မြန်မာ - ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးအတွင်း မြန်မာ့တင်ပို့ကုန်များမှ ဘင်္ဂလာဆိပ်ကမ်းတခုက မတ်လအတွင်း တာကာ ၅၄၁၂၅၉၂၁ ဘင်္ဂလီအမျိုးသား နိုင်ငံတော်ဝင်ငွေ အကောက်အခွန်ရရှိကြောင်း ဆိပ်ကမ်းတာဝန်ရှိသူ ဟူမရုကော်ဘီက ပြောသည်။
မြန်မာ - ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးအတွင်း မြန်မာ့တင်ပို့ကုန်များမှ ဘင်္ဂလာဆိပ်ကမ်းတခုက မတ်လအတွင်း တာကာ ၅၄၁၂၅၉၂၁ ဘင်္ဂလီအမျိုးသား နိုင်ငံတော်ဝင်ငွေ အကောက်အခွန်ရရှိသည်။ (ဓါတ်ပုံ- အောင်သန်း)မြန်မာ - ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးအတွင်း မြန်မာ့တင်ပို့ကုန်များမှ ဘင်္ဂလာဆိပ်ကမ်းတခုက မတ်လအတွင်း တာကာ ၅၄၁၂၅၉၂၁ ဘင်္ဂလီအမျိုးသား နိုင်ငံတော်ဝင်ငွေ အကောက်အခွန်ရရှိသည်။ (ဓါတ်ပုံ- အောင်သန်း)
ဘင်္ဂလီအမျိုးသား နိုင်ငံတော်ဝင်ငွေမှာ မတ်လအတွင်း ခန့်မှန်းထားသော ၀င်ငွေထက် တာကာ ၄၀၇၈၆ လျှော့ဆင်းရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်နယ်စပ် မောင်တောမြို့နယ်နှင့် နတ်မြစ်တကမ်း မျက်နှာချင်းဆိုင်တည်ရှိသော တာခ်နာမြို့နယ် ဆိပ်ကမ်းမှ ရရှိခြင်းဖြစ်သည်။
အဆိုပါ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင်အတွင်းရှိ တာခ်နာမြို့နယ် နယ်စပ်ဆိပ်ကမ်းမှာ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး ပို့ကုန်-သွင်းကုန် အသေးစိပ်နှင့် နိုင်ငံတော်ဝင်ငွေကို လစဉ်သက်ဆိုင်ရာသို့ တင်ပြလေ့ရှိပြီး ဒေသခံ သတင်းထောက်များအားလည်း ထုတ်ဖေါ်ပြောဆိုလေ့ရှိသည်။
မြန်မာမှ ဘင်္ဂလာသို့ တင်ပို့ကုန်တန်ဖိုး တာကာ ၂၈ ကုဋေ ၆၂၅၆၀၇၈၊ ငွေစာရင်းဇယားပေါင်း ၁၈၀ အရ တာကာ ၅၄၁၂၅၉၂၁ ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေ မတ်လအတွင်း ရရှိခြင်းဖြစ်ကြောင်းနှင့် ဘင်္ဂလာမှ မြန်မာသို့ သွင်းကုန် တာကာ ၁၄၇၂၅၃၆၂ ရှိခဲ့ကြောင်း ၎င်းကအသေးစိပ်ကို အတည်ပြု ပြောဆိုသည်။
မြန်မာမှ အဓိကတင်ပို့ကုန်မှာ ငါးခြောက်၊ ငါးစိမ်း၊ သစ်၊ ၀ါး၊ အိမ်မွေးတိရိစ္ဆာန်နှင့် ဘင်္ဂလာမှ တင်သွင်းကုန်မှာ T-shirt, အ၀တ်အထည်၊ လယ်မူနီယံ၊ ဘိလပ်မြေ၊ ဆံပင်နှင့် တခြားတချို့ကုန်ပစ္စည်းများ ပါဝင်သည်။
ယင်းဆိပ်ကမ်း တာဝန်ရှိသူများက မိမိနိုင်ငံအတွင်း နိုင်ငံရေးတည်ငြိမ်မှုနှင့် လမ်းပမ်းဆက်သွယ်ရေး အသွားအလာများကောင်းလျှင် ဆိပ်ကမ်းမှ ခန့်မှန်းထားသော ၀င်ငွေထက် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ်နေကြသည်။
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင် အစဉ်အလာအရ နှစ်သစ်မင်္ဂလာ သင်္ကြန်ပွဲတော် ကျင်းပနေပြီး ယမန်နေ့ကစတင်၍ တဖက်နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးဖြစ်သော ကုန်လမ်းနှင့် ရေလမ်းများကို ခေတ္တရပ်ဆိုင်းလျှက် ရှိသည်။
http://www.arakantimes.net/burmese/index.php/2013-03-09-12-22-21/398-2013-04-14-01-53-54