Monday, October 31, 2011

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ အစည်းအဝေး တိုးမြင့်လုပ်ဆောင်၊ ရခိုင်ပြည်အတွက် တိုးတက်မှုမရှိ


ဂစ္ဆပသတင်းဋ္ဌာန
အောက်တိုဘာလ(၃၁)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန်ညနေ (၅)နာရီ။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ အစည်းအဝေး တိုးမြင့်လုပ်ဆောင်၊ ရခိုင်ပြည်အတွက် တိုးတက်မှုမရှိ

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ နယ်စပ်စစ်တပ်အကြီးအကဲ ပုံမှန်အစည်းအဝေး တခုကို ရခိုင်ပြည် မောင်တောမြို့တွင် အောက်တိုဘာလ (၃၀)ရက် နေ့က ပြုလုပ်သွားခဲ့သော်လည်း ရခိုင်အတွက် မပါဝင်ကြောင်း သတင်းရရှိသည်။

တပ်မှူးအဆင့်ရှိ အစည်းအဝေးသို့ စစ်အုပ်စုဘက် နစက အကြီးအကဲ မင်းအောင်ကြီး ဦးဆောင်၍ အဖွဲ့ဝင် (၁၇)ဦးနှင့် ဘင်္ဂလာဘက်မှ နယ်စပ် လုံခြုံရေးတပ်ဖွဲ့ (BGB) စစ်တကောင်းမြို့ Central Commander ဗိုလ်မှူးကြီး မိုဟာမတ် ဘော်ဆိရုလ် အိစ္စလာမ် ဦးဆောင်ပြီး (၁၄)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့မှုများတွင် ရခိုင်ပြည်ကောင်းစားရေးအတွက် မည်သည့်အစီအစဉ်များ မပါဝင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်၌ နစက-ဘီဂျီဘီတို့ ကျင်းပသော အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ် စစ်ရေးအခြေအနေ၊ နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးသောင်းကျန်းမှု ပြဿနာ၊ မောင်တောမြို့နယ် တောင်ပြိုဒေသ နယ်စပ်အငြင်းပွားမှု ပြဿနာ၊ နစကမှ ဘင်္ဂလီ ငါးဖမ်းသမားများအား ဖမ်းဆီးထားသည့်ကိစ္စ၊ ဘင်္ဂလာထောင်အတွင်း လွတ်ရက်ပြည့် မြန်မာနိုင်ငံအကျဉ်းသား (၆၀)ဦးအား လွဲပြောင်းလက်ခံရေးကိစ္စ၊ ဘင်္ဂလီသစ်ခုတ်သမားများအား ဖမ်းဆီးနေသည့်ကိစ္စနှင့် နစက-ဘီဂျီဘီ ချစ်ကြည်ရေး ဘောလုံးပွဲနှင့် ဘောလီဘော ကစားပွဲကျင်းပမည့် ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။  

ရခိုင်ပြည်အခြေစိုက် စစ်အုပ်စုအဖွဲ့မှ တခြားဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးခဲ့ကြသူများမှာ ဒုခေါင်းဆောင် ကျော်အောင်၊ အောင်ဟိန်းကျော်၊ ဦးလန်၊ ထွန်းယဉ်ထူး၊ အောင်ဆန်းနိုင်၊ အောင်ပေါ်စုထူး၊ နေအေးထူး၊ သန်းထွန်း၊ မောင်အောင်၊ ရွှေထွန်း၊ မင်းအောင်၊ မင်းမင်းထွန်း၊ ထွန်းထွန်းနိုင်၊ ထွန်းနိုင်ဦးနှင့် တချို့ တက် ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေးသို့ ဘင်္ဂလာဘက်မှ ကော့စ်ဘဇားမြို့ဂိတ် အခြေစိုက် BGB အမှတ် (၁၇)တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး မိုဟာမတ် ခါလေကူဇ္ဖာမာန် (PSC)၊ နတ်ချောင်းဆိုးရီမြို့ အခြေစိုက် BGB အမှတ် (၁၅)တပ်ရင်းမှ တပ်ရင်းမှူး မာဟာဘူဘူရ် ရော်ဟ်မင်းန် (PSC)နှင့် နတ်ချောင်းဆိုးရီမြို့ အခြေစိုက် BGB အမှတ်(၂၈)တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး AJM ဂိုလာမ် မိုစတာဖါ အာလ် မာမူနန်၊ ဗိုလ်မှူး မိုဟာမတ် ဇိယာအူရ် ရော်ဟ်မင်း၊ ဗိုလ်မှူး အာရိဖ် မော်ဟိအူဒိန် အာဟ်မေဒ်၊ ဗိုလ်ကြီး ရော်ကိဘူလ် အီစ္စလာမ်၊ ဆိုင်ဖူလ် အီစ္စလာမ်၊ အာန်ဒ် မိုဟာန်၊ ဆာမီမ် အာဟ်မောက်ဒ်နှင့် အိစ္စမိုင်န် ဟိုဆန်နှင့် ဘော်လီမြို့နယ် အခြေစိုက် BGB အမှတ် (၁၀)တပ်ရင်းမှ တပ်ရင်းမှူး မိုဟာမတ် နုရုလ် မိုမေန်၊ တာခ်နာမြို့ အခြေစိုက် BGB အမှတ် (၄၂) တပ်ရင်းမှ တပ်ရင်းမှူး မိုဟာမတ် ဇာဟိဒ် ဟာဆန် တို့တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း ယနေ့ဒေသထုတ် သတင်းစာများတွင် ဖေါ်ပြထားသည်။

ဘီဂျီဘီတပ်ဖွဲ့မှာ မောင်တောမြို့သို့ တနင်္ဂနွေနေ့ နံက် (၉)နာရီခန့်တွင် စက်ဘုတ်ဖြင့် ရောက်ရှိလာကြပြီး (၁၀)နာရီတွင် နစကနှင့်တွေ့ဆုံ အစည်းအဝေး စတင်ခဲ့ကြောင်းနှင့် နေ့လည် (၂)နာရီခန့်တွင် ဘင်္ဂလာသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။  

နစက-ဘီဂျီဘီ ပုံမှန်အစည်းအဝေးမှာ ၃ လပတ်တကြိမ်စီ သတ်မှတ်ပြုလုပ်လေ့ရှိပြီး ဆုံးဖြတ်လုပ်ဆောင်ချက်များမှာ ၎င်းတို့၏ အကျိုးစီးပွားအတွက်သာ တွေ့ရှိရကာ ရခိုင်ပြည်၌ ပြုလုပ်သော နစက-ဘီဂျီဘီ အစည်းအဝေးများအတွင်း ရခိုင်ပြည်သူများ လုံခြုံရေး အကျိုးစီးပွားအတွက် တစုံတရာမှ နစကအနေဖြင့် ဘင်္ဂလာသို့ ဆွေးနွေးမှု မရှိသေးချေ။ မြန်မာ စစ်အုပ်စုဘက်မှ တက်ရောက်ဆွေးနွေး သူများ၏ အမည်စာရင်းများမှာ ၎င်းတို့၏ စစ်ဝါဒီလုပ်ထုံးလုပ်နည်းများ သမာရိုးကျအရ လိမ်ညာမှုများကြောင့် သေချာမှု မရှိပေ။

Friday, October 28, 2011

ပခုက္ကူမြို့ ရွှေချောင်း ရေကြီး ရေလျှံမှု လူ ၃၀၀ ထက်မနည်း သေဆုံးနှင့်ပျောက်ဆုံးဟု သိရ

ပခုက္ကူမြို့ ရွှေချောင်း ရေကြီး ရေလျှံမှု လူ ၃၀၀ ထက်မနည်း သေဆုံးနှင့်ပျောက်ဆုံးဟု သိရ

အောင်ရှင်
အတွဲ ၂၇ ၊ အမှတ် ၅၄၁ ( ၂၈၊၁၀ - ၄၊၁၁ ၊ ၂၀၁၁)
undefined
ပခုက္ကူမြို့ အဓိက ဆက်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ရွှေချောင်း တံတား ရေကြီးရေလျှံမှုကြောင့် ကျိုးပျက်သွားသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ - ကောင်းထက်
မကွေးတိုင်းဒေသကြီးအတွင်း ယခုလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့
တို့က မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဆိပ်ဖြူမြို့နယ်၊ မြိုင် မြို့နယ်၊ ပေါက်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုနှင့် ရေနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သဖြင့် လူသေ ပျောက်မှုအချို့ရှိခဲ့ပြီး ပခုက္ကူမြို့တွင်
ရွှေချောင်း ရေတိုက်စားမှုကြောင့် လူပေါင်း ၃၀၀ ထက် မနည်း သေဆုံးနှင့် ပျောက်ဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

မြိုင်မြို့နယ်အတွင်းမှ စတင်လာသော ရွှေချောင်းအထက်ဖျားတွင် သင်းပေါင်း ကန်ဆည်၊ သစ်ကြီးတောဆည်၊ မင်းကန်ဆည်၊ ကျောက်ဆောက်ဆည်၊ ဗလုံတောဆည်၊ ကိုင်းဆည်စသောဆည် ခြောက်ခုနှင့် ရေကန်ကြီးအချို့မှရေလျှံမှုနှင့်ကြောင့် ပခုက္ကူမြို့ရွှေချောင်း အနီးရှိ အမှတ်(၂)နှင့် (၃) ရပ်ကွက်များ အိမ်ခြေ ၃၀၀ ကျော် ရေထဲ မျောပါခဲ့ပြီးလူရာနှင့်ချီ၍ သေဆုံး ပျောက်ဆုံးမှု ဖြစ်ပေါ်ခဲ့သည်။
လူပေါင်း ၁,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အမြင့် ၁၀ ပေ မှ ၁၅ ပေခန့်ရှိသော လှိုင်းလုံးများနှင့် မျောပါလာသော သစ်ပင်ကြီး များကြောင့် ရွှေချောင်းအောက်ပိုင်း ဧရာဝတီ မြစ်အနီး ပခုက္ကူမြို့၏အဓိက ဆက်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ရွှေချောင်းတံတား ကျိုးပျက်ခဲ့သည်။

"ရွှေချောင်းတစ်လျှောက် ရွာပေါင်း ၂၀၊ ၃၀ လောက်ရှိမယ်။ ရွာတိုင်း အနည်းဆုံး လူတစ်ယောက် နှစ်ယောက် သေတယ်ကြား တယ်။ ပျောက်နေတဲ့လူတွေလည်း ရှိတယ်။ ပခုက္ကူ အမှတ် (၃) ရပ်ကွက်ကတော့ အဆိုးဆုံးပေါ့။ သေတဲ့လူ ရာချီရှိတယ်"ဟု ပခုက္ကူမြို့ခံ တစ်ဦးဖြစ်သူ ဒေါက်တာ သက်လွင်က ပြောသည်။
ယခုလ ၂၃ ရက်နေ့အထိ ရွှေချောင်းရေ တိုက်စားမှုကြောင့် သေဆုံးသူဦးရေ ၂၁၅ ဦး ရှိခဲ့သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုလ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် သေဆုံးသူ ၁၀၆ ဦးနှင့် ရေမျောအိမ်ထောင်စု အိမ်ခြေ အိမ်ခြေ၂,၀၂၃ ဦးဟု ဖော်ပြခဲ့ပြီး သက်ဆိုင်ရာ နှင့်စေတနာရှင်များက ငွေနှင့်ပစ္စည်း စုစုပေါင်း တန်ဖိုးသိန်းသုံးထောင်ကျော်ဖိုး လှူဒါန်းခဲ့ ကြောင်းလည်း ဖော်ပြထားသည်။
ပခုက္ကူမြို့ ရေဘေးသင့်ဒုက္ခသည်များ အတွက် ရွှေချောင်းအနီးရှိ ဘုန်းကြီးကျောင်း တိုက်များတွင် ကယ်ဆယ်ရေးစခန်း ဖွင့်ထား ပြီး တိလောကရာမ ဘုန်းတော်ကြီးသင်ကျောင်း တွင် ဒုက္ခသည် ၈၀၀ ကျော်နှင့် မိုးကုတ်ဝိပဿနာ ရိပ်သာကျောင်းတွင် ဒုက္ခသည် ၆၀၀ ကျော်ရှိ ကြောင်း သိရသည်။

"ကျွန်တော့မိသားစုဝင်အားလုံး ဆုံးရှုံးခဲ့ တယ်။ ယောက္ခမရယ်၊ မိန်းမရယ်၊ သမီး သုံးယောက်ရယ်၊ သားနှစ်ယောက်ရယ် ပါ။ ရေက ညကတည်းက နည်းနည်းတက်တယ်။ မနက် အစောကြီးကျတော့ ရေလှိုင်းတွေ ကြီးလာတယ်။ နောက်တော့ အိမ်တွေပါသွားတယ်။ နီးရာ သစ်ပင်ကို ဖက်ထားရတယ်။ အဲဒီအထိ မိသားစု ၀င် အားလုံးအတူတူပါပဲ။ နောက်တစ်ခါ ရေလှိုင်း တွေလာတော့ အားလုံးကွဲ သွားတယ်။ ကျွန်တော် လည်း ရေထဲမျောပါသွားတယ်။ သတိမေ့ပြီး ဓမ္မာရုံမှာချိတ်နေတုန်း သူများတွေလာကယ်တာ။ ညဆိုအိပ် မရဘူး။ မျက်စိထဲမှာ ရေလှိုင်း တွေပဲမြင်နေတယ်"ဟု အသက် ၄၇ နှစ်ရှိ ဒုက္ခသည် ဦးမောင်စန်းက ပြောသည်။

ပခုက္ကူမြို့ ရွှေချောင်းရေတိုက်စားမှုကြောင့် မျောပါသေဆုံးခဲ့သူများတွင် အချို့မှာ မိသားစု ၀င်အားလုံး သေဆုံးခဲ့ခြင်းဖြစ်ပြီး အချို့မှာ မိသားစုဝင် တစ်ယောက် နှစ်ယောက်သာ ကျန်ခဲ့ သည့်အဖြစ်များလည်း ရှိသည်ဟု သိရှိရပါသည်။

ရွှေချောင်းရေတိုက်စားမှုကို အများဆုံးခံခဲ့ရ သော ပခုက္ကူမြို့ အမှတ်(၃) ရပ်ကွက်ရှိ နေအိမ်အများစုမှာ ချောင်းဧရိယာအတွင်း တည်ရှိနေခြင်းဖြစ်ပြီး အထက်ဆည်များ ရေကြီး ရေလျှံမှုနှင့် တာတမံအချို့ ကျိုးပေါက်ခဲ့မှုများ ကြောင့် ပခုက္ကူမြို့ရွှေချောင်းအတွင်း အောက်တို ဘာလ ၂၀ ရက်နေ့ လူအများ အိပ်မောကျနေချိန် နံနက် ၅ နာရီအချိန်မှစ၍ ပြင်းထန်သော ရေလှိုင်းလုံးများ ၀င်ရောက်ခဲ့ သောကြောင့် လူ သေပျောက်မှုအများဆုံးဖြစ်ပွားခဲ့ဖြစ်ကြောင်း သက်ဆိုင်ရာနှင့် ဒေသခံများက ပြောသည်။

"မိုးက တအားရွာတယ်။ ပခုက္ကူ တစ်ခရိုင်လုံး ရေကြီးတာတွေ၊ စိုက်ခင်းတွေပျက်တာ၊ လူတွေ၊ တိရစ္ဆာန်တွေ ရေထဲမျောပါတာ၊ သေဆုံးတာတွေ အများကြီးကြားရတယ်။ ရွှေချောင်းရေကြီး လို့ ပခုက္ကူကတော့ လူသေပျောက်တာ အများဆုံးပေါ့" ဟု ပခုက္ကူမြို့ခံ တစ်ဦးဖြစ်သူ ကိုခင် မောင်ကြည်က ပြောသည်။
ပခုက္ကူခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေချောင်းတံတားအပါအ၀င် တံတားခြောက်စင်း ပျက်စီးခဲ့သည်။
http://www.myanmar.mmtimes.com/

ဘင်္ဂလာရောက် ရခိုင်နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းများ UNFC ကိုထောက်ခံကြောင်း စာပို့

Thursday, October 27, 2011

သိန်း ၃၀ ကျပ်တောင်းသည့် နစက သိန်း ၂၀ ကျပ်ဖြင့် ဘင်္ဂလီငါးဖမ်းသမားများကိုလွတ်ပေး


ဂစ္ဆပသတင်းဋ္ဌာန
အောက်တိုဘာလ(၂၈)ရက်၊ ၂၀၁၁၊ နံက် (၁၂)နာရီ။

သိန်း ၃၀ ကျပ်တောင်းသည့် နစက သိန်း ၂၀ ကျပ်ဖြင့် ဘင်္ဂလီငါးဖမ်းသမားများကိုလွတ်ပေး

နစက ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ ဘင်္ဂလီငါးဖမ်းဘုတ်တစီးအား အောက်တိုဘာလ(၂၅)ရက်နေ့က နတ်မြစ်မှ ပြန်ပြေးဆွဲခေါ်ပြီး သိန်း ၃၀ ကျပ် တောင်းဆိုသော်လည်း သိန်း၂၀ကျပ်ပေးခဲ့ရကြောင်း ပြန်ပြေးဆွဲခံရာတွင်ပါဝင်ခဲ့သည့် ဘုတ်အကြီးအကဲ နုရ်ဟိုဆန်မှ ဂစ္ဆပသို့ပြောသည်။  

ဂစ္ဆပအနေဖြင့် နုရ် ဟိုဆန်၏ မိတ်ဆွေတဦးအား ဖုံးဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ “နစကတွေက သိန်း ၃၀ ကျပ်တောင်းတာကို ဘုတ်ပိုင်ရှင်က တောင်းပန်ပြီး သိန်း ၂၀ ကျပ်လွဲပေးခဲ့တယ်လို့ သိရပါတယ်၊ နစကတွေက ဘုတ်မှာပါသွားတဲ့ အလုပ်သမား (၁၁)ဦး ကိုလည်း သေနပ်ပြောင်းဝနဲ့ထိုးပြီး ဖမ်းဆီးခေါ်သွားခဲ့တာဆိုတော့ သူတို့အသက်အန္တရာယ်ကို ထိခိုက်မှာ စိုးရိမ်လို့ပါ၊ နောက်တခုက နှစ်ရှည်လများ ထောင်ကျနေမှာစိုးလို့ပါ၊ အခုက ငါးဖမ်းသမားတွေ ပင်လယ်ထွက်ငါးဖမ်းဖို့ စိုးရိမ်နေကြပါတယ်။”ဟု အမည်မဖေါ်လိုသူက ဘင်္ဂလီစကားဖြင့် ရှင်းပြသည်။

နစကမှ ဘင်္ဂလီငါးဖမ်းသမား(၁၁)ဦးနှင့်အတူ ဘုတ်ကို နတ်မြစ်အတွင်းရှိ ဆတ်မာတင်ကျွန်း အနောက်ဘက်ခြမ်း ၂ ကီလိုမီတာ အကွာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဘင်္ဂလီ ငါးဖမ်းသမားများ အနေဖြင့် စစ်အုပ်စု၏ နစကနှင့် ရေတပ်များကို လာဒ်ငွေအမြောက်အများပေးပြီး ရခိုင်ပြည် ပင်လယ်ပြင်တွင် ငါးဖမ်းနေကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။  

နစကမှ အဆိုပါကဲ့သို့ ဘင်္ဂလီငါးဖမ်းဆီးသမားများနှင့် ငါးဖမ်းဘုတ်များကို ဖမ်းဆီးအရေးယူ ငွေညှစ်သည့် သတင်းများမှာ လစဉ် သတ်မှတ်ငွေများကို ပေးမသွင်းသော ဘင်္ဂလီငါးဖမ်းလှေနှင့် ငါးဖမ်းသမားများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ ပင်လယ်ပြင်အတွင်း ငါးဖမ်းသမားများ အနေဖြင့် စစ်အုပ်စု၏ နစကနှင့် ရေတပ်ကို ပင်လယ်ဓါးပြများအဖြစ် ယုံကြည်နေကြသည်။

ဘင်္ဂလာသို့ ရခိုင့်သစ်တင်ပို့သူ ရခိုင်အမျိုးသားတဦး သေဆုံးမှု အဖြေမှန်မပေါ်သေး


ဂစ္ဆပသတင်းဋ္ဌာန
အောက်တိုဘာလ(၂၇)ရက်၊ ၂၀၁၁၊ ညနေ (၃)နာရီ။

ဘင်္ဂလာသို့ ရခိုင့်သစ်တင်ပို့သူ ရခိုင်အမျိုးသားတဦး သေဆုံးမှု အဖြေမှန်မပေါ်သေး

ဘင်္ဂလာသို့ ရခိုင်ပြည်တောင်ကုတ်မြို့နယ်မှ ရေကြောင်းလမ်းအတိုင်း ရခိုင့်သစ်တင်ပို့လာသူ ရခိုင်အမျိုးသား သစ်အရောင်းအ၀ယ် စီးပွားရေးသမားတဦး ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဗုဒ္ဓဟူးနေ့က သေဆုံးသွားခဲ့မှုမှာ မည်သည့်ရောဂါဖြင့် ဆုံးသွားသည်ဟု အဖြေမှန်ကို မသိရသေးကြောင်း သတင်းရရှိသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့ဆိပ်ကမ်း၌ သေဆုံးသွားသော ရခိုင်အမျိုးသား ဦးမောင်အေးနိုင်(၃၅)နှစ်မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှဖြစ်ကြောင်းနှင့် ဦး မောင်သိန်းဋ္ဌေး၏ သားဖြစ်ကြောင်း သိရှိရသည်။

ဦးမောင်အေးနိုင် (၃၅)နှစ်မှာ သစ်သင်္ဘောဖြင့် အောက်တိုဘာလ(၂၂)ရက်နေ့က ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်တာခ်နာမြို့သို့ ရောက်ရှိခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သော အင်္ဂါနေ့က နေမကောင်းဖြစ်၍ ကော့စ်ဘဇာမြို့ Fouad Al-Khateeb Hospital Coxsbazar ဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့က တာခ်နာသို့ ပြန်လည်ရောက်လာပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ကောစ့်ဘဇားမြို့မှ ယနေ့ထုတ် DAINIK COX’S BAZAR သတင်းစာတွင် ဖေါ်ပြချက်အရ သိရှိရသည်။

ရခိုင်ပြည်-ဘင်္ဂလာအကြား နယ်စပ်စီးပွားရေးသမား အကြီးအကဲတဦးဖြစ်သူ မိုဟာမတ် အာယာစ် က “သေဆုံးသွားသော မောင်အေးနိုင်မှာ ကျနော်သစ်တွေကိုယူဆောင်ပြီး ဒီကိုလာခဲ့တာပါ။”ဟု ပြောဆိုကြောင်း သတင်းစာက ဖေါ်ပြထားသည်။

တာခ်နာမြို့ အခြေစိုက် ရဲဋ္ဌာနမှ အကြီးအကဲ မာဟာဘုဘုလ် ဟောက် က “သေဆုံးသွားသော မြန်မာနိုင်ငံသားတဦးကို လက်ခံရရှိပါတယ်၊ သေဆုံးသွားတဲ့ အခြေအနေတွေကို ဥပဒေအရ ဆောင်ရွက်နေပါတယ်။”ဟု ပြောဆိုကြောင်း ဆိုသည်။  

သို့သော်လည်း သေဆုံးသွားခဲ့သော ဦးမောင်အေးနိုင်မှာ မည်သည့်ရောဂါ ကူးစက်မှုဖြင့် သေဆုံးသွားကြောင်း မသိရသေးပေ။

Friday, October 21, 2011

Wikileaks မှ ပြောသည့် ရိုဟင်ဂျာ များနှင့် Al Qaeda ၊ မြန်မာ သောင်းကျန်သူများ အဆက်အသွယ် ရှိခြင်း

Wikileaks မှ ပြောသည့် ရိုဟင်ဂျာ များနှင့် Al Qaeda ၊ မြန်မာ သောင်းကျန်သူများ အဆက်အသွယ် ရှိခြင်း

by James Mmt on Thursday, October 20, 2011 at 11:49am
အကျဉ်းရုံးအနေဖြင့် - ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဖိအားပေးမှုကြောင့် ARNO ဟာ သူတို့အဖွဲ့အစည်းနေရာအား ကရင်နီ အဖွဲ့အစည်းဖြစ်တဲ့ KNPP ထိမ်းချုပ်ထားသည့် ထိုင်း-မြန်မာ နယ်မြေအတွင်းသို့ ပြောင်းရွှေ့ရန်အတွက် 2002 သြဂုတ်လနှောင်းပိုင်းမှာ ဆက်သွယ်ခဲ့ပါတယ်။ မြန်မာထောက်လှမ်းရေးဘက်က အစီရင်ခံစာအရ ARNO ဟာ ထိုင်း-မြန်မာနယ်စပ်မှာ လှုပ်ရှားနေသည့်  Democratic Alliance of Burma နှင့် အဖွဲ့ဝင်ဖြစ်ရန် ကြိုးပန်းခဲ့ပါတယ်။

KNPP ဟာ ARNO ရဲ့ ဆက်သွယ်ချက်ကို ငြင်းပယ်ခဲ့တာကို ကြေငြာခဲ့ပါတယ်။ DAB ဟာလည်းပဲ ARNO ၏ အဖွဲ့ဝင်အဖြစ် လျှောက်လွှာအား ငြင်းပယ်ခဲ့ပြီး စာရွက်စာတန်းများအရ စစ်ရေးမဟာမိတ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ARNO ဥက္ကဌ Nurul Islam ဟာ အမေရိကန်ဗီဇာအား ဆော်ဒီအာရေးဗျ ဘက်မှ လှည့်ပါတ်လျှောက်ထားခြင်းဖြင့် ရယူခဲ့တယ်လို့ မြန်မာဘက်ကလည်း သတင်းပို့ပါတယ်။ အဆိုပါကိစ္စမှာ မြန်မာပြည်ဘက်က အစီရင်ခံစာဟာ ဖြစ်နိုင်ချေရှိပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ဟာ ၎င်းတို့ ARNO နှင့် ထိုင်းနယ်စပ်တွင်ရှိသည့် မြန်မာသောင်းကျန်းသူများအား ပံ့ပိုးနေသည့် Al Qaeda နှင့် အဆက်အသွယ် ရယူရန် ရည်ရွယ်ရင်းဖြစ်နိုင်ပါတယ်။

အောက်ပါ အကြောင်းအရာများဟာ မြန်မာထောက်လှမ်းရေး၏ ARNO အပေါ်တွင်ရေးသားထားသည့် သတင်းပို့ချက်မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။ အပြင်ပန်းအားဖြင့် မကြာသေးခင်က ရှင်းလင်းခဲ့သည့် မြန်မာပြည် အခြေစိုက် ARNO နှင့် Al Qaeda အဖွဲ့အစည်းတို့၏ လက်မခံနိုင်သည့် ဆက်သွယ်မှု သတင်းပေးပို့ချက်အား ဗိုလ်မှူးချုပ် ကျော်သိန်းမှ အောက်တိုဘာ ၇ ရက် တွင်ပေးပို့ခဲ့ပါတယ်။ ဗိုလ်မှူးချုပ် ကျော်သိန်း၏ အဆိုအရ ARNO နှင့် Al Qaeda ဟာအဆက်အသွယ်ရှိပြီး ARNO ၏ အခြေစိုက်စခန်းအားလုံးသည် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်မှာ ရှိပါတယ်။

ARNO ၏ သမိုင်းကျောင်းနောက်ခံနှင့် နောက်ဆုံးအခြေအနေ (စက်တင်ဘာ ၂၀၀၂ ခုနှစ်အထိ)အားရှင်းပြရလျင် မွတ်စလင် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့အစည်းများဖြစ်ကြသည့် စည်းလုံးညီညွတ်သော ရိုဟင်ဂျာ အဖွဲ့အစည်း (RSO)၊ ရှေ့ထွက် အာရကန် ရိုဟင်ဂျာ အစ္စလာမ်မစ် (ARIF) နှင့် Hak-Kavt အဖွဲ့အစည်းတို့ဟာ ပူပေါင်းပြီး 1998 အောက်တိုဘာ 28 ရက်နေ့တွင် ရိုဟင်ဂျာ အမျိုးသားကောင်စီ (RNC) ကိုဖွဲ့စည်းခဲ့ပါတယ်။

RNC ဟာ အာရကန် ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ အားလုံးသော လက်နက်ကိုင် သောင်းကျန်သူ အဖွဲ့အစည်းများအား ပူးပေါင်းပြီး ရိုဟင်ဂျာ လွတ်လပ်ရေး တပ်မတော် (RLA) ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာပြည် ပြင်ပရှိ မွတ်စလင်အဖွဲ့အစည်းများ၏ ဖိအားကြောင့် အမျိုးမျိုး ကွဲပြားနေသော ရိုဟင်ဂျာ သောင်းကျန်းသူများအား စုစည်းပြီး အဖွဲ့အစည်းတစ်ခု၏အောက်သို့ ထားရှိအုပ်ချုပ်ရန် ARNO အားဖွဲ့စည်းခဲ့ပါတယ်။

ARNO ရုံးချုပ်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းရှိ ဂျုမခါ ရပ်ကွက်၊ ဂျုမခါလမ်း၊ အိမ်နံပါတ် (၃၀)မှာ ဖွင့်လှစ်ထားပါတယ်။  သူတို့၏ စခန်းများမှာ Zai-Lar-Saw-Ri HQ camp--map reference (PG-2916), Daw-Maw-Sri camp--map reference (P6-0537) and Kyar-Laung-Taik camp--map reference (PG-2026) မှာ အခြေချ တည်ရှိပါတယ်။ ARNO အဖွဲ့အစည်းဟာ ခန့်မှန်းခြေအားဖြင့် သောင်းကျန်းသူ 200 ခန့်အင်အားရှိပြီး၊ 170 ခန့်ဟာ အမျိုးမျိုးသော လက်နက်များ တပ်ဆင်ထားပါတယ်။ ARNO ၏ ဗဟိုကော်မတီအား အောက်ပါအတိုင်း ဖွဲ့စည်းထားပါတယ်။

- ဥက္ကဌ
- စစ်ရေးတာဝန်ခံ
- အတွင်းရေးမှူး
- လက်ထောက်အတွင်းရေးမှူး၊ စစ်တကောင်း ရုံးတာဝန်ခံ
- ဗဟိုကော်မတီ အဖွဲ့ဝင်၊ လက်ထောက် စစ်ရေးတာဝန်ခံ
- ဗဟိုကော်မတီ အဖွဲ့ဝင်
- နိုင်ငံခြားရေးရာ ဆက်ဆံရေးတာဝန်ခံ
- တိုင်းတပါး ထောက်ပံ့ငွေများများရရှိရေး ဦးဆောင်သူ)
- မလေးရှားနိုင်ငံအတွက် ကိုယ်စားလှယ်
- တောင်ဘဇာ စည်းရုံးရေး တာဝန်ခံ
- ငွေရေးကြေးရေးဆိုင်ရာ အရာရှိ
- ဆက်ဆံရေး အရာရှိ
- အကြံပေး
- စခန်းအုပ်ချုပ်သူ အရာရှိ (Zai-La-Saw-Ri Camp)
- ဒုတိယ စခန်းအုပ်ချုပ်သူ အရာရှိ
- စခန်းအုပ်ချုပ်သူ အရာရှိ (Daw-Maw-Sri Camp)
- စခန်းအုပ်ချုပ်သူ အရာရှိ (Kya-Long-Taik Camp)


ARNO's Chairman Nurul Islam

ARNO အဖွဲ့ဝင် 5 ဦးဟာ တာလီဘန်ခေါင်းဆောင် Osama Bin Laden နှင့် အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အဆိုပါ GOB မှ ဆက်လက်စုံစမ်း လေ့လာဆဲဖြစ်တဲ့ အဖွဲ့ဝင် 5 ဦးဟာ Al Qaeda ကိုယ်စားလှယ်နှင့်အတူ 15 မေ 2000 တွင် အဆင့်မြင့်အရာရှိ သင်တန်းအား တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို့ 22 ဇွန်လတွင် ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဆိုပါ သင်တန်းတက်ရောက်နေစဉ်အတွင်း နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အချက်အလက်များ၊ လက်နက်၊ ခဲယမ်းမီးကျောက်များနှင့် ငွေကြေးဆိုင်ရာကိစ္စများကို Osama Bin Laden နှင့် ဆွေးနွေးခဲ့ပါတယ်။ တာလီဘန် အဖွဲ့အစည်းမှ မိုဟာမက် အာဂျူးတိုင်ဒါနှင့် မိုဟာမက် ရာရှိတ်အာမာဒါစီလည်း အဆိုပါ အစည်းအဝေးမှာ တက်ရောက်ခဲ့ပါတယ်။

ARNO အဖွဲ့ဝင် 19 ဦးဟာ လစ်ဗျားနှင့် အာဖဂန် နစ်စတန်တွင် 2001 သြဂုတ်လတွင် ပြုလုပ်ခဲ့သည့် ပြောက်ကျားစစ်သင်တန်း၊ အမျိုးမျိုးသော ဖောက်ခွဲရေးသင်တန်း၊ လက်နက်ကြီးသင်တန်းများအား တက်ရောက်ရန် ရွေးချယ်ခံခဲ့ပါတယ်။ အဆိုပါ အဖွဲ့ဝင်များထဲမှ 13 ဦးဟာ ဖောက်ခွဲရေးနှင့် လက်နက်ကြီးသင်တန်းများမှာ ပူးပေါင်းတက်ရောက်ခဲ့ပါတယ်။ Zai-La-Saw-Ri စခန်းတွင်ရှိသည့် ARNO ရုံးချုပ်သို့ တာလီဘန် အဖွဲ့ဝင်များ ဖြစ်ကြသည့် အယ်ဟာဆက်နှင့် အယ်ဂျာဟစ်တို့ဟာ 2001 နိုဝင်ဘာ 2 ရက်နေ့တွင် RSO ၏ Kann-Grat-Chaung စခန်းမှ ရောက်ရှိခဲ့ပါတယ်။

သူတို့ဟာ ဥက္ကဌ Nur Islam၊ အတွင်းရေးမှူး ဇဖာအာမက်၊ စစ်ဆင်ရေးအကြီးအမှုး ဖာရော့အာမက်၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး  RSO နှင့် ARNO အား ပြန်လည်ဖွဲ့စည်းရန် ဆွေးနွေးခဲ့ပါတယ်။ ထိုမှတဆင့် ARNO/RSO နှင့် တာလီဘန်အဖွဲ့အစည်းတို့ဟာ 2001 နိုဝင်ဘာ 15 ရက်နေ့မှာ အစည်းအဝေးပြုလုပ်ရန် ရည်ရွယ်ခဲ့ပါတယ်။ ARNO ဥက္ကဌ Nur Islam ဟာ ARIF နှင့် RSO တို့ဟာ ARNO ၏ပူးပေါင်းအဖွဲ့ဝင်အဖြစ် ပြင်ဆင်ဖွဲ့စည်းရန် သဘောတူခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ သို့သော်လည်း RSO မှ မူလာဒီမာဟာ အဆိုပါ ပူးပေါင်းခြင်းအား သဘောမတူခဲ့ပဲ ၎င်း၏နောက်လိုက်နောက်ပါများနှင့် ခွဲထွက်သွားခဲ့ပါတယ်။

တိုင်းတပါး အဆက်အသွယ်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်မှ ဘာဒါဘန်၊ GOB မှ စုံစမ်းဆဲဖြစ်သည့် ဟာဆာအာမက်နှင့် နိုင်ငံခြားသားနှစ်ယောက်တို့ဟာ Zai-La-Saw-Ri စခန်းရှိ ARNO ရုံးချုပ်သို့သွားရောက်ခဲ့ပြီး Salein တပ်သားများ၏ အကြီးအကဲ စစ်ရေးလှုပ်ရှားမှု တာဝန်ခံနှင့် တွေ့ဆုံခဲ့ပါတယ်။ သူတို့ဟာ အောက်ပါအချက်အလက်များကို စုံစမ်းခဲ့ပါတယ်။

- ARNO အားဖွဲ့စည်းခဲ့သည့် ခုနှစ်၊ လ၊ ရက်
- သဘောထားနှင့် ရည်ရွယ်ချက်
- မြန်မာပြည်မှ ARNO ခွဲထွက်ခဲ့သည့်နှစ်
- လက်ရှိ စစ်သည်အင်အား
- လက်နက်အမျိုးအစားနှင့် အရည်အသွေး
- ပြည်မမှ ခွဲထွက်ပြီး လွတ်လပ်သော ရခိုင်ပြည်နယ်တည်ဆောက်ရန် သို့မဟုတ် ဒီမိုကရေစီ တောင်းဆိုရန် ဟုတ်မဟုတ်
- ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာအစိုးရအား ဆန့်ကျင်နေသည့် အဖွဲ့အစည်းစာရင်း
- အဆိုပါ အဖွဲ့အစည်းများတွင် မူစလင် နှင့် မူစလင် မဟုတ်သည့် အဖွဲ့အစည်းများအား ခွဲခြားဖော်ပြရန်
- လိုအပ်သည့် ရံပုံငွေနှင့် ရံပုံငွေ ထောက်ပံ့နေသည် နိုင်ငံများ
- လက်ရှိ ငွေရေးကြေးရေး အခြေအနေ

ARNO ၏ ဒုတိယဥက္ကဌ ဖာရော့အာမက်သည် ထိုင်းအခြေစိုက် သောင်းကျန်သူ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပါတယ်။ 2002 သြဂုတ်လ 27 ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်မှ ဘန်ကောက်သို့ ချင်းမိုင်မှတစ်ဆင့် ရောက်ရှိလာသည့် ဖာရော့အာမက်နှင့်အတူ ညီညွတ်သော အာရကန်ပါတီ (NUPA) မှ ဦးမောင်လူကြီးလည်း တောက်လျှောက်ပါခဲ့ပါတယ်။ ထို့နောက် DAB အေးဆောင်၏ မိန်းမ အင်္ဂလိပ်အမျိုးသမီ ပိုက်ပါကာရန်၏ကူညီမှုနှင့် မြန်မာနယ်စပ် အဖွဲ့အစည်းများမှတစ်ဆင့် KNPP ခေါင်းဆောင်များ ဖြစ်ကြသည့် ဒုတိယဥက္ကဌ ဦးအောင်သာလေး၊ အထွေထွေ အတွင်းရေးမှူး ဦးရေမွန်ထူး၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးခါရယ်၊ စစ်တပ်အကြီးအမှုး အောင်မြတ်တို့နှင့် စကားပြောဆိုခဲ့ပါတယ်။

ဖာရော့အာမက်မှ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ARNO အား ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာရန်ပြောခဲ့သဖြင့် ၎င်းတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်တွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။ အမေရိကန်နှင့် အခြားသော အဖွဲ့အစည်းများမှလည်း Al Qaeda အဖွဲ့အစည်းနှင့် ၎င်းတို့ဆက်ဆံမှုဖြစ်စဉ်အား စဉ်ဆက်မပြတ် စောင့်ကြည့်နေကြောင်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ထို့ကြောင့် KNPP ပိုင်နက်အတွင်း သင့်တော်သည့်နေရာတွင် စခန်းဖွင့်ခွင့်ပြုပါရန် တောင်းဆိုခဲ့ပြီး၊ ထိုင်း နိုင်ငံသည် ၎င်းတို့အတွက် အလွန် သင့်တော်သည့် နိုင်ငံဖြစ်ကြောင်း ပြောခဲ့ပါသည်။

ဖာရော့အာမက်သည် ရှေ့ထွက်ပလောင်လွတ်မြောက်ရေး (PSLF) အဖွဲ့မှ အတွင်းရေးမှူး မေအိုက်ဖုန်၊ ပအို့ဝ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့အစည်း (PPLO) ဥက္ကဌ ဦးခွန်ဥက္ကာ၊ လားဟူ အမျိုးသားအုပ်စုမှ ဦးအေးမောင်တို့နှင့် တွေ့ဆုံခဲ့ပါတယ်။ ထပ်မံပြီး ၎င်းမှ ARNO အဖွဲ့၏ ခက်ခဲသည့်အခြေအနေအား VOA, BBC နှင့် RFA သတင်းမီဒီယာများ၊ ထိုင်းနိုင်ငံရှိ NGO အဖွဲ့အစည်းများနှင့် ရှေ့ထွက် ချင်းအမျိုးသားများ (CNF) မှ ရွှေခါးတို့နှင့် ဆွေးနွေးခဲ့ပါတယ်။ သူဟာ မဲဆောက်သို့ ချင်းမိုင်မှ စက်တင်ဘာလ 5 ရက်နေ့တွင် KNU ရုံးချုပ်သို့ သွားရောက်ခဲ့ပြီး ဒုတိယ ဥက္ကဌ ဗိုလ်မြ၊ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ နှင့် တာမလာဘောတို့နှင့်လည်း စကားပြောခဲ့ပါတယ်။

အထက်ပါ အကြောင်းအရာများနှင့် ပါတ်သက်ပြီး ARNO အနေဖြင့် DAB အဖွဲ့ဝင်အဖြစ် ဖြစ်နိုင်ချေရှိမရှိအား ဖာရော့အာမက်ဟာ KNU နှင့်ဆွေးနွေးခဲ့ပါတယ်။ ARNO ၏ DAB အဖွဲ့ဝင် လျှောက်လွှာအား အာရကန် ဒီမိုကရက်တစ်ပါတီ (DPA) မှ အောင်စိန်းသာ၊ အာရကန် လွတ်မြောက်ရေး ပါတီ (ALP) မှ ခိုင်စိုးအောင် တို့က သဘောမတူပဲ ကန့်ကွက်ခဲ့ပါတယ်။

ခိုင်စိုးအောင်နှင့် အောင်စိန်းသာတို့နှစ်ဦးအနေဖြင့် ၎င်းတို့ အဆိုပြုချက်အား ရိုဟင်ဂျာလူမျိုးများဟာ ရခိုင် တိုင်းရင်းသားများမဟုတ်ကြောင်းနှင့် လူမျိုးစု တစ်ခုအနေဖြင့်လည်း လက်မခံနိုင်ကြောင်းကို အခြေခံ၍ ခါးခါးသီးသီး ငြင်းဆိုခဲ့ပါတယ်။ ထို့အတွက်ကြောင့် DAB အနေဖြင့် ARNO အား အဖွဲ့ဝင်အဖြစ် လက်မခံခဲ့ပဲ စစ်ရေးမဟာမိတ်အနေသာ လက်ခံခဲ့တယ်လို့ ယူဆရပါတယ်။

ဖာရော့အာမက်၏ အဆိုအရ ARNO စစ်ရေးတာဝန်ခံ ဆလမ်းအူလာသည် Al Qaeda နှင့် အဆက်အသွယ်ရှိပြီး၊ ARNO တပ်သားအချို့ဟာလည်း အာဖဂန်ရှိ တာလီဘန်များနှင့် ပူးပေါင်းပြီး အမေရိကန်အား တိုက်ခိုက်ခဲ့စဉ်အတွင်း အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ARNO တပ်သားများဟာ ပါကစ်စတန်၊ ကရာချိမြို့ရှိ ရိုဟင်ဂျာ အုပ်စုမှတစ်ဆင့် အာဖဂန်သို့ ပို့ဆောင်ခဲ့ပါတယ်။

ပါကစ်စတန်၊ အိန္ဒိယ၊ ဆော်ဒီအာရေဗျ၊ မလေးရှား၊ UAE၊ ပါလက်စတိုင်းနှင့် သြစတေးလျတို့မှာ ရိုဟင်ဂျာ အုပ်စုများ အနေနဲ့ ရှိနေပါတယ်။ ဥက္ကဌ Nurul Islam ဟာ ဆော်ဒီအာရေဗျ နိုင်ငံသားအနေဖြင့် အမေရိကန် နိုင်ငံသို့ ခရီးတို သွားရန် ဗီဇာအား ရရှိခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်မှ ဆော်ဒီအာရေဗျသို့ ထွက်ခွာသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင် နေခဲ့သည့် ခရီးတိုကာလအတွင်း ဖာရော့အာမက်သည် NCGUB နိုင်ငံခြားရေးဌာနမှ Dr. Allen၊ KNU မှ ဒေးဗစ်ထော၊ ဗမာ့ ရှေ့နေကောင်စီ (BLC) မှ ဒေးဗစ်စမိုင်းတို့နှင့် တွေ့ဆုံခဲ့ပါတယ်။ ၎င်းဟာ သတင်းဌာနတစ်ခု၏ အယ်ဒီတာအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး စက်တင်ဘာ 12 ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

စင်္ကာပူတွင် ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာ ဂျီဟတ်အဖွဲ့ဝင်များအား စစ်ဆေးခဲ့ရာတွင် ဒေသတွင်း ၀င်ရောက် စွက်ဖက် လှုပ်ရှားနေသည့် ရက်ဘီတာတူ မူဂျာဟစ်ဒင် အုပ်စု၏ စီစဉ်မှုဖြင့် ဖွဲ့စည်းထားသည့် ဂျမား အစ်စလမ်မီးယား (JI) ၏ခေါင်းဆောင်များမှာ ဟန်ဘလီနှင့် ဘာရှားတို့ဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒေသတွင်း မူစလင်အဖွဲ့အစည်းများ၏ အဆက်အသွယ်မှတစ်ဆင့် တက်ကြွတဲ့ ပူပေါင်းဆောင်ရွက်မှုတွေဟာ သင်တန်းများ၊ လက်နက်ဝယ်ယူခြင်း၊ ဘဏ္ဍာရေး၊ သတင်းဖလှယ်ခြင်းနှင့် စစ်ရေးအကြမ်းဖက်မှုလုပ်ငန်းများမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပါတယ်။

အခြားသော ပူးပေါင်းလုပ်ဆောင်သည့် အဖွဲ့အစည်းများမှာ ဂျရာကန် အာ့ခ်ျ မာဒီကာ (GAM)၊ ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ရခိုင်ရှိ အခြားအဖွဲ့အစည်းနှစ်ခုနှင့် မြန်မာပြည်တွင်းရှိ ရိုဟင်ဂျာ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်ပါတယ်။ ARNO ဟာ Al Qaeda နှင့်ဆက်သွယ်ရန် စတင်ခဲ့ပြီး၊ ဧပြီ 2001 တွင် ARNO ၏ ဗဟိုကော်မတီဝင် 5 ဦးဟာ အာဖဂန်နစ်စတန်သို့ သွားရောက်ခဲ့ပါတယ်။ အခြားအနေဖြင့် Republic of Islam Aceh (RIA) နှင့် အီဂျစ်ရှိ Jammah Jihad Mesir (JJM) တို့နှင့်လည်း ARNO ဟာ ပူးပေါင်းခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သေးငယ်သည့် ရိုဟင်ဂျာအစုအဖွဲ့ဟာ မလေးရှားနိုင်ငံ ပတူဝပ် မှာရှိတယ်လို့ ယူဆနိုင်ပါတယ်။

မြန်မာတွေရဲ့ သတင်းပေးပို့ချက်ဟာ ပြည့်စုံလုံလောက်သော ဖြစ်နိုင်ချေတွေရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အကြံပေးချက်အရ မေလတွင် ARNO ဟာ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ ၎င်းတို့၏ စခန်းများအား ဖယ်ရှားခဲ့ပြီးပြီးခြင်းတွင် အာရကန် စစ်တပ်အဖွဲ့ဝင် 195 ဦးဟာ မြန်မာပြည်ထဲသို့ ၎င်းတို့ဖာသာ ၀င်ရောက်ခဲ့ပါတယ်။ ယခုအထိတော့ ARNO ဟာ ဘင်္ဂလားဒေ့ရှ်ကနေ မရွှေ့ပြောင်းသေးပါဘူး။ မြန်မာတွေရဲ့ အဆိုအရ ARNO နှင့် RSO တို့ဟာ ဘင်္ဂလားဒေ့ရှ်အတွင်းရှိ စခန်း 8 ခုအား အတူတကွထိမ်းသိမ်းလျက် ရှိတယ်လို့ ဆိုပါတယ်။ တကယ်လို့ မြန်မာတွေ သတင်းပေးပို့ချက်ဟာ မှန်ကန်သည် ဆိုပင် ဆိုသော်ငြား ၎င်းတို့လုပ်ငန်းစဉ်အတွက် စခန်းအသစ်တစ်ခု ရှာဖွေနေတာ သေခြာပါတယ်။

မြန်မာတွေအမြင်မှာတော့ ၎င်းတို့အုပ်စုဟာ လက်နက်ကိုင်တဲ့ အကြမ်းဖက် အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
အဆိုပါ သတင်းပေးပို့ချက်အရ ARNO နှင့် ထိုင်းနယ်စပ်ရှိ မြန်မာလက်နက်ကိုင် အဖွဲ့တို့ ထူးခြားသည့် ဆက်သွယ်မှုအား သတိထားစေရန် အသိပေးလျက် ရှိပါတယ်။ ဖြစ်တန်ရာရှိသည်မှာ ၎င်းတို့အနေဖြင့် (မြန်မာအစိုးရအား ဆိုလိုဟန်ရှိပါသည်) အကြမ်းဖက်မှု တိုက်ဖျက်ရေးအား အမေရိကန်နှင့် ပူပေါင်းဆောင်ရွက်ခြင်းဖြင့် အမှတ်ယူရန် မျှော်လင့်ထားခြင်း ဖြစ်နိုင်ပါတယ်။
မှတ်ချက် ။    ။ 10/10/2002 တွင် ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှ မှတ်တမ်းတင်ခဲ့သည့် 02RANGOON1310 စာတန်းအား Wikileaks မှကူးယူ၍ ဘာသာပြန်ပါသည်။
· Share

  • 52 people like this.
  • View all 59 shares
    • Nyi Kae အကြမ်းဖက်သမား ရိုဟင်ဂျာ ဆိုသူများ အကြောင်းကို

      http://www.wikileaks.ch/cable/2002/10/02RANGOON1310.html

      တွင် သွားရောက် ဖတ်ရှုနိုင်ကြပါသည်။
      Thursday at 12:43pm · · 1 personLoading...
    • Thu Ra ရှယ် သွားပါသည်။ အမျိုးသားရေး စိတ်ဓါတ်ရှိသူတိုင်း တာဝန်ရှိပါသည်။
      Thursday at 1:50pm · · 1 personLoading...
    • Hein Pyae so baddddddd..................
      Thursday at 2:59pm ·
    • Woodiyarno Lalrintlunga သူခိုးတွေ
      Thursday at 4:14pm · · 2 peopleLoading...
    • Aungmyo Thu အဲဒါ တစ်ကယ်ကြီးဟ
      Thursday at 5:54pm · · 1 personLoading...
    • Myanmar Tiger ဒီကိတ်စကိုအပြင်းထန်ဆုံးသောအမျိုးသားစိတ်ဓါတ်နဲ့တက်ညီလက်ညီကာကွယ်ရမယ်
      Thursday at 6:17pm · · 4 peopleLoading...
    • Myo Thet Paing တရုတ်ကြောက်ရ ၊ ကုလားကြောက်ရနဲ့....... ဟွီးး...။ =(
      Thursday at 6:51pm · · 3 peopleLoading...
    • James Mmt တရုတ်က သူ့ဟာနဲ့သူ တစ်ပါတီတည်းကို မပြိုကွဲအောင် မနည်းကျားကန်နေရတော့ သိတ်မစိုးရိမ်ရဘူး.... အဲ့ဒိ ဦးနှောက်မရှိတဲ့ ကောင်တွေကိုပဲ သတိထားရမှာ....
      Thursday at 6:53pm · · 4 peopleLoading...
    • Oo Han these extreme muslim go crazy killing each other .trying to make the world into one religion.bombing all over the world
      Thursday at 7:32pm · · 2 peopleLoading...
    • Oo Han we should drive them out of burma before they take up all ygn and all border.we should take example from thai
      Thursday at 7:34pm · · 1 personLoading...
    • Oo Han The GOV should do sth before they start to ask for self automation in rakhine
      Thursday at 7:38pm · · 1 personLoading...
    • Oo Han Now they are taking all bussiness like contstruction. and whole sale of construction material. and import and export without payin tax .buyin all land and apartment .making baby boom
      Thursday at 7:38pm · · 1 personLoading...
    • Zaw Ko Ko ဘင်လာဒင်က ကမ္ဘာမြေပုံကိုထောက်ပြပြီးတော့ သူ့လူတွေဘယ်မှာရှိကြောင်း
      ပြောတုန်းက မြန်မာပြည်ပါလာတယ်ဗျာ့။ သေချာတာကတော့ ဘင်င်္ဂါလီ ရိုဟင်ဂျာတွေက အဲလ်ကိုင်းဒါးနဲ့အဆက်အသွယ်လည်းရှိတယ် တာလီဘန်နဲ့
      လည်းအဆက်အသွယ်ရှိတယ်။
      Thursday at 8:34pm · · 2 peopleLoading...
    • Zaw Ko Ko
      လွန်ခဲ့တဲ့ ၇ နှစ်လောက်က ဟမ်းဖုန်းသွားဝယ်တော့ ပွဲစားက ကုလားလူမျိုး
      သူ့အဖေနဲ့အမေရန်ကုန်ရောက်နေတယ်လို့ပြောတယ် ဘူးသီးတောင်
      ဘက်ကတဲ့ ဘင်င်္ဂါလီ ရိုဟင်ဂျာပေါ့ မြန်မာစကားမတက်ဖူးဗျာ အဲ့ဒီလင်မယားက ရခိုင်လိုလည်းမကတ်ဖူး။ အဲ့ဒါကို ဘင်္ဂါလီ ရိုဟင်ဂျာတွေက
      သူတ...ို့ကိုယ်သူတို့ ရခိုင်ဆိုတော့ ဘယ်လို လုပ်ရမတုန်း။ ကျွန်တော်တို့ ရခိုင်
      တွေနဲ့ ရုပ်လည်းမတူဘူး စကားလည်းမတူဘူး ဘာသာလည်းမတူဘူး။
      အဲ့ဒီလို မုန်လာဥ ၁၀ တန်လောက်မိတာတောင် အာလူးလုပ်ချင်သေးတယ်။
      See More