Tuesday, May 15, 2012

ဒုက္ခသည်အမည်ခံ ဘင်္ဂလီဓါးပြ ဖမ်းဆီးခံ


မေလ (၁၆)ရက်၊ (သဇင်ဥ)
ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ ဒုက္ခသည်စခန်းတခုမှ ဓါးပြနှင့်အတူ သေနပ်တလက်ကို စခန်းလုံခြုံရေးတပ်ဖွဲ့မှ အင်္ဂါနေ့က ဖမ်းဆီးရမိကြောင်း ယနေ့ထုတ် ဒေသခံ Websiteနှင့် သတင်းစာများက ဆိုသည်။

ယင်း လုပ်သေနပ်နှင့်အတူ ဖမ်းဆီးခံ ဘင်္ဂလီ ပေတိုင်နော် (၂၈)နှစ်အား ကော့စ်ဘဇားခရိုင်မှ ကီလိုမီတာ (၅၀)ကျော်ခန့် ဝေးကွာသည့် နီလာမြို့နယ် လေဒါဒုက္ခသည် စခန်းအတွင်းမှ ဖမ်းဆီးရမိကြောင်း စခန်းလုံခြုံရေးတာဝန်ကျ (အင်န်ဆာအဖွဲ့)က ထုတ်ဖေါ်ပြောသည်ဟု ဖေါ်ပြ ထားသည်။

အင်န်ဆာမှ ယင်း ဖမ်းဆီးရမိသူနှင့်အတူ သေနပ်အား တာခ်နာမြို့ အခြေစိုက် ရဲဋ္ဌာနသို့ တရားဝင်လွဲပြောင်း အပ်နှံလိုက်ကြောင်းနှင့် အခုအခါ ဥပဒေအရ အရေးယူရန် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)က ယင်း တရားမ၀င် ဒုက္ခသည်စခန်းမှ သေနပ်(၃)လက်နှင့် ဓါးပြများအား လွန်ခဲ့သော ဧပြီလ(၂၆)ရက် နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ယင်းသတင်းများကဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင်အတွင်း ဒုက္ခသည်စခန်းများမှာ တရားဝင် ဒုက္ခသည်နှင့် စခန်းအဖြစ် အိုခီးယားမြို့နယ်တွင် ကုတိုးပါလောင်နှင့် တာခ်နာမြို့နယ်တွင် နော်ရာပါရာ စခန်းနှင့် တရားမ၀င် ဒုက္ခသည်နှင့် စခန်းအဖြစ် နီလာမြို့နယ်တွင် လေဒါစခန်းဟု၍ သုံးခုရှိသည်။

ယင်းစခန်းများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဒုက္ခသည်အဖြစ် သတ်မှတ်ထားသူများထက် တရားမ၀င် မိသားစုဦးရေပိုမိုပြီး အတင်းအဓမ္မ ကပ်ခိုနေထိုင်လျှက်ရှိသည်။  

သက်ဆိုင်ရာ ဘင်္ဂလာအာဏာပိုင်များ အနေဖြင့် ယင်းစခန်းများမှ မကြာခဏ မှောင်ခိုသေနပ်များနှင့်အတူ ဓါးပြများ ဖမ်းဆီးရမိကြောင်း ထုတ်ဖေါ်ပြောကြားလေ့ရှိသည်။

အဆိုပါ ဓါးပြများအနေဖြင့် ရခိုင်ပြည်-ဘင်္ဂလာအကြားရှိ နတ်မြစ်နှင့် နယ်စပ်တလျှောက်တွင် မကြာခဏ ဓါးပြထွက်တိုက်လေ့ရှိကြောင်း BGBက ပြောဆိုထားသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ပြည်သူလူထုများအနေဖြင့် ယင်းဒုက္ခသည်စခန်းများမှ ဘင်္ဂလီများ၏ ဒေသအတွင်း ရာဇ၀တ်ပြစ်မှုကျူးလွန်မှုများကို သိရှိနေ၍ လွန်ခဲ့သောနှစ် ဘင်္ဂလာ BBCက စစ်တမ်းကောက်ယူသည့် ကော့စ်ဘဇားမြို့ သတင်းစာရှင်းလင်းပွဲတွင် ရာနှုန်းပြည် ရှုချခဲ့ ကြသည်။ 
http://www.arakantimes.net/burmese/

No comments:

Post a Comment