Saturday, June 2, 2012

မြန်မာ့ပို့ကုန်မှ ဘင်္ဂလာနိုင်ငံတော်ဝင်ငွေ ၆၁၃၂၈၃၉၇ တာကာ ရရှိ


Written by သဇင်ဥ    Sunday, 03 June 2012 02:54   PDFPrintE-mail
Exports Growthမြန်မာ့တင်ပို့ကုန်ကြောင့် ဘင်္ဂလာ အမျိုးသားနိုင်ငံတော်ဝင်ငွေ မေလတွင် ၆၁၃၂၈၃၉၇ တာကာ အကောက်အခွန် ရရှိကြောင်း သက်ဆိုင်ရာ တာခ်နာမြို့ဆိပ်ကမ်း အကောက်ခွန်က ပြောဆိုလိုက်သည်။

သို့သော်လည်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာဆိပ်ကမ်းမှ အကောက်ခွန် အနေဖြင့် လစဉ်နိုင်ငံတော်ဝင်ငွေအား ၇၂၀၀၀၀၀ တာကာ ရရှိရန် ခန့်မှန်းထားကြောင်း ပြောသည်။

ယင်း အမျိုးသားနိုင်ငံတော်ဝင်ငွေမှာ ခန့်မှန်းထားသည်ထက် ၁၀၆၇၁၀၆၅ တာကာ လျော့ဆင်းသွားသည်အတွက် အမျိုးသား နိုင်ငံတော် ၀င်ငွေ ထိခိုက်နစ်နာကြောင်း ဆိုသည်။

Myanmar-Bangladesh Join Working Grouping (MBJWG) ကိုယ်စားလှယ်များ အနေဖြင့် Doing Business between Bangladesh and Myanmar and Payment Mechanism အမည်ရှိ တွေ့ဆုံဆွေးနွေးပွဲတခုကို ဒက္ကားမြို့ ရုပါဆိဘင်္ဂလာ ဟိုတယ်တွင် ကြာသပတေးနေ့က ပြုလုပ်ခဲ့ကြောင်း ယမန်နေ့ကထုတ် The Daily Ajker Deshbidesh သတင်းစာတွင် ဖေါ်ပြချက်အရ သိရှိရသည်။

ယင်းဆွေးနွေးပွဲသို့ ဘင်္ဂလာမှ ကေဘီ အာဟာမတ်နှင့် လေကြောင်းဆိုင်ရာအမတ် မိုဟာမတ် ဟာရုက် ခါန်းနှင့် မြန်မာမှ ဦးရန်ဝင်း၊ ဘဏ်ဆိုင်ရာအကြီးအကဲ ဒေါက်တာ စိန်မောင်နှင့် စီးပွားရေးအကြီးအကဲ ဦးမောင်မောင်စိုး တို့ ဦးဆောင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း ဖေါ်ပြသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား စီးပွားရေးအရ လေကြောင်းအလျှင်အမြန် ပျံသန်းနိုင်ရေး၊ ကုန်သင်္ဘောကြီးများဖြင့် တင်ပို့ရေး၊ ကုန်ကားကြီးများဖြင့် ကုန်တင်ပို့နိုင်ရန် နယ်စပ်လမ်းဖောက်လုပ်မည့်ကိစ္စ၊ ဘာဏ်စနစ်ဖြင့် ငွေလွှဲပြောင်းရာတွင် လွယ်ကူချောမောရေးအပြင် တခြားစီးပွားရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

ယင်း ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့ကြသူများ အနေဖြင့် လာမည့်လတွင် စီးပွားရေးတိုးချဲ့လုပ်ကိုင်မည့် စာချုပ်များကို ထပ်မံအတည်ပြု ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ဘင်္ဂလာဘက်မှ ဆိုနာလီဘဏ်မှတဆင့် ငွေလွှဲပြောင်း လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

MBJWG အဖွဲ့ဝင်များဖြစ်ကြသော ဘင်္ဂလာဘက်မှ ကိုယ်စားလှယ် (၁၅)ဦးနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်မှ ကိုယ်စားလှယ် (၃၃)ဦးတို့ လွန်ခဲ့သော မေလ (၂၈-၂၉)ရက်နေ့တို့တွင် မြန်မာ-ဘင်္ဂလာအကြား စီးပွားရေးကိစ္စကို စစ်တွေမြို့ရှိ စစ်တွေဟိုတယ်တွင် ဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား စီးပွားရေးတရားဝင် စာချုပ်ကို လွန်ခဲ့သော ၁၉၉၇ ခု၊ စက်တင်္ဘာလ(၅)ရက်နေ့က ချုပ်ဆိုခဲ့သည်။ ယခုကဲ့သို့ နှစ်နိုင်ငံအကြား စီးပွားရေးတိုးချဲ့ဆောင်ရွက်နိုင်ရန် မြန်မာ-ဘင်္ဂလာ-အိန္ဒိယ-တရုတ်-ထိုင်း-မလေးရှား ခြောက်နိုင်ငံတို့မှ စီးပွားရေးသမားများ စိတ်ဝင်တစား ဘက်ပေါင်းစုံမှ ကူညီပံ့ပိုး ဖိအားပေးခဲ့ကြပြီး ၂၀၀၀ ခုနှစ်ကတည်းက စတင်ကာ အကောင်အထည်ဖေါ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ-ဘင်္ဂလာအကြား ဆန်၊ စပါး၊ ငါးခြောက်-ငါးစိမ်းမျိုးစုံ၊ ဆန်ပင်၊ အယ်လူမီနံယံ၊ သစ်၊ ၀ါး၊ အိမ်မွေးတိရစ္ဆာန်မျိုးစုံ၊ အ၀တ်အထည် မျိုးစုံ၊ ဘိလပ်မြေ၊ ဓါတ်မြေသြဇာ၊ ယိုစုံမျိုးစုံအပြင် တခြားကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့ကြသည်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား စီးပွားရေးအရ ကူးလူးဆက်ဆံရေးကို တိုးချဲ့ဆောင်ရွက်နိုင်ရန် လွန်ခဲ့သောအပတ်က အိန္ဒိယနိုင်ငံတွင် သက်ဆိုင်ရာ စီးပွားရေးသမားများက တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/167-2012-06-03-03-40-43

No comments:

Post a Comment