Wednesday, October 19, 2011

ဦးသိန်းစိန်ခေတ် ရခိုင်ပြည်ကို မုန်တိုင်း တိုက်ခတ်နေပြီ


ဂစ္ဆပသတင်းဋ္ဌာန
Oct 19, 2011, Time 2; 30 PM.

ဦးသိန်းစိန်ခေတ် ရခိုင်ပြည်ကို မုန်တိုင်း တိုက်ခတ်နေပြီ

ဦးသိန်းစိန် ခေတ်သစ်စစ်အုပ်စုခေတ်တွင် ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းအတွင်း ဖြစ်ပေါ်အားကောင်းလာနေသော မုန်တိုင်းတခုမှာ ရခိုင်ပြည်မြောက်ပိုင်း ကမ်းရိုးတန်းဒေသများသို့ အင်္ဂါနေ့ ညနေပိုင်းကစတင်ကာ ၀င်ရောက်တိုက်ခတ်လျှက် ရှိနေကြောင်း သတင်းရရှိသည်။

အဆိုပါ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့နယ်များတွင် မုန်တိုင်းနှင့်အတူ မိုးရွာနှုန်း(၈၀)အထိ သည်းထန်စွာ ရွာသွန်းလျှက်ရှိနေပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းဒေသအတွင်းပါ မိုးရွာသွန်းမှုနှင့်အတူ မုန်တိုင်းတိုက်ခတ်လျှက် ရှိနေကြောင်း သိရှိရသည်။  

ရခိုင်ပြည် မြောက်ပိုင်းကမ်းရိုးတန်းဒေသများသို့ တိုက်ခတ်နေသည့် မုန်တိုင်း၏အရှိန်မှာ တနာရီလျှင် မိုင်ပေါင်း (၅၀ မှ ၆၀)အထိ ရှိမည်ဖြစ်ပြီး မိုးရေချိန်ပါ မြင့်တက်လာနိုင်ကြောင်း စုံစမ်းသိရှိရသည်။ 

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ စစ်တပ် စစ်စခန်းများမှာ ယခုနှစ်လေပြင်းမုန်တိုင်းများကြောင်း အပျက်အစီးများပြားခဲ့၍ ယမန်နေ့က စတင်ပြီး ကြိုတင်ကာ မုန်တိုင်းကာကွယ်မှုများ ပြုလုပ်လျှက်ရှိနေကြောင်း အမည်မဖေါ်လိုသူ နစကတပ်ကြပ်တဦးက ပြောသည်။

သို့သော်လည်း ရခိုင်ပြည်သို့ မုန်တိုင်းဝင်ရောက်မည့် ရခိုင်ကမ်းရိုးတန်း၌ နေထိုင်လျှက်ရှိနေသော ပြည်သူလူထုများသို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ အနေဖြင့် တစုံတရာ သတိပေးမှုများ မရှိသေးကြောင်း သိရှိရသည်။

No comments:

Post a Comment