Thursday, June 21, 2012

ရသေ့တောင်မြို့နယ် ကူတောင်အကြမ်းဖက်မှု ဦးဆောင်သူ ၂၂ဦးအား ဖမ်းဆီးအရေးယူ

Written by မင်းသွီး    Friday, 22 June 2012 04:10   PDFPrintE-mail
575040 142570992545824 1444967645 nရသေ့တောင်မြို့ ကူတောင်ကျေးရွာ အကြမ်းဖက်မှုကို ဦးဆောင်ခဲ့သူ အီရှုး၊ အနောက်ပြင်ပိုက်ဆိပ်ကုလားရွာ အုပ်ချူပ်ရေးမှူး ဘင်္ဂလီမူဆလင် မောင်မောင်ဝင်းအပါအ၀င် ဗလီဆရာခေါင်းဆောင်များနှင့် ရွာသား ၂၂ယောက်အား မနေ့က ဖမ်းဆီးလိုက်ပြီး စစ်တွေထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

“မနေ့က စစ်တပ်နဲ့ ရသေ့တောင်မြို့နယ် မယက ဥက္ကဌ အဖွဲ့တို့ ပူပေါင်းပြီး ကူတောင်ရွာသားတွေကို အကြမ်းဖက်ဖို့ ဦးဆောင်ခဲ့တဲ့ အနောက်ပြင်က ဘင်္ဂလီမူဆလင် အကြီးဆုံးသူဌေး အီရှုး၊ ပြီးတော့ ရွာအုပ်ချူပ်ရေးမှုး ဘင်္ဂမူဆလင် မောင်မောင်ဝင်းအပါအ၀င် ဗလီဆရာခေါင်းဆောင်တွေနဲ့ ဘင်္ဂလီမူဆလင် ရွာသား ၂၂ယောက်ကို ဖမ်းဆီးခဲ့ပါတယ်၊ သူတို့ကို မနေ့ကတည်းက စစ်တွေထောင်ကို ပို့လိုက်ပြီး အမှုစစ်ဆေးမယ်လို့ မယက ဥက္ကဌက ပြောတယ်”ဟု ကူတောင်ကျေးရွာမှ သတင်းပေးပို့ချက်အရ သိရှိရသည်။

ယင်း ၂၂ယောက်အား လူသတ်၊အကောင်ဖျောက်မှုနဲ့ တရားစွဲဆိုမှာ ဖြစ်ပြီး တရားဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူဆောင်ရွာက်သွားမယ်လို့ မယကဥက္ကဌ၏ ကိုယ်ရေးအရာရှိ ပြောပြချက်အရသိရှိရသည်။

ဇွန်လ ၁၉ရက်နေ့က စတင်ခဲ့သော ကူတောင်အကြမ်းဖက်မှုတွင် ရခိုင် ၁၀ဦးနှင့် ဘင်္ဂလီမူဆလင် ၂ဦး သေဆုံးခဲ့ရပြီး၊ အလောင်းများကို ဇွန်လ ၂၁နေ့မှ ဘင်္ဂလီမူဆလင်များက ပြန်လည်ပေးအပ်ခဲ့သည်။ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများအား ရသေ့တောင် ကယ်ဆယ်ရေးအဖွဲ့မှ နှိမ့်သိမ့်ပေးသောအနေဖြင့် မိသားစုတစ်စုကို ကျပ်ငွေတစ်သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

ရသေ့တောင်မြို့နယ် ကျေးရွာများမှ ဘင်္ဂလီမူဆလင်ရန်ကိုကြောက်၍ လာရောက်ခိုလှုံနေသော ဒုက္ခသည်အချို့ကိုလည်း နေရပ်ပြန်နိုင်ရေးအတွက် ယနေ့မှစတင်ကာ ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ကယ်ဆယ်ရေးအဖွဲ့မှ ပြောပြသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/229-2012-06-22-05-43-15

No comments:

Post a Comment