Monday, October 17, 2011

မြန်မာ့ မူးယစ်ဆေးဝါး တာကာ (၁၈)သိန်းတန်ဖိုး ဘင်္ဂလာတွင် ထပ်မံဖျက်ဆီးခံရပြီ


ဂစ္ဆပသတင်းဋ္ဌာန
အောက်တိုဘာလ(၁၈)ရက်၊ ၂၀၁၁၊ နံက်(၁၀)နာရီ။

မြန်မာ့ မူးယစ်ဆေးဝါး တာကာ (၁၈)သိန်းတန်ဖိုး ဘင်္ဂလာတွင်  ထပ်မံဖျက်ဆီးခံရပြီ

မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ မှောင်ခိုတင်ပို့သော မြန်မာ့မူးယစ်ဆေးဝါး စုစုပေါင်း တာကာ (၁၈) သိန်းတန်ဖိုးကို ဘင်္ဂလာ BGBအမှတ်(၄၂) တပ်ဖွဲ့မှ လွန်ခဲ့သော အောက်တိုဘာလ(၄)ရက်နေ့က တရားဝင် မီးရှိုးဖျက်ဆီးလိုက်ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့ ပြောခွင့်ရက ထုတ်ဖေါ်ပြောဆိုလိုက်သည်။

ဘင်္ဂလာမှ မီးရှိုးဖျက်ဆီးလိုက်သည့် မြန်မာ့မူးယစ်ဆေးဝါးများကို BGBတပ်ဖွဲ့အနေဖြင့် မေလ(၂၁)နေ့မှစတင်ပြီး စက်တင်္ဘာလ (၃၀)ရက် အတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများမှ တချို့ဖြစ်ကြောင်း အတည်ပြုပြောဆိုလိုက်သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာအခြေစိုက် BGBအမှတ်(၄၂)တွင် ပြုလုပ်ခဲ့သော အဆိုပါ မြန်မာ့မူးယစ်ဆေးဝါး ဖျက်ဆီးသည့် အခမ်း အနားတွင် အမှတ်(၄၂)တပ်ရင်းမှူးနှင့် စစ်တကောင်းမြို့မှ BGB ထိပ်တန်းဗဟိုခေါင်းဆောင်တဦး ဘော်ဆိရုလ် အာလ်မေရ် တို့က ဦးစွာဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။  

BGBအမှတ် (၄၂)တပ်ရင်းမှ ဖျက်ဆီးခဲ့သည့် မြန်မာ့မူးယစ်ဆေးဝါးများမှာ ရာဘားမြင်းဆေး (၄၀၉၃) လုံး၊ ဂင်ဇာ (၅၀) ဂရမ်၊ အရက်မျိုးစုံ (၂၅၅) ပုလင်း၊ ဘီယာ (၁၆)ကာတွန့်နှင့် (၂၅)လုံးနှင့် တခြားအရက်ဆီ ၃၇၂ လုံးတို့ဖြစ်ပြီး စုစုပေါင်း တန်ဖိုးမှာ တာကာ (၁၈)သိန်းခန့် ရှိကြောင်း ပြောကြားသည်။

အဆိုပါ ဖျက်ဆီးခဲ့သော မြန်မာ့မူးယစ်ဆေးဝါးများအား ရှာဖွေဖမ်းဆီးခဲ့သည့် BGB အမှတ်(၄၂)မှ တပ်ရင်းအရာရှိများမှာ ဗိုလ်မှူး ဇာဟိဒ် ဟာဆန်၊ ဒုဗိုလ်မှူး ဆာမ်ဆူဇာမာန် မိုဟာမတ် အာရိဖူလ် အီစလာမ်၊ ဆေးဖက်ဆိုင်ရာမှ အရာရှိ ရာကိရ်နှင့် ဋ္ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်ခဲ့ကြောင်း သက်ဆိုင်ရာမှ ပြောဆိုသည်။

သို့သော်လည်း ဖျက်ဆီးမှုတွင် မပါဝင်ခဲ့သည့် မြန်မာ့မူးယစ်ဆေးဝါး တန်ဖိုးအမြောက်အများ ကျန်ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။

ကော့စ်ဘဇားမြို့ အခြေစိုက် BGB အမှတ် (၁၇)တပ်ရင်းတွင် အောက်တိုဘာလ(၃)ရက်နေ့က မြန်မာ့မူးယစ်ဆေးဝါး တာတာ (၁၁)သိန်း တန်ဖိုးကို ဖျက်ဆီးခဲ့ပြီး နောက်ထပ် (၅၇)တန်ဖိုး ကျန်ရှိနေသေးကြောင်း သက်ဆိုင်ရာမှပြောဆိုသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ နယ်စပ်ရေးရာ လေ့လာသူများ အနေဖြင့် မြန်မာ့မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားသူများမှာ ဘင်္ဂလီများသာ ဖြစ်ကြပြီး စစ်အုပ်စုမှ နယ်စပ်ရေးရာ အဓိကအရာရှိများ မူးယစ်ဖေါက်ကြားမှုတွင် မပါဝင်ဘဲ ယခုကဲ့သို့ မူးယစ်ဆေးဝါးများ သောင်းသောင်းဖျဖျ ဘင်္ဂလာသို့ ရောက်ရှိမလာနိုင်ကြောင်း သုံးသပ်ရှင်းပြကြသည်။

ဘင်္ဂလာပြည်သူလူထုများ အနေဖြင့် မြန်မာစစ်အုပ်စုကို အဓိက မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားသူများနှင့် စစ်အာဏာကို ဒလဇတ် အလွဲသုံးစား ပြုလုပ်နေကြသူများအဖြစ် တဖြည်းဖြည်း မှတ်ယူလာနေကြသည်။

No comments:

Post a Comment