Wednesday, May 16, 2012

ကျွန်နော်အမြင် ညီညွှတ်ရေးမဏ္ဍိုင်




လေးစားအပ်ပါသော ရခိုင်ပြည် မျိုးချစ်ပြည်ချစ် ရဲဘော်ရဲဘက် ပုဂ္ဂိုလ်အပေါင်းရို့…                           မေလ(၁၇)ရက်၊ ၂၀၁၂။

ယခုကဲ့သို့ ရဲဘော်ရဲဘက် ပုဂ္ဂိုလ်များ ဤစာကို ဖတ်နီရချိန်တွင် ကာယသုက္ခ၊ စိတ္တသုက္ခ နှစ်ဖြာနှင့် ပြည့်စုံကတ်ဖို့ ဆန္ဒပြုလိုက်ပါသည်။ ဤအချိန်သည် မိမိရို့ အမျိုးသားများအကြား ထိပ်သီးညီညွှတ်ရေးတည်ဆောက်ရန် အဓိကလိုအပ်နေသည်ဟု သိပြီးပြောနေချိန်တွင် မနှောင်းသော ကာလပင်ဖြစ်ပါသည်။ ညီညွှတ်ရေးလမ်းကြောင်း တည်ဆောက်ရန် သီးသန့်စဉ်းစားနေရုံမဟုတ်ဘဲ လက်တွိအကောင် အထည်ဖေါ် ဆောင်ရွက်ဖို့ အရေးကြီးပါသည်။ လေးစားအပ်ပါသော ရဲဘော်ရဲဘက် အနေဖြင့်လည်း လက်တွိလုပ်ဆောင်နေကြ သည်ပင်။ အဓိကကို ရှေ့တန်းတင်၍ ဆန္ဒဇောစိတ်ကို ချန်လှန်ကာ ပုံစံစနစ်သစ်များပြောင်းလဲ လုပ်ဆောင်ရဦးမည်မှာ သေချာနေသည်။

ကျွန်ုပ်ရို့၏ အမျိုးသားညီညွှတ်ရေးသည် မိမိတသီးပုဂ္ဂလ (မိုင်းသွင်းခံ မိသားစုတစု) ညီညွှတ်ရေးမဟုတ်ပေ။ မိမိပြုလုပ်ခဲ့သည့် ကောင်မွှီ ဆိုးမွှီများကို ခ၀ါချပြီး လက်တွိလုပ်ဆောင်ရမည့် အမျိုးသားအကျိုးစီးပွားလမ်းကြောင်းပေါ်တွင် ရပ်တည်ရမည်ဖြစ်ပါသည်။ အမျိုးကို ချစ်ပြီး အမျိုးသားရေး အကျိုးစီးပွားတခုလုံး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဆိုသည်မှာ သမာရိုးကျမဟုတ်ဘဲ နည်းလမ်းပေါင်း များစွာနာင့် အစွမ်းအစများကို ရရှိအောင် ကြိုးစားဖြည့်ဆည်းယူပြီး အခြေအနေနှင့် လျော်ညီစွာ ဖန်တီးပြောင်းလဲလုပ်ဆောင်ရမည် ဖြစ်ပါသည်။ စိတ်ရှည်-သည်းခံ-အနစ်နာခံမှုများသည် ရည်မှန်းချက်ပန်းတိုင်အတွက် လိုအပ်သော မျိုးချစ်တဦး၏ စွမ်းရည်ပင်ဖြစ်သည်။  

သို့စေကာမူ အမျိုးသားများအကြား ညီညွှတ်ရေးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်ဆောက်ခဲ့ပြီး ဖြစ်ပါသည်။ ယခုလည်း လုပ်ဆောင်နေကြသည်။ လွတ်လပ်ပြီးလျင်လည်း ကမ္ဘာပြိုအောင်အထိ နည်းလမ်းများရှာကြံ၍ ထပ်ကာထပ်၍ တည်ဆောက်ရမည့်  ညီညွှတ်ရေးကို အစဉ်အမြဲ လုပ်ဆောင်ရဦးမည် ဖြစ်ပါသည်။ ညီညွှတ်ရေးဆိုသည်မှာ ပူးပေါင်းခြင်းသီးသန့် မဟုတ်ပေ။ မိမိပါတီကြီး ထွားရေး မဟုတ်ပေ။ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု့၍ ဇောင်းပီးပြီး ပူးပေါင်းဆောင်ရွက်ရန်သာဖြစ်သည်။ အမျိုးသား ဘေးအန္တရာယ်ကို စုပေါင်းကာကွယ်ရန် ဖြစ်ပါသည်။ ရခိုင်အမျိုးကောင်းသမီးများ၏ ပူးပေါင်းပါဝင် စွမ်းဆောင်နိုင်မှု အခန်းကဏ္ဍသည် မယှိမဖြစ် လိုအပ်ပေသည်။ ဤနေရာတွင် လုပ်ကြံနှင့် သမာရိုးကျ အမှားကြီးများကို ထိုက်ထိုက်တန်တန် ဒဏ်ခတ်ရမည် ဖြစ်ပါသည်။

တဘက်မှာ မိမိရို့၏ ရှေ့နောက်ဘေးနှင့် ဆက်စပ်လျားယှိသည့် အဓိကရန်သူများကို လုံးဝမျက်ခြေမပြတ် သတိထားရန်နှင့် မည်သည့် ကာလအခြေအနေမျိုးမဆို သတိမလစ်၊ မိန့်မလျော့ဘဲ ရည်မှန်းချက်အတွက် သက်လုံအားကောင်းစွာဖြင့် တဆင့်ချင်းစီ လျှောက်လှမ်း ကြဖို့ တိုက်တွန်းလိုက်ပါသည်။ ကျွန်ုပ်ရို့ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်မှန်သမျှသည် နိုင်ငံလွတ်မြောက်ရေး အောင်ပွဲ ဖြစ်သည်။

အမျိုးသားတော်လှန်ရေး၊ နိုင်ငံရေးဟူ၍ ဆိုရာတွင် ပါတီဂိုဏ်းဃဏတည်ဆောက်ပြီး ကြီးပွားချမ်းသာစွာနာင့် တခြားဘ၀တူများကို မဟာ မိတ်ဖွဲ့ရေး မဟုတ်ပေ။ ခေတ်နှင့်လျော်ညီစွာဖြင့် မိမိနယ်မြေ၏ နိုင်ငံရေး၊ စီးပွားရေးအချက်အခြာနှင့် မည်မျှဆက်စပ်၍ သမာရိုး ကျမဟုတ်ဘဲ ပြုပြင်မွန်းမံဖန်တီးပြောင်းလဲ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါသည်။ အမြင်ကျဉ်းမြောင်းခြင်းသည် ဆန္ဒသာဖြစ်ပြီး အကျိုးဆက်၊ အကြောင်းဆက်တိကြောင့် ငရဲတွင်း နက်မည်သာ ဖြစ်ပါသည်။ တနည်းဖြင့် စုစည်းပူးပေါင်းလုပ်ဆောင်မှု မှန်သမျှသည် အင်အားမည်၏။

မြန်မာနိုင်ငံတွင် ရခိုင်အမျိုးသားများ၏ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍသည် တခြားအမျိုးသားများနှင့် မတူပေ။ မိမိရို့ အနေဖြင့် လောင်းကိုကြည့်ပြီး ခေါင်မိုးဆင်သည်ထက် အေနိ့အချိန်ခါ စွမ်းအင်ကိုအသုံးပြုပြီး ဖေါက်ထွင်းလုပ်ကိုင်ဖို့ အဖက်ဖက်က သိမြင်နိုင်စွမ်း များအဓိက လိုအပ်နေပါသည်။ မိမိရေမြေနှင့် ပြည်သူလူထုရို့၏ နိုင်ငံရေးအရှိန်မှာ ရှေ့တန်းသို့ ရောက်ရှိနေပြီး ကာလဖြစ်နေပါသည်။

သို့ဖြစ်ပါ၍ အဖွဲ့အစည်းများ၊ မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်များ၊ ပြည်တွင်း၊ ပြည်ပရှိပြည်သူလူထုများနှင့် တသီးပုဂ္ဂလများမဆို မိမိရို့ အမျိုးသား များအကြား မည်သည့်နေရာမှ အစလှစ်၍သော်၎င်း၊ ဖန်တီး၍သော်၎င်း၊ နည်းမျိုးစုံဖြင့် ညီညွှတ်ရေးမှသည် အမျိုးသားအကျိုး စီးပွားများကို ဖေါ်ထုတ်ကာကွယ်နိုင်ကြအောင် ကဏ္ဍစုံအပေါ် ယုံယုံကြည်ကြည်ဖြင့် ကြိုးပမ်းကြဖို့ အနုအညွှတ် ပန်ကြားအပ်ပါသည်။

ရခိုင်ပြည်နိုင်ငံရေး ညီညွှတ်ရေးပုံစံမှာ ပွင့်လင်းရိုးသားပြီး ဧကန်ထင်သာမြင်သာ ယှိဖို့လိုအပ်ပါသည်။ NUPA, ANC, NRP, ENC, NCGUB, UNFC စသည့် ရန်သူနှင့် ပြည်သူများကို လှည့်ဖျားမည့် မျက်နှာပန်းလှ ဟန်ပြညီညွှတ်ရေး၊ မိမိအမြတ်ရရှိမည့် ပုံစံသွင်းခံ ညီညွှတ်ရေးမဟုတ်ဘဲ မိမိတိုင်းပြည်လူမျိုး သဘာဝက ဧကန်အမှန်တောင်းဆို လိုလားနေသည့် ရခိုင်ပြည်နှင့် တမျိုးသားလုံး လွတ်မြောက်မည့် ညီညွှတ်ရေးမျိုး ဖြစ်ရန်လိုအပ်ပါသည်။ ရခိုင်ပြည်သူရို့၏ ညီညွှတ်ရေးစံကို သက်သီအထပ်ထပ် ပြထားပြီးဖြစ်သည်။

လေးစားစွာဖြင့် -
အေးသာအောင်
တွဲဖက်အထွေထွေအတွင်းရေးမှူး
ရခိုင်ပြည်အမျိုးသားညီညွှတ်ရေးပါတီ (NUPA), ရခိုင်ပြည်။
မိတ္တူ          - ရုံးလက်ခံ

No comments:

Post a Comment