Tuesday, May 15, 2012

မြန်မာ သမ္မတ ဦးသိန်းစိန်က မြောက်ကိုရီးယား နိုင်ငံမှ လက်နက်ဝယ်ယူမှု ရပ်ဆိုင်းလိုက်ကြောင်း ပြောကြား

Tuesday, May 15, 2012


undefined
၁၅ ရက်နေ့  ကိုရီးယား Yonhap News Agency သတင်းတွင် တောင် ကိုရီးယား သမ္မတ လီမြောင်ဘတ် နှင့် မြန်မာသမ္မတ တို့  ၁၄ ရက်နေ့ က တွေ့ ဆုံဆွေးနွေးခဲ့ရာ မြောက်ကိုရီးယားထံမှ
မြန်မာနိုင်ငံက အနှစ် ၂၀ အတွင်း လက်နက်ဝယ်ယူခဲ့မှုများရှိခဲ့ပါသည်ဟု ၀န်ခံပြီး နောက်ပိုင်းတွင်
မ၀ယ်ယူတော့ပါဟု ပြောဆိုလိုက်သည်။   

တောင်ကိုရီးယား အစိုးရအကြီးအကဲပုဂ္ဂိုလ်မှ မြန်မာသမ္မတ ဦးသိန်းစိန်သည် မြောက်ကိုရီးယားအနျူမြူ 
ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့မှု မရှိကြောင်းပြောကြားလိုက်သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များဆွေးနွေးမှုဖြင့် ၂၀၁၀ နှစ်က မြန်မာနိုင်ငံသို့  တရားမ၀င် ၀င်ရောက်ခဲ့မှုဖြင့်
အရေးယူဖမ်းဆီးထားသော မြောက်ကိုရီးယားမှ ထွက်ပြေးလာသူ အမျိုသားတဦးကို ရက်အနည်းငယ်
အတွင်း တောင်ကိုရီးယားနိုင်ငံသို့  ပို့ ပေးမည်ဟု သဘောတူညီမှု ရယူခဲ့ပါသည်။မြန်မာနိုင်ငံသည်
မြောက်ကိုရီးယားမှ ထွက်ပြေးလာသူများက တောင်ကိုရီးယားအစရှိသောနိုင်ငံများ သွားရောက်ရန် ထွက်ပေါက်တခု ဖြစ်နေသည်။ 
http://luthuorthan.blogspot.jp/2012/05/blog-post_1140.html 

No comments:

Post a Comment