Monday, February 27, 2012

ရဲဘော် ဗိုလ် မင်းသာထွန်း သီဆုံးလားခြင်းအပေါ် NUPA မှ မှတ်တမ်းတင်အပ်ပါခြင်း။

ရဲဘော် ဗိုလ် မင်းသာထွန်း သီဆုံးလားခြင်းအပေါ် NUPA မှ မှတ်တမ်းတင်အပ်ပါခြင်း။

                                                                                                ရက်စွဲ - ဖေဖေါ်ဝါရီ (၂၆)ရက်၊ ၂၀၁၂။

ရဲဘော် ဗိုလ် မင်းသာထွန်းသည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများ၏ အဖိနှိပ်ခံ ကျွန်ဘ၀နှင့် မြန်မာပြည်သူများ စစ်ကျွန်ဘ၀မှ လွတ်မြောက်ရန် ကြိုးစားတိုက်ပွဲဝင်ရင်း ရုတ်တရက် သီဆုံးလားရသည့်အတွက် ရဲဘော်၏ မိခင်ပါတီဖြစ်သည့် / မိမိတို့ ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ (NUPA)မှ အထူးဝမ်းနည်းစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။ 

ရဲဘော် ဗိုလ် မင်းသာထွန်းမှာ အိန္ဒိယစစ်တပ် အရာရှိများ၏ ကတိမမှန်၊ သစ္စာဖေါက်ဖျက်မှုကြောင့် အိန္ဒိယ အကျဉ်းထောင် အတွင်း၌ အခက်အခဲပေါင်းမြောက်များစွာဖြင့် (၁၃)နှစ်ကြာ အကျဉ်းသားဘ၀မှ လွတ်မြောက်လာခဲ့သည့် မကြာခင်မှာပင် သီဆုံးလားခြင်းဖြစ်သောကြောင့် ပိုမိုပြီး ယူကြုံးမရ ဖြစ်ရပါသည်။

မိမိတို့ ရဲဘော်များ၏ လွတ်မြောက်လာခြင်းအပေါ်တွင် ယုံကြည်အားကိုးမှုများစွာဖြင့် ရှေ့အမျိုးသားနိုင်ငံရေး လမ်းကြောင်းကို ပိုမိုလှုပ်ရှားနိုင်ရန် ရည်ရွယ်ထားသည့်ကြားမှ ပြောင်မြောက်သော ရဲဘော် ဗိုလ် မင်းသာထွန်း သီဆုံးလားခြင်းသည် ရခိုင် အမျိုးသားတော်လှန်ရေးအတွက် မဟာရှုံးဆုံးမှုတခုအဖြစ် ခံယူပေသည်။

ရဲဘော် ဗိုလ် မင်းသာထွန်း သီဆုံးလားချိန်မှာ အသက်(၃၇)နှစ်သာ ရှိပြီး သူ့၏ လူငယ်ဘ၀တခုလုံးကို ရခိုင်ပြည်နှင့် ရခိုင် လူမျိုးအပေါ်ပုံအပ်ကာ အမျိုးသားလွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံ တော်လှန်တိုက်ပွဲဝင်ခဲ့သူဖြစ်သည့် စံပြလူငယ် သူရဲကောင်းတဦး အဖြစ်ပါ ထပ်မံ မှတ်တမ်းတင် အပ်ပေသည်။

ထို့ကြောင်း မိမိတို့ပါတီမှ ရဲဘော် ဗိုလ် မင်းသာထွန်း ရုတ်တရက် ကွယ်လွန်လားခြင်းအပေါ် အတိုင်းအဆမရှိ ရှုံးဆုံးမှုတခုအဖြစ် ခံယူပြီး၊ မှတ်တမ်းတင်ရင်း သူ၏မိသားစုနှင့် လုပ်ဘော်ကိုင်ဘက်များနှင့်ထပ်တူ ၀မ်းနည်းမိပါကြောင်း NUPAမှ မှတ်တမ်းတင်အပ်ပါသည်။

တော်လှန်ရေးသစ္စာဖြင့် -

မောင်အေးချမ်း (ခ) ခိုင်သိန်းနိုင်
စည်းရုံးရေးနှင့် ပြန်ကြားရေးဋ္ဌာန
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)
ရခိုင်ပြည်။
ဆက်သွယ်ရန် - +88 018150 64 375

No comments:

Post a Comment