Monday, February 6, 2012

အိပ်မက်က နိုးလာရေအခါ


သမိုင်းဆိုစော်က
အိပ်ရာထတိုင်း
ရင်မှာလှိုင်းခတ်
တဖြတ်ဖြတ်နင့်
မတ်တပ်ပြောနီ လီစော်ကာ ။။

သမိုင်းဆိုစော်က
နာကျည်းရခြင်း
ခံပြင်းခြင်းနှင့်
ရင်တွင်းမဆန့် 
မီးပိုင်ပျံ့ လို့ 
နိုင်ငံ့တ၀ှန်း
မျက်ရည်လွှမ်းနီ လီစော်ကာ ။။ 

သမိုင်းဆိုစော်က
အကြွီးကျထား
သွီးစကားကို
စိတ်အားဖြီဖို့ 
ဆပ်စီရမေ
အံကြိတ်ဒေနင့် ဟိစော်ကာ ။။

ယင်းသမိုင်းမှာ
ငါရို့ နိုင်ငံ
အမှန်ဟိခ
မင်းဟိခနင့်
စာကပီက
ထွန်းပခယင့် ။။

ယင်းသမိုင်းမှာ
ငါရို့ နိုင်ငံ
သူ့ ကျွှန်ဖြစ်ခ
သတ်ခံခနင့်
မင်းကလေးကျွှန်
လူလေးကျွှန်ဖြိုက်
အမှန်ဟိခ ဟိလီယင့် ။။

ယင်းသမိုင်းကို
နှိုင်းရေစိတ်နင့်
တတိတ်ချေပင်
အိပ်ရာဝင်ထ
သတိရဖို့ 
ရက္ခမဏ္ဍိုင်
ရခိုင်နိုင်ငံ
အမှန်ပြန်လွပ်
လွပ်မြောက်လီအောင်
မောင်ရို့ ဆောင်လီ
ရခိုင်သားရို့  ဟိစီယင့် ။။ 

ခိုင်အောင်ကျော် ( နယူးယောက် )
 ( ၂၀၁၂ -ဇန္န၀ါရီလ-၃၀-ရက်နိ- မိုးထ -၄ ချက်တီး-အမေရိကန်ပြည်ထောင်စု- နယူးယောက်စံတော်ချိန်  )

No comments:

Post a Comment