Monday, October 10, 2011

မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံ တပ်မှူးအဆင့် ပုံမှန်အစည်းအဝေးထူးခြားမှုမရှိ


ဂစ္ဆပသတင်းဋ္ဌနာ
အောက်တိုဘာလ(၁၁)ရက်၊ ၂၀၁၁၊ နေ့လည်(၁)နာရီ။


မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ တပ်မှူးအဆင့်ရှိ ပုံမှန်အောင်လံတင် အစည်းအဝေးတရပ်ကို ဘင်္ဂလာနယ်စပ်တနေရာတွင် တနင်္လာနေ့က ကျင်းပပြုလုပ်သွားကြောင်း သတင်းရရှိသည်။

အစည်းအဝေးသို့ မြန်မာဘက်မှ နစကနယ်မြေ(၃)မှူး ဗိုလ်မှူး သိန်းထွန်းအောင်နှင့်အတူ အဖွဲ့ဝင်(၈)ဦးနှင့် ဘင်္ဂလာဘက်မှ BGB အမှတ် (၁၇)တပ်ရင်းမှ ဗိုလ်မှူး မိုဟာမတ် ခါလေကူဇာမာန် (PSC)နှင့် အဖွဲ့ဝင် (၁၂)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကိစ္စ၊ နှစ်နိုင်ငံအကြား နယ်မြေအငြင်းပွားမှုကိစ္စ၊ နှစ်နိုင်ငံနယ်စပ်မှောင်ခိုကိစ္စနှင့် ဘင်္ဂလာ ထောင်မှ မြန်မာနိုင်ငံသား အကျဉ်းသား (၆၀)ဦးကို လွဲပြောင်းလက်ခံမည့် ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဘင်္ဂလာအနေဖြင့် မြန်မာနိုင်ငံသား အကျဉ်းသားလွဲပြောင်းဖို့ (၆၀)ဦးရှိကြောင်း ယခင်အပတ်များက တင်သွင်းထားခဲ့သော်လည်း ထိုအထဲမှ (၁၉)ဦးကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း နစကမှ ပြောခဲ့သည်ဟု သိရှိရသည်။  

မြန်မာ-ဘင်္ဂလာ နှစ်ဘက်ဆွေးနွေးမှုများတွင် နယ်မြေအငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး ဘင်္ဂလာဘက်မှ မြန်မာအနေဖြင့် ဇီရိုလိုင်းထက် ကျော်လွန်ပြီး ခြံစည်းရိုးကာရံထားကြောင်း စွပ်စွဲပြောဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။


အဆိုပါ နှစ်နိုင်ငံအောင်လံတင် ပုံမှန်ဆွေးနွေးပွဲများကို လွန်ခဲ့သည့်အပတ်များက ကော့စ်ဘဇားမြို့ရှိ အဆင့်မြင့် ဟိုတယ်များတွင် ကျင်းပပြုလုပ်ပေးခဲ့သော်လည်း ယခုအခါ နတ်ကျောက်ဆိုးရီမြို့နယ်၊ မြန်မာနယ်စပ်အနီး ခေါင်းတုံးနယ်စပ်ကြားရှိ ဘင်္ဂလာအစိုးရ စာသင်ကျောင်းတခုတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
 
 
မြန်မာ-ဘင်္ဂလာ နိုင်ငံနယ်စပ် ဘင်္ဂလာဘက် ခေါင်းတုံးအစိုးရ စာသင်းကျောင်းတွင် ဆွေးနွေးနေပုံနှင့် နယ်စပ်ဆီးကြို ပန်ဆက်နေပုံ။
 

No comments:

Post a Comment