Sunday, October 2, 2011

စစ်အုပ်စုနှင့်ပေါင်းပြီး စီးပွားရေးဖျက်ဆီးသူများအား ငြိမ်းချမ်းစွာဆန္ဒပြ၍ ရဲထံဖမ်းဆီးခံရ


ဂစ္ဆပသတင်းဋ္ဌာန
သြဂုတ်လ(၃)၊ ၂၀၁၁၊ နံက်(၁)နာရီ။
By: အောင်ခိုင်

စစ်အုပ်စုနှင့်ပေါင်းပြီး စီးပွားရေးဖျက်ဆီးသူများအား ငြိမ်းချမ်းစွာဆန္ဒပြ၍ ရဲထံဖမ်းဆီးခံရ

ရန်ကုန်မြို့ ပြည်မြန်မာကုန်တိုက်အနီးတွင် အမျိုးသမီး-အမျိုးသား ၂၀ ၀န်းကျင်ခန့်က ဆန္ဒပြခဲ့ကြပြီး ထိုထဲမှ ဆိုင်းဘုတ်ကိုင်ဆောင်သူ အမျိုးသမီး (၂)ဦးအား ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှ ဆန္ဒပြနေအချိန်အတွင်း တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ဖမ်းဆီးခေါ် သွားကြောင်း သိရှိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသူ အမျိုးသမီး(၂)ဦးမှာ မခင်မျိုးလွင်နှင့် မသီတာတို့ဖြစ်ကြပြီး ခေါ်ယူမေးမြန်ရန်ရှိသည်ဟုဆိုကာ အရပ်ဝတ် ရဲများနှင့် ယူနီဖောင်းဝတ်ရဲများက တက္ကစီဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ယင်းမိသားစုဝင်တစ်ဦးဖြစ်သည့် ကိုမောင်ဝင်းက ပြောသည်။

“ကျွန်တော်တို့က နိုင်ငံရေးမပါပဲ ကျွန်တော်တို့ရဲ့ ဆိုင်ခန်းတွေအတွက် ငြိမ်းချမ်းစွာဆန္ဒပြတာပါ၊ ပါသွားတဲ့ မခင်မျိုးလွင်က ကျွန်တော် ညီမပါ။ သူတို့နှစ်ယောက်ကိုပဲ ဖမ်းသွားတာပါ။ လက်ရှိကတော့ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှာပါ။” ဟု ကိုမောင်ဝင်းက ဆိုသည်။

ဆန္ဒပြသူများမှာ ပြည်မြန်မာကုန်တိုက်တွင်းရှိ ဆိုင်ခန်းများအားငှားရမ်းထားသော ဆိုင်ခန်းလုပ်ငန်းရှင်များဖြစ်ကြပြီး အဆိုပါအဆောက် အအုံအား  လေလံအောင်ပြီးနောက်  ဆိုင်ခန်းများအား နစ်နာကြေးငွေ တစုံတရာပေးခြင်းမရှိဘဲ ဖယ်ရှားခိုင်းခြင်းခံခဲ့ရသူများ ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိလေလံရရှိထားသည့် ပြည်မြန်မာ ကုန်တိုက်ပိုင်ရှင်မှာ AAmedical မှ ဦးမြတ်သင်းအောင်ဖြစ်ပြီး ပိုင်ရှင်ကဖယ်ခိုင်းခြင်း မဟုတ်ပဲ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေ၀န်ကြီးဋ္ဌာနမှ တာဝန်ရှိသူတစ်ချို့က လာရောက်ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဖယ်ရှား ခိုင်းခြင်းကို ပြီးခဲ့သည့် ဇန်န၀ါရီလကတည်းကဖယ်ရှားခိုင်းခြင်းဖြစ်ပြီး ဆိုင်ခန်းငှားသူများမှာပေါင်း၍ သမ္မတဆီသို့ပြီးခဲ့သည့် ဇန်န၀ါရီလ ကုန်ကတည်းက ဖြစ်ရပ်ကို စာတင်တိုင်ကြားထားခဲ့သော်လည်း မည်သည့်အကြောင်းအရာမှ ထူးခြားမလာသေးသဖြင့် ဆန္ဒပြရခြင်း ဖြစ်ကြောင်းနှင့် ဆက်လက်ပြီး သမ္မတဆီသို့ လာမည့်ရက်ပိုင်းအတွင်း ထပ်မံစာတင်ဦးမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ 

No comments:

Post a Comment