Wednesday, October 12, 2011

စုစုပေါင်း ၁၄၈ ဦး လွတ်မြောက်လာပြီ


ဂစ္ဆပသတင်းဋ္ဌနာ
အောက်တိုဘာလ(၁၃)ရက်၊ ၂၀၁၁၊ နံက် (၆း ၃၀)နာရီ။
By: အောင်ခိုင်
စုစုပေါင်း ၁၄၈ ဦး လွတ်မြောက်လာပြီ

ဒီနေ့ ညနေလေးနာရီထိ တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၁၈၄ ဦး လွတ်မြောက်လာကြောင်း သတင်းရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က သတင်းထုတ်ပြန်ပါတယ်။

ဒေသအသီးသီးက ထောင်ဘူးဝတွေအရောက် သွားရောက်စာရင်းကောက်ယူခဲ့တဲ့ NLD အဖွဲ့ဝင်တွေကပေးပို့တဲ့ စာရင်းတွေကို အခြေခံပြီး ခုလိုသတင်းထုတ်ပြန်တာလို့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

 “အကျဉ်းထောင်ထဲက လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကတော့ မြစ်ကြီးနားထောင်က ဦးဇာဂနာ(ခ) ဦးသူရအပါအဝင် ၄ ဦး၊
မန္တလေးထောင်က ထက်အောင်အပါအဝင် ၁၈ ဦး၊ ပူတာအို အကျဉ်းထောင်မှ မထက်ထက်ဦးဝေ အပါအဝင် ၃ ဦး၊ ကသာထောင်မှ ဦးစောလှိုင် (အင်းတော်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) အပါအဝင် ၅ ဦး၊ ခန္တီးအကျဉ်းထောင်မှ မစုစုနွေးအပါအဝင် ၆ ဦး၊ ဘူးသီး တောင်အကျဉ်းထောင်မှ ကိုအောင်စိုး အပါအဝင် ၃ ဦး၊ တောင်ကြီးထောင်က တောင်ကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခင်၊ ဗန်းမော်အကျဉ်းထောင်က ကိုနိုင်စိုးအပါအဝင် ၄ ဦး၊ ကျိုင်းတုံအကျဉ်းထောင်က ဦးစိန်ဝင်းမောင်အပါအဝင် ၄ ဦး၊ ကလေးအကျဉ်း ထောင်က ကိုသိန်းလွင်ဦး အပါအဝင် ၆ ဦး၊ ရွှေဘိုအကျဉ်းထောင်က မလေးလေးမွန် အပါအဝင် ၁၀ ဦး၊ မုံရွာအကျဉ်းထောင်က ဦးပလာဘောမား၊ သီပေါက ကိုသိုက်မင်း၊ လားရှိုးအကျဉ်းထောင်က ကိုအောင်ဇော်ဦး အပါအဝင် ၄ ဦး၊ မြင်းခြံအကျဉ်းထောင်က ကိုသီဟဝင်းတင်၊ မိတ္ထီလာ အကျဉ်းထောင်က ကိုညွန့်ဝင်းအပါအဝင် ၃ ဦး၊ ဘားအံအကျဉ်းထောင်မှ ကိုနေကျော်၊ မော်လမြိုင် အကျဉ်းထောင်က မိုးထက်လျှံ အပါအဝင် ၃ ဦး၊ မြိတ်အကျဉ်းထောင်က ကိုထွန်းထွန်းဝင်း၊ မအူပင် အကျဉ်းထောင်က မနွဲ့နှင်းရီ (ခ) နိုးနိုး၊ မြောင်းမြအကျဉ်းထောင်က ကိုဇော်တူး (ခ) မောင်မောင်တူးအပါအဝင် ၅ ဦး၊ ဟင်္သာတ အကျဉ်းထောင်က ကိုသန်းဇော်အပါအဝင် ၂ ဦး၊ စစ်တွေအကျဉ်းထောင်က ကိုဇော်မင်း (ခ) တေဇ အပါအဝင် ၃ ဦး၊ ကျောက်ဖြူအကျဉ်းထောင်က ကိုအာကာဘို အပါအဝင် ၃ ဦး၊ တောင်ငူအကျဉ်းထောင်က ကိုညီညီဦးအပါအဝင် ၆ ဦး၊ ပဲခူးအကျဉ်းထောင်က ကိုဝဏ်ဏအောင်အပါအဝင် ၂ ဦး၊ သာယာဝတီ အကျဉ်းထောင်က ကိုကြည်လွင်အပါအဝင် ၂၆ ဦး၊ သရက်အကျဉ်းထောင်က မနီမိုလှိုင်အပါအဝင် ၁၆ ဦး၊ လွိုင်ကော် အကျဉ်းထောင်က မတ္တရာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၊ ပခုက္ကူအကျဉ်းထောင်က ကိုချစ်ကိုလင်း၊ ရမည်းသင်း အကျဉ်းထောင်က ကိုနေမာမျိုးဝင်း အပါအဝင် ၆ ဦး၊ အင်းစိန်ဗဟိုအကျဉ်းထောင်က ကိုထွန်းထွန်းဦးအပါအဝင် ၃၀ ဦးတို့ ဖြစ်ပါတယ်။ စုစုပေါင်း ၁၈၄ ဦးကို ကျနော်တို့ စာရင်းရရှိထားပါတယ်။”ဟု သူကပြောသည်။

စုစုပေါင်း ယနေ့အထိ လွတ်မြောက်လာသည့် အကျဉ်းသား ၁၈၄ ဦးစာရင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေချည်း မဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားအားလုံး စာရင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားလွှတ်မြောက်ရေးလက်မှတ်ရေးထိုးလှုပ်ရှားသူများကွန်ယက်၏ ထုတ်ပြန်ကြေငြာချက် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားသူများက ဦးဆောင်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများ အားလုံးရှိ နိုင်ငံရေးအကျဉ်းသားများစာရင်း အတိအကျကိုထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။ ပထမအဆင့်အနေဖြင့် အကျဉ်း ထောင် (၁၀)ခုတွင်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများအရေအတွက်ကို ဖော်ပြထားပါသည်။

သာယာဝတီအကျဉ်းထောင် ၆၀ ဦး (ကျား-၅၅ + မ-၅)၊ မြင်းခြံအကျဉ်းထောင် ၁၅ ဦး (ကျား-၁၃ + မ-၂)၊ ခန္တီးအကျဉ်းထောင် ၁၆ ဦး (ကျား-၁၄ + မ-၂)၊ လားရှိုးအကျဉ်းထောင် ၁၅ ဦး (ကျား-၁၃ + မ-၂)၊ သီပေါအကျဉ်းထောင် ၃ ဦး (ကျား-၃)၊ သရက်အကျဉ်းထောင် ၄၂ ဦး၊ ပခုက္ကူအကျဉ်းထောင် ၄ ဦး (ကျား-၄)၊ မြစ်ကြီးနားအကျဉ်းထောင် ၁၁ ဦး (ကျား-၁၁)၊ မော်လမြိုင်အကျဉ်းထောင် ၂၁ ဦး (ကျား-၁၈ + မ-၃)၊ ဗန်းမော်အကျဉ်းထောင် ၁၄ ဦး (ကျား-၁၁ + မ-၃)နှင့် မကြာမီအတွင်း အကျဉ်းထောင်အလိုက် နောက်ဆက်တွဲ အရေ အတွက်နှင့် အမည်စာရင်းအတိအကျကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ထိုစာရင်းတွင် မပါရှိဘဲ ကျန်ရစ်ခဲ့သူများရှိပါက မိသားစုများအနေဖြင့်အောက်ပါဖုန်းနံပါတ်များသို့ အမြန်ဆုံးဆက်သွယ်ပေးပါရန် ကျေးဇူး တင်စွာဖြင့် ပန်ကြားအပ်ပါသည်။

ကိုတိုးကျော်လှိုင် - ၀၉၅၀၆၄၉၂၄၊ ၀၉၇၃၁၇၀၇၆၄ ၊ ၀၁၂၄၉၁၄၉
ကိုဖြိုးမင်းသိန်း - ၀၉၅၀၇၆၂၃၄

No comments:

Post a Comment