Thursday, October 6, 2011

ရခိုင်ပရန်ဆရာတဦး ၁၀ နှစ်အတွင်း ဘုရားရုပ်ထုတော်ပေါင်း ၁၅၀ ခန့်ထိသွန်းလုပ်ပြီးစီး


ဂစ္ဆပသတင်းဋ္ဌာန
အောက်တိုဘာလ (၇)ရက်၊ ၂၀၁၁၊ နံက်(၉)နာရီ။


ဘင်္ဂလာဒေ့ခ်ျနိုင်ငံရောက် ရခိုင်ပြည်မျိုးချစ်ပုဂ္ဂိုလ် ပရန်ဆရာတဦးမှာ ဘင်္ဂလာတွင် နိုင်ငံ့အ၀ှမ်း ဘာသာသာသနာပြု ဗုဒ္ဓရုပ်ပွား တော်များကို သွန်းလုပ်စီမံ လုပ်ဆောင်နေခြင်းမှာ ဗုဒ္ဓဘာသာရုပ်ပွားတော်စုစုပေါင်း ၁၅၀ ခန့်ပြီးမြောက်လျှက် ယခုအခါ နာမည် ကျော်ကြားလာနေသည်။  

ပရန်ဆရာ၏အမည်မှာ ဆရာဇော်ခိုင်ဖြစ်ပြီး ရခိုင်ပြည် ကျောက်တော်မြို့နယ် ဇာတိဖြစ်ကာ လွန်ခဲ့သော ၂၀၀၁ ခုနှစ်က စစ်အာဏာရှင် စနစ်ဆိုးအုပ်ချုပ်မှုအောက်မှ တိမ်းရှောင်လာရခြင်းဖြစ်ပြီး ဘုရားသွန်းလုပ်တည်ဆောက်ခဲ့သည့် အခြေအနေရပ်များကို  သူက အောက် ပါအတိုင်း ရှင်းပြသည်။

“ကော့စ်ဘဇားခရိုင် မဟားဇိုးမြို့ ရခိုင်ကျေးရွာ ရွာကြီးဘုန်းတော်ကြီးကျောင်းမှာ ရပ်တော်မူ ရှင်သီဝလီ (အမြင့် ၉ ပေ)က ဒီနေ့ပြီးသည်၊ မုစ္စာလိန္တကန် (နဂါးပတ်လည်ရေလယ်ဘုရား)ကို ၂၀၀၉ ခုနှစ်ကသွန်းလုပ်ခဲ့ပါသည်၊ စစ်တကောင်း တောင်တန်းဒေသ ခါးခရာ ဆိုးရီမြို့နယ်မှာဆို ဘုရားပေါင်း ၁၀၀ နီးပါးခန့် သွန်းလုပ်ခဲ့ပါသည်၊ ယခုခါးခရာဆိုးရီမြို့နယ်မှာ ထိုင်တော်မူ စင်္ကြာမုနိ အမြင်(၃၀)ပေ တကိုယ်လုံးဘုရား ဘုရားတဆူကို သွန်းလုပ်လျှက် ရှိနေပါသည်၊ 

မြွေလည်ပင်းတွင် ပတ်လျှက် မုစ္စာလိန္တဘုရား

ဘင်ဒရိုဘင်မြို့နယ်တွင် ဘုရားပေါင်း (၂၀)ကျော် သွန်းလုပ်ခဲ့သည်၊ ကော့စ်ဘဇားမြို့၊ အိုခီးယားမြို့နယ်၊ တာခ်နာမြို့နယ်နှင့် တချို့မြို့နယ်ကျေးရွာများမှာလည်း လုပ်တာရှိပါသည်။” ဟု ဂစ္ဆပသို့ ပြောသည်။

မဟားဇိုးရွာကြီးကျောင်းတွင်း၌ ၂၀၀၉ ခုနှစ်က တည်ထားကိုးကွယ်လျှက်ရှိသော မုစ္စာလိန္တကန်ရှိ နဂါးပတ်လည်ဘုရား၏ လည်ပင်းတွင် လွန်ခဲ့သောနှစ် နတ်တော်လပြည့်နေ့က မြွေတကောင်လာရောက်ပြီး တရက်တာ နေခဲ့ကြောင်း မျက်မြင်ရွာသားများက ပြောသည်။

“အဲဒီနေ့က ထူးဆန်းပြီး အံ့သြဖို့ကောင်းရေလို့ ဆိုရဖို့၊ ဘုရားနှင့်ကန်က စနေအရပ်မှာလည်းဖြစ် တခါမြွေကလာပြီး တရက်တာ ဘုရား လည်ပင်းမှာ ပတ်လျှက်နေခရေ၊ မမြင်လိုက်ရေလူတိ ယုံဖို့မဟုတ်ပါ၊ မဟားဇိုးကျွန်းမှာ နဂါးရှိရေလို့ ရှေ့လူကြီးတိပြောဆိုဖူးရေ၊ ကျနော်တို့ရွာသားများက ယင်းမြွေကို နဂါးလို့ယုံကြည်နေကတ်ပါရေ။”ဟု မျက်မြင်သက်သေ ရွာသားများက ရှင်းပြသည်။                                           ရှင်သီဝလိ

ကျောင်းထိုင်ဆရာတော် ဦးဥတ္တမက “မည်သည့်သူမှမသိဘဲ မြွေပျောက်လားခရေ ယင်းနီရာက၊ အိမ်မက်လာပီးရေ၊ မိန်းမတယောက် အ၀တ်ဖြူဝတ်ပြီး မြွေတကောင်ယင်းဖက်က လာလွှတ်လိုက်တယ်၊ မိန်းမက ကိုယ်တော်ကို မြွေအားသစ်သီးစွန့်ကြဲရန် ပြောရေ၊  မြွေက ကိုယ်တော်ဆီတန်းပါလတ်တေ၊ ထူးခြားစွာက ထူးခြားစွာ အမှန်ဖြစ်ရေ။”ဟု မိန်းကြားသည်။

ပရန်ဆရာ ဦးဇော်ခိုင် သွန်းလုပ်သော ရုပ်ထုတော်များမှာ ဘုရားရုပ်ထု၊ ရဟန္တာ ဥပ္ပဂုတ္တ၊ ပဉ္စ၀ဂ္ဂီ - ဘုရားရှင်က ညီနောက်ငါးဦးအား ဓမ္မစင်္ကြာတရားဦးကို ဟောကြားတော်မူခမ်း၊ ဘုရားရှင်နှင့် ရဟန္တာငါးရာ ဆွမ်းခံတော်မူခမ်း၊ သုမေဒါ ရှင်ရသေ့က ဒီပင်္ဂရာမြတ်စွာဘုရား ရဟန္တာငါးရာနှင့်အတူ ဆွမ်းခံကြွတော်မူလာသောအခါ ဘုရားဆုဗျာဒိတော်ကို ခံယူရတော်မူခမ်း၊ စင်္ကြာမုနိ (တကိုယ်လုံးဘုရား)နှင့် ရဟန္တာ ရှင်သီဝလီ ရပ်တော်မူများကို သွန်းလုပ်ပြီးမြောက် ခဲ့ပြီးဖြစ်ကြောင်း ဆရာက ဆိုသည်။

ပရန်ဆရာကြီး ဦးဇော်ခိုင်မှာ ပရန်ပညာကို လွန်ခဲ့သော ၂၀၀၂ ခုက ရွှေယင်ကျော်ဆရာ ဂိုဏ်းချုပ်ကြီး ဦးဝေကျော်အောင် (ယခုစစ်တကောင်းမြို့) တွင်နေထိုင်သူထံတွင် ပထဆုံးသင်ကြားခဲ့ကြောင်း ဆိုသည်။

ပရန်ဆရာ ဦးဇော်ခိုင်၏ ဘင်္ဂလာဒေ့ခ်ျနိုင်ငံအ၀ှမ်း ဘုရားသွန်းလုပ်မှုမှာ ၂၀၀၂ ခုနှစ်မှစတင်ပြီး ယခု ၂၀၁၁ ခုနှစ်အထိ သွန်းလုပ်ခဲ့သော ရုပ်လုံးတော် စုစုပေါင်း  (၁၅၀)ခန့်အထိ သွန်းလုပ်ပြီးသွားပြီဖြစ်ကြောင်းနှင့် နောက်ထပ်သွန်းလုပ်ရမည့် ဘုရားများလည်း လက်ခံ ထားလျှက် ရှိနေကြောင်း ဆိုသည်။ ပရန်ဆရာ၏ ဘုရားလုပ်ပုံမှာ လျှက်မြန်ဖြတ်လပ်ပြီး အမှားမရှိကြောင်း ဒေသခံများက ပြောကြသည်။   

ယခုအခါ ဆရာဇော်ခိုင်၏ အနုပညာလက်ရာ သာသနာပြု ရုပ်ထုတော်များကို အသက်သွင်း ကိုးကွယ်သူ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ၎င်းအား အသိအမှတ်ပြုကာ အထူးချီးကျူးမှုများ ပြုနေကြပြီး၊ ခါးခရာဆိုးရီတွင် အမြင့်(၃၀)ပေ ထိုင်တော်မူ စင်္ကြာမုနိ တဆူကို  သွန်းလုပ်လျှက်ရှိနေကြောင်း ဆိုသည်။

ပရန်ဆရာ ဦးဇော်ခိုင်(၃၉)နှစ်မှာ မိမိတတ်ကျွမ်းသည့် သုခုမအနုပညာလက်ရာများဖြင့် သာသနာပြန့်ပွားအောင် ပြုလုပ်နေခြင်းဖြစ်ပြီး သွန်းလုပ်ရန်လက်ခံခဲ့သည့် အဖိုးအခကြွေးငွေများအတွက် အမြဲတမ်းလျော့ယူပြီး အနစ်နာခံ လုပ်ဆောင်နေကြောင်း ဒေသခံများက ရှင်းပြကြသည်။
http://www.freerakhaing.blogspot.com

No comments:

Post a Comment