Monday, June 4, 2012

ဂုဏ်သိပ်ခါရှိသောချစ်ခြင်းမိတ် တာ (၂)

ပထမ ရီးရေအက်ဆေးမှာ အချစ်ဆိုစွာကို မုန်တိုင်းတစ်ခု အနေနဲ့ တင်စားထားလိုက်မိရေအတွက်နန့် အချစ်ဆိုစွာရေ အနုတ်လက်ခဏာဆောင်ရေ အရာတစ်ခု၊ ဘ၀၏တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစီရေ အရာတစ်ခု အဖြစ်တဖက်သတ်ဆန်ဆန်ကောက်ချက်မဆွဲကတ်စီချင်ပါ။ အမှန်ဆိုကေ လူတစ်ယောက်ရေ ဘ၀မှာ အခက်အခဲ ဒုတ်ခတိကို ရင်ဆိုင်ပြီးခါမှတဖြည်းဖြည်းချင်းတည်ငြိမ်ရင့်ကျက်လာကတ်စွာပါရာမနှား။ လောကဓံအခက်အခဲတိက ဓါးသွီးကျောက်တစ်ခုပိုင် လူတစ်ယောက်ဘ၀ကို ပိုပိုထက်မြလာစီဖို့ သွီးပီးထားကတ်စွာပါရာမနှား။ မုန်တိုင်းကြောင့်ဖြစ်လာဖို့ အပျက်အစီး အဆုံးအရှုံးတိကိုကြောက်လို့ ဆိုပြီးကေ မုန်တိုင်းကိုအမြဲတမ်းရှောင်နီဖို့ဆိုစွာမဖြစ်နိုင်ပါ။ တစ်ချိန်မဟုတ်ကေတစ်ချိန် ကြုံဗျယ်တွီဖို့စွာပါဗျယ်။ မုန်တိုင်းကို ဇာပိုင်ပုံစံမျိုးနန့် ရင်ဆိုင်ဖို့လဲဆိုစွာရာ၊ အဓိကအရေးအကြီးဆုံးဖြစ်ပါဖို့။ အချစ်ကို မီးတစ်ခုအဖြစ်လေ့ တင်စားကတ်ပါသိရေ။ အချစ်နန့်တွီရေလူတိကို မီးကိုတိုးသော ပိုးဖလံမျိုးလို့လည်းပြောကတ်ပါသိရေ။ မီးဆိုစွာ ပူလောင်ပြီးကေ၊ လူတိကိုလောင်ကျွမ်းစီတတ်တေ သဘောသဘာဝ ရှိကေလေ့၊ ယင်းမီးကြောင့်ဗျယ် မိုက်မှောင်နီရေအချိန်အခါ အလင်းရောင်တိကို ရရှိခံစားနိုင်ကတ်စွာမဟုတ်ပါလား

အမှန်ဆိုကေ အချစ်ဆိုရေစိတ်ခံစားချက်ချေတစ်ခုရေ ကျွန်တော်ရို့  မျိုးရိုးတစ်ခုလုံး၊ မျိုးဆက်တစ်ခုလုံးနန့် ဆက်နွယ်ပက်သက်နီကတ်ပါရေ။ စင်ကာပူမှာ (၂၀.၅၂၀၁၂) က လုပ်ဖြစ်ခကတ်တေ စလုံးနွီဆိုရေ ကဗျာရွတ်ပွဲချေမှာ လွတ်ကျလားခရေမီးရှူးတိုင်ချေတိ ဆိုရေ ကဗျာချေတစ်ပုဒ်ကို ရွတ်ဖတ်ဖြစ်ခပါရေ။


လွတ်ကျလားခရေ မီးရှူးတိုင်ချေတိ


ရိုးတောင် တစ်ဖက်ခြမ်းမှာ
ရယ်ဒီမိတ် အိုအေစစ်ကို ရှာယင်း.......
တဒင်္ဂ အတွီ့ အထိ
ငါးဖြာ အာရုံ၊ ညှို့  ချက်ပြင်းပြင်းတိ့အောက်မှာ
သတိလက်လွတ် လွတ်ကျလားခရေ
နှစ်ပေါင်း ရာထောင်ချီလက်ဆင့် ကမ်းလာရေ
အသျှင် နာဂိန်ဒ မီးရှူးတိုင်ချေတိ့
ထိုမှာ...ဒေမှာ...
မီးစာကလည်းကုန် ဆီကလည်းခမ်း
မထွန်းပ မလင်းလက်နိုင်ဗျယ် ဂါ......
လူကို ရာ လက်ညှိုးမထိုး
ကိုယ့်ကိုယ်ကိုရာ မှန်ထဲပြန်မြင်
( ငါ က ၀ါ )
ဆားငန်ရီနောက် ငတ်တိုင်းသောက်
သောက်လီသောက်လီ ငတ်မပြေနန့်
ယစ်မှုး နစ်ဝင်ယင်း
ကိုယ့် ဇစ်မြစ်ကို ကိုယ်မိန်
ကိုယ့် မျိုးရိုးဂုဏ်သိပ်ခါ ကို ကိုယ်မိန်
ကိုယ့် တန်းဖိုးကို ကိုယ်မိန်
ကိုယ့် တာဝန်ကို ကိုယ်မိန် ပြီးကေ
သစ်စာဖောက် စံရဖွီတစ်ယောက် အဖြစ်
ငါ့ မျိုးဆက်တစ်ဆက်လုံးကို အမဲစက်ထင်းထင်းနန့်
ရာဇ၀င်ထဲမှာ ထားခဲ့လီဖို့လား...............
.....
မိုးမြင့်ကြယ်


ဟိုး..... အရင်ကဆိုကေ၊ ကျွန်တော်ရို့ အားလုံး၊ အများစုရေ ရိုးတောင်ခြီ၊ ရီပြာကမ်းရိုးတန်းမှာရာ အနီများခကတ်ပါရေ။ ဒေဖက် ရိုးတောင်တစ်ဖက်ခြမ်းကို ဖြတ်ကျော်ပြီးကေအခြီချ အနီကျလားကတ်ရေ ဆိုစွာ၊ လက်ချိုးရီတွက်လို့ ရအောင်ကို နည်းပါးလွန်းခပါရေ။ ယေဒါလေ့ အခုခေတ် ၂၁ရာစုမှာတော့ခါ၊ အများစုက မိမိရို့ ဘ၀ရှင်သန်ရပ်တည်ခွင့်ရဖို့အတွက်၊ စက်ရုံအလုပ်ရုံ အလုပ်အကိုင်ရှာပါးလွန်းလှရေ မွီးရပ်မြီကို စွန့်ခွါပြီးကေ၊ စွန့်စွန့်စားစားနန့် ရိုးတောင်တစ်ဖက်ခြမ်းကိုရောက်လာကတ်ပါရေ။ တချို့ကလည်း ပညာရှာချင်ရေ အတွက်နန့် ရောက်လာကတ်ပါရေ။ ဇာပိုင်ရည်ရွယ်ချက်မျိုးနန့်ပင်ရောက်လာ၊ ရောက်လာ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်လူမျိုးတိရေ၊ (လူဦးရေ ၂ သိန်းကျော်ရှိရေအတွက်နန့်) ရန်ကုန်မှာ တိုင်းရင်းသားရေးရာ ၀န်ကြီးတစ်ယောက်အတွက် မဲဆန်ဒ တစ်ပြားတခြားလူတိထက် ပိုထည့်ခွင့်ရလားခကတ်စွာကို ကြည့်ခြင်းအားဖြင့်၊ အစုလိုက်အပြုံလိုက်ပြောင်းရွီရောက်ရှိလာကတ်တေဆိုစွာထင်ရှားပါရေ။ လမ်းပန်းဆက်သွယ်ရေး ကလေ့စကားပြောခပါသိရေ။ အယင်ခါဆိုကေ ရန်ကုန်ကိုလာဖို့အတွက် ရက်ပေါင်းများစွာကြာရှည်ရေ ရီလမ်းခရီးနန့်၊ စရိတ်စက ကြီးမားရေ လေယဉ်ခရီးရာ ရှိခကေလေ့သော့၊ သက်ကရာဇာ် ၂၀၀၀ နောက်ပိုင်းမှာ ဖွင့်လှစ်လာရေ၊ ရန်ကုန် စစ်တွေကားလမ်းမကြောင့် (လမ်းတိက ပျက် အစဉ် ပျင်ခဏဖြစ်နီကေလေ့) သာမာန်လူတိလေ့ ရန်ကုန်ကို အိမ်ဦးနန့် ကြမ်းပြင်ပိုင် လူးလားခေါက်တုံလားနိုင်လာကတ်ပါရေ။

 ဒေအကြောင်းတိကို ဖော်ပြရရေ အကြောင်းရင်းက၊ တခြားတိုင်းရင်းသားတိမှာ သွီးနှောခံလားခရရေ ပုံစံနန့်၊ ကျွန်တော်ရို့ ဘားမှာ သွီးနှောလားဖို့ဖြစ်နီရေ အခြေအနေချင်း မတူဆိုစွာကိုပြောချင်လို့ပါ။ သူရို့ က ကိုယ့် ဥခွံချေထဲမှာ နီယင်းနန့် ကိုယ့် ဥခွံထဲကို အပြင်ကလူတိကတိုးဝင်လာပြီးကေ ရောရောနှောနှောဖြစ်လားခစွာပါ။ ကျွန်တော်ရို့ မှာ က ကိုယ့်ဥခွံချေထဲကနီ မလွဲသာမရှောင်သာလို့ ထွက်လာကတ်ယင်းနန့် သွီးနှောလားနိုင်ရေအခြေအနေတစ်ခု ဖြစ်လားခစွာပါ။
ချောင်းရိုး၊ မြောင်းရိုးရာ ကွယ်ပျောက်လားတတ်တေ လူမှာ မျိုးရိုးဆိုစွာ မကွယ်ပျောက်တတ်ဆိုရေ စကားရေ၊ စကားအဖြစ်ရာရှိစွာပါ။ အခုဆိုကေ မြန်မာပြည်မြောက်ပိုင်းကတိုင်းရင်းသားတိ နီထိုင်ရေ နေရာဒေသတိကို အောက်ပြည်အောက်ရွာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က အလုံးအရင်းနန့် ပြောင်းရွေ့ လာကတ်တေ ဗမာတိုင်းရင်းသားတိနန့်၊ နယ်စပ်ဒေသ က ရှမ်းတရုတ်တိ၊ ပြည်ကြီးတရုတ် ပေါက်ဖော်တိ စသည်အားဖြင့် ရောနှောနီထိုင်ဖြစ်လားခကတ်ပြီးကေ၊ တဖြည်းဖြည်းချင်း သွီးနှောဝါးမျိုလားကတ်တေ အခြေအနေတိရှိနီပါရေ။ တခြားတခြားသော တိုင်းရင်းသားတိမှာလေ့ သူ့နေရာနန့်သူ၊ သွီးနှောခံလားရကတ်ပြီးကေ၊ အမျိုးပျောက်လားနိုင်ရေ အခြေအနေတိရှိနီကတ်ပါရေ။ အမြတ်တနိုး အဆက်ဆက် ဂုဏ်ယူလာကတ်တေ မျိုးရိုးဂုဏ်ဆိုစွာလေ့ မသိမသာ နန့်ချောင်ထိုးခံနိန်ကတ်ပါရေ။

တခြားတိုင်းရင်းသားတိနန့် စာကေ ကျွန်တော်ရို့  ရခိုင်တိုင်းရင်းသားတိက၊ ကိုယ့်မျိုးရိုးကို ထိန်းသိမ်းကတ်တေ နိန်ရာမှာ (တခြားလူတိ အံသြချီးကျူးရလောက်အောင်)  စံပြဖြစ်နီရေလို့ဆိုရလောက်အောင် ထိန်းသိမ်းထားနိုင်ကတ်စွာကတော့ကေ ဂုဏ်ယူဝင့်ကြွားစရာပါ။ ယေကေလေ့သော့ ယင်းအခြေအနေရေ (တနားကပြောခရေပိုင်) ရိုးတောင်ခြီမှာဗျယ်၊ တသီးတသန့် နီခကတ်အခါကလုံးဝစိုးရိမ်စရာအရာတစ်ခုမ ဟုတ်ခကေလေ၊ ဒေဂုပိုင် ရိုးတောင်တဖက်ကို အလုံးအရင်းနန့်ရောက်လာကတ်ပြီးကေ နီထိုင်ဖြစ်လာကတ်တေအချိန်အခါမှာပါဝါ။ အားလုံးသူ တစ်ယောက်မကျန်၊ ကိုယ့်မျိုးရိုးကို ကိုယ်၊ ထိန်းသိမ်းကာကွယ်စောင့် ရှောက်နိုင်ကတ်သိယင့်လားဆိုစွာ မေးခွန်းတစ်ဖြစ်လာပါရေ။

ကဗျာထဲမှာ ပါရေပိုင်ပါဗျယ်။ ရိုးတောင် တစ်ဖက်ခြမ်းကို ရောက်လာကတ်တေ အချိန်အခါမှာ၊ ခက်ခဲကြမ်းတမ်းရေ လောက သဲကန်ဒရ တစ်ခုကိုရောက်လားခရေ ပိုင်ပါဗျယ်။ အမိဝီး၊ အဖ၀ီး၊ ညီအစ်ကို မောင်နှမ။ ချစ်သူ ခင်သူတိနန့် ၀ီးရပြီးကေ၊ အထီးကျန်ဝေဒနာကို ခံစားလီရကတ်ပါရေ။ ယင်းပိုင်အချိန်မှာ မွမ်းကျပ်မှုကိုဖြေဖျောက်ဖို့ ကြိုးစားယင်း၊ ထွက်ပေါက်မှားလားနိုင်ပါရေ။ မှားလားတတ်တေထွက်ပေါက်က အခြားမဟုတ်ပါ။ အနီးအနီးမှာ ရှိကတ်တေ လူမျိုးခြားမမချေတိ ရင်ခွင်မှာ ပျော်မွေ့ လားတတ်ကတ်တေ။ လူမျိုးခြား မမချေတိက နှုတ်ချိုပါရေ။ ပလီပလာ မာယာတိလေ့လုပ်တတ်ကတ်ပါရေ။ ခိုင်မာရေ စိတ်ဓါတ်မရှိရေ ကလေချေတိဆိုကေ မလွယ်ပါ။ ကပ်ပါလားဖို့ ရာခိုင်နှုန်းများပါရေ။ (ယင်းပိုင်ကပ်ပါလားခစွာကိုတောင်မှ တစ်ချို့က သူရို့  မစောင့်စည်းနိုင်လို့ဆိုပြီးကေ ကိုယ့်အပြစ်ကို ကိုယ် ရိုးရိုးသားသားဝန်မခံဘဲ၊ သူရို့ရေ ရခိုင်သမချေတိကိုပိုးပန်းခဖူးကြောင်း၊ ရခိုင်သမချေတိက သူရို့ ကိုလက်မခံလို့ရာအဂု သူရို့ လူမျိုးခြားမမချေတိနန့်တွဲနီရစွာဆိုပြီးကေ သူရို့ ကိုလက်မခံခရေ ရခိုင်သမချေတိကို အပြစ်လွဲချ၊ အကြောင်းပြကတ်ပါသိရေ။ အဓိပယ်မရှိရေ အကြောင်းပြချက်ပါဗျယ်။ )

တချို့ကတော့ခါ ရယ်ဒီမိတ်အိုအေစစ်တိကို ဘားသို့ လားဖြစ်လားခကတ်တေ။ ရန်ကုန်ဆိုရေ မြို့ကြီးပြကြီးမှာ ရယ်ဒီမိတ်အိုအေစစ် တိက မရှား။ အနှိပ်ခန်းလို့ နာမည်တတ်ထားပြီးကေ အမှန်တကယ်တော့ခါ ပြည့်တန်ဆာလုပ်ငန်းတိကို တစ်ဖက်လှည့်နန့် လုပ်ကိုင်နီကတ်စွာများပါရေ။ ယင်းပိုင်နန့် လူမျိုးခြားမမချေတိနန့် သိသိသာသာ ငြိစွန်းလားခကတ်တေ ရခိုင်သားကလေချေတိရေ လက်ညှိုးထိုးပြစရာ ဟိုမှာ ဒေမှာ တွီလာကတ်ရပါရေ။ သေချာပြီးကေ သနားဖို့ကောင်းစွာ က သူရို့ အားလုံးရေ၊ ဂုဏ်သိပ်ခါရှိရေ ချစ်ခြင်းမိတ်တာ နန့် ၀ီးကွားလားခကတ်ပြီးကေ၊ငါးဖြာအာရုံကာမဂုဏ်နွံထဲမှာ၊  ကျွံကျလားခကတ်တေဆိုစွာပါဗျယ်။

 အချစ်စိတ်နန့် ပက်သက်ပြီးကေ၊ ဆရာကြီးဦးဧမောင်က လူ့စိတ်သဘာဝကျမ်းထဲမှာ ခေတ်အဆက်ဆက်ပေါထွန်းခဖူးရေ အချစ်နန့်ပက်သက်တေကျမ်းဂန်တိရေ အမှန်တကယ်တော့ခါ ကာမသျှတရ ကျမ်းများရာဖြစ်တေဆိုစွာ အကြောင်းနန့်၊ အချစ်စိတ်နန့် ကာမစိတ်ဆိုစွာ မတူညီဆိုရေအကြောင်းတိကို အချက်ကျကျရွီးသားထားစွာ ဖတ်ရှုမှတ်သားဖူးပါရေ။ ယင်းဆရာကြီးရွီးထားလို့၊ ယင်းစာအုပ်မှာပါလို့ မတူလို့ပြောရစွာ မဟုတ်ပါ။ အမှန်တကယ်လေ့ အချစ်ကိုမြတ်မြတ်နိုးနိုးတန်ဖိုးထားမိရေ လူတစ်ယောက်ဆိုကေ၊ ဇာလောက်ထိမတူကွဲပြားခြားနားလေဆိုစွာကို ခံစားနားလည်နိုင်ပါဖို့။ ကာမဂုဏ်စိတ်အာရုံတိက အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ လွင့်ပါးပျောက်ကွယ်လားတတ်တေ သဘောသဘာဝ ရှိကေလေ့၊ ချစ်မြတ်နိုးတွယ်တာရေ စိတ်ကတော့ခါ၊ ဘ၀တစ်လျှောက်လုံး အဖိုးရှင် အဘောင်ရှင်ဖြစ်လားသိတိုင်အောင်၊ ကိုယ့်ချစ်သူကို မြတ်မြတ်နိုးနိုးနန့်တန်ဖိုးထားချစ်ခင်မြတ်နိုးလီပါဖို့။  နောက်တစ်ချက်က စစ်မှန်ရေ၊ တန်ဖိုးရှိရေ အချစ်ခြင်းမိတ်တာ ဆိုစွာ တူညီရေ သမိုင်းနောက်ခံနန့်၊ တူညီရေယဉ်ကျေးမှုရှိရေ၊ ကိုယ့်လူမျိုးအချင်းချင်းကြားမှာ ရာဖြစ်ပေါနိုင်လီပါဖို့ဆိုစွာပါ။ ဇာဖြစ်လို့လဲဆိုကေ အချစ်တစ်ခုမွီးဖွားလာဖို့ အတွက်တစ်ယောက်နန့်တစ်ယောက်နားလည်မှုကအရေးအကြီးဆုံးပါ။ အပေါယံနားလည်မှုမျိုးမဟုတ်ဘဲ နှလုံးသားထဲကနီ၊ တစ်ယောက် စိတ်ခံစားချက်ကိုတစ်ယောက် အပြန်အလှန်၊ ( ဖွင့်ပြောဖို့မလိုဘဲနန့်) အရိပ်အကဲကို ကြည့်ရုံနန့်ပင် နားလည်နိုင်ကတ်တေ နားလည်မှုမျိုးကိုဆိုလိုစွာပါ။ ယင်းပိုင်နားလည်မှုမျိုးကို ကိုယ့်ရခိုင်သမချေတိကလွဲကေ၊ ဇာလူမျိုးခြားမမချေတိက ပီးနိုင်လီပါဖို့လဲယေ။ ပြီးကေ အတူတူနီဖြစ်လားကတ်တေအခါမှာဆိုကေလေ့ ကိုယ့် ရခိုင်သမချေတိက ရာ ကိုယ့်ရခိုင်သားချေတိကြိုက်တတ်တေ၊ ထမင်းတိ၊ ဟင်းတိကို၊ အရသာရှိရှိ ချက်ပြုတ်ကျွးမွေးတတ်ကတ်ပါဖို့။

ယေဇူနန့် ဟိုးအယင်ခေတ်အဆက်ဆက်ကပင် နှစ်ပေါင်းရာထောင်ချီလို့ စောင်းစည်းထိန်းသိမ်းလာရေ မျိုးရိုးအစဉ်အဆက် မီးရှူးတိုင်ကြီးကိုဆက်လက်ပြီးကေ၊ (ဇာပိုင်အခြေအနေမှာပင် ဖြစ်ဖြစ် ၊ ဇာနေရာဇာဒေသကိုပင်ရောက်ရောက်) အစဉ်အဆက် မပျက်မကွက်လက်ဆင့်ကမ်းလို့ သယ်ယူလားကတ်ဖို့ အရေးကြီးပါရေ။ ယင်းပိုင်သယ်ယူလားခြင်းသည်ပင်၊ ကိုယ့်အတွက်ပါ၊ ကိုယ့်မျိုးဆက်အတွက်ပါ ဂုဏ်ယူ ၀င့်ကြွားစရာ အရာတစ်ခုဖြစ်တေပိုင်၊ လူ့ဘ၀မှာ အဖိုးထိုက်အဖိုးတန်ရေ၊ ရတနာတစ်ပါးဖြစ်တေ၊ ဂုဏ်သိပ်ခါ ရှိရေ ချစ်ခြင်းမိတ်တာဆိုစွာကိုလေ့ ရယူပိုင်ဆိုင်ခွင့်ရလီကတ်ဖို့ဖြစ်ပါရေ။


မိုးမြင့်ကြယ်

(၃၀. ၅. ၂၀၁၂)

2:06 AM

No comments:

Post a Comment