Sunday, May 13, 2012

နစက-BGB တွေ့ဆုံဆွေးနွေး

Written by သဇင်ဥ    Monday, 14 May 2012 03:37   


undefinedရခိုင်ပြည် အခြေစိုက် နစကတပ်ဖွဲ့တစ်ဖွဲ့နှင့် ဘင်္ဂလာနယ်စပ်လုံခြုံရေးအဖွဲ့ (BGB)တို့ နယ်စပ်လုံခြုံရေးရာများအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရန် စနေနေ့က ဘင်္ဂလာပိုင်နက်တစ်ခုတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ယင်း နစက-BGB တွေ့ဆုံဆွေးနွေးပွဲသို့ တစ်ဖက်မှ (၆)ဦးကိုယ်စားလှယ်စီ တက်ရောက်ခဲ့ပြီး အရာရှိ ဦးစိန်မောင် (မင်းအောင်)နှင့် ၀ါးခွပ်ချောင်း အခြေစိုက် BGBတပ်ဖွဲ့မှ စခန်းမှူးအဆင့် မိုဟာမတ် ဇာကာရိယာတို့ ဦးဆောင်ခဲ့ကြကြောင်း သိရှိရသည်။

နစက-BGBတို့သည် နယ်စပ်လုံခြုံရေး၊ မှောင်ခိုဖြတ်သန်းမှု၊ ကျူးကျော်ဝင်ရောက်မှု၊ သောင်းကျန်းသူများအား ဖေါ်ထုတ်အရေးယူမှုနှင့် စီးပွားရေးကိစ္စများကိုပါ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ယင်းဆွေးနွေးပွဲကို တာခ်နာမြို့နယ် ၀ါးခွပ်ချာင်းဒေသ၌ နေ့လည် (၁၂)နာရီကျော်တွင် စတင်ခဲ့ပြီး (၂)နာရီခန့်ဆွေးနွေး ခဲ့ကြကြောင်းနှင့် မောင်တောမြို့နယ် နစကအမှတ် နယ်မြေ(၄) နစကမှ တာခ်နာအခြေစိုက် BGB တပ်ရင်းအမှတ် (၄၂)မှ ၀ါးခွပ်ချောင်း နယ်စပ်လုံခြုံရေးအား တာဝန်ယူထားသည့် စစ်ကြောင်းနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့နယ် အခြေစိုက် နစက အရာရှိများမှာ မေလပထမအပတ်တွင် နစက နယ်မြေများအတွင်း၌ နယ်လှည့်ပြောင်းရွှေ့တာဝန်ယူ ထမ်းဆောင်ခဲ့ကြကြောင်းနှင့် နစကနယ်မြေများတွင် အသစ်တာဝန်ကျလာသူများအနေဖြင့် ယခုကဲ့သို့ BGBနှင့် ချစ်ကြည်ရေး၊ နယ်စပ်လုံခြုံရေးများအတွက် ပူးပေါင်းလုပ်ဆောင်ရန် မကြာခဏ အစည်းအဝေးများ ပြုလုပ်လေ့ရှိသည်။

ရခိုင်ပြည် မောင်တောမြို့နယ်တွင် နစက စခန်းပေါင်း(၃၀)၀န်းကျင်ခန့်ရှိကြောင်း၊ သတ်မှတ်နစကနယ်မြေ (၁၀)ခုရှိပြီး နယ်မြေတစ်ခုတွင် အင်အား (၁၀၀)ကျော်ရှိကြောင်း၊ နစကနှင့် ရဲအရာရှိ စုစုပေါင်း (၈၀)၀န်းကျင်ခန့်ရှိကြောင်းနှင့် နစက ကင်းစခန်း(၇၀)အထိ တိုးချဲ့ ချထားကြောင်း စုံစမ်းသိရှိရသည်။

မောင်တောမြို့နယ် နစက ဋ္ဌာနချုပ် ကျီးကန်းပြင်စခန်းတွင် အင်အား(၈၀၀)၀န်းကျင်ရှိကြောင်းနှင့် ယင်းစခန်းတွင် အဖွဲ့(၁)စစ်သား၊ အဖွဲ့(၂)ရဲ၊ အဖွဲ့ (၃) လ၀ကနှင့် အဖွဲ့(၄)အကောက်ခွန် ဟူ၍တပ်ဖွဲ့များအား အသီးသီးအမည်တို့ဖြင့်ထားရှိကြောင်း နစကသတင်းများက ဆိုသည်။
Last Updated ( Monday, 14 May 2012 05:13 )
 http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/140--bgb-

No comments:

Post a Comment