Thursday, May 17, 2012

မြန်မာ၌ ဆန်စပါးထွက်ကုန်အတွက် ကန်ဒေါ်လာ သန်း(၁၀၀)ခန့် ဗီယက်နမ်မြှုပ်နှံသွားမည်


Written by သဇင်ဥ    Friday, 18 May 2012 00:35   PDFPrintE-mail
hp rice japanဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံတွင် ဆန်စပါးထွက်ကုန်အတွက် ပထမဆုံးအနေဖြင့် ရင်းနှီးမြုပ်နှံခွင့် သဘောတူညီမှု ရရှိသွားခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ သိရှိရသည်။

မြန်မာနိုင်ငံ၏ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်သောကြောင့် ဗီယက်နမ်အနေဖြင့် ယင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ သန်း (၁၀၀)ခန့် ၎င်းတို့အကျိုးအမြတ်ကိုကြည့်၍ ရင်းနှီးမြုပ်နှံသွားရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းမှ တာဝန်ရှိသူက ပြောသည်။

"ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် အခုလို နိုင်ငံရပ်ခြားက ရင်းနှီးမြုပ်နှံတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်၊ ဗီယက်နမ်နိုင်ငံကနေ အခုလို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း (၁၀၀)ခန့် ရင်းနှီးမြုပ်နှံသွားဖို့ ရှိပါတယ်၊ လက်ရှိမှာ အသင်းအနေနဲ့ လက်တွေ့ကွင်းဆင်းဆောင်ရွက်မှုတွေ စတင်လုပ်ဆောင်နေပါပြီ၊ လာမယ့် မိုးစပါးပေါ်ချိန်အတွင်းလောက်မှာပဲ စတင်အကောင်အထည် ဖေါ်လာပါလိမ့်မယ်။"ဟု ပြည်တွင်းသတင်းထောက် ခင်ရတနာက သတင်းတင်ပြချက်အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ အုပ်ချုပ်မှု ညံ့ဖျင်းသောကြောင့် ခေတ်နှင့်အညီ စက်မှုလက်မှု တိုးတက်မှုမရှိ၍ ကမ္ဘာ့ဈေးကွက်သို့ ဆန်စပါးအရည်အသွေးမှီ မတင်ပို့ နိုင်ကြောင်း သိရှိရသည်။

သို့သော်လည်း အခုအခါ ဗီယက်နမ်နိုင်ငံမှ မြုပ်နှံမှုမှာ မြန်မာတွင် ဆန်စပါးထွက်နှုန်းကောင်းအောင်နှင့် ကမ္ဘာ့ဈေးကွက်မီ ဆန်စပါး ထုတ်လုပ်နိုင်အောင်အထိ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် တနိုင်ငံလုံးအတိုင်းအတာအရ ဆန်စပါးစိုက်ပျိုးသည့် ဧကပေါင်း (၁၈)သန်းနီးပါရှိကြောင်းနှင့် ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှု နောက်ပိုင်းတွင် စိုက်ပျိုးဧကများ ပိုမိုတိုးချဲ့များပြားလာမည်ဖြစ်ကြောင်း သုံးသပ်နေကြသည်။

မြန်မာနိုင်ငံအတွင်း ပြည်နယ်အများအပြားတွင် များသောအားဖြင့် လယ်စပါးစိုက်ပျိုးမည့် ဧကပေါင်းမြောက်များစွာကို ကျွဲ-နွား-လူများဖြင့် ထွန်ယက်နေကြပြီး အထူးသဖြင့် ရခိုင်ပြည်တွင် ကျွဲ-နွားများ ခိုးဝှက်ခံရမှုများကြောင့် လူကိုယ်တိုင်ထွန်ယက်နေကြရသည်။
Last Updated ( Friday, 18 May 2012 00:42 )http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/147-2012-05-18-00-38-41  
 

No comments:

Post a Comment