Monday, January 14, 2013

ငြိမ်းချမ်းရေးနှင့် အမျိုးသား ခုခံတော်လှန်ရေးစစ်ပွဲ

Usobita Zin shared Ko Aung's photo.
http://arakanreview.net/?p=5820

ငြိမ်းချမ်းရေးနှင့် အမျိုးသား ခုခံတော်လှန်ရေးစစ်ပွဲ

ကျွန်ုပ်တို့ ယနေ့ စစ်တိုက်နေကြသည်။ သို့သော် ကျွန်ုပ်တို့သည် စစ်ကို လိုလားကြသူများ၊ စစ်ဝါဒီများကား မဟုတ်ပါ။ ထိုထက် ရှင်းအောင် ဆိုရလျှင် ကျွန်ုပ်တို့သည် စစ်ကို ဆန့်ကျင်သူများသာ ဖြစ်ကြသည်။ ကမ္ဘာတခုလုံးမှ လူ့အဖွဲ့အစည်း တခုလုံးမှ စစ်ကို သုတ်သင်ဖယ်ရှား ပစ်လိုကြသူများသာ ဖြစ်ကြသည်။ သို့ဆိုလျှင် စစ်ကို မည်သို့ ဆန့်ကျင်ကြမည်နည်း။ မည်သို့ ဖယ်ရှားပစ်ကြမည်နည်း။ စစ်ကို စစ်နှင့်သာ ဆန့်ကျင်နိုင်မည်။ စစ်ကို စစ်နှင့်သာ ဖယ်ရှားပစ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စစ်ဆန့်ကျင်ရေး နည်းနာမှာ ကြီးမားသော စစ်အင်အားကို စုပြီး စစ်တိုက်လိုသော စစ်ဝါဒီများကို၊ အနိုင်ကျင့်လိုသော ဖိနှိပ်သူများကို စစ်မတိုက်နိုင်အောင် အနိုင်မကျင့်နိုင်အောင် အင်အားဖြင့် ထိန်းချူပ်ထားရမည်။ ထိုသူ များအား လက်နက်မရှိဘဲ တရားဟောနေ၍ မည်သည့်အခါမျှ ရမည်မဟုတ်သောကြောင့် ဖြစ်သည်။

ယခုအခါ ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးအများစုသည်၊ လက်နက်ကိုင်ပြီး စစ်ရေးအရ ကျူးကျော်နယ်ချဲ့ စိုးမိုးမှုအောက်တွင် ပင်ပန်းကြီးစွာ အလူးအလိမ့်ခံစားနေကြရသည်။ ထိုသို့ လက်နက်ကိုင်ပြီး ကျူးကျော်ဖိနှိပ်မှုကို လက်နက်ကိုင်ပြီး ခုခံ တွန်းလှန်ရန်မှတပါး အခြားသော နည်းလမ်းမရှိ။ ထို့ကြောင့် ငြိမ်းချမ်းသော ကာလအား မျှော်လင့်ချက်ကြီးစွာဖြင့် ကျွန်ုပ်တို့သည် မလွဲမရှောင်သာ လက်နက်ကို ကိုင်ဆောင်နေရခြင်း ဖြစ်သည်။

ကျွန်ုပ်တို့သည် စစ်ကိုဆန့်ကျင်သည်ဆိုရာ၌ ပြည်တွင်းစစ်ကိုလည်းကောင်း၊ ပြည်ပစစ်ကိုလည်းကောင်း၊ ဒေသစစ်ကို လည်းကောင်း၊ ကမ္ဘာ့စစ်ကိုလည်းကောင်း အားလုံးကို ဆန့်ကျင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ စစ်ဆန့်ကျင်သည့် ပုံသဏ္ဍန်မှာ စစ်မဖြစ်အောင် အစွမ်းကုန်တားဆီးကာကွယ်ပြီး အခိုင်အမာဆန့်ကျင်သည်။ ထိုသို့ တားဆီးကာကွယ်၍ မရဘဲ စစ်ဖြစ်လာ လျှင်လည်း စိုးရိမ်ကြောက်ရွံ့နေမည်မဟုတ်။ ဖြစ်လာသည့်စစ်ပွဲကို နိုင်အောင်တိုက်ပြီး စစ်ဝါဒီများ၊ ကျူးကျော်သူများကို ချေမှုန်းသုတ်သင် ဖယ်ရှားကာ ငြိမ်းချမ်းသောကာလကို တည်ဆောက်ရန်ဖြစ်သည်။ ယခုလည်း အလားတူ ကျွန်ုပ်တို့ ခေါင်းဆောင်များသည် လက်နက်ကိုင် တော်လှန်စစ်ကို ရှောင်ရှားနိုင်ရန် နည်းမျိုးပေါင်းစုံဖြင့် ကြိုးပမ်းခဲ့ကြပြီးဖြစ်သည်။ သို့သော် ကျူးကျော်ဖိနှိပ်လိုသော စစ်ဝါဒီများက စစ်ရေးအရ နှိပ်ကွပ်လာသောအခါ ကျွန်ုပ်တို့သည် မလွဲမရှောင်သာ လက်နက်ကိုင် ခုခံတော်လှန်စစ်ကို ဆင်နွှဲရန် နည်းလမ်းကို ရွေးချယ်ခဲ့ကြရခြင်းဖြစ်သည်။ ဤသဘောသည်ပင် စစ်ကို စစ်နှင့် ဆန့်ကျင်ခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ ရန်လိုသူတစ်ဦးအား လက်ပစ်ကြည့်ထားလျှင် အချိန်မရွေး အန္တရာယ်ပြုလာ နိုင်သောကြောင့် ရန်မရှာနိုင်အောင် လက်နက်ဖြုတ်ထားကြရမည် ဖြစ်သည်။

ယေဘုယျအားဖြင့် စစ်ပွဲ၏ လက္ခဏာသည် နှစ်မျိုးသာရှိသည်။ ၎င်းတို့မှာ တရားသောစစ်နှင့် မတရားသော စစ်ဖြစ် သည်။ ဤလက္ခဏာနှစ်မျိုးအရ တိုးတက်သောစစ်၊ ခုခံတော်လှန်သောစစ်၊ ဖိနှိပ်မှုဆန့်ကျင်သောစစ် စသည့်  စစ်အားလုံး သည် တရားသော စစ်ဖြစ်ပြီး၊ နယ်ချဲ့ ကျူးကျော်သောစစ်၊ ဖိနှိပ်အုပ်စိုးသောစစ်၊ တိုးတက်မှုကို ဆန့်ကျင်ဟန့်တားသော စစ်သည် မတရားသော စစ်ဖြစ်သည်။ ထိုနှစ်မျိုးတွင် တရားသော စစ်ကို ကျွန်ုပ်တို့သည် တက်ကြွစွာ ထောက်ခံသည်။ ဖြစ်သည့်အဆင့်မှ ဝိုင်းဝန်းကူညီအားပေးသည်။ မတရားသောစစ်၊ ကျူးကျော်ဖိနှိပ်သောစစ်ကို ကျွန်ုပ်တို့သည် ကိုယ်ရော စိတ်ပါ၊ တက်ကြွစွာ ဆန့်ကျင်သည်။ ဤသည် ကျွန်ုပ်တို့၏ အခြေခံရပ်တည်ချက် ဖြစ်သည်။

ကျွန်ုပ်တို့၏ အမျိုးသားလက်နက်ကိုင် ခုခံတော်လှန်စစ်သာ မရှိလျှင် ရခိုင်အမျိုးသားသာမက တိုင်းရင်းသား ပြည်သူ တရပ်လုံးတို့အတွက် ကမ္ဘာပေါ်တွင် အဆင့်နေရာဟူ၍ မရှိ။ ရခိုင်အမျိုးသားများနှင့် တိုင်းရင်းသား ပြည်သူတရပ်လုံးတို့ အတွက် လွတ်လပ်မှု အာမခံချက် ဟူ၍လည်း မရှိ။ ထိုသို့မရှိလျှင် လူ့လောက၏ တောက်ပြောင်သော အနာဂတ်ဆိုသည်မှာ လည်း မရှိနိုင်။ ထို့ကြောင့် တမျိုးသားလုံးနှင့် ပြည်သူတရပ်လုံး၏ လွတ်လပ်သော ဘဝအာမခံချက်နှင့် တောက်ပြောင်သော အနာဂတ်ကို ဖန်တီးပေးနိုင်သော အရှင်သခင်သည် အင်အားကြီးမားသော စစ်တပ်သာလျှင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အာဏာကို ထိန်းသိမ်းထားရန်သော် လည်းကောင်း၊ ပြည်သူ့ဘဝ အာမခံချက်ကို ကာကွယ် စောင့်ရှောက်ရန် သော်လည်းကောင်း၊ ငြိမ်းချမ်းရေးကို တည်ဆောက် ရန်တတ်နိုင်သည့်ဘက်မှ ပါဝင်ရန်သော်လည်းကောင်း ကျွန်ုပ်တို့ တိုင်းရင်းသားများ အားလုံးသည် ထုထည်အင်အားကြီးမားသော စစ်တပ်ကြီး တစ်တပ်ကို ပိုင်ဆိုင်ထားရန် အရေးတကြီး လိုအပ်သည်။

ဤသို့ ဆိုခြင်းမှာ စစ်သည် အနန္တတန်ခိုးနှင့် ပြည့်စုံသည်ဟု ဆိုခြင်းပင်ဖြစ်သည်။ မှန်သည်။ တရားသော တော်လှန်စစ် တိုင်းသည် အနန္တတန်ခိုးနှင့် ပြည့်စုံသည်။ အကြောင်းမှာ စစ်ဖြင့်သာလျှင် အရာရာကို ဖန်တီးပေးနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ဤသဘောကို နားလည်ထားရန်ဖြစ်သော်လည်း မိမိတို့သည် ဖောက်ပြန်သောစစ်ဝါဒီများ မဟုတ်ကြောင်းကိုကား ထာဝရသက်သေပြနိုင်ကြရမည်။ ဖောက်ပြန်သော စစ်ဝါဒီများကို ထိန်းချူပ်ထားနိုင်ရန်အတွက်သာလျှင် သူတို့ထက် ဘက်စုံ သာလွန်သော အင်အားကြီးမားသည့် စစ်တပ်ကြီးကို  ပိုင်ဆိုင်ထားရန်မှာ အမှန်တကယ်ပင် လိုအပ်သည်။ ဤသည်မှာ ကမ္ဘာ့ အစိတ်အပိုင်းများတွင် ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ် သင်ခန်းစာများသာလျှင် ဖြစ်သည်။

စစ်ဟူသမျှ ကောင်းသော လက္ခဏာမရှိ။ စစ်သည် လူသားအချင်းချင်း အနိုင်ကျင့်ခြင်း၊ ညှင်းဆဲသတ်ဖြတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ သဘာဝပတ်ဝန်းကျင်များ စစ်ကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ ရာသီဥတု မှအစ ပြောင်းလဲ ဖောက်ပြန်သွားခြင်း စသည်တို့ကြောင့် စစ်သည် မကောင်းသော အနိဋ္ဌာရုံ၊ အကျိုးမပြုသော မကောင်းဆိုးဝါး ကောင်သာလျှင် ဖြစ်သည်။ ထိုသို့ လူ့လောကအား ဘက်ပေါင်းစုံမှ ကြီးစွာသော အန္တရာယ်ကို ပေးတတ်သောကြောင့် ကျွန်ုပ်တို့အနေဖြင့် စစ်ကို ဆန့်ကျင်ရမည်ဖြစ်သည်။ အကယ်၍ မတရားသော ကျူးကျော်စစ်ပြု ဖိနှိပ်မှုများသာ ချူပ်ငြိမ်းသွားလျှင်၊ မတရားသော စစ်သာမရှိတော့လျှင် ကျွန်ုပ်တို့၏ တရားသော စစ်သည်လည်း ရှိလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် မတရား စစ်ပြုဖိနှိပ်မှုကြောင့်သာလျှင် တရားသော ခုခံဆန့်ကျင်တော်လှန်စစ် ရှိနေခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်ကို မလိုလားသူတိုင်း၊ စစ်ကို ဆန့်ကျင်သူတိုင်း၊ စစ်ကို ရွံ့မုန်းသူတိုင်းသည် စစ်ရေးအားကိုး ကျူးကျော် ဖိနှိပ်နေသူများ၊ မတရား အနိုင်ကျင့်နေသူများအား ဘက်ပေါင်းစုံ၊ နည်းမျိုးပေါင်းစုံဖြင့် ခုခံဆန့်ကျင်ကြရမည်။ သုတ်သင် ချေမှုန်းကြရမည် ဖြစ်သည်။

စစ်ကို လိုလားကြသူများမှာ စစ်ရေးကို အကြောင်းပြုပြီး အကျိုးစီးပွား ဖြစ်ထွန်းနေကြသော၊ စစ်ရေးဖြင့် အမြတ်ထုတ် နေနိုင်ကြသော၊ စစ်ပြုကျူးကျော်သူ လူနည်းစုမျှသာလျှင် ဖြစ်သည်။ ငြိမ်းချမ်းရေးကို လေးစားမြတ်နိုး၊ တန်ဖိုးထားကြသော အများတကာ့အများစုကြီး ဖြစ်သော၊ အဖိနှိပ်ခံ ကမ္ဘာ့ပြည်သူများအားလုံးမှ စစ်လိုလားသူ လူနည်းစုကို ဝိုင်းဝန်း ဆန့်ကျင်ကြ သည်။ ထို စစ်လိုလားသူ လူနည်းစုထဲတွင် ပြည်တွင်း အမျိုးသား သစ္စာဖောက်လောက်ကောင်များလည်း ပါဝင်သည်။ ကျွန်ုပ်တို့မှ လူမျိုးခြားက ကျူးကျော်ရေးသမား ဖိနှိပ်အုပ်စိုးသူများအား ချေမှုန်းသုတ်သင် ဖယ်ရှားပစ်နိုင်သည့်တိုင်အောင် ပြည်တွင်းရှိ အမျိုးသား သစ္စာဖောက် ဒေါက်တိုင်များက ကျေနပ်ကြလိမ့်မည် မဟုတ်။ သူတို့သည် အာဏာပြန်လည် ရရှိရေး အတွက် ဖြစ်ပေါ်လာမည့် အခွင့်အရေးကို အလစ်မပေးဘဲ စောင့်ကြည့်လျက်ရှိကြမည်သာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုသူများကိုလည်း သတိကြီးစွာ စောင့်ကြည့်ပြီး လိုအပ်သလို အရေးယူ သုတ်သင်ရှင်းလင်းကြရမည်။ ဤသည်မှာလည်း တော်လှန်သော စစ်ရေး သတိဖြစ်သည်။

စစ်၏ အခြေခံ သဘောလက္ခဏာများအဖြစ်

    ရန်သူအား ချေမှုန်းရန်နှင့်
    မိမိကိုယ်ကို ထိန်းသိမ်းကာကွယ်ရန်ဖြစ်သည်။

ဤသို့ဆိုလျှင် တစ်အချက်ဖြစ်သော ရန်သူအား ချေမှုန်းခြင်းသည်ပင်လျှင် နှစ်အချက်ဖြစ်သော မိမိကိုယ်ကို ကာကွယ်ခြင်း အဓိပ္ပာယ်ဖြစ်သည်။  အဘယ်ကြောင့်ဆိုသော် မိမိမှ ရန်သူအား မချေမှုန်းနိုင်လျှင် ရန်သူမှ မိမိကို ချေမှုန်း လာမည်ဖြစ်သည်။ အခြေခံအားဖြင့် ကျွန်ုပ်တို့သည် စစ်ကို တစ်နေ့တစ်ရက် တစက္ကန့်မျှ တိုက်ခိုက်ရန် ဆန္ဒရှိကြသူများ မဟုတ်။ သို့သော် ကျူးကျော် ဖိနှိပ်သူများက စစ်ရေးဖြင့် အနိုင်ကျင့်လာလျှင် ထိုလူများကို ချေမှုန်းအောင်မြင်သည်အထိ အနိုင်ရရှိအောင် ဆုံးခန်းတိုင် တိုက်ခိုက်သွားမည်သာ ဖြစ်သည်။

စစ်၏ အရင်းခံ ပြဿနာကို သိနားလည်မှသာလျှင် စစ်ကို တားဆီးနိုင်မည်။ စစ်ကို တားဆီးနိုင်မှသာလျှင် ငြိမ်းချမ်း ရေးကို တည်ဆောက်နိုင်မည် ဖြစ်သည်။ ဤသို့ လှုပ်ရှားမှု အားလုံးကို အဆုံးအဖြတ်ပေးသော အရာသည် ပြည်သူလူထု တရပ်လုံးဖြစ်သည်။ ထို့ကြောင့် ထိုအဓိပ္ပာယ်ကို ပြည်သူလူထုတရပ်လုံးမှ နားလည် သဘောပေါက်လာအောင် ဆွေးနွေး ရှင်းလင်းပြရမည်။ စည်းရုံး၊ လှုံ့ဆော်ပေးရမည်။ ထိုလှုပ်ရှားမှုအားလုံးတွင် ပြည်သူလူထုတရပ်လုံး ပါဝင်လာစေရမည်။ တနည်းအားဖြင့် ပြည်သူလူထုတရပ်လုံး တော်လှန်စစ်တွင် ပါဝင်လာမှ၊ တော်လှန်စစ်၏ လှုပ်ရှားမှုသည်  ပြည်သူ့ လှုပ်ရှားမှု ဖြစ်လာမှ၊ စစ်ပွဲကို အနိုင်တိုက်နိုင်မည် ဖြစ်သည်။ တော်လှန်စစ်ပွဲအတွက် အဆုံးအဖြတ်ပေးသော အရာသည် ပြည်သူ လူထုကြီး ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် အာမခံသော အင်အားသည် ပြည်သူလူထုကြီး ဖြစ်သည်။ ထို့ကြောင့် ပြည်သူ လူထုသည် အရာရာကို အဆုံးအဖြတ်ပေးသော အနက်ရှိုင်းဆုံး ရေသောက်မြစ်ဖြစ်သည်။

စာရေးသူသည် ရခိုင်အမျိုးသား တစ်ဦးဖြစ်သောကြောင့် ရခိုင်ပြည်ရှုထောင့်မှ သုံးသပ်ရလျှင် မျက်မှောက် ကာလတွင် လူမျိုးခြားကျူးကျော်သူများက ရခိုင်ပြည်သူများအား အနိုင်ကျင့်စော်ကားနိုင်ခြင်းမှာ ရခိုင်အမျိုးသား၊ ပြည်သူလူထုကြီးတရပ်လုံး စည်းလုံးညီညွတ်ရေး ပြိုကွဲနေသောကြောင့် ဖြစ်သည်။ ရခိုင်ပြည်အား လူမျိုးခြားများ စတင် ကျူးကျော်နိုင်ခဲ့ခြင်းမှာလည်း အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲခဲ့သောကြောင့် ဖြစ်သည်။ ထိုပြဿနာ အားလုံးကို ကျော်လွှားရန်မှာ အမျိုးသား စည်းလုံးညီညွတ်ရေးကို မရမနေ ပြန်လည် တည်ဆောက်ရန်မှတပါး အခြားသော နည်းလမ်း မရှိ။ ထို့ကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေး တံတိုင်းကြီးသည် မည်သည့် အန္တရာယ်မှ နှောင့်ယှက် ဖျက်ဆီး၍ မရနိုင်သော တံတိုင်းကြီးဖြစ်သည်။ အမျိုးသား စည်းလုံးညီညွတ်ရေး လက်နက်သည် စစ်ကို သော်လည်းကောင်း အနိုင် တိုက်နိုင်သည်။ ငြိမ်းချမ်းရေးကို သော်လည်းကောင်း အခိုင်အမာ တည်ဆောက်နိုင်သည်။ ဤသည်မှာ စာရေးသူ၏ ယုံကြည်ချက်ပင် ဖြစ်သည်။

AA logoရခိုင်ပြည်တပ်မတော် – Arakan Army (AA)

စာရေးသူ – အောင်ရဲလင်း (စစ်တွေ)

မြန်မာမှ တင်ပို့ကုန်မှ ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေ ကျပ် ကုဋေ ၁၀၀၀ ကျော်ရရှိ

ဇွန္နရီလ ၁၂ ရက်၊ ၂၀၁၃ ခုနှစ်။ (သဇင်ဥ)

မြန်မာနိုင်ငံနှင့် နယ်စပ်စီးပွား ကုန်သွယ်ရေး တိုက်ရိုက်ဆက်သွယ် လုပ်ဆောင်နေသော ဘင်္ဂလာ ဆိပ်ကမ်းတခုမှ မြန်မာ့တင်ပို့ကုန်မှ တနှစ်ခွဲအတွင်း တာကာ ၁၀၇ ကုဋေကျော် (မြန်မာကျပ် ကုဋေ ၁၀၀၀)ကျော် ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေ ရရှိကြောင်း သက်ဆိုင်ရာမှ အထက်သို့ အစီရင်ခံစာတွင် ဖေါ်ပြချက်အရ သိရှိရသည်။

အဆိုပါ မြန်မာကျပ် ကုဋေ ၁၀၀၀ ကျော်ရရှိသော ဆိပ်ကမ်းမှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည် မောင်တောမြို့နယ်နှင့် မျက်နှာချင်းဆိုင်တည်ရှိသော တာခ်နာမြို့နယ် ဆိပ်ကမ်းဖြစ်ပြီး ၂၀၁၁-၂၀၁၂ မှ ယခုအထိဖြစ်ကြောင်း ဆိပ်ကမ်းအကြီးအကဲများက ရက်နေ့က ထုတ်ဖေါ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တာခ်နာဆိပ်ကမ်းမှ အမျိုးသားဘဏ္ဍာငွေအဖွဲ့ (NBR)မှ တာဝန်ရှိသူများကတနှစ်ကျော်အတွင်းမှာပေါ့နော် တာကာ ၁၀၇ ကုဋေ ၇၅၄၇၂၆၉ ရရှိပါတယ်၊ ရခိုင်ပြည်နယ်နဲ့ နယ်စပ်တွေမှာ ပဋိပက္ခတွေကြောင့် မှန်းတာထက် လျော့ဆင်းခဲ့ပါသေးတယ်။ဟု ဆိုသည်။

ယင်းအကောက်အခွန် ရရှိသော အသေးစိပ်မှာ ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် တာကာ ၇၄၈၈၀၅၇၆၊ သြဂုတ်တွင် ၅၉၇၅၁၁၈၅၊ စက်တင်္ဘာတွင် ၅၆၃၂၃၈၁၆၊ အောက်တိုဘာတွင် ၇၃၁၈၀၃၁၃၊ နိုဝင်္ဘာတွင် ၈၈၀၂၃၇၀၈၊ ဒီဇင်္ဘာတွင် ၈၄၅၄၀၆၄၈၊ ၂၀၁၂ ခုနှစ် ဇွန္န၀ါရီတွင် ၈၅၀၄၅၀၂၃၊ ဖေဖေါ်ဝါရီတွင် ၇၉၉၂၅၆၆၁၊ မတ်တွင် ၇၀၇၁၃၁၈၂၊ ဧပြီတွင် ၅၅၅၇၂၉၈၆၊ မေတွင် ၆၁၃၂၈၃၉၇နှင့် ဇွန်တွင် ၂၅၄၈၂၆၈၅ စုစုပေါင်း စီးပွားရေးသတ်မှတ်လ တနှစ်အတွင်း တာကာ ၇၇ ကုဋေ ၄၆၉၆၁၇၉ ရရှိကြောင်း အတည်ပြု ရှင်းပြသည်။

၂၀၁၂- ၁၃ ခုအတွင်း NBR တာခ်နာဆိပ်ကမ်းမှ ဇူလိုင်တွင် တာကာ ၄၁၂၀၀၈၀၄၊ သြဂုတ်တွင် ၂၅၉၆၁၃၈၄၊ စက်တင်္ဘာတွင် ၅၆၈၁၃၀၄၉၊ အောက်တိုဘာတွင် ၄၀၅၁၂၉၁၅၊ နိုဝင်္ဘာတွင် ၆၂၄၂၂၅၉၈နှင့် ဒီဇင်္ဘာတွင် ၇၅၉၄၀၃၄၀ စုစုပေါင်း တာကာ ၃၀ ကုဋေ ၂၈၅၁၀၉၀ ရရှိကြောင်း အတည်ပြု ပြောဆိုသည်။

သို့သော်လည်း တာခ်နာဆိပ်ကမ်း ၂၀၁၂-၁၃ ခုနှစ် ယင်းဖေါ်ပြပါ လများအတွင်းတွင် မြန်မာမှ ဘင်္ဂလာသို့ တင်ပို့ကုန်မှ တာကာ ၆၅ ကုဋေ အကောက်အခွန်ရရှိရန် ခန့်မှန်းထားခဲ့ကြောင်း ထုတ်ဖေါ်ပြောဆိုသည်။

ယင်းစုစုပေါင်း တာခ်နာဆိပ်ကမ်းမှ အကောင်အခွန်ရရှိသော မြန်မာကျပ် ကုဋေ ၁၀၀၀ ကျော်မှာ မြန်မာမှ ဘင်္ဂလာသို့ တင်ပို့ကုန်နှင့် ဘင်္ဂလာမှ မြန်မာသို့ တင်သွင်းကုန်တို့မှ ရရှိသော ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေဖြစ်သော်လည်း မြန်မာ့တင်ပို့ကုန်မှရာခိုင်နှုန်း အများအပြား ရရှိကြောင်း ဆိုသည်။

ယင်းဖေါ်ပြပါ သတင်းအရင်းအမြစ်များကို ဘင်္ဂလာ တာခ်နာမြို့အခြေစိုက် ဒေသခံသတင်းထောက် မူဟာမ္မတ် ဆော်လာဟ် အူဒ္ဒိန်က စုဆောင်း သတင်းပေးပို့ချက်အရ သိရှိရခြင်း ဖြစ်သည်။

Friday, January 11, 2013

လေးစားအပ်တေ မျိုးချစ်ပုဂ္ဂိုလ်တိ

သို့
လေးစားအပ်တေ မျိုးချစ်ပုဂ္ဂိုလ်တိ
ထိုင်းနိုင်ငံတွိဆုံဆွေးနွေးပွဲ

အခုပိုင် ရခိုင်ပြည်နှင့် ပြည်သူတရပ်လုံးအတွက် ဂုဏ်ပြုထိုက်တေ နီရာမှာ တာဝန်ကိုယ်စီကို စေတနာသန့်သန့်နန့် ထမ်းဆောင်ဖို့ တက်ရောက်လာကတ်တေ အားလုံးကို လေးစားပါကြောင်း မြွတ်ဟပြောလိုပါရေ။ ကျွန်တော်အနေနန့် အေနီရာရေ ရခိုင်ပြည် အမျိုးသားတိ အကျိုးဖြစ်ထွန်းလာဖို့ အခန်းကဏ္ဍတိကို ဆွေးနွေးကြဖို့ထက် အဓိကလက်တွိလုပ်ဆောင်ကြဖို့ ယုံကြည်မှုအပြည့်အ၀ဖြင့်  တာဝန်သိတယောက်အဖြစ် ပီးစာဖြင့် ယုံကြည်ကြောင်း ပြောပါရစီ။   

လေးစားအပ်တေ မျိုးချစ်ပုဂ္ဂိုလ်တိ အနေနန့် အေနီရာကို တက်ရောက်လာကတည်းက ပြည်နှင့်လူမျိုးအတွက် အဓိကထားရေ ရည်မှန်းချက်တိနန့်အတူ ရောက်ရှိနေခြင်း ဖြစ်တေဆိုစွာကို အသိအမှတ်ပြုပါရေ။ ယင်းကြောင်းလည်း ဂိုဏ်းဃဏတိနှင့် ပြည်အတွက် ဆိုးကျိုးများ ဖြစ်ပေါ်လာမည့် လုပ်ရပ်မှန်သမျှကို အတွိအကြုံအရ ရှောင်ကွင်းနိုင်အောင် အမျိုးသားလုံခြုံရေး လမ်းကြောင်း အကျိုးအတွက် အောက်ပါ မဟာဗျူဟာ-သေနဂဗျူဟာတိဖြစ်တေ အချက် ချက်ကို အကြံပီး တင်ပြလိုက်ရပါရေ။

ရခိုင်ပြည်အမျိုးသား/သမီးတိ တသွေမတိမ်း ဆုတ်ကိုင်လျှောက်လှမ်း လုပ်ကိုင်ရမည့် မဟာဗျူဟာ-သေနဂဗျူဟာတိမှာ -

၁။ ရခိုင်ပြည်နှင့် ပြည်ရှိ ပြည်သူတခုလုံး လုံခြုံရေးအတွက် ရခိုင်ပြည်အမျိုးသားတပ်မတော်ကြီးတခု မဖြစ်မနေ ဖေါ်ထုတ်ရန် လိုအပ်။
၂။ ရခိုင်ပြည် အမျိုးသားအရေးနှင့် ရခိုင်ပြည် လွတ်လပ်ရေးကိုသာ အဓိကထား ဆောင်ရွက်ရန် လိုအပ်။ တခြားမည်သည့်နည်းလမ်းကို မဆို ပေါ်လစီအဖြစ်သာ ပူးပေါင်းဆောင်ရွက်ခြင်း။
၃။ ရန်သူအပေါ်မှာ မည်သည့်အခါမျှ အထင်အမြင်သေးသော အပြုအမူလုပ်ငန်း ဆောင်ဒါတိကို မပြမပြုလုပ်ရ။ ရန်သူကို အချိန်အခါ မရွေး ရန်သူဟု အဓိက သတ်မှတ်ဖို့လိုအပ်။
၎။ တိုးတက်သော၊ ဖွံ့ဖြိုးပြောင်းလဲနေပြီး လူယဉ်ကျေးမှုအပြည့်အ၀ဖြင့် ချီတက်နေကြသကဲ့သို့ ရခိုင်ပြည်လူငယ်အနာဂါတ်ပိုင်ရှင်တိကို ဒေါင့်ပေါင်းစုံက ပြုစုပျိုးထောင် လမ်းပြအားပီးပြီး လက်တွဲခေါ်ယူ ကူညီဆောင်ရွက်ရန် လိုအပ်။
၅။ ဘက်ပေါင်းစုံအမြင်မြော်နှင့် တွေးခေါ်ပြီး လက်တွိဆောင်ရွက်တတ်သော နိုင်ငံခြားတိုင်းပြည်တိကဲ့သို့ အတွေးအခေါ်ပိုင်ရှင်ဖြစ်ပြီးကေ ဖန်တီးနိုင်ရေ ထိပ်ပိုင်းခေါင်းဆောင်တိကို အခုပိုင် အပြောင်းအလဲတိအတွင်း အမှန်အကန် တာဝန်ပီးရေးချယ်ဖို့ အရေးတကြီး လိုအပ်။
၆။ ပြည်နှင့် အမျိုးသားထု ဘဏ္ဍာဖြစ်မြောက်ရေးအတွက် နိုင်ငံ့သံယံဇာတ အရင်းအမြစ်တိကို ကာကွယ် ထိမ်းသိမ်း မြင့်တင်ဖို့လိုအပ် ပါရေ။

ယင်း အချက်တိကို အကောင်အထည်ဖေါ် ဆောင်ရွက်ရေ နီရာမှာ အသက်ကို စတေးလို့ဖြစ်စီ၊ ခေတ်အချိန်တိကို ကျော်ဖြတ်လို့ဖြစ်စီ၊ ဗျူဟာမြောက်ဖို့အတွက် တခုခုရှုံးဆုံး ခံရလို့ဖြစ်စီ မဟာဗျူဟာ လမ်းလွဲမလားစီဘဲ တဆင့်ချင်းစီကို အချိန်အခါနှင့် တပြေးညီ အဆင့်တိုင်းမှာ ဇောင်းပီးလုပ်ဆောင်ဖို့ လိုအပ်ပါရေ။

အမျိုးသားရည်မှန်းချက်အတိုင်း ဖြစ်မြောက်အောင်မြင်မှုရရှိနိုင်အောင် ရွေးချယ်လုပ်ဆောင်ရေ နီရာမှာ အလေးအနက်ထားပြီးကေ အသေးစိပ် သမိုင်းနှင့်ချီပြီး ကွင်းဆင်းလေ့လာဆန်းစစ် တာဝန်ပီးအပ်နိုင်ဖို့ လိုအပ်ပါရေ။ လုပ်ငန်းတိကိုလည်း သမာရိုး ကျမဟုတ်ဘဲ ဖန်တီးပြောင်းလဲ တွေးခေါ်ဆောင်ရွက်တတ်ဖို့နန့် အဆင့်တိုင်းစီးမှာ အမျိုးသားစံအဖြစ် တန်ဖိုးထားလုပ်ဆောင်ဖို့ အရေးကြီးပါရေ။

ကျွန်တော်ရို့ရေ ပုဂ္ဂလိကအရ ဒေနီရာတိမှာ ပုံစံမျိုးစုံဖြင့်ဖြစ်စီ၊ မည်သို့ရောင်စုံဖြင့်ဖြစ်စီ ရောက်ရှိလာနီစီကာမူ အမျိုးသားအကျိုးစီးပွား အတွက် ရှေ့ရှုလုပ်ဆောင်ရေ နီရာတိုင်းစီမှာ မဖေါက်မပြန် ဆောင်ရွက်တတ်ဖို့နှင့် လမ်းလွဲမလားဖို့ လိုအပ်ပါရေ။  

သို့ဆိုပါကေ အမျိုးသားထု လုံခြုံမှုအတွက် လုပ်ဆောင်ချက်တိကို အဆင့်တိုင်းစီမှာ ယုံယုံကြည်ကြည်နန့် အနာဂါတ် ရည်မှန်းချက်ပြည့်စုံဖို့ ပန်တိုင်ရောက်နိုင်အောင်အထိ ဦးစွာဇောင်းပီးလုပ်ဆောင်ကတ်ဖို့အတွက် အနုအညွတ် ပန်ကြားလိုက်ပါရေ။ 

အမျိုးသားလုံခြုံရေး သစ္စာဖြင့် -
အေးသာအောင် - ပါတီအမှတ် ၁၂၁ (NUPA-JGS- အောင်သန်း - ရခိုင်ပြည်တပ်မတော် AA - ကပနံပါတ် ၁၁၂)၊ ဇွန္န၀ါရလ ၁၁ ရက်၊ ၂၀၁၂ ခုနှစ်။