Thursday, October 13, 2011

ရခိုင်ပြည်အမျိုးသားရေးဝါဒ၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေး သော့ချက်ပြဿနာများနှင့် ရခိုင်ပြည်အမျိုးသားအကျိုးစီးပွား


ရခိုင်ပြည်အမျိုးသားရေးဝါဒ
မာတိကာ
၁။ နိဒါန်း
၂။ အမျိုးသားရေးဝါဒ
၃။ အမျိုးသား
၎။ အမျိုးသားရေးဝါဒ၏ အကျိုးကျေးဇူးများ
၅။ အမျိုးသားရေးဝါဒ၏ ပဋိပက္ခများ
၆။ အမျိုးသားရေး ရည်မှန်းချက်များ
၇။ အမျိုးသားရေး တာဝန်များ
၈။ အမျိုးသားရေး ရန်သူများ
၉။ အမျိုးသား အခွင့်အရေး
၁၀။ နိဂုံး
နိဒါန်း
ကျွန်ုပ်တို့သည် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့ကြ၏။ ထိုတိုက်ပွဲများကို ဆန်းစစ်လျှင် ပဋ္ဌမအစဦးတွင် မင်းလောင်း၊ မင်းကောင်း ဖြစ်ပေါ်ရေးအတွက် ပဒေသရာဇ်တော်လှန်ရေးဖြစ်ခဲ့၏။ ယင်းနောက်တွင် ကမ္ဘာ့တော်လှန်ရေးရာသီဥတု ပြောင်းလဲမှုကြောင့် လက်ဝဲ ယိမ်းတော်လှန်ရေး ဖြစ်လာခဲ့၏။ ၁၉၆၂ ခု၊ နောက်ပိုင်းတွင်ကား အမျိုးသားတော်လှန်ရေး ကြွေးကြော်သံသည် တစတစ အထွဋ် အထိပ်သို့ရောက်လာ၏။ လက်ဝဲယိမ်းတော်လှန်ရေးကာလတွင် အမျိုးသားတော်လှန်ရေးကို ကျဉ်းမြောင်းသော အမျိုးသားရေး အဖြစ်၎င်း၊ အခြားသော ဖေါက်ပြန်ရေးများအဖြစ်၎င်း ဆိုင်းဘုတ်အမျိုးမျိုးတပ်ကာ တော်လှန်ရေးမဟုတ်သယောင်လည်း ဆိုခဲ့ကြ၏။ မည်သို့ ပင်ဆိုစေ ယနေ့ကာလသည် အမျိုးသားတော်လှန်ရေး အထွဋ်အထိပ်သို့ ရောက်လာသည်ကား အမှန်ပင်ဖြစ်၏။
သို့ရာတွင် ကျွန်ုပ်တို့အပါအ၀င် ထိုထိုသောရခိုင်အမျိုးသားတော်လှန်ရေးပါတီများ အမျိုးသားရေးဝါဒီဆိုသူများကို လေ့လာကြည့် သော် အမျိုးသားရေးဝါဒီဆိုသည်မှာ ဤသို့ဤပုံဖြစ်သည်ဟု အတိအကျဖေါ်ပြနိုင်သည်ကိုမတွေ့ရပေ။ ယင်းသည် အမျိုးသားတော် လှန်ရေးတွင် ဧရာမဟာကွက်ကြီးတခု ဖြစ်လျှက်ရှိသည်ကို တွေ့ရ၏။ ယင်းကြောင်း ရခိုင်ပြည်အမျိုးသားညီညွတ်ရေးဆုံရပ် (ANFU) သည် အမျိုးသားရေးတာဝန်တရပ်ကို ထမ်းဆောင်သည့်အနေဖြင့် အမျိုးသားဝါဒဆိုသည်ကို ဖေါ်ပြရန် ကြိုးစားရခြင်း ဖြစ်ပါသည်။
ထိုသို့ကြိုးစားရာတွင် ကျွန်ုပ်တို့သည် လက်နက်ကိုင်နယ်ပါယ်အတွင်း ကျင်လည်ခဲ့ကြသူများဖြစ်သဖြင့် စာပေအားနည်းချက်ရှိသည် ကတကြောင်း၊ တနယ်ရပ်ခြားတွင် ၀မ်းရေးအတွက် အပမ်းတကြီး လုံးပန်းနေရသည်ကတကြောင်း အကိုးအကားအထောက်အထား၊ လက်လှမ်းမမှီသည်ကတကြောင်း စသည်အကြောင်းတရားများကြောင့် ခက်ခဲ့စွာ ပြုစုခဲ့ရပေသည်။  
အလွန်ရင်နာစရာကောင်းသည့်အချက်မှာ အမျိုးသားတော်လှန်ရေးကြွေးကြော်သံဖြင့် နှစ်ပေါင်းများစွာတော်လှန်ရေးလုပ်လာသူ တ ချို့ပင်လျှင် မိမိကိုင်စွဲသောအမျိုးသားရေးဝါဒဆိုသည်မှာ ဤသို့ဖြစ်သည်ဟု သိလျက်နှင့် ဖေါ်ပြရန်မ၀ံ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ မိမိ၏၀ါဒ၊ မိမိကိုင်စွဲသောဝါဒကို မှန်သည်ဟုသိလျက်နှင့်ပင် မိမိအကျိုး၊ မိမိတို့ပါတီအဖွဲ့အစည်း၏ အကျိုးယုတ်မည်ဟုထင်လျက် ဖေါ်ပြရန် မ၀ံ့ရဲခြင်းဖြစ်သည်။
အထက်ကဆိုခဲ့သကဲ့သို့ ကျွန်ုပ်တို့က အမျိုးသားရေးဝါဒကို ဤသို့ဤပုံဖြစ်သည်ဟု ပုံဖေါ်၊ ညွှန်းပြရန် ကြိုးစားသော၊ ဤစာတမ်းသည် ကျွန်ုပ်တို့၏ အားနည်းချက်၊ ချွတ်ယွင်းချက်များကြောင်း မပြည့်စုံမှု၊ မလုံလောက်မှုများ ရှိနေလျှင် အကြင်မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ် တို့သည် ကျွန်ုပ်တို့အား ဆွေးနွေးဝေဖန်၊ အကြံပြုဖြည့်စွက်၊ ပြင်ဆင်ရန်၊ အမျိုးသားရေးမျက်နှာကို ထောက်ရှုလျက် တည့်မတ်ပေး သင့်ပါကြောင်း။
အခဏ်း (၁)
အမျိုးသားရေးဝါဒ
(က) အမျိုးသားရေး ၀ါဒသည် -
                   ခေတ်သစ်ကမ္ဘာ၏ စံပြ ၀ါဒဖြစ်သည်။
                   ခေတ်သစ်ကမ္ဘာ၏ အဓိက ၀ါဒလည်းဖြစ်သည်။
(ခ) အမျိုးသားရေး ၀ါဒသည် -
လူမျိုးတမျိုး၏ အင်အားဖြစ်သကဲ့သို့ တိုင်းနိုင်ငံတခု၏ အင်အားလည်းဖြစ်သည်။ ခေတ်သစ်ကမ္ဘာ၏ အင်အားသည်ပင် အမျိုး သားရေး ၀ါဒကြောင်း ဖြစ်ပေါ်သည်။
(ဂ ) အမျိုးသားရေး ၀ါဒသည်
၁၇၈၉ ခုနှစ် - ပြင်သစ်တော်လှန်ရေးမှ အစပြုကာ ထွန်းပလာခဲ့သည်ဟု ပါမောက္ခ ဟန့်စ ဆို၏။
(ဃ) အမျိုးသားရေး ၀ါဒတွင် -
အမျိုးသားရေးဆိုသော စကားစုနှင့် ၀ါဒဆိုသော စကားများ ပါဝင်သည်။  အမျိုးသားရေး ဆိုရာတွင် လူမျိုးတမျိုးမျိုးသည် မုချရှိနေခြင်း၊ ထိုလူမျိုး၏ အရေးအရာ ကိစ္စအ၀၀သည် အမျိုးသားရေးဖြစ်၏။

ထို့ကြောင်း ရခိုင်ပြည်အမျိုးသားရေးဝါဒ ဆိုရာ၌လည်း ရခိုင်ပြည်ရှိလူမျိုးများနှင့် ၎င်းတို့အရေးကိစ္စသည် မုချပါဝင်ပေ၏။
ဝါဒဆိုရာ၌ကား လူမျိုးရှိနေလျင် ထိုလူမျိုးတို့တွင် ၀ါဒတရပ်ရပ်သည်လည်း မုချရှိနေပေ၏။ ထိုဝါဒသည်ပင် အမျိုးသားရေး ၀ါဒ ဖြစ်၏။
(င) ခေတ်သစ်ကမ္ဘာ၏ မြေပုံပြောင်းလဲမှု (သို့) နိုင်ငံသစ်များ ပေါ်ထွန်းမှုသည်
အမျိုးသားရေး ၀ါဒ ကြောင့်ပင်ဖြစ်၏။
(စ) ရခိုင်ပြည်အမျိုးသား ၀ါဒ ဆိုရာ၌ မူ -
            - ရခိုင်ဟူသည်လည်းကောင်း
            - ရခိုင်ပြည်ဟူသည်လည်းကောင်း
            - အမျိုးသားရေး ၀ါဒဟူသည်လည်းကောင်း အခြေခံတရား (၃)ရပ် ပါဝင်နေပေသည်။
(၁) ရခိုင်ဆိုသည်မှာ - ၀တီလေးရပ်နေ ရခိုင်သားများ၊ အနိုင်နိုင်ငံရောက် ရခိုင်သားများနှင့် ရခိုင်မိဘ နှစ်ပါးမှ
မွေးဖွားသူများဖြစ်ကြသည်။
(၂) ရခိုင့်အမျိုးသားရေးဝါဒ ဟုဆိုလျှင်ရခိုင်လူမျိုးတို့၏ လူမျိုးရေးကိုအခြေခံသောဝါဒဖြစ်သည်။
(၃) ရခိုင်ပြည်အမျိုးသားရေး ၀ါဒဟုဆိုလျှင် - ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသော မြို၊ ဒိုင်းနက်၊ လင်းကဲ၊ ခူမီး၊
မြို၊ သက် အပါအ၀င် လူမျိုးစု အသီးသီး ပါဝင်သော တနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးဝါဒ ဖြစ်၏။
ယင်းကြောင်း ကျွန်ုပ်တို့သည် ရခိုင်ပြည်လုံးဆိုင်ရာ အမျိုးသားရေး ၀ါဒဖြစ်သော ရခိုင်ပြည်အမျိုးသားရေး ၀ါဒကိုသာ အဓိကဖွဲ့ဆိုပေမည်။ သို့ရာတွင် နိုင်ငံတကာအမျိုးသားရေး ၀ါဒကိုလည်းကောင်း၊ ရခိုင့်အမျိုးသားဝါဒကို၎င်း အထိုက် အလျှောက်လည်း ဖေါ်ပြမည်ဖြစ်ပါသည်။
(ဆ) တနည်းအားဖြင့်ပြောရပါမူ ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြကုန်သော လူမျိုးအသီးသီးအနက် ရက္ခိုင်လူမျိုး သည်သာလျှင် အဓိကနှင့်ပဓါနကျသည့် လူမျိုးအစုအဝေးဖြစ်သဖြင့် ရခိုင့်အမျိုးသားရေးဝါဒသည်ပင် ရခိုင်ပြည် အမျိုးသားရေးဝါဒဟု ဆိုလျှင်လည်း သင့်မြတ်၏။
(ဇ) အမျိုးသားရေး ၀ါဒသည် -
အမျိုးသားတရပ်အဖြစ် အသိအမှတ်ပြု ခံရလိုမူဖြစ်သည်။
(ဈ) အမျိုးသားရေး ၀ါဒသည် -
နိုင်ငံချစ်စိတ်ဖြစ်သည်။
(ည) အမျိုးသားရေး ၀ါဒသည် -
အမျိုးသား အကျိုးစီးပွား ဖြစ်ထွန်းရေး ဖြစ်သည်။
(ဋ) အမျိုးသားရေး ၀ါဒသည် -
လူမျိုးဂုဏ်သိက္ခာ မြင့်မားရေး ဖြစ်သည်။
(ဌ) အမျိုးသားရေး ၀ါဒသည် -
မျိုးချစ်စိတ်ဓါတ်ဖြစ်သည်။
() အမျိုးသားရေး ၀ါဒသည် -
ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာ ထိမ်းသိမ်းရေး ဖြစ်သည်။
(ဎ) အမျိုးသားရေး ၀ါဒသည် -
အမျိုးသားတိုင်းပြည် ထူထောင်ရေး ဖြစ်သည်။
(ဏ) အမျိုးသားရေး ၀ါဒသည် -
အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သည်။
(တ) အမျိုးသားရေး ၀ါဒသည် -
အမျိုးသားညီညွတ်ရေး ဖြစ်သည်။
(ထ) အမျိုးသားရေး ၀ါဒသည် -
ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် ရလိုမှု ဖြစ်သည်။
(ဒ )အမျိုးသားရေး ၀ါဒသည် -
အမျိုးသား ရန်သူများကို တိုက်ခိုက်ရန် ဖြစ်သည်။
အခဏ်း (၂)
အမျိုးသား 
အမျိုးသားရေးဝါဒများကို အကောင်အထည်ဖေါ်ရန်အတွက် အမျိုးသားတရပ်သည် မုချရှိရမည်။
အမျိုးသားတရပ်ဖြစ်ပေါ်ရန် အတွက်မူ-
(က) နယ်မြေ၊ နယ်နမိတ်တခုအတွင်း စုစည်းနေထိုင်ခြင်း၊
(ခ) တူညီသောသွေးချင်း အမျိးဆက်နွယ်မှုရှိခြင်း၊
(ဂ) ဘာသာ၊ စကား၊ ယဉ်ကျေးမှု ဆက်နွယ်မှုရှိခြင်း၊
(ဃ) တူညီ၊ နီးစပ်သော၊ ကိုးကွယ်မှု ဆက်နွယ်ခြင်း၊
(င) တူညီသော သမိုင်းနောက်ကြောင်းများ ရှိခြင်း၊
(စ) တူညီ နီးစပ်သော စီးပွားရေးရှိခြင်း၊
(ဆ) တူညီ နီးစပ်သော အုပ်ချုပ်ရေးစနစ်တခုကို လိုလားခြင်းနှင့်
(ဇ ) တူညီသော စိတ်ကူးစိတ်သန်းနှင့် တွေးခေါ်မှုရှိခြင်း
စသည့် အမျိုးသားရေးလက%ာရပ်များနှင့်ပြည့်စုံရန် လိုအပ်ပေသည်။
(က) နယ်မြေ၊ နယ်နမိတ်တခုအတွင်း စုစည်းနေထိုင်ခြင်း၊
 (ခ) တူညီသော သွေးချင်း အမျိုးဆက်နွယ်မှုရှိခြင်း။
ရခိုင်တို့သည် ကုလားတန်၊ လေးမြို့မြစ်ဝှမ်းသို့ ၀င်ရောက်ပြီး တိုင်းပြည်နိုင်ငံထူထောင်ခဲ့သည်မှာ မာရ်ယုမင်း BC 3325 ကပင်ဖြစ် သည်။ ဤနယ်မြေသို့ ၀င်ရောက်လာမှုသည် သမိုင်းပညာရှင်များ၏ အဆိုအရ မွန်ဂိုလွိုက်များ အင်ဒို-အရိယံများ၊ တိဗက်တို ဘာမင်း များ၊ အသုတ်သုတ်ဝင်ရောက် သွေးနှောမှုရှိသည်ဆိုစေကာမူ သူတို့သည် ဤကုလားတန်လေးမြို့မြစ်ဝှမ်းနှင့် ရိုးမတောင်၏ အနောက် ဘက်ဒေသတွင် မှီတင်းနေထိုင်လာကြသည်မှာ မည်သူမှ ငြင်းချက်ထုတ်နိုင်မည် မဟုတ်ပေ။
တချို့က ထိုမင်းထိုအဖွဲ့အစည်းသည် ရခိုင်မင်းများသာဖြစ်သည်။ ရခိုင်ပြည် မင်းများမဟုတ်ဟု စောတကတက်ဖွယ်ရှိလေသည်။ ထို သို့ စောတကတက်သူတို့ အဖို့မူ ရခိုင်ရာဇ၀င်များ၏အဆိုကို စေ့စုံစွာလေ့လာလျှင် သက်မင်းများသည်လည်းကောင်း  သက်မိဖုရား များသည်လည်းကောင်း၊ မြိုမင်းများသည်လည်းကောင်း မြိုမိဘုရားများသည်လည်းကောင်း ပါဝင်အုပ်စိုးလျက် အမျိုးသားတရပ် ဖွဲ့ စည်းခဲ့ကြကြောင်းထင်ရှားကာ အမျိုးသားနိုင်ငံတခု ထူထောင်ခဲ့သည်ကို သိလာရမည် ဖြစ်ပေသည်။
(ဂ) ဘာသာစကား ယဉ်ကျေးမှု ဆက်နွယ်ခြင်း။ 
(ဃ) နီးစပ်သော ကိုးကွယ်မှုရှိခြင်း။
 ထိုကုလားတန်၊ လေးမြို့မြစ်ဝှမ်းနှင့် ရိုးမအနောက်ခြမ်းနေ လူမျိုးစုတို့သည် ဒေသိယအားဖြင့် ဘာသာစကားအမှုအခြင်းတွင် လေသံ အနည်းငယ် ကွဲပြားစေကာမူ၊ ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်မှုနှင့် ရိုးရာဓလေ့ထုံးစံများတွင်ကား အထူးကွဲပြားသည်ကို မတွေ့ရပေ။ ဗုဒ္ဓဘာသာ ထေရ်ရ၀ါဒသည် ပင်မဘာသာတရားဖြစ်ပြီး နတ်ကိုးကွယ်မှုသည် နယ်တိုင်းရွာတိုင်းတွင် ရခိုင်အစ သက်၊ မြိုအဆုံး ကွဲပြားခြားနားမှုမရှိပေ။ စစ်တွေ၊ မြောက်ဥမှသည် ကုလားတန်မြစ်ဖျား၊ လေးမြို့ချောင်းဖျားအထိ နတ်ကိုးကွယ်မှုရှိသည်ကို တွေ့ရ မည်ဖြစ်သည်။
(င) တူညီနီးစပ်သော သမိုင်းနောက်ကြောင်းရှိခြင်း။
အထက်က ဆိုခဲ့သကဲ့သို့ မာရ်ယုမင်း ဘီစီ ၃၃၂၅ ခုနှစ် နန်းတက်သောအခါ ထိုမင်း၏ အဓိကအင်အားသည် ရခိုင်များမဟုတ်ဘဲ ရခိုင်ပြည်မျိုးနွယ်စုဝင် သက်၊ မြို၊ ခမီးများသာဖြစ်ခဲ့၏။ ထိုမင်း၏အမိသည် Iန္ဒမာရ်ယု၊ သက်အမျိုးသမီးဖြစ်၏။ မိဘုရားသည် မြိုအမျိုး သမီး ဘီ ဖြစ်၏။ ယင်းသည် အစကပင် ရာဇ၀င်သမိုင်းနောက်ခံ တူညီနေမှုကိုညွန်းဆိုခြင်းပင် ဖြစ်သည်။ နောက်တွင် အမရဒူ၊ ပဲဖြူ၊ မြိုလူမျိုးများကို ကြည်ဖြူစွာ နန်းတင်ခဲ့ကြသည်တို့ကို ထောက်လျှင် တူညီသော သမိုင်းနောက်ကြောင်း ဆက်နွယ်မှုကို တွေ့ရမည် ဖြစ်သည်။
(စ) တူညီနီးစပ်သော စီးပွားရေးရှိခြင်း။
ကုလားတန်၊ လေးမြို့မြစ်ဝှမ်း ရိုးတောင်အနောက်ဘက် ဘင်္ဂလားအော်၏ အရှေ့ဖက်နေ ရခိုင်မျိုးနွယ်စုဝင် လူပုဂ္ဂိုလ်တို့သည် အဓိက အားဖြင့်-
(၁) ကိုင်းကျွန်းလယ်ယာ စိုက်ပျိုးရေး။
(၂) တံငါ ငါးဖမ်းနှင့် လှေလှော် လှေခတ်လုပ်ငန်း၊
(၃) သစ်ပင်၊ သစ်တောနှင့် ခြံမြေဥယာဉ် စိုက်ပျိုးရေး၊
(၄) ကျွဲ နွား ကြက် ငှက်နှင့် တိရစ္ဆာန်မွေးမြူရေး စသည်တို့ကို လုပ်ကိုင်အသက်မွေးခြင်းဖြင့် တူညီသော အသက်မွေးဝမ်း
ကျောင်း စီးပွားရေး စနစ်ရှိသည်ကို ပြသည်။
 (ဆ) တူညီနီးစပ်သော အုပ်ချုပ်ရေးစနစ် တခုခုကို လိုလားခြင်း
အထက်က ပြဆိုခဲ့သော သမိုင်းဆိုင်ရာ အချက်အလက်တို့သည် သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်တွင် ထိုခေတ်အခါအလျောက် တူညီသော၊ အုပ်ချုပ်ရေးစနစ်တခုကို လိုလားခြင်းကို ပြဆိုချက် တရပ်ဖြစ်သည်။
မျက်မှောက်ခေတ်တွင်လည်း
            (၁) ရတည အမတ်များသည် ဖဆပလကို ကျော်လွန်၍ မဲအနိုင်ရခဲ့မှု၊
            (၂) ALD သည် မဆလ များသာမက NLD ကိုပါ ကျော်လွန်၍ မဲအနိုင်ရခဲ့မှု၊
            (၃) ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP) သည် ကြံ့ဖွတ်ကို ကျော်လွန်၍ မဲအနိုင်ရခဲ့မှု၊
စသည်တို့သည် တူညီသော စနစ်တခုအောက်တွင် သို့မဟုတ် ရခိုင်ပြည်သူတို့သည် ရခိုင်လူမျိုးစုဝင်တို့၏ အုပ်ချုပ်မှုအောက်တွင်သာ နေလိုကြောင်း သက်သေ ပြချက်များ ဖြစ်ပေသည်။
(ဆ) တူညီသော စိတ်ကူးစိတ်သန်းနှင့် တွေးခေါ်မှုရှိခြင်း။
တူညီသော စိတ်ကူးစိတ်သန်းနှင့် တွေးခေါ်မှုတို့သည် ရခိုင်လူ့အဖွဲ့အစည်းကို တည်ထောင်သည်မှစတင်၍ ယနေ့ထိတိုင် ထင်ရှားဖြစ် တည်နေသည်ကို တွေ့ရပေမည်။ သမိုင်းဦးကာလတွင် ကုလားတန်၊ လေးမြို့မြစ်ဝှမ်းနှင့် ရိုးမအနောက်ခြမ်း ဘင်္ဂလားပင်လယ်အော် အရှေ့ဖက်တွင်ရှိသော ဤနေရာငယ်သည် ကျဉ်းမြောင်းလှသည်ပင်ဖြစ်သော်လည်း ယင်းနေရာငယ်ကိုပင် တသုတ်ပြီးတသုတ် ၀င် ရောက်လာကြပြီး အခြေပြုနေထိုင်ရန်၊ မြို့ပြနိုင်ငံများတည်ထောင်ရန် တူညီစွာ စိတ်ကူးခဲ့ကြသည်ကို တွေ့နိုင်သည်။
နှောင်းခေတ်ကာလများတွင် ထိုနယ်မြေငယ်ကိုပင် အခြေပြုပြီး ဖွံ့ဖြိုးတိုးတက်စေလျက် ကျွန်ကုန်ကူးခြင်းအပါအ၀င် နယ်ပါယ်ချဲ့ထွင် ခြင်းအပြင် မိမိတို့၏ အင်အားကို ခိုင်မာရန် စိတ်ကူးခဲ့ကြသည်။ မျက်မှောက်ကာလတွင် ဗမာနိုင်ငံရေး သမားများ၊ မသိမမြင်မှီပင် ဖက်ဆစ် ဂျပန်ကိုတော်လှန်တိုက်ရမည်ဟူသော စိတ်ကူး၊စိတ်သန်းအတွေးအခေါ်များ ၀င်ရောက်ကာ ဂျပန်များကို စတင်တိုက်ထုတ် ခဲ့ကြသည်။ အထူး မှတ်သားရန်မှာ ဗိုလ်ချုပ်အောင်းဆန်း၏ တပေါင်း (၂၇)ရက် ဖက်ဆစ်တော်လှန်ရေးသည် ရခိုင်များက ဖက်ဆစ် ဂျပန်များကို အပြီးပိုင်နှင်ထုတ်ပြီးမှ ဖြစ်ပေါ်လာခြင်းဖြစ်လေသည်။
နောက်တချက်မှာ အနောက်ဖက်သား ကုလားများသည် ရခိုင်ပြည်ကို အခွင့်အရေး အမျိုးမျိုးဖြင့် ၀င်ရောက်ပြီးလီဆယ်လုပ်ကြံမှု အမျိုးမျိုးဖြင့် ရခိုင်တိုင်းရင်းသား ရိုဟင်ဂျာများအဖြစ် သက်သေပြရန် ကြိုးစားနေမှုကို လက်မခံကြခြင်းပင်ဖြစ်သည်။ ထိုသို့လက်မခံ ကြရန်အတွက် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကမှ တရားဟော၊စည်းရုံး၊အကြံပြု၊ သညာပေးသည် မဟုတ် ဘဲ သဘာဝအသိတရားဖြင့် လက်မခံကြခြင်းဖြစ်လေသည်။
ဤသည်တို့ကား တူညီသော စိတ်ကူး၊ စိတ်သန်းအတွေးအခေါ်ကို ဖေါ်ပြခြင်းအတွက် အလွန်တရာ တန်ဖိုးမြင့်မားသော သာဓကများ ဖြစ်ပေသည်။  
အထက်က ဖေါ်ပြချက်များကို ထောက်ရှုလျှင် ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသူတို့သည် အမျိုးသားတရပ်အဖြစ် ရပ်တည်ရန် မုချ ပြည့်ဝသော အထောက်အထားရှိသည်ကို တွေ့ရမည်ဖြစ်သည်။
အခဏ်း (၃)
အမျိုးသား ၀ါဒ၏ အကျိုးကျေးဇူးများ
(က) အမျိုးသားရေးဝါဒသည် နိုင်ငံရေးအရ ညီညွတ်မှုကို ပေးသည်။
အပြန်အလှန်အားဖြင့် နိုင်ငံရေးအရ စုစည်းညီညွတ်မှု မဖြစ်ပေါ်၊ စုစည်းညီညွတ်မှုကိုမပေး၊ စုစည်းညီညွတ်အောင် မလုပ်ဆောင်ကြ လျှင် အမျိုးသားရေးဝါဒသည်လည်း ထွန်းကားလာမည်မဟုတ်ပေ။ တဆက်တည်းတွင်ပင် အမျိုးသားနိုင်ငံထူထောင်ရေးသည်လည်း ဖြစ်လာမည်မဟုတ်ပေ။ အမျိုးသားနိုင်ငံရေး ဖြစ်ပေါ်မလာလျှင် အမျိုးသားပိုင် နယ်မြေနယ်နမိတ်များ ထိမ်းသိမ်းစောင့်ရှောက် ရန်လည်း ဖြစ်ပေါ်လာမည်မဟုတ်သကဲ့သို့ အမျိုးသားအကျိုးစီးပွားကိုလည်း အထောက်အကူအစုံတရာ ပေးနိုင်မည်မဟုတ်ပေ။
တနည်းပြောရပါမူ အမျိုးသားညီညွတ်ရေး မရှိခြင်းသည် မည်သူကမည်သို့ပင်ပြောပြော၊ မျိုးချစ်စိတ်ဓါတ် ခေါင်းပါးခြင်း၊ မပြည့်ဝခြင်း၊ မရင့်ကျက်ခြင်းတို့နှင့် တိုက်ရိုက်ပတ်သက်လေသည်။ ယင်းကြောင်း ရခိုင်သားတိုင်းသည် အမျိုးကိုချစ်သည်ဆိုသော အကြင်ရခိုင် သားတိုင်းသည် ညီညွတ်ကြရပေမည်။ အဆုံးစွန် ညီညွတ်ကြရပေမည်။ ညီညွတ်မည်နည်းလမ်းများကို ရှာကြံဖေါ်ထုတ်လျက် သည်း ခံခြင်း၊ သဘောတရားကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်းတို့ဖြင့် ညီညွတ်ကြရမည်သာ ဖြစ်သည်။
(ခ ) အမျိုးသားရေးဝါဒသည်  အမျိုးသားတရပ်အဖြစ် အသိအမှတ်ပြု ခံရလိုမှုဖြစ်သည်။
အမျိုးသားတရပ်အဖြစ် အသိအမှတ်ခံရအောင်ပြုရန်မှာ အမျိုးသား နိုင်ငံတခုအဖြစ် ရပ်တည်နိုင်လျှင်ဖြစ်စေ၊ အမျိုးသားနိုင်ငံ တရပ် အဖြစ် မကြေငြာနိုင်သေးသော်လည်း ကမ္ဘာ့ဧရာမအများစုဖြစ်သော၊ နိုင်ငံအများ၏ ရှေ့မှောက်တွင် မြင်သာထင်သာသော၊ နိုင်ငံရေး ဖေါက်ခွဲမှုများကို ပြုလုပ်နိုင်မှသာ ဖြစ်နိုင်ဖွယ်ရှိလေသည်။
တချို့သော ပုဂ္ဂိုလ်များက ကုလသမဂ္ဂ ကိုလိုနီဖျက်သိမ်းရေးဆိုင်ရာကော်မတီက အသိအမှတ်အပြုခံရအောင် လုပ်ဆောင်ရန် အဆို များကိုတင်ပြကြလေသည်။ ကျွန်ုပ်တို့ အနေနှင့် သဘောမတူနိုင်စရာ အကြောင်းမရှိပေ။ သို့ဆိုလျှင် ထိုသို့အသိအမှတ်ပြု ခံရရန်မှာ ကျွန်တော်တို့ ဖက်မှ အလွန်တရာကြီးမားသော အခက်အခဲများကို ကျော်လွှားလွန်မြောက်ရဦးမည်ဟု ယူဆရပေသည်။ ယင်းတို့မှာ နိုင်ငံတခု၏ အင်္ဂါလက္ခဏာရပ်များ ပြီးပြည့်စုံလုလုအခြေသို့  ရောက်နေရမည်ဖြစ်သည်။ အစိုးရဖွဲ့နိုင်လောက်သော၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးစသည့် နိုင်ငံရေးအဆောက်အဦးများ တည်ဆောက်ရပေဦးမည်ဖြစ်သည်။ ထိုအဖွဲ့အစည်းများမှ နိုင်ငံရေးဆိုင်ရာ ဖေါက်ခွဲမှု ကြောင့်သာ ကိုလိုနီဖျက်သိမ်းရေးကော်မတီ၏ အဆုံးအဖြတ် ခံရသည့်အဆင့်သို့ ရောက်မည်ဖြစ်သည်။
ကိုလိုနီဖြစ်နေသောကြောင့် ကိုလိုနီဖျက်သိမ်းရေးကော်မတီ၏ အဆုံးအဖြတ်ဖြင့် လွတ်လပ်ရေးရကြမည်ဆိုလျှင် နိုင်ငံပေါင်းထောင် သောင်းမက ပေါ်လာဖွယ်ရှိလေသည်။ ထို့ကြောင်း ကျွန်ုပ်တို့သည် မိမိတို့၏ အင်အားကို မိမိတို့ဘာသာတည်ဆောက်လျက် ပန်းတိုင် သို့ ချီတက်ကြရမည်ဖြစ်သည်။
(ဂ ) အမျိုးသားရေးဝါဒသည်  နိုင်ငံချစ်စိတ်ဖြစ်သည်။
(ဃ) အမျိုးသားရေးဝါဒသည်  မျိုးချစ်စိတ် ဖြစ်သည်။
ရခိုင်သားတိုင်းသည် အမျိုးကိုချစ်ကြသည်။ ဤစကားသည် လုံးဝအကြွင်းမဲ့မှန်ကန်သော စကားဖြစ်ပေသည်။ သို့ရာတွင် အမျိုးကို ချစ်ပုံချစ်နည်းကား တတ်ကျွမ်းရန် လိုအပ်မည်ဖြစ်သည်။ မချစ်တတ်လျှင် နှစ်သည်နှင့်တူ၍ အကျိုးမဖြစ်၊ အပြစ်ပင် ဖြစ်လာတတ်ပေ သေးသည်။ တနည်းအားဖြင့် မျက်ကန်းမျိုးချစ်များလည်း ဖြစ်နိုင်သည်ပင်။ ဤတွင် ပြောရန်ရှိသည်မှာ မျိုးချစ်စိတ်ဓါတ်၏ အဓိက အန္တရာယ်များ အကြောင်းပင်ဖြစ်ပေသည်။

မျိုးချစ်စိတ်ဓါတ်၏ အဓိက အန္တရာယ်များမှာ -
 (၁) ကိုယ်ကျိုးရှာကြံမှု။ မိမိ၏အကျိုးကို တွက်စစ်ဖက်တွယ်နေလျှင် မျိုးချစ်စိတ်ဓါတ်သည် အမျိုးကိုယုတ်လျော့စေပြီး အပေါင်းလက္ခ ဏာဘ၀မှ အနုတ်လက္ခဏာသို့ ဦးတည်သွားတတ်လေသည်။
(၂) မတော်လောဘ (သို့) လောဘလွန်ကဲမှုသည်လည်း မျိုးချစ်စိတ်ဓါတ်၏ ရန်သူ အန္တရာယ်ဖြစ်သည်။ လောဘလွန်ကဲလာလျှင် လူတိုင်းလူတိုင်းသည် အမျိုးသားအကျိုးစီးပွားကို ပစ်ပါယ်လျက် မိမိအကျိုးစီးပွားကိုသာ ဆည်းပူးရှာကြံမည်ဖြစ်သည်။ အမျိုးသား အကျိုးစီးပွားမှ မိမိအကျိုးစီးပွားကို ဖဲ့ထုတ်ယူငင်မည်ဖြစ်သည်။
(၃) အကြောက်တရား အကြောက်တရားသည်လည်း မျိုးချစ်စိတ်ဓါတ်၏ ရန်သူဖြစ်သည်။ အကြောက်တရားကြီးစိုးလျှင် အမျိုး၏ ဂုဏ်သိက္ခာကို ထိပါးသည်ဟု သိမြင်ပါလျက်၎င်း၊ အမျိုးသားရေးအတွက် အကျိုးယုတ်မည်ဟု သိလျက်၎င်း၊ အရေးယူလုပ်ဆောင် ခြင်း မပြုမှုများသည် အမျိုးကိုချစ်သော်လည်း အကျိုးယုတ်စေသော အချက်ဖြစ်သည်။
(၄) တွေးခေါ်မှု မှားယွင်းခြင်း - အမျိုးကိုချစ်သည်မှန်လျက် တွေးခေါ်မှုမှားယွင်းကာ မိမိတို့အမျိုးသားနှင့် တထပ်တည်းမကျတော့ဘဲ ရန်သူအလိုကျ ရန်သူကို အားပေးသကဲ့သို့ ဖြစ်လာပြီး အမျိုးကို အကျိုးယုတ်စေသည်ဖြစ်သဖြင့် မျိုးချစ်ဘ၀မှသည် မျိုးဖျက်ဘ၀သို့ ဆိုက်ရောက်တတ်သည်။
(င ) အရှောင်သမားဆန်ခြင်း -အမျိုးကိုချစ်သလားချစ်၏။ ကိုယ်သာမည့်အခါ ၊အကျိုးအမြတ်ဖြစ်ထွန်းမည့်အခါတိုင်း ရှေးတန်းသို့ လာ ရောက်လျက် လက်သီးလက်မောင်းတန်းကာ မျက်နှာပြကြွေးကြော်၏။ အကျိုးအမြတ်မဖြစ်ထွန်း၊ အနစ်နာခံရမည့်အခါတိုင်း တမျိုးမျိုး သော အကြောင်းပြချက်တို့ဖြင့် ရှောင်ဖယ်စွန့်ခွာတတ်ခြင်း။ ဤသို့သော စိတ်ဓါတ်မျိုးရှိသူ၊ လုပ်သူတို့ကို အထူးသတိထားသင့်၏။
ထို့ကြောင်း မျိုးချစ်စိတ်ဓါတ်၏ အခြေခံ အချက်အလက်အချိုးကို ဖေါ်ပြရလျင်-
            ၁။ အမျိုးသားရေးရာကိစ္စများတွင် ရပ်တည်ခြင်းသည် မျိုးချစ်စိတ်ဓါတ်ဖြစ်သည်။
            ၂။ အမျိုးသား အကျိုးစီးပွားကို လိုလားခြင်း၊ ပါဝင်လုပ်ဆောင်ခြင်းသည် မျိုးချစ်စိတ်ဓါတ်ဖြစ်သည်။
            ၃။ အေးတူပူအမျှ၊ အမျိုးသားများနှင့် အတူတကွ ရင်ဆိုင်ဖြေရှင်းခြင်းသည် မျိုးချစ်စိတ်ဓါတ်ဖြစ်သည်။
            ၄။ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို ထိမ်းသိမ်းစောင့်ရှောက်ခြင်းသည် မျိုးချစ်စိတ်ဓါတ်ဖြစ်သည်။
 ၅။ အမျိုးသားကောင်းစားရေး၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသား ဂုဏ်သိက္ခာမြင့်မားအောင် လုပ်ဆောင်ခြင်းတို့
သည် မျိုးချစ်စိတ်ဓါတ်ဖြစ်သည်။
၆။ အမျိုးသားရေး ရန်သူများ၊ ရန်သူအားပေးများ၊ အရှောင်သမားများနှင့် အဆက်အဆံမပြုခြင်းတို့ သည်လည်း
မျိုးချစ်စိတ် ဓါတ်ဖြစ်သည်။
            ၇။ မျိုးချစ်စိတ်ဓါတ်သည်ပင် နိုင်ငံချစ်စိတ်၏ တစိတ်တဒေသဖြစ်တော့သည်။
(စ ) အမျိုးသားရေး ၀ါဒသည်  အမျိုးသား အကျိုးစီးပွားများ ဖြစ်ထွန်းရေး (၀ါ)
အမျိုးသားရေးလိုအင်များကို ဖြည့်ဆည်းရေးဖြစ်သည်။
ဤတွင် အမျိုးသားအကျိုးစီးပွားဆိုသည်တို့ကို ANFU ဖွဲ့စည်းပုံနှင့် အမျိုးသားအကျိုးစီးပွားစာတမ်းတို့၌လည်းတွေ့နိုင်သည်။ အကျဉ်း မျှ ဖေါ်ပြရလျှင် -
(က) ရခိုင်ပြည်၏ အချုပ်အခြာအာဏာသည် ရခိုင်ပြည်သူတို့လက်သို့ ပြန်လည်ရောက်ရှိရန်ဖြစ်သည်။
(ခ ) ရခိုင်ပြည်သူတို့၏ ကံကြမ္မာကို ရခိုင်တို့ဖန်တီးပြဋ္ဌာန်းရန်ဖြစ်သည်။
(ဂ ) ရခိုင်ပြည်သူတို့၏ အနာဂါတ် ဘ၀ကို ရခိုင်ပြည်သူတို့ ဆုံးဖြတ်ပြဋ္ဌာန်းရန်ဖြစ်သည်။
(ဃ) ဖဲ့ထုတ်ခံထားရသော ရခိုင့် နယ်ပါယ်များကို ပြန်လည်ရရှိရန်ဖြစ်သည်။
(င ) ရခိုင်လူမျိုးတိုင်းကို ရခိုင်ပြည်သားအဖြစ် အသိအမှတ်ပြုရန်ဖြစ်သည်။
(စ ) အနိုင်နိုင်ငံရှိ အခြားသောလူမျိုးများနှင့် တန်းတူသော လူ့ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ရခိုင်ပြည်သူတို့ ရရှိခံစားနိုင်ရန် ဖြစ်သည်။
(ဆ) အမျိုးသားရေး ၀ါဒသည် အမျိုးသားဂုဏ်သိက္ခာ မြင့်မားရေးဖြစ်သည်။
အမျိုးသားတရပ်၏ ဂုဏ်သိက္ခာသည် အမျိုးသားနိုင်ငံ ထူထောင်နိုင်ခြင်းနှင့် တိုက်ရိုက်ပတ်သက်နေပေသည်။ နိုင်ငံမဲ့ လူမျိုးတမျိုး အတွက် ဂုဏ်သိက္ခာရှိသည်ဟုဆိုလျှင် (ပထွီး)ဘထွေးကို အဖေ ခေါ်နေသူကဲ့သို့သာ ဖြစ်ချေမည်။ ယင်းကြောင်း ရခိုင်လူမျိုးတို့၏ ဂုဏ်သိက္ခာသည် ရခိုင်ပြည်လွတ်လပ်ရေးအပေါ်တွင်သာ လုံးဝတည်မှီနေပေသည်။ ထိုဂုဏ်သိက္ခာရှိမှသာလျှင် ယင်းဂုဏ်သိက္ခာမြင့် မားလာရေးအတွက် ဆက်လက်ကြိုးပမ်းရပေဦးမည်။ ၎င်းတို့မှာ၊
            ၁။ ယဉ်ကျေးမှုမြင့်မားရန်၊
            ၂။ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားရန်၊
            ၃။ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားရန်၊
            ၄။ စီးပွားရေးဝင်ငွေမြင့်မားရန်တို့  အနည်းဆုံး ပါဝင်သော အမျိုးသားရေး ဂုဏ်သိက္ခာများ မြင့်မားလာရန်ဖြစ်သည်။
(ဇ ) အမျိုးသားရေး ၀ါဒသည် - ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို ထိမ်းသိမ်းကာကွယ်ခြင်းဖြစ်သည်။
ရခိုင်ပြည်၊ ရခိုင်လူမျိုးတို့တွင် တခြားကမ္ဘာ့လူမျိုးများနှင့်မတူသော ရိုးရာဓလေ့ထုံးစံ မြောက်များစွာရှိ၏။ ထိုထုံးစံဓလေ့ကြောင့်ပင် ရခိုင်သည် ရခိုင်ဟူ၍ ဖြစ်လာရ၏။ ရခိုင်ဟူသောဂုဏ်သိကာဖြစ်ပေါ်၏။ ယင်းဓလေ့ထုံးစံများ ပျောက်ပျက်သွားလျှင် ရခိုင်သည်ရခိုင် ဟူ၍ပင် ဖြစ်တော့မည် မဟုတ်ပေ။
ဥပမာအားဖြင့် -
ရခိုင်သင်္ကြန် -
ရခိုင်သင်္ကြန်သည် ရခိုင်လူမျိုးတို့၏ မူပိုင်လည်းဖြစ်၏။ ထို့ကြောင်း ဗမာနယ်ချဲ့များသည် အာဏာကိုသုံးလျှက် သင်္ကြန်ပွဲတော် မဖြစ် မြောက်အောင်တား၏။ ယင်းသည် မျိုးဖျောက်စီမံကိန်းတခု အနေနှင့် ထင်ရှားသော သာဓကပင်ဖြစ်သည်။
အခြားသော ရခိုင့်အမျိုးသားပိုင် ရိုးရာဓလေ့ထုံးစံလည်း များစွာရှိပေသေး၏။ ယင်းတို့ကို မပျောက်ပျက်အောင် ထိမ်းသိမ်းရမည်သာ ဖြစ်၏။ ထိုထုံးစံ ဓလေ့များပျောက်ပျက်လျှင် ရခိုင်လူမျိုးနှင့် ရခိုင်ပြည်သည်လည်း ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။
ယင်းတို့မှာ လူမှုရေး အားဖြင့် -
            ၁။ ရခိုင်တို့၏ ဆွေမျိုးတော်စပ်ပုံဓလေ့၊
            ၂။ သမက်တက်ပုံ - စနစ် / ထိမ်းမြားမင်္ဂလာဓလေ့၊
            ၃။ အမည် ကင်းပွန်းတပ်ဓလေ့၊
            ၄။ မသာ၊ အသုဘ၊ သင်္ချိုင်းသုဿန် ထားရာတည်ရာ၊မြှပ်နှံရာဓလေ့၊
            ၅။ ရထားဆွဲ - ရထားငင်နှင့် ရာသီပွဲတော်များဓလေ့၊
           ၆။ ရခိုင်ရိုးရာကျင်ပွဲများအပြင်
ဘာသာရေးအနေဖြင့်
            ၇။ ရှင်ပြု - ရဟန်းခံဓလေ့၊
            ၈။ ဘုန်းကြီးပျံ၊ ဒုံးပွဲ စသည်တို့သည် ရခိုင်ဓလေ့များ ဖြစ်ကြ၏။

(ဈ) အမျိုးသားရေး ၀ါဒသည် - အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်
အနိုင်နိုင်ငံရှိ အမျိုးသားများကို ထားဘိ၍ မည်သူမဆို ဖွံ့ဖြိုးတိုးတက်ရေးကို လိုလား၏။ ထိုအတူ ရခိုင်ပြည်သူများသည်လည်း အမျိုး သား ဖွံ့ဖြိုးတိုးတက်ရေးကို၊ ကိုယ်စီကိုယ်ငှ လိုလားကြသည်သာ။
ဖွံ့ ဖြိုးတိုးတက်မှုဆိုရာတွင်-
(၁) စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု၊
(၂) ပညာရေး ဖွံ့ ဖြိုးတိုးတက်မှု၊
(၃) အုပ်ချုပ်ရေး ဖွံ့ ဖြိုးတိုးတက်မှု၊
(၄) လမ်းပမ်းဆက်သွယ်ရေး ဖွံ့ ဖြိုးတိုးတက်မှု၊
(၅) လူမှုရေး ဖွံ့ ဖြိုးတိုးတက်မှု၊
(၆) ခေတ်နှင့်အပြိုင် အစစ ဖွံ့ ဖြိုးတိုးတက်မှု၊
စသည်တို့  ဖွံ့ ဖြိုးတိုးတက်ရန်လိုအပ်မည်ဖြစ်သည်။
ယနေ့ကာလ အုပ်ချုပ်သူ နယ်ချဲ့များသည် ကျွန်ုပ်တို့ နယ်ချဲ့ခံအမျိုးသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို မလိုလား။ အဟန့်အတားပြုနေ၏။ ဖိနှိပ်ချုပ်ချယ်၏။ ထို့ကြောင်း ရခိုင်ပြည်သူတို့သည် ဖေါင်စီးရင်း ရေငတ်နေကြရ၏။ လယ်လုပ်ရင်း၊ ထမင်းငတ်နေ၏။ လယ်သမား လယ်လုပ်ခွင့်မရ၊ ယာသမား ယာထွန်ခွင့်မရှိ၊ မိမိလယ်ကို မိမိအားအငှားချပြီး သီးစားခပေးနေကြရ၏။ တံငါသည် ငါးဖမ်းခွင့်မရှိ။ ထိုတပ်၊ ဤတပ်၊ ထိုအဖွဲ့၊ ဤအဖွဲ့ စသည်တို့သို့ အခွန်ဆောင်နေကြရ၏။ မိမိစိုက်ပျိုးသော သစ်ပင်ကိုကိုယ်တိုင်ခုတ်လှဲခွင့်မရှိ။ စီးပွား ရေးဖွံ့ဖြိုးမှုကို ပိတ်ပင်တားဆီးမှုများ၏ သာဓကအချို့ ဖြစ်သည်။
အစိုးရက အခမဲ့ပညာသင် စနစ်ဟုဆို၏။ အခပေးရသည်ထက် ပိုလွန်သော အခငွေကြွေးကို အကြောင်းပြချက် အမျိုးမျိုးဖြင့် ရံပုံငွေ ကောက်ခံသည်မှာ ကျောင်းသားမိဘများ လက်ပမ်းကျသည်အထိ ဖြစ်သည်။ ဆယ်တန်းအောင်ပြန်လျှင် အထက်တန်းပညာ သင် ကြားရန် ကောလိပ်တက္ကသိုလ် အတတ်သင်ကျောင်းများ အလုံအလောက်မရှိ။ ရိုးမတဖက်ကိုကျော်၍ သူတပါးနိုင်ငံသို့ သွားရောက် ပညာသင်ရသည်ဖြစ်၍ စရိတ်စကကြီးမားသဖြင့် မတတ်နိုင်ကြ။ ဤသည်တို့ကား ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်၏တားဆီးမှု များပင်။
နယ်ချဲ့အစိုးရသည် တံတားတစင်း၊ လမ်းတကြောင်း ဖေါက်သည်ကိုပင်အလေးအမြတ်ပြုလျှက် သတင်းစာ၊ ရေဒီယို၊ တီဗီတို့တွင် ၀ါဒဖြန့်ချီရေးလုပ်၏။ ရခိုင်ပြည်အတွင်းဖေါက်သော ရထားလမ်း၊ ကားလမ်းတခုသည်ပင် သမိုင်းအမွေအနှစ်ကို ဖျက်စီးရန်အတွက် သာလုပ်နေခြင်းဖြစ်သည်။ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်ရန်မဟုတ်။ ပြည်သူများဖွံ့ဖြိုးတိုးတက်ရန် မဟုတ်။ ပြည်သူကို ဖိနှိပ် ရန်အတွက်၊ နယ်ချဲ့စစ်အုပ်ချုပ်ရေး လွယ်ကူစေရန်အတွက်သာ ဖြစ်သည်။ သမိုင်းအမွေအနစ်များကို ဖျက်ဆီးရန် စီးပွားရေး အခြေခံ၊ သဘာဝအရင်းအမြစ်များကို ထုတ်ယူရန်အတွက်သာ ဖြစ်လေသည်။ မျိုးဖျောက်ရန်အတွက်သာ ဖြစ်သည်။
ရခိုင်လူငယ်များသည် ယနေ့အခြေအနေတွင် အလုပ်လက်မဲ့ဖြစ်လျှက် တပြည်တရွာသို့ ထွက်ခွာအလုပ်အကိုင်ရှာနေကြသည်။ ယင်း ကြောင့် ရခိုင်ပြည်သည် လူသားအရင်းအမြစ်များကို ဆုံးရှုံးခံနေရသည်။ အကြောင်းတရားမှာ နယ်ချဲ့အစိုးရ၏ ဖန်တီးချက်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် အလုပ်ရုံ၊ စက်ရုံမည်မျှ ရှိသနည်း။ တိုင်းသို့မဟုတ် ဒေသကြီးတခုရှိ စက်ရုံ၊ အလုပ်ရုံများ၏ ဆယ်ပုံတပုံ ရှိပါသလား။ ရှိသည်မဟုတ်ပေ။ ရခိုင်ပင်လယ်ပြင်မှ ကုဋေကုဋ္ဌာတန်ဖိုးရှိသော ဓါတ်ငွေ့များထုတ်ယူပြီး ရခိုင်သားတို့ ဖွဲမီးစက်ဖြင့် နှစ်ပါးသွားနေရခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို နယ်ချဲ့များ၏ အဟန့်အတား ပြုနေခြင်းအတွက် သရုပ်သကန် ဖြစ်လေသည်။
ခေတ်နှင့်အပြိုင်ဖွံ့ဖြိုးတိုးတက်မှုကိုဆိုပေဦးမည်။ ယနေ့ကာလသည် ကမıာ့ရွာခေတ်ဖြစ်သည်။ ကမıာကြီးသည် အိုင်တီ နယ် ပါယ်တွင်ရွာသာသာသို့  ကြုံ့ သွားခြင်းဖြစ်၏။ ယင်း၏ အဓိကဇတ်ဆောင်သည် ဒီဂျီတယ်စနစ်ဖြစ်၏။ ဒီဂျီတယ်(Degital)စနစ်မဖွံ့  ဖြိုးလျှင် အခြားတပါးသော ဖွံ့ ဖြိုးမှုတို့သည်လည်း ဖြစ်သင့်သလောက် တိုးတက်ဖြစ်ထွန်းလာမည်မဟုတ်ပေ။ ယနေ့ရခိုင်ပြည်တွင် လျှပ်စစ် ဘယ်နှစ်နာရီ အသုံးပြုနိုင်သလဲ။ မိုဘိုင်းဖုံးသုံးစွဲခွင့် မည်မျှပေးထားသလဲ။ စသည့် စသည်တို့ကိုတွက်စစ်လျှင် အုပ် ချုပ်သူအစိုးရသည်သာ တရားခံဖြစ်ကြောင်း အဖြေထွက်လေသည်။
ထိုဘ၀မှ လွတ်မြောက်ရန်အတွက် လွတ်လပ်ရေးသည်သာ မိမိတို့၏ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည့် တခုတည်းသော လမ်းကြောင်းဖြစ်သည်ကို သတိမူရမည် ဖြစ်သည်။
(ည) အမျိုးသားရေး ၀ါဒသည်  အမျိုးသားပိုင် နယ်မြေ နယ်နမိတ်ကို ထိမ်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သည်။
ရခိုင်တို့သည် သူတပါးလက်အောက် ကျရောက်ခဲ့ရသဖြင့် ကျရောက်ခါစကပင် ရှင်မဖြူကျွန်းအပါအ၀င် ရာမူး(ပင်းဝါ)နယ်မြေများကို ဆုံးရှုံးခဲ့ရ၏။ ဗမာလက်လက်အောက်မှသည် အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီ လက်သို့ ကျရောက်ခဲ့ရ၏။ ဗမာ့လွတ်လပ်ရေးခေတ်တွင် ပလက်ဝနယ်များ၊ ဂွချောင်းမြစ်ဝတောင်ဘက်ကျောက်ချွန်းချောင်းမှအစပြုပြီး ယင်း၏တောင်ဖက်ပိုင်းနယ်မြေများကို ဆုံးရှုံးခဲ့၏။ ဘင်္ဂလာ-မြန်မာနယ်စပ်အကြား နတ်မြစ်အဖျားရှိ ကျွန်းများသည် နာမည်ကျော်ကျွန်းများဖြစ်ကြ၏။ ဤကျွန်းများကို ဗမာအစိုးရ အနေဖြင့် ဘင်္ဂလာဒေ့ခ်ျသို့ ပေးအပ်ခဲ့မှုများသည် အမျိုးသားပိုင်နယ်ပါယ်များ ဆုံးရှုံးမှုတွင် ပါဝင်၏။ ယင်းသည် ရခိုင်ဘိုးဘွားပိုင် နယ်မြေများဖြစ်သည်။ ကျွန်ပြုခံရလျှင်ပင် ကျွန်ုပ်တို့ အမျိုးသားများသည်ကျွန်ဘ၀ကို အတူတကွ ခါးစည်းခံကြရမည်သာ ဖြစ်၏။ ထိုနယ်မြေများ အပါအ၀င် အခြားသော ရခိုင်ဘိုးဘွား၊ မိဘပိုင်နယ်ပါယ်များ ပြန်လည်တစည်းတရုံးတည်း ဖြစ်ရေးတို့သည် ရခိုင်အမျိုးသားရေး ၀ါဒ (သို့) ရခိုင်အမျိုးသားရေး လိုအင်များဖြစ်သည်။
အခဏ်း (၄)
အမျိုးသားရေးဝါဒ၏ ပဋိပက္ခများ
အမျိုးသား တရပ်ရှိလျှင် အမျိုးသားရေးဝါဒသည် မုချရှိနေသကဲ့သို့၊ အမျိုးသားတွင်းပဋိပက္ခသည်လည်း မုချရှိနေရမည်သာဖြစ်သည်။ ယင်းတို့ကို ဆန်းစစ်လျှင် -
           (၁) နယ်မြေနယ်နမိတ် တခုတည်း နေထိုင်သော်ငြား၊ သွေးသားချင်း အမျိုးဆက်နွယ်မှု မရှိခြင်းကြောင်း ဖြစ်ပေါ်နိုင်သည်။
(၂) နယ်မြေနယ်နမိတ် တခုတည်းအတွင်း စုစည်းနေထိုင်သော်ငြားလည်း ဘာသာစကား၊ ယဉ်ကျေးမှုကို ကိုးကွယ်မှုဆိုင်ရာ
တို့တွင် ကွဲပြားခြားနားသောကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။
(၃) နယ်မြေနယ်နမိတ် အတွင်းလည်း အတူနေ၏။ သွေးသားဆက်နွယ်မှု၊ ဘာသာစကားကိုးကွယ်မှု၊ ယဉ်ကျေးမှု စသည်
တို့လည်း တူညီ၏။ အုပ်ချုပ်ရေးစနစ် အနာဂတ်စိတ်ကူးစိတ်သန်း အတွက်မူ မတူကွဲလျက် ရှိနေသောကြောင့်လည်း ပဋိ ပက္ခဖြစ်ပေါ် နိုင်လေသည်။
(၄) နယ်မြေနယ်နမိတ် တခုတည်းအတွင်း ရောက်ရှိနေသော်လည်း ဘာသာစကား မတူညီ၊ သွေးသားမစပ်ဟပ်၊ ယဉ်ကျေးမှု
ကိုးကွယ်မှုတခြား၊ နယ်ကျွံ နိုင်ငံသားများကြောင့်လည်း ပဋိပက္ခ ဖြစ်ပေါ်နိုင်သည်။
အထက်ကဆိုခဲ့သောအချက်များအနက် ၁ နှင့် ၂ အချက်တို့ သည် သာမန်သာမညအချက်သာဖြစ်သဖြင့် ဖွင့်ဆိုချက်ပေးရန် လိုမည် မထင်ပေ။ တနည်းအားဖြင့် နှစ်ပေါင်းထောင်ချီပြီး အတူတကွနေထိုင်လာကြသူများf ပဋိပက္ခသာဖြစ်သောကြောင့် အထူးရေးရန် မလိုတော့ပေ။

(၃) ဘာသာတူ လူမျိုးတူ ၊ အယူအဆမတူ သူတို့ ၏ ပဋိပက္ခ။
Èအချက်တွင် အဓိကပြœနာသည် ရခိုင်ပြည်တောင်ပိုင်း မြောက်ပိုင်းပြœနာဖြစ်သည်။ ရခိုင်ပြည်တောင်ပိုင်း မြောက်ပိုင်း နေလူများသည် အစစအရာရာတူညီသော လူတမျိုးတည်းပင်ဖြစ်သော်လည်း အုပ်ချုပ်ရေးစနစ်အပေါ် တခါတရံ သဘောကွဲလွဲ မှုများရှိခဲ့ကြလေသည်။ ဥပမာအားဖြင့် ဘုရင့်ခေတ်အခါက တေင်းပိုင်းသားရှင်ဘုရင်များ နန်းရသည်ကို မကြေနပ်ကြဟုဆို ခြင်းများနှင့် ယနေ့ ခေတ်၊ ၁၉၉၃ ခုနှစ်က တောင်ပိုင်းတွင် NLD အမတ်များမဲနိုင်ပြီး မြောက်ပိုင်းတွင် ALD အမတ်များက မဲအသာရမှုများ။ ၂၀၁၁ ရွေးကောက်ပွဲတွင်လည်း မြောက်ပိုင်းတွင် ရခိုင်ပြည်တိုးတက်ရေးပါတီဝင် အမတ်များက မဲနိုင်ပြီး တောင် ပိုင်းတွင်ကြံ့ဖွတ် အမတ်များက မဲအသာရခဲ့မှုများဖြစ်ကြသည်။
Èအချက်သည် တူညီသောအုပ်ချုပ်ရေးစနစ်နှင့် အနာဂတ်တည်ဆောက်မှုတို့ အတွက် ယင်းစိတ်ကူးစိတ်သန်းမတူခြင်းကို ဖေါ်ညွန်းနေပေသည်။ ယင်းကြောင့် အနာဂတ် ရခိုင့်အမျိုးသားခေါင်းဆောင်တို့ သည် Èအချက်ကို အထူးအလေးထားသင့် သည်ဟု မှတ်ယူရမည်ဖြစ်သည်။
(၄) တမြေတည်းနေ - စကားမတူ၊ သွေးသားမစပ်ဟပ်၊ ယဉ်ကျေးမှု၊ ကိုးကွယ်မှုတခြား၊ နယ်ကျွံနိုင်ငံသားများနှင့်ပဋိပက္ခ။

ရခိုင်ပြည်သည် ၁၁၄၆ ခုနှစ် နောက်ပိုင်းတွင်ကိုလိုနီလက်ပြောင်းလက်လွဲများခဲ့၏။ ယင်းတို့ ကို အခွင့်ကောင်းယူ၍တိုင်းတပါး သားများသည် နယ်စပ်ချင်းထိစပ်နေသော ရခိုင်ပြည်ဒေသသို့  အခြေချခဲ့ကြ၏။ အုပ်ချုပ်သူအမျိုးမျိုးတို့ကလည်း မိမိတို့အ ကျိုးအတွက် လျှစ်လျှူရှုဝင်ခွင့်ပြုခဲ့ကြ၏။

Èသို့ ဖြင့် ယနေ့ အချိန်တွင် ထိုနယ်ကျွံ လူမျိုးများမှ အစွန်းရောက်အချို့ သည် အာရပ်ကြီးနှင့်ကုလားအုပ်ပုံပြင်ကဲ့သို့ ကု လားဘွဲ့ ခံ ရခိုင့်ဘုရားတကာမင်းများကို မူဆလင်မင်းများဖြစ်လေဟန်၊ မြောက်ဦးမြို့သည်ပင် သူတို့၏ကုလားမြို့တော်ဖြစ် လေဟန် လီဆည်လုပ်ကြံလျှက် အရှေ့အလယ်ပိုင်း မူဆလင်နိုင်ငံများမှငွေကြေးတောင်းခံကာ မူဆလင်နိုင်ငံထူထောင်ရန် ကြိုးပမ်းနေကြလေသည်။
Èပဋိပက္ခသည် အလွန်ကြီးကျယ်သော တိမ်းစောင်းမခံနိုင်သည့် ပဋိပက္ခဖြစ်သည်။ ထို့အတူ ရခိုင်ပြည်၏ အမျိုးသားနိုင်ငံ ရေးမျှော်မှန်းချက်တခုလုံးကို နှေင့်နှေးကြံ့ကြာအောင်လည်းကောင်း မဖြစ်မြောက်အောင်လည်းကောင်း အနရယ်ပြုနိုင်သော ပဋိပက္ခလည်းဖြစ်သည်။ Èပဋိပက္ခကို အရှည်သဖြင့်လျှစ်လျှူရှုထားလျှင် ပိုအကျိုးယုတ်နိင်ကြောင်း တိုင်းချစ်ပြည်ချစ် အပေါင်းတို့ အား အထူးသတိပေးအပ်ပေသည်။
အခဏ်း(၆)

အမျိုးသားရေး ရည်မှန်းချက်

အမျိုးသားရေးဝါဒအရ အမျိုးသားရေး ရည်မှန်းချက်များသည် -

(က) အမျိုးသားအကျိုးစီးပွားများကို ဖေါ်ဆောင်ရန် ဖြစ်သည်။
(ခ ) အမျိုးသားရေး လိုအင်များကို ဖြည့်ဆည်းနိုင်ရန် ဖြစ်သည်။
(ဂ ) မျိုးချစ်စိတ်ဓါတ်ကို အထွဋ်အထိပ်သို့ မြှင့်တင်ပေးရန်ဖြစ်သည်။
(ဃ) အမျိုးသား တည်တံ့ရေးအတွက် အမျိုးသားရေး ရန်သူများကို တိုက်ခိုက်ရန် ဖြစ်သည်။
(င ) အမျိုးသား ညီညွတ်ရေးကို အစဉ်သဖြင့် ဆုပ်ကိုင်ထားရန် ဖြစ်သည်။

အခဏ်း (၇)

အမျိုးသားရေး တာဝန်

အမျိုးသားရေးဝါဒအရ အမျိုးသားရေး တာဝန်သည် -

(က) အမျိုးသားအကျိုးစီးပွားများကို ဖေါ်ဆောင်ရန် ဖြစ်သည်။
(ခ ) အမျိုးသားရေး လိုအင်များကို ဖြည့်ဆည်းနိုင်ရန် ဖြစ်သည်။
(ဂ ) မျိုးချစ်စိတ်ဓါတ်ကို အထွဋ်အထိပ်သို့ မြှင့်တင်ပေးရန်ဖြစ်သည်။
(ဃ) အမျိုးသား တည်တံ့ရေးအတွက် အမျိုးသားရေး ရန်သူများကို တိုက်ခိုက်ရန် ဖြစ်သည်။
(င ) အမျိုးသား ညီညွတ်ရေးကို အစဉ်သဖြင့် ဆုပ်ကိုင်ထားရန် ဖြစ်သည်။
          ဆိုလိုသည်မှာ၊ အမျိုးသားရေးတာဝန်သည် အမျိုးသားရည်မှန်းချက်များကို အကောင်အထည်ဖေါ်ရန်ဖြစ်သည်။

အခဏ်း(၈)

အမျိုးသားရေး ရန်သူများသည်

(က) အမျိုးသားရေးဝါဒကို ဖျက်ဆီးသူ၊ ဆန့်ကျင်သူ၊ ကန့်ကွက်သူ၊ ဆန့်ကျင်မှုကိုအားပေးသူများ။
ယင်းတို့နှင့် အပေါင်း အဖေါ်ပြုသူများ။
(ခ) အမျိုးသား အကျိုးစီးပွားကို ဖျက်ဆီးသူ၊ ဆန့်ကျင့်သူ့၊ ကန့်ကွက်သူ၊ ဆန့်ကျင်မှုကို အားပေးသူ။
ယင်းတို့နှင့် အပေါင်း အဖေါ်ပြုသူများ။
(ဂ) အမျိုးသားရေးလိုအင်များကို ဖျက်ဆီးသူ၊ ဆန့်ကျင်သူ၊ ကန့်ကွက်သူ ဆန့်ကျင်မှုကို အားပေးသူ။
ယင်းတို့နှင့် အပေါင်း အဖေါ်ပြုသူများတို့သည် အမျိုးသားရေး ရန်သူများဖြစ်ကြသည်။


အခဏ်း (၉)

အမျိုးသား အခွင့်အရေး

အမျိုးသားတို့၏ အခွင့်အရေးသည် အနိုင်နိုင်ငံရှိ လူမျိုးတိုင်းနှင့်၎င်း၊ နိုင်ငံတကာ လူ့အခွင့်အရေးများနှင့်၎င်း၊ ရခိုင်အမျိုးသားတိုင်း၏ အခွင့်အရေးနှင့်၎င်း တထပ်တည်း ရှိစေရမည်။

အခဏ်း (၁၀)

နိဂုံး

ယခင်က ရခိုင်ပြည်အမျိုးသားရေးဝါဒ ဆိုသည်ကို ပြဋ္ဌာန်းချက် တစုံတရာမရှိခဲ့ကြ။ တစုံတဦးတွင်လည်း မရှိခဲ့ပေ။ သို့မရှိခဲ့ သော်ငြားလည်း ယခုကား ကျွန်ုပ်တို့ပြဋ္ဌာန်းရန် ကြိုးစားခဲ့ပြီ ဖြစ်၏။ ဤတွင်အလွန့်အလွန် အရေးကြီးသော အချက်များကို တွေ့ရမည်ဖြစ်သည်။ ယင်းတို့သည် အမျိုးသားတည်တံ့ရေးကိုပင် အန္တရာယ်ပြုနိုင်သော အချက်များဖြစ်သည်ကို အထူးသတိ ထားရမည် ဖြစ်သည်။

ဤတွင်ပြောစရာတချက်ကျန်ခဲ့သည်မှာ အမျိုးသားအချောင်သမားများအကြောင်းပင်ဖြစ်သည်။ ထိုပုဂ©ိုလ်တို့သည် လူရိုသေရှင်ရို သေပုဂ©ိုလ်များဖြစ်ကြ၏။ ပြည်သူများ၏ယုံကြည်မှုကိုလည်း ရကြ၏။ ပညာလည်းတတ်၏။ အသိတရားလည်းကြွယ်ဝ၏။ သူတပါးတို့ ကျွန်ပြုမှုကိုခံနေရကြောင်းကိုလည်းသိ၏။ ရခိုင်ပြည်သည် လွတ်လပ်သောတိုင်းပြည်တပြည် ဖြစ်ခဲ့ကြောင်း ဖြစ်သင့်ကြောင်းကိုလည်း နားလည်၏။ မည်သို့ ပြုလုပ်လျှင် လွတ်လပ်မည်ကိုလည်းမြင်၏။ သို့ရာတွင် အနစ်နာခံကား အမျိုးသားရေးအတွက်အလုပ်မလုပ်။
ထိုသို့ သောပုဂ©ိုလ်များကို ဓနရှင်ပေါက်စ အတွေးအခေါ်ရှိသူများဟု တရုတ်ခေါင်းဆောင် မော်စီတုန်းက ကင်းပွန်းတပ်ခဲ့၏။ အခြေ အနေကောင်းလျှင် ရှေ့ တန်းမှလာရောက်နေရာယူမည့်သူများပင်ဖြစ်ကြသည်။

ရခိုင်ပြည်သူများအတွက် တော်လှန်ရေးခေါင်းဆောင် ခေါင်းပါးခြင်းပြœနာ Leadership crisic နှင့်ရင်ဆိုင်နေရမှုသည် ထိုပုဂ©ိုလ်များ ခေါင်းရှောင်နေ ကြခြင်းကြောင့်ပင်ဖြစ်သည်။ မညီညွတ်ခြင်း ကွဲပြဲခြင်း အင်အားမဖြစ်ထွန်းခြင်းတို့ သည် ထိုသို့ သောပုဂ©ိုလ်များ တော်လှန်ရေးနယ်ပါယ်အတွင်းရောက်မလာသည့်အပေါ် များစွာတည်၏။ ပညာနည်းပါး အရည်အခြင်းမဲ့ ပုဂ©ိုလ်တချို့ သည် တော် လှန်ရေးနယ်ပါယ်သို့  ရောက်လာပြီး ကာလတောင်တာကြာသောအခါÒ လူကြာကြီးများအဖြစ် ဟာကွက်ဖြစ်နေသောခေါင်းဆောင် နေရာကို တက်ယူရန် ကြိုးစားမှုကြောင့် ဘုတ်ကိုကျီးမရိုသေ ကျီးကိုဘုတ်မလေးစား ကွဲပြားခြားနားကြရခြင်းဖြစ်ပေသည်။

ယင်းအပြင် သင်္ခန်းစာယူလိုကယူနိုင်ရန် အချက်တခုကို ဆိုပေဦးမည်။ ကချင်တော်လှန်ရေးသမားများသည် ကွယ်လွန်သူ KIO ဥက္ကဌ မရမ် ဘရန်ဆိုင်းကို ပြန်ပေးဆွဲလာကာ နောင်တွင်ခေါင်းဆောင်တင်မြှောက်ခဲ့ကြခြင်းဖြင့် leadership crisis ကိုဖြေရှင်းခဲ့ကြသည်ဆို သောအချက်ပင်ဖြစ်ပေသည်။ အပွင့်လင်းဆုံးဆိုရပါမူ ယနေ့ ရခိုင်ပြည်တွင်း နိုင်ငံရေးအရ အထင်ကရဖြစ်နေသော ပုဂ©ိုလ်အချို့ ကို အမျိုးးသားအကျိုးစီးပွားအတွက် ဖြစ်သင့်သည်ဟုယူဆလျှင် KIO ထုံးကို နှလုံးမူသင့်သည် ဟုထင်ပါသည်။

မည်သို့သော အခက်အခဲပင်ရှိစေကာမူ အမျိုးသားရေး ညီညွတ်မှုရှိလျှင် အမျိုးသားအကျိုးစီးပွားများ ဖြစ်ထွန်းလာမည်ကား မြေကြီးလက်ခတ်မလွဲ ဖြစ်ချေသည်။

တော်လှန်ရေးသစ္စာဖြင့်
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးဆုံရပ် (ANFU)

----------------------------------------------------------------------------------------

ရခိုင်ပြည်အမျိုးသားညီညွတ်ရေး သော့ချက်ပြဿနာများ

မာတိကာ

(က) နိဒါန်း
(ခ) ကျွန်ပြုခံဘ၀ ရခိုင်ပြည်
(ဂ) ရခိုင်ခေါင်းဆောင်တို့၏အမြင်နှင့် လမ်းစဉ်
(ဃ) အမျိုးသားတော်လှန်ရေး ပီပြင်လာခြင်းနှင့် ဂိုဏ်းဃဏ
(င) ညီညွတ်ရေးပြိုကွဲရခြင်း အကြောင်းအချက်များ
(စ) ညီညွတ်ရေးအတွက် ကျွန်ုပ်တို့ပြုပြင်ဖန်တီးရမည့် အချက်များ
(ဆ) နိဂုံး။


(က) နိဒါန်း

ရခိုင်ဘုရင့်နိုင်ငံတော်သည် (၁၁၄၆) ခုနှစ်တွင် ဗမာနယ်ချဲ့လက်အောက် ကျရောက်ခဲ့ရသည်။ ကံမကောင်း အကြောင်း မလှ၍ကား မဟုတ်ပေ။ မိမိတို့အမျိုးသားတို့ လိုအပ်ချက်ကြောင်းသာဖြစ်သည်။ ပကတိအားဖြင့် နန်းတွင်းညီညွတ်ရေး ပြိုကွဲမှုကြောင်း အချုပ်အချာအာဏာကျဆုံးခဲ့ရခြင်းဖြစ်သည်။ သခင်ပြောင်း ကျွန်ဘ၀ဖြင့် ခါးသီးနာကျဉ်းဖွယ်ရာ နှစ်(၂၀၀)ကျော် ဖြတ်ကျော် ခဲ့ကြရပြီး ဖြစ်သော်လည်း ကျွန်ဘ၀ကို ကယ်တင်နိုင်သော အမျိုးသားတခုလုံး အားကိုးယုံကြည်လောက်သည့် သွေးစည်း ညီညွတ်သော ဦးဆောင်အဖွဲ့စည်းတရပ်ကို မတည်ဆောက်နိုင်ကြပေ။ အမျိုးသားလွတ်လပ်ရေးသည် အမျိုးသားညီညွတ်ရေး ပြီးမြောက်မှုအပေါ်၌ မူတည်သည်ဖြစ်၍  ညီညွတ်ရေးကိုကား အသက်ပေးတည်ဆောက်ကာကွယ်ကြရမည်သာ ဖြစ်သည်။ ရခိုင့် နိုင်ငံတော် တခုဖြစ်အောင် တည်ဆောက်ခဲ့သော ဘိုးဘီးဇူဇာတို့၏ အမွေအနှစ်များအား မျိုးခြားနယ်ချဲ့များက အတင်းအဓမ္မ ယူငင်ဖျက်ဆီးဖြုန်းတီးနေမှုကို ကျွန်ုပ်တို့ လူ့အဖွဲ့စည်းက မည်သို့မှတားဆီးနိုင်စွမ်း၊ ကာကွယ်နိုင်စွမ်း အင်အားမရှိပေ။ လုံခြုံမှု ကင်းမဲ့ပြီး အနာဂါတ်ပျောက်နေသော ရခိုင်တို့၏ဘ၀ကို ကယ်တင်နိုင်သောလမ်းကြောင်းမှာ အချုပ်အချာအာဏာ ပြန်လည်ရယူ နိုင်ရေးပင်ဖြစ်သည်။ အချုပ်အချာအာဏာရယူနိုင်ရေးတွင် ညီညွတ်ရေးသည် အဓိကဖြစ်သည်။ ၎င်းကိုအခြေခံ၍၊ ကျယ်ပြန့်နက် နဲသော ညီညွတ်ရေး၏ သော့ချက်ပြဿနာများကို ရှာ ဖွေဆန်းစစ်ရန် လွန်စွာအရေးကြီးလာပြီ ဖြစ်ပါသည်။

(ခ) ကျွန်ပြုခံဘ၀ ရခိုင်ပြည်

ဗမာနယ်ချဲ့တို့သည် ရခိုင်ပြည်ကို သိမ်းပိုက်ကျွန်ပြုခဲ့ပြီးသည့်နေ့မှစ၍ ရခိုင်လူမျိုးတခုလုံးကို ကျူပင်ခုတ်ကျူ ငုတ်ပင်မကျန်အောင် လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်သာမက၊ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာများကို မြေလှန်ဖျောက်ဖျက်ခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော ရက်စက်ဖိနှိပ်မှုများကို လူသားမဆန်စွာ ပြုလုပ်ခဲ့ကြသည်။ တဖန်ဒုတိယကမ္ဘာ့စစ်ဖြစ်ပေါ်လာပြီးနောက် မြန်မာ့ အင်ပါယာနှင့်အတူ အင်္ဂလိပ်-ဂျပန်တို့လက်အောက် သခင်ပြောင်း ကျွန်ဘ၀ဖြင့် သံသရာ လည်ခဲ့ကြရပြန်သည်။

(ဂ) ရခိုင်ခေါင်းဆောင်တို့၏အမြင်နှင့် လမ်းစဉ်

နယ်ချဲ့ အင်္ဂလိပ်-ဂျပန်တို့ကို မြန်မာ့မြေပေါ်က ဟန်ချက်ညီစွာ တော်လှန်တိုက်ပွဲဝင်ခဲ့ကြသော်လည်း ရခိုင်ခေါင်း ဆောင် တို့ သည် ကျစ်လစ်ခိုင်မာသော သွေးစည်းညီညွတ်မှု မရှိသည့်အတွက်ကြောင့် ဗမာခေါင်းဆောင်တို့၏ လိမ်လည် လှည့်ဖျားမှုအောက်တွင် အနာဂါတ်ရခိုင်တို့၏  နိုင်ငံရေးလမ်းကြောင်းပျောက်နေခဲ့ကြ၏။ ခွဲရေးက တဖုံ၊ တွဲရေးကတမျိုး နောက်လိုက်နိုင်ငံရေး လမ်းကြောင်း ဖြင့် အုပ်စုလိုက်ကွဲနေကြပြီး လက်ဝဲ၊ လက်ယာ အယူ ၀ါဒနှင့် အရှောင်သ္မား နိုင်ငံရေးလမ်းကြောင်းတွင်လည်း ရပ်တည်ခဲ့ကြ၏။ ပင်လုံစာချုပ် ပျက်ပြေခြင်းနဲ့အတူ ရခိုင်ခေါင်းဆောင်တို့သည် အမျိုးသားရေးအမြင်နှင့် ၀ါဒရေးရာအမြင်များကို ခွဲခြား၊ပိုင်းဖြတ်ခြင်း မပြုလုပ်နိုင်ခဲ့ကြ။ (၁၉၄၈) ခုနှစ် ကာလမှ (၁၉၆၂) ကာလထိတိုင် ဗမာ့နိုင်ငံရေး ၀ဲဂက်ယက်တွင် ရေစုံမျောခဲ့ကြရသည်။ ပြည်သူ့ လွတ်မြောက်ရေးပါတီ ခေါင်းဆောင် ဆရာတော်ဦးစန္ဒာနှင့်အဖွဲ့သည် ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်တွင် လက်နက်နှင့် ဒီမိုကရေစီလှဲလှယ်ရေး ကြွေးကြော်သံနှင့်အတူ ဦးနုအစိုးရထံ လက်နက်ချခဲ့ရာ ရခိုင်အမျိုးသားရေးအတွက် အကျိုးကျေးဇူး တစုံတရာဖြစ်ပေါ်မလာခဲ့ပေ။  ၁၉၆၂ ခု၊ မတ်လ (၂)ရက်နေ့တွင် မဟာဗမာဝါဒီ မျိုးဆက်သစ်လက်ဆင့်ကမ်း စီမံကိန်းများအတိုင်း အာဏာသိမ်းဗိုလ်နေ၀င်း စစ်အစိုးရ၏ တပါတီ အာဏာရှင် စနစ်အောက် ကျရောက်ခဲ့ရပြီး ယနေ့ထက်တိုင် စစ်အစိုးရအဆက်ဆက် ဖိနှိပ်ရက်စက် ညှဉ်းပမ်းမှုများကို ခံစားနေကြရသည်။

(ဃ) အမျိုးသားတော်လှန်ရေး ပီပြင်လာခြင်းနှင့် ဂိုဏ်းဃဏ

ဆရာတော် ဦးစိန္ဒာနှင့်အတူ ဒီမိုကရေစီနှင့် လက်နက် လှဲလှယ်ကြရာတွင် ပါဝင်ခဲ့ကြသော ပြည်သူ့လွတ် မြောက်ရေးပါတီဝင် ဦးမောင်စိန်ညွှန့်(ရမ်းဗြဲ) ခေါင်းဆောင်သော မျိုးချစ်ပြည်ချစ်များသည် (၁၉၆၀)ခု ပတ်ဝန်းကျင်ကာလတွင် ရခိုင်ပြည်အမျိုးသား တော်လှန်ရေးမျိုးစေ့ကိုချခဲ့၏။ ဗမာ့နိုင်ငံရေး လွှမ်းခြုံချယ်လှယ်မှုအောက်မှ ပထမဆုံးရုန်းထွက်လာကာ ရခိုင့်ပြည်အမျိုးသား လွတ်မြောက်ရေးပါတီ (ရမလပ)ဟုအမည်တွင်စေလျှက် အမျိုးသားဘောင်တွင် ပြတ်သားစွာ ကြွေးကြော်နိုင်ခဲ့ကြသည်။ ယင်းနှင့်အတူ အမျိုးသားတော်လှန်ရေး လမ်းကြောင်းတွင် တော်လှန်ရေး အင်အားစုများ အင်တိုက်အားတိုက် ဖြစ်ပေါ်တိုး တက်လာကြပြီး ရန်သူဗမာနယ်ချဲ့ကို တော်လှန်တိုက်ပွဲ ၀င်လာကြသော်လည်း စုစည်းညီညွတ်သော အင်အားတရပ် ဖြစ်ပေါ်မလာဘဲ ရန်သူ့အလိုကျ ဂိုဏ်းဃဏ ပြင်းထန်စွာနှင့် တပါတီအပေါ်တပါတီက ပျက်စီးရာပျက်စီးကြောင်းကြံဆကာ ယနေ့ထိ ဂိုဏ်းဃဏကို ဦးထိပ်ပန်လျက်ရှိနေကြသည်။ ဦးမောင်စိန်ညွှန့်နှင့် ဦးစံဖေါ်ဦးတို့  ခေါင်းဆောင်သော ရခိုင်ပြည် အမျိုးသားလွတ်မြောက်ရေးပါတီ ANLP၊ ဦးထွန်းရွှေမောင်၊ ဦးစံကျော်ထွန်း ခေါင်းဆောင်သော ရခိုင်ပြည် လွတ်လပ် ရေးအဖွဲ့ (AIO)၊ ဦးမောင်ဟန် ခေါင်းဆောင်သော ရခိုင်ပြည်ကွန်မြူနစ်ပါတီ(ACP)၊ ခိုင်မိုးလင်းခေါင်းဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ပါတီစသော ပါတီလေးခု တို့သည် မရှေးမနှောင်းပင် အမျိုးသားကိုယ်စားပြုပါတီများအဖြစ် ပေါ်လာခဲ့ကြသော်လည်း အမျိုးသားညီညွတ်ရေး လိုအပ်ချက် များကို တစုံအရာ ဖြစ်ပေါ်တိုးတက်အောင် မစွမ်းဆောင်နိုင်ခဲ့ကြပေ။

၁၉၇၆ ခုနှစ်တွင် ကချင်ပြည်အခြေစိုက် ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ (AIO)နှင့် ကရင်အခြေစိုက် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)တို့ ရခိုင်ပြည်သို့မဆင်းမီ အတူဆင်းကြရန် သဘောတူညီမှုများ ရှိခဲ့ကြသော်လည်း တယောက်တကြောင်း ကွဲပြဲစွာ ဆင်းခဲ့ကြသည့်အတွက် ရန်သူ၏ခြေမှုန်းခြင်းအောက်တွင် အမျိုးသား အင်အားစု နှစ်ခုစလုံး ပျက်စီးပြိုကွဲခဲ့ကြရသည်။

၁၉၇၇ ပတ်ဝန်းကျင်ကာလတွင် ရန်သူ မဆလ၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင်း မိမိနယ်မြေ ရခိုင်ပြည်မှ အမျိုးသားပါတီပေါင်းစုံ ဆုတ်ခွာလာခဲ့ကြပြီး ဘင်္ဂလာနယ်စပ်သို့ ရောက်ရှိလာကြ၏။ ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲ အခြေအနေတောင်းဆိုချက်အရ၊ ACP၊ AIO၊ ALP ၊(BCP)မှ ခွဲထွက်လာကြသော ဦးပဒီးဖြူ ဦးဆောင်သည့် (TNP)နှင့် ဦးစိနှ်ညွန့်သာ ခေါင်းဆောင်သည့် တော်လှန်သောအမျိုးသားပါတီ (RNP) တို့သည် အမျိုးသားပါတီများကို စုစည်းနိုင်ရန် အတွက် အမျိုးသားညီလာခံတရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပရန် ALP ဥက္ကဌ ခိုင်ရဲခိုင်နှင့် ALP အတွင်းရေးမှူး ခိုင်အာဏာနီတို့သည် ACP၊ AIO ဥက္ကဌတို့ နှင့် ညှိနှိုင်းခဲ့ကြသည်။ ယင်းအပြင် ပြည်တွင်းမှ မျိုးချစ်ပြည်ချစ် ရခိုင်လူငယ်များနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒေသခံရခိုင်လူငယ်များ စုပေါင်းဖွဲ့စည်းထားသော ဦးဥတ္တမနေ့ ကျင်းပ ရေးကော်မတီကိုလည်း ညီညွတ်မှုမရှိကြသေးသည့် ရခိုင်အမျိုးသားပါတီများအကြား ညီလာခံတက်ရောက်နိုင်ရေးအတွက် စေ့စပ်လှုံဆော်ပေးပါရန် တောင်းဆိုလာသဖြင့် ဦးဥတ္တမနေ့ ကျင်းပရေးကော်မတီမှ ပါတီအသီးသီးသို့ သွားရောက်ပြီး စေ့စပ်ညှိနှိုင်းပေးခဲ့သည်။ ၁၉၈၈ ခု၊ စက်တင်္ဘာလ (၅)ရက်နေ့တွင် မြန်မာ-ဘင်္ဂလာနယ်စပ် တနေရာဖြစ်သော ဘင်္ဂလာပိုင်နက် ၀ါးခွတ်ချောင်းနယ်မြေတွင် အမျိုးသားညီလာခံတရပ်ကို ရဟန်းရှင်လူပြည်သူ မျိုးချစ် ပြည်ချစ်များကိုပါ ဖိတ်ခေါ်ပြီးပြုလုပ်ကြသည်။ အမျိုးသားညီညွတ်ရေး ရှေ့ပြေးနမူနာအဖြစ် AIOနှင့် ALPတို့ နှစ်ပါတီမှ တပါတီအဖြစ်သို့ ပူးပေါင်းလိုက်ပြီး ပါတီကို ALP ပါတီ၊ တပ်မတော်ကို AIA တပ်မတော်အဖြစ် နှစ်ဖက်ခေါင်းဆောင်များ သဘောတူညီချက်အရ ထုတ်ပြန်ကြေညာချက်ထုတ်ခဲ့သည်။ ကျန်ပါတီများနှင့်လည်း တဖွဲ့တပါတီ မဟုတ်သည့်တိုင်အောင် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA)ကို ဖွဲ့စည်းခဲ့ကြသည်။ ပါတီတခုစီမှ ဥက္ကဌ တဦးစီအနေဖြင့် တပ်ဦးလျှင် ၆ လတာ အလှည့်ကျသဘာပတိအဖြစ် တာဝန်ခွဲဝေခဲ့ကြသည်။ တပ်မတော်ကိုလည်း ပါတီအသီးသီးမှ တပ်များကို အချိုးကျစုစည်းပြီး ရခိုင်ပြည်သစ် တည်ဆောက်ရေး တပ်မတော် (NACA)အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ဖွဲ့စည်းပြီးနောက် တော်လှန်ရေးခေါင်းဆောင်များက ပြည်သူ့ရှေ့ မှောက်တွင် အမျိုးသားအောင်လံကို ကိုင်ဆောင်လျှက် အမျိုးသားညီညွတ်ရေးအပေါ် သစ္စာစောင့်သိမှုနှင့် အမျိုး သားရေးတာဝန်များကို မဖေါက်မပြန်ကြေပွန်စွာ ထမ်းဆောင်ကြမည့်အကြောင်း ညီလာခံအတွင်း သစ္စာဆိုခဲ့ကြ သည်။ ပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ကွဲပြဲနေသောအဖွဲ့အစည်းများကို ပေါင်းစည်းဖွဲ့စည်းနိုင်ခြင်း အပေါ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုဝိုင်းရံ အားပေးယုံကြည်အပ်နှံမှုများကို ပေးအပ်ခဲ့ကြသည်။ သည်တို့ မှာ ပြည်သူများအနေဖြင့် အမျိုးသားညီညွတ်ရေးကို အချိန်အခါမရွေး တောင်းဆိုနေခြင်း ကိုပြဆို ပေသည်။ ယင်းအပြင် အမျိုးသားညီညွတ်မှုသည် ၁၉၆၂ ခုနှစ် ရတညပါတီကို မဲထည့်ရာတွင်၎င်း၊ ၁၉၉၀ ခုနှစ်တွင် ALDကို မဲထည့်ရာတွင်၎င်း၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလတွင် ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (RNDP)ကို၎င်း အမျိုးသားရေးဖက်တော်သားများအဖြစ် တခဲနက်မဲထည့်ခဲ့ကြခြင်းမှာ ပြည်သူလူထု၏ညီညွတ်မှုကို ပြသနေခြင်း ဖြစ်သည်။


(၁) NUFA၏ ရောင်ပြန်ဟတ်မှု

တဖက်မှာ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA)ဖွဲ့စည်းသည့် အကျိုးဆက်မှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တွင်လည်း ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရေးကော်မတီမှ ဦးဆောင်ကာ ဒေသအသီးသီး မြို့၊ကျေးရွာများမှ ရခိုင် မျိုးချစ်ပြည်ချစ်များအား ဖိတ်ခေါ်ခဲ့ပြီး ဖလောင်းချိပ်မြို့ မဟာသိမ်တော်ကြီး ရင်ပြင်၌ စက်တင်္ဘာလ (၉) ရက်နေ့၊ ဆရာတော် ဦးဥတ္တမနေ့ကျင်းပသည့်အချိန်နှင့် တပြိုင်နက် ရခိုင်ဗုဒ္ဓဘာသာဖွံ့ဖြိုးရေးအသင်းကြီးကို နိုင်ငံအတွင်း တရားဝင် တညီတညွတ်တည်း စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်းအသင်းကြီးသည်လည်း တနိုင်ငံလုံးအတိုင်း အတာဆောင်သည့် ပြည်သူ့ယုံကြည်အပ်နှံအားကိုးမှုရရှိခဲ့သည့် တခုတည်းသော အဖွဲ့အစည်းဖြစ်ခဲ့သည်။

တပ်ဦးဖွဲ့စည်းပြီးနောက် ပြည်သူများ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာဘဲ များမကြာမီမှာပင် ညီလာခံအတွင်း ရှေ့ပြေးညီညွတ်ရေးကို ခင်းကျင်းပြသခဲ့သူတယောက်ဖြစ်သည့် ALP ဥက္ကဌဟောင်းခိုင်ရဲခိုင်သည် ပထမဆုံး တပ်ဦးမှခွဲထွက်ပြီး ALP ပါတီနှင့် တပ်မတော်ကို ပြန်လည် ထူထောင်လိုက်ကြောင်း တွေ့ရှိခဲ့ရသည်။ တပ်ဦး အတွင်းတွင်လည်း ထိုဂယက်ကြောင့် ရဟန်းရှင်ပြည်သူများ၏ ယုံကြည် မှုကို ဆက်လက်ပြီးမရရှိဘဲ အင်အား လျော့နည်းလျှက် ရှိနေခဲ့ရာ ၁၉၉၁ ကာလတွင် ဗိုလ်ရာဇာ ဦးဆောင်သော ရခိုင်တပ်မတော် (AA)သည် အင်အားတစုံတရာဖြင့် ရောက်ရှိလာကာ ၁၉၉၄ ခုနှစ် AA မှဦးဆောင်ပြီး အနောက်ဘက်နယ်မြေရှိ အမျိုးသားတော်လှန် ရေးအင်အားစုများ၊ တပ်ဦး NUFA၊ ALP အပါအ၀င် မျိုးချစ်ပြည်ချစ်များကို ဖိတ်ခေါ်လျှက် ရခိုင်ပြည် အမျိုးသားညီညွတ် ရေးပါတီ (NUPA)နှင့် ရခိုင်ပြည်တပ်မတော်(AA)အဖြစ် ညီညွတ်ရေးကို ထပ်မံတည်ဆောက် ရာတွင်လည်း ALP ပါတီမှာ ပါဝင်မှုမတွေ့ခဲ့ပေ။

၁၉၉၅ခုနှစ်တွင် NUPA-AA တွင် ဂိုဏ်းဃဏမကုန်ခန်းဘဲ ကျန်ရှိနေခဲ့သော ဦးသိန်းဖေ ခေါင်းဆောင်သော DPA ထူထောင်သည့် အုပ်စုမှ လက်နက်အင်အား ကြီးငယ်မျိုးစုံ (၁၃၆)လက်ကိုယူ၍ အမျိုးသားညီညွတ်ရေးမှ တဖန်ခွဲထွက်ခဲ့ပြန်သည်။ ယခုတဖန် ၎င်း အကျိုးဆက်နှင့်အတူ ရခိုင်ပြည်အမျိုးသား တော်လှန်ရေး-နိုင်ငံရေး အကျိုးစီးပွားနှင့် ဆက်စပ်နေသော အိန္ဒိယအစိုးရမှ ယုံကြည် မှုပျက်ပြားစေခဲ့သည့်အပြင် ဂိုဏ်းဃဏ ပြင်းထန်သူတချို့၏ လုပ်ကြံသတင်းပေးမှုများကြောင့် အိန္ဒိယ၏လက်ချက်နဲ့ ဗိုလ်ရာဇာနှင့် တခြားအမျိုးသား ခေါင်းဆောင်များ ကျဆုံးခဲ့ရသည်။

၂၀၀၂ ခုနှစ်တွင် အမျိုးသားညီညွတ်မှုအပေါ် အဖန်ဖန်အလီလီ ချိုးဖေါက်ဖျက်ဆီးနေသော အမျိုးသားတော်လှန်ရေး အင်အားစု များအား ရခိုင်ပြည်သူများ ယုံကြည်မှု၊ ထောက်ခံအားပေးမှုမရှိသည်ကို သုံးသပ်ဝေဖန်လာ ကြသော အဖွဲ့အစည်းအသီးသီးမှ အမျိုးသား တော်လှန်ရေးခေါင်းဆောင်များသည် မိမိတို့ညီညွတ်မှုတရားကို နိုင်ငံတကာရောက် မျိုးချစ်ပြည်ချစ်များနှင့် ပြည်တွင်းရှိ မျိုးချစ်ပြည်ချစ်များ အပါအ၀င် ညီညွတ်ပြီး အမျိုးသားကိုယ် စားပြု တဖွဲ့တပါတီအဖြစ် ရပ်တည်နေကြသော ရှမ်း၊ ချင်း၊ ကရင်၊ ကချင် စသည်ဖြင့် တော်လှန် ရေးအင်အားစုများ၏ ယုံကြည်အပ်နှံမှုနှင့် ထောက်ခံမှုများရရှိအောင် ALP, DPA, NUPA နှင့် ALD တို့သည် မျက်နှာချင်းဆိုင်ကာ အိန္ဒိယနိုင်ငံ ကာလကတ္တာမြို့တွင် အဖွဲ့ပေါင်းစုံနှင့် ရဟန်းရှင်လူ ပြည်သူလူထုမျိုးချစ်ပြည်ချစ်များ ပါဝင်သော၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)ကို ဖွဲ့စည်းနိုင်သော CCPCANCကို ဖွဲ့စည်းခဲ့ကြသည်။ ၎င်းအဖွဲ့ အစည်းထဲတွင် နိုင်ငံတကာရောက် တတ်သိပညာရှင်များ၊ ကျောင်းသားလူငယ် အဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့အစည်းများအပြင် တခြား တသီးပုဂ္ဂလ မျိုးချစ်ပြည်ချစ်များပါဝင်ခဲ့ကြသည့်အတွက် ပြည်သူ့ယုံကြည် ထောက်ခံမှုနှင့် မျိုးချစ်ပြည်ချစ်များ မဟာမိတ်များ အာရုံစိုက်မှုများကို ထပ်မံရရှိခဲ့ကြသည်။ ညီညွတ်မှုပြိုကွဲ၍ မျိုးခြားလက်အောက် ကျရောက်ခဲ့ရသည်နေ့မှစ၍ ရခိုင်ပြည်သူများ ယနေ့ထိ တောင်းဆိုနေသော ညီညွတ်ရေးသော့ချက်ကို NUFA (၁၉၈၈)၊ NUPA (၁၉၉၄)၊ ANC (၂၀၀၄)ခုဆိုသည့် အမျိုးသားစုရပ်၊ ဆုံရပ်များကို သုံးကြိမ်သုံးခါ တည်ဆောက်ခဲ့မှုများ၊ ခက်ခဲပင်ပန်းမှုများစွာဖြင့် ရရှိခဲ့ကြသော်လည်း ရတောင့်ရခဲ့သော ညီညွတ်ရေးကို စွဲမြဲစွာဆုတ်ကိုင်လျှက် ပြည် သူ့အပေါ်အလေး အနက်တန်ဖိုးထားကာ တော်လှန်သည့်ခေါင်းဆောင်များ၊ တတ်သည့်ပညာရှင်များ အမျိုးသားအတွင်း ထင်ရှားသည့် ပုဂ္ဂိုလ်များက အမျိုးသားလွတ်မြောက်ရေးအပေါ် ယုံကြည်မှုပြင်းပြစွာ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ အနစ်နာခံခြင်း ဘ၀ကိုစွန့်လွတ် ခြင်းနဲ့ ကျားကုတ်ကျားခဲ ဖြတ် ကျော်တည် ဆောက်မှုများကို  တခြားလူမျိုးများကဲသို့  စုစည်း ညီညွတ်မှု မပြသနိုင်ကြဘဲ တစတစ စုစည်းမှု ကင်းကွာကြကာ  ANC မှ ALPသည် နောက်တဖန် ခွဲထွက်ခဲ့ပြီး ANC နှစ်ခြမ်းကွဲကာ NUPA သည်လည်း နှစ်ခြမ်းကွဲလျှက် ရခိုင့်လူ့အဖွဲ့စည်း ဘုံပြိုနေမှုကိုကမ္ဘာ့အလည်တွင်ပြသနေကြသည်။

အထက်ပါ အမျိုးသားညီညွတ်ရေး စုစည်းမှုများကို တည်ဆောက်ကြရာတွင် ပါတီပေါင်းစုံမှ ပါဝင်ဆောင်ရွက်ခဲ့သော ခေါင်းဆောင်များ တွင်တချို့သည် အမှန်တကယ် ဘုံအမျိုးသားအကျိုးစီးပွားဖြစ်သည့် ညီညွတ်ရေးကို မဖြစ်မနေတည်ဆောက်လိုသူများ မဟုတ် သည်ကို ဖြတ်သန်းခဲ့ကြသည့် တော်လှန်ရေးကာလ တလျှောက်မှ ထင်ရှားပြသနေပေသည်။

(၂) သာဓကအားဖြင့် ပြရမည်ဆိုလျှင် ဗမာနိုင်ငံရေးလမ်းကြောင်းတွင် အမျိုးသားရေးအတွက် အရေးကြီးလာလျှင် ဗမာ့အမျိုးသား ခေါင်းဆောင် သခင်ကိုယ်တော်မိုင်းက ဗမာ့ခေါင်းဆောင်များကိုခေါ်ယူပြီး မိမိတို့အမျိုးသားအာဏာ သူတပါးလက်အောက် မရောက်ရရေးအတွက် ဗမာတို့၏ အယူအဆအမျိုးမျိုးနှင့် လက်ဝဲ၊ လက်ယာ ကွဲပြဲနေသော မညီညွတ်မှုများကိုဘေးဖယ်ပြီး ဗမာ့အမျိုးသားအကျိုးစီးပွားအတွက် လက်ချင်းဆက်ကာကွယ် ကြရန် ဗမာ့နိုင်ငံရေးခေါင်းဆောင်များအကြား ထိန်းညှိပေးခဲ့သည်ကို တွေ့ရှိရသကဲ့သို့ ရခိုင်အမျိုးသားရေး ခေါင်းဆောင်ကြီး ဦးမောင်စိန်ညွှန့် အနေဖြင့်လည်း အမျိုးသားတော်လှန်ရေးအပေါ် ကောက်ချတခုချခဲ့သည်မှာ “ငါ့ကဲ့သို့သော မထင်မရှားသည့် လူတယောက်က အမျိုးသားတော်လှန်ရေးအတွက် ခေါင်းဆောင် လုပ်ရာတွင် ငါ့အား ပြည်သူများ ယုံကြည်သက်ဝင်မှုရရှိရန် အချိန်များစွာ ရယူရမည့်အစား ရခိုင်အမျိုးသားများအကြား ထင်ရှားသည့် လူရိုသေ၊ ရှင်ရိုသေ ပုဂ္ဂိုလ်များက အမျိုးသားတော်လှန်ရေးအပေါ် အနစ်နာခံစွန့်လွှတ်ပြီး လုပ်ဆောင်ကြမည်ဆိုလျှင် ငါတို့ ရခိုင်အမျိုးသားများသည် လေးစားထိုက်သော ပုဂ္ဂိုလ်တဦး၏ ညွှန်းကြားမှုအောက်တွင် ညီညွတ်မှုနှင့်အောင်ပွဲကိုလျှင်မြန်စွာ ရယူနိုင်လိမ့်မည်ဟုယုံကြည်ကြောင်း” မှတ်ယူ ပြောကြားသည်ကို တွေ့ရှိရသည်။ 

(င) ညီညွတ်ရေးပြိုကွဲရခြင်း အကြောင်းအချက်များ

ညီညွတ်ရေး ပြိုကွဲရခြင်း၏ အဓိကအကြောင်းအရင်းများသည်၊
(၁) အတ္တဗဟိုပြုဝါဒကြောင်းလည်းကောင်း
(၂) ကျွန်နံ့၊ ကျွန်ငွေ့မစင်သောကြောင်းလည်းကောင်း
(၃) ရန်သူ၏ ပုံစံခွက်ထဲမှ ထွက်မရောက်ခြင်းကြောင်းလည်းကောင်း
(၄) အမျိုးသားရေးစိတ်ဓါတ် ပျက်ပြားသောသွားကြောင်းလည်းကောင်း
(၅) ညီညွတ်ရေးအရ အဖွဲ့အစည်းတခုအတွင်းလုပ်နေလျှက် မိမိတို့အကျိုးစီးပွားအတွက် အစွန်းထွက်၍
ခိုးဝှက်လုပ်ကိုင်မှုကြောင်းလည်းကောင်း
(၆)  ရေတိုအကျိုးစီးပွားမဖြစ်ထွန်းလျှင် ရေရှည်အကျိုးစီးပွားရှိသည်ဖြစ်လျှက် လစ်လျှူရှု့စွန့်ခွာသွားမှုကြောင်း
လည်းကောင်း ဖြစ်ကြသည်။

(၁) အတ္တဗဟိုပြုဝါဒ

အတ္တဗဟိုပြုဝါဒ ဆိုသည်မှာ ငါသာတော်သည်။ ငါသာတတ်သည်။ ငါတို့အဖွဲ့အစည်းသာလျှင်ကောင်းသည် ဟုထင်ခြင်း၊ ငါတို့ အဖွဲ့အစည်းမှတပါး တခြားသောအဖွဲ့အစည်းကို အထင်မကြီး အသိအမှတ်မပြု၊ မိမိတို့အဖွဲ့ အစည်း၏မှားယွင်းချက်၊ ချွတ်ယွင်းချက် များကိုထိမ်ချန်သိုဝှက်ထားပြီး သူတပါးအဖွဲ့အစည်း၏ မပြောပလောက် သော လွဲမှားမှုကို ပုံကြီးချဲ့ပြောဆိုခြင်း။ အတူလုပ်ကြမည်ဟု တိုင်ပင်သောအခါတိုင်း အရည်အချင်းရှိသည်၊ မရှိသည်ကိုမကြည့်ဘဲ မိမိတို့အဖွဲ့ အစည်း၊ မိမိတို့လူနေရာ ရရှိရေးကို ဦးတည်ပြီး ပြောဆိုပြုမှုခြင်းဖြင့် ညီညွတ်ရေးကို ဖျက်ဆီးလိုက်ခြင်း။

(၂) ကျွန်နံ့၊ ကျွန်ငွေ့မစင်မှုများ

ရခိုင်သားတို့သည် နှစ်ပေါင်းများစွာကျွန်ဖြစ်လာခဲ့ပြီးဖြစ်သဖြင့် ကျွန်သားပေါက်များအဖြစ် မွေးဖွားလာခဲ့သူများ ဖြစ်ကြသည်။ ကျွန်သားပေါက်များအဖြစ်မှ ရုန်းထွက်၍ တော်လှန်ရေးလုပ်လာသည်ဆိုသော အကြင်ပုဂ္ဂိုလ်တို့သည် တော်လှန်ရေးလုပ်ကြလင့် ကစား ခေါက်ရိုးကျိုးနေပြီးဖြစ်သော ကျွန်သားပေါက်စိတ်ဓါတ်ကို မထင်မှတ်ဘဲ စွဲကိုင်လက်ခံမိပြီးသား ဖြစ်နေလေသည်။ ယင်းတို့သည် တဘက်တွင် ညီညွတ်ရေးကို ဖျက်ဆီးနေသကဲ့သို့ ရခိုင်တို့၏ အမျိုးသားစံများကိုလည်း ဖျက်စီးနေခြင်းပင်ဖြစ်သည်။

ယင်း၏ ဥပမာအချို့ကို ဖေါ်ပြရလျှင် -
(က) သက်ကြီး၊ ရွယ်ကြီး၊ ပညာဂုတ်ကြီးမား၊ အတွေ့အကြုံကြီးသူများကို ရိုသေရမှန်း မသိခြင်း၊
( ခ) သက်ရွယ်တန်းတူ မိမိကဲ့သို့လူကို လေးစားအသိအမှတ်ပြုရန် မသိခြင်း၊
( ဂ) မိမိထက်ငယ်ရွယ်သူကို သနားခြင်းမရှိမှု၊ အသိအမှတ်မပြုလိုမှုများ၊
(ဃ) တစုံတယောက်၏မှားယွင်းနေမှုသည် အမျိုးဂုဏ်သိက္ခာကိုထိခိုက်သည်ဟု သိမြင်လျှက် မိမိနှင့်မဆိုင်ဟု
ရှောင်ဖယ်နေမှုများ၊
(င) တစုံတယောက်၏ လုပ်ဆောင်ချက်သည် အမျိုးသားသိက္ခာကို မြင့်မားအောင် ပြုမှုချက်ဖြစ်စေကာမူ ချီးမွှမ်း
လိုခြင်းမရှိမှု၊
(စ) တစုံတယောက်အကောင်းလုပ်လျှင် တိတ်တိတ်နေပြီး မကောင်းမှုအနည်းငယ်လုပ်လျှင်ပင် (အဟော တ
ကျယ်) အသံလွှင့်မှုများ။ ယင်းတို့သည် ကျွန်နံ့၊ ကျွန်ငွေ့မပျောက်မှုတို့၏ တစိပ်တဒေသဖြစ်သည်။

(၃) ရန်သူ၏ ပုံစံခွက်ထဲမှ ရုန်းထွက်မရောက်နိုင်ခြင်း။

ကျွန်ုပ်တို့၏ ပညာတတ်များသည် ကျွန်ပညာရေးကို နှစ်ပေါင်းအတော်ကြာသင်ကြားပြီးမှ ပညာတတ်ဖြစ်လာခဲ့ သူများ ဖြစ်ကြ၏။ တချို့သည် ထိုထက်မကပို၍ သင်တန်းအမျိုးမျိုး ပို့ချခြင်းခံရပြီး ပုံစံသွင်းခံလာရသူများ ဖြစ်ကြ၏။ တချို့ကားမူ အုပ်ချုပ်သူကို အထင်ကြီးစမြဲဓမ္မတာကြောင့် အုပ်ချုပ်သူ၏ စံပြုမှုများကို အထင်ကြီးကာ ရန်သူ၏ ပုံစံခွက်ထဲသို့ ခုန်ဝင်ပြီး နမူနာယူခြင်း ပြုခဲ့ကြသူများ ဖြစ်ကြလေ၏။

ထိုထိုသော ပုဂ္ဂိုလ်တို့သည် တော်လှန်ရေးနယ်ပါယ်တွင်ပင် ထိုပုံစံခွက်ထဲက ရုန်းထွက်မရောက်ဘဲ ယင်းတို့ကို ဆက်လက်အသုံးချ နေခြင်းဖြင့် ညီညွတ်ရေးကို ပြိုကွဲစေ၏။

ဥပမာ တချို့ကို ထုတ်နှုတ်ပြရလျှင်-
(က) လူကိုခင်လျှင် မူကိုပြင်မည်၊ လူကိုမုန်းလျှင် မူကိုသုံးမည်ဆိုသောအချက်၊ အချက်သည် လုပ်ထုံးနည်း နာတခုအဖြစ် ရန်သူ၏ နယ်ပယ်အတွင်းရှိစဉ်က ပုံစံသွင်းခံခဲ့ပြီးဖြစ်သဖြင့် မိမိလက်ခံထားသည်ကိုပင်မသိခဲ့ဘဲ ကျင့်သုံးခဲ့သည်ဖြစ်ရာ ယခုလည်း ဆက်လက် ပြီး မသိလိုက် မသိဘာသာ အသုံးချနေခြင်းပင်ဖြစ်သည်။
(ခ) သူတပါးကို ချိုးနှိမ်လို၍ သို့မဟုတ် မိမိကိုယ်ကို ဂုဏ်တင်ချင်သောအခါ လက်အောက်ငယ်သားများကို နောက်ကွယ်မှ ဆရာကြီး လုပ်ညွှန်ကြားပြီး တခြားအဖွဲ့အစည်း တခြားအရေးကိစ္စများတွင် မိမိငယ်သားနှင့် ဆက်သွယ်စေခြင်းများသည် ရန်သူပုံစံခွက်ထဲမှ ထွက်မရောက်ခြင်းများဖြစ်သည်။

(၄) အမျိုးသားရေးစိတ်ဓါတ်ပျက်ပြားခြင်း

ညီညွတ်ရေးကို ပျက်စီးစေသော (သို့) ဖျက်ဆီးသော အကြောင်းအရင်းများအနက် အမျိုးသားရေး စိတ်ဓါတ် ပျက်ပြားခြင်းသည် အဓိက ကျသော အကြောင်းအချက်ဖြစ်သည်။

အမျိုးသားရေး စိတ်ဓါတ်ပျက်ပြားသဖြင့် မျိုးချစ်စိတ်ဓါတ်လည်းကျဆင်းပျက်ပြားကာ သမိုင်းနှင့်ချီလျှက် ဖြစ်တည်လာခဲ့သော ရခိုင့်အမျိုးသားစံချိန်စံညွှန်းတို့ကို ရိုက်ချိုးလိုက်သည်။ ယင်းကြောင်း ညီညွတ်ရေးကို စိတ်မ၀င်စားတော့၊ ညီညွတ်ရေးနယ်ပယ် အတွင်းရှိနေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီတို့ကိုလည်း အလေးမထား၍ ညီညွတ်ရေးကိုဖျက်ဆီးလိုက်သော အခြေခံတရား ဖြစ်တော့သည်။

(၅) ညီညွတ်ရေးကို ပစ်ပါယ်စွန့်ခွာသွားမှုများ

ညီညွတ်ရေးအရ ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်းတခုအတွင်း အများနှင့်အတူလုပ်နေလျှက် ထိုအဖွဲ့ အစည်းအတွက် အလုပ်မလုပ်ဘဲ (သို့) အနည်းငယ်သာလုပ်ပြီး မိမိအကျိုး၊ မိမိနှင့် မူလအဖွဲ့အစည်းအတွက် ညီညွတ်ရေးဘောင်ထဲရှိ အခြားအဖွဲ့ဝင်၊ အဖွဲ့ငယ်များကို ဖဲ့ထုတ်ယူခြင်းများနှင့် တသီးတခြားအကျိုးအမြတ် ခွဲခြားရှာယူနေမှုများသည်လည်း ညီညွတ်ရေးကို ပျက်ပြား စေသည်။

(၆)ရေတိုÒအကျိုးစီးပွားမဖြစ်ထွန်းလျှင်
ရေရှည်တွင်အကျိုးစီးပွားရှိသည်ဖြစ်လျှက် လစ်လျှူရှုစွန့်ခွာသွားမှုများ။

ညီညွတ်ရေးဘောင်တခုအတွင်း နေထိုင်လျှက် ညီညွတ်ရေးအတွက် ရရှိလာမည့် အမျိုးသားအကျိုးစီးပွားများကို မကြည့်ဘဲ တပွဲတိုး၊ တနပ်စားဥာဏ်ဖြင့် ချက်ချင်းအကျိုးမဖြစ်ထွန်းလျှင် ညီညွတ်ရေးကို ပစ်ပါယ်စွန့် ခွာသွားမှု များဖြစ် အကြောင်းအချက်များသည် ညီညွတ်ရေးကို ပျက်စီးစေတတ်သော အကြောင်းအချက်များဖြစ် ကြသည်။

(စ) ညီညွတ်ရေးအတွက် ကျွန်ုပ်တို့ပြုပြင်ရမည့်အချက်များ

ညီညွတ်ရေးအတွက် ကျွန်ုပ်တို့ပြုပြင်ရမည့် အချက်များမှာ
(က) ညီညွတ်ရေး ပြိုကွဲရခြင်း အကြောင်းတရားများကို ဖျက်ပါယ်ရှောင်ရှားရန်နှင့်
(ခ) ရခိုင့်အမျိုးသား စံချိန်စံညွှန်းများကို ဖေါ်ထုတ်ပြီး ရခိုင့်အမျိုးသားရေးဝါဒ၊ ရခိုင့်မျိုးချစ်စိတ်ဓါတ်ကို အမြင့်ဆုံး သို့ မြှင့်တင် အလုပ်လုပ်ကြရန် ဖြစ်ပါကြောင်း။

(ဆ) နိဂုံး

ရခိုင်ပြည်အမျိုးသားနိုင်ငံရေး၏သော့ချက်မှာ အမျိုးသားညီညွတ်ရေးပင်ဖြစ်သည်။ တဂိုဏ်းတစင်၊ တဗိုလ်တမင်း၊ ဂိုဏ်းဃဏအားဖြင့် ရှေ့သို့ဆက်လက်ခရီးဆက်ကြမည်ဆိုလျှင် ယနေ့ကြုံနေရသည့် မျိုးဆက်သစ်များအတွင်း ပိုမိုကွဲပြဲမှုများဖြင့် သာထပ်ကာ ရင်ဆိုင်လာကြရမည်ဖြစ်ပြီး၊ အမျိုးသားရေးအောင်ပွဲသို့ ချီတက်နိုင်မည် မဟုတ်ပေ။ အထူးပြောလိုသည်မှာ အထက်ကဖေါ်ပြခဲ့သော ညီညွှတ်ရေးသော့ချက် ပြဿနာများနှင့် ကင်းလွတ်သော သော့ချက်ပြဿနာတရပ် ကျန်နေခဲ့ခြင်း ဖြစ်သည်။ ယင်းတို့ကိုဖေါ်ပြရလျှင် တော်လှန်ရေးနယ်မြေအတွင်းသို့ ရောက်ရှိလာသူများ သို့မဟုတ် တော်လှန်ရေး လုပ်နေသူများ အတွင်း ညီညွတ်ရေးတရပ် လိုနေ ခြင်းဖြစ်သည်။

တော်လှန်ရေးလုပ်နေသူများကို ခွဲခြားစိပ်ဖြာကြည့်ပြန်လျှင် -

(၁) ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ခံယူချက်ဖြင့် တော်လှန်ရေး နယ်ပယ်အတွင်းသို့ ရောက်ရှိလာသူ၊
(၂) ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ခံယူချက်ပင် မရှိသော်လည်း အစည်းအရုံးခံပြီး ရောက်ရှိလာသူ၊
(၃) စာရိတ္တချို့ယွင်းပြီး မိမိဒေသတွင် ရပ်တည်မနေနိုင်မှုကြောင့် ရောက်တတ်ရာရာ သွားလာပြီး တော်လှန်ရေး ဘောင်အတွင်းသို့ ရောက်ရှိ လာသူ၊
(၄) ရန်သူ၏ ဖိနှိပ်မှုကို အပြင်းအထန်ခံရသဖြင့် ခံယူချက်၊ သဘောထားအမြင်မရှိဘဲ တော်လှန်ရေးနယ်ပယ် အတွင်းသို့ ရောက် ရှိလာသူ၊
(၅) ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ခံယူချက်ဖြင့် ရောက်ရှိလာသော်လည်း အနစ်နာခံရလျှင် တော်လှန်ရေးကို စွန့်ခွာ ပြီး အသာစီးရမည် ဟုထင်လျှင် ချဉ်းကပ်လျှက် ခွာတုံ၊ ပေါင်းတုံဖြင့် တော်လှန်ရေးလုပ်နေသူ၊
ဟူ၍ (၅)မျိုး (၅)စားတွေ့ရှိရသည်။ ဤပုဂ္ဂိုလ်များအနက် အထက်က နံပါတ် (၁)ပုဂ္ဂိုလ်မှတပါး ကျန်ပုဂ္ဂိုလ်များ သည် တချိန်ချိန်၊ တခါခါတွင် ညီညွတ်ရေးကို ပျက်ပြားအောင် လုပ်တတ်ပေသည်။ ယင်းကြောင့် ထိုပုဂ္ဂိုလ်တို့ ကိုလည်း သင်တန်းအမျိုးမျိုးပေးလျှက် တူညီသော ညီညွတ်ရေး အမြင်ရရှိအောင်လုပ်သင့်ပေးသေးသည်။

သို့အတွက်ကြောင့် ရခိုင်အမျိုးသားလွတ်လပ်ရေးအနှစ်သာရဖြစ်သည့် (အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာနှင့် ဥပဒေပြု ရေးအာဏာ)သည် ရခိုင်အမျိုးသားညီညွတ်ရေးလက်ထဲတွင် တည်ရှိနေသည်ဖြစ်၍ ညီညွတ်ရေးကို မိမိတို့အမျိုးသားတော်လှန်ရေး ရပ်တည်ချက် မဟာဗျူဟာအဖြစ် ခံယူကျင့်သုံးကြပါရန် မိမိတို့  အမြင်နှင့် အတွေ့အကြုံများအရ တင်ပြအပ်ပါသည်။

တော်လှန်ရေးသစ္စာဖြင့် -
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးဆုံရပ် (ANUF)
----------------------------------------------------------------------------------------

ရခိုင်ပြည်အမျိုးသားအကျိုးစီးပွား

အမျိုးသားအကျိုးစီးပွား (National Interest) ဆိုသည်မှာ အဘယ်နည်း။ အမျိုးသား အကျိုးစီးပွားကို ဘယ်လိုအဓိပ္ပါယ် သတ်မှတ် ပြဋ္ဌာန်း ကြပါသလဲ။

အမျိုးသား အကျိုးစီးပွားသည် လှုပ်ရှားတတ်ကြွပြောင်းလဲနေသော အသေမဟုတ်သော သဘောတရားဖြစ်ပြီး လွတ်လပ်ရေး တန်းတူ ရေး၊ တရားမျှတရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ကျန်းမာရေးပြုစုစောင့်ရှောက်ခွင့်ရရှိရေး၊ ပညာသင်ကြားခွင့်ရရေး၊ ပြည်သူ တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ပြည်သူပြည်သားများ ဘေးကင်းလုံခြုံရေး၊ ပွင့်လင်းသောလူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေး၊ အကြောက် တရားကင်းဝေးရေး စသည်အားဖြင့် အစိတ်အပိုင်းများစွာဖြင့် ဖွဲ့စည်းထားသော အမျိုးသား အကျိုးစီးပွားဖြစ်ပေသည်။

ယင်းအစိတ်အပိုင်းများစွာဖြင့် ဖွဲ့စည်းထားသော အမျိုးသား အကျိုးစီးပွားတွင်၊ နိုင်ငံရေးအကျိုးစီးပွား (Political Interest)၊ စီးပွားရေး အကျိုးစီးပွား (Economic Interest)၊ လုံခြုံရေးအကျိုးစီးပွား (Social interest)နှင့် (Great National Interest) မရှိလျှင် မဖြစ်ပေါ် လျှင်မဖြစ်သော အမျိုးသား အကျိုးစီးပွားကြီး တည်းဟူသော ဘက်ပေါင်းစုံ (Malti facet) ပါဝင်လျှက်ရှိသည်ကို တွေ့ ရပေမည်။

 အမျိုးသားတိုင်းပြည်တခုသည် လူမျိုးအချင်းချင်း တိုင်းပြည်၊ တပြည်နှင့်တပြည်အပြန်အလှန် ဆက်စပ်မှီခို အားထားလျှက် ရှိသော ကြောင့် မိမိတို့ တမျိုးသားချင်း တပြည်ထောင်သက်သက်ဖြင့် ရပ်တည်လုံခြုံမှုမရှိနိုင်။ ပြည်သူ့အတွက် စီးပွားရေးတိုးတက်အောင် မလုပ်နိုင်။ IT နည်းပညာကြောင့် မျက်စီတမှိတ်၊ လျှပ်တပြတ်အတွင်းမှာပင်လျှင် တနေရာက အဖြစ်အပျက်တခုသည် အလွန်လွန့် ဝေးကွာသော နေရာသို့ ပျံနှံ့ရောက်ရှိသွား၏။ တချိန်က “ညောင်ဦးကကမ်းပြိုတာနဲ့  စမ္ပနဂိုရ်က နွားမ ပေါင်းကျိုးတာ ဘာဆိုင်လို့လဲ? ဆိုပြီး မဆီမဆိုင်သော နေရာတွင် သုံးစွဲခဲ့သော စကားများသည် ယခုအချိန်တွင် ဆီလျှော်ဖြစ်နိုင်စရာ အကြောင်းအချက်များ ဖြစ်နိုင် ၏။ ဘရာဇီးနိုင်ငံတွင် လိပ်ပြာများတောင်ပံခတ်နေသောကြောင့် အမေရိကန်နိုင်ငံရှိ တက္ကဆပ်ပြည်နယ်၌ တိုနာဒိုမုန်တိုင်း တိုက်လာ ရသည်ဆိုသော တင်စားပြောဆိုမှုများသည် နိုင်ငံတကာဆက်ဆံမှုအနေအထားကို ယထဘူတကျစွာ ဖေါ်ညွှန်းလျှက်ရှိ၏။ ထို့ကြောင့် သူတပါးမနာလို ကိုယ့်မှာအကျိုးမရှိဆိုသကဲ့သို့ လူသားအားလုံးအကျိုး စီးပွားမရှိခဲ့လျင် ကိုယ့်အမျိုးသား အကျိုးစီးပွား ဆိုသည်မှာ လည်းမရှိဖြစ်လာရသည်။ ထို့ကြောင့် လူသားအကျိုးစီးပွားရှိမှုသည် အမျိုးသား အကျိုးစီးပွားတွင် ပါဝင်လာရခြင်းဖြစ်၏။

အရေးပါ အရာရောက်သည့် အမြဲတန်ုး အမျိုးသားအကျိုးစီးပွားဆိုသည်မှာ နိုင်ငံတော်တည်တံ့ရှင်သန်ရေးနှင့် နိုင်ငံတော်လုံခြုံပင်ဖြစ် ပေသည်။ နိုင်ငံတော် အချုပ်အချာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့မှုကို ကာကွယ်ခြင်းတို့သည် တခုနှင့်တခုခွဲခြားမရအောင် ဆက်စပ်လျှက် ရှိပေသည်။ အမျိုးသား အကျိုးစီးပွား၌ ဘက်တခုအနေဖြင့် ပါဝင်သော နိုင်ငံရေးအကျိုးစီးပွား (Political Interest) ဆိုရာတွင် နိုင်ငံရေးဆိုသော ဝေါဟာရသည် အဓိပ္ပါယ်နှစ်မျိုးကို ညွှန်းဆိုလျှက်ရှိပေ၏။ နိုင်ငံ၏အရေး၊ နိုင်ငံရေးနှင့် အာဏာနှင့် ဒွန်တွဲ နေသောနိုင်ငံရေး (Polities)အားဖြင့် ကွဲပြားလျှက်ရှိပေသည်။ နိုင်ငံ၏အရေး နိုင်ငံရေးသည် တနိုင်ငံလုံး၏ အကျိုးစီးပွားဖြစ်သော ကြောင့် နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သော နိုင်ငံရေးဖြစ်ပေသည်။ Power polities နိုင်ငံရေးအရဆိုလျှင် ယင်းတိုင်းပြည်၊ ယင်း နိုင်ငံ၏အုပ်ချုပ်သူ အာဏာရလူတန်းစားများက ကျင့်သုံးသော စံနစ်မူပင်ဖြစ်သည်ဟု အဓိပ္ပါယ်ရသောကြောင့် အမတ် တယောက် အတွက် နိုင်ငံရေးအကျိုးစီးပွားဆိုသည်မှာ မဲရရှိရေး၊ ၎င်းအမတ်ကိုယ်စား ပြုသောပါတီ မဲအနိုင်ရရှိရေးဖြစ်ပြီး မိမိ၏ကိုယ် စားပြုသော နိုင်ငံရေးပါတီ အစိုးရဖွဲ့ပြီး အာဏာရရှိလျှင် ယင်းပါတီကယုံကြည်မျှော်မှန်းထားသော စံနမူနာများ အကောင်ထည်ဖေါ် ကျင့်သုံးရေးနှင့် ကိုယ့်လူများကို အခွင့်အရေးပေးပြီး ကိုယ့်လူမဟုတ်သူများကို နှိပ်ကွပ်ခြင်း နှိမ့်ချခြင်းများပင် ဖြစ်ပေသည်။ ကျေးပိုင် ကျွန်ပိုင်ခေတ် ပဒေသရာဇ်ခေတ်၊ ဓနရှင်ခေတ်၊ ဆိုရှယ်လစ်ခေတ်စသည်အားဖြင့် ပေါ်ပေါက်ခဲ့သော နိုင်ငံရေး အကျိုးစီးပွား (ခေါ်) နိုင်ငံရေးစနစ် သည် ယင်းအုပ်ချုပ်သူ၊ အာဏာရသူနှင့် အပေါင်းအပါတို့ကိုသာ အကျိုးရှိစေသောကြောင့် နိုင်ငံ၏အရေး၊ နိုင်ငံရေးအကျိုးစီးပွား မဖြစ် ချေ။ အုပ်ချုပ်သူလူတန်းစားများ အကျိုးစီးပွား အာဏာရရှိရေးကို ဦးတည်သော Power polities သာဖြစ်ပေသည်။

ရခိုင်အမျိုးသားများအနေဖြင့်မူ  အမျိုးသားနိုင်ငံတခုဖြစ် BC ၆၀၀၀ လောက်ကပင် ရခိုင်လူ့အဖွဲ့အစည်း စတင်ပေါ်ပေါက်လာပြီး BC ၃၀၀၀ ခန့် သို့ ရောက်သောအခါ Nation state အဖြစ်ပေါ်ပေါက်လာခဲ့ပြီး ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ ၊မြောက်ဦးစသည့် မင်းနေမြို့  တော်များကိုတည်ထောင်လျက်မင်းဆက်ပေါင်း ၂၄၃ဆက်(ရကပူရကြေးမုံကျမ်း) နှစ်ပေါင်း ၃၀၀၀ ကျော် ကိုယ့်မင်းကိုယ့်ချင်းနှင့် နေ လာပြီး လပ်လတ်သော ဘုရင့်နိုင်ငံတော် (nation state)တခု အဖြစ်   ကမ္ဘာက အသိအမှတ်ပြုခဲ့ပေသည်။ မြောက်ဦး ခေတ်ကာလ သည် ရခိုင်တို့၏ဘုန်းတန်ခိုးအာဏာ အကြီးထွားဆုံးကာလ၊ အနောက်ကို ဘင်္ဂလား ဒါးက္ကားအထိ၊ အရှေ့ဗမာပြည် ဧရာဝတီ အနောက်ဖက်ခြမ်း သရက်ထိစိုးပိုင်ခဲ့ကြ၏။ လူမျိုးတမျိုး၏ အဆင့်အတန်းဖြစ်သော လူဦးရေအရေအတွက် မြေအကျယ်အ၀န်း ပိုင်း ခြားမှုနှင့် စီးပွားရေးလုံလောက်မှုစသည့် အင်္ဂါရပ်များနှင့်ပြည်စုံသော ရခိုင်လူမျိုးတမျိုးအဖြစ် ပေါ်ပေါက်လာခဲ့ပေသည်။ ရခိုင်လူမျိုးထဲ တွင် ရခိုင်ပြည်အပေါ်သစ္စာရှိသော၊ ရခိုင့်လူ့အဖွဲ့အစည်းကို ချစ်မြတ်နိုးပြီး ရခိုင်လူ့အဖွဲ့အစည်း တစည်းတလုံးညီညီညွတ်ညွတ် တည် ရှိမှုကိုလိုလားလျှက် တိုးတက်အောင်လုပ်ခဲ့ကြသော ခမွှီး၊ မြို၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ချင်း၊ လင်းခေး၊ ကမန်၊ ရခိုင်စသည်လူမျိုးစု လူမျိုးနွယ် (Tribal Chime Minority) တို့ဖြင့် ဖွဲ့စည်းထားသော တိုင်းပြည်တပြည်ဖြစ်ပေသည်။ အဆင့်မြင့်သော လူမျိုးတမျိုးအဖြစ် ကိုယ့်မင်းကိုယ့်ချင်း အချုပ်အခြာအာဏာပိုင်သောလူမျိုး ကိုယ်ပိုင်ယဉ်ကျေးမှု၊ သီးခြားစာပေ၊ ဘာသာစကား စသည်တို့ဖြင့် ဗမာ့လူ့ အဖွဲ့အစည်း မပေါ်ပေါက်မှီကပင် ရာစုပေါင်းများစွာ အုပ်ချုပ်နေထိုင်ကာ ပေါ်လွှင်ထင်ရှားခဲ့သော လူမျိုးဖြစ်သည်နှင့်အညီ ယင်းလူမျိုး များကောင်းစားရေး၊ စည်းလုံးညီညွတ်ရေး၊ ဘာသာစာပေ၊ ယဉ်ကျေးမှု၊ ရိုးရာများထိမ်းသိမ်းကာကွယ်ရေး၊ ဖွံ့ဖြိုးလာရေး စသည်တို့အ တွက် ယင်းလူမျိုးများနှင့်ကိုက်ညီသော နိုင်ငံရေးစံနစ်ကို ခေတ်အလိုက်ကျင့်သုံးနိုင်သောနိုင်ငံရေးအကျိုးစီးပွား (Political Interest) ပင် ဖြစ်ပေသည်။

ယင်းနိုင်ငံရေး အကျိုးစီးပွားဆိုသည်မှာ ရခိုင်အမျိုးသားများ အနေဖြင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု အကျိုးစီးပွားပင် ဖြစ်ပေသည်။ ဤပိုင်ဆိုင်မှုသည် လူမျိုးတမျိုး၏ အဆင့်မြင့်ဆုံးသော အကျိုးစီးပွား ဖြစ်ထွန်းပိုင်ဆိုင်မှုဖြစ်ပေသည်။ ဤနိုင်ငံရေး အကျိုးစီးပွားမရှိ လျှင်၊ ဤအကျိုးစီးပွားကင်းမဲ့သွားခဲ့လျှင် ယင်းလူမျိုးတို့၏ စီးပွားရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ စတနစ်တကျ တိုးတက် ဖွံ့ဖြိုးလာအောင်နှင့် ယင်းရိုးရာဓလေ့ ထုံးစံအမျိုးသားလက္ခဏာများ မပျောက်မပျက်အောင် ထိမ်းသိမ်းကာကွယ်နိုင်စွမ်း ရှိလာမည် မဟုတ်ပေ။ လူမျိုးစုတခုအဖြစ်မှ လူမျိုးစု လူမျိုးနွယ်များကို စုစည်းလျှက် တိုးတက်မြင့်မားကျယ်ပြန့်လာသော လူမျိုးတို့သည် ယင်း နိုင်ငံရေးအကျိုးစီးပွားဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုရှိသော လူမျိုးတမျိုးအဖြစ် ရောက်ရှိရန် တိုက်ပွဲဝင် ရုန်းကန်လျှက် ရှိကြသည်ကို ကမ္ဘာတလွှားတွေ့ရှိနိုင်ကြပေမည်။ မျက်မှောက်ကာလ၌ ရခိုင်အမျိုးသား နိုင်ငံရေးအကျိုးစီးပွားဖြစ်သော အချုပ်အခြာအာဏာပိုင်ဆိုင်မှုသည် သက˚ရာဇ် ၁၁၄၆ (အေဒီ ၁၇၈၄)ကပင် ဗမာရှင်ဘုရား ဘိုးတော်မောင်ဝိုင်း သိမ်းယူခြင်းဖြင့် ဆုံးရှုံးသွားခဲ့ရကာ ၎င်းအချုပ်အခြာအာဏာကို ပြန်လည်ရရှိအောင် ကြိုးပမ်းခြင်းများသည် ရခိုင့်အမျိုးသားအကျိုးစီးပွားကို ရရှိပိုင်ဆိုင်အောင် ကြိုးစားခြင်းဖြစ်ပေသည်။ ၎င်းအကျိုးစီးပွားအတွက် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးစသည်တို့ဖြင့် ဖက်ပေါင်းစုံ တိုက်ပွဲဝင် ကြိုးပမ်းကြရပေမည်။

ကမ္ဘာတလွှားတွင် တိုင်းပြည်အချို့သည် အချုပ်အချာအာဏာကို ပိုင်ဆိုင်ရရှိခဲ့ပြီး တိုင်းပြည်နိုင်ငံထူထောင်၍ နေနိုင်ခဲ့သော် ငြားလည်း အင်အားကြီးနယ်ချင်းနီးစပ်သော တိုင်းပြည်များက ကျူးကျော်သိမ်းပိုက်ခဲ့မှုကြောင့် နိုင်ငံရေးအကျိုးစီးပွားဖြစ်သော အချုပ်အချာအာဏာဆုံးရှုံးခဲ့ရကာ ယင်းအချုပ်အချာအာဏာ နိုင်ငံရေးအကျိုးစီးပွားကို တဖန်ပြန်လည်ရရှိအောင် တိုက်ပွဲဝင်မှု မထိရောက်သဖြင့် ပို၍ပို၍ဖိနှိပ်မှုကိုခံကြရ၏။ နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ပြေးတိမ်းရှောင်ကြရ၏။ လူဦးရေအရေအတွက်လည်း လျော့ပါးသွားခဲ့ရ၏။ အချုပ်အခြာအာဏာပိုင်ဆိုင်ပြီး ပြန်လည်တိုင်းပြည်ထူထောင်ရန် အလှမ်းဝေးသွားခဲ့ရပြီး ကျွန်ပုန်းကိုလိုနီ (Hidden colony) အဆင့်သို့ ရောက်ရှိခဲ့ရ၏။ တချို့လူမျိုးတို့သည် နယ်ချဲ့နိုင်ငံအတွင်း နယ်ချင်းလူချင်း ဘာသာသာသနာ အရောရော အနှောနှော ဖြစ်လျှက် အတွင်းရောက် ကိုလိုနီ (Internal colony) အဆင့်ထိ နိမ့်ကျသထက် နိမ့်ကျသွားခဲ့သည်ကို တွေ့ရှိကြပေလိမ့်မည်။

ရခိုင်ပြည်ကို ဗမာ ပဒေသရာဇ် ရှင်ဘုရင်များ လက်အောက်မှ ပြန်လည်ရယူရန် နှစ်ပေါင်း (၄၁)နှစ်တိုင်တိုင် ကြိုးစားခဲ့ကြ၏။ အင်္ဂလိပ်လက်အောက်တွင် နှစ်ပေါင်းတရာကျော်နေထိုင်ခဲ့ရ၏။ မျက်မှောက်ကကာလတွင် ပင်လုံစာချုပ်ကို ဆန့်ကျင်သော အင်အားစု၊ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေးသည် ဗမာပဒေသရာဇ် နယ်ပယ်များ ပြိုကွဲပျက်စီးသွားခြင်းဟု သဘောထားသော အင်အားစု၊ တိုးတက်ပြောင်းလဲမှုဟူသမျှကို လက်မခံလိုသော ဗမာလူမျိုးကြီးဝါဒီ ပဒေသရာဇ် ကိုယ်စားပြု စစ်အုပ်စု လက်အောက်တွင် နှစ်ပေါင်း (၆၀)ကျော်ခဲ့ပြီဖြစ်ရာ ကိုလိုနီလက်အောက်ကျွန်ပေါက်ဘ၀တွင် နှစ်ပေါင်း (၂၂၇)နှစ်ကျော် ကိုလိုနီ အမွေဆိုးကို ခံစားခဲ့ရ၏။ ရခိုင်ပြည်ကို သိမ်းပိုက်စဉ်ကပင် ဗမာပဒေသရာဇ်များသည် လူမျိုးတမျိုး၏ ဂုဏ်အင်္ဂါ လက္ခဏာ များကို အစတုံးဖျောက်ပစ်ရန်၊ ရက္ခ၀<  အက္ခရာများဖြင့် ရေးထိုးထားသော ရခိုင်ပြည်သံဃာယနာတင် ပိဋကတ်ကျမ်းစာပေများ (ပေ ပုရပိုက် အချပ် ၅၅၀) ဖျက်ဆီးပစ်ခြင်း၊ အနုပညာသုခမလက်ရာများကို ဖျက်ဆီးခြင်း၊ ဖျက်ဆီးမရသော ကြေးပုရပိုက်များကို မန္တလေးအမပူရနန်းတော်နှင့် အခြားနေရာများသို့ ယူဆောင်သွား၏။ ရခိုင်ပညာရှင်များ ရေးသားတော်မူသော ပိဋိကတ် စာပေ ကျမ်းစာများကို ဗမာဘုန်းတော်ကြီးများက ရေးသားသလို ထင်မိထင်ယောင်ဖြစ်အောင် လုပ်ပစ်ခြင်း၊ ပြည်ဦးဏှောက်များဖြစ်ကြသော ရဟန်းပညာရှိ၊ လူပညာရှိများကို သတ်ဖြတ်ခြင်း၊ ဗမာဖက်သို့ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ရဟန်းရှင်ငယ်တသောင်းကျော် နေထိုင်နိုင် သော သာသနိကကျောင်းတိုက် အဆောက်အအုံများကို အစရှာမရအောင် ဖျက်ဆီးခြင်း၊ ရခိုင်ပြည်ရှိ လူအများကို လူမျိုးတုံး သတ်ဖြတ်ခြင်း၊ ဗမာပြည်ရှိ မိတ္ထိလာကန် တူးရန်အတွက် အလုပ်ကြမ်းခိုင်းစေရန် ခေါ်ဆောင်သွားခြင်း၊ ရွာလုံးကျွတ် ခေါ်ဆောင်ပြီး ရှမ်းပြည်အင်းလေး ဒေသဖက်တွင် နေရာချထားပေးခြင်း။

တင်းဝါပန်းခိုင်ပွင့်ချင်းဆိုင် ရခိုင်လူဦးရေ (၇၄၅၂၅၂၃) ရှိရာက နွားလားဥဿဘကိုးကောင်မွီး (၇၄၁၆၅၂၂) သန်းပေါင်းများစွာကို သတ်ဖြတ်သဖြင့် မြောက်ဦးမြို့နယ်တွင် အရိုးပုံတောင်ဟု ယနေ့တိုင်ခေါ်တွင် လျှက်ရှိ၏။ လက်ဝဲလက်ျာ (၉၉)မြို့ တို့သည်လည်း ကျေးရွာဇနပုဒ်အဖြစ်သို့ရောက်ရှိသွားကြရ၏။ ကျန်ရှိနေသော ရခိုင်သားများသည် အိမ်နီးချင်းတိုင်းပြည်များသို့ ထွက်ပြေးသွားကြ ရ၏။ ရခိုင်ပြည် ရခိုင်လူမျိုးများကို ကမ္ဘာပေါ်မှ အစတုံးဖျောက်ပစ်၍မရသောအခါ ကျန်ရှိသော ရခိုင်သားများကို သွေးရောစံနစ်ဖြင့် ဖျောက်ပစ်ရန် ဗမာပြည်ဖက်၌ စက်ရုံအလုပ်ရုံများကို တည်ဆောက်လျှက် လုပ်ငန်းကိုင်ငန်း အခွင့်အရေးများကိုဖန်တီးပြီး ရခိုင်ပြည် ဖက်မှ ပညာတတ်များကို သွေးဆောင်ဆွဲဆောင်ခြင်းဖြင့် ရခိုင်ပြည်ရှိ ပညာတတ်များ ဗမာပြည်၌ ပျော်မွေ့အောင်၊ ကိုယ့်မွေးရပ်မြေ ကို မေ့ပျောက်အောင် ဗမာ့ယဉ်ကျေးမှုကို အထင်ကြီးပြီး မိမိတို့လူမျိုးရိုးရာများကို အထင်သေးအမြင်သေးဖြစ်အောင် စနစ်တကျ စီမံ ကိန်းချလုပ်ဆောင်၏။ တိုင်းရင်းသားချစ်ကြည်ရေးကို ထိခိုက်သည်ဟုဆိုကာ ရခိုင်သမိုင်းအဖြစ်အမှန်များကို ဖေါ်ထုတ်ရေးသားခွင့် မရ။ ဤသို့ဖြင့် ဗမာဗမာပုံစံ၊ ဗမာနည်းဗမာ့ဟန်နှင့် ဗမာလုပ်ရေးမူ (Burmanization Policy) ကို အကောင်အထည်ဖေါ်၏။

ရခိုင်ပြည်ကို ဖျက်ဆီးပစ်ရန် ပလက်ဝခရိုင်ကို ချင်းပြည်နယ်ထဲသို့ ခွဲထုတ်ထည့်သွင်းကြ၏။ ရခိုင်ပြည်ကို ပြည်နယ်အဆင့်အတန်း ၌ပင် မထားလိုကြဘဲ တိုင်းအဆင့်သို့လျှော့ချပစ်ကြ၏။ တိုင်းဟုဆိုသော်လည်း ဧရာဝတီတိုင်း၊ စကိုင်းတိုင်း၊ မန္တလေးတိုင်းများ အောက် အဆင့်များစွာနိမ့်ကျ၏။ ယင်းလုပ်ရပ်တို့ဖြင့် အားရကြေနပ်ခြင်းမရှိသေးဘဲ နိုင်ငံခြားမှရောက်ရှိလာသူများကို နိုင်ငံရေးအခွင့် အရေးများပေးပြီး မေယုခရိုင်အထူးအုပ်ချုပ်ရေးဒေသဟုပေးကာ ရခိုင်ပြည်ကို ကျုံ့အောင်လုပ်ပစ်ကြ၏။ ရခိုင်ပြည်အရေးကို ပြောတိုင်းပြောတိုင်း ပြည်ထောင်စုအမျိုးသားရေးဝါဒနှင့် ပြည်ထောင်စု အမျိုးသားအကျိုးစီးပွားကို နားမလည်ကြသော မဟာ ဗမာဝါဒီတို့သည် ရခိုင်ပြည် သီးခြားလွတ်လပ်ရေးရလျှင် ဘူးသီးတောင်၊ မောင်တောပြဿကို ရခိုင်သားတို့ ဘယ်လိုဖြေရှင်းကြမလဲ ဟူသောအမေးမျိုးဖြင့် ရခိုင်တို့ဧ။် လွတ်လပ်လိုသော စိတ်ဓါတ်ကို ငိုက်ကျသွား အောင် နိုင်ငံခြားများဖြင့် ခြိမ်းခြောက်ပြ၏။

ရခိုင်တို့သည် မျိုးချစ်စိတ်ဓါတ်ဖြင့် အနောက်ဘက်တခါးကို တင်းတင်းစေ့ပိတ်ထားနိုင်ခဲ့၏။ ဖဆပလက အစိုးရမဲအနိုင်ရရှိရေး အတွက် နိုင်ငံခြားသားများကို ဗမာပြည်သားများအဖြစ်သို့ သတ်သွင်းခြင်းဖြင့် ယင်းနိုင်ငံခြားသားများသည် မယားအများကြီး  ယူချင် သလောက်ယူကာ မျိုးပွားရေးလုပ်ငန်းများကို လုပ်ကြ၏။ ဤသို့အားဖြင့် နိုင်ငံခြားသားများသည် တိုင်းရင်းသားလူမျိုးများထက် အဆ မတန်များလာလျှက် ယာရှင်ကို မျောက်အားနှင်ခိုင်း၏။ ရခိုင်ပြည်သားများသည် ရခိုင်ပြည်ထဲ၌ပင် လုံခြုံမှုမရှိတော့။ ၎င်းနိုင်ငံခြား သားများသည် ရခိုင်ဖက်တွင် မျိုးပွားရင်းပွားရင်း ယင်းမျိုးပွားအားကိုယူပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိသော ဗမာပြည်ဖက်သို့ ဆက် လက်ခရီးနှင်ကြ၏။ ယင်းမျိုးပွားများကို လုပ်ခအနည်းငယ်ဖြင့် အမြတ်အစွန်းအများကြီးရအောင် ပါကိစ္စတန်၊ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံများ ဖက်မှ လူများနှင့်ရောနှောကာ ဗမာပြည်ဖက်သို့  တင်ပို့ရာတွင် စီးပွားရေးကောင်းမွန်တိုးတက်အောင် လုပ်ပိုင်ခွင့်ရရှိကြ၏။ သူတို့ သည် ဗမာပြည်ရှိ ညီအစ်ကိုအချင်းချင်း သတ်ဖြတ်သော ပြည်တွင်းစစ်၌ ပါဝင်ရန်မလိုဘဲ စီးပွားရေးကိုသာ ဇောက်ချလုပ်ပိုင်ခွင့် ရကြ၏။ ရခိုင်သားတို့၏ မျိုးချစ်စိတ်ရှိမှုသည် ရခိုင်ပြည်သို့  နိုင်ငံခြားသားများကို စိမ့်ဝင်လာခြင်းမှ ကာကွယ်နိုင်စွမ်းရှိခဲ့ကြ၏။ ထို့ အတူ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ မွန် စသည်တို့၏ မျိုးချစ်စိတ်ဓါတ်သည်လည်း ၎င်းတို့၏ နယ်မြေထဲသို့ နိုင်ငံခြားသားများ ထိုးဖေါက် ၀င်ရောက်လာမှုများကို ကာကွယ်နိုင်စွမ်းရှိခဲ့ကြ၏။ ယင်းအမျိုးသားတို့၏ မျိုးချစ်စိတ်ရှိမှုကို နိုးထတက်ကြွလာအောင် လုပ်ဆောင်မည့် အစား ဖြိုခွဲဖျက်ဆီးပစ်လိုက်ခြင်းသည် ဗမာပြည်မထဲ၌ နိုင်ငံခြားသားများကို စီးပွားရေးတည်ဆောက်ရန် လမ်းဖွင့်ပေးလိုက်သည်နှင့် တူ၏။ ထိုနိုင်ငံခြားသားများသည် ဗမာပြည်ထဲသို့ လေယဉ်အခရီးဖြင့် ၀င်ရောက် လာသူများမဟုတ်ဘဲ၊ ရွှေဗမာတို့၏ ရွှေဥာဏ်တော် သော့ဖြင့် ဖွင့်ပေးလိုက်သောကြောင့်သာလျှင် ကုန်းလမ်းရေလမ်းခရီးဖြင့် ရောက်လာကြသူများဖြစ်ပေသည်။ နည်းလမ်းမျိုးစုံဖြင့် ရခိုင် တို့၏ မျိုးချစ်စိတ်ရှိမှု၊ အချုပ်အခြာအာဏာပိုင် လွတ်လပ်သောတိုင်းပြည်တည်ဆောက်လိုမှုတို့ကို ရိုက်ချိုးပစ်ရန် ကြိုးစားနေသော် လည်း ချောင်းရိုးတိမ်၍မျိုးရိုးမတိမ်ဆိုသလို ရခိုင်ပြည်နှင့်ဗမာပြည်ကိုခွဲခြားထားသော ပေါ်လွှင်ထင်ရှားသော ရိုးမတောင်နှင့်ဘင်္ဂလား ပင်လယ်အော် ပထ၀ီအနေအထားကြောင့်လည်းကောင်း ရခိုင်သားတို့၏ သားစဉ်မြေးဆက် ခိုင်မာထင်ရှားသော ဖျက်ဆီးမရသော ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းလက်ရာများနှင့် အမျိုးသီလကို စောင့်ထိမ်းကြသော စိတ်ဓါတ်ကြောင့် အမျိုးသားအဆင့်အတန်း မှ နိမ့်ဆင်းယုတ်လျှော့သွားစရာအကြောင်းများ မရှိသော်လည်း မျက်မှောက်ကာလ ရခိုင်အမျိုးသားတို့၏အချုပ်အခြာအာ%ာ ပြန် လည်ရရှိရေးတိုက်ပွဲသည် ဗမာပဒေသရာဇ် အရှင်သခင်များကို ပြန်လည်တိုက်ခိုက်ခဲ့သော တိုက်ပွဲများနှင့် မတူတော့ပေ။ ရခိုင်-ဗမာ တို့၏ နန်းလုတိုက်ပွဲ၊ ဗမာ-မွန်တို့၏ အနှစ်(၅၀)ကြာတိုက်ပွဲများကြောင့် တောင်ပေါ်ဒေသနှင့်နယ်စပ်ဒေများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြ သော ရှမ်း၊ ချင်း၊ ကချင် လူမျိုးရှိလျှင် ကရင်တိုင်းပြည်၊ ကချင်တိုင်းပြည်ဆိုသည်မှာလည်းရှိရမည်ဟု ဆိုသော အမျိုးသားအကျိုးစီးပွား၊ အမျိုးသားအချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက် တိုက်ပွဲဝင်လျှက်ရှိကြ၏။ လူမျိုးတိုင်း လူမျိုးတိုင်းတွင် ဆိုင်ရာဆိုင်ရာ သမိုင်း ကိုယ်စီရှိကြ၏။  ယင်းကချင်၊ ကရင် စသည်တို့တွင် ဗမာ-ရခိုင်-မွန်တို့ကဲ့သို့ ထီးနန်းတည် ဆောက် အုပ်ချုပ်ခဲ့သော ရာဇ၀င်သမိုင်း မရှိသော်လည်း စစ်အင်အားရှိသောအာဏာရှင်များ သတ်ဖြတ်နှိပ်ကွပ်၍ ငြိမ်းချမ်းမှုကင်းပြတ်ကာ ကိုယ့်လူမျိုးကိုယ့်ဘ၀ ကိုယ့်ယဉ်ကျေးမှုကို ဗမာများနည်းတူ တည်ဆောက်ခွင့်မရခဲ့သော နာကျဉ်းစရာသမိုင်းအဖြစ်အပျက်များ ပြည့်နှက်လျှက်ရှိကြ၏။ သမိုင်း၏ နာကျဉ်းစရာကောင်းသော သမိုင်းသင်္ခန်းစာများနှင့် နိုးကြားတက်ကြွပြတ်သားရဲရင့်သော ခေါင်းဆောင်တို့ဖြင့် ယင်းလူမျိုးတို့သည် တိုက်ပွဲဝင်လျှက်ရှိသောကြောင့် ရခိုင်သားတို့နှင့် ဘ၀တူတော်လှန်သမားများ ဖြစ်လာ ကြရသည်။ ရခိုင့်အချုပ်အချာအာဏာ ပြန်လည် ရရှိရေးတိုက်ပွဲကို တက်ကြွသောစိတ်ဓါတ်အရ၊ ရုပ်ဝတ္ထုအရ အကူအညီပေးလျှက် ရှိကြ၏။ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ကရင်နီတို့ဧ။် အချုပ်အချာအာဏာ လွတ်လပ်မှုကိုအသိအမှတ်ပြုကာ စစ်မှန်သော ပြည်ထောင်စုအဖြစ် (Security interest) တည်ဆောက်လိုကြသော ဒီမိုကရေစီဖက်တော်သား ဗမာလူမျိုးများကလည်း ဗမာမဟုတ်သောလူမျိုးများ၏ အမျိုးသားအကျိုးစီးပွားကို တိုက်ခိုက်ဖျက်ဆီးနေခြင်းသည် ဗမာတို့၏အကျိုးစီးပွားကိုလည်း တိုက်ခိုက်ဖျက်ဆီးရာ ရောက်သည်ကို နက်နက်နဲနဲ သိမြင်လာနေကြ၏။ အဖိုးအဖွားတို့၏ ရှက်စရာအလုပ်ကို “ဒါ တို့အဘွား အမွေဆိုပြီး” အမွေဆက်ခံစရာ ဟစ်ကြွေးနေစရာမလို။ ဗမာ ဟောင်းနှင့်ဗမာသစ်ကို ခွဲခြမ်းပြသမည့် အချိန်ကာလလည်းဖြစ်၏။ တနည်းအားဖြင့်ဆိုသော် ကုန်လွန်ခဲ့သောရာစုနှစ် ဗမာဟောင်းနှင့် (၂၁)ရာစု ဗမာသစ်များကို ခွဲခြားပြသရမည့် အချိန်ကာလလည်း ဖြစ်၏။

ရခိုင်သားတို့၏ ရခိုင်နိုင်ငံတော် တည်ဆောက်ရာတွင် တိုးတက်သော (၂၁) ရာစု ဗမာသစ်များ ပါဝင်လာအောင် စည်းရုံးလက်တွဲ ဆောင်ရွက်နိုင်ရမည်ဖြစ်၏။ ဤသို့အားဖြင့် ဗမာပြည်ရှိ အမျိုးသား အကျိုးစီးပွားကို ဖျက်ဆီးပစ်နေသော ပဒေသရာဇ်ကိုယ်စားပြု စစ်အာဏာရှင် စစ်အစိုးရကို ဘက်ပေါင်းစုံဝိုင်းတိုက်နေသော အချိန်ကာလနှင့် တိုက်ဆိုင်နေသဖြင့် နိုးကြားတက်ကြွသစ်လွှင်သော အင်အားစုများသည် ရခိုင်တို့၏ အချုပ်အခြာအာဏာပိုင်ဆိုင်သော တိုးပြည်ပြန်လည်တည်ဆောက်ရေးကို အသိအမှတ်ပြုလာကြ ရပေမည်။ လူမျိုးတမျိုး၏ ရပိုင်ခွင့် နိုင်ငံရေးအကျိုးစီးပွားကို အသိအမှတ်ပြုလျှင် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေး (Security Interest) လုံခြုံရေး အကျိုးစီးပွားကို မည်သည့်နည်းနှင့်မျှ ရနိုင်မည်မဟုတ်ပေ။ ရှမ်း၊ ချင်း၊ ကင်၊ မွန်၊ ရခိုင်တို့၏ နိုင်ငံရေး အကျိုးစီးပွားကို အသိအမှတ်မပြုလျှင် ပထမ၊ ဒုတိယ၊ တတိယနှင့် လက်ရှိစတုတ္ထ မြန်မာနိုင်ငံတော် တည်ဆောက်သလို တည်ဆောက်နေလျှင် ပြည်တွင်းစစ် တောက်လောင်နေပြီး ငြိမ်းချမ်းမှုမရှိ ဖြစ်နေပေလိမ့်မည်။ စီးပွားရေး အကျိုးစီးပွားကို ရရှိသော ထိုနိုင်ငံခြားသားများသည် စီးပွားရေး အာဏာ (Economic Power)၊ နိုင်ငံရေးအာဏာ ရရှိအောင်တဖန် ကြံဆောင်လာလျှင် ဗမာ အမျိုးသားတခုလုံးသည် အနောက်ရောက် ဘေးရောက်ပြီး အခွင့်အာဏာများ ဆုံးရှုံးသွားပေလိမ့်မည်။ ဤအချက်အလက်များကို နားလည်သဘောပေါက်ပြီး မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ တန်းတူရေး၊ ဒီမိုကရေစီအရေး၊ စစ်အစိုးရ ဖျက်သိမ်းရေးတည်းဟူသော ယေဘုယျလက္ခဏာများဆိုင်ရာ လက္ခဏာနှင့် ရခိုင်အမျိုးသားတို့၏ အချုပ်အခြာအာဏာပိုင် သီးခြားလွတ်လပ်သော တခုချင်း ဆိုင်ရာ သီးခြားလက္ခဏာတို့ကို ပေါင်းစပ်လျှက် တိုက်ပွဲဝင်သွား ကြရပေမည်။

နိုင်ငံတကာအခြေအနေလမ်းကြောင်း ပြည်သူ့တို့၏ အလိုဆန္ဒ၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသော နိုင်ငံရေးမူဝါဒ စနစ် အကောင်အထည်ဖေါ် ဆောင်ရွက်မှုသည် လက်ရှိရခိုင်အမျိုးသားရေးဝါဒ အချုပ်အခြာအာဏာ ပြန်လည်ရရှိအောင်မြင် ရေးအတွက် သင့်လျှော်မှန်ကန်မှုရှိသဖြင့် ရခိုင်သားတို့၏ စီးပွားရေးအကျိုးစီးပွား (Economic interest) ဆိုသည်မှာ ရခိုင်ပြည်ရှိ ပင်လယ်မြစ်ချောင်း အင်းအိုင် တောတောင်နယ်မြေများ၊ ရေပေါ်ရေအောက်၊ မြေပေါ် မြေအောက် သဘာဝအရင်းအမြစ်များ (Natural Resource)၊ လူသားအရင်း အမြစ်များ (Men power resource)တို့ သည် (Tourist is Billion  dollar industry) ဆိုသည့် အတိုင်း Tourist ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ပေးနိုင်မည့် သဘာဝ၏ လက်ဆောင်မွန် များဖြစ်ကြသည်။ ရှေးဟောင်း ပစ္စည်း အနုပညာလက်ရာ စေတီပုထိုးများ သမိုင်းနေရာများ၊ ရှုခင်း သာနေရာများ နိုင်ငံခြားရှိ ရခိုင်သားများ အခြေချနေထိုင်သော ဒေသပတ်ဝန်းကျင်များသည်လည်း စီးပွားရေးအရင်းအနှီးများ လုပ်ကိုင်၍ရသော စီးပွားရေး အရင်းအနှီးများဖြစ်၏။

လက်ရှိအခြေအနေတွင် ရခိုင်ပြည်ရှိ လူသားအရင်းအမြစ်သည် ရခိုင်ပြည် အကျိုးစီးပွား ဖြစ်ထွန်းရန် နိုင်ငံရေး၊ စီးပွားရေး စသည် တို့တွင် အဓိကအခန်းကဏ္ဍမှာ ပါဝင်နေသော်လည်း ကျွန်ဘ၀၊ ကျွန်သက်တမ်း ရှည်ကြာလာသဖြင့် အေးချမ်း သာယာမှု၊ ဘေးကင်း လုံခြုံမှုမရှိ။ စိတ်ဓါတ်အင်အားနှင့် စာရိတ္တ မဏ္ဍိုင်ပြိုပျက် ကျဆင်းလျှက်ရှိ၏။ သူတပါးအားမှီခိုလိုစိတ်၊ အားကိုးလိုစိတ်ရှိလာ၏။ သူတပါးအား မှီခိုလိုစိတ်နှင့် အားကိုး လိုစိတ်သည် လွတ်လပ်ရေး တိုင်းပြည် ထူထောင်လိုသူတို့၏ စိတ်ဓါတ်မဟုတ်။ တိုင်းပြည် လွတ်လပ်လာလျှင်လည်း မလုပ်မကိုင် မြေထဲမှပဒေသာပင်ပေါက်လာသလို စားသောက်နေ ထိုင်ရမည်ဟု အထင်အမြင်ရှိနေကြ၏။ အမိအဖတို့သည်လည်း အလုပ်အကိုင်ကိုမလုပ်သဖြင့် အလုပ်ကျွမ်းကျင်မှုမရှိ။ သားသမီးများကိုလည်း လုပ်ငန်းကိုင်ငန်းထဲသို့ခေါ်ပြီး အလုပ်အကိုင်ကို တတ်သိနားလည်အောင်မခိုင်းတတ်။ ကိုယ့်ဝမ်း ကိုယ့်ကျောင်း ကိုယ့်မိသားစု တာဝန်ကို ကိုယ်တာဝန်ယူနိုင်အောင် မလုပ်နိုင်။ ကျွန်လုပ်ငန်းနှင့် ၀န်ထမ်းအလုပ်ကို ခွဲခြားနားလည်နိုင်စွမ်းမရှိ။ အလုပ်လုပ်ရာတွင် အလုပ်ရှင် ဆက်ဆံရေးတင်းမာမှု တချို့ရှိလာလျှင် ကျွန်ကဲ့သို့ ဆက်ဆံသည်ဟုဆိုကာ အလုပ်ကိုတပိုင်းတစနှင့် ရပ်ပစ်တတ်ကြ၏။ မိသားစုဘ၀ကို ထောက်ထား တွက်ဆမှုမရှိ။ ထို့ကြောင့် အငှားလိုက်လျှင် မိုးမအောင်သူ၊ အလုပ်မတွင် သူတပါး၏ အလုပ်အကိုင်ကို စိတ်မ၀င်စားဘဲ လှည့်ပတ် သွားလာနေသူ လူငယ်လူရွယ်များသည် ဃရာဝါသ အိမ်ထောင်ကျသည့်အခါ မိသားစုတာဝန် ကြေပွန်စွာမထမ်းဆောင်နိုင်ပေ။ မိသားစုဘ၀ပြိုကွဲပြီး သားမီးများသည် အေးချမ်းသည့် ဘ၀ရိပ်မြုံတွင် မိဘမေတ္တာ နေရောင်ခြည်ကိုမရသဖြင့် စိတ်ဓါတ်အင်အား မဖွံ့ဖြိုးနိုင်။ ပတ်ဝန်းကျင်တွင် အထင်သေးအမြင်သေး အနှိမ်ခံဘ၀ဖြင့် ကြီးပြင်းလာရသော ကြောင့် ထိုးကန်းများ၊ စည်းမဲ့ကမ်းမဲ့၊ မင်းမဲ့စရိုက်များ ဖြစ်လာကြရ၏။ တန်းဖိုးမရှိသော၊ အကျိုးစီးပွားဖြစ်ထွန်းလာစရာမရှိသော (unproductives) လူသားအရင်းအမြစ် များသာ ဖြစ်နေ၏။ တိုင်းပြည်အတွက် လူ့အဖွဲ့အစည်းအတွက် ၀န်ထုပ်ဝန်ပိုး (Burden)သာ ဖြစ်လျှက်ရှိ၏။

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရန်အတွက် အဓိကမဏ္ဍိုင်(၃)ရပ်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ ပြုစုစောင့်ရှောက်ရေးတို့ တွင် ၀င်ငွေရရှိရေးအတွက် အုပ်ချုပ်သူများသည် စိတ်မ၀င်စား။ လူသားအရင်းအမြစ်များသည် ပြည်တွင်းစစ်၏ သားကောင်ဖြစ်ကာ မရှုမလှပြုန်းတီးပျက်စီးလျှက်ရှိ၏။ ထိုကြောင့် မိမိကိုယ်တိုင်ကလည်း လူသားအရင်းအမြစ်တွင် ပါဝင်လျှက်ရှိပေရာ မိမိကိုယ်တိုင် လူသားအရင်းအမြစ်များ တောင့်တင်း ခိုင်မာအောင် ကျင့်ကြံအားထုတ်သင့်၏။ သဘာဝအရင်းအမြစ်များနှင့် လူသားအရင်းအမြစ် များရှိလာသည့်တိုင်အောင် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု (Political stability) အတတ်ပညာအရင်းအနှီးများရှိမှသာလျှင် မိမိတို့ တိုင်းပြည်မှထွက်ရှိသော သဘာဝအရင်းအမြစ်များကို ကုန်ချောလုပ်ကာ နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချနိုင်၏။ ၎င်းအမြတ် အစွန်းများဖြင့် သဘာဝ အရင်းအမြစ်များကို ပို၍ပို၍တိုးပွားအောင် လုပ်နိုင်၏။ ထိုသို့မဟုတ်နိုင်လျှင် ကုန်ကြမ်းကိုလျော့ဈေးဖြင့် ရောင်းချပြီး ကုန်ချောကို ဈေးကြီးပေးဝယ် တင်သွင်းနေရပေမည်။ စီးပွားရေးအရ နိုင်ငံခြားတိုင်းပြည်ကို မှီခိုနေရသဖြင့် စီးပွားရေး လွတ်လပ်မှုရရှိနိုင်မည် မဟုတ်ပေ။ ထိုကြောင့် လူသားများအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ရရှိကြံဆောင်ခြင်းကို ယနေ့အခါ တွင် တိုင်းပြည် အများ အပြားက အမျိုးသားအကျိုးစီးပွားအဖြစ် အဓိပ္ပါယ် သတ်မှတ်ပြဋ္ဌာန်းခြင်းဖြစ်၏။

Security Interest လုံခြုံရေး အကျိုးစီးပွားသည် စစ်ရေးလုံခြုံမှု (Military security)၊ စစ်ရေးမဟုတ်သော လုံခြုံမှု (Non-military security) ဟု နှစ်ပိုင်းခွဲခြား သတ်မှတ်နိုင်၏။ စစ်ရေးလုံခြုံမှုသည် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်လုံခြုံမှုအတွက် ဖြစ်၏။ စစ်ရေးမဟုတ်သောလုံခြုံရေးတွင် (Food security) စားနပ်ရိက္ခာလုံခြုံရေး၊ (Water security) ရေအရင်းအမြစ်လုံခြုံရေး၊ (Energy security)စွမ်းအင်လုံခြုံရေး၊ (Human security)လူသားအရင်းအမြစ် လုံခြုံရေးစသည်အားဖြင့် ပါဝင်လျှက်ရှိ၏။ ရခိုင်သား များနှင့် အခြားတိုင်းရင်းသားများသည် စုပေါင်း၍ အမျိုးသားအားလုံး လုံခြုံရေးအတွက် ဘုံရန်သူကို အဓိကရန်သအဖြစ် အင်္ဂလိပ်ကို တော်လှန်တိုက်ပွဲဝင်ခဲ့ကြ၏။

တဖန်ပဒေသရာဇ် ကိုယ်စားပြု လူမျိုးကြီးဝါဒီများကို ဆန့်ကျင်တိုက်ပွဲဝင်နေချိန်တွင်လည်း တယောက်ကိုတယောက် ပိုမိုနားလည် သဘောပေါက်ကာ ရင်းနှီးသထက်ရင်းနှီးလာ၍ အပြန်အလှန်အားကိုးယုံကြည်လာကြပေသည်။ ဗမာပြည်ရှိ လူမျိုးပေါင်းစုံသည် ဘ၀ တူများဖြစ်လျှက် နှစ်ရှည်လများ ညီအရင်းအကိုသဖွယ် ခင်မင်ရင်းနှီးမှုများကို ပြသလျှက်ရှိကြ၏။ ထိုကြောင့် လူမျိုးအချင်းချင်း အဓိက ဂိုဏ်းဖြစ်ပွားမှုမရှိ။ စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေးဟူသော အသိုက်အမြုံကိုလည်းမပျက်စီးစေဘဲ လူမျိုးအသီးသီးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ သီးခြားလက္ခဏာအဥများလည်းမကွဲ၊ မပျက်စီးစေဘဲ ထာဝရမခွဲမခွာနေထိုင် သွားကြရန်လည်း ဆုံးဖြတ်ထားကြ၏။ ပထ၀ီဝင် နိုင်ငံရေးအရလည်း ဤအချက်ကို အလေးအနက်ထား၍ လုံခြုံရေးအကျိုးစီးပွားကို နားလည် သဘော ပေါက်ထားကြ၏။

Food security စားနပ်ရိက္ခာ လုံခြုံရေးသည် လူဦးရေများလျှင် ထိခိုက်စရာအကြောင်းရှိသေးသော်လည်း ရခိုင်လူဦးရေသည် မြောက်ဦးခေတ်ကာလ (၇၄၅၂၅၂၃- ထင်းဝါပန်းခိုင်ပွင့်ချင်းဆိုင် ရခိုင်လူဦးရေ) ရှိသည်တိုင်အောင် စားနပ်ရိက္ခာနှင့် ပတ်သက်၍ ဒိုင်းကျီရှိယင့် ဆန်ရှိယင့်ဟု ပြောစမှတ်ပြုကာ ရေမလှုပ်ကြာမစုတ် နေနိုင်ခဲ့ကြ၏။

Water security ရေအရင်းအမြစ်သည် ရခိုင်ပြည်၌ များစွာဖွံ့ဖြိုးကြွယ်ဝ၏။ ရိုးမတောင်နှင့် ဘင်္ဂလားပင်လယ်အော် တည်ရှိနေမှုက ရေအရင်းအမြစ်ကို အဆက်မပြတ်ထုတ်လုပ်ပေးနေသော စက်ရုံကြီးသဖွယ်ဖြစ်နေ၏။ အနာဂါတ်စစ်ပွဲများသည် ရေအရင်းအမြစ် ကြောင့် ဖြစ်လာစရာရှိသည်ဟု ပြောဆိုနေကြ၏။ ဘင်္ဂလာဒေ့ခ်ျ-အိန္ဒိယ၊ အိန္ဒိယ-ပါကိစ္စတန်၊ ဘူတန်-နီပေါလ်တို့သည် ရေအရင်းအမြစ်နှင့် ပတ်သက်၍ ပြဿနာဖြစ်ပွားနေကြ၏။ ဘင်္ဂလား-အိန္ဒိယတို့၏ ရေခွဲဝေသုံးစွဲရေးသည် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ လွတ်လပ်ရေးရသည်မှစ၍ ယနေ့ကာလအထိ ပြဿနာရှိနေဆဲဖြစ်၏။

မြန်မာနိုင်ငံတွင်လည်း မေခ၊ မေလိခမြစ်ဆုံ ရေကာတာ တည်ဆောက်ရေးအတွက် ပြဿနာကြီးထွားလာနေ၏။ ရခိုင်ပြည်အနေဖြင့် မြစ်ချောင်း၊ အင်းအိုင်များသည် ရခိုင်ရိုးမတောင်မှအစပြုပြီး ဘင်္ဂလားပင်လယ်အော်တွင် အဆုံးသတ်သဖြင့် ရေနှင့်ပတ်သက်၍ နှစ်နိုင် ငံအငြင်းပွားစရာ ပြဿနာဖြစ်လာနိုင်စရာ မရှိပေ။ သဘာဝပတ်ဝန်းကျင် မပျက်စီးရအောင် ရေအရင်းအမြစ်များကို ထုတ်ယူသုံးစွဲ နေနိုင်၏။ Energy Security စွမ်းအင်လုံခြုံရေး လုံလောက်ရေးနှင့် ပတ်သက်လာလျှင် ရေအား၊ လေအားလျှပ်စစ်အပြင် Gas စွမ်းအားများ ကြွယ်ဝစွာ ရှိနေသဖြင့် တိုင်းသူပြည်သူများ အလုပ်ကြိုးစား၍ ညီညွတ်အေးချမ်းတရားမျှတစွာ နေထိုင်နိုင်ကြလျှင် တသက်လုံးတဘ၀လုံး စွမ်းအင်ချို့တဲ့မှု ကင်းဝေးနေနိုင်၏။

Human security လူသားများ လုံခြုံရေးသည် တိုင်းပြည်ရှိလူသားအားလုံး အကျိုးဖြစ်ထွန်းမှုရှိသော ဒီမိုကရေစီ တန်ဖိုးများ ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ ပြည်သူတို့၏ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်များ၊ လူ့အခွင့်အရေးများ၊ ပညာရေးကျန်းမာရေး ပြုစုစောင့် ရှောက်ခွင့်ရရှိရေး စသည်တို့ပြည်စုံလောက်နေမှသာလျှင် ခေတ်အဆက်ဆက် မြေဇာပင်ဖြစ်ခဲ့ရသော လူသားများသည် ဘေးကင်း ရန်ကွာ လုံခြုံမှုရှိနိုင်မည်ဖြစ်၏။ ထို့ကြောင့် Security interestကို အထင်ကရ အရေးတကြီးအမြဲတမ်း မပြောင်းလဲသော အမျိုးသားအကျိုးစီးပွားအဖြစ် ထည့်သွင်းသတ်မှတ် ပြဋ္ဌာန်းထားခြင်းဖြစ်၏။

 Social interest လူမှုအကျိုးစီးပွားဆိုသည်မှာ လူထုလူတန်းစား၊ လူ့အလွှာပေါင်းစုံပါဝင်သော တိုင်းသူပြည်သားများ၏ အကျိုးစီးပွား ပင် ဖြစ်၏။ ယနေ့လူ့အဖွဲ့အစည်းသည် လူမျိုးပေါင်းစုံ၊ ဘာသာသာသနာပေါင်းစုံ၊ လူ့အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ ပါဝင်သော Pluralistic society လူ့ဖွဲ့အစည်းဖြစ်၏။ ယင်းအလွှာပေါင်းစုံ လူတန်းစားပေါင်းစုံတို့၏ ယုံကြည်ချက်၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ တောင်းဆိုမှုများအပေါ် သည်းခံစိတ်ရှည်မှု အတတ်ပညာကို မွေးမြူနိုင်မှသာ မှန်မှန်ကန်ကန် လက်ခံကျင့်သုံး ဆုံးဖြတ်နိုင်မည်ဖြစ်၏။ စိတ်ရှည်သည်းခံမှုသည် ဒီမိုကရေစီအတွက် အနှစ်သာရအကျဆုံးသောအရာဖြစ်သောကြောင့် စိတ်ရှည်သည်းခံမှုမရှိလျှင် ဒီမိုကရေ စီကျင့်စဉ်ကို ကျင့်သုံး၍မရပေ။ အမှန်တရားနှင့် တရားမျှတမှုရို့သည် အတူတူဖြစ်သောကြောင့် အမှန်တရားနှင့် လူမှုရေးအကျိုး ဖြစ်သော တရားမျှတမှုမရှိဘဲ အေးချမ်းသာယာမှုမရှိနိုင်။ ထို့ကြောင့် လူမှု၊ လူ့အလွှာ၊ လူတန်းစားအသီးသီးတို့ ဆူကြုံးနိမ့်မြင့်၊ ကြောသားရင်သားမခွဲခြားဘဲ ခံစရာရှိလျှင်ခံ၊ စံစရာရှိလျှင် အားလုံးအတူတူ စံစားနိုင်မှ လူမှုအကျိုးစီးပွား ဖြစ်ထွန်းနိုင်မည်ဖြစ်၏။ ထို့ကြောင့် လူမှုအသီးသီး တို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိမ်းသိမ်းကာကွယ် တိုးတက်အောင်လုပ်ဆောင်သော လူမှုရေး အကျိုးစီးပွားကိုလည်း အမျိုးသား အကျိုးစီးပွားအဖြစ် ရှုမြင်သုံးသပ်ကြခြင်းဖြစ်၏။

မဟာအမျိုးသားအကျိုးစီးပွားဆိုသည်မှာ ယင်းနိုင်ငံရေးအကျိုးစီးပွား(အချုပ်အချာအာဏာပြန်လည်ရရှိရေး)၊ စီးပွားရေး အကျိုးစီးပွား၊ လုံခြုံရေးအကျိုးစီးပွား၊ လူမှုရေးအမျိုးစီးပွားများကို ရရှိရေးအတွက် အဓိကမရှိလျှင်မဖြစ် လိုအပ်သော ညီညွတ်ရေးပင်ဖြစ်၏။ ညီညွတ်မှုမရှိသဖြင့် အချုပ်အခြာအာဏာ ကျဆုံးခဲ့ရ၏။ ညီညွတ်မှုမရှိသဖြင့် အချုပ်အခြာအာဏာ ပြန်လည်ရရှိရေးအတွက် ကြိုးပမ်း ချက်များသည် အချဉ်းအနှီး။ ရခိုင်ပြည်လွတ်လပ်ရေးအတွက် ရခိုင်လူငယ်၊ ပြည်သူပြည်သားများ၏ သွေးများသည် ဗမာပြည် တနံ တလျားနှင့် ဘင်္ဂလားပင်လယ် အိန္ဒိယသမုဒ္ဒရာအတွင်း နီရဲလျှက်ရှိနေ၏။ ညီညွတ်ရေး၏ အဓိကရန်သူသည် ဂိုဏ်းဃဏ စိတ်ဓါတ်၊ ဂိုဏ်းဃဏတည်ဆောက်လိုမှုပင်ဖြစ်၏။ ဂိုဏ်းဃဏတည်ရှိနေမှုများက ဂိုဏ်းဃဏအသိကို ပြဋ္ဌာန်းပေး၏။ ယင်းဂိုဏ်းဃဏ အသိဖြင့် ညီညွတ်ရေးကိုမတည်ဆောက်နိုင်။ ပါတီအားတောင့်တင်းမှ ညီညွတ်ရေးကို တည်ဆောက်၍ရနိုင်မည်ဟု ယုံကြည်ချက် သည် လူမိုက်တို့၏ ယုံကြည်ချက်ဖြစ်သည်။ ဗကပ၊ မဆလတို့၏ ယုံကြည်ချက်ဖြစ်၏။ ညီညွတ်ရေးအတွက် အဓိကလိုအပ်ချက်မှာ ခေါင်းဆောင်အင်အားစုပင် ဖြစ်၏။ ရခိုင်ပြည်၏ ညီညွတ်ရေးပြဿနာသည် ခေါင်းဆောင်ပြဿနာပင်ဖြစ်၏။

ရခိုင်ပြည်တွင် Leadership crisis ခေါင်းဆောင်အင်အားစုချို့တဲ့နေသဖြင့် ညီညွတ်ရေးကို တည်ဆောက်၍မရခြင်းဖြစ်၏။ ခေါင်းဆောင် အင်အားစုဖြင့် ဗဟိုတည်ဆောက်မှုကို လုပ်နိုင်မှသာလျှင် ညီညွတ်ရေးကို လုပ်နိုင်မည်ဖြစ်၏။ တဦးချင်း ပုဂ္ဂိုလ်ဝါဒ သည်လည်း စုပေါင်းခေါင်းဆောင်မှုကို အချိန်မရွေးဆန့်ကျင့်၏။ ညီညွတ်ရေးကိုဟန့်တား၏။ နောက်ဆုံးတွင် ယင်းတဦးချင်း ပုဂ္ဂိုလ် ၀ါဒသည် ကိုယ့်အတ္တကို ထိခိုက်လာသည်နှင့် တပြိုင်နက် အလွတ်ရုန်းထွက်ပြေးရေးဝါဒသို့ ရှေးရှုပြီး ညီညွတ်ရေးကို ခေါင်းမာမာဖြင့် ဆန့်ကျင်သွားခဲ့ကြသည်ကို သမိုင်းတလျှောက်တွေ့မြင်ခဲ့ရမည်ဖြစ်၏။ ညီညွတ်ရေးအတွက် တယောက်ကိုတယောက် နားလည် သဘောပေါက် စာနာထောက်ထားမှုရှိရန်၊ အခြေအနေမှန်ကို နားလည်ရန်၊ ဆွေးနွေးတိုင်ပင်ရန်လိုအပ်၏။ ဆွေးနွေးတိုင်ပင်ရာတွင် သူတပါးကို အပြုသဘောဝေဖန်ရေး၊ သူတပါးဝေဖန်လာသည်ကို လက်ခံရေး၊ ကိုယ့်ကိုကိုယ် ဝေဖန်ရေးမူသုံးရပ်ကို ကျင့်သုံးပြီး ယင်း ကျင့်သုံးမှုတို့သည် မိမိကိုယ်ကို ပြည်သူလူထုအား ရှေးတန်းတင်၍ ဦးဆောင်ရန် အရည်အချင်းဖြစ်ကြောင်း နားလည်သဘော ပေါက်၍ ကျင့်သုံးဖို့လိုအပ်၏။ ညီညွတ်ရေးကို တည်ဆောက်ရာတွင် လက်နက်ဖြင့် တည်ဆောက်၍မရ။ လက်နက်အားကိုးဖြင့် ညီညွတ်ရေးကို တည်ဆောက်၍မရ။ ထို့ကြောင့် နိုင်ငံတကာရောက် လူငယ်လူရွယ်များ၊ ပညာရှင်များ၊ တိုးတက်သော လူငယ်များ သည် ဂိုဏ်းဃဏကို အားမပေးသင့်။ ဂိုဏ်းဃဏ တွင်ပါဝင်မနေသင့်။ ဂိုဏ်းဃဏကို စိတ်ပျက်အားငယ်ကာ ဘေးဖယ်မနေသင့်ဘဲ ညီညွတ်ရေးရရှိအောင် မဖြစ်မနေဆက်တိုက် ဆက်တိုက် ကြိုးစားအားထုတ်သင့်၏။

နိဂုံး

ပင်လုံစာချုပ် ဆန့်ကျင်ရေး အင်အားစု၊ စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေးကို ဆန့်ကျင်သောအင်အားစုဖြစ်သော စစ်အစိုးရ သည် ဗမာပြည်ရှိ အမျိုးသားအကျိုးစီးပွားကို မတည်ဆောက်နိုင်သည်မှာထင်ရှားနေ၏။ ကမ္ဘာတွင် လူသားတို့လိုလားသော အကျိုး စီးပွားကို မဆောင်ကျဉ်းနိုင်သော အာဏာရှင်များကျရှုံးသွားခဲ့ကြသလို ဗမာပြည်တွင်လည်း ပျောက်ကွယ်ကျရှုံး သွားမည်မှာ မြေကြီး လက်ခတ်မလွဲပင်။ ထို့ကြောင် ကျွန်တော်တို့သည် မီးပြသမား တွင်းကျမမှားရအောင် သမိုင်းမှသင်္ခန်းစာများကို နားလည်တတ် မြောက်သူများဖြစ်အောင် ကြိုးစားအားထုတ်ရန်လိုအပ်၏။ အတိတ်ကဖြစ်ရပ်များကို နားလည်သဘောပေါက်မှုမရှိသဖြင့် အတိတ်က အဖြစ်ဆိုး၊ စနစ်ဆိုးအတိုင်း ဖြစ်ပျက်သွားစေရန် ကံကြမ္မာငင်နေသူများအဖြစ်မှ ကင်းလွတ်အောင်လည်း ကြိုးစားအားထုတ်ရန် တင်ပြလိုက်ပါသည်။

“ရခိုင်ပြည်အမျိုးသား တော်လှန်ရေးအတွက် မည်သည့်အဆင့်တွင်ဖြစ်စေ ညီညွတ်ရေးကို ရယူထားကြ”

တော်လှန်ရေးသစ္စာဖြင့်
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးဆုံရပ် (ANFU)
စက်တင်္ဘာ(၃၀)ရက်၊ ၂၀၁၁။

No comments:

Post a Comment