနိုင်တဲ့ အကြောင်းလမ်းစများကို မိန့်တော်မူပါဘုရား….။
ဖြေ။  ။ ဟုတ်ပါတယ် ရခိုင်မျိုးတွေက အမျိုးသီလနှစ်ဌာနကို ရှေးတုန်းက အစဉ်အလာကြီးမားစွာဖြင့် စောင့်ရှောက်ခဲ့တဲ့လူမျိုးတစ်မျိုးဖြစ်ကြပါတယ်။ ဘိုးဘေးအစဉ်အလာက ဆင်းသက်လာခဲ့တဲ့ ရခိုင်နယ်ပယ်ထဲမှာ နေကြတဲ့ ရခိုင်လူမျိုးရဲ့ထေရ၀ါဒ ဗုဒ္ဓသာသနာကို အစဉ်ကိုးကွယ်ပြီး အလေးအနက်ထားကာ ဘာသာရေးသဘက်မှ ထိပ်တန်း မမှိတ်မသုံး ယုံကြည်အားထားတဲ့စလူမျိုးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ တစ်ဖက်မှ ကူးပြောင်းလာတဲ့ ဘာသာမတူ အယူမတူ လူမျိုးတစ်မျိုးကလည်း မိမိပိုင်းတဲ့အိမ်ပေါ်မှာ ဧည့်သည်ရောက်လာနေထိုင်သလို ဇွတ်အတင်းဝင်ရောက်ပြီး လာနေတာမျိုးလိုပေါ့ နောက်ဆုံးမှာတော့ အိမ်ရှင်က ဧည့်သည်ကို ကြောက်ရတော့မလိုဖြစ်နေပါတယ် ဒါကလူမျိုးခြင်းမတူ ဘာသာခြင်းကွဲပြားနေခြင်းကြောင့် ဖြစ်ပေါ်နေတဲ့သဘောလို့ယူဆမိပါတယ်။ အခုဆိုရင် ဧည့်သည်ကိုအိမ်ရှင်ကကြောက် အိမ်ရှင်ကဧည့်သည်ကိုကြောက်ဆိုသလိုဘဲ အပြန်အလှန် စိုးရိမ်းပူပန်းခြင်းစိတ်တွေနဲ့တွေ့နေရပါတယ်။

မေး။    ။ ဆရာတော်ဘုရား ဧည့်သည်ဆိုတာ အိမ်ရှင်လက်ခံလို့လာတာမဟုတ်ပါလား ဘုရား။
ဖြေ။   ။ မဟုတ်ပါဘူးဒကားရယ် ရခိုင်ပြည်နယ်ပြဿနာက နယ်စပ်ခြင်း နီးကပ်နေတဲ့အတွက် နယ်စပ်ကို ဖြတ်ကျော်မှုအခြေအနေ အတင်းဝင်ရောက်လာပြီ မှောင်ခိုလာနေတဲ့ အခြေအနေမျိုးပေါ့လေ ထိမ်းချုပ်မှုအင်းအားနဲပါးခဲ့လို့ မိမိပိုင်းတဲ့အိမ်သို့ အတင်းဝင်ရောက်ပြီးနေသလိုပေါ့ အိမ်ရှင်များက ဧည့်သည်အပေါ်မှာ ကြောက်လန့်ပြီ မပြောရဲမဆိုရဲအောင် အနိုင်ကျင့်တဲ့သဘောမျိုးဖြစ်သွားတာပေါ့လေ၊ အခုတော့ အိမ်ရှင်က ဧည့်သည်ကိုကြောက်နေရတဲ့ ဘ၀မျိုးလိုပါပဲ။

မေး။    ။ ဒါဖြင့် ဘုရားလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သက်ဆိုင်ရာ အာဏာပိုင်တွေ ထိမ်းသိမ်းမှုမရှိခဲ့ဘူးလားဘုရား။
ဖြေ။   ။ ဒါကတော့ ဘယ်သူ့ကိုမှအခုအချိန်မှာ ပုံချပြီးအပြစ်ပြောစရာ မလိုတော့ပါဘူး၊ ပြီးခဲ့တာတွေ ရှိပါစေတော့ ဒီဖြစ်ရပ်ကို နမူနာယူပြီ ရှေ့ကို မလိုအပ်တဲ့အကြောင်းအရာများ မဖြစ်ရအောင် တင်းတင်းကြပ်ကြပ်ထိမ်းသိမ်းဖို့အရေးကြီးတာပါပဲ။ပြီးတော့လဲ အခုဖြစ်ပေါ်နေတဲ့ လူမျိုးရေးပဋိပက္ခကို အဆုံးသက်ပြီ ငြိမ်းအေးသွားစေချင်ပါတယ်။ ရှေ့ကိုဆက်ပြီ အာဃာတတရားတွေ အငြိုးအတေးတွေ ဒီတရားတွေကိုငြိမ်းအောင် လုပ်ကြမယ်ဆိုရင် သူ့ဖက်ကိုယ့်ဖက်ထိမ်းသိမ်းစောင့်ရှောက်ဖို့ အင်မတန်မှ အရေးကြီးပါတယ် ဒါပေမဲ့ ဆုံးရှုံးသူကမဲမဲ၊ နိုင်သူကပြုံးပြုံး ဆိုသလိုခံစားရတဲ့ပုဂ္ဂိုလ်တွေ လက်တွေ့ဘ၀မှာ တွေ့ကြုံခံစားနေရတဲ့အတွက် ဇာတ်တော်ဝတ္ထုထဲက အနာရွတ်ကို စမ်းမိတော့ မဟောသဓာသတိရသလို ခံစားနေရတဲ့လူအတွက် ဘယ်သောအခါမှမေ့ပျောက်နိုင်စရာအကြောင်း မရှိသလိုဖြစ်နေတာပေါ့။

မေး။    ။ဒီလိုဆိုရင်ဘုရား ဒီအငြိုးအတေးတွေ ဘယ်တော့ပြေနိုင်မလဲ မပြေနိုင်လို့ရှိခဲ့ရင် ရှေ့ဆက်ပြီ ဒုက္ခတွေအများကြီးတွေ့ကြုံရမယ်လို့ ထင်ပါတယ်ဘုရား။
ဖြေ။    ။ ဟုတ်တယ်ဒကာရယ် ရခိုင်လူမျိုးတွေ့ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ရေမရောပါဘူး၊ သြော် ကုန်ကုန်ပြောမယ်ဆိုရင် ဗုဒ္ဓမှတပါး ကိုးကွယ်တဲ့လူမျိုးတွေလဲ မဟုတ်ကြပါဘူး ဒါကြောင့် ယခုအချိန်မှာ ဗုဒ္ဓတရားတော်နှင့်အညီ လိုက်နာကျင့်သုံးပြီး ထေရ၀ါဒဗုဒ္ဓဘာသာ ပြီပြင်စွာဖြင့် ဗုဒ္ဓရဲ့အဆုံးအမနှင့်အညီ ဖြစ်ပေါ်လာတဲ့ အာဃာတအငြိုးအတေးတွေကို မေတ္တာတရားဖြင့် ဖြေဖျောက်ပြီး လက်တွေ့ကျင့်သုံးကြရမှာ ဖြစ်ပါတယ်။

မေး။    ။ ဆရာတော်ဘုရား အာဃာတဆိုတာ သဘောမပေါက်လို့ရှင်ပြပါဦးဘုရား။
ဖြေ။   ။ ဟုတ်တယ် ဒကာရယ် ဘုန်းကြီးတို့ဗုဒ္ဓရှင်တော် ဟောကြားတဲ့ အာဃာတတရားကိုးပါရှိပါတယ်၊ ရန်ငြိုးဖွဲ့ခြင်းရဲ့အကြောင်းတရားတွေပါပဲ၊ ဒီရန်ငြိုတွေကို ငြိမ်းအေးသွားအောင် ဗုဒ္ဓက ဒီလိုဆုံးမခဲ့ပါတယ် ဘာတွေလဲဆိုရင် (၁) ဒီလူက ငါ့ကိုအကျိုးမရှိအောင် ရှေ့ကလဲ ပြုခဲ့တယ်၊ အခုလဲပြုနေတယ်၊ နောင်လည်းပြုလိမ့်မယ်လို့ရန်ငြိုဖွဲ့ခြင်း၊ (၂) ဒီလူက ငါ-အိမ်သူအိမ်သား၊ သာသမီး၊ ဆွေမျိုး၊ မိတ်ဆွေ၊ ဆရာတပည့်စသည်များကို အကျိုးမဲ့အောင်ပြုခဲ့တယ်၊ နှိပ်စက်စော်ကားပြုခဲ့တယ်၊ အခုလဲပြုနေတယ်၊ နောက်လည်းပြုလိမ့်မယ်ဟု ရန်ငြိုအာဃာတတရားထားရှိခြင်း (၃) ဒီလူက ငါနှင့်အယူဝါဒမတူသည့်အတွက် မကြီးပွါးစေခြင်းဘူး၊ ဆင်းရဲဒုက္ခရောက်စေချင်တယ် အခုလဲဆင်းရဲဒုက္ခရောက်အောင်ပြုမယ်၊ တစ်ချိန်ကလည်းပြုခဲ့ပြီးပြီ၊ နောင်ကိုလည်းပြုလိမ့်မယ်ဟု ရန်ငြိုဖွဲ့ခြင်း ကိုးပါကို ဗုဒ္ဓကဆုံးမခဲ့ပါတယ်။ ဒီလိုတစ်ယောက်နဲ့တစ်ယောက်သူ့အကျိုးကိုယ့်အကျိုးမဲ့အောင်၊ ရန်ငြိုးဖွဲ့ခြင်း၊ တစ်ဦးကိုတစ်ဦးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အာဃာတတရားတွေက ကောင်းတဲ့တရားတွေမဟုတ်ပါဘူး မကောင်းတဲ့တရားတွေသာဖြစ်ပါတယ်လို့ ဗုဒ္ဓကဟောခဲ့ပါတယ်၊ ၇န်ငြိုးဖွဲ့ခြင်း၊ ဒေါသအလျှောက်သတ်ဖြတ်နှိပ်စက်ခြင်းတရားက မျက်မှောက်ပစ္စုပ္ပန်မှာလဲ အကျိုးမရှိ၊ နောင်သံသရာမှားအကျိုးမဲ့ကို ဖြစ်စေတတ်ပါတယ်၊ သံသရာတစ်လျှောက်လုံး တစ်ဦးနှင့်တစ်ဦး ရန်ဘက်ဖြစ်သွားနိုင်တယ် ဒါကြောင့် အငြိုအတေးအာဃာတတွေ ရန်ငြိုးဖွဲ့တာတွေ ရှောင်ကြဉ်ရပါမယ် အာဃာတကင်းတာအကောင်းဆုံးတရားလို့ ဗုဒ္ဓဟောကြားတဲ့ဒေသနာနှင့်အညီ မောင်မဲကို မောင်ဖြူက အကျိုးမဲ့အောင်ပြုလုပ်တယ် သတ်ဖြတ်တယ်ဆိုရင် မောင်မဲရဲ့အဆက်အနွယ်တွေကလည်း ပြန်လည်းလက်စားချေကြမှာပါဘဲ ဒီနည်းအတိုင်း အပြန်အလှန် လက်စားချေတာက ဒီဘ၀မကဘဲသံသရာတလျှောက်လုံးဒုက္ခဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းကို ပြောပါရစေ။

http://alodawpyei.org/alo/component/content/article/34-slideshowcat/541-2012-06-22-18-53-23




မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ငြိမ်သက်နေသော်လည်း စီးပွားရေး ပိတ်ဆို့နေသေး

Written by သဇင်ဥ    Saturday, 30 June 2012 04:41   PDFPrintE-mail
myanmar-bangalမြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်စီးပွားရေးမှာ ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ငြိမ်သက်နေသော်လည်း ယခုအချိန်အထိ ကုန်သွယ်စီးပွားရေးမှာ ပြန်လည်မစတင်နိုင်သေးကြောင်းသိရှိရသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် အနောက်ဘက်ဒေသရှိ မောင်တောမြို့မှ ယင်းနှစ်နိုင်ငံစီးပွားရေး အခြေအနေကို စောင့်ကြည့် နေသူ ဦးဖြူချေအားမေးမြန်းရာ အောက်ပါအတိုင်း ရှင်းပြသည်။

"ဒီဘက်ကနေ ပိတ်ဆို့ထားတာလို့တော့ သိရပါတယ်၊ ဒီမှာရှိတဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်ထားတာပါ၊ ခုချိန်ထိတော့ ဘာမှ၊ ဘယ်သူမှလည်း စီးပွားရေးအရ တရားဝင် မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံအကြား သွားတဲ့လူမရှိသေးပါဘူး၊ ဒါပေမဲ့ စစ်တွေ-ဘူးသီးတောင်-မောင်တောမြို့ အသွားအလာကိုတော့ လုံခြုံရေးတွေ အစောင့်အကြပ်တွေနဲ့ ဖွင့်ပေးထားပါပြီ။"

ဦးဖြူချေက "အခြေအနေကတော့ ငြိမ်နေတာ အမှန်ပါ၊ ဒါပေမဲ့ တဖက်နဲ့တဖက် ဘယ်လိုမှ အယုံအကြည်မရှိ ဖြစ်နေတော့ ဆက်ပြီးတော့ အစပြန်မဖြစ်ရအောင် ထိမ်းကွပ်ထားတာနဲ့တူပါတယ်၊ ပြီးတော့ စီးပွားရေးသမားဟန်နဲ့ အကြမ်းဖက်သမားတွေ ၀င်မလာအောင် လုပ်ထားပုံနဲ့တူပါတယ်၊ ငြိမ်နေတာဟာ သိပ်ပြီးအာရုံစိုက်နေတဲ့အခြေအနေပါ။"ဟု ဆက်လက်ပြောသည်။

မောင်တောမြို့နယ်ရှိ ဘင်္ဂလီများအတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်က မှောင်ခိုလမ်းမှ ဆန်အိတ်များသယ်ယူနေသော သတင်းများ ထွက်ပေါ်နေမှုများကြောင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)က နယ်စပ်တွင် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသထုတ် သတင်းစာများက ဆိုသည်။

ယင်းသတင်းစာက မြန်မာမှ ဘင်္ဂလာသို့ ဆန်စပါးအပြင် တခြားကုန်ပစ္စည်းများ တင်သွင်းမှုသည် ဘင်္ဂလာလိုအင်ဖြစ်ကြောင်း၊ ယခုအခါ ဘင်္ဂလာက မြန်မာသို့ ပြန်လည်တင်ပို့မှုသည် ဘင်္ဂလာလူထုများအတွင်း အခက်အခဲများကို ဖန်တီးနေခြင်းဖြစ်ကြောင်းနှင့် နယ်စပ် စီးပွားရေး ပိတ်ဆို့နေမှုကြောင့် တစ်ရက်လျှင် တာကာ သိန်း ၄၀ နိုင်ငံတော်အတွင်း ရှုံးဆုံးနစ်နာမှုများ ဖြစ်ပေါ်နေကြောင်း ဖေါ်ပြသည်။

နှစ်နိုင်ငံနယ်စပ်ရှိ မောင်တော-တာခ်နာမြို့နယ် နယ်စပ်တလျှောက် နစကနှင့် BGBတပ်ဖွဲ့တို့ ယခုအချိန်ထိ လုံခြုံရေးအရ စောင့်ကြည့်လျက် ရှိနေသေးကြောင်း နှစ်ဘက်နယ်စပ်မှ မျက်မြင်များက ပြောသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလာ နယ်စပ်ချင်း ထိစပ်နေမှုမှာ ၂၇၁ ကီလိုမီတာ ရှည်လျားကြောင်း ဘင်္ဂလာက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ယခုဖြစ်ပေါ်နေသော ပဋိပက္ခကြောင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ စီးပွားရေး တိုးမြင့်လုပ်ဆောင်ရန် သဘောတူ စာချုပ် လက်တွေ့လုပ်ငန်းများမှာ နှောက်နှေးကြန့်ကြာသွားနိုင်ကြောင်း နယ်စပ်စီးပွားရေးရပ်ကွက်ကပြောသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား တချို့စီးပွားရေးသမားများမှာ ယခုအချိန်ထိ တဖက်နိုင်ငံအတွင်း သောင်တင်နေကြဆဲဖြစ်ကြောင်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/249-2012-06-30-04-53-44

Friday, June 29, 2012

ဖမ်းဆီးစစ်ဆေးနေသော ရခိုင်ပြည်နယ်အကြမ်းဖက်မှုနှင့် ဆက်နွယ်မှုရှိသူ ၆ ဦး ဘင်္ဂလာ အာမခံလွှတ်ပေး

Written by သဇင်ဥ    Saturday, 30 June 2012 04:22   PDFPrintE-mail
In-this-June-13-file-photo-BGB-members-on-high-alert-at-Shah-Parir-Dwip-to-prevent-intrusion-of-Myanmar-citizens.ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့က ဘင်္ဂလီများက ရခိုင်များအား အကြမ်းဖက်တိုက်ခိုက်သည့် ပဋိပက္ခများနှင့် ဆက်နွယ်မှုများ ရှိသည်ဟု ဇွန် ၁၈ ရက်နေ့က ဖမ်းဆီးစစ်ဆေးနေသော အီဆလာမ်မိတ်ခေါင်းဆောင် ၇ ဦးအနက် ၆ ဦးကို ကြာသပတေးနေ့က ကော့စ်ဘဇားမြို့ တရားရုံးတော်က လက်ခံပေးလိုက်ကြောင်း သိရှိရသည်။

ယင်း လက်ခံပေးလိုက်သော သူများမှာ နယ်ဇာမေ အီဆလာမ်မီအဖွဲ့နှင့် အီဆလာမ်မိတ်ညီညွတ်ရေးအသင်းများမှ ခေါင်းဆောင်များ ဖြစ်ကြောင်းနှင့် ကော့စ်ဘဇားမြို့ (အောင်ချမ်းသာ)မှ ရဲမင်းကြီး ကာမ်ရုလ်က သတင်းအတိအကျအရ ဇွန် ၁၈ ရက်နေ့ကတည်းက ဖမ်းဆီးစစ်ဆေး ခံနေရသူများဖြစ်ပြီး ထောင်မှတိုက်ရိုက် လက်ခံလွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဒေသထုတ် သတင်းစာများက ဖေါ်ပြသည်။

ရခိုင်ပြည်နယ်အတွင်းတွင် သက်ဆိုင်ရာအာဏာပိုင်က ဖြစ်ပျက်ခဲ့သော ပဋိပက္ခများအတွင်း သေဆုံးသွားခဲ့သူပေါင်း ၁၀၀ ဦးရေတို့အား သောင်းကျန်းသတ်ပစ်ခဲ့သည့် အကြမ်းဖက်သမားများကို မောင်တော၊ ရသေ့တောင်၊ စစ်တွေနှင့် တခြားမြို့ကျးရွာများတွင် လိုက်လံဖမ်းဆီးပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိနေကြောင်း သိရှိရသည်။ ယင်းပဋိပက္ခမှ ရခိုင်ပြည်သူလူထုပေါင်း ယခုအထိ သိန်းချီဒုက္ခကျရောက်လျက် ရှိနေသေးသည်။

ယင်းသက်ဆိုင်ရာမှ ဖမ်းဆီးအရေးဆောင်ရွက်မှုများ ပြုလုပ်နေမှုကြောင့် မောင်တော၊ ရသေ့တောင်၊ စစ်တွေနှင့် တခြားမြို့ကျးရွာများမှ ဘင်္ဂလီအကြမ်းဖက်သမားများ ထွက်ပြေးတိမ်းရှောင်လျက် ရှိနေကြောင်း ပြည်တွင်းကလာသော သတင်းများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်-ဘင်္ဂလီတို့အကြား ပဋိပက္ခ အကြောင်းဆက်မှာ တဖက်နှင့်တဖက် ယနေ့ထိ မယုံသင်္ခါမှုများ ကြီးထွားလာ နေကြောင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလာသို့ ကူးစက်သွားမည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်းနှင့် ပြဿနာမှာ ထပ်မံ ဖြစ်ပွားမည့် အနေအထားရှိနေကြောင်း မောင်တောမြို့မှ လေ့လာစောင့်ကြပ်ပေးနေသူများက သုံးသပ်ပြောဆိုသည်။

လက်ခံရရှိပြီး လွှတ်သွားသူများမှာ အီဆလာမ်မိတ်ညီညွှတ်ရေးအသင်းမှ ခေါင်းဆောင် အာဟာမတ် နုရုလ် ကော်ဘိရ် ဟေလာလီ(၄၈)နှစ်၊ အိနာမူလ် ဟော(က်)၊ အာဘ်ဒူလ် ဟော(က်)၊ အာဘူလ် မန်ဇူရ်၊ အေဆာဒူလ္လာဟ်နှင့် ဟာဖေဇ် အာဘ်ဒူလ် ဘော်ကော်ရ်(၅၄)နှစ် တို့ဖြစ်ကြောင်း သိရှိရသည်။
အီဆလာမ်မိတ်ညီညွတ်ရေးအသင်းနှင့် နေဇာမယ် အီဆလာမ်အဖွဲ့များမှ ခေါင်းဆောင်များ ပူးပေါင်း၍ လွတ်မြောက်လာကြသူများအား ညနေစာဖြင့် လက်ခံကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း သောင်းကျန်းသူများကို ကူညီရန် လျှို့ဝှက်လက်ခံထားသည့် ပစ္စည်းများနှင့်အတူ ဇွန် ၁၉ ရက်က ဖမ်းဆီးစစ်ဆေးနေသော ဘာသာရေးခေါင်းဆောင် အာဘ်ဆာရ် အူဒ္ဒိန် စိုဒူးရီရ်အားနှင့် ရာမူး (ပန်းဝါမြို့)မှ ဘာဘူလ် မောင်န်ဇူရ်(၄၀) တို့အား လွတ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသင်းခေါင်းဆောင် ဟာဖေဇ် ဆာလာမော်(တ်) အူလ္လာဟ်က ကြိုဆိုသည့် အခမ်းအနားတွင် ပြောဆိုလိုက်ကြောင်း ယမန်နေ့ထုတ် THE DAILY SAIKAT သတင်းစာက ဖေါ်ပြသည်။

ယင်းတို့လက်ခံရရှိပြီး လွတ်မြောက်သွားမှုမှာ ထောင်အတွင်းမှနေ တရားရုံးတွင် ၁၁ ရက်စစ်ဆေးမေးမြန်းမှုများ ခံရပြီးနောက် လွတ်မြောက် သွားခြင်းဖြစ်သည်။ ယင်းတို့အား ရဲဋ္ဌာနမှ ထပ်မံစစ်ဆေးရန် လိုအပ်သောကြောင့် လွန်ခဲ့သောအပတ် ကြာသပတေးနေ့က ရုံးရက်ချိန်း ၃ ရက် တရားရုံးတော်မှ ယူခဲ့သည်။

ကော့စ်ဘဇားမြို့ ရဲဋ္ဌာနမှ ယင်းရခိုင်ပြည်နယ်အတွင်း သောင်းကျန်းသူများနှင့် ဆက်နွယ်ပတ်သက်မှုများ ရှိသည်ဟု မယုံသင်္ခါ ဖမ်းဆီး ခဲ့သူများကို ဘာသာရေးအစွန်းရောက် အကြမ်းဘက်သမားများနှင့် ပတ်သက်မှု ရှိသူများဟု ပြောဆိုခဲ့သည်။

လွတ်မြောက်လာသူများ အနေဖြင့် ကော့စ်ဘဇားမြို့အတွင်း ဆန္ဒပြကြရန်၊ နံရံကပ်စာစောင်များဖြင့် ရခိုင်များက မူဆလင်များအား သတ်ဖြတ်နေသည်ဟူ၍ သတင်းမှားများ လုပ်ဆောင်ခဲ့သည့်အပြင် ဘာသာရေးအဓိကရုဏ်းဖြစ်အောင် စည်းရုံးလှုံဆော်ခဲ့သူများ ဖြစ်ကြောင်း သိရှိရသည်။

ယင်းတို့အား မဖမ်းဆီးခင် ဘင်္ဂလာနယ်စပ်ဒေသ ဗုဒ္ဓဘာသာဝင် ကျေးရွာများအတွင်း ခြိမ်းခြောက်မှုများကို ခံခဲ့ရပြီး စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ကာ ယခုအချိန်ထိ သတိအခြေအနေနှင့် နေထိုင်နေကြကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ယင်းပဋိပက္ခဖြစ်ပွားနေစဉ် ဘင်္ဂလာက စစ်တကောင်းတောင်တန်းဒေသရှိ မြို့ကျေးရွာများမှ ရိုဟင်ဂျာ အမည်ခံများကို တစိုက်မတ်မတ် လိုက်လံဖမ်းဆီး ထောင်ချခြင်းနှင့် ရခိုင်ပြည်နယ်သို့ အတင်းအဓမ္မပို့ဆောင်ခဲ့သည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/248-2012-06-30-04-31-40

ဦးအောင်မင်းအဖွဲ့နှင့် ရခိုင်လွတ်မြောက်ရေးပါတီတို့ တွေ့ဆုံ

Written by မင်းသွီး    Friday, 29 June 2012 06:12   PDFPrintE-mail
ALP and Aung Marmငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဥက္ကဌ ရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေး ၀န်းကြီး ဦးခင်ရီတို့အဖွဲ့သည် ရခိုင်လွတ်မြောက်ရေးပါတီ ALPနှင့် ဘန်ကောက်တွင် ဇွန်လ ၂၈နေ့၊ နေ့လည် ၁၂နာရီမှ ၁နာရီအထိ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ယင်းတွေ့ဆုံဆွေးနွေးရာတွင် ALPနှင့် ရခိုင်ပြည်နယ်အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့မှုအပေါ်တွင် ချက်မှတ်ခဲ့သော သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်ရန်နှင့် ပြည်ထောင်စုအဆင့်ထိ တက်လှမ်းနိုင်ရန် အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

“ကျနော်တို့ ပြည်နယ်အဆင့် ဆွေးနွေးခဲ့တဲ့ အချိန်တုန်းက တင်ပြခဲ့တဲ့ မြို့နယ်တွေမှာ ဆံဆက်ရေးရုံးတွေ ဖွင့်လှစ်ခွင့်ပေးရန်၊ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွင်းမှာ ALPရဲဘော်တွေ သက်ဆိုင်ရာ ရဲစခန်း ဒါမှမဟုတ် စရဖကို အကြောင်းကြားပြီးတော့ လွတ်လပ်စွာသွားလာခွင့်တွေပေးမယ့် ကိစ္စတွေနဲ့ ပက်သက်ပြီးတော့ ဆွေးနွေးခဲ့တယ်၊ ဦးအောင်မင်းကလည်း အဲဒါတွေကို လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ 

ြ့ပီးတော့ ရခိုင်ပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်းနဲ့ ပက်သက်ပြီးအကျဉ်းအားဖြင့် ဆွေးနွေးခဲ့တယ်၊ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီကလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပက်သက်ပြီး ပေါ်လစီတွေချမှတ်ပြီးတော့ နယ်စပ်ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တယ်” ဟု ရခိုင်လွတ်မြောက်ရေးပါတီ ALP ဒု-ဥက္ကဌ ဦးခိုင်စိုးနိုင်အောင်က ပြောသည်။

ရခိုင်လွတ်မြောက်ရေးပါတီ ALPနှင့် ရခိုင်ပြည်နယ်အစိုးရတို့သည် ဧပြီလ(၅)ရက်၊ ၂၀၁၂ခုနှစ်တွင် သဘောတူညီချက်(၅)ချက်ဖြင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးအဖွဲ့တို့၏ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးအဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်တွင် ယခင်သဘောတူချက်(၅)ချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရေး အပါအ၀င် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တက်လှမ်းဆွေးနွေးနှင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော ပြဿနာများအား ဖြေရှင်းပေးရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
 http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/246-2012-06-29-07-28-29

Thursday, June 28, 2012

နိုင်ငံသား မဟုတ်သူများ တတိယနိုင်ငံပို့ရန် ရခိုင်ပါတီ တောင်းဆို

Hits: 5,459

စစ်တွေမြို့ သဲချောင်းရွာအနီးရှိ ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်း (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)

ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ညှိနှိုင်းမှုရယူပြီး ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် နိုင်ငံသားမဟုတ်သည့် ဘင်္ဂါလီ များအား သင့်တော်သည့်နေရာ၌ ယာယီနေရာချ ထားပေးပြီး ကာလတခု သတ်မှတ်၍ တတိယနိုင်ငံများသို့ ပြောင်းရွှေ့ ပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ကြေညာချက်ထုတ်၍ တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်သူများသည် အမျိုးသားရေးဆိုင်ရာ အခက်အခဲ များစွာကို ရင်ဆိုင်နေရကြောင်း၊ ထိုအခက်အခဲများအား ပြည်ထောင်စုဘွား တိုင်းရင်းသားပြည်သူ တရပ်လုံး ပူးပေါင်း ဖြေရှင်း ပေးကြရန် လိုအပ်နေကြောင်း RNDP က ဇွန်လ ၂၆ ရက်စွဲဖြင့် ကြေညာချက်ထုတ်ခဲ့သည်။

RNDP ပါတီ၏ ကြေညာချက်နှင့် ပတ်သက်၍ မြန်မာမွတ်စလင် အိုမာအဖွဲ့ချုပ် တာဝန်ရှိသူ ဦးရဲနောင်သိန်းက “ကြေညာချက် ကတော့ သူတို့သဘောထား ဖြစ်လို့ ပြောစရာမရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ကတော့ မကြိုဆိုချင်ပါဘူး။ အရင်ကတည်းက နေထိုင်လာတဲ့ သူတွေကိုတော့ အတည်တကျပဲ အဲဒီနေရာမှာ နေစေချင်ပါတယ်။ တရားမ၀င် ကိစ္စတော့ လူဝင်မှုကြီးကြပ်ရေး ကိစ္စပါ” ဟု ဆိုသည်။

ရခိုင်ပြည်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် စစ်တွေမြို့ပေါ်ရှိ ဈေးတချို့မှ ဘင်္ဂါလီ ဆိုင်များအား မြို့ပြင်ရှိ ဘင်္ဂါလီကျေးရွာများ၌ နေရာချပေးခြင်း၊ နေအိမ်တချို့ ပြောင်းရွှေ့ခြင်း ကိစ္စတို့အား ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့က ဆောင်ရွက်ပေးခဲ့သည်။

နည်းလမ်းစုံဖြင့် နိုင်ငံတွင်း ၀င်ရောက်လာသည့် ဘင်္ဂါလီများသည် ဒေသခံ ရခိုင်တိုင်းရင်းသားတို့၏ စီးပွားရေး၊ လူမှုရေးတွင် သာမက နိုင်ငံရေးအရ ပါဝင်ပတ်သက်ခွင့်ရရန် ကြိုးစားလာခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီ ဖြစ်ကြောင်း၊ ရခိုင်ဒေသကိုလည်း ၎င်းတို့၏ ဒေသ ဖြစ်သည်ဟု လုပ်ကြံပြောဆို နေပြီး ၎င်းတို့ ဒေသအား ရခိုင်တိုင်းရင်းသားများက ဖျက်ဆီးနေသည်ဟု ပြောဆိုကြောင်း RNDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

“ရခိုင်ပြည်ကို အရင်က သူတို့တိုင်းပြည် ဖြစ်ခဲ့သလိုမျိုး ဖန်တီးပြောတယ်၊ ရိုဟင်ဂျာ လူမျိုးလို့ ထွင်လာတယ်၊ သူတို့ဒေသကိုပဲ ကျနော်တို့က ဖျက်ဆီးနေသလိုလို လုပ်ကြံ ဖန်တီးလာတယ်၊ အုပ်ချုပ်ခဲ့တဲ့ အစိုးရ အဆင့်ဆင့်ကလည်း ကျနော်တို့ လက်မခံနိုင်စရာ ကိစ္စတွေကို လုပ်ခဲ့ကြလို့ ဒီလိုမျိုး ပြဿနာတွေ ကြီးထွားလာတာ” ဟု ၎င်းက ဆိုသည်။

ခေတ်အဆက်ဆက် တရားမ၀င်သော နည်းလမ်းဖြင့် ရခိုင်ဒေသတွင်းသို့ ၀င်ရောက်လာသော ဘင်္ဂါလီဦးရေသည် ရခိုင်တိုင်းရင်းသား တရပ်လုံးနှင့် ထိုဒေသတွင် နေထိုင်သော တခြား တိုင်းရင်းသားများအတွက် အထူးစိုးရိမ်ရသည့် အခြေအနေ တခုအဖြစ် မကြာသေးခင်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအရ သုံးသပ်နိုင်ကြောင်း RNDP ကြေညာချက်က ဆိုထားသည်။

မွတ်စလင် ခေါင်းဆောင်များ အနေဖြင့် ငြိမ်းချမ်းစွာ နေထိုင်ကြလိုကြောင်း၊ အကြမ်းဖက်လိုသူ တစု၏ လုပ်ရပ်များကြောင့် မလိုလားအပ်သော ဆူပူအကြမ်းဖက် မှုများ ဖြစ်ပွားခဲ့ရသည်ကို ရှုတ်ချကြောင်း ဦးရဲနောင်သိန်းက ပြောသည်။

“ပြဿနာတွေ စုံစမ်းဖို့ နိုင်ငံတော်က ကော်မရှင်တရပ် ဖွဲ့တဲ့နေ့မှာပဲ မောင်တောမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်၊ ဒီလို ရုပ်ဆိုးတဲ့ လုပ်ရပ်ကို ကျနော်တို့ ရှုတ်ချတယ်၊ ဒေသခံတွေမှာလည်း ခံစားချက်ရှိမှာပေါ့၊ မလုပ်သင့်တဲ့၊ မှားတဲ့ လုပ်ရပ်လို့ သုံးသပ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ဘင်္ဂါလီများနှင့် ရခိုင်ဒေသတွင်း နေထိုင်ကြသည့် ဒေသခံတိုင်းရင်သားများ အကြားတွင် ၁၉၄၂ ခုနှစ် အရေးအခင်း၊ ၁၉၈၈၊ ၁၉၉၆ အရေးအခင်းများ၊ ၂၀၀၁ အရေးအခင်းနှင့် ယခုနှစ် ၂၀၁၂ အရေးအခင်းတို့ ဖြစ်ပွားခဲ့သည်။ ထိုအရေး အခင်းများ အနက် ယခု အရေးအခင်းသည် ရခိုင်တိုင်းရင်းသားများနှင့် မြန်မာတနိုင်ငံလုံး၏ အကျိုးစီးပွားကို ထိခိုက်စေသည်ဟုလည်း RNDP က ဆိုသည်။

ပြည်တွင်း၌ နေထိုင်သည့် အစ္စလမ်ဘာသာဝင်များအနေဖြင့် နိုင်ငံသား အဖြစ် သတ်မှတ်ခြင်း၊ မသတ်မှတ်ခြင်းသည် နိုင်ငံတော် အစိုးရနှင့်လူဝင်မှု ကြီးကြပ်ရေး အပေါ်မူတည်ကြောင်း၊ အစ္စလမ် ဘာသာဝင်များသည် တိုင်းရင်းသားအဖြစ် တောင်းဆိုရန် မလိုလားဘဲ မြန်မာနိုင်ငံသား မြန်မာမွတ်စလင်များ အဖြစ်သာ နေထိုင်လိုကြောင်း မွတ်ဆလင် အိုမာ အဖွဲ့ချုပ်က ဆိုသည်။

မွတ်ဆလင် အိုမာအဖွဲချုပ်အနေဖြင့် အစ္စလမ်ဘာသာဝင်များ အားလုံးသည် မြန်မာနိုင်ငံသား တိုင်းရင်းသားအား လုံးနှင့်ငြိမ်း ချမ်းစွာအတူ ယာဉ်တွဲနေထိုင်ရေးကိစ္စ စည်းရုံးသွားမည် ဖြစ်ကြောင်း၊ စည်းရုံးမရသည့် အစွန်းရောက်သူ များကိုလည်း နိုင်ငံတော် က ဥပဒေအရ ဆောင်ရွက်သွားလိမ့်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အား ယုံကြည်ကြောင်း ဦးရဲနောင်သိန်းက ပြောသည်။

RNDP ပါတီအနေဖြင့် ပြည်သူများ၏ ဆန္ဒအရ တရားမ၀င် လာရောက်နေထိုင်သည့် ဘင်္ဂါလီများအား ဥပဒေအရ ဆောင်ရွက်ပေးရန် အစိုးရကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း၊ နိုင်ငံသား အခွင့်အရေး ခံစားခွင့် ခိုင်မာမှု မပြနိုင်သူများကို ဒုက္ခသည် စခန်းများသို့ ပို့ဆောင်ရေးနှင့် နိုင်ငံသား မဟုတ်ဘဲ ငွေကြေးရယူ၍ နိုင်ငံသားကတ် တရားမ၀င် ထုတ်ပေးခဲ့သည့် တာဝန်ရှိသူ များအား ၁၉၈၂ နိုင်ငံသား ဥပဒေအရ ဆောင်ရွက်ပေးရေးတို့ကို နိုင်ငံတော် အစိုးရထံ တောင်းဆိုသွားမည်ဟု သိရသည်။

ထိုဥပဒေ၌ လူဦးရေ တိုးပွားမှု ထိန်းချုပ်ရန် နိုင်ငံသားမဟုတ်သူများ အတွက် လက်ထပ်ခွင့်၊ ခရီးသွားလာခွင့် ကန့်သတ်ထားမှု တချို့ပါရှိသည်။

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင် ဒေသတို့၌ ဘင်္ဂါလီလူဦးရေ ၉၇ ရာခိုင်နှုန်းအထိ တိုးပွားနေပြီး ရခိုင်တပြည်လုံး၌၈ သိန်းကျော်ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ စာရင်းများက ဆိုသော်လည်း ဒေသခံများ၏ ပြောဆိုမှု အရ သန်းချီ ရှိကြောင်း သိရသည်။

မောင်တော၊ ဘူးသီးတောင်နှင့် ဒေသ တချို့မှ ဒေသခံတိုင်းရင်သား ကျေး ရွာပေါင်း ၃၈၀ ကျော်သည် ၁၉၄၂ ခုနှစ် အရေး အခင်းနောက် ပိုင်းတွင် ဘင်္ဂါလီကျေးရွာများ ဖြစ်သွားကြောင်း ရခိုင်ဒေသခံများ က ပြောသည်။

အိမ်နီးချင်းနိုင်ငံမှ ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတ၀ှမ်းသို့  နည်းလမ်းစုံဖြင့် ကျူးကျော်ဝင်ရောက် နေခြင်းအား ၀ိုင်းဝန်းတားဆီးရာ၌ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးအားလုံး ပူးပေါင်းပါဝင်ရန် လိုကြောင်း RNDP က ကြေညာချက် ထုတ်၍ ပန်ကြားလိုက်သည်။
http://burma.irrawaddy.org/archives/13449

Wednesday, June 27, 2012

မြန်မာ-ဘင်္ဂလားတို့၌ မိုးရေရှိန်ကြောင့် ရှုံးဆုံးမှု အများအပြားဖြစ်ပေါ်

Written by သဇင်ဥ    Thursday, 28 June 2012 05:58   PDFPrintE-mail
Floodမြန်မာ-ဘင်္ဂလာ နယ်စပ်ဒေသများအကြား တနင်္လာနှင့် အင်္ဂါနေ့က ရွာသွန်းခဲ့သော မိုးရွာချိန်မြင့်မားမှုကြောင့် မိုးရေရှိန် အဆမတန် ကြီးမားခဲ့မှုများဖြစ်ပေါ်၍ လူဦးရေ (၆၀)ခန့် သေဆုံးခဲ့ပြီး သောင်းပေါင်းများစွာ ဘေးဒုက္ခကျရောက်လျက်ရှိနေကာ၊ ပုဇွန်ကန်များ၊ လယ်ကွင်းများ၊ တောင်ယာများ၊ ငါးကန်များ၊ ကျွန်းခင်းများနှင့် သစ်ခင်းများ၊ နေအိမ်များနှင့် လမ်းတံတားများ အများအပြား ပျက်ဆီးသွားခဲ့သည်။

ဘူးသီးတောင်မြို့တွင် မြေမြင့်ပိုင်းဖြစ်သော ဈေးကြီး၊ သင်္ဘောဆိပ်လမ်းများသို့ ဒီရေ ၃ ပေအထိတက်ခဲ့ကြောင်းနှင့် မြို့နယ်ဒေသ များအတွင်း ရခိုင်လူထုတချို့ အသေအပျောက်များ အနည်းအငယ်ရှိခဲ့ကြောင်း မောင်တောမြို့မှ ကိုနိုင်နိုင်ကပြောသည်။

မောင်တောမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ ဘင်္ဂလီများနေထိုင်သော ကျေးရွာများမှာ ရေလွှမ်းမိုးမှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့ကြောင်း၊ နတ်မြစ်တွင်ဒီရေမှာ ၈ ပေအထိမြင့်တက်ခဲ့ကြောင်းနှင့် အသေအပျောက်အပျက်အစီးအရေအတွက်ကိုမူ စုံစမ်း၍ မရရှိသေးသဖြင့် ခန့်မှန်းပြောဖို့ ခက်ခဲကြောင်း သူကပြောသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် မောင်တောမြို့နယ်အတွင်းရှိ ပုဇွန်ကန်များမှာ ရေဖုံးလွှမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဆည်ကျိုးပေါက် ရှုံးဆုံးပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မောင်တောမြို့နယ် ဘင်္ဂလီအမျိုးသား ကိုဟာမိက ပြောသည်။

"မိုးက အငြိုးကြီးကြီးနဲ့ ရွာတာဖြစ်လို့ ဆည်တွေ ကျိုးပေါက်သွားတာပါ၊ ရေဖုံးလွှမ်းတော့ ပုဇွန်တွေက အကုန်လုံး ဆယ်မကျိုးခင် ကတည်းက ရှုံးဆုံးသွားပါပြီ၊ ပုဇွန်ဆည်တခုစီရဲ့ တန်ဖိုးကတော့ အကြီးအငယ်နဲ့ဆိုင်ပါတယ်၊ ဒါပေမဲ့ များသောအားဖြင့်တော့ မြန်မာကျပ် သိန်းချီ ရှုံးဆုံးသွားကြတာပါဘဲ၊ မင်းပြားမှာလည်း အကြီးအကျယ် ရှုံးဆုံးသွားကြတယ်လို့ မိတ်ဆွေတွေက ဆိုပါတယ်၊ အရေအတွက် အတိအကျ မပြောတတ်ပေမဲ့ ဆည်တာတမံ ၅ ခုတော့ ကျော်မယ်ထင်တယ်ဗျာ၊ ကျွန်တော် ပုဇွန်ကန်ကတော့ ရွံ့နစ်ဘဲကျန်ခဲ့ တယ်ဗျာ။"ဟု ရှင်းပြသည်။

ထို့ပြင် မောင်တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ရှိ ငါးမွေးမြူရေးဆည်ကန်များ တချို့ပါ ကျိုးပေါက်သွားခဲ့ကြောင်းနှင့် ဆည်အနီးအနားရှိ လယ်မြေတချို့ပါ မြေလွှမ်းမှုများဖြစ်ပေါ်နေ၍ မိုးစပါးအတွက် အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း ဆက်လက်ပြောသည်။

မောင်တောမြို့နှင့် မျက်နှာချင်းဆိုင်တည်ရှိသော နတ်မြစ်တဘက်ရှိ တာခ်နာမြို့နယ်တွင် စာသင်ကျောင်းများသို့ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့၍ ယနေ့အထိ ကျောင်းပိတ်ထားရကြောင်း၊ တောင်ပြိုကျမှုကြောင်း အနည်းဆုံး ၂၀ ဦးရေကျော်ထိ သေဆုံးမှုများ ရှိနေကြောင်း၊ ငါးပုဇွန်ဆည်များ ကျိုးပေါက်သွားခဲ့ကြောင်း၊ လူနေအိမ်များ ရေလွှမ်းမိုးမှုများရှိနေ၍ သောင်းချီဒုက္ခသည်များ စားနပ်ရိက္ခာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသထုတ် သတင်းစာများက ဆိုသည်။

ထို့ပြင် စစ်တကောင်းတောင်တန်းဒေသရှိ ရင်ဂါမိတီခရိုင်၊ ဘင်ဒရိုဘင်မြို့နယ်၊ ကော့စ်ဘဇားခရိုင်အတွင်းရှိ မြို့နယ်ကျေးရွာများအတွင်း မိုးရေရှိန်မြင့်မား၍ ရေလွှမ်းမိုးပြီး တောင်ပြိုကျမှုများကြောင့် ငှက်ပျိုးပင်၊ ကျွန်းပင်၊ ငါးဆည်တာတမံများ၊ လယ်ယာတောင်များ၊ နနွမ်းခင်းများ၊ ဂျင်းဂျီးခင်းများ၊ မိုးရာသီအတွက် စပါးပျိုးခင်းများ၊ မြေဖုံး၍ နေအိမ်အတွင်း သေဆုံးသွားကြသူ ၄၀ နီးပါးအထိ၊ ဒဏ်ရာ ရရှိသွားသူများ၊ လမ်းတံတားများနှင့် ကြက်နွားမွေးမြူရေးခြံများ ရေမြေလွှမ်းမိုးမှုများကြောင်း အများအပြား ရှုံးဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

"မိုးကတအားကို ဖိပြီးရွာပါတယ်၊ ကျွန်တော်ငါးကန်ကို ဖေါက်ပစ်ဖို့ကြံနေစဉ်မှာ ဆည်ကျိုးပေါက်သွားပါတယ်၊ မိုးရာသီတနှစ်လုံးအတွက် မိုးရွာသလားလို့ စဉ်းစားမိပါတယ်၊ ရေကြီးပြီးဆည်ကျိုးတယ်၊ မြေနူးပြီး တောင်ပြိုတော့ အခင်းအရာတွေပါသွားတယ်၊ ဒုက္ခခံပြီး လုပ်ထားတော့ ပြန်လုပ်ဖို့အတွက် စိတ်ရော၊ ငွေရော၊ လူပါ ဘာဆိုဘာမှ မစဉ်းစားချင်တဲ့ အခြေအနေ ဖြစ်နေပါတယ်၊ ဒီကနေ့ ရာမူး (ပန်းဝါမြို့)အထိ လမ်းတွေလည်း လုံးဝလူတောင် သွားမရသေးဘူး။"ဟု မိုးရေလွှမ်းမိုး၍ ရှုံးဆုံးခဲ့ရတဲ့ မရှက်ချောင်းဒေသမှ ကိုအညိုက ပြောသည်။
မရှက်ချောင်းဒေသအတွင်းရှိ ငါးမွေးမြူရေးဆည်တာတမံ ၇ ခုကျိုးပျက်သွားခဲ့ကြောင်း၊ တောင်ယာခင်း ၁၀ ကျော်ပျက်စီးသွားခဲ့ကြောင်း၊ ကျွန်းခင်း ၃ ခုပျက်စီးသွားခဲ့ကြောင်း၊ ကွမ်းခင်း ၁၀ နီးပါးထိ ပျက်စီးသွားခဲ့ကြောင်း၊ ခရမ်းခင်းနှင့် တခြားဟင်းခင်းများ ပျက်စီးသွားခဲ့ကြောင်းနှင့် ကော့စ်ဘဇားမြို့နယ်နှင့် တာခ်နာမြို့နယ်များရှိ ပုဇွန်ကန်များ ပျက်စီးသွားခဲ့မှု တာကာ ၁၀ ကျော်တန်ဖိုးနှင့် နေအိမ်တချို့ ပျက်စီးသွားခဲ့ကြောင်း သူကဆက်လက်ပြောသည်။

ယခုအခါ ဘင်္ဂလာတွင် မိုးကြီးရွာသွန်းမှုကြောင့် သိန်းချီပြီး လူထုများ အိုးမဲ့အိမ်မဲ့ဖြစ်နေကြရပြီး ပြန်လည်ထူထောင်ရေးအတွက် စီစဉ်ဆောင်ရွက်မှု ယခုအချိန်ထိ လုံးဝမရှိသေးကြောင်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/243-2012-06-28-06-16-32