Monday, October 31, 2011

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ အစည်းအဝေး တိုးမြင့်လုပ်ဆောင်၊ ရခိုင်ပြည်အတွက် တိုးတက်မှုမရှိ


ဂစ္ဆပသတင်းဋ္ဌာန
အောက်တိုဘာလ(၃၁)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန်ညနေ (၅)နာရီ။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ အစည်းအဝေး တိုးမြင့်လုပ်ဆောင်၊ ရခိုင်ပြည်အတွက် တိုးတက်မှုမရှိ

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ နယ်စပ်စစ်တပ်အကြီးအကဲ ပုံမှန်အစည်းအဝေး တခုကို ရခိုင်ပြည် မောင်တောမြို့တွင် အောက်တိုဘာလ (၃၀)ရက် နေ့က ပြုလုပ်သွားခဲ့သော်လည်း ရခိုင်အတွက် မပါဝင်ကြောင်း သတင်းရရှိသည်။

တပ်မှူးအဆင့်ရှိ အစည်းအဝေးသို့ စစ်အုပ်စုဘက် နစက အကြီးအကဲ မင်းအောင်ကြီး ဦးဆောင်၍ အဖွဲ့ဝင် (၁၇)ဦးနှင့် ဘင်္ဂလာဘက်မှ နယ်စပ် လုံခြုံရေးတပ်ဖွဲ့ (BGB) စစ်တကောင်းမြို့ Central Commander ဗိုလ်မှူးကြီး မိုဟာမတ် ဘော်ဆိရုလ် အိစ္စလာမ် ဦးဆောင်ပြီး (၁၄)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့မှုများတွင် ရခိုင်ပြည်ကောင်းစားရေးအတွက် မည်သည့်အစီအစဉ်များ မပါဝင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်၌ နစက-ဘီဂျီဘီတို့ ကျင်းပသော အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ် စစ်ရေးအခြေအနေ၊ နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးသောင်းကျန်းမှု ပြဿနာ၊ မောင်တောမြို့နယ် တောင်ပြိုဒေသ နယ်စပ်အငြင်းပွားမှု ပြဿနာ၊ နစကမှ ဘင်္ဂလီ ငါးဖမ်းသမားများအား ဖမ်းဆီးထားသည့်ကိစ္စ၊ ဘင်္ဂလာထောင်အတွင်း လွတ်ရက်ပြည့် မြန်မာနိုင်ငံအကျဉ်းသား (၆၀)ဦးအား လွဲပြောင်းလက်ခံရေးကိစ္စ၊ ဘင်္ဂလီသစ်ခုတ်သမားများအား ဖမ်းဆီးနေသည့်ကိစ္စနှင့် နစက-ဘီဂျီဘီ ချစ်ကြည်ရေး ဘောလုံးပွဲနှင့် ဘောလီဘော ကစားပွဲကျင်းပမည့် ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။  

ရခိုင်ပြည်အခြေစိုက် စစ်အုပ်စုအဖွဲ့မှ တခြားဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးခဲ့ကြသူများမှာ ဒုခေါင်းဆောင် ကျော်အောင်၊ အောင်ဟိန်းကျော်၊ ဦးလန်၊ ထွန်းယဉ်ထူး၊ အောင်ဆန်းနိုင်၊ အောင်ပေါ်စုထူး၊ နေအေးထူး၊ သန်းထွန်း၊ မောင်အောင်၊ ရွှေထွန်း၊ မင်းအောင်၊ မင်းမင်းထွန်း၊ ထွန်းထွန်းနိုင်၊ ထွန်းနိုင်ဦးနှင့် တချို့ တက် ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေးသို့ ဘင်္ဂလာဘက်မှ ကော့စ်ဘဇားမြို့ဂိတ် အခြေစိုက် BGB အမှတ် (၁၇)တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး မိုဟာမတ် ခါလေကူဇ္ဖာမာန် (PSC)၊ နတ်ချောင်းဆိုးရီမြို့ အခြေစိုက် BGB အမှတ် (၁၅)တပ်ရင်းမှ တပ်ရင်းမှူး မာဟာဘူဘူရ် ရော်ဟ်မင်းန် (PSC)နှင့် နတ်ချောင်းဆိုးရီမြို့ အခြေစိုက် BGB အမှတ်(၂၈)တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး AJM ဂိုလာမ် မိုစတာဖါ အာလ် မာမူနန်၊ ဗိုလ်မှူး မိုဟာမတ် ဇိယာအူရ် ရော်ဟ်မင်း၊ ဗိုလ်မှူး အာရိဖ် မော်ဟိအူဒိန် အာဟ်မေဒ်၊ ဗိုလ်ကြီး ရော်ကိဘူလ် အီစ္စလာမ်၊ ဆိုင်ဖူလ် အီစ္စလာမ်၊ အာန်ဒ် မိုဟာန်၊ ဆာမီမ် အာဟ်မောက်ဒ်နှင့် အိစ္စမိုင်န် ဟိုဆန်နှင့် ဘော်လီမြို့နယ် အခြေစိုက် BGB အမှတ် (၁၀)တပ်ရင်းမှ တပ်ရင်းမှူး မိုဟာမတ် နုရုလ် မိုမေန်၊ တာခ်နာမြို့ အခြေစိုက် BGB အမှတ် (၄၂) တပ်ရင်းမှ တပ်ရင်းမှူး မိုဟာမတ် ဇာဟိဒ် ဟာဆန် တို့တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း ယနေ့ဒေသထုတ် သတင်းစာများတွင် ဖေါ်ပြထားသည်။

ဘီဂျီဘီတပ်ဖွဲ့မှာ မောင်တောမြို့သို့ တနင်္ဂနွေနေ့ နံက် (၉)နာရီခန့်တွင် စက်ဘုတ်ဖြင့် ရောက်ရှိလာကြပြီး (၁၀)နာရီတွင် နစကနှင့်တွေ့ဆုံ အစည်းအဝေး စတင်ခဲ့ကြောင်းနှင့် နေ့လည် (၂)နာရီခန့်တွင် ဘင်္ဂလာသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။  

နစက-ဘီဂျီဘီ ပုံမှန်အစည်းအဝေးမှာ ၃ လပတ်တကြိမ်စီ သတ်မှတ်ပြုလုပ်လေ့ရှိပြီး ဆုံးဖြတ်လုပ်ဆောင်ချက်များမှာ ၎င်းတို့၏ အကျိုးစီးပွားအတွက်သာ တွေ့ရှိရကာ ရခိုင်ပြည်၌ ပြုလုပ်သော နစက-ဘီဂျီဘီ အစည်းအဝေးများအတွင်း ရခိုင်ပြည်သူများ လုံခြုံရေး အကျိုးစီးပွားအတွက် တစုံတရာမှ နစကအနေဖြင့် ဘင်္ဂလာသို့ ဆွေးနွေးမှု မရှိသေးချေ။ မြန်မာ စစ်အုပ်စုဘက်မှ တက်ရောက်ဆွေးနွေး သူများ၏ အမည်စာရင်းများမှာ ၎င်းတို့၏ စစ်ဝါဒီလုပ်ထုံးလုပ်နည်းများ သမာရိုးကျအရ လိမ်ညာမှုများကြောင့် သေချာမှု မရှိပေ။

No comments:

Post a Comment