Friday, May 18, 2012

နစက အဂတိလိုက်စားမှုကြောင့် မူးယစ်မှောင်ခိုသမားများ လွတ်မြောက်သွား

Written by သဇင်ဥ    Friday, 18 May 2012 04:26   PDFPrintE-mail
yaba1မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး အမြောက်အများဖြင့် လွန်ခဲ့သော တစ်ပတ်ကျော်က ဖမ်းဆီးရခဲ့သည့် ဘင်္ဂလီ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးသမား (၄)ဦးကို လာဒ်ငွေ ကျပ်သိန်း (၁၀၀)ခန့် (တာကာ ၈ သိန်း)ယူပြီး လွှတ်ပေးလိုက်ကြောင်း နစကနှင့် နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။

နစကအနေဖြင့် မြန်မာလုပ် (ရာဘ)မြင်းဆေးလုံးနှင့် တခြားမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သော ဘင်္ဂလီများကို မေလ(၁၄) ရက်နေ့က လွှတ်ပေးလိုက်ကြောင်းနှင့် ယင်းတို့မှာ ရခိုင်ပြည်-ဘင်္ဂလာအကြား တည်ရှိသော ဘင်္ဂလာပိုင်နက် ဆတ်မာတင်ကျွန်း အနောက်ဘက်ဒေသမှ ဖြစ်ကြောင်း သိရှိရသည်။

လွတ်မြောက်သွားသည့် ဘင်္ဂလီမူးယစ်မှောင်ခိုသမားများမှာ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါး မှောင်ခိုကူးသန်း ရောင်းဝယ်ဖေါက်ကားမှုကို အကြီးအကျယ် ပြုလုပ်နေသူများဖြစ်ကြောင်း နယ်စပ်တွင်လေ့လာစောင့်ကြည့်သူ အမည်မဖေါ်လိုသူ ဘင်္ဂလီ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းမူးယစ်ဝယ်ယူဖေါက်ကားချိန် ဖမ်းဆီးခံရပြီး လွတ်မြောက်သွားသူများ၏ အမည်များမှာ အာဘ်ဒူလ္လာ၊ ကာလာမ်၊ ဟိုရ်ဒေါင်းအူစ်နှင့် အာဇိဇ် တို့ဖြစ်ကြကြောင်း သူမက အတည်ပြု ရှင်းပြသည်။

သို့သော်လည်း ယခုကဲ့သို့ အဂတိလိုက်စားသော နစကနယ်မြေနှင့် နယ်မြေမှူးတို့ကို လေ့လာစုံစမ်း၍ မရရှိသေးပေ။ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မူးယစ်ဆေးဝါးမျိုးစုံတို့ကို နစကနယ်မြေ အခြေစိုက် အာဏာပိုင်များနှင့် တဖက်ဘင်္ဂလီများနှင့် အကျိုးတူ ပူးပေါင်းပြီး အတုလုပ်၍ မူးယစ်ဆေးဝါးသုံးစွဲသူများသို့ ဖြန့်ဝေလျက်ရှိကြောင်း မောင်တောမြို့ ခယကရုံးက ဆိုသည်။

အခုအခါ ကော့စ်ဘဇားခရိုင်အတွင်း ယင်းနစက အဂတိလိုက်စားမှုနှင့် မူးယစ်ဖေါက်ကားသူများ အလွယ်တကူ လွတ်မြောက်လာမှု သတင်းနှင့် ပတ်သက်၍ ဘက်ပေါင်းစုံမှ ဝေဖန်သုံးသပ်မှုများ ရှိနေကြသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/148-2012-05-18-04-34-25

No comments:

Post a Comment