Wednesday, October 12, 2011

မြန်မာ့ မူးယစ်ဆေးဝါး ဘင်္ဂလာတွင် တန်ဖိုး ၆၇ သိန်းဖမ်းဆီးခံ


ဂစ္ဆပသတင်းဋ္ဌာန
အောက်တိုဘာလ(၁၂)ရက်၊ ၂၀၁၁၊ ညနေ(၆)နာရီ။

မြန်မာ့ မူးယစ်ဆေးဝါး ဘင်္ဂလာတွင် တန်ဖိုး ၆၇ သိန်းဖမ်းဆီးခံ

မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ မှောင်ခိုတင်ပို့သော မြန်မာ့မူးယစ်ဆေးဝါး စုစုပေါင်း တာကာ (၆၇) သိန်းတန်ဖိုးကို ဘင်္ဂလာ BGBတပ်ဖွဲ့တဖွဲ့မှ လွန်ခဲ့သော မေလမှ စက်တင်္ဘာလ(၃၀)ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ကော့စ်ဘဇားမြို့ အခြေစိုက် အမှတ်(၁၇) တပ်ရင်းမှ တပ်ရင်းမှူး ခါလေကူဇ္ဖာမာန် က ထုတ်ဖေါ်ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသည့် မြန်မာ့မူးယစ်ဆေးဝါး တာကာ (၆၇)သိန်းမှ (၁၁)သိန်းတန်ဖိုးကို အောက်တိုဘာလ(၃)ရက်နေ့က ကော့စ်ဘဇားမြို့ BGBစခန်း၌ မီးရှိုးဖျက်ဆီးခဲ့ကြောင်း ခါလေကူဇ္ဖာမာန်က ဒေသသတင်းထောက်များသို အတည်ပြုပြောဆိုလိုက်သည်။  

မြန်မာ့မူးယစ်ဆေးဝါး စုစုပေါင်းတာကာ (၆၇)သိန်းအား (၅)လအတွင်း လိုက်လံဖမ်းဆီးခဲ့သည့် BGBတပ်ဖွဲ့မှာ ကော့စ်ဘဇားမြို့ဂိတ် အခြေစိုက် တပ်ရင်းအမှတ်(၁၇)ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကော့စ်ဘဇားမြို့ဂိတ် အခြေစိုက် BGBမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား ပြပွဲနှင့် မီးရှိုးပွဲအခမ်းအနားသို့ စစ်တကောင်း BGB ဗဟိုအဖွဲ့မှ တပ်ရင်းမှူး  ဘော်ဆိရုလ် အိစ်လာမ်၊ ကော့စ်ဘဇားမြို့ အကြီးအကဲ မိုဟာမတ် ဇော်ရုလ် ဘာရိ၊ ရဲထောက်လှမ်း ရေးအရာရှိ မိုဟာမတ် ဇာဟာဂိရ် တို့တက်ရောက် လေ့လာကြည့်ရှုခဲ့ကြောင်း ဆိုသည်။

အဆိုပါ မြန်မာ့မူးယစ်ဆေးဝါး တာကာ(၁၁)သိန်းကို ဖျက်ဆီးသည့်နေ့တွင် တာခ်နာအခြေစိုက် အမှတ်(၄၂)BGB တပ်ရင်းမှ မြန်မာ့ ရာဘား (၄၀၀၀)လုံးနှင့်အတူ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားသူ ဘင်္ဂလီ(၂)ဦးကို ဖမ်းဆီးရမိကြောင့် သက်ဆိုင်ရာမှ ထုတ်ဖေါ် ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ အနောက်ရှိ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် မျက်နှာချင်းဆိုင်တည်ရှိနေသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ် တာခ်နာမြို့ နယ်တို့အကြား မူးယစ်ဆေးဝါး ဖေါက်ကားရောင်းဝယ်ရေးတွင် စစ်အုပ်စုမှ နီးစပ်ရာ နစကအရာရှိများ အဓိကပါဝင်နေကြောင်း နယ်စပ် မူးယစ်ဆေးဝါး သတင်းရပ်ကွက်မှဆိုသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ်အကြား လူကုန်ကူးမှု၊ နယ်စပ်ဖြတ်ကျော် ကျူးကျော်မှု၊ မူးယစ်ဆေးဝါးဖေါက်ကားမှု၊ ကုန်သွယ်မှု၊ မှောင်ခိုလုပ်ငန်းနှင့် စသည့် နယ်မြေလုံခြုံရေး အခြေအနေများမှာ အဓိက နစကနှင့် စစ်အုပ်စု တာဝန်ရှိသူများနှင့် သက်ဆိုင်သည်။

No comments:

Post a Comment