Saturday, February 11, 2012

မဟာမုနိရုပ်ရှင်တော်ကြီး၏ ထီးတော်ဟောင်းကို ပြန်လည်ပင့်ဆောင်


PostDateIconMonday, 30 January 2012 17:20 | PostAuthorIconWritten by Khant Kyaw Htay | Print

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ မဟာမုနိရုပ်ရှင်တော်ကြီး၏ ထီးတော်ဟောင်းကို ပြန်လည်ပင့်ဆောင်ရန်တိုင်ပင် ညိုနှိုင်း အခမ်းအနား၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် လှမောင်တင်၏ တင်ပြလျှောက်ထားလွှာ။ ရိုသေလေးမြတ်စွာ လျှောက်ထားဝန့်ပါသည် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ဘုရား - ရခိုင်ပြည်နယ်လုံးဆိုင်ရာ ဗျာဒိတ်တော်ရ အဓိကရဖြစ်တော်မူသော

ကျောက်တော်မြို့နယ်ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓဋီကျောင်းတော် အထွဋ်ထိပ်၌ တင်လှူမည့်(၁၁)ပိ (၅၀)ကျပ်သားရှိသော ရွှေထီးတော်မြတ်အားတင်လှူပူဇော်နိုင်ရန အတွက် လျှောက်ထားခွင့်ပြုပေးတော် မူပါအရှင်သူမြတ်တို့ဘုရား။ ရခိုင်သမိုင်း၌ အထင်ရှားဆုံးဖြစ်သော မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋီကျောင်းဆောင် တော်အထွဋ်၌ တင်လှူမည့် ရွှေထီးတော်သည် မြန်မာနိုင်ငံမှ ဒါယကာ/မများ၊

ရခိုင်ပြည်နယ်မှ ဒါယကာ/မများနှင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့မှ စုပေါင်းလှူဒါန်းထားသည့် အချင်း (၄)ပေ (၆)လက်မ၊ အမြင့် (၉)ပေ ကျော်ခန့်ရှိရွှေသားရွှေစင်များဖြင့် အကျော်အမော်ဗိသုကာပညာရှင်တို့ အကောင်းဆုံး ဖြစ်အောင် စီမံပြုလုပ်ထားသော ရွှေထီးတော်အစစ်ဖြစ်ပါကြောင်း၊ ၄င်းရွှေထီးတော်ကို အလိုတော်ပြည့်ဆရာတော်မှ ဦးစီးဆောင်ရွက်ပြီး

ရခိုင်ပြည်နယ်အတွင်းအထွဋ် အမြတ် မဟာမုနိရုပ်ရှင်တော် အတွက် ကောင်းမြတ်သောစေတနာ၊ ဖြူစင်သောသဒ္ဓါတရားဖြင့် အမျိုးဘာသာသာသနာအတွက်ရခိုင်ပြည်နယ်၏ ကျက်သရေဆောင်ဂန္ဓကုဋီကျောင်းတော်အထွဋ်သို့ တင်လှူနိုင်ရန် အတွက် နိုင်ငံတော်အကြီးအကဲ သက်ဆိုင်သည့် ပုဂ္ဂိုလ်များကို တင်ပြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးပြီး အများသဘောတူ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်၊ နိုင်ငံတော်ဗဟိုသံဃာ့ ၀န်ဆောင်ဆရာတော်၊ပြည်နယ်သံဃနာယကအဖွဲ့ဝင်ဥက္ကဋ္ဌဆရာတော်၊  ကျောက်တော်မြို့နယ်သံဃနာယက အဖွဲ့ဝင်ဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များထံ သြ၀ါဒခံယူပြီး တင်လှူပူဇော်မည့်အကြောင်းကို

လျှောက်ထားဝန့်ပါသည်ဘုရား။ နိဂုံးချုပ်အနေအားဖြင့် လျှောက်ထားလိုသည်မှာ အလိုတော်ပြည့်ဆရာတော်သည် ထေရ၀ါဒဗုဒ္ဓဘာသာ သာသနာပြုပုဂ္ဂိုလ်တစ်ပါးဖြစ်သည့်လျောက် ရခိုင်ပြည်နယ်အတွင်း ယခုလို ရွှေစင်ရွှေသားအစစ် ရွှေထီးတော် ယခင်က မရှိခဲ့ဘူး၊မကြားခဲ့ဘူးသည်ကို ယခုအခါ ဖူးတွေ့မြင်ရတော့မည်ဖြစ်ပါသည်။အဖက်ဖက်မှ ဆရာတော်၏
ကြိုးပမ်းအားထုတ်မှုကို အပြစ်မမြင်ဘဲ၊ တကယ်တော့ ရခိုင်ပြည်သူပြည်သားများက မဟာမြတ်မုနိဘုရားဂန္ဓကုဋီအပေါ် ရွှေထီးတော် အစစ်တင်လှူပူဇော်ရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူစရာသာဓုခေါ်စရာ ဖြစ်ပါကြောင်း လျှောက်ထားတင်ပြ ၀န့်ပါသည် ဆရာတော်အရှင်သူမြတ်တို့ဘုရား။

မြန်မာသရာဇ် ၁၃၇၃-ခုနှစ်၊ တပို့တွဲလဆန်း(၁)ရက်၊ ခရစ်သကရာဇ် ၂၀၁၂ -ခုနှစ်၊ဇန်န၀ါရီ (၂၄) ရက်၊ အင်္ဂါနေ့၊ ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိရင်ပြင်တွင် ကျင်းပသော
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိရုပ်ရှင်တော် မြတ်ကြီးရဲ့ ဂန္ဓကုဋီကျောင်းတော် အထွဋ်ထိပ်သို့ ရွှေထီးတော်တင်လှူရန်နှင့် ထီးတော်အဟောင်းကို
ပြန်လည်ပင့်ဆောင်ရန် တိုင်ပင်ညိုနှိုင်းသည့်အခမ်းအနား။

၁။ “နမောတ\(၃) ကြိမ်ရွက်ဆိုဘုရားကန်တော် အခမ်းအနားဖွင့်လှစ်ခြင်း။
၂။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သဒ္ဓမဂုရု (ပုသိမ်)ကျောင်းတိုက်၊ ပဓာနနာယက၊ နိုင်ငံတော်ဗဟိုဝန်ဆောင်၊အဂ္ဂမဟာ
ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း။
၃။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မဏိရတနာကျောင်းတိုက်၊ ပဓာနနာယက၊ နိုင်ငံတော်ဗဟိုဝန်ဆောင်၊ အဂ္ဂမဟာ
ပဏ္ဍိတ ဘဒ္ဒန္တသောမထံမှ သြ၀ါဒကထာနာယူခြင်း။
၎။ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယအထွေထွေမန်နေဂျာ၊ဦးအောင်မြတ်က ထီးတော်၊ ပြသဒ်တော်နှင့်
ပတ်သက်၍ လေ့လာတွေ့ရှိချက်အားတင်ပြခြင်း။
၅။ ကျောက်တော်မြို့နယ်၊ သိန်းတန်ကျောင်းတိုက် ပဓာနနာယက၊ မြို့နယ်သံဃနာယက အဖွဲ့ဥကÏ ဆရာတော်
ဘဒ္ဒန္တ ဣန္ဒမာလာထံမှ သြ၀ါဒကထာနာယူခြင်း။
၆။ လက်ရှိရွှေထီတော်အဟောင်းကို ပြန်လည်ပင့်ဆောင်ခြင်း၊ ရွှေထီးတော်အသစ်တင်လှူပူဇော်ခြင်းနှင့်ပတ်သက်၍
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၊ ၀န်ကြီးချုပ်မှ လျှောက်ထားခြင်း၊
၇။ ပုဏ္ဏားကျွန်းမြို့နယ်၊ သင်ပုန်းတန်းကျောင်းဆရာတော် ဘဒ္ဒန္တ ပညာသာရမှ ရွှေထီးတော် တင်လှူပွဲနှင့်ပတ်သက်၍
ဝမ်းမြောက်စကားပြောကြားခြင်း။
၈။ အလိုတော်ပြည်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ အရိယ၀ံသမှ ထီးတော်ဟောင်းပြန်လည်ပင့်ဆောင်ခြင်း၊
ထီတော်အသစ်တင်လှူပူဇော်ရခြင်းနှင့်ပတ်သက် ရှင်းလင်းတင်ပြလျှောက်ထားခြင်း။
၉။ ဗုဒ္ဓသာသနံစိရံတိတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခြင်းဖြစ်ကြောင့် သိရသည်။
http://alodawpyei.org/alo/component/content/article/34-slideshowcat/451-2012-01-30-17-22-31

No comments:

Post a Comment