Monday, January 14, 2013

မြန်မာမှ တင်ပို့ကုန်မှ ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေ ကျပ် ကုဋေ ၁၀၀၀ ကျော်ရရှိ



ဇွန္နရီလ ၁၂ ရက်၊ ၂၀၁၃ ခုနှစ်။ (သဇင်ဥ)

မြန်မာနိုင်ငံနှင့် နယ်စပ်စီးပွား ကုန်သွယ်ရေး တိုက်ရိုက်ဆက်သွယ် လုပ်ဆောင်နေသော ဘင်္ဂလာ ဆိပ်ကမ်းတခုမှ မြန်မာ့တင်ပို့ကုန်မှ တနှစ်ခွဲအတွင်း တာကာ ၁၀၇ ကုဋေကျော် (မြန်မာကျပ် ကုဋေ ၁၀၀၀)ကျော် ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေ ရရှိကြောင်း သက်ဆိုင်ရာမှ အထက်သို့ အစီရင်ခံစာတွင် ဖေါ်ပြချက်အရ သိရှိရသည်။

အဆိုပါ မြန်မာကျပ် ကုဋေ ၁၀၀၀ ကျော်ရရှိသော ဆိပ်ကမ်းမှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည် မောင်တောမြို့နယ်နှင့် မျက်နှာချင်းဆိုင်တည်ရှိသော တာခ်နာမြို့နယ် ဆိပ်ကမ်းဖြစ်ပြီး ၂၀၁၁-၂၀၁၂ မှ ယခုအထိဖြစ်ကြောင်း ဆိပ်ကမ်းအကြီးအကဲများက ရက်နေ့က ထုတ်ဖေါ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တာခ်နာဆိပ်ကမ်းမှ အမျိုးသားဘဏ္ဍာငွေအဖွဲ့ (NBR)မှ တာဝန်ရှိသူများကတနှစ်ကျော်အတွင်းမှာပေါ့နော် တာကာ ၁၀၇ ကုဋေ ၇၅၄၇၂၆၉ ရရှိပါတယ်၊ ရခိုင်ပြည်နယ်နဲ့ နယ်စပ်တွေမှာ ပဋိပက္ခတွေကြောင့် မှန်းတာထက် လျော့ဆင်းခဲ့ပါသေးတယ်။ဟု ဆိုသည်။

ယင်းအကောက်အခွန် ရရှိသော အသေးစိပ်မှာ ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် တာကာ ၇၄၈၈၀၅၇၆၊ သြဂုတ်တွင် ၅၉၇၅၁၁၈၅၊ စက်တင်္ဘာတွင် ၅၆၃၂၃၈၁၆၊ အောက်တိုဘာတွင် ၇၃၁၈၀၃၁၃၊ နိုဝင်္ဘာတွင် ၈၈၀၂၃၇၀၈၊ ဒီဇင်္ဘာတွင် ၈၄၅၄၀၆၄၈၊ ၂၀၁၂ ခုနှစ် ဇွန္န၀ါရီတွင် ၈၅၀၄၅၀၂၃၊ ဖေဖေါ်ဝါရီတွင် ၇၉၉၂၅၆၆၁၊ မတ်တွင် ၇၀၇၁၃၁၈၂၊ ဧပြီတွင် ၅၅၅၇၂၉၈၆၊ မေတွင် ၆၁၃၂၈၃၉၇နှင့် ဇွန်တွင် ၂၅၄၈၂၆၈၅ စုစုပေါင်း စီးပွားရေးသတ်မှတ်လ တနှစ်အတွင်း တာကာ ၇၇ ကုဋေ ၄၆၉၆၁၇၉ ရရှိကြောင်း အတည်ပြု ရှင်းပြသည်။

၂၀၁၂- ၁၃ ခုအတွင်း NBR တာခ်နာဆိပ်ကမ်းမှ ဇူလိုင်တွင် တာကာ ၄၁၂၀၀၈၀၄၊ သြဂုတ်တွင် ၂၅၉၆၁၃၈၄၊ စက်တင်္ဘာတွင် ၅၆၈၁၃၀၄၉၊ အောက်တိုဘာတွင် ၄၀၅၁၂၉၁၅၊ နိုဝင်္ဘာတွင် ၆၂၄၂၂၅၉၈နှင့် ဒီဇင်္ဘာတွင် ၇၅၉၄၀၃၄၀ စုစုပေါင်း တာကာ ၃၀ ကုဋေ ၂၈၅၁၀၉၀ ရရှိကြောင်း အတည်ပြု ပြောဆိုသည်။

သို့သော်လည်း တာခ်နာဆိပ်ကမ်း ၂၀၁၂-၁၃ ခုနှစ် ယင်းဖေါ်ပြပါ လများအတွင်းတွင် မြန်မာမှ ဘင်္ဂလာသို့ တင်ပို့ကုန်မှ တာကာ ၆၅ ကုဋေ အကောက်အခွန်ရရှိရန် ခန့်မှန်းထားခဲ့ကြောင်း ထုတ်ဖေါ်ပြောဆိုသည်။

ယင်းစုစုပေါင်း တာခ်နာဆိပ်ကမ်းမှ အကောင်အခွန်ရရှိသော မြန်မာကျပ် ကုဋေ ၁၀၀၀ ကျော်မှာ မြန်မာမှ ဘင်္ဂလာသို့ တင်ပို့ကုန်နှင့် ဘင်္ဂလာမှ မြန်မာသို့ တင်သွင်းကုန်တို့မှ ရရှိသော ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေဖြစ်သော်လည်း မြန်မာ့တင်ပို့ကုန်မှရာခိုင်နှုန်း အများအပြား ရရှိကြောင်း ဆိုသည်။

ယင်းဖေါ်ပြပါ သတင်းအရင်းအမြစ်များကို ဘင်္ဂလာ တာခ်နာမြို့အခြေစိုက် ဒေသခံသတင်းထောက် မူဟာမ္မတ် ဆော်လာဟ် အူဒ္ဒိန်က စုဆောင်း သတင်းပေးပို့ချက်အရ သိရှိရခြင်း ဖြစ်သည်။

No comments:

Post a Comment