Monday, February 27, 2012
ဖွဲ့စည်းပုံခြေခံဥပဒေကို ပြင်ရမည်ဟု RNDP ပြော
ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လျှင် ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်ရေး အလှမ်းဝေးနေဦးမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ပြောဆိုလိုက်သည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးလှစော စာတမ်းဖတ်ပွဲတွင် ပြောကြားနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ဒို့ရိုးရာ စားသောက်ဆိုင်တွင် ယမန်နေ့က ကျင်းပသော “ရခိုင်သယံဇာတ ရွှေသဘာဝ ဓာတ်ငွေ့ကို အသုံးပြု၍ ရခိုင်ပြည်နယ် တခုလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေးအဖွဲ့၏ စာတမ်းဖတ်ပွဲ” တွင် RNDP အထွေထွေ အတွင်းရေးမှူး ဦးလှစောက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လိုအပ်ချက်အရ ပြုပြင်ရမည်ဖြစ်ကြောင်း၊ ဥပဒေပြင်ဆင်ခြင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတခုအဖြစ် RNDP က ခံယူကြောင်း၊ တိုင်းရင်းသားများအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးနှင့် ဒေသထွက် သယံဇာတများကို ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုခွင့်ရှိရေး အပါအ၀င် တန်းတူအခွင့်အရေးများ ရရှိစေရေးအတွက် အခြေခံဥပဒေကို ပြင်ဆင်သွားရမည်ဖြစ်ကြောင်း ဦးလှစောက ပြောသည်။
ဦးလှစောက “ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်ဘူး။ ဒါပေမယ့် စစ်အာဏာရှင်စနစ် ကျဆုံးဖို့ ရခိုင်ပြည်သူတွေက ကျနော်တို့ကို မဲပေးခဲ့တယ်။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုရမယ်၊ ပြဋ္ဌာန်းပေးရမယ်။ ဒီနေရာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ပြည်ထောင်စုထဲက သီးခြားခွဲထွက်ပြီးတော့ ရခိုင်သမ္မတနိုင်ငံ၊ ရှမ်းသမ္မတနိုင်ငံ ထူထောင်ဖို့ ပြောတာမဟုတ်ဘူး။ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်တဲ့၊ စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုသစ်ကြီးကို မျှော်မှန်းပါတယ်” ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် NLD ၏ မူဝါဒတခုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းအစိုးရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားများဘဝသည် နိမ့်ကျလျက်ရှိကြောင်း လွတ်လပ်ရေး အရစောသော်လည်း အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင့် ယခုကဲ့သို့ နိုင်ငံ ဆင်းရဲနေရခြင်းဖြစ်ကြောင်း ထုတ်ဖော်ဝေဖန်လိုက်သည်။
“လွတ်လပ်ရေးရရင် ပိုပြီးချမ်းသာလာရမယ်၊ ပိုပြီး တိုးတက်လာရမယ်၊ ပိုပြီးအောင်မြင်လာရမယ်၊ ဒါလေးတွေက အင်မတန် သုံးသပ်စရာလေးတွေ ဖြစ်ပါတယ်။ လွတ်လပ်ရေးအပြစ် မဟုတ်ပါဘူး။ အုပ်ချုပ်တဲ့သူ စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့လို့ပဲ ကျနော်ခံယူပါတယ်။ အခုဟာက ကောင်းမွန်တဲ့ စနစ်တခုကို Democratization သွားနေပါပြီ။ ဒီ Democratization ကို ကျနော်တို့တွေက မှန်ကန်တဲ့ လမ်းကြောင်းကို ရောက်ရှိအောင် အားလုံးက ၀ိုင်းဝန်းပြီးတော့ တွန်းအားပေးဆောင်ရွက်ဖို့လိုနေ ပါပြီ” ဟု ဦးဇော်အေးမောင်က ပြောသည်။
RNDP မှ ဒု ဥက္ကဋ္ဌ ဦးတင်ဝင်းက ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတများစွာ ပိုင်ဆိုင်ထားသော်လည်း မြန်မာနိုင်ငံတွင် ချင်းပြည်နယ်ပြီးလျှင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တခုဖြစ်နေကြောင်း၊ ရခိုင်ကမ်းလွန်မှ ထွက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့မှ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံချီ ၀င်ငွေရရှိသော်လည်း ပြည်နယ်ဖွံ့ဖြိုးရေး မဆောင်ရွက်ပေးကြောင်း၊ အထူးသဖြင့် လျှပ်စစ်မီးရရှိရေးအတွက် လွှတ်တော်တွင် အဆိုများတင်သွင်း ခဲ့သော်လည်း အစိုးရ၀န်ကြီးများက ပြည်နယ်အတွင်း ရေအားလျှပ်စစ် စီမံကိန်းများပြီးမှသာ မီးရရှိရေး ဖြစ်နိုင်မည်ဟု ပြောဆိုကြောင်း၊ ရေအားလျှပ်စစ် စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စစ်တမ်းများ ပြုလုပ်ရသည့်အပြင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည့်အတွက် ယင်းစီမံကိန်းများကို အယုံအကြည် မရှိကြောင်း ပြောဆိုသည်။
ထို့အပြင် ရခိုင်ပြည်နယ်တခုလုံး မီးလင်းနိုင်ရေးအတွက် ရွှေသဘာဝဓာတ်ငွေ့သုံး ၁၅၃.၃ မီဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သော ကျောက်ဖြူ ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရန် တောင်းဆိုကြောင်း၊ ယင်းစက်ရုံအတွက် ကုန်ကျစရိတ်၊ ဓာတ်အားလိုင်းများ သွယ်တန်းခစရိတ် အပါအ၀င် စုစုပေါင်းခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၂၁၀ ကုန်ကျမည်ဖြစ်ကြောင်း၊ ရခိုင်တပြည်နယ်လုံး မီးလင်းအောင် ပြည်ထောင်စုအသီးသီးရှိ အဖွဲ့အစည်းများအားလုံး စုစည်းညီညွတ်စွာ ပူးပေါင်းတောင်းဆိုပေးကြလိုကြောင်း ဦးတင်ဝင်းက ဆက်လက်ပြောသည်။
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းသည် ရခိုင်ပြည်နယ် ကမ်းလွန်လုပ်ကွက် A1 နှင့် A3 မှထွက်ရှိသော ဓာတ်ငွေ့ဖြစ်ပြီး လေ့လာချက်များအရ သဘာဝဓာတ်ငွေ့ ခိုအောင်းမှုပမာဏ စုစုပေါင်း ၅ ထရီလီယံကုဗပေမှ ၉ ထရီလီယံကုဗပေ ရှိကြောင်း၊ ယင်းစီမံကိန်းတွင် တရုတ်နိုင်ငံ CNPC ကုမ္ပဏီ၊ တောင်ကိုရီးယား Daewoo International, အိန္ဒိယ Oil & Natural Gas Corp ကုမ္ပဏီ၊ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ တောင်ကိုရီးယား Korean Gas Corporation, အိန္ဒိယ Gas Authority of India Limited တို့က ရင်းနှီးမြုပ်နှံထားကြောင်း၊ ၂၀၁၃ ခုနှစ် မေလမှ စတင်ကာ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကွေ့ကျိုးနှင့် ကွမ်းရှီး ပြည်နယ်များအထိ သွယ်တန်းထားသော ပိုက်လိုင်းများမှတဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပုံမှန်ရောင်းချသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
ရခိုင်သယံဇာတ ရွှေသဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ရခိုင်ပြည်နယ်တခုလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေး စာတမ်းကို RNDP ဒု ဥက္ကဋ္ဌ ဦးတင်ဝင်းက ဖတ်ကြားပြီး ပရိသတ် ၃၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။
ရဲဘော် ဗိုလ် မင်းသာထွန်း သီဆုံးလားခြင်းအပေါ် NUPA မှ မှတ်တမ်းတင်အပ်ပါခြင်း။
ရဲဘော် ဗိုလ် မင်းသာထွန်း သီဆုံးလားခြင်းအပေါ် NUPA မှ မှတ်တမ်းတင်အပ်ပါခြင်း။
                                                                                                ရက်စွဲ - ဖေဖေါ်ဝါရီ (၂၆)ရက်၊ ၂၀၁၂။
ရဲဘော် ဗိုလ် မင်းသာထွန်းသည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများ၏ အဖိနှိပ်ခံ ကျွန်ဘ၀နှင့် မြန်မာပြည်သူများ စစ်ကျွန်ဘ၀မှ လွတ်မြောက်ရန် ကြိုးစားတိုက်ပွဲဝင်ရင်း ရုတ်တရက် သီဆုံးလားရသည့်အတွက် ရဲဘော်၏ မိခင်ပါတီဖြစ်သည့် / မိမိတို့ ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ (NUPA)မှ အထူးဝမ်းနည်းစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။ 
ရဲဘော် ဗိုလ် မင်းသာထွန်းမှာ အိန္ဒိယစစ်တပ် အရာရှိများ၏ ကတိမမှန်၊ သစ္စာဖေါက်ဖျက်မှုကြောင့် အိန္ဒိယ အကျဉ်းထောင် အတွင်း၌ အခက်အခဲပေါင်းမြောက်များစွာဖြင့် (၁၃)နှစ်ကြာ အကျဉ်းသားဘ၀မှ လွတ်မြောက်လာခဲ့သည့် မကြာခင်မှာပင် သီဆုံးလားခြင်းဖြစ်သောကြောင့် ပိုမိုပြီး ယူကြုံးမရ ဖြစ်ရပါသည်။
မိမိတို့ ရဲဘော်များ၏ လွတ်မြောက်လာခြင်းအပေါ်တွင် ယုံကြည်အားကိုးမှုများစွာဖြင့် ရှေ့အမျိုးသားနိုင်ငံရေး လမ်းကြောင်းကို ပိုမိုလှုပ်ရှားနိုင်ရန် ရည်ရွယ်ထားသည့်ကြားမှ ပြောင်မြောက်သော ရဲဘော် ဗိုလ် မင်းသာထွန်း သီဆုံးလားခြင်းသည် ရခိုင် အမျိုးသားတော်လှန်ရေးအတွက် မဟာရှုံးဆုံးမှုတခုအဖြစ် ခံယူပေသည်။
ရဲဘော် ဗိုလ် မင်းသာထွန်း သီဆုံးလားချိန်မှာ အသက်(၃၇)နှစ်သာ ရှိပြီး သူ့၏ လူငယ်ဘ၀တခုလုံးကို ရခိုင်ပြည်နှင့် ရခိုင် လူမျိုးအပေါ်ပုံအပ်ကာ အမျိုးသားလွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံ တော်လှန်တိုက်ပွဲဝင်ခဲ့သူဖြစ်သည့် စံပြလူငယ် သူရဲကောင်းတဦး အဖြစ်ပါ ထပ်မံ မှတ်တမ်းတင် အပ်ပေသည်။
ထို့ကြောင်း မိမိတို့ပါတီမှ ရဲဘော် ဗိုလ် မင်းသာထွန်း ရုတ်တရက် ကွယ်လွန်လားခြင်းအပေါ် အတိုင်းအဆမရှိ ရှုံးဆုံးမှုတခုအဖြစ် ခံယူပြီး၊ မှတ်တမ်းတင်ရင်း သူ၏မိသားစုနှင့် လုပ်ဘော်ကိုင်ဘက်များနှင့်ထပ်တူ ၀မ်းနည်းမိပါကြောင်း NUPAမှ မှတ်တမ်းတင်အပ်ပါသည်။
တော်လှန်ရေးသစ္စာဖြင့် -
မောင်အေးချမ်း (ခ) ခိုင်သိန်းနိုင်
စည်းရုံးရေးနှင့် ပြန်ကြားရေးဋ္ဌာန
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)
ရခိုင်ပြည်။
ဆက်သွယ်ရန် - +88 018150 64 375
Thursday, February 23, 2012
မတ်လ (၁) ရက် နိန့် ရွှေဂက်(စ်) စီမံကိန်း နှင့် ပိုက်လိုင်းဆန့် ကျင်ရေး တကမ္ဘာလုံးဆန္ဒပြတောင်းဆိုမှုအတွက် ပူပေါင်းပါဝင်ရန် နိုးဆော်စာ
သို့ 
လေးစားအပ်ပါသော ခေါင်းဆောင်များ နှင့် မိတ် ဆွေများ
ရွှေသဘာဝဓါတ်ငွေလှုပ် ရှား မှု အနိန် နှင့် လာ ဖို့ မတ် လ (၁)ရက် နိန့်  ခါ ၊အရှ ၊ဥရောပ၊ တောင်အာဖရိက ၊မြောက် အမေရိက နှင် သြစတေးလျ စရေ တကမ္ဘာလုံး အတိုင်း တာ နှင့်ဒေ ရွေဂက်(စ်) စီမံကိန်းကို ကန့် ကွက် ဆန္ဒပြတောင်းဆိုလား ဖို့ ဖြစ် ပါရေ။ ဆန္ဒပြ လှုပ် ရှား မှုတိ နှင့် လိုအပ်တေလက် ကမ်း စာစောင် တိကို တော့ ကေ www.shwe.org မှာဝင်ကြည့်လို့ ရ ပါရေ။ မြန်မာပိုင် ဘာသာပြန် ထား ရေ စာစောင်တိကိုလေ့ မကြာ မီအချိန် အတွင်းမှာ ထပ် လို့ ပို့ ပီးလား ပါမယ်၊ ယင်းအတွက် နှင့် မလေး ရှား နိုင်ငံမှာ ရှိရေ မျိုးချစ် ရခိုင် တိ အနိန် နှင့် တက်တက်ကြွကြွပူပေါင်း ပါ ၀င်ကတ် ဖို့ အတွက်တိုက် တွန်း နိုး ဆော်လိုက် ရ ပါရေ၊
စည်းလုံး ညီညွတ်မှုများစွာဖြင့်
ရွှေဂက်(စ်)ကန်ပိန်း အဖွဲ့ 
Dear Leaders and friends ,
As an important ally of the Shwe Gas Movement, we would like request that your organization endorse a joint-letter to President Thein Sein demanding that the Shwe Gas and Trans-Burma Pipelines Project be postponed. The jointly endorsed letter will be submitted to the President on 1st March 2012 as part of the Global Day of Action against the Shwe Project.
Please let us know if your organization is willing to endorse the joint-letter.
In addition to the letter, Shwe Gas Movement’s allies around the world will organize a range of solidarity actions in their respective locations. The solidarity actions for the 1st March Global Day of Action will include:
  • Peaceful protests at local Burmese, Chinese, South Korean or Indian embassies demanding the Shwe Gas Project be postponed
  • Delivery of letters to Burma’s President Thein Sein (through local Burmese embassies) demanding the Shwe Gas Project be postponed
  • Media outreach to encourage wide-spread media coverage of the community concerns about the impacts Shwe Gas Project and the Global Day of Action
I have attached a sample letter to President Thein Sein. Additional advocacy materials can be downloaded at the Shwe Gas Movement website at http://www.shwe.org/global-day-of-action/global-day-of-action-against-the-shwe-gas-and-china-burma-pipelines-project/. Photographs, cartoons and graphics are also available on the website.
Looking forward to hearing from you soon.
In solidarity,
Wong Aung
International Coordinator
Shwe Gas Movement
Email:global@shwe.org
Mobile: +66 857133344
Fwd: မတ်လ ၁၄ ရက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှု ..
Inbox
Kyi Lwin kyi.ksmith@gmail.com
3:16 PM (19 hours ago)
to ဇေ, alfaromeo.rome., chit, Min, me, jyawsar, mitmit.ns, lwinmaungthan, Aung, maykhat2, kkmm, achitshonelay, winkhinmaung45, mahhyu, sonyboy.mm, peternaywin, oasischitthu13., kispa, eiei, seinleihtwe, makerboy1995, yta471, Kyi, haazaw, ayethidarsaw13
ကိုသူရအေးရေ
အများသိအောင် လက်ဆင့်ကမ်းလိုက်ပြီနော်။
အစ်မကြည်ကြည်လွင်
---------- Forwarded message ----------
From: Aung Thura Aye <ayeyarwady.thuraaye@gmail.com>
Date: 2012/2/23
Subject: မတ်လ ၁၄ ရက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှု ..
To: Kyi Lwin <kyi.ksmith@gmail.com>
အမြီးနှုတ် ခေါင်းနှုတ်နဲ့ မြန်မာနိုင်ငံ ပါ။  မြေပုံကြည့်လိုက်ရင် ကြက်ခြံထဲ ချထားတဲ့ ဘိန်းမုန့် လို  ပဲ့ရွဲ့ထွက်နေသလိုပဲ .... မတ် ၁၄ ရက်ကတော့ အတော်နီးနေပြီ။ ဒီကိစ္စ ပြည်သူတွေ ဘက်က ဘာလုပ်ပေးနိုင်မလဲ ? ဘာလုပ်သင့်သလဲ ?
On Thu, Feb 23, 2012 at 10:28 AM, lwin u <lwinu55@gmail.com> wrote:
This item is also important as "Ayerarwaddy" event.
Please take serious as thuraaye said.
On 2/23/12, Aung Thura Aye <ayeyarwady.thuraaye@gmail.com> wrote:
> တိုင်းပြည်ကိုချစ်မြတ်နိုးသူတိုင်း သတိထားသင့်တဲ့ မတ်လ ၁၄ ရက်
> မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှု
>
>    - Posted by Ghost <http://forverfriends.ning.com/profile/Ardi> on
>    ဖေဖော်ဝါရီ 22, 2012 at 1:46pm
>    - <http://forverfriends.ning.com/profiles/blog/list?user=00svylfl1qv6n>
>
>   တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့သူတိုင်း သိသင့်သိထိုက်တဲ့သတင်းတစ်ပုဒ်ပါ
> တစ်ချိန်ချိန်မှာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ရေပိုင်နက်အငြင်းပွားမှုတိုင်းကိ
> ကျင့်ထုံးတစ်ခုအနေနဲ့ စံပြုရမယ့် မြန်မာ-ဘင်္ဂလားဒေ့ရှ်
> ရေပိုင်နက်အငြင်းပွားမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို
> နိုင်ငံတကာရေပိုင်နက်အငြင်းပွားမှု
> ဖြေရှင်းရေးခုံရုံးက ချမှတ်တော့မှာဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ အချိန်မှာ
> ကျွန်တော်တို့တွေ ဘာတွေပြင်ဆင်ပြီးပြီလဲ။ ဘာလုပ်ဖို့လိုလဲ၊ ဘာလုပ်ကြမှာလဲ။
> တကယ်တမ်းပြောရရင် နည်းနည်းနောက်တောင်ကျနေပါပြီ။ သူများတွေ စေလိုရာစေ၊
> လုပ်ခိုင်းသမျှ ငြိမ်ခံပြီး တိုင်းပြည်ရဲ့ရေပိုင်နက်ကို အပါခံမလား။
> တမျိုးသားလုံး စည်းလုံးညီညွတ်စွာနဲ့ တောင်းဆိုကြမလား၊ ငါတို့တွေ
> ဘာလုပ်ကြမှာလဲ။ အစိုးရနဲ့ အတိုက်အခံဆိုပြီး ခွဲခြား ပြစ်တင်နေဦးမှာလား။
> နည်းလမ်းပေါင်းစုံရှာပြီး ကိုယ့်မြေကိုယ့်ရေကို တစ်လက်မမျှအပါမခံရလေအောင်
> နည်းပေါင်းစုံနဲ့ ကာကွယ်ရတော့မယ့် အချိန်ပါ။ အစိုးရနဲ့ အတိုက်အခံ
> တို့စည်းလုံးညီညွတ်စွာနဲ့ ပြည်သူပြည်သားတွေကို ဦးဆောင်မှုပြုရတော့မှာပါ။
> ရှင်းရှင်းပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အရွေးမခံရတာက နောက်
> ၄နှစ်စောင့်ရင် အမတ်ဖြစ်နိုင်ပါသေးတယ်။ အကယ်၍ ကိုယ့်ရေပိုင်နက် တစ်လက်မမျှ
> ပါသွားပြီဆိုရင် နောက်တစ်သက်လုံး ပြန်ရနိုင်မည်မဟုတ်ပါ။
>
>
> ............................................................
> .......................................................................
> <https://www.facebook.com/photo.php?fbid=278741882199074&set=a.147929775280286.36841.100001897947312&type=1&ref=nf>
> ကဲ ဒီမှာကြည့် ဘင်္ဂလားက တောင်းတဲ့ ရေပိုင်နက်နော်..... ရခိုင်ပြည်နယ်
> ကမ်းရိုးတန်း တစ်ဝက်မကဘူး ခပ်တည်တည်နဲ့ တင်တောင်းထားတယ်ဗျာ..... ငယ်ငယ်တုန်းက
> ပထ၀ီဝင်ထဲမှာပါတဲ့ ရခိုင်ပြည်နယ်ထဲက ကျွန်းတစ်ခုကိုပါ သူတို့ပိုင်နက်ထဲ
> ဆွဲထည့်သေးတယ်...... လိုအပ်လို့ စစ်ဖြစ်လာရင် မြန်မာပြည်ကို ဆော်ဖို့၊
> နှက်ဖို့ဆိုပီး လွန်ခဲ့တဲ့ နှစ်တွေထဲက ပါကစ္စတန်ရဲ့ စစ်ရေး ဖိုရမ်တွေမှာ
> မြန်မာပြည် လက်နက်ဝယ်တာတွေ၊ စစ်ရေးအခြေအနေတွေ၊ တပ်အပြောင်းအရွှေ့တွေကို
> ဒီကောင်တွေ ဆွေးနွေးနေကြတယ် .... ကျွန်တော်တို့ စီမှာတော့ အချင်းချင်း
> လှည့်ပါတ် ဆော်ဖို့ပဲ စဉ်းစားနေကြတယ်.... မြန်မာပြည်ထဲမှာ အပ်ပျောက်၊
> ဖိနပ်ပျောက်ကအစ အတိအကျ သိကြတဲ့လူတွေ ဒါမျိုးတွေမှာ အသံမထွက်ကြဘူး....
>
> ဘင်္ဂလားက ရေပိုင်နက် နယ်နိမိတ်ကို လူဦးရေနဲ့ အချိုးချ ယူမယ်တဲ့.... အဲ့ဒါတော့
> လုံးဝ လက်မခံဘူး... လူများစု ဆန္ဒကို လူနည်းစု လက်ခံရမယ်ဆိုတာ ဒီလို လူဦးရေဗုံး
> ပေါက်ကွဲနေတဲ့ နိုင်ငံနဲ့ ဖြစ်တဲ့ကိစ္စမှာ လိုက်နာစရာ မလိုဘူးလို့
> ခပ်ပြတ်ပြတ်ပဲ မြင်တယ်....... သယံဇာတတွေ ထွက်လာတော့မှ လောဘတက်နေလိုက်တာ.....
> သူ့နိုင်ငံနဲ့သူ ပိုင်ကြတဲ့ဟာကို ဘာမှ လူဦးရေနဲ့ အချိုးချ မပေးနိုင်ဘူး....
> မကျေနပ်ရင် ကိုယ့်နိုင်ငံကိုယ် အ၀ီစိ ရောက်တဲ့အထိ တူးပေါ့ ရှင်းရှင်းလေး....
>
> မျိုးချစ်စိတ် အပြင်းအထန် အသေအလဲ ရှိကြပါတယ်ဆိုတဲ့၊ ဒီမိုကရေစီကို အသွေးထဲ
> အသားထဲက မြတ်နိုးကြပါတယ် ဆိုကြသူများခင်ဗျာ... ဒါသည် ခေတ်သစ်
> နယ်ချဲ့ခြင်းဖြစ်ပါတယ် ခင်ဗျား........
>
> From Facebook: မင်းကြီး မဟာ ဒဿဂီရိ
> <https://www.facebook.com/profile.php?id=100001897947312>
>
> <https://www.facebook.com/profile.php?id=100001897947312>
>
ထဟဲ့မြန်မာ…
ထဟဲ့မြန်မာ…
အိုမြန်မာတို့…
ဟိုငေး ဒီငေး…
တွေးမနေနဲ့…
ဒီကနေ့ ဒို့တိုင်းပြည်ထဲ…
ခြေမဲတွေ ကဲချင်ကြတယ်…
ပွဲမ၀င်ခင်က ကျင်း…
ဒို့ရှင်းထားမှ ဖြစ်မယ်…
ဒို့ခင်းထားတဲ့လမ်း…
ဒို့တွေဘဲ စံမြန်းမယ်…
ဒို့နန်းက ကျောက်တစ်လုံး…
ဘယ်ကောင်လာ သုံးရဲလို့…
ဗုံးကျဲလို့ထည့်လိုက်မယ်…
ဒို့မြေကို လာမထိနဲ့…
တစေ့တောင် မရဘူးမှတ်…
ဒို့ခြေဖျားရပ်တဲ့ ကျွန်း…
ဒို့ဘ၀နဲ့ ထွန်းလင်းမယ်…
ဒို့ရေပြင် ဒို့ဘောင်ခတ်…
ဒို့ဘ၀နဲ့ ဒို့မြတ်မယ်…
ဒို့မြေပေါ် သယံဇာတ…
ဒို့ဝေမျှ သုံးစွဲမယ်…
ဒို့မြေက ထွက်တဲ့သစ်…
ဒို့အသက်လောက် ဒို့ချစ်တယ်…
ဒို့ရေက ထွက်တဲ့ငါး…
ဒို့အသွေးအသားတွေ စားသုံးမယ်…
ပြားသုံးဆယ်မှ မတန်တဲ့ ကုလားက…
ဒို့ကိုများ မာန်လာထားလို့…
ပြန်သာသွားရမယ်မှတ်…
မင်းတို့တွေ အကြောင်းမနပ်ရင်…
ခေါင်းပြတ်ပြီး ပြန်ရစေ့မယ်…။    ။
ဖိုးအောင် (နည်းပညာ)
မန်မာ - ဘင်္ဂလား ရေပိုင်နက်အမှုကို ITLOS မှာ တင်ပြီး တဘက်နဲ့တဘက် အပြိုင်အဆိုင် ဖြစ်နေတာကိုလည်း ပြည်သူလူထု သိအောင် တင်ပြပေးစေချင်ပါတယ်။ ဒီအမှုဟာ တရားဝင် ဖြစ်နေတာလည်း ဖြစ်ပါတယ်။ နတ်မြစ်ဝမှာ ရှိတဲ့ ရှင်မဖြူကျွန်း ST. Mirtin island ကို ဘင်္ဂလားက ပိုင်တဲ့အတွက် ရေပြင်နယ်နမိတ်ခွဲတဲ့အခါ ဒီဂရီအလိုက် မျဉ်းတွေဆွဲတော့ ဘယ်လို အားသာသွားတယ်။ အားနည်းသွားတယ်ဆိုတာကို ပြည်သူတွေကို သိစေချင်ပါတယ်။ ဒီအမှုကနေ သင်ခန်းစာအဖြစ် ကျွန်းတစ်ကျွန်း၊ ကုန်းမြေတစ်ခု၊ တောင်တစ်တောင် ပိုင်ဆိုင်တာဟာ နောင်အရေးပါတဲ့ သယံဇာတနယ်ကို ခွဲခြားတဲ့အခါ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိသိသာသာ မြင်နိုင်ပါတယ်။ ကိုယ့်မြေတစ်လက်မ မဆို အရေးကြီးတယ်ဆိုတာ စကားအဖြစ် မဟုတ်ဘဲ ဘယ်လို အရေးကြီးတယ်ဆိုတာ တင်ပြပေးစေလိုပါတယ်။ ဒီအမှုဟာ ရှေ့လ မတ်လမှာ ဆုံးဖြတ်ချက်ချမယ်လို့ သိရပါတယ်။ ရလဒ်သိမှ ပြည်သူတွေ သိတာထက်စာရင် ရလဒ်မသိခင်ကတည်းက နောက်ခံအခြေအနေကို တစ်တိုင်းပြည်လုံး သိဖို့လိုအပ်ပါသည်။ ဒီအမှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း၊ အစီရင်ခံစာ၊ အခြေအနေ၊ ဓါတ်ပုံတွေကို ITLOS website မှာ မည်သူမဆို အခမဲ့ လေ့လာနိုင်ပါတယ်။ အမှုနံပတ်က ၁၆ ပါ။ Dispute concerning delimitation of the maritime boundary between Bangladesh and Myanmar in the Bay of Bengal (Bangladesh/Myanmar)
Wednesday, February 15, 2012
မြန်မာ့အလုပ်သမားထု လွတ်မြောက်ရန်အခွင့်အလမ်း
မြန်မာ့အလုပ်သမားထု လွတ်မြောက်ရန်အခွင့်အလမ်း
(သို့ မဟုတ်)
လွတ်လပ်သည့် အလုပ်သမားသမဂ္ဂများပေါ်ထွန်းချိန်
အမှတ် (၂)
            မြန်မာနိုင်ငံမှာ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရက အလုပ်သမားဥပဒေသစ်တရပ်ကို ပြဌာန်းလိုက်ပြီး တပြိုင်နက် ထဲမှာပဲ ၁၉၂၆ အလုပ်သမားသမဂ္ဂ ဥပဒေကို ဖျက်သိမ်းကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့ စွဲနဲ့  ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည် (ပုံ) သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုပြီး မြန်မာ့အလင်းသတင်းစာမှာ ထုတ်ပြန်အတည်ပြု ပြဌာန်းကြေညာခဲ့ပါတယ်။ ထို ဥပဒေပါအရ အလုပ်သမားအဖွဲ့ အစည်းများဖွဲ့ စည်းခွင့်ကို တရားဝင်မှတ်ပုံတင်ခြင်းနှင့်အတူ ဖွဲ့ စည်းခွင့်ပြုလိုက်တာဟာ လွန်ခဲ့တဲ့ အနှစ် (၅၀) ကျော်က ပျောက်ဆုံးမှိတ်သုန်နေတဲ့ အခြေအနေတစ်ရပ်ပြန်လည်ဖြစ်ထွန်းလာတာဖြစ်ပါတယ်။
သို့ သော်လည်း သမဂ္ဂများဖွဲ့ စည်းပြီး တရားဝင်မှတ်ပုံ တင်ခဲ့ကြသော်လည်း သက်ဆိုင်ရာက မှတ်ပုံတင်အရာရှိမခန့် အပ်ရ သေးကြောင်း အတည်ပြုချက် ပြဌာန်းချက်တွေ အတည်မဖြစ်သေးကြောင်း စတဲ့ အကြောင်း ပြချက်တွေနဲ့  မှတ်ပုံတင်ခွင့် ကို ခွင့်မပြုသေးတဲ့ ကိစ္စက တဆက်တည်းဆိုသလို ဖြစ်ပေါ်လာဟာ အုပ်ချုပ်ရေး ယန္တယားမှာပါဝင်တဲ့သူတွေ ရဲ့ လှည့် ကွက်လားကစားကွက်လားဆိုတာ ကတော့ ရှင်းလင်းတဲ့အဖြေတခုဖြစ်ပါတယ်။
မည်သို့ ဖြစ်စေကာမူ အခုလို ဖြစ်ပွားမှုအပေါ်မှာ စိတ်ပျက်အားလျှော့ခြင်း၊ အပြစ်တင်ထောက်ပြဝေဖန်ရှုံ့ ချနေခြင်း နဲ့  မှတ်ပုံတင်တာမှတ်ပုံတင်ခွင့်မပြုဘူး ခွင့်ပြုမှလုပ်မယ်ဆိုတဲ့ အတွေးအခေါ် အယူအဆတွေနဲ့  တွေဝေ နေမဲ့အစား မိမိတို့  အလုပ်သမားထု တောင်သူလယ်သမားထုကြီးက  ကိုယ်လုပ်စရာရှိတဲ့ လုပ်ငန်းစဉ်များ ကို ဆက်လက် အကောင် အထည် ဖေါ်ဆောင်နေရန်လိုအပ်ပါတယ်။
နိုင်ငံတကာစံနဲ့ လွတ်လပ်တဲ့အရသာ -
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ အာဏာရှင် စစ်အုပ်စု အပါအ၀င် ခေတ်အဆက်ဆက် ဗိုလ်နေ၀င်း လက်ထက် ကစပြီး  မည်သည့် အစိုးရ၀န်ထန်း လုပ်သားပြည်သူ လူတန်းစားအလွှာအသီးသီး အားလုံးဟာ စစ်မှန်တဲ့ တရား ဥပဒေဘောင်အတွင်းကနေ လွတ်လပ်တဲ့အရသာကို မည်သူကမှ အခုအချိန်အထိ နှစ်ပေါင်းများစွာ မခံစား ခဲ့ကြရဖူးပါဘူး။ အဲဒီလိုပဲ အုပ်ချုပ်သူ လူတန်းစားတွေဟာလည်း မည်သည့် အခါကမျှ အပြည်ပြည်ဆိုင်ရာစံနူန်းနဲ့  ညီတဲ့လွတ်လပ်တဲ့ တရားဥပဒေကို ထုတ်ပြန်ပြဌာန်းခဲ့ခြင်းမရှိခဲ့ဖူးပါ။ ဒါ့ကြောင့် အခုလက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရကိုယ်တိုင်လည်း လွတ်လပ်ပြီးမျှတတဲ့တရားဥပဒေရဲ့ အရသာကို သူတို့  ကိုယ်တိုင် မလုပ်ကိုင်ဖူး မခံစားဖူးသေး တဲ့ သူ တွေ ဖြစ်တာနဲ့  အတူ  စိုးရိမ်စိတ်တွေနဲ့  ဥပဒေတွေကို စမ်းသတ်ထုတ်ပြန်ပြဌာန်းပြီး လွတ်တော်မှာ အတည်ပြုချက်တွေလုပ် နေတာကို သတိထား နားလည်ထား ရမှာဖြစ် ပါတယ်။
အခုမှတ်ပုံတင်ခွင့် မပြုသေးဖူးဆိုပေမဲ့ ထုတ်ပြန်တဲ့ ဥပေဒပြဌာန်းချက်အညီ အလုပ်သမားသမဂ္ဂတွေကို တရားဝင်စတင်ဖွဲ့  စည်းနေနိုင်ပြီး မိမိတို့  အင်အားကြီးမားသည်ထက်ကြီးမားလာအောင်တည်ဆောက်နေရမှာဖြစ်ပါတယ်။ ဖွဲ့ စည်းခွင့်ပြုထား ပြီး ဖွဲ့ စည်းထားတဲ့သမဂ္ဂကို တရားဝင်မှတ်ပုံတင်ခွင့်ရလာတဲ့အခါမှ တရားဥပဒေဘောင်အတွင်းက ပြည့်ဝပြီး လွတ်လပ် တဲ့ အခြေခံအလုပ်သမားအခွင့်အရေးတွေ၊ အလုပ်သမားဥပဒေတွေကို  ဆက်လက်တင်ပြတောင်းဆိုသွား နိုင်မှာဖြစ်ပါတယ်။ အခုချိန်အခါကတော့ အစပျိုးတဲ့အချိန်ကာလလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ နိုင်ငံတကာစံနဲ့  စစ်မှန် တဲ့ ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး လွတ်လပ်တဲ့ အရသာကို ကိုယ်တိုင်ခံစားကျင့်သုံးတတ်ဖို့  အချိန်တန်ပြီဖြစ်ပါတယ်။
တချိန်တခါကအလုပ်သမားအခွင့်အရေး --
မြန်မာ့အလုပ်သမားထုကြီးမှာ တရားဥပဒေနဲ့  အညီ ပြည့်ဝပြီးလွတ်လပ်တဲ့ အခြေခံအလုပ်သမားအခွင့်အရေး တွေရှိခဲ့တဲ့အချိန် ကာလကိုညွန်းပြရမယ် ဖေါ်ပြရမယ် ဆိုရင်တော့ မြန်မာ့သမိုင်းမှာ အရေးကြီးလှတဲ့ မြန်မာနိုင်ငံတော်ရဲ့  ပထမဦးဆုံးသောဖွဲ့ စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ စတင်ရေးဆွဲခဲ့တဲ့ သမိုင်းဖြစ်စဉ် အကျဉ်း ကိုဖေါ်ပြလိုပါတယ်။ 
မြန်မာနိုင်ငံရဲ့  အနာဂတ်အုပ်ချုပ်ရေးအတွက် ၁၉၄၇ ခုနှစ် ဧပြီလ ၇ ရက်နေ့ မှာ တိုင်းပြည်ပြုလွတ်တော် ရွေးကောက်ပွဲကို ကျင်းပပြီးစီးခဲ့ ပြီး တိုင်းပြည်ပြုလွတ်တော်ရဲ့  ပထမဆုံးညီလာခံကို ၁၉၄၇ ခုနှစ် ဇွန်လ (၉) ရက်နေ့ မှာ စတင်ကျင်းပခဲ့ပါတယ်။ ထိုစဉ်က ဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ သခင်မြက လွတ်တော်၏သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး ဇွန်လ (၁၁) ရက်နေ့ မှာ ဦးနုအား လွတ်တော်ဥက္ကဌအဖြစ် လွတ်တော်အမတ်များအားလုံးက ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဇွန်လ (၁၆) ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းမှ အချက် (၇) ချက်ပါတဲ့ လမ်းညွန်ပြဌာန်းချက် အဆိုတစ်ရပ်ကို လွတ်တော်မှာ တင်သွင်းပြီး မိန့် ခွန်းစကားပြောခဲ့ပါတယ်။ အဲဒီ အချက် (၇) ချက်ဟာ လွတ်တော်က လက်ခံအတည်ပြုမဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့  အခြေခံအုတ်မြစ် ဖြစ်ခဲ့ပါတယ်။ ထိုအချက်များဟာ ၁၉၄၇ ခုနှစ် မေလ (၂၃) ရက်နေ့ မှာ ဂျူဗလီဟောမှာ ကျင်းပခဲ့တဲ့ ဖဆပလ ညီလာခံကြီးကတညီတညွတ်တည်း ချမှတ်လိုက်တဲ့ အဆိုများဖြစ်ပြီး တိုင်းပြည်ပြုလွတ်တော်အားတင်ပြခဲ့ခြင်းဖြစ်ပါတယ်။
ထိုအဆိုပြုချက်များအရ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းကိုရေးဆွဲရန် အမတ် (၇၅) ဦး ပါဝင်တဲ့ အခြေခံ ဥပဒေရေးဆွဲရေးကော်မတီတစ်ရပ်ကိုဖွဲ့ စည်းခဲ့ပြီး ပထမညီလာခံကို ဇူလိုင် (၁၈) ရက်နေ့ မှာရုတ်သိမ်းခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံတော်ရဲ့ ကံကြမ္မာကို အတိမ်းစောင်းဖြစ်စေခဲ့တဲ့ ဇူလိုင်လ (၁၉) ရက် နေ့ မှာ နိုင်ငံတော်လုပ်ကြံ မှုကြီးဖြစ်ခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ကြရပါတယ်။
၁၉၄၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ မှာ လွတ်တော်တတိယညီလာခံကို စတင်ကျင်းပခဲ့ပြီး စက်တင်ဘာလ (၂၄) ရက်နေ့ မှာပဲ လွတ်တော်မှ ရေးဆွဲတင်ပြကြတဲ့ အခြေခံဥပေဒကိုအတည်ပြုခဲ့ကြပါတယ်။ တတိယအကြိမ် (နောက်ဆုံး) ညီလာခံကို စက်တင်ဘာလ (၂၄) ရက်နေ့ မှာ အပြီးသတ်ကျင်းပနိုင်ခဲ့ပြီး  မြန်မာနိုင်ငံရဲ့  နိုင်ငံတော်ဖွဲ့ စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကြီးကို အပြီးသတ်ရေးဆွဲ အတည်ပြုနိုင်ခဲ့ကြပါတယ်။
နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပေဒကို တိုင်းပြုပြည်ပြုလွတ်တော်က အကြိမ်ပေါင်းများစွာဆွေးနွေးပြီး အတည်ပြုလိုက်တဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်တာနှင့်အညီ ဒီမိုကရေစီကိုလိုက်နာကျင့်သုံးစေတဲ့ အခြေခံဥပဒေ တစ်ရပ်ဖြစ်ခဲ့ပါတယ်။ အခြေခံဥပေဒထဲမှာ ဒီမိုကရေစီမူလအခြေခံအခွင့်အရေးတွေဖြစ်တဲ့ လူတိုင်းသည် ဇာတိမရွေး ကိုးကွယ်ရာဘာသာမရွေး၊ ယောင်္ကျား/ မိန်းမ မရွေး၊ လူမျိုးမရွေး နိုင်ငံတော်တရားဥပဒေတွင် အညီအမျှသာဖြစ်သည် ဟု ပြဌာန်းထားခဲ့ပါတယ်။ တရားဥပဒေနှင့် လည်းကောင်း ငြိမ်ဝပ်ပိပြားရေးနှင့်လည်းကောင်း ပြည်သူ့ ကိုယ်ကျင့်တရားနှင့် မဆန့် ကျင်လျှင် နိုင်ငံသားများသည် (က) လွတ်လပ်စွာပြောဆိုပိုင်ခွင့် (ခ) လွတ်လပ်စွာအသင်းအပင်းဖွဲ့ စည်းနိုင်ခွင့်    (ဂ) လွတ်လပ်စွာစုဝေးစည်းရုံးနိုင်ခွင့် (ဃ) လွတ်လပ်စွာနေထိုင် လုပ်ကိုင်စီးပွားရှာနိုင်ခွင့် (င) လွတ်လပ်စွာဆက်ဆံနိုင်ခွင့် တို့ ကို ရနိုင်မည်ဟုဆိုထားပါတယ်။ ထို့ နောက် ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေး၊ ရာဇ၀တ်မှု စသည်တို့  ကိုလည်း ဖေါ်ပြထားပါတယ်။
ထို့ အတူ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲတွင် တောင်သူလယ်သမားများနှင့် အလုပ်သမားများအတွက် နိုင်ငံတော်၏တာဝန်ဝတ္တရားများကို အတိအကျသတ်မှတ်ပြဌာန်းထား ခဲ့တာကို တွေ့ ရပါတယ်။  နိုင်ငံတော်အနေနဲ့  ဘာတွေလုပ်ပေးခဲ့သလဲ -- အလုပ်သမားများအချင်းချင်းဆက်နွယ်ဖွဲ့ စည်းနိုင်ကြစေရန်အတွက် နိုင်ငံတော်မှ တတ်စွမ်း သရွေ့ ကူညီမယ်လို့ ကြေငြာခဲ့ခြင်း။ ဒါ့အပြင် အလုပ်သမားများကိုစည်းရုံးရန်ကူညီခြင်း၊ အလုပ်လုပ်ရန်အချိန်နာရီကိုကန့်  သတ်ပေးခြင်း၊ နှစ်စဉ်အားလပ်ရက်များရရှိနိုင်ရန်စီမံပေးခြင်း၊ အလုပ်ရုံအခြေအနေကို ကောင်းမွန်လာအောင်ပြင်ဆင်ပေး ခြင်း၊ စတာတွေကို ဥပဒေအဖြစ်သတ်မှတ်ပြဌာန်းပေးတာတွေလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အလုပ်သမား များနေရာ ထိုင် ခင်းနှင့် ထောက်ပံ့မှု အာမခံစနစ်တို့ အတွက် စီမံချက် များပြုလုပ်ရန်ပြဌာန်းခြင်းတွေပြုလုပ်ခဲ့ပါတယ်။
ဒါတွေဟာ အလုပ်သမားတွေ အတွက် နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားတွေဖြစ်ကြောင်းကို ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေထဲမှာ အတိအလင်းဖော်ပြပြဌာန်း ထားခဲ့တာတွေဖြစ်ပါတယ်။ စစ်မဖြစ်မီကာလအလုပ်သမားရေးရာ အက်ဥပဒေတွေ ဟာ လက်ရှိခေတ်နဲ့  ဆီလျှော်ခြင်းမရှိ တော့တဲ့အတွက် သက်ဆိုင်တဲ့ အက်ဥပဒေ (၈) ချက်ကို ပြင်ဆင်နိုင်ရန် ပြင်ဆင် ရေးကော်မတီကိုဖွဲ့ စည်းခဲ့ပြီး ဥပဒေသစ်များနဲ့ ပြင်ဆင် ပြဌာန်းချက်တွေကိုလည်းပြဌာန်းခဲ့ကြတာကိုတွေ့ ရပါတယ်။ အဲဒီပြင်ဆင်ချက် အက်ဥပဒေများရဲ့  အကျိုးကျေးဇူးကြောင့် အလုပ်သမားများနဲ့  အလုပ်ရှင်တို့ ရဲ့ ဆက်ဆံရေးမှာ များသောအားဖြင့် ချောမောပြေပြစ်ခဲ့တာကို တွေ့ ခဲ့ရပါတယ်။
အလုပ်သမားနဲ့ အလုပ်ရှင်ပဋိပက္ခ - ဖြစ်ပေါ်မှုများမှာလည်း ၀ါဏိဇ္ဇပဋိပက္ခပြင်ဆင်ချက် အက်ဥပဒေအရ ဖွဲ့  စည်းထားခဲ့တဲ့ ဖြန်ဖြေရေးယန္တရားကြောင့်ပြေငြိမ်းမှုတွေဖြစ်စေခဲ့တာကိုတွေ့ ရှိရပါတယ်။ ဒီ့အပြင် ဖြန်ဖြေလို့ မရတဲ့ ပဋိပက္ခတွေကို စက်မှုလက်မှုသမာဓိခုံရုံးဆိုတာကိုဖွင့်လှစ်ထားပြီး ဖြေရှင်းပေးနိုင်ခဲ့တာတွေရှိခဲ့ပြီး အလုပ်သမားတွေရဲ့  သပိတ်မှောက်မှုတွေကိုလည်း ပြေလည်စေခဲ့တာကိုတွေ့ ရပါတယ်။ ၁၉၄၇ ခုနှစ် စက်တင်ဘာလမှာ ရန်ကုန်အလုပ်သမား ဆက်သွယ်ရေးရုံးနဲ့  ၁၉၄၈ ခုနှစ် ဒီဇင်ဘာလမှာ မန္တလေးမှလည်း ဖွင့်ခဲ့တာကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမား တွေနဲ့ အလုပ်ရှင်တွေအကြားမှာ စနစ်တကျဆက်သွယ်မှုတွေကိုလုပ်ဆောင်ပေးတာတွေကိုတွေ့ ခဲ့ရပါတယ်။  
ကောင်းမွန်တဲ့အလုပ်သမားဥပဒေတွေ --
၁၉၅၀ ခုနှစ်မှာ အလုပ်အကိုင်သင်ကြားလေ့ကျင့်ပေးရေးအက်ဥပဒေ ကိုပြဌာန်းခဲ့တာကြောင့် ရန်ကုန်မှာ ဖွင့် ထားတဲ့ အလုပ်သမားဆက်သွယ်ရေးရုံးတွေဟာ ပိုပြီးတည်တန့် ခိုင်မြဲလာခဲ့တာကိုတွေ့ ရပါတယ်။ အလုပ်သမားဆက် သွယ်ရေးရုံးတွေရဲ့ လုပ်ငန်းစဉ်တစိတ်တဒေသကိုဖေါ်ပြရရင် မြန်မာနိုင်တ၀ှမ်းလုံးမှာရှိတဲ့ အလုပ်သမားတွေကို စနစ်တကျ အလုပ်ရှာပေးခြင်း၊ အလုပ်လက်မဲ့ဖြစ်နေတဲ့အလုပ်သမားတွေကို တမြို့ မှတမြို့ ဒေသတခုမှ အခြားဒေသတခုသို့ ပြောင်းရွှေ့ ပေးပြီးအလုပ်ရရှိစေခြင်း စတာတွေကိုဆောင်ရွက်ပေးခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာလည်း အလုပ်သမားလျှော်ကြေးဥပဒေ ထုတ်ပြန်လိုက်တဲ့အတွက် မြင့်မားတဲ့အလုပ်သမားလျှော်ကြေးနှုန်းများကို အလုပ်သမားများ ရရှိခံစားခဲ့ကြရပါတယ်။ 
 ဆိပ်ကမ်းအလုပ်သမားများဆိုင်ရာတွင်လည်း အလုပ်အကိုင်အဆင်ပြေစေရန် ၁၉၄၈ ခုနှစ် ဆိပ်ကမ်း အလုပ် သမားများအက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ဆိပ်ကမ်းအလုပ်သမားများ စီမံကိန်းအရ အစိုးရကိုယ်စားလှယ်(၃) ဦး၊ အလုပ်ရှင် ကိုယ်စားလှယ် (၃) ဦး နှင့် အလုပ်သမားကိုယ်စားလှယ် (၃) ဦးပါဝင်တဲ့ ဆိပ်ကမ်းအလုပ်သမားဘုတ်အဖွဲ့ တခုရပ်ကိုဖွဲ့  စည်းပြီး ၁၉၅၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ က စတင်ပြီး စီမံကန်းအရ ဆိပ်ကမ်းအလုပ်သမားများအိမ်ယာဆောက် လုပ်ရေး၊ ဆေးဝါးပေးကမ်းရေး စတဲ့ ထောက်ပံ့ရေး လုပ်ငန်းများဆောင်ရွက်ခဲ့တာကိုတွေ့ ရပါတယ်။
အလုပ်သမားများအကျိုးနှင့်ဗဟုသုတ ရရှိစေရန် မြန်မာနိုင်အလုပ်သမားပြန်တမ်းခေါ်စာစောင်ကို ၁၉၄၈ ခုနှစ် ညွန်ကြားရေးဝန်ကြီးဌာနမှ လစဉ်ထုတ်ဝေပေးခဲ့ပါတယ်။ အလုပ်သမားများသက်သာချောင်ချိရေးအတွက် အလုပ်သမား စောင့်ရှောက်ရေးစခန်းတွေကို ရန်ကုန်မြို့ နဲ့ အခြားမြို့ တွေမှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲ့ဒီ့ရည်ရွယ်ချက်ကတော့ အလုပ် သမားတွေနဲ့ မှီခိုနေထိုင်သူမိသားစုတွေကို ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အပန်းဖြေရေး၊ ပညာဗဟုသုတလိုက်စား ရေးတို့ ကို အားပေးကူညီရန်ဖြစ်ပြီး အလုပ်သမားတွေကို ဆူပူလှုံဆော်ရန်သွေးဆောင်ပြီးကိုယ်ကျိုးရှာသူတွေရဲ့ အန္တာရယ် က ကင်းဝေးစေရန်ဖြစ်ပါတယ်။
အလုပ်သမားစောင့်ရှောက်ရေးစခန်းတွေမှာဆိုရင် ညကျောင်၊ စာကြည့်ခန်း၊ အိမ်တွင်းအိမ်ပြင်ကစားခုန်စားမှု၊ လူနာများအတွက်အခမဲ့ဆေးခန်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့  မိခင်တွေကို သူနာပြုဆရာမများမှ အကြံဥာဏ်ပေး ခြင်းနဲ့  ကလေးများနို့ မှုန့် ဝေပေးတာတွေ။ သက်ဆိုင်တဲ့ အာမခံစနစ်အတွက် စီမံကိန်းတစ်ခုကိုလည်း နိုင်ငံပေါင်းစုံ အလုပ် သမားအဖွဲ့ ချုပ်မှ ကျွမ်းကျင်သူတွေရဲ့ အကူအညီတွေနဲ့ ရေးဆွဲခဲ့ပါတယ်။ ထို့ ပြင် လွတ်လပ်ရေးရသည့်နေကစပြီး စက်ရုံအလုပ်သမားများ အများဆုံး အလုပ်လုပ်ချိန် တနင်္ဂနွေတပတ်လျှင် (၄၄) နာရီ သာရှိရမယ်လို့  ကန့် သတ်ခဲ့တဲ့ စံမံ ချက်ဟာ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ အလားတူဥပဒေတွေထက် ပိုမိုပြီးကောင်းမွန်ခဲ့ပါတယ်။ ရှားပါးစရိတ်ကိစ္စမှာ ဆိုရင် လည်း လစားကော်မရှင်အကြံပေးချက်တွေနဲ့ ကိုက်ည်ီအောင်သတ်မှတ်ထားရှိပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးး အလုပ် သမားတွေကို ရက်သတ္တပတ် (၁) ပတ် မှ (၆) ပတ် အထိ လစာမပျက်ခွင့်ပေးရန်တို့ ကို အလုပ်သမားခုံရုံးကသဘောတူညီ ခဲ့ပါတယ်။ အချိန်ပိုလုပ်အားခတွေကိုလည် ရိုးရိုးနှုန်းထက် နှစ်ဆပိုတိုးပေးခဲ့ပါတယ်။  ကုန်တင်ကုန်ချအလုပ်သမားများ အတွက်လည်း နေ့ စားမဟုတ်ပဲ အနည်းဆုံးလစာငွေသတ်မှတ်ပေးရန် အစိုးရကဆုံးဖြတ်ပေးခဲ့ပါတယ်။ အချုပ်ဆိုရရင် အဲ့ဒီအချိန် ၁၉၄၇ ခုနှစ်က ပေါ်ခဲ့တဲ့ အလုပ်သမားသပိတ်ကြီးမှာ တောင်းဆိုခဲ့တဲ့ အချက်တွေအပေါ်ကို လက်တွေ့ ဆောင် ရွက်ပေးနိုင်သမျှအားလုံးကို အစိုးရကအစွမ်းကုန်ဆောင်ရွက်ပေးခဲ့တာကိုတွေ့ ရပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးပြီးနောက် လအနည်းငယ်အတွင်းမှာ လုပ်သမားများတိုးတက်ရေးအတွက် အိုင်အယ်လ် အို ခေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ချုပ်ကြီးရဲ့ အဖွဲ့ ဝင်အဖြစ်ဝင်ရောက်ခဲ့ပါတယ်။ အဲ့ဒီလို အဖွဲ့ ဝင်ဖြစ်လာပြီး နောက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မှာ ၁၉၅၀ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ကြီးရဲ့  (၃၃) ကြိမ်မြောက် အလုပ်သမားညီလာခံကြီး၊ ၁၉၅၁ ခုနှစ် ဇွန်လအတွင်းကျင်းပခဲ့တဲ့ (၃၄) ကြိမ်မြောက်ညီလာခံကြီး နှင့် နောင် နှစ်စဉ်ကျင်းပခဲ့တဲ့ ညီလာခံတွေကို မြန်မာနိုင်ငံက အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်တွေ လက်တွဲ တက် ရောက်ဆွေးနွေးခွင့်တွေရခဲ့ကြပါတယ်။
၁၈၅၄ ခုနှစ် ဇွန်လ (၃) ရက်မှ (၂၄) ရက်နေ့ အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မှာ ကျင်းပခဲ့တဲ့ (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကြီးမှာ လာမည့်နှစ်အတွက် အမှုဆောင်ကော်မတီ ရွေးကောက်ပွဲကျင်းပခဲ့ရာ မြန်မာနိုင်ငံဟာ အဖွဲ့ ဝင် (၆၉) နိုင်ငံအနက် မဲအများဆုံးဖြင့် ရွေးကောက်တင်မြှောက်ခြင်းကိုခံခဲ့ဖူးပါတယ်။ ဒီအချက်တွေ ကို ထောက်ရှုခြင်းအားဖြင့် ထိုအချိန်ကာလများမှာ မြန်မာနိုင်ရဲ့  အလုပ်သမားရေးရာလုပ်ငန်းတွေကို တကမ္ဘာလုံးက လေး စားကြည်ညိုခြင်းခံခဲ့ရတာ သိသာထင်ရှားလှပါတယ်။
                ဒါ့ကြောင့် လက်ရှိအစိုးရအနေဖြင့် စိုးရိမ်ကြောင့်ကြမှုများကင်းဝေစွာ နှင့် ကမ္ဘာက လေးစား ကြည်ညိုခြင်း ခံရစေခြင်း အလို့  ငှာ အခု ၂၀၁၂ ခုနှစ်မှာ ကျင်း ပနေတဲ့ အမျိုးသားညီလာခံကြီးမှာ အခြေခံဥပဒေတွေကို အတည်ပြုခြင်း ပြဌာန်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းများလုပ်နေတဲ့နေရာမှာ အလုပ်သမားထုကြီးနှင့် တောင်သူလယ်သမားထုကြီးအတွက် အခြေခံအလုပ်သမားထုအခွင့်အရေးတွေကို အပြည်ပြည်ဆိုင်ရာစံနူန်းနဲ့ အညီ မှန်ကန်သင့်တော်တဲ့ ဥပဒေတွေ ဆက် လက် ပြဌာန်းအတည်ပြုပေးရန်လိုပါတယ်။ အဲဒီလိုပြင်ဆင်ဖြည့်စွက်ရာမှာလည်း အလုပ်သမားဥပဒေရေးရာတွေကို တတ်ကျွမ်းတဲ့သူတွေနဲ့  အလုပ်သမားထုအတွင်း အဓိကလိုအပ်နေတဲ့ ဥပဒေတွေကို စနစ်တကျ လေ့လာပြီးလုပ် ဆောင်ဖို့ လိုပါတယ်။ ထို့ အတူ အလုပ်သမားထုကြီးနှင့် တောင်သူလယ်သမားထုကြီးကလည်း မိမိတို့ ရဲ ရပိုင်ခွင့်အခြေခံ အခွင့် အရေးနဲ့  ဥပဒေတွေကို သမဂ္ဂများအမြန်ဆုံးဖေါ်ဆောင်ပြီး အလုပ်သမားဥပဒေများပြင်ဆင်ပြဌာန်းရေးအတွက် လက်ရှိ ကျင်းပနေတဲ့ ညီလာခံကိုတင်သွင်းပြီး ၀ိုင်းဝန်းဖေါ်ဆောင်ဖို့ လိုအပ်ပါတယ်။
အလုပ်သမားထုကြီးအနေဖြင့် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ အတည်ပြုပြဌာန်းခဲ့တဲ့ အလုပ်သမားရေး အက်ဥပဒေတွေ ကို (ပူးတွဲ ဖေါ်ပြပါ) လေ့လာကာ ဖြည့်စွက်ပြင်ဆင်ခြင်းများပြုလုပ်ပြီး လက်ရှိအစိုးရထံသို့ တင်သွင်းရန်လို အပ်ပါတယ်။ လက်ရှိအစိုးရကလည်း ထို ဥပေဒေများအား ပြန်လည်သုံးသပ်အတည်ပြုရန်လိုအပ်ပါတယ်။
ဒါ့ကြောင့် - ကျစ်လစ်ခိုင်မာအင်အားကြီးတဲ့အလုပ်သမားသမဂ္ဂများဖွဲ့ စည်းကြပါစို -  ကျစ်လစ်ခိုင်မာအင်အား ကြီးတဲ့ အလုပ်သမားသမဂ္ဂတွေကို ထူထောင်ရာမှာ စည်းရုံးရေးမှုးတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ စည်းရုံး ရေးမှုးများ အနေနဲ့ ဘာတွေလုပ်ဆောင်ရမလဲ၊ စည်ရုံးရေးလုပ်ငန်းတွေကို ဘယ်လိုပုံဖေါ် ဆောင်မလဲ၊ စည်းရုံးရေးမှုး တွေမှာ ဘယ်လိုအရည်အချင်းတွေရှိရမယ် ဆိုတာ..……. အလုပ်သမားသမဂ္ဂဆိုသည်မှာနှင့် သမဂ္ဂဖွဲ့ စည်းပုံ တို့ အား အပိုင်း (၃) တွင်ဆက်လက်ဖေါ်ပြပါ မည်။
မြန်မာနိုင်ငံတွင် လွတ်လပ်စစ်မှန်သည့် အလုပ်သမားသမဂ္ဂပေါ်ထွန်းရေးကိုရည်းမှန်း၍                                 
ချိုမောင်                                                                                                     
အလုပ်သမားရေးရာလေ့လာသူ
၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်။
- ပူးတွဲ -
အလုပ်သမားရေးရာဥပေဒေများ
၁၉၄၈ ခုနှစ် မှ ၁၉၆၂ ခုနှစ်
၁) အလုပ်အကိုင်နှင့်သင်ကြားလေ့လာကျင့်ရေးဥပဒေ။
၂) အလုပ်သင်ဥပဒေ။
၃) အလုပ်ခန့် ထားမှု ကန့် သတ်ရေးဥပဒေ။
၎) အလုပ်ရုံများအက်ဥပဒေ။
၅) လုပ်ခပေးရေးအက်ဥပဒေ။
၆)  အနည်းဆုံးအခကြေးငွေဥပဒေ။ 
၇) အလုပ်သမားလျှော်ကြေးဥပဒေ။
၈) ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေ။
၉)  ကလေးသူငယ် များခိုင်းစေမှုဥပဒေ။
၁၀) ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ။
၁၁) လူမှုဖူလုံရေးဥပဒေ။
၁၂) ၀ါဏိဇ္ဇပဋိပက္ခဥပဒေ။
၁၃) အလုပ်သမားသမဂ္ဂအက်ဥပဒေ။
၁၄) အလုပ်အကိုင်ဆိုင်ရာစာရင်းစစ်တမ်းယူခြင်းဥပဒေ။
၁၅) ဆိပ်ကမ်းအလုပ်သမား အက်ဥပဒေ။
၁၆) ဆိပ်ကမ်းအလုပ်သမားများအလုပ်စီစဉ်ရေးအက်ဥပဒေ။
၁၇) ဆိပ်ကမ်းများဥပဒေ။
၁၈) ရန်ကုန်ဆိပ်ကမ်းဥပဒေ။
၁၉) နယ်ဆိပ်ကမ်းဥပဒေ။
၂၀) ရေကြောင်းပြဥပဒေ။
၂၁) သတ္တုတွင်းဥပဒေ။
၂၂) ရေနံမြေဥပဒေ။
၂၃) ရေနံမြေအလုပ်သမားသက်သာချောင်ချိရေးဥပဒေ။
၂၄) လယ်ယာအလုပ်သမားအနည်းဆုံးအခကြေးငွေဥပဒေ။
၂၅) ပြည်ပသွားလာမှုဥပဒေ။
၂၆) မီးရထားအက်ဥပဒေ။
၂၇) ပြည်တွင်းရေကြောင်းဥပဒေ။
၂၈) မြန်မာနိုင်ငံလေယာဉ်ဥပဒေ။
၂၉) ရေကြောင်းပြဥပဒေ
၃၀) မြန်မာနိုင်ငံမီးပြတိုက်များဥပဒေ။ 
နောက်ကြောင်းမှ လာသူများမို့  နောက်ကြောင်းကို အကောင်အထည်ဖေါ်နေခြင်းလား
     အပြောက ရွှေမန်းလို့  စကားပြောကောင်းသည့်သူများကို နာမည်လေးပေးတတ်ကြပါသည်။ ယခုမူ နာမည်ပေးစရာလည်း မလို ။ နဂိုရ်ကတည်းက ရှိနေပြီးသားမို့  သူ့ နာမည်ကို ရွှေမန်းလို့  ထပ်ပြီးတော့ ခေါ်စရာ မလိုတော့လို့  ထင်ရသည်။ သို့ ပေမင့် အပြောကောင်းသူဖြစ်လို့ မို့  လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းကို ကျွန်တော်က ရွှေမန်းလို့  ထပ်ဆင့်ခေါ်ဝေါ်လိုက်ရပါတော့သည်။ မှန်သည် ။ သူက စကားပြောကောင်းသည့်သူဖြစ်သည်။ မနေ့ က ဧပြီ-၁-ရက်နေ့  ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ပြုလုပ်သည့်အခါ တရားမျှတပြီး သန့် ရှင်းစေရမည်ဟု ပြောသံတွေကြားလိုက်ရပြီ ။ ဧပြီ-၁-ရက်ဆိုသည်က နိုင်ငံတကာမှာ ဧပြီအရှူးနေ့ ဖြစ်သည်။ ယင်းနေ့ မှာ ဘာကိုမဆို ရယ်စရာအဖြစ် အရှူးချီးပန်း လုပ်တတ်ကြသည်။ ဘာမျှ ဗွေယူ၍ မရ ။ ယင်းနေ့ ကို မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မှာဆိုတော့ ဧပြီအရှူး မည်သူတွေ ဖြစ်နေသည်လဲ ဆိုသည်ကို စဉ်းစားရတော့မည်ဖြစ်သည်။ ဗွေတော့  ယူကြမည်ဟု ဆိုထားကြပါသည် ။
    ကြားဖြတ်ရွေးကောက်ပွဲနေ့ သည် သန့် ရှင်းနေပြီး တရားမျှတမှူများ ရှိနေမှာ အမှန်ဖြစ်ပါသည်။ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများလည်း လာရောက်ခွင့် ရကြမည်ဖြစ်သည်။ ပြီးတော့ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည့ခေါင်းဆောင်ေ
သာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကလည်း တော်တော်များများ လွှတ်တော်ကိုယ်စားလှယ်မျးအဖြစ် ရွေးချယ်ခံနိုင်ကြပါလိမ့်မည်။ မည်သို့ ပင်ဆိုစေ ယှဉ်ပြိုင်သောသူများမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရမည်မှာ သေချာလွန်းလှပါသည်။ သို့ သော် မည်သည့်အခါ ပြည်သူ့ လွှတ်တော်ညီလာခံ ခေါ်မည်ဆိုသည်ကို တရားဝင်ကြေညာထားခြင်း မရှိ၍ ယင်းပုဂ္ဂိုလ်များမှာ မည်သို့ မျှ နိုင်ငံရေးအာဏာ ဖြစ်သည့် လုပ်ပိုင်ခွင့်အာဏာဟူ၍ တစိုးတစိမျှ ရရှိကြမည်မထင် ။ ရွေးချယ်ခံထားရသော်လည်း ပြည်သူ့ လွှတ်တော်ညီလာခံမှ သဘာပတိကြီးက အတည်ပြုပေးရန်လို ပါသေးသည်။ လွှတ်တော်ညီလာခံ မခေါ်ရဘဲနှင့်တော့ သဘာပတိကလည်း တုပ်တုပ်မျ လှုပ်၍မရချေ။ တချိန်ချိန်တော့ လွှတ်တ်ာကိုယ်စားလှယ်များဖြစ်ပြီး ကိုယ့်လက်ကိုယ့်ခြေနှင့် မလုပ်နိုင်ရှာသော နိုင်ငံရေးအောင့်သက်သက် အဖြစ်မျိုးကို ခံစားရလိမ့် မည်ဟု သုံးသပ်ထားကြပါသည် ။
     သို့ သော် လှုပ်၍ရသောသူများကတော့ သမတဦးသိန်းစိန်အစိုးရကို ကြိုးကိုင်ထားသော အရေခြုံစစ်အစိုးရဖြစ်သည်။  ယခုအချိန်ထိ ဦးသန်းရွှေက နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားခြင်း ရှိသည်ကို ဝေဖန်ဖြစ်ပါသည်။ ဦးသိန်းစိန်မှာ ဦးနေ၀င်းလက်ထက်က လက်နောက်ပြန်ပိုက်နေခဲ့ ရသော သမတကြီး ဦးစန်းယုလို ဖြစ်နေသေးသည်ကို လူတိုင်းခန့် မှန်းကြပြီးဖြစ်သည်။ မနေ့ တနေ့ က ကာကွယ်ရေးစစ်ဦးချုပ် မင်းအောင်လှိုင်ကို သမတဦးသိန်းစိန်က ရာထူးခန့် အပ်ပေးလိုက်သည်ဟု ကြားသိရသည်။ မင်းအောင်လှိုင်က သူ့ လက်အောက် ဗိုလ်ချုပ်တွေ အရာရှိတွေကို သူ့ လက်သူ့ ခြေနှင့် ခန့် အပ်ပြီးနေချိန်မှာ သမတဦးသိန်းစိန်က ဤဗိုလ်ချုပ်တော်၏ ၊ ဤဗိုလ်မှူးချုပ် တတ်၏ ဟု ရာထူးခန့် ချိန်တွင် ဘာမျှ စောဒက တက်၍မရခဲ့ ။ မင်းအောင်လှိုင်က သူ့ စိတ်ကြိုက် ဗိုလ်ချုပ်တွေကို နေရာတကျ စီစဉ်ပြီးမှ သူ့ ကို ကာကွယ်ရေးစစ်အဦးချုပ်အဖြစ် ခန့် သော သမတဦးသိန်းစိန်ကို မည်သို့  သဘောထားမည်တော့ မသိ။ ကြားရမြင်ရသော သူတို့ မှာ စိတ်နှလုံး မသက်သာလှပါ။ ဆိုလိုချင်သည်မှာ စစ်ရာထူးခန့် တာဝန်များကို သမတဦးသိန်းစိန်က ခန့် အပ်ပေးလျှင် သဘာဝလည်းကျမည်၊ ဂုဏ်လည်း ရှိမည်မို့  သမတဦးသိန်းစိန်ကိုယ်စား ရင်နာ၍ ပြောရခြင်းဖြစ်သည်။
        မည်သို့ ပင်ဆိုစေ မည်သူတွေဘာပြောပြော ယူနီဖေါင်းချွတ် တိုက်ပုံဝတ် အစိုးရမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်နိုင်အောင် လုပ်ပြီးသည်နှင့် အောင်ပွဲတရာ ရရှိသွားကြပြီဖြစ်သည်။ ယခုလည်း ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတပြီး သန့် ရှင်းသော ရွေးကောက်ပွဲ လုပ်လျှင် နိုင်ငံတကာက စီးပွါးရေးပိတ်ဆို့ မှုတွေကို ဖယ်ရှားလာကြမည်ဟု စိတ်ချနေကြပြီးဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်ပင် ဤစကားကို ထုတ်ဖေါ်ပြောဆိုလာပြီဖြစ်သည်။ သည်တော့ သကောင့်သားတွေက ဤကြားဖြတ်ရွေးကောက်ပွဲကိုများ တရားမျှတအောင် ပြုလုပ်မှာ သေချာလှပါသည်။ ကြားဖြတ်ရွေးကောက်ပွဲသည် သူတို့ အတွက် ဘုံပျောက်သော ကြားဖြတ်ရွေးကောက်ပွဲ မဟုတ်ကြောင်း သူတို့ ကိုယ်တိုင် သေသေချာချာ သိနှင့်ထားပြီးဖြစ်သည်။ စစ်တပ်ကြောထောက်နောက်ခံ ထားပေးသော သမတ ဦးသိန်းစိန်၏အစိုးရမှာ များများစားစား ဆောင်ရွက်ပြစရာတောင် မပြုလုပ်လိုက်ရ ။ ဒေါ်အောင်ဆန်းစုကြည့်ကို လွှတ်ပေးခြင်း၊ မင်းကိုနိင်-ခွန်ထွန်းဦး တို့ ကို လွှတ်ပေးခြင်း၊ မီဒီယာတွေမှာ ဒေါ်အောင်ဆန်းစုကြည် သတင်းများ ၊ ဗိုလ်ချုပ်အောင်ဆန်း သတင်းများကို ဖေါ်ပြခွင့် နည်းနည်းပါးပါးလေး လုပ်ပေးလိုက်ရုံနှင့် နိုင်ငံတကာအစိုးရတွေက တိုးတက်ဖြစ်ထွန်း ပြောင်းလဲလာသော နိုင်ငံရေးပြသနာများ ဟု သုံးသပ်ပေးလိုက်ကြသည်။
ယခုထက်ထိ နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်ထဲမှာ ကျန်နေပါသေးသည်။ ပို၍ဆိုးသည်မှာ -၁၀၀- ခန့် မိဖမဲ့ ခလေးများဖြစ်သော စစ်တွေမှ ရခိုင်လူမျိုးလေးတွေကို မန္တလေးမြို့ ဖက်ခေါ်ယူပြီး ဗမာလူမျိုးအဖြစ် လူမျိုးပြောင်းလဲသွားသော အခြေနေမျိုး ဖြစ်နေသေးသည်။ မိဖမဲ့ ခလေးများကို ကျွေးမွေးစောင့်ရှောက်ထားသော ကျောင်းထိုင်ဆရာတော်အား နိုင်ငံရေးအကျဉ်းသားအဖြစ် လွပ်ငြိမ်းချမ်းသာခွင့်ပေးပြီး သရက်ထောင်မှ လွှတ်ပေးလိုက်ပြီးဖြစ်သည်။ သို့ သော် မိဖမဲ့ ခလေးသူငယ်များမှာ ရခိုင်လူမျိုးဘ၀မှ ဗမာလူမျိုးဖြစ်သွားကာ ယခုအချိန်ထိ လွပ်ငြိမ်းချမ်းသာခွင့်မရသေးဘဲ ကျန်နေသေးသည်မှာ လွန်စွာရုပ်ဆိုးနေပါသေးသည်။ သူတို့ မှာ နိုင်ငံရေးလည်း မလုပ် ။ စကားတောင်မှ မပြောတတ်ကြသေး ။ ယင်းနို့ စို့ ခလေးအရွယ်များကို ဘာကြောင့်များ ဖမ်းဆီးခေါ်ဆောင်သွားရပါသနည်း ။ သူတို့ အား ရခိုင်ပြည်သို့  အမြန်ဆုံး ပြန်လည် ပို့ ပေးစေလိုသည် ။ ယင်းထက်ရုပ်ဆိုးနေသည်မှာ အပစ်အခတ်ရပ်စဲရးအတွက် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ များနှင့် ဆွေးနွေးနေပါသည်ဟု ဆောင်ရွက်ပြနေသည်။ သို့ သော် ကချင်လက်နက်ကိုင်အဖွဲ့ နှင့် အပစ်ရပ်စဲရေး ဆွေးနွေးပွဲ လုပ်နေချိန်မှာဘဲ ကချင်နှင့် မင်းအောင်လှိုင်၏ တပ်မတော်က တိုက်နေတုံး ။ ကရင်နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေသော်လည်း ခုအထိ တိုက်ပွဲသံတွေ ကြားနေရတုံးဖြစ်သည်။ ဖြစ်သင့်သည်မှာ အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးကြပြီဆိုလျှင် သေနတ်သံ မထွက်စတမ်း ဆောင်ရွက်ပြရန်လိုသည်။ ခုတော့ နှစ်ဖက်စလုံးက သေနတ်သံများက ပွက်ပွက်ညံတုံး ။ ဤကဲ့ သို့  နိုင်ငံရေးပဋိပက္ခတွေ ရှိနေလို့ ကတော့ ပြည်တော်ပြန်မည့်သူများမှာ တွေးစရာတွေ ဖြစ်နကြသည်မှာ အမှန်ပင်ဖြစ်သည်။
  ကောက်ကျစ်မှုများ ရှိနေကြသေးလျှင် ယခုရယူထားသော အပစ်အခတ်ရပ်စဲမှုများမှာ ရေရှည်မခံဆိုသည်ကို နားလည်ထားရန်လိုပါသည်။ ရေရှည်ခံ ထာဝရငြိမ်းချမ်းရေးအတွက် သေနတ်သံတွေ စဲဖို့ လိုပါသည်။ တိုင်းရင်းသားနယ်မြေဒေသတွေမှာ အေးချမ်းစွာဖြင့် အိပ်စက်နားနေနိုင်အောင် တပ်မတော်မှ နောက်တန်းကို ပြန်သွားဖို့ လိုသည် ။ သူတို့ တွေ ရှိနေသမျှ မည်သူမှ အိပ်ကောင်းခြင်း မအိပ်ရ ၊ စားကောင်ခြင်း မစားရဖြစ်နေသည်။ ဒုက္ခသည်များဖြစ်နေသောသူများ ရှိနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေ တိုးတက် ပြောင်းလဲ နေပြီဟု မည်သူကမည်သို့ ပင် ဆိုစေကာမူ မယုံကြည်သောသူများက ရှိနေပါသေးသည်။ ယင်းမယုံကြည်သောသူများအား အပြစ် ဆို၍မရချေ။ လက်တွေ့ ဘ၀တွင် ခံစားနေသူများဖြစ်၍ ရန်ကုန်မြို့ တော်အတွင်း ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်စည်းရုံးရေးပြုလုပ်ခွင့် ရရုံနှင့် ထာဝရ ငြိမ်းချမ်းရေး ရပြီလို့ တော့ ပြော၍မရ ။ မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မတီမှာ သီးခြားလွပ်လွပ်စွာ ဖွဲ့ စည်းထားသော အစိုးရမဟုတ်သည့် အဖွဲ့ ( NGOs ) မဟုတ်သောကြောင့် ယင်းအဖွဲ့ ကို အယုံအကြည့်မရှိ ကြ ။ အကယ်၍ လူ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖြင့် အစိုးရကြောထောက်နောက်ခံ မဟုတ်သော လူ့ အခွင့်အရေးကောက်မီတီ ဆိုလျှင် လူထုက လက်ခံနိုင်ကြပါသေးသည်။
သာဓကတခုမှာ န၀တ လက်ထက် ထောက်လှမ်းရေးအကြီးအကဲ ခင်ညွန့် တို့  နှိပ်စက်မင်းမူခဲ့၍ ဘ၀ပျက်သွားရသော သူတွေ -၈၈-အရေးအခင်းမှ- သူတို့ တွေ ပြုတ်ကျသွားချိန်ထိ မြောက်မြားစွာ ရှိနေပါသည်။ သမတဦးသိန်းစိန်အစိုးရက နိုင်ငံရေးအကျဉ်းသားများကို ဦးစားပေးသည့်အနေအထားဖြင့် လွပ်ငြိမ်းချမ်းသာခွင့်ပေးရာ ၀န်ကြီးချုပ်ဟောင်း ခင်ညွန့်  ပါသလို သူ၏ တပည့်လက်အောက်ငယ်သားများလည်း တပုံတခေါင်း ပါသွားသည်။ သမတ၏ လွပ်ငြိမ်းချမ်းသာခွင့်မှာ ပြစ်မှုများရှိနေလျှင် ကျခံစေရအုံးမည်ဆိုသော ချွင်းချက်ဖြင့် ပြည်ပမှ ဒီမိုကရေစီအတိုက်အခံများကို ဖိတ်ခေါ်ထားသည်ကို မြင်ရသည်။ သို့ ဆိုလျင် လွပ်ငြိမ်းချမ်းသာခွင့် ရသွားသောဗိုလ်ခင်ညွန့် နှင့် သူ၏ အပေါင်းအပါတို့ မှာ လွပ်ငြိမ်းချမ်းသာခွင့်ကို အလုံးစုံ ခံစားပိုင်ခွင့် ရှိသလားဆိုသည်ကို ဆန်းစစ်ကြည့်  ရန်လိုလာပါသည်။ သူတို့ မှာ ယုံကြည့်ချက်ဖြင့် ထောင်ကျသူလည်း မဟုတ် ။ နိုင်ငံရေးအရလည်း ထောင်ကျသူများမဟုတ်။ ပြစ်မှုတွေ တသီတတန်းကြီးနှင့် ထောင်ကျသူများဖြစ်သည်။ လွပ်ငြိမ်းချမ်းသာခွင့် ရသွားသည့်တိုင်အောင် မြန်မာနိုင်ငံ လူ့ အခွင့်အရေးကော်မီတီသည် ဤအချက်ကို စဉ်းစားရမည်ဖြစ်သည်။ သူတို့ မှာ အလောင်းဖျောက် လူသတ်ကောင်များ ဖြစ်နေသည်။ နယ်စပ်ဒေသတွင် လူသတ်ပြီး မတရား အနိုင်ကျင့်ခဲ့ သူများဖြစ်သည်။ ထောက်လှမ်းရေးခေတ်က နှိပ်စက်ခဲ့ မှုကြောင့် စစ်ကြောရေးစခန်းထဲတွင် လူဖြစ်ရှုံးရသူများမှာ မြန်မာနိုင်ငံအနှံ့ ရှိသည်။ သူတို့ အား ယင်းရာဇ၀တ်များပြစ်မှုများဖြင့် ပြန်လည်ဖမ်းဆီးပြီး ဥပဒေအရ အရေးယူရန် မြန်မာနိုင်ငံ လူ့ အခွင့်အရေးက်ာမီတီမှ ဆောင်ရွက်ပြဖို့  လိုပါသည်။
    မြန်မာနိုင်ငံ၏ လူ့ အခွင့်အရေးမှာ အလုံးစုံ တိုးတက်ဖြစ်ထွန်းနေပြီဆိုလျင် ဘာမျ မပြောသာပါ ။ ယခုထက်ထိ တိုးရီစက်ရုံအလုပ်သမားတွေက ဆန္ဒပြနေသည်ကို လု့ အခွင့်အရေးချိုးဖေါက်ခံနေရခြင်းလို့  မသတ်မှတ်လား မသိ။ ယင်းကော်မီတီမှ မည်သို့ မှဖြေရှင်းသံများကို မကြားရသေး ။ ထောင်ထဲမှာ ကျန်သေးသော နိုင်ငံရေးအကျဉ်းသားများကို ပြန်လွတ်ပေးရန် ဆောင်ရွက်သံ မကြားရသေး ။ တခုတော့ ရှိပါသည်။ မနက်ဖြန် အစိုးရမှ လွပ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ဆိုလျှင်တော့ မြ၀တီရုပ်မြင်သံကြားမှ နေပြီး ည-၈-နာရီသတင်းမှာ မြန်မာနိုင်ငံ လူ့ အခွင့်အရေးကော်မီတီက နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် တောင်းဆိုခြင်းဆိုသော ကြေညာချက်တွေကို ထုတ်ပြန်မှာ သေချာသည်။ ဤကဲ့ သို့  ပြုလုပ်ဖန်များသော သူတို့ တွေကို လူထုတွေက မယုံကြည်ခြင်းမှာ အဆန်းလည်း မဟုတ်ချေ။
        နိုင်ငံတကာမှ အစိုးရအဖွဲ့ ဝင်များ အပြင် ကုသမဂ္ဂမှ တာဝန်ရှိသူများက မြန်မာနိုင်ငံကို ခဏခဏ ရောက်လာနေကြပါပြီ ။ ဒေါ်အောင်ဆန်းစုကြည့်နှင့်လည်း တွေ့ ဆုံနေကြပါပြီ။ အထူးသဖြင့် သမတ ဦးသိန်းစိန်အစိုးရမှ ဈေးဆစ်နေခြင်းတခုမှာ စီးပွါးရေးပိတ်ဆို့ ထားသည်ကို ရုပ်သိမ်းဖို့  တောင်းဆိုနေခြင်းဖြစ်သည်။ သို့ သော် နိုင်ငံတကာမှ တောင်းဆိုနေခြင်းများကိုမူ သူတို့ က မြင်သာထင်သာရှိအောင် လုပ်မပြခြင်းကြောင့် ယုံမှား သံသယတွေ ရှိနေဆဲ ဖြစ်သည်။  မီဒီယာသမားတွေကို သတင်းရေးသားခွင့် နည်းနည်းကလေး လွှတ်ပေးထားသည်ကို မီဒီယလွပ်လွပ်ခွင့် ရနေသည့်အလား လူထုတွေကို မျက်လှည့်ပါးလှည့် လုပ်ပြနေသည်ကို မြင်ရသည်။ အဓိကအားဖြင့် ယခုအချိန်ထိ သမတဦးသိန်းစိန်အစိုးရကို မယုံကြည်သော သူတို့ မှာ ပြည်ပ၌ တပုံတခေါင်းကြီး ရှိနေသည်။ တိတိကျကျ ပြောရလျှင် ပြည်ပမှလူများက သူတို့ အား ကြည့်သောအခါ လူကိုလည်း ကြည့်ကြသည် ။ မူကိုလည်း ကြည့်ကြသည်။ သည်အခါ လူဆိုသည်မှာ ယူနီဖေါင်းကို ချွတ်ထားသူများ ဖြစ်သည်။ မူဆိုသည်မှာ စစ်အာဏာရှင်စနစ်ကို အသက်ပေးကာကွယ် စောင့်ရှောက်သူများဖြစ်သည်ဟု မြင်နေကြသည်။
       သမတဦးသိန်းစိန်နှင့် ၀န်ကြီးများမှာ စစ်ဗိုလ်ချုပ်များဖြစ်ရာ ယခုအစိုးရမှာ စစ်စိတ်မန် မရှိပါဟု ပြောခိုင်းလည်း မည်သူမျှ ယုံကြမှာ မဟုတ်။ ပြီးတော့ သူတို့  ရေးဆွဲ ပြဋ္ဌန်းထားသော -၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာ စစ်အာဏာရှင်စနစ်ကို ထာဝရရှင်သန်အောင် ပြုလုပ်ထားသော နိုင်ငံတော် ဖွဲ့ စည်း အုပ်ချုပ်ပုံ ဖြစ်နေသည်။ အခြားတဖက်မှာ ယင်းနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို အကောင်အထည်ဖေါ်ဆောင်မည့် သူများမှာ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ရာ ယင်းလွှတ်တော်ထဲ၌ လွှတ်တော်ကိုယ်စားလှယ်များကိုကြည့်က အားလုံးသော သူများမှာ စစ်ဗိုလ်ချုပ်တွေက -၂၅- ရာခိုင်နုံး ရှိနေပြီး ကျန်တ၀က်မှာ စစ်တပ်ကြောထောက်နောက်ခံ ပြုထားသော ကြံ့ဖွံ့  လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်နေသည်။ သည်တော့ သည်လူတွေနှင့် သည်စနစ်ကို မျက်နှာလွှဲ ခဲ ပစ်ပြီး  မြန်မာနိုင်ငံ ပြောင်းလဲ သွားနေပြီဟု မည်သို့ မျှ ပြော၍မရနိုင် ။
      ကျနော်တို့ လိုချင်သည်မှာ စစ်မှန်သောဒီမိုကရေစီစနစ်တခုကို ဖန်တီးရေးဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို အသက်ပေးကာကွယ် စောင့်ရှောက်နေသောသူတို့ နှင့် အတူတူ နိုင်ငံရေးဝန်းကျင်းတွင် ဆောင်ရွက်ရေးမဟုတ် ။ လက်နက်ကိုင် စစ်တပ်မှာ နောက်တန်းလျားကို ပြန်သွားရမည့်သူများသာဖြစ်သည်။ အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်ဆောင်ရွက်စရာ အကြောင်းမရှိ ။ ၈၈-အရေးအခင်းသည် စစ်မှန်သော ဒီမိုကရေစီကို လိုချင်သော လူထုအုံ့ ကြွမှုကြီးဖြစ်သည်။ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ပြုလုပ်ခြင်းသည် စစ်တပ်ကြောထောက်နောက်ခံ မပါသော ပြည်သူလူထုသက်သက်သာ ပါဝင်သည့် ရွေးကောက်ပွဲမျိုး ဖြစ်ရမည်။ ၁၉၉၀-ခုနှစ်တွင် စစ်တပ်ကြောထောက် နောက်ခံ မပါသော်လည်း တကယ်တမ်း အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်က အနိုင်ရသောအခါ ဗိုလ်ခင်ညွန့် တို့  အုပ်စုက နှိပ်ကွပ်ခြင်းများပြုလုပ်ကာ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုခြင်းဖြင့် နေခဲ့ သည်။ ယခုအချိန်တွင် စစ်တပ်ကြောထောက်နောက်ခံ ပြုထားသော ကြ့ဖွံပါတီက ရှိနေရာ မည်သို့ မျှ ပြည်သူလူထုလိုလားသော စစ်မှန်သည့် ဒီမိုကရေစီအစိုးရမျိုးကို ဘယ်သောအခါမှ ရရှိခံစားနိုင်ကြမည်မဟုတ်ပေ။
      နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်တွင် ယူနီဖေါင်းချွတ် သမတဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့ က ရှိနေပါသည် ။ သူတို့ ၏ စိတ်မှာ ဒီမိုကရေစီအခွင့်အရေးပေးရန် မည်သည့်အခါမျ စိတ်ကူးစိတ်သန်း ရှိမည်မထင် ။ သို့ သော် ရွှေမန်းက အပြောကောင်းပါသည်။ နောက်ကြောင်းကို ပြန်၍မလှည့်တော့ပါဟု ပြောရှာပါသည်။ နောက်ကြောင်းကို ပြန်၍မလှည့်ဆိုသည်က နိုင်ငံတော် ဖွဲ့ စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေမှာ လိုအပ်လျှင် သမတအစိုးရကို ကာကွယ်ရေးဦးစီးချုပ် ဦးစီးသော တပ်မတော်က အာဏာသိမ်းခြင်းကို ဆိုခြင်းဖြစ်သည်။ နောက်ကြောင်းကို ပြန်၍ မလှည့်ပါဟု ပြောသော ရွှေမန်းက သူတို့  ရေးဆွဲထားပြီးသော ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်း မပြုလုပ်ပါဟု ပြောသည်ကို မည်သို့ မှ လက်ခံနိုင်စရာ အကြောင်းမရှိ။ သူတို့ ကိုယ်တိုင် စစ်တပ်မှ အာဏာသိမ်းနိုင်ခွင့်  လုပ်ထားခဲ့ ပြီးဖြစ်သည်။ သည်တော့ နောက်ကြောင်းမရှင်းသော ရွှေမန်းတို့ က အပြောကတော့ ရွှေမန်းလို့  ပြောရှုံတပါး အခြား မရှိ ။ သို့ အတူ ပြည်သူ့ လွှတ်တော်ထဲမှာ ယူနီဖေါင်းချွတ် စစ်ဗိုလ်ရာရှိတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်နေသမျှ ယင်းလွှတ်တော်မှာ မည်သည့်အခါမှလွပ်လွပ် ပွင့်လင်းသော ဆွေးနွေးချက်များ ရှိမည်မဟုတ်။ အဓိက အားဖြင့် စစ်တပ်က နောက်တန်းလျှား သွားပြီး အုပ်ချုပ်ရေးပိုင်းမှာ မရှိလျှင် ၊ နိုင်ငံရေးအကျဉ်းသား မရှိလျှင် ၊ ဒုက္ခသည်တွေ နိုင်ငံခြားမှာ မရှိကြလျှင် ၊ အပစ်အခတ် ရပ်စဲပြီး တိုင်းရင်းသားနယ်မြေ ငြိမ်းချမ်းကြပြီဆိုလျှင် မြန်မာနိုင်ငံကို မတိုးတက်ပါနှင့်ဟု မည်သို့ မှ ဆွဲတား၍ ရမည် မဟုတ်ကြောင်း သေသေချာချာ သိနှင့်နေကြပါသည်။ ထို့ ကြောင့် နောက်ကြောင်းမှ လာသူများက နောက်ကြောင်းကို အကောင်အထည် ဖေါ်ဆောင်နေခြင်းလားဆိုသည်မှာ မေးစရာ မေးခွန်း တခုဖြစ်နေပါသေးသည် ။
ခိုင်အောင်ကျော် ( နယူးယောက် )
Monday, February 13, 2012
အကြွေစေ့နှစ်စေ့ရဲ့ ပုံပြင်
၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambucoပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ လယ်သမားမိသားစုကနေ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီမိသားစုဟာ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ (၄)နှစ်သားအရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။ ဒါတောင် အစားနပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ရပါဘူး။
ကျောင်းစတက်တဲ့အရွယ်မှာ ကောင်လေးဟာ ကျောင်းအားချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့တယ်။ တကယ်လို့ ဖိနပ်တိုက်သူမရှိရင် သူတို့ဗိုက်ငတ်ရပါတယ်။
ကောင်လေး(၁၂)နှစ်အရွယ် တစ်ညမှာ ပင်မင်းဆိုင်သူဌေးတစ်ဦး ဖိနပ်လာတိုက်ခဲ့တယ်။ ကောင်လေးနဲ့ အဖော်နှစ်ယောက်ဟာ သူ့ထက်ငါဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီဝိုင်းအုံသွားခဲ့ကြတယ်။ ကောင်လေးသုံးယောက်ရဲ့ တောင့်တနေတဲ့ မျက်လုံးအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်သွားတယ်။ နောက်ဆုံး သူဌေးက အကြွေစေ့နှစ်စေ့ထုတ်ပြီး "ဘယ်သူ ပိုက်ဆံလိုရင် ဘယ်သူ့ကို ငါ့ဖိနပ်တိုက်စေမယ်။ ဖိနပ်တိုက်ခ နှစ်ကျပ်ပေးမယ်"လို့ဆိုတယ်။
အဲဒီတုန်းက ဖိနပ်တစ်ခါတိုက်မှ ပြား(၂ဝ)ရတာပါ။ အခု(၁ဝ)ဆလောက်ရမယ့် ပိုက်ဆံက မိုးပေါ်ကကျလာတဲ့ မုန့်တွေလိုပဲ ကောင်လေးသုံးယောက်ရဲ့ မျက်လုံးကို အရောက်လက်သွားစေခဲ့ပါတယ်။
"ကျွန်တော် မနက်ကတည်းက အစာမစားရသေးပါဘူး။ စားဖို့ပိုက်ဆံသာ ထပ်မရခဲ့ရင် ကျွန်တော်ဆာပြီသေသွားလိမ့်မယ်"လို့ အဖော်ကောင်လေးတစ်ယောက်က ဆိုတယ်။
"ကျွန်တော့်အိမ်မှာ အစာပြတ်နေတာ ၃ရက်ရှိသွားပါပြီ။ အမေကလည်း နေမကောင်းဘူး။ အိမ်အတွက် ကျွန်တော်စားစရာဝယ်ပြန်ပေးရမယ်။ ဒီလိုမှမဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျွန်တော် အရိုက်ခံရတော့မယ်"လို့ နောက်ကောင်လေးတစ်ယောက်က ဆိုတယ်။
သူဌေးလက်ထဲက ပိုက်ဆံနှစ်ကျပ်ကိုကြည့်ပြီး ကောင်လေးခဏလောက် စဉ်းစားလိုက်တယ်။ ပြီးမှ "တကယ်လို့ ဒီပိုက်ဆံနှစ်ကျပ်ကို ကျွန်တော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ကျပ်စီ ကျွန်တော်ပေးလိုက်မယ်" လို့ပြောတယ်။ ကောင်လေးရဲ့အပြောကိုကြားတော့ သူဌေးကြီးနဲ့ ကျန်အဖော်နှစ်ယောက်ပါ အံ့အားသင့်သွားကြတယ်။
"သူတို့က ကျွန်တော်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ။ သူတို့ဆာနေတာ တစ်ရက်ရှိသွားပါပြီ။ ကျွန်တော်ကတော့ နေ့လယ်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်။ သူဌေးရဲ့ဖိနပ်ကို ကျွန်တော်တိုက်ပါရစေ။ သူဌေးကို ကျေနပ်စေရပါမယ်" လို့ ကောင်လေးက ဆက်ပြောပါတယ်။
ကောင်လေးကြောင့် သူဌေးခံစားသွားမိတယ်။ ကောင်လေးကို သူဖိနပ်တိုက်စေခဲ့ပြီး ငွေနှစ်ကျပ်ကိုပေးလိုက်တယ်။ ကောင်လေးက ဘာမှမပြောဘဲ ငွေနှစ်ကျပ်ကိုယူပြီး သူ့အဖော်နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်။
ရက်အနည်းငယ်ကြာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားချိန်တိုင်း သူ့ပင်မင်းဆိုင်မှာ အလုပ်လုပ်စေခဲ့တယ်။ ညစာထမင်းပါ ကျွေးခဲ့တယ်။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုကောင်းခဲ့ပါတယ်။
ဒါဟာ ကိုယ့်ထက်ပို ဆင်းရဲကျပ်တည်းသူကို ကူညီခဲ့လို့ ရလာတဲ့အခွင့်အရေးဆိုတာကို ကောင်လေးသိတယ်။ ဒါကြောင့် နောင်နောက်ခါမှာ သူတတ်စွမ်းသလောက် သူ့ထက် ပိုကျပ်တည်းတဲ့လူတွေကို တွေ့တိုင်း ကောင်လေးကူညီခဲ့တော့တယ်။
နောက်တော့ သူဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမားဝင်လုပ်ခဲ့တယ်။ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်။ အသက် (၂၁)မှာ အလုပ်သမားအသင်းထဲ သူဝင်ခဲ့တယ်။ အသက်(၄၅)နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်။
(၂ဝဝ၂)ခုနှစ် အောက်တိုဘာလမှာ "ဒီနိုင်ငံမှာရှိတဲ့ လူတွေအားလုံး တစ်နေ့ကို ထမင်းသုံးနှပ်မှန်မှန် စားစေရမယ်"ဆိုပြီး သူရွေးကောက်ပွဲဝင်ခဲ့တယ်။ ပြည်သူအများရဲ့ အားပေးထောက်ခံမှုကို သူရခဲ့ပြီး ဘရာဇီးနိုင်ငံရဲ့(၃၅)ဦးမြောက်သမ္မတဖြစ်လာခဲ့တယ်။ သူဟာ ဘရာဇီးသမိုင်းမှာ ပထမဦးဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာသူဖြစ်တယ်။ (၂ဝဝ၆)ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ် သူဆက်လက်အရွေးခံခဲ့ရပြန်တယ်။
သူသမ္မတဖြစ်တဲ့ (၈)နှစ်အတွင်းမှာ သူပြောခဲ့တဲ့ကတိအတိုင်း လက်တွေ့အကောင်ဖော်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ၉၃%သောကလေးငယ်တွေနဲ့ ၈၃%သော အရွယ်ရောက်သူတွေကို တစ်နေ့သုံးနပ်မှန်စေခဲ့တယ်။
သူ့ရဲ့ဦးဆောင်မှုအောက်မှာ ဘရာဇီးနိုင်ငံကို "မြက်စားတဲ့ ဒိုင်နိုဆော"ဘဝကနေ "အမေရိကားတိုက်ရဲ့ ခြင်္သေ့"အဖြစ် တစ်ကမ္ဘာလုံးရဲ့ ၁ဝနိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီး ဖြစ်စေခဲ့တယ်။
သူကတော့ တခြားသူမဟုတ်ပါဘူး။ (၂ဝ၁ဝ)နှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ်က တာဝန်ရပ်နားခဲ့တဲ့ ဘရာဇီးသမ္မတာဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို ဘယ်တော့မှ လက်မလျော့နဲ့.. သူတစ်ပါးကိုလည်း ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့တဲ့။
တော်ထက်တဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းက တစ်ပါးသူကောင်းစားရေးအတွက်ပါ။
သူတစ်ပါးကို ကူညီနေစဉ်အတောအတွင်းမှာ သင် ဘုရားဖြစ်လာလို့ပါပဲ။
သူတစ်ပါးကို ဂရုစိုက်လေလေ ကိုယ့်ကိုယ်ကို စိုးရိမ်ပူပန်စိတ် နည်းလေလေတဲ့ ---- Dalai Lamaက ဟောခဲ့ပါတယ်။
http://en.wikipedia.org/wiki/Luiz_In%C3%A1cio_Lula_da_Silva
မူရင်း -- http://www.5719.cn/html/xinling/zheligushi/201201/liangmeiyingbidefenpei_7822.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
အရေးကြီးပါတယ် ညီနောင်အပေါင်းတို့. . . ချိုတူးဇော်
 ဦးခင်ညွန့်ဟာ တနည်း နဲ့ မဟုတ် တနည်းနဲ့တော့ ပြန်ဝင်ကို ၀င်လာမှာပဲ။ ၂၀၁၅ အတွက် ကြိုတင်ခင်းကျင်းနေတယ် လို့ မြင်ပါတယ်။ မနေ့က မေးလ်တစောင်ဝင်လာတယ်။ “ဒေါ်စု မရှိတော့ရင် ဘယ်သူတွေ ခေါင်းဆောင်နိုင်မလဲ ဆိုတဲ့ မေးခွန်းမျိုး အစချီပါတယ် နောက် ဒီပဲယင်းမှာ ဦးခင်ညွန့်ကို သူရဲကောင်းသဖွယ် အန်တီစုအပေါ်မှာ အပြည့်ကာ ကွယ်ခဲ့တဲ့ ဒီမိုကရေစီ လိုလားသူ သဖွယ် ရေးထားတယ်။ မိတ်ဆွေတို့ရေ. . . အပြင်ဗန်းမှာ ပြုပြင်ပြောင်းလဲရေး အသွင်ရှိပေမယ့် အာဏာရှင်တွေဟာ စနစ်တကျနဲ့ကို ကျားကွက် ရွှေ့ ရွှေ့နေတာကို မြင်နေရပါတယ်။ ၈၈ တုန်းက ဗိုလ်အောင်ကြီး ၀င်လာတာကို မမေ့ကြပါနဲ့။ ကျနော်တို့ဘက်က ရှိသမျှ နိုင်ငံရေး အင်အားစုတွေ ပွဲတက်၊ ပွဲထွက် နေကြသလို၊ သူတို့ ကလည်း ထောက်လှန်းရေးတွေ အကုန်ပြန်ထုတ်ပြီး၊ ပြန်ဖွဲ့စည်း ပြန်စောင့်ကြည့်နေတဲ့ သဘောမှာလည်း ရှိပါတယ်။ နောက်မှာ ကျားကွက် ရွှေ့နေတဲ့ သူ တွေ ရှိနေတယ်။ သူတို့ဘက်က လူတွေကို ပုံသဏ္ဍန်မျိုးစုံနဲ့ သွင်းထားတယ်။ မီဒီယာထဲမှာကော၊ (ပြည်ပမီဒီယာ အထိ)၊ အတိုက်အခံ လှုံ့ဆော်ရေးသမားအသွင်နဲ့ကော၊ တချို့ နာမည်ရှိတဲ့ ခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့ သူတွေကိုလည်း အပေးအယူတွေနဲ့ ပြန်မွေး နိုင်တယ်။ တချိန်က လုပ်ခဲ့ဖူးတဲ့ လုပ်ရပ်တွေကို ပြောပြ၊ သတိပေးတာပါ။ ကျနော်ဘယ်သူ့ဘယ်သူကိုမှ စွပ်စွဲနေတာ မဟုတ်ပါဘူး။ ဦးနေ၀င်းမောင် သေသွားပေမယ့် ဦးနေ၀င်းမောင်ရဲ့ ရောင်းရင်းတွေ ကျန်နေ၊ လှုပ်ရှားနေ သေးတယ်။ ဘယ်သူဘယ်ဝါတွေဆိုတာ မကြာခင်မှာ ပေါ်လာပါလိမ့်မယ်။ တပ်မတော်ထဲမှာလည်း အန်တီစု ကို အမျိုးသားရေးနဲ့ ရှုံ့ချတိုက်ခိုက်ထားခဲ့တာ ဟိုးတုန်း ကတည်းက ပါ။ ခုချိန်မှာ သမ္မတနဲ့အစိုးရကိုပါ ဆုံးဖြတ်ချက်တချို့ကြောင့် စစ်သည်တွေ ဆုံးရှုံးနစ်နာ ရသယောင်ယောင် သတင်းလွှင့်စ ပြုနေတယ်။ အမျိုးသားရေး၊ ဘာသာရေး တွေ လှုံ့ဆော် စ ပြုလာတယ်။ နိုင်ငံခြားသား နဲ့ ပြဿနာဖြစ်တာကအစ ကာချုပ်က အမျိုးသားရေး စိတ်ဓါတ်ပြင်းထန် သူ ဆိုတာမျိုး တဘက်လှည့်နဲ့ သတင်းလုပ်လာတာတွေလည်း ရှိလာတယ်။ ပြည်ပ က အင်အားတွေကို ဖြိုခွဲဖို့ အဓိက သူတို့ ရည်ရွယ်နေတယ်။ ကွန်ဂရက်၊ အီးယူနဲ့ ကုလအဖွဲ့အစည်းအသီးသီးကိုထိ ပေါက်ရောက်နေတဲ့ အင်အားတွေ ပြည်တွင်းက လှုပ်ရှားမှုတွေကို ငွေအားလူအားမီဒီယာအားနဲ့ ထောက်ပံ့မှုတွေကို ဖြတ် တောက်ဖို့ အဓိက ကြိုးပမ်းနေကျတာတွေကို တွေ့ရတယ်။ တကယ်လို့ ရိုးဖြောင့်စွာ တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်ဖို့ခေါ်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို ပတ်စ်ပို့တွေပိတ်စရာ အကြောင်းမရှိဘူး။ ၀ိုင်မေးလ်၊ ၀ိုင်တော့ခ် ဆိုတာတွေဟာ တကယ့်လွတ်လပ်တဲ့ အင်တာနက်ဆက်သွယ်မှု တွေကို အပြည့်အ၀ပေးမယ်ဆိုရင် လို ကို မလိုပါဘူး။ ရည်ရွယ်ချက်က တရုတ်ပြည်မှာ လို ကန့်သတ် ဆက်သွယ်ရေးစနစ်တွေ လုပ်လာဖို့ရည်ရွယ်ဟန်တူပါတယ်။ သတင်းအမှောင်ချရေး၊ ပြည်တွင်းပြည်ပဆက်သွယ်မှုတွေကို ကန့်သတ်ဖြတ်တောက်ရေး၊ နဲ့ တချိန်တည်းမှာ ပြည်သူတွေဆီက အမြတ်ထုတ်ရေးလည်း ပါပါတယ်။ မီဒီယာသမားတွေ လမ်းဖွင့်ပေးလိုက်တာနဲ့အစုလိုက်အပြုံလိုက်ဝင်ကြတယ်။ ကျောထောက်နောက်ခံအားကြီးတဲ့ ဗီအိုအေ လို သတင်း ဌာနမျိုးကို သူတို့ထိလို့မရပေမယ့်၊ ပုဂ္ဂလိက ဌာနအသေးလေးတွေ ဒုက္ခရောက်သွားနိုင် တယ်။ ပြည်ပမှာ ရှိတဲ့သူတွေကို အမျိုးမျိုး ရန်တိုက်ပေး၊ သိက္ခာချတာတွေ လုပ်ပြီး မ၀င်လာဝင် လာအောင် ဆွ လိမ့်မယ်။ ကျနော်တို့ မေးခွန်းထုတ်ရမှာ “ဘာတွေ ပြောင်းလဲ တိုးတက်လာပြီ လဲ” ဆိုတဲ့မေးခွန်းပါ။ ကျနော်တို့ ဖမ်းထားတဲ့သူတွေကို လွှတ်ပေးတာ၊ ကြားဖြတ်ရွေးကောက်ပွဲမှာ အန်တီစု ကို ပြိုင်ခွင့်ပေးတာ အပြုသဘော အပေါင်းလက္ခဏာတွေပါ။ ဒါပေမယ့် ခုချိန်ထိတော့ ပြည်သူ့လက်ထဲကို အာဏာမရောက်သေးပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲ မှာ NLD နိုင်သည့်တိုင် အနည်းစု minority ဆိုတာ မမေ့ပါနဲ့။ အဲဒီရွေးကောက်ပွဲ ဘယ်လောက် လွတ်လပ်သန့်ရှင်း တရားမျှတတယ်၊ မမျှတဘူးဆို တဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ ကြံ့ဖွံ့ပါတီနဲ့ တပ်မတော်ကို ကိုယ်စားပြုထားတဲ့ အမတ်တွေဟာ ဘယ်လောက် ပြုပြင် ပြောင်းလဲရေးကို ဦးတည်တယ် မတည်ဘူးဆိုတာ လွှတ်တော်အစည်းအဝေးတွေကျရင် ပေါ်လာပါဦးမယ်။ တချိန်တည်းမှာ အန်တီစု နဲ့ ၈၈ တွေကြားမှာ အပါအ၀င်၊ အတိုက်အခံနိုင်ငံရေးအင်အားစုတွေကြားမှာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ သွေးခွဲဖို့လည်း ကြိုးစားပါလိမ့်မယ်။ သူတို့လိုချင်တာ အန်တီစုနဲ့ ၈၈တွေ ပါတီပြိုင်ထောင်ပြီး သူတို့ဆင်ပေးတဲ့ ရွေးကောက်ပွဲမှာ တဘက်နဲ့ တဘက် အနိုင်ရအောင် ပြိုင်နေတာမျိုးလည်း ဖြစ်နိုင်တယ်။ အန်တီစုနဲ့ ၈၈တွေ၊ ဒီမိုအင်အားစုအားလုံး လွှတ်တော်တွင်းမှာ ဖြစ်စေ၊ လွှတ်တော်ပြင်မှာဖြစ်စေ၊ လွှတ်တော်တွင်း လွှတ်တော်ပြင် ချိတ်ဆက်ပြီးပဲဖြစ်စေ တညီတည်း၊ တသံတည်းဖြစ်နေမှာ ကို သူတို့မလိုချင်ဆုံးပဲ။ ဒီအချိန်မှာ ဘာပဲဖြစ်ဖြစ်၊ ညီညွတ်ရေး က အဓိကအကျဆုံး အင်အားပါ။ ဘာမှ ကို မသေချာ၊ စိတ်မချရသေးတဲ့ သဘောမှာ ရှိပါတယ်။ အစိုးရ၊ ကြံ့ဖွံ့နဲ့ တပ်မတော်ထဲက တကယ့်ကို တိုင်းပြည်အတွက် စိတ်ရင်းမှန်နဲ့ ပြုပြင်ပြောင်းလဲလိုတဲ့ အင်အားတွေ ကိုပါ ညီညွတ်ရေး၊ တကယ့်ကို အမျိုးသားညီညွတ်ရေးဆိုတာ ကိုယ့်အချင်းချင်း မညီညွတ်ပဲ နဲ့လည်း မရ နိုင်ပါ။ ခုချိန်မှာ စစ်အာဏာရှင်အုပ်စု ဟာ တဆင့်ချင်း အောင်မြင်စွာ ဆုတ်ခွာနိုင်ဖို့ အတွက် ခံစစ်ကို အခိုင်အလုံဆုံး တည်ဆောက်နေတယ်။ သေချာ သုံးသပ်ကြည့်ပါ။ ခုချိန်ထိ ဘာမှ မရသေးပါဘူး။ ပြည်သူလူထု တရပ်လုံးအနေနဲ့ အာဏာရှင်တွေ အကြောက်ဆုံးက အမှန်တရား ဆိုတာ မမေ့ပါနဲ့။ အမှန်တရားကို ကိုယ်စားပြုတဲ့ သတင်းအချက်အလက်တွေကို လက်နက်အနေနဲ့ ပြည်သူ လူထု က ကိုင်စွဲပါ။ သတင်းမီဒီယာ ဆိုတာ မီဒီယာ သမားမှ သတင်းထောက်မှ လုပ်ရတဲ့အလုပ်မဟုတ်ပါ။ အိုင်တီခေတ်မှာ လက်ကိုင်ဖုန်းလေးကပဲဖြစ်ဖြစ် ပြည်သူလူထုအနေနဲ့ မမှန်ကန်တဲ့၊ မတရားတဲ့ ဖြစ်ရပ်တွေကို တင်ဖို့ပို့ဖို့ ၀န်မလေးပါနဲ့။ ရွှေဝါရောင် တော်လှန်ရေးကြီးရဲ့ နောက်ဆက်တွဲ ပြည်သူတွေအောင်ပွဲခံလာရတာ သတင်းမီဒီယာ ကြောင့်သာ ဆိုတာ မမေ့ကြပါနဲ့ဗျာ။ မှန်ကန်တဲ့ သတင်းထုတ်ဖေါ်မှုတွေကို နေရာတိုင်းမှာ လုပ်ကြပါ။
ချိုတူးဇော်
(From facebook)
Sunday, February 12, 2012
တိုင်းရင်းသားလား? နိုင်ငံသားလား?
ကျွန်ပ်တို့၏ကမ္ဘာမြေပြင်၌နေထိုင်ကြသောလူမျိုးတိုင်းသည်လူမျိုးစုများဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင်လူမျိုးစုပေါင်း ၁၀၀ ကျော်ခန့်နေထိုင်ကြောင်းလေ့လာမှတ်သားဖူးသည်။ မည်သို့ပင်ဖြစ်စေ လူမျိုးစု၊ လူနည်းစုဆိုသည်မှာ လူဦးရေနည်းသော လူမျိုးတစ်စုကိုခေါ်ဆိုကြောင်းကျွန်တော်တို့အလွယ်တကူသဘောပေါက်မိကြသည်။ ထိုသဘောပေါက်မှုသည်မှားယွင်းသောသဘောပေါက်မှုဖြစ်သည်။ ထိုသို့ယူဆမိသောကြောင်း ( ethnic minorities as ethic, ethic people ) လူမျိုးစု၊ လူနည်းစုဖြစ်ရခြင်းမှာ သာမန်မဟုတ်သလိုထင်တတ်ကြပြီး၊ လူဦးရေများသည့် လူအဖွဲ့အစည်းတစ်ခုမှ ကွဲပြားခြားနားသူများ (Diviant) အဖြစ်ရှုမြင်တတ်ကြသည်။ Neil Thomspon ရေးသားသော Anti-Discriminatory Practice စာအုပ်တွင် သူပြောသည်မှာ..
“it is often forgotten that all people are ‘ ethnic’, that is, belong to a cultural group, and so it is both inaccurate and misleading to refer to members of ethnic minorities as ‘ethnics’ or ‘ethnic people’. This implies that to be a member of the ethnic majority is ‘normal’ and so members of ethnic minorities are by definition deviant. This is a form of racism” ဟုဆိုပါသည်
လူတိုင်း၊လူတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းကို ယင်းတို့၏ တန်ဖိုးများ၊ ယဉ်ကျေးမှုများ၊ အတွေးအမြင်များ၊ အမျိုးသားရေလက္ခဏာများဖြင့်ဖွဲ့စည်းထားပါသည်။ ယင်းကြောင်း လူမျိုးစု များနှင့် တခြားလူဦးရေများသော လူမျိုးတစ်မျိုးနှင့် လူဦးရေများသည်ကလွဲပြီး မည်သည်တစ်ခုမျှကွာခြားခြင်းမရှိပါ။ ထို့ကြောင်း သည်ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်လူအားလုံးသည် လူမျိုးစုများဖြစ်ကြပါသည်။ အခြားတစ်မျိုးယူဆလျှင် သည်ကမ္ဘာမြေကြီးတွင် လူမျိုးစု (သို့) တိုင်းရင်းသားဆိုသည်ဝေါဟာရများမရှိနိုင်ပေ။
ကျွန်တော်စဉ်းစားမိသည်မှာ လူမျိုးတိုင်းသည်လူမျိုးစုဖြစ်သည် (သို့မဟုတ်) သည်ကမ္ဘာမြေကြီးတွင်လူမျိုးစုဟုခေါ်သောလူအစုမျာုးမရှိပါ။ ကျွန်တော်တို့သည်လူသားမျိုးနွယ်များသာဖြစ်ကြပါသည်။ Thomspon စကားကိုပြန်ကောက်ရသော် မြန်မာနိုင်ငံ၌လူများစုဖြစ်သောဗမာ(မြန်မာ) ဖြစ်ရခြင်းသည် အခွင့်ထူးခံလူတန်စား(သို့မဟုတ်) နံပါတ်တစ်ဦးစားပေးလူတန်းစားဖြစ်နေပြီး တစ်ခြားလူမျိုးနွယ်စုများမှာ နံပါတ်(၂) အဆင့်ရှိလူတန်းများကဲ့သို့ဖြစ်နေတော့သည်။ မြန်မာတပ်မတော်တွင် နှင့်အုပ်ချူပ်ရေးဘက်ဆိုင်ရာများတွင် ရခိုင်လူမျိုးများ မည်သို့ပင်တော်စေကာမှု အဆင့်ထိပ်သို့မတက်နိုင်ကြပေ။ သည်ကိစ္စနှင့်ပတ်သတ်လျှက် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှဒေါက်တာအေးမောင်မှပွင့်ပွင့်လင့်လင့်ဝေဖန်ထောက်ပြထားသည်။
ကျွန်တော်တို့နေထိုင်သောမြန်မာပြည်တွင်လူတိုင်းသည်တိုင်းရင်းသားဆိုသောစကားလုံးကိုကြားဖူးလိမ့်မည်။ တနည်းဆိုရသော် သည်တိုင်းရင်းသားဆိုသည့်စကားလုံးသည် အလွန်ပင်ပေါ်ပျူလာဖြစ်သောစကားလုံးတစ်လုံးဖြစ်သည်။ အစိုးရ၊အတိုက်အခံ၊လူမျိုးစု ထိုထိုသောနိုင်ငံရေးအဖွဲ့အစည်းများကြားတွင်တိုင်းရင်းသားဆိုသည့်စကားလုံးအလွန်ပင်ခေတ်စားလေသည်။ တိုင်းရင်းသားအခွင့်အရေး၊တိုင်းရင်းသားအရေး၊ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးစသည် အရေးပေါင်းသောင်းခြောက်ထောင်နှင့်နပန်းလည်းလုံးလာကြသည်မှာများပြီ။
တိုင်းရင်းသားဟုသောစကားပေါ်ပေါက်လာခြင်းသည်မြန်မာနိုင်ငံအတွက်အကျိုးတစ်စုံတရာဖြစ်ထွန်းနိုင်၊မဖြစ်ထွန်းနိုင်ဆိုသည်မှာ အလွန်ပင်စဉ်းစားရခက်ပါသည်။ မည်သူပင်ဆိုစေ တိုင်းရင်းသားဆိုသည့်စကားကြောင်း မြန်မာနိုင်ငံတွင်ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများဖြစ်ပေါ်ခဲ့သည်။ လူနည်းစုတိုင်းရင်းသားအားလုံးမြန်မာလူမျိုးများအား အစာမကြေမှုများသာ ရလဒ်အဖြစ်ပေါ်ထွက်ခဲ့ပါသည်။ တိုင်းရင်းသားဆိုသည့်စကားလုံးကြောင်း လူမျိုးရေး ခွဲခြားဆက်ဆံမှုများ ကျွန်တော်တို့ကြုံတွေ့လာရသည်။
ကျွန်တော်နေဖူးသော ယူကေတွင် မြောက်အိုင်ယာလန်၊စကော့တလန်၊ဝေလနယ်နှင့်အင်္ဂလန်ဟု ပြည်သုံးပြည်ရှိပါသည်။ အတူတကွအေးချမ်းစွာနေထိုင်ကြသည်။ ကျွန်နော်နေထိုင်စဉ်ကာလအတွင် စကော့လူမျိုးများ၊ဝေလေလူမျိုးနှင့်မြောက်အိုင်ယာလန်သားများအား အင်္ဂလိပ်တိုင်းရင်းသားများဟုသုံးနှုန်းသံ၊ပြောဆိုသံ၊ ရေးသားမှုများ မမြင်ဖူးမကြားဖူးပါ၊ စကော့၊ဝေး(လ်)၊ အိုင်းရစ် စသည့်အသုံးနှုန်းသာကြားဖူးပါသည်။
မည်သည့်အတွက်ကြောင်းတိုင်းရင်းသားဆိုသည့်စာလုံးမြန်မာစကားတွင်ပေါ်ပေါက်ခဲ့ပါသနည်း။ တိုင်းရင်းသားဆိုသည့် စာလုံးကို အဓပ္မာယ်ဖော်ဆောင်သည့်ဖော်ညွန်းချက်မြောက်မြားစွာရှိပါသည်။ ကျွန်တော်ညာဏ်မမီ၍အကျယ်မချဲ့လိုပေ။ ရန်ကုန်တွင်ကျွန်တော်နှင့်အလွန်ရင်းနှီးသော သမာသမတ်ကျသောမြန်မာဆရာတစ်ယောက်ကို တိုင်းရင်းသားဆိုသည့်စကားလုံးအကြောင်းကျွန်တော်မေးဖူးသည်။ ဆရာပြောသည်မှာ ရှင်းသည်၊ တိုသည်၊ပြတ်သားသည်။ “ တိုင်းရင်းသားလို့သမှတ်လိုက်တာ၊ခေါ်လိုက်တာဟာ မင်းတို့ ရခိုင်၊ရှမ်း၊ကချင်၊ကရင် စတဲ့လူမျိုးတွေကို ဗမာခေါင်းဆောင်တွေ တဆင့်နှိမ့်လိုက်တာဖြစ်တယ်” ဟုသူပြန်ဖြေသည်။ သူ့အဖြေကိုအတိုင်းအတာတစ်ခုကျွန်တော် လက်ခံမိသည်။
တစ်နေ့တွင် ကျွန်တော်သည် တောင်ဒဂုံအခွန်ရုံးသို့ရောက်ရှိခဲ့သည်။ အခွန်ဝန်ထမ်းများနှင့်ကျွန်တော်စကားလက်ဆုံကျဖြစ်သည်။ ကျွန်တော်စကားပြောရာတွင်ရခိုင်ဝဲသံပါလေရာ အခွန်အရာရှိအမကြီးတစ်ယောက်က ကျွန်တော်အား တိုင်းရင်းသားလားဟုမေးသည်။ ကျွန်တော်က ဟုတ်မှန်ကြောင်းကျွန်တော်သည် ရခိုင်လူမျိုးဖြစ်ကြောင်းပြောပြသည်။ အမကရော ဘာတိုင်းရင်းသားလဲဟုကျွန်တော်ပြန်မေးရာ သူမအဖြေကြောင်းကျွန်တော်ခေါင်းထဲ အတွေးပေါင်းများစွာရိုက်ခတ်ကုန်သည်။ သူမအဖြေမှာ သူမသည် တိုင်းရင်းသားမဟုတ်ကြောင်း၊ မြန်မာလူမျိုးစစ်စစ်ဖြစ်ကြောင်းပြောသည်။
    ဆက်စပ်တွေးတောရလျှင် တိုင်းရင်းသားဖြစ်ခြင်းသည် အဆင့်(၂)တွင်ရှိလျက်မြန်မာ(ဗမာ)လူမျိုးသည် အဆင့်(၁)တွင်အမြဲတမ်းရှိနေသည်။ယင်းကြောင်းမြန်မာလူမျိုးများသည်မိမိကိုယ်ကို ဗမာတိုင်းရင်းသား (သို့ ) မြန်မာတိုင်းရင်းတိုင်းဟု မခံလိုကြပေ။ တိုင်းရင်းသားဖြစ်ခြင်းသည်တဆင့်နှိမ့်သည်ဟုခံစားထင်မြင်တတ်ကြသည်။ တခြားမွန်၊ချင်း၊ ရခိုင်များကသာ မြန်မာတိုင်းရင်းများဖြစ်လျက် မြန်မာ၊ဗမာ များမှာ လူမျိုးကြီး (သို့မဟုတ်)
မဟာအဖြစ်ဆိုက်ရောက်ကုန်တော့သည်။ဗမာ(သို့)မြန်မာများသည် မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသောတခြား ညီအစ်ကိုလူမျိုးစုများ၏တိုင်းရင်းသားမဟုတ်ပေလား၊ ထိုခံစားမှုသည် လူအချင်းချင်းခွဲခြားဆက်ဆံမှု၊ လူမျိုးကြီးဝါဒ၏ သန္ဒေသားလောင်းများဖြစ်သည်။ ပိုဆိုးသည်မှာ မြန်မာ (၀ါ ) ဗမာ လူမျိုးသည် မိမိကိုယ်ကို လူမျိုးစုတစ်စုဆိုသည်ကိုပင်မေ့လျော့နေတတ်သည်။
မကြာသေးမီက ကျင်းပလားသော အကယ်ဒမီဆုပေးပွဲတွင် အနောင်စာမှ သက်မွန်မြင့်အား ချင်းတိုင်းရင်းသူလေးဟု သုံးနှုန်းသွားသည်ကို စာဖတ်သူတို့ကြားလိုက်မိကြလိမ့်မည်။ မြှောက်စားလိုခြင်းကြောင်းလား၊ နှိမ့်ချခြင်းလား ပြုလုပ်သူများသာသိမည်။ တခြားအကယ်ဒမီဆုကြီးများ မြောက်မြားစွာရလားသော မြန်မာ(၀ါ)ဗမာ လူမျိုးများအား အနောင်စာမှ ဗမာတိုင်းရင်းသူ(၀ါ) မြန်မာတိုင်းရင်းသားလေး မည်သူမည်ဝါဟု မခေါ်သင့်ပေဘူးလားဟု ကျွန်တော်ဆပ်စပ်တွေးတောမိတော့သည်။ လူမျိုးရေးခွဲခြားသူများသည် မည်သူများနည်း၊ စာဖတ်သူများသုံးသပ်ကြည့်ပါလေ။
မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံတွင်တိုင်းရင်းသားဆိုသောစကားလုံးသည် နိုင်ငံရေးလက်နက် ( political weapons) အဖြစ်အသုံးပြုရန်တွက်ပေါ်ထွက်လာခြင်းဖြစ်သည်မှာ ငြင်းစရာမလိုပါ။ တိုင်းရင်းသားအစား ပြည်ထောင်စုသားဟုမှည့်ခေါ်လျှင် ကောင်းဦးမည်ဟုထင်မိပါသည်။ ၎င်းတိုင်းရင်းသားဆိုသည့်စကားလုံးစနက်ကြောင်းမြန်မာနိုင်ငံသည် အနောက်ဘက်မှခိုးဝင်သည့် လူမျိုးခြားများ၏ တိုင်းရင်းသားတောင်းဆိုမှု၊ နယ်မြေချဲထွင်မှုများနှင့်ကြုံတွေ့နေရပြီဖြစ်သည်။ ထိုကိစ္စများအား ရခိုင်ပြည်နယ်တွင်သာဖြစ်ခြင်းဖြစ်သည်၊ ရခိုင်လူမျိုးများ၏ပြဿနာသာဖြစ်သည်စသည်ဖြင့် အတွေးလွယ်ပါက မကြာမှီကာလအတွင်း မြန်မာပြည်တစ်ပြည်လုံးဒုက္ခလှလှတွေ့လားပါလိမ့်မည်။ ကြာမည်၊မြန်မည် ထိုနှစ်မျိုးသာရှိနိုင်သည်။
ကျွန်တော်စကော်တလန်တွင်ရှိစဉ်ကာလအတွင်းလန်ဒန်မြို့ရှိမြန်မာဘုန်းတော်ကြီးကျောင်းတွင် တရားစခန်းဝင်ဖူးသည်။ တစ်နေ့တွင်စကားလက်ဆုံကျခိုက်မြန်မာမျိုးချစ်များမှ မြန်မာသမိုင်းအကြောင်းအစချီတော့သည်။ မြန်မာဘုရင်များ၏စစ်ပွဲများအကြောင်း၊ မြန်မာပညာရှိများ၏အပြောအဆို၊ မြန်မာဘုရင်များ၏စစ်ပရိယယ်ကြွယ်ဝမှု စသည့် ပြောမဆုံးနိုင်သောမြန်မာသမိုင်းအကြောင်းများဆွေးနွေးကြသည်။ ကျွန်တော်လည်း ပွင့်ပွင့်လင့်လင့်ဝင်ရောက်ဆွဲနွဲမိသည်။
မြန်မာသမိုင်းအကြောင်းပြောလို့သူတို့မောနေလောက်ပြီဟုအထင်နှင့်ကျွန်တော်ရခိုင်သမိုင်းအကြောင်း အနည်းငယ်မိတ်ဆတ်မိတော့သည်။ ဤ်တွင်ပြဿနာစတော့သည်။
မြန်မာမျိုးချစ်များမှကျွန်တော့ကိုပြောပြသည်မှာ ရခိုင်သည်ဗမာလက်အောက်ခံဖြစ်ကြောင်း၊ ရခိုင်ဘုရင်များမှ မြန်မာဘုရင်များအား အခွန်ပဏာဆက်ရကြောင်း၊ ရခိုင်ပြည်အား မည်သည့်အချိန်မဆိုသိမ်းပိုက်လျှင်ရကြောင်း၊ ရခိုင်စကားနှင့်ဗမာစကားဆင်တူနေခြင်းကြောင်း မြန်မာဘုရင်များညီငယ်များသဖွယ်ဆက်ဆံသောကြောင်း သနားညှာတာသောအားဖြင့် ဗမာ(၀ါ)မြန်မာများမသိမ်းပစ်ခဲ့ခြင်းဖြစ်ကြောင့် စသည့် ရခိုင်သမိုင်းအသစ်များဖြင့်မိတ်ဆတ်ပေးပါတော့သည်။
အလွန်ပင်အထက်စီးနိုင်လွန်သည်ဟုကျွန်တော်ထင်မိပါသည်။ ပိုထူးဆန်းသည်မှာ
ဤစကားဝိုင်းတွင်ဝင်ရောက်ပြောဆိုကြသေူလူငယ်များမှာ လန်ဒန်၌ကျောင်းတတ်နေသောခောတ်ပညာတတ်လူငယ်များဖြစ်နေခြင်းကြောင်းပင်။ နောက်လူငယ်တစ်ယောက်မှဆက်ပြီး “ ရခိုင်တွေမဆိုးပါဘူး၊ မြန်မာနိုင်ငံမှာ အဆင့်(၃)လောက်ရှိတာဘဲ” ဟုဆိုသည်။ ကျွန်တော်မှ လွန်စွာအံ့သြသင့်လျက် အဆင့်ဆိုသည်မှာ မည်သည့်အရာကိုပြောပါသနည်းဟု စိတ်ဝင်စားစွာမေးမိရာ သူရှင့်ပြမှပိုပြီးအံ့သြရတော့သည်။ သူဆက်ပြောသည်မှာ မြန်မာနိုင်ငံတွင် မြန်မာလူမျိုးသည် အဆင့်(၁)ဖြစ်ကြောင်း၊မွန်သည်အဆင့်(၂)ဖြစ်ကြောင်းနှင့် ရခိုင်သည်သမိုင်းအထောက်အထားအရ အဆင့်(၃) လောက်ရှိကြောင်းစသည်ဖြင့်ပြောပြသည်။
သမိုင်းအထောက်အထားအရ မြန်မာနိုင်ငံတွင် ရခိုင်သည်အဆင့်(၃)ဟုပြောသော် အမှားကြီးမှားနေပါသည်။ အဘယ့်ကြောင်းဆိုသော်
ရခိုင်လူမျိုးများသည် မိမိကိုယ်ပိုင်နိုင်ငံတည်ထောင်ပြီး ဗမာ(မြန်မာ) လူမျိုးများထက် နှစ်ပေါင်း(၁၀၀၀)ခန့်စောလျက် မြို့ပြနိုင်ငံတည်ထောင်ခဲ့ကြသည်။ ယဉ်ကျေးမှုများထွန်းကားခဲ့သည်။ ရခိုင်လူမျိုးများသည်ငွေကြေးစနစ်များတီထွင်ပြီး ရွှေဒင်္ဂါးများသွန်းလုပ်ချိန်တွင် ဗမာနိုင်ငံတွင် စီးပွားရေးဆိုင်ရာငွေကြေးလှဲလယ်မှုစနစ်မှာ အလွန်ပင်နိမ့်ကျနေပါသေးသည်။ သမိုင်းအထောက်အထားအရ ရခိုင်ဘုရင်များသည်မည်သည့်နိုင်ငံသြဇာမှမခံယူခဲ့ပေ။
မွန်ဂိုများပင်ဖိန့်ဖိန်တုန်အောင်ကြောက်ရသောရခိုင်ပြည်သည် ဗမာဘုရင်အား အခွန်ဆက်သသည်ဆိုသည်မှာရာယ်စရာတော့ကောင်းပါသည်။ဤသို့ထောက်ပြရခြင်းမှာ ရခိုင်သမိုင်းကြောင်းကြွားလို၍မဟုတ်ပေ။ အမှန်တရားတစ်ခုကိုမိတ်ဆက်ပေးခြင်းသာဖြစ်သည်။ဤသို့ဖြင့်ကျွန်တော်သည် ကိုယ့်ထီး၊ကိုယ့်နန်း၊ကိုယ့်နိုင်ငံဖြင့် နှစ်ပေါင်းထောင်ချီနေထိုင်ခဲ့သော ရခိုင်လူမျိုးအတွက် သမိုင်းစာမျက်နှာအသစ်တစ်ခုရလိုက်သည်။
အမှန်တရားကိုရင်ဆိုင်နိုင်မှုမြန်မာလူငယ်များစိတ်ထဲတွင် အလွန်နည်းပါးနေပြီးလား၊ မိမိနှင့်မတူခြားနားသောလူများကို လေးစားနိုင်သောစိတ်ထားများအလွန်ပင်နည်းနေပြီးလား၊ မိမိသမိုင်းကိုတန်ဖိုးထားသကဲ့သို့ တစ်ခြားလူမျိုးများ၏သမိုင်းများကိုလည်း မြန်မာလူငယ်များတန်ဖို့ထား လေးစားတတ်ပြီလား၊ မေးစရာများတန်းစီနေပါတော့သည်။
မည်သည့်အတွက်ကြောင်းထိုကဲ့သို့ဖြစ်ရပါသနည်း။ မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသော လူမျိုးများ၏သမိုင်းများကို လေ့လာမှုအားနည်းခြင်းကြောင်းလား၊ အရွဲ့တိုက်ခြင်းလား၊ မြန်မာလူမျိုးကြီးဝါဒလောင်းရိပ်မိခြင်းကြောင်းလား၊ တိုင်းရင်းများအားအဆင့်လိုက်ခွဲခြားသတ်မှတ်ခြင်းကြောင်းလား၊ စသည့်လားပေါင်းတစ်ရာနှင့်ကျွန်တော်နပန်းလုံးရတော့သည်။
ညာဏ်မှီသလောက်စဉ်းစားရသော် မြန်မာလူငယ်များသည် မဟာဝါဒလောင်းရိပ်မိနေကြသည်။ တိုင်းရင်းသားဆိုသည်မှာ အဆင့်နှိမ့်သောလူမျိုးစုနွယ်များအဖြစ်ထင်မြင်နေကြသည်။ ယင်းကြောင်း ရခိုင်လူမျိုးများမှ သမိုင်းကြောင်းများကိုထုတ်ဖော်ရေးသားပြောဆိုလာလျှင် မြန်မာအများစုမှာ မနှစ်မြို့ကြပေ။ ရခိုင်ထမင်းဆိုင်တွင် ရခိုင်သီချင်း ဗွီစီဒီ ကာရာအိုကေဖွင့်သောကြောင်း  စိတ်ကသိကအောက်ဖြစ်ဟန်တူသော မြန်မာများကို ကျွန်တော် ထူးဆန်းအံ့သြစွာတွေ့ဖူးပါသည်။
ထိုသို့ထင်မြင်လာအောင်လည်းအဘက်ဘက်မှတွန်းအားပေးလျက်ရှိပါသည်။ ဆက်စပ်ပြောရလျှင်ယင်းကဲ့သို့စိတ်ထားများဖြင့် တိုးတက်သောပြည်ထောင်စုလူ့ဘောင်အဖွဲ့အစည်းအားတည်ဆောက်အလှမ်းဝေးနေဦးမည်။ အပေါင်းလဏ္ခာဆောင်သော ချဉ်းကပ်မှုများကို လူငယ်များလက်ခံမှုအားနည်းပေလိမ့်မည်။ လူမျိုးစုများကြား ညို့နှိင်းမရသော ကွာဟမှုများကျွန်တော်တို့ယခုလက်ရှိခံစားနေရသည်။ အနာဂတ်တွင်လည်းခံစားလာရမည်။
ကျွန်တော်စကောတလန်တွင်သက္ကသိုလ်တက်နေစဉ်အတွင်း ရခိုင်ပြည်နယ်ကိုယ်စားပြု ပဉ္စ၀တီအက်(ဖ)အမ် ကိုရခိုင်ဘာသာဖြင့်လွင့်မည်ဟုကြားသိမိခြင်းကြောင်းအလွန်ပင်ဝမ်းမြောက်မိသည်။ သို့သော်လည်း မှန်ချက်နှင့်နှမ်းထွက်တက်တက်စင်လွဲခဲ့ရသည်။ ထိုရေဒီယိုအသံလွင်ဌာနမှာ ရခိုင်ဘာသာစကားနှင့် လွင့်မလိုလိုနှင့်ထုံးစံအတိုင်းမြန်မာဘာသာဖြင့်လွင့်သည်။ ရခိုင်သီချင်းဂဏ္ဍ မိနစ်(၂၀)မှလွဲလျက် အားလုံးမြန်မာစကားဖြင့်လွင့်သည်။ စစ်တွေမြို့မှ ရပ်မိရပ်ဖ နှင့် ရခိုင်လူငယ်၊ ဘုန်းကြီး၊ကိုရင်စသည့်တို့ကို ပဉ္စ၀တီအက်(ဖ်)အမ်ကို ပတ်သတ်လျက်ကျွန်တော် စစ်တမ်းကောက်ကြည့်သောအခါ ၎င်းတို့မှ ရခိုင်ဘာသာဖြင့်လွင့်စေချင်ကြောင်းပြောကြသည်။
ဂျာပန်နိုင်ငံ၌ အိန္ဒိယ လူမျိုးများအတွက် အိန္ဒိယကုလားဘာသာဖြင့် ရေဒီယိုအသံလွင့်ပေးသည်ဟုကြားသိရသည်။ ယူကေတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသော ( စကော့တလန်လူမျိုးမှုရင်းစကား၊ စကော်တလန်သားများယင်းစကားကိုမပြောကြတော့ပါ) ဂေလိလ့်( Gaelic) ဆိုသောဘာသာစကားဖြင့်ပင် အသံလွင့်ပေးခြင်း၊ သတင်းစာများရိုက်ထုတ်ဝေခြင်းများရှိသည်။ လူဦးရေ ၃ သန်းခန့်မျှပြောဆိုသောရခိုင်စကား၊ရခိုင်ဘာသာဖြင့် သတင်းစာမပြောနှင့် ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်မဖတ်ဖူးပါ။ ဘာသာစကာများမပျောက်ကွယ်ရအောင် ယူနစ်စကိုမှ လုံးလမ်းထုတ်နေချိန်တွင် မြန်မာနိုင်ငံတွင် မြန်မာစကားပြောရာတွင် မိခင်အသံဝဲနေသောကြောင်း အဟားခံရကိန်းဆိုက်နေပါသည်။
အထက်တွင်ပြောခဲ့သည့်အတိုင်းလူမျိုး တစ်မျိုးနှင့်မည်သို့ထပ်တူမကျနိုင်ပေ။ မြန်မာများဖြစ်ကြသော ရန်ကုန်သားနှင့်မန္တလေးသူတောင် မတူမတူ၊ ဘယ်အရာမှမတူကြပါ။ ထို့ကြောင်း ရခိုင်နှင့်မြန်မာ တူရမည်ဆိုသည်မှာ မဖြစ်နိုင်ပေ။ လူအချင်းချင်းအဘယ့်ကြောင့်မတူရပါသနည်း။
Storkey(1991) ကထောက်ပြသည်မှာ
“ All the characteristics which go to make up cultural identity origins, physical appearance, language, family structure, religious belief, political, food, art, music, literature, attitudes towards the body, gender roles, clothing, education.” ဟုဆိုပါသည်။ လူမျိုးတစ်မျိုး နှင့် တစ်ယောက်နှင့်တစ်ယောက် ယင်းတို့၏ကြီးပြင်ပုံနေရာဒေသအလိုက်ကွဲပြားမှုရှိပါသည်။ ဥပမာ ဆိုရသော် ရခိုင်ဒေသတွင်မွေးလျှင် ရခိုင်ရိုးရာဓလေ့ထုံးတမ်းအစီအလာ၊ဘာသာစကား၊ယုံကြည်မှု၊တွေးခေါ်မှု၊ဂီတ၊အနှပညာ စသည့်ရေမတွက်နိုင်သောအရာများသည် ယင်းလူအား ရခိုင်တစ်ယောက်အဖြစ်ပုံသွင်းပေးပါသည်။ ရန်ကုန်တွင်မွေးသောရခိုင်တစ်ယောက်နှင့် ရခိုင်ပြည်နယ်တွင်မွေးဖွားသောရခိုင်တစ်ယောက်မတူကြပါ။ ကွဲပြားခြားနားမှုများစွာရှိပါသည်။
စစ်မှန်သော၊ဟန်ဆောင်မှုကင်းသော၊လူမှုရေးအရတိုးတက်ဖွံ့ဖြိုးသောပြည်ထောင်စုအစစ်အမှန်ကိုသွားလိုလျှင်မတူကွဲပြားမှုများကိုကျွန်တော်တို့လက်ခံတက်ရပါမည်။ လူမျိုးတစ်မျိုးသည် တစ်ခြားလူမျိုးတစ်မျိုး၏     ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ၊ဘာသာစကား၊ယုံကြည်မှု၊တွေးခေါ်မှု၊ဂီတ၊အနှပညာ စသည့်ရေမတွက်နိုင်သောအရာများသည်ကို အပေါင်းလက္ခဏာဆောင်သော အမြင်များဖြင့်ကြည့်တတ်ရပါမည်။ Each people on this earth are with different characteristics and patterns and it is important for us to see it through. ဟု Storkey(1991) ဆိုထားပါသည်။
နေရာတိုင်းတွင် အလောင်းမင်းတရား၊ကျန်စစ်သား၊ဗိုလ်ချူပ်အောင်ဆန်၊အောင်ဆန်းစုကြည်စသည်ဖြင့် ပြောနေလို့မပြီးချေ၊ ငါတို့မှာ စသည့်သမိုင်းဂုဏ်ပုဒ်များရှိသလို မြန်မာနိုင်ငံရှိ တစ်ခြားလူမျိုးများတွင်ဆိုင်ရာဂုဏ်ပုဒ်များ များစွာရှိသည်ဟု Mutual ကျသော အတွေးအမြင် အသိအမြင်များ မွေးဖွားရပါမည်။ ရခိုင်တစ်ယောက်မှ ဗိုလ်ချူပ်အောင်ဆန်းဓာတ်ပုံကို အလေးထားမြတ်နိုးသလို မြန်မာတစ်ယောက်မှလည်း ဘုရင်မင်းဘာကြီး၊ ဆရာတော် ဦးဥတ္တမကဲ့သို့သောပုဂ္ဂိုယ်တို့ကိုလည်း လေးစားကြည်ညိုတတ်ရမည်။ မွန်သူရဲကောင်းများကိုလေးစားဂုဏ်ယူရမည်။ ရှမ်းစော်ဘွားများကို တန်ဖိုးထားလေးစားရမည်။ နောင်ရိုးတိုက်ပွဲအကြောင်းကိုသိသလို၊ ပေါ်တူဂီရေတပ်ကိုတိုက်ခိုက်အောင်မြင်သော ဘုရင်မင်းဘာကြီးအကြောင်းကိုလေ့လာရမည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ကြေးမုံသတင်းစာမှ အေဒီတာအာဘော်တစ်ခုကျွန်တော်ဖတ်မိသည်။ အိုင်ဒီယာအများစုကိုလက်ခံနိုင်သော်လည်း သမိုင်းကြောင်းကိုထောက်ပြရာတွင်အမှန်ကိုအမှန်တိုင်းပြတ်ပြတ်သားသား လိပ်ပြာသန့်သန့် ရေးသားရန်များစွာလိုနေပါသေးသည်။ မြန်မာနိုင်ငံတွင်ဗမာ(၀ါ)မြန်မာလူမျိုးတည်း၌သာသမိုင်းကြောင်းရှိသည်မဟုတ်ပါ။ မြန်မာတိုင်းရင်းသားများသည်တောင်ငူ၊ပုဂံ၊အင်းဝစသည့်ခေတ်များတည်ထောင်လျက်အတူတကွငြိမ်းချမ်းစွာနေခဲ့ကြသည်ဟု
မြန်မာလူမျိုးကြီးဝါဒကိုအသက်သွင်းခြင်းသည်မြန်မာနိုင်ငံရှိတခြားလူမျိုးများ၏ကြီးကျယ်သောသမိုင်းကြောင်းများကို
သီအိုရီအသစ်များနှင့်စော်ကားရာကျနေပါသည်။အမှန်ကိုအမှန်အတိုင်းရေးစေချင်ပါသည်။ သို့မှသာ ပြည်ထောင်စုသားများ တစ်ယောက်အပေါ်တစ်ယောက်လေးစားကြည့်ညိုကြပါလိမ့်မည်။
စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကိုဖော်ဆောင်ရာတွင် ဦးရွှေရိုးနှင့်ဒေါ်မိုး အကကို ကမ္ဘာဆုံးထိကပြနေ၍မပြီးချေ။ လုပ်သင့်လုပ်ထိုက်သည်မှာ စိတ်ထားမှန်ကန်စွာဖြစ်လုပ်လားရန်အလွန်အရေးကြီးသည်။ ပြည်ထောင်စုဖွားညီနောင်များအား သူတို့လိုချင်သော identity များကိုအာမခံပေးရမည်။ ပြည်နယ်၊ပြည်မ မခွဲခြားဘဲ တိုးတက်ရန်အလားအလာကောင်းနေသောမည်သည့်ပြည်နယ်၊တိုင်းမဆို ကူညီလုပ်ဆောင်ပေးရမည်။ ပြည်မတိုးတက်ပြီးမှပြည်နယ်တိုးရမည်စသော လက်တွေ့မကျသော အတွေးအခေါ်၊ နှိမ့်ချမှုများအား ခ၀ါချရမည်။
ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒသည် လူမျိုးကြီးမဟာဝါဒ အပေါ်အခြေခံပေါ်ပေါက်သည်ဟု ကျွန်တော်ယုံကြည်ပါသည်။ မဟာဝါဒမရှိလျှင် ကျဉ်းမြောင်းသောအမျိုးသားရေးဝါဒမရှိနိုင်ပေ။ သာမာန်အားဖြင့်မတူညီသောလူမျိုးစုများအကြား ညီညွတ်ခြင်း၊စည်းလုံးခြင်း၊ချစ်ခြင်းစသည် ဟာမိုနီများကိုယူဆောင်ရာ မဟာဝါဒကို ခ၀ါချဖို့လိုပါသည်။
ပြည်ထောင်စုသားများအကြားကျွန်တော်တို့သည် Act Justly, Love Tenderly, Walk Humbly စသည့် တန်ဖိုးကြီးသော လူသားအခြခံစိတ်ဓာတ်များလိုအပ်သည်။ စစ်သူကြီးမဟာဗန္ဒူလကြေးရုပ်ကို ရခိုင်ပြည်လမ်းဆုံလမ်းကြားများထုလုပ်ထားရှိခြင်းဖြင့် ရခိုင်လူထု၏ လေးစားချစ်ခင်မှုကိုမရနိုင်ပေ။ ယင်း၏ဆန့်ကျင်ဘက်သက်ရောက်မှုများသာတိုးပွားစေပါသည်။ စစ်မှန်သောပြည်ထောင်စုဖော်ဆောင်ရန် မဟာဗန္ဒူလထက် ရခိုင်ပြည်နယ်တွင် ဆရာတော်ဥတ္တမ ကြေးသွပ်ရုပ်ကြီးများပိုအရေးကြီးပါသည်။
အချူပ်အားဖြစ်ဆိုရသော မြန်မာလူထုတွင် အမြစ်တွယ်နေသော မဟာစိတ်ကိုတိုးတက်သောလူသားစိတ်ဓာတ်များအခြေခံကာဖျောက်ပစ်ဖို့လိုပါသည်။ မြန်မာနိုင်ငံရှိလူငယ်များသည်မတူကွဲပြားသောအရာများကို ထောင့်စုံ (ecologically ) သုံးသပ်ကာ လက်ခံနိုင်စွမ်းရှိလာအောင်၊ ယင်းမတူကွဲပြားမှုများကိုတန်ဖို့ထားတတ်လာအောင် လေ့ကျင့်ဖို့လိုသည်။ မိမိကိုယ်ကို ငါသည် ပြည်ထောင်စုသားတစ်ယောက်ဖြစ်သည်၊ အခွင့်ထူးခံလူတန်းစားမဟုတ်။ ပြည်ထောင်စုသားအားလုံး တန်တူအခွင့်အရေးရှိရမည်၊ ကရင်တစ်ကျပ်၊ မြန်မာ(ဗမာ) တစ်ကျပ်ဟု သီအိုရီထုတ်ပြီး လက်တွေ့ မြန်မာ (၇) ကျပ်ရချင်သည့် အချောင်ခိုအခွင့်ရေးယူချင်သည့်စိတ်များကို ဖျောက်ရမည်။ သို့မှသာ ကျွန်တော်တို့ပြည်ထောင်စုသားအားလုံးမဟာဝါဒလောင်းရိပ်မှ လွတ်မြောက်ပြီး ခေတ်မှီဖွိ့ ဖြိုးတိုးတက်သော မဟာဝါဒကင်း ဒီမိုကရေစီပြည်ထောင်ကြီးဆိုသို့ ဦးတည်နိုင်မည်။
“ ပြည်ထောင်စုသားများလိုချင်သောအရာသည် ခွဲထွက်ရေးမဟုတ် ပေါင်းစည်းရေးဖြစ်သည်။
ပြည်ထောင်စုသားများလိုချင်သောအရာသည် မုန်းတီးရေးမဟုတ် ကြင်နာရေးဖြစ်သည်။
ပြည်ထောင်စုသားများလိုချင်သောအရာသည် မဟာဝါဒမဟုတ် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးဖြစ်သည်။”
                                                                                                                                                      ချစ်ဖွယ်ဦး