Tuesday, October 18, 2011

စစ်အုပ်စု၏ ထောင်အတွင်း (၄)နှစ် အကျဉ်းခံရပြီး လွတ်မြောက်လာသော ဘင်္ဂလီ(၇)ဦး အိမ်ရောက်


ဂစ္ဆပသတင်းဋ္ဌာန
အောက်တိုဘာလ(၁၉)ရက်၊ ၂၀၁၁၊ နံက် (၁၂)နာရီ။

စစ်အုပ်စု၏ ထောင်အတွင်း (၄)နှစ် အကျဉ်းခံရပြီး လွတ်မြောက်လာသော ဘင်္ဂလီ(၇)ဦး အိမ်ရောက်

မြန်မာစစ်အုပ်စု အကျဉ်းထောင်၌ (၄)နှစ်ကာလ ခံခဲ့ရပြီးနောက် လွတ်မြောက်လာသော ဘင်္ဂလီ(၇)ဦးကို နစကမှ ဘင်္ဂလာသို့ လွန်ခဲ့ သော အောက်တိုဘာလ(၁၅)ရက်နေ့က တရားမ၀င် ပို့ဆောင်ခဲ့သော်လည်း ဘင်္ဂလာ အာဏာပိုင်များ ဆောင်ရွက်မှုကြောင်း အိမ်သို့ ရောက်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

စစ်အုပ်စု အကျဉ်းထောင်မှ လွတ်မြောက်လာသော ဘင်္ဂလီများမှာ သက်ဆိုင်ရာ နစကမှ ဘင်္ဂလာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)သို့ တရားဝင် ပို့ဆောင်လွဲအပ်ခြင်းမဟုတ်ဘဲ စက်မဲ့လှေတစီးပေါ်တင်ဆောင်ကာ စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လွတ်မြောက် ဘင်္ဂလီ(၇)ဦးနှင့်အတူ BGB(၄၂)
ဘင်္ဂလီများမှာ လွန်ခဲ့သော (၂၀၀၈)ခုနှစ်၊ စက်တင်္ဘာလ(၂၂)ရက်နေ့က မြန်မာ-ဘင်္ဂလာ နယ်စပ်အနီး နစကထံ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ မောင်တောမြို့ နစက အမှတ်(၁)တွင် (၁၁)ရက်အချုပ်ခံခဲ့ရပြီးနောက် ဘူးသီးတောင်ထောင်သို့ ထောင်ဒဏ်(၅)နှစ်ဖြင့် အပို့ခံ ရခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူများက ရှင်းပြသည်။

ဘင်္ဂလာ အနေဖြင့် နစက နယ်မြေ(၆)မှ တရားမ၀င် လွဲပြောင်းပေးလိုက်သည့် အဆိုပါ ဘင်္ဂလီ(၇)ဦး၏ သတင်းကိုကြားသည့်နှင့် လိုက်လံစုံစမ်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ အခုအခါ မိသားစုများသို့ ပို့ဆောင်ပေးလိုက်ကြောင်း သက်ဆိုင်ရာမှ ပြောသည်။

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်အတွင်း လွတ်ရက်ပြည့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အကျဉ်းသား (၄၈)ဦး ကျန်ရှိနေကြောင်း၊ ၎င်းတို့အား ဘင်္ဂလာအာဏာပိုင်များက အာမခံပြီး လွတ်ပေးဖို့တောင်းဆိုလျှင် လွတ်မြောက်လာနိုင်ကြောင်းနှင့် တခြားဘင်္ဂလီ ထောင်သားများရှိကြောင်း လွတ်မြောက်လာသူများမှ ထုတ်ဖေါ် ပြောဆိုလိုက်သည်။

တခြားတဖက်မှာ စစ်တကောင်းတောင်တန်းဒေသ ဘင်ဒရိုဘင်မြို့နယ်မှ မာရမာ (ခ) ရခိုင်အမျိုးသားတဦးမှာ အောက်တိုဘာလ (၁၆)ရက်နေ့က လွတ်မြောက်လာကြောင်း သိရှိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ အကျဉ်းထောင်အတွင်း လွတ်ရက်ပြည့် မြန်မာနိုင်ငံအကျဉ်းသား အနည်းဆုံး (၆၀)ဦးရှိကြောင်း၊ အဆိုပါ (၆၀)ဦးကို ဘင်္ဂလာမှ စစ်အုပ်စု အာဏာပိုင်များသို့ လွဲပြောင်းအပ်နှံရန် အကြိမ်ကြိမ် ကမ်းလှမ်းထားပြီးဖြစ်သော်လည်း လက်ခံ ခြင်းမရှိသေးပေ။ များမကြာသေးမီက နှစ်နိုင်ငံနယ်စပ်အာဏာပိုင်များ ပုံမှန်ကျင်းပခဲ့သော အစည်းအဝေးတွင် မြန်မာနိုင်ငံအကျဉ်းသား (၆၀)ဦးမှ (၁၉)ဦးကိုသာ စာရင်းအတိအကျအရ ရွေးချယ်လက်ခံမည်ဖြစ်ကြောင်း သဘောထားပေးခဲ့သည်ဟု သိရှိသည်။ 

No comments:

Post a Comment